← Chapters

ရှင် ဘာလို့ ဒီရောက်နေတာလဲ။

Vol. 23 Ch. 337

ရှင် ဘာလို့ ဒီရောက်နေတာလဲ။

Vol. 23 Ch. 337

“နှုတ်ဆက်ပါတယ် သခင်မကျန်းရှင့်” သခင်မချင်၏ အကြည့်အောက်တွင် ကျီကျောက်သည် အလျင်အမြန် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သခင်မကျန်းအား ဂါရ၀ပြုလိုက်သည်။

“ပြီးတော့ သူက…..”

အဲ့နေ့က သူမ ချွင်းဖုန့်စားသောက်ဆိုင်သို့ သွားခဲ့ပေမဲ့လည်း ကျီကျောက်သည် သခင်မကျန်း ရောက်လာချိန်တွင် စားဖိုဆောင်ထဲ၌ အလုပ်များနေခဲ့သည်။ ထိုနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သူမသည် အမြန်ထွက်သွားခဲ့သဖြင့် ကျီကျောက်အား မတွေ့ခဲ့ရပေ။

“‌သူက တို့သူငယ်ချင်းလေးလေ” သခင်မကြီးချင်သည် ပြုံးလိုက်မိသည်။

“‌၀မ်ရုံ အရင်သွားကြရအောင်၊ အထဲ၀င်ပြီးမှ ပြောကြတာပေါ့”

၀မ်ရုံသည် သခင်မကျန်း၏ နာမည်ရင်း ဖြစ်သည်။

ကျန်းမိသားစုအိမ်တော်၏ အဓိက၀င်ပေါက်မှာ အလွန်တရာ ခမ်းနားထည်ဝါလှသည်။ တံခါးမကြီးအား ဖြတ်သန်း၍ အိမ်တော်ထဲသို့ ၀င်ရောက်ပြီးနောက် သူမတို့ဆီ ညာဖက်ရှိ စင်္ကြံလမ်းအရှည်ကြီး တစ်လျှောက် ဖြတ်လျှောက်သွားကြရာ ဘယ်ဖက်တွင် ပန်းများမှာ မုဒ်ခုံးသဖွယ် တွဲလောင်းကျ‌လျက် ရှိနေကြကာ ကျန်းအိမ်တော်၏ ဧည့်သည်ခန်းထဲသို့ ရောက်ရှိလာကြသည်။

သခင်မကျန်းသည် ယဉ်ကျေးသိမ်မွေ့သည့် အမျိုးသမီးတစ်ယောက်ဖြစ်သဖြင့် ခြံ၀န်းထဲတွင် စိမ်းစိုနေသည့် အပင်များစွာ စိုက်ပျိုးထားသည်။

ဧည့်ခန်းမသို့ သွားသည့် လမ်းအား တောက်ပနေသော အရောင်များ ရှိသည့် ဘဲဥပုံ ကျောက်စရစ်ခဲများဖြင့် ခင်းကျင်းထားကာ ဘေးတစ်ဖက်စီတွင် မြစိမ်းရောင် သက်ကြီးပုပင်များ စိုက်ထားသည်။ ခြံ၀န်း၏ တစ်ဖက်တစ်ချက်စီရှိ နံရုံများ၏ ထောင့်များတွင် ဂန္ဓမာ ဘွန်ဆိုင်းပင် အမျိုးမျိုး စိုက်ထားသည်။

သာမာန်မျိုးစိတ်များအပြင် ရှားပါးပြီး အဖိုးတန်လှသည့် အပင်မျိုးစိတ်များလည်း ရှိကြသည်။

“အာ့ထောင်….” ကျီကျောက် ရပ်နေသည်ကိုမြင်ရသဖြင့် သခင်မကြီးချင်သည် နောက်သို့လှည့်ကာ ခေါ်လိုက်သည်။

“အိမ်တော်ထဲမှာ ဂန္ဓမာဘွန်ဆိုင်းတွေ အများကြီး စိုက်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဖူးဘူး”

ကျီကျောက်သည် ရုတ်တရက် အနောက်မှ လိုက်လာရင်း သခင်မကျန်းအား ပြောပြသည်။

“အဲ့ဒီ ‘နှင်းပေါ်မှ ဟင်္သာပဒါး'ဆိုတဲ့အိုးက အရမ်းလှလွန်းတာကြောင့် မှင်သက်နေမိတာပါ”

“ဖန့်ရုန် ဒီကောင်မလေးက သူမရဲ့ စွမ်းရည်ကို ဖုံးထားတာပဲ၊ သူမက တကယ်ပဲ ဘယ်သူများလဲရှင့်”

သူမသည် ကျီကျောက် ‘နှင်းပေါ်မှ ဟင်္သာပဒါး’ ဟုပြောသည့် စကားအား ကြားရသည့်အခါ သခင်မကျန်းသည် ကျီကျောက်အား စူးစမ်းလိုစိတ် ပြင်းထန်လာသည်။

“၀မ်ရုံ…. တကယ်တော့ ရှင် အာ့ထောင် ချက်ထားတဲ့ ဟင်းလျာတွေ မြည်းခဲ့ဖူးတယ်” သခင်မကြီးချင်က အပြုံးဖြင့် ပြောလိုက်ပြီး လူတိုင်းကို စိတ်လှုပ်ရှားသွားစေသည်။

“ကျွန်မလား” သခင်မကျန်းသည် စိတ်ရှုပ်ထွေးစွာ သူမ နှာခေါင်းအား ညွှန်ပြလိုက်သည်။ “ဘယ်တုန်းက မြည်းခဲ့ဖူးတာပါလိမ့်…”

“ သခင်မကျန်း” ကျီကျောက်က အပြုံးဖြင့် ညင်သာစွာ ရှင်းပြသည်။

“တကယ်တော့ ကျွန်မက ချွင်းဖုန့်စားသောက်ဆိုင်ရဲ့ ဆိုင်ရှင်ပါရှင့်”

“ မင်းက ချွင်းဖုန့်စားသောက်ဆိုင်ရဲ့ ဆိုင်ရှင်တဲ့လား” သခင်မကျန်းသည် အလွန်အမင်း အံ့အားသင့်သွားမိသည်။ “ မင်းက အဲ့ဒီ ငန်ငန်စပ်စပ် သိုးနံရိုးသားကို ချက်ပြုတ်ခဲ့တာပေါ့လေ”

သခင်မကျန်း တကယ် အံ့ဩမိသလို သူမသည် သိုးသားကြိုက်သူ ဖြစ်သည်။ သိုးသားဟင်းက ချက်ပြုတ်ရခက်သော ဟင်းတစ်ခွက်ဖြစ်ကာ များစွာသော နာမည်ကြီးစားဖိုမှူးများ ချက်ပြုတ်သည့် သိုးသားဟင်းလျာများမှာ အညှီနံ့ကျန်သေးတုန်း ဖြစ်သည်။

အဲ့ဒီနေ့က ချွင်းဖုန့်စားသောက်ဆိုင်တွင် သူမ ဖန်မိသားစုအား အတော်လေး ဒေါသထွက်ခဲ့ရသော်ငြား ငန်ငန်စပ်စပ်အရသာရှိသည့် သိုးနံရိုးသားဟင်းချာပေါ်တွင် နက်ရှိုင်းသည့် အထင်မြင်ကောင်း ရှိသည်။ ထိုဟင်းလျာ၏ နောက်ကွယ်မှ စားဖိုမှူးမှာ အနောက်မြောက်ဖက်ရှိ စားဖိုမှူးတစ်ယောက် ဖြစ်မယ်ဟု သူမ ထင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အနောက်မြောက်ဖက်ရှိ စာဖိုးမှူးများသာ သိုးနံရိုးသားဟင်းလျာအား ကောင်းကောင်း ချက်ပြုတ်တတ်သည်။ ထိုအရသာရှိလွန်းလှသည့် ဟင်းလျာအား ချက်ပြုတ်သူမှာ သူမ အရှေ့ရှိ သေးသေးသွယ်သွယ် မိန်းကလေးတစ်ယောက် ဖြစ်လိမ့်မည်ဟု မည်သူ ထင်ပါ့မလဲ။

“ဒီနေ့လဲ အာ့ထောင်က မနက်စာတချို့ လုပ်လာခဲ့တယ်” သခင်မကြီးချင်သည် ပြုံးလိုက်ရင်း အထူးတော်ဝူအား ခေါင်းညိမ့်ပြလိုက်သည်။ သူမနောက်မှ အထိန်းတော်ဝူသည် အရှေ့သို့ အလျင်အမြန် လျှောက်လာပြီး သူမ လက်ထဲမှ မနက်စာဘူးအား ထုတ်လိုက်သည်။

“၀မ်ရုံ သုံးဆောင်ကြည့်ပါဦး”

သခင်မကျန်းသည် ပူနွေးနေသည့် သိုးသားလိပ်လေး တစ်ခုအား ယူလိုက်သည်။ သူမ အကိုက်သေးသေး တစ်ကိုက်စာ ကိုက်လိုက်ပြီးနောက် သိုးသား၏ မွှေးနံ့လေးမှာ သူမ ခံတွင်းထဲသို့ တဖြေးဖြေး တိုး၀င်လာသည်။ ကြွပ်ကြွပ်ရွရွလေးနှင့် ဆန်မှုန့်အရသာ အထိအတွေ့မှာ သူမအား ယစ်မူးပျော်၀င်စေသည်။

“ အရသာရှိလိုက်တာ” သခင်မကျန်းသည် သိုးသားလိပ် နှစ်ခုအား တစ်ပြိုင်ထဲ သုံးဆောင်ပြီးနောက် ပျော်ရွှင်စွာ ပြုံးပြသည်။

“မိန်းကလေးအာ့ထောင်က ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလို အံ့အားသင့်စရာ ဟင်းချက်စွမ်းရည်မျိုး ရှိနေမယ်လို့ မထင်ထားခဲ့မိပါဘူး”

“ သခင်မ မြှောက်ပင့်လွန်းနေပါပြီရှင့်”

တိုက်ဆိုင်စွာနှင့် ကျန်းရုန်ရုန်သည် ဧည့်ခန်းမထဲသို့ လျှောက်လာသည်။

သူမသည် ကျီကျောက်အား တွေ့သောအခါ သူမ မျက်လုံးများ ၀င်းလက်သွားသည်။

“ မမအာ့ထောင် မမ ဘာလို့ ဒီရောက်နေတာလဲ”

“ရုန်ရုန်” ကျီကျောက်သည် သူမ၏ ခန္ဓာကိုယ်ကို ‌ဖြည်းဖြည်း ကွေးညွှတ်လိုက်ကာ သူမအား ပြုံး၍ ဖက်ထားသည့် ကျန်းရုန်ရုန်အား ကြည့်လိုက်မိသည်။

“ အစ်မက ရုန်ရုန်လေးနဲ့ သူငယ်ချင်းလုပ်ဖို့ ကတိပေးထားခဲ့တာလေ၊ ကိုယ့်စကားကိုယ် မတည်လို့ ဘယ်ဖြစ်ပါ့မလဲ၊ အစ်မ ရုန်ရုန့်ကို တွေ့ဖို့ လာခဲ့တာလေ၊ ရုန်ရုန် ပျော်ရဲ့လား”

“သမီး ပျော်တယ် အရမ်းပျော်တယ်” ကျန်းရုန်ရုန်သည် အစာကောက်နေသည့် ကြက်လေးကဲ့သို့ အလျင်အမြန် ခေါင်းညိမ့်ပြသည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသည့် သခင်မကျန်းမှာ ပဟေဠိဖြစ်သွားမိပြန်သည်။

ရုန်ရုန် အခုလို အရမ်းပျော်ပြီး ပြုံးနေတာကို မမြင်ခဲ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။

ဒီမိန်းကလေးကျီက တကယ့်ကို အံ့အားသင့်စရာပဲ မဟုတ်လား။

မဟုတ်သေးဘူး။ ရုန်ရုန်က မိန်းကလေးကျီကို ဘယ်လိုသိခဲ့တာလဲ။

“ အမေ” ကျန်းရုန်ရုန်သည် ကျီကျောက်လက်အား ကိုင်လျက် သခင်မကျန်းဆီသို့ လျှောက်လာပြီး သူမအား မိတ်ဆက်ပေးသည်။

“ မမအာ့ထောင်က သမီး အမေ့ကို ပြောပြဖူးတဲ့ နတ်သမီးမမဆိုတာလေ”

ထို့နောက်မှသာ သခင်မကျန်းသည် ထိုနေ့က ချွင်းဖုန့်စားသောက်ဆိုင်မှ စားသောက်ပွဲပြီးနောက် သူမနှင့် ရုန်ရုန်တို့သည် အိမ်တော်သို့ ပြန်လာခဲ့ကြသည်။ ရထားလုံးထဲတွင် ကျန်းရုန်ရုန်သည် လှပသည့် နတ်သမီးမမတစ်ယောက်နှင့် သိရှိခဲ့ရကြောင်း ပြောပြခဲ့ဖူးသည်။ ထို့အပြင် နတ်သမီးမမသည် သူမလေးတွင် လှပသည့် မျက်လုံးတစ်စုံရှိကြောင်း မြှောက်ပင့်ပြောခဲ့ပြီး ပိုပြီးအရေးကြီးသည်မှာ နတ်သမီးမမသည် သူမ၏ အသွင်အပြင် အစစ်အမှန်အား မြင်ပြီးတာတောင် မကြောက်လန့်ခဲ့ပေ။

“အဲ့နေ့က ရုန်ရုန်ကို ကူညီပေးခဲ့တာ ကျေးဇူးပါကွယ်” ပြဿနာ၏ အတွင်းအပြင်အား နားလည်ပြီးနောက် သခင်မကျန်းသည် ကျီကျောက်အား ပို၍ ညင်သာစွာ ကြည့်လာသည်။

“မိန်းကလေးအာ့ထောင် သိလောက်မလား မသိပေမဲ့ ရုန်ရုန်မှာ သူငယ်ချင်း‌ များများစားစား မရှိဘူး၊ ဒီကလေးက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရ ကောင်းမှန်းလဲမသိပါဘူးကွယ်၊ အဲ့နေ့က ရုန်ရုန်ကို မင်းပြောခဲ့တဲ့ စကားတွေက သူမအတွက် အရမ်းနွေးထွေးပြီးတော့ အားပေးနှစ်သိမ့်မှု ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွယ်”

“ သခင်မ ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး” ကျီကျောက်သည် ရိုးသားစွာ ပြောသည်။

“အဲ့နေ့က ရုန်ရုန်ကိုပြောခဲ့တာတွေက ကျွန်မ နှလုံးသားအောက်ခြေက လာတဲ့ စကားတွေပါ၊ ဒါ့အပြင် အဲ့တုန်းက ရုန်ရုန်က သခင်မရဲ့ သမီး ဖြစ်တယ်ဆိုတာလဲ မသိခဲ့ပါဘူး”

သခင်မကျန်းသည် ဖြည်းညှင်းစွာ ခေါင်းညိမ့်ပြကာ သူမ မျက်၀န်းထဲမှ အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။

ဒီမိန်းကလေးအာ့ထောင်က အတော်လေး ကောင်းမွန်တဲ့သူတစ်ယောက်ပဲ။

“ မမအာ့ထောင် ညီမ မမကို ဥယျာဉ်ထဲ လိုက်ပြပေးမယ်” ကျန်းရုန်ရုန်သည် ကျီကျောက်၏ လက်ကောက်၀တ်အား အတင်းဆွဲ၍ မည်သည့် ရှင်းပြချက်မှ မပေးဘဲ တံခါးဆီသို့ သူမအား ဆွဲခေါ်သွားချင်သည်။

“ အမေ ဒေါ်လေးရုံနဲ့ စကားပြောလိုက်ပါဦး၊ သမီး မမအာ့ထောင်ကို ဥယျာဉ်ထဲ ပတ်ပြပေးလိုက်ဦးမယ်”

ကျီကျောက်သည် သခင်မနှစ်ဦးအား အလျင်အမြန် ခေါင်းညိမ့်ပြကာ ဧည့်ခန်းမအပြင်ဖက်မှ ကျန်းရုန်ရုန် နောက်သို့ လိုက်သွားသည်။

“၀မ်ရုံ” သခင်မကြီးချင်သည် သခင်မကျန်းအား မျက်နှာချင်းဆိုင်လိုက်၍ ညင်သာစွာ ပြုံးပြလိုက်ကာ သူမသည် ရိုးသားစွာ ကြည့်၍ ပြောသည်။

“လူတွေဆိုတာ တစ်ခုခု လိုချင်တာ မရှိဘဲနဲ့ အလည်အပတ် မသွားတတ်ဘူးတဲ့လေ၊ တကယ်တော့ တို့ဒီနေ့လာရောက်ပြီး အာ့ထောင်နဲ့ ရှင့်ကို မိတ်ဆက်ပေးရတဲ့ အကြောင်းရင်း နောက်တစ်ချက်ကတော့ တို့တွေ မင်းအကူအညီလိုအပ်နေလို့ပါပဲ”

“ဘာများပါလဲ”

“တို့စိုးရိမ်မိတာက အာ့ထောင်နဲ့ အိမ်တော်ရဲ့ အကြီးဆုံးသခင်လေးတို့ကြား နားလည်မှု လွဲနေတာလေး တချို့ရှိခဲ့လို့ပါ…..”

တစ်ဖက်တွင်တော့

ကျီကျောက်သည် ကျန်းရုန်ရုန်မှ သူမ လက်အား ဆွဲထား၍ မိတ်ဆက်ပေးနေသည်အား စိတ်ရှည်ရှည်နှင့် နားထောင်ပေးသည်။

“ မမအာ့ထောင် ဒီကိုလာကြည့်ကြည့်ပါဦး၊ ညီမအမေပြောတာက ဒီလို ဂန္ဓမာပန်း အမျိုးအစားက ကြည်လင်ကြာပန်းလို့ ခေါ်တယ်တဲ့လေ၊ ဒါပေမယ့် ညီမ နားမလည်ဘူး၊ ဒါက ဂန္ဓမာပန်းဆိုတာ အရှင်းကြီးကို ဘာလို့ ကြာပန်းလို့ ခေါ်ရတာလဲနော်”

ကျီကျောက်သည် သူမရှေ့ရှိ ပန်းရောင်တောက်တောက် ကြာပန်းအိုးအား ကြည့်လျက် အပြုံးလေးဖြင့် ပြောသည်။

“ဆောင်းဦးလေက ပြင်းထန်စွာ တိုက်နေတာကြောင့် အိမ်တော်ထဲက ဂန္ဓမာပန်းပင်တွေက လှုပ်ယမ်းနေကြတယ်၊ လေထဲမှ ပန်းရနံ့ခပ်ထုံထုံက သင်းပျံ့နေကြပြီး ပျားတွေက ၀တ်ရည်စုပ်ဖို့တွက် ခက်ခဲနေကြတယ်”

“ မမအာ့ထောင် ဒီလိုဂန္ဓမာပန်းပင်မျိုး အရင်က မြင်ဖူးလား” ကျန်းရုန်ရုန်သည် ကျီကျောက်အား သဘောတကျကြည့်လိုက်သည်။

“ အင်း အရင်က အစ်မ မြင်ဖူးပါတယ်” ကျီကျောက်သည်ပြုံးလျက် ခေါင်းညိမ့်ပြသည်။ သူမသည် အတိတ်တုန်းက ပန်းဆိုင်တွင် ဂန္ဓမာပန်းပင်များစွာ တွေ့ခဲ့ဖူးသည်။ ထိုအချိန်တွင် ကျီကျောက်သည် ဂန္ဓမာပန်းအဝါနှင့် အဖြူ အပြင် အခြားအရောင်များ ရှိသေးသည်။

“ မမအာ့ထောင်က တကယ့်ကို အံ့ဩစရာပဲနော်” ကျန်းရုန်ရုန်သည် ကျီကျောက်အား စိုက်ကြည့်လိုက်သည်။

“ မမအာ့ထောင် တစ်ခုလောက် မေးလို့ ရမလား”

“ဘာများလဲကွယ့်”

“မမအာ့ထောင် ညီမ ကိုကိုနဲ့ လက်ထပ်လို့ ရမလား” ကျန်းရုန်ရုန်သည် သူမ၏ ၀တ်ရုံလက်အား ဆွဲကာ စိတ်လှုပ်တရှား ပြောသည်။

“ညီမ မမနဲ့ မိသားစု၀င် ဖြစ်ချင်တယ်၊ မမသာ ညီမကိုကိုနဲ့ လက်ထပ်ရင် မမက ညီမလေးရဲ့ ယောင်းမ ဖြစ်လာပြီး မိသားစု၀င်တွေ ဖြစ်လာနိုင်မှာမလား”

“ အရူးမလေးရုန်ရုန် မမက လက်ထပ်….”

“ ကျောက်ကျောက်”

သူမ လက်ထပ်ပြီးသားဟု မပြောရသေးခင် ကျီကျောက်သည် ရုတ်တရက် ရင်းနှီးသည့် အသံတစ်ခုအား ကြားလိုက်ရသည်။

သူမသည် ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်ရာ ရှန်းယောင်မှ သူမအား ပြုံးပြလာသည်ကို မြင်ရသည်။

ရုန်တရက် သူမ စကပ်စအား မတင်လိုက်ကာ ရှန်းယောင်ဘေးသို့ ရွရွလေးပြေးရင်း တောက်ပစွာ ပြုံး၍ မော့ကြည့်လိုက်သည်။

“ရှင် ဘာလို့ ဒီရောက်နေတာလဲ”

***

All Chapters