ရှင်ကရှင်ဖြစ်နေသ၍ပေါ့။
Vol. 24 Ch. 343
ကျီကျောက်သည် သူမဘေးမှ အမျိုးသားအား စောင်းငဲ့ကြည့်လိုက်ကာ နာခံစွာ ခေါင်းညိမ့်ပြသည်။
“နှစ်နှစ်ဆယ်ခန့်အကြာက တာ့ကျင်းတော်ဝင်နန်းတော်ထဲမှာ နန်းတွင်းပဋိပက္ခတွေ ရှိခဲ့တယ်၊ အရင်ဘုရင်မင်းမြတ်က အသက် ငါးဆယ်ကျော် ၀န်းကျင် ရှိပြီး လူဆိုးတွေဆီက လုပ်ကြံတိုက်ခိုက်မှုကို ခံစားခဲ့ရတယ်၊ နောက်တော့ တော်ဝင်သမားတော်ရဲ့ ဆေးကုသမှု ခံယူပြီးနောက် ကျင်းယွမ်ဘုရင်မင်းမြတ်မှာ အသက်ဘေးမှ ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့ပေမယ့် ဒီလုပ်ကြံမှုကြောင့် အကြောသေသွားခဲ့တယ်”
“အရင်ဘုရင်မင်းမြတ်မှာ သားတော် ရှစ်ယောက်နဲ့ သမီးတော် တစ်ယောက် ရှိတယ်၊ သူ့သမီးက မင်းသမီး ဝူရွှန်း ဖြစ်ပြီးတော့ အကြီးဆုံးသားကတော့ လက်ရှိ ဘုရင်မင်းမြတ် ကျင်းယွမ်ပေါ့၊ ထိုအချိန်မှာ အရင်ဘုရင်မင်းမြတ်ရဲ့ အငယ်ဆုံးသားမှာ သူ ငယ်ငယ်ထဲက သေလောက်နိုင်တဲ့ ရောဂါ ပါလာခဲ့တာပေါ့…..” ရှန်းယောင်သည် အစက သူ့အတိတ်အား ထပ်ပြီး ဂရုမစိုက်တော့ဘူးဟု ထင်သော်ငြား အနာဟောင်းအား ထပ်ဖွင့်ချိန်တွင် သူ့နှလုံးသားမှာ မထိန်းချုပ်နိုင်အောင် နာကျင်နေပေသေးသည်။
သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ လှိုက်စားနေသည့် နာကျင်မှုအား သူ ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။
သူ့ခံစားချက် အတက်အကျအား သိရှိလိုက်ပြီးနောက် ကျီကျောက်သည် သူ့လက်လေးအား ညင်သာစွာ ကိုင်လိုက်ကာ တိတ်တဆိတ် နှစ်သိမ့်ပေးသည်။
“အရင်ဘုရင်မင်းမြတ်ရဲ့ သားတော် ရှစ်ယောက်လုံးက တော်၀င်မျိုးနွယ်တွေက ဖွားမြင်လာကြတာဖြစ်ပြီး အထူးသဖြင့် ဘုရင်မင်းမြတ်ကျင်းယွမ်က ဧကရီက ဖွားမြင်ခဲ့တယ်၊ အငယ်ဆုံးသားတော် တစ်ဦးတည်းကသာ ဧကရီရဲ့ အစေခံကနေ ဖွားမြင်လာခဲ့တာလေ၊ ဘုရင်မင်းမြတ်က တစ်ခါက အရက်မူးလာပြီး အစေခံကို ဧကရီအမှတ်နဲ့ မှားယွင်းဆက်ဆံခဲ့မိလို့ပေါ့” ရှန်းယောင်သည် ခါးသက်စွာ ပြုံးရင်း ပြောသည်။
“နောက်တော့ အစေခံက ကိုယ်၀န်ရသွားတယ်၊ ဧကရီက သူမရဲ့ သဘောထားကြီးမှုနဲ့ စေတနာတရားကို ပြသဖို့အတွက် အစေခံကိုတော့ ဂရုမစိုက်ခဲ့ပေမဲ့ အစေခံ ဖွားမြင်ခဲ့တဲ့ မင်းသားလေးကိုတော့ မှတ်မိတာကြောင့် သူမကိုယ်တိုင် သူ့ကို ပျိုးထောင်ခဲ့ပြီး သင့်တော်တဲ့ အဆောင်အယောင် အဆင့်အတန်းတစ်ခုကို ပေးအပ်ခဲ့တယ်”
“ မတော်တဆမှု ဖြစ်ခဲ့တာကတော့ မင်းသားရှစ် အသက် သုံးနှစ်ခန့်မှာပေါ့၊ အစေခံက မကောင်းတဲ့ အကြံဆိုးတွေနဲ့ ဘုရင်မင်းမြတ် ကျင်းယွမ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်၊ နောက်တော့ သူမက ရွှေကို မြိုချမိပြီး အသက်သေဆုံးသွားတာကို တွေ့ရှိလိုက်ရတယ်၊ မင်းသားရှစ်အတွက်ကတော့ သူ ဘယ်ကိုရောက်သွားတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး”
“ဘယ်သူမှ မသိလိုက်တာက ဒါတွေအားလုံးက စိတ်ရင်းစေတနာပြည့်၀လှတဲ့ ဧကရီအရှင်မရဲ့ အကြံအစည်တွေ ဆိုတာကိုပေါ့၊ အဲ့ဒီနောက်မှာ ဧကရီအရှင်မက မင်းသားရှစ်ကို လျှို့ဝှက်အဖွဲ့အစည်းကို လွှင့်ပစ်လိုက်ပြီး မင်းသားငယ်လေးကို လုပ်ကြံရေးသမားအဖြစ် သင်ကြားစေခဲ့တယ်၊ မင်းသားရှစ်ကို မတော်တဆမှု မဖြစ်ခင်အထိပေါ့၊ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အချိန်မှာ သူက ဝေးလံခေါင်ပါးတဲ့ တောကျေးရွာလေးတစ်ခုမှာ မသန်မစွမ်း အမျိုးသားတစ်ယောက် ဖြစ်နေခဲ့တယ်၊ အဲ့အမျိုးသားနာမည်ကတော့ ရှန်းယောင်တဲ့လေ….”
ပုံပြင် မဆုံးခင်မှာဘဲ ကျီကျောက် ကြောင်အနေခဲ့သည်။
သူ့နှလုံးသားအောက်ခြေမှာ နှစ်ပေါင်းများစွာ ဖုံးကွယ်ခဲ့ရသည့် လျှို့ဝှက်ချက်အား ပြောပြီးနောက် ရှန်းယောင် တိတ်ဆိတ်သွားသည်။
သူသည် တိတ်ဆိတ်နေသည့် ကျီကျောက်အား ရှုပ်ထွေးနေသည့် ခံစားချက်များဖြင့် ကြည့်လိုက်သည်။
သူ ထင်တာက သူမ၏ မျက်နှာတွင် အံ့ဩမှု၊ ကြောက်ရွံ့မှုနှင့် အခြားသော ခံစားချက်များအား မြင်ရမည်ဟုပင်။
ဒါပေမဲ့ သူ မမြင်ခဲ့ရပေ။
သူမ၏ အနည်းငယ် မှင်သက်နေသည့် အမူအရာမှလွဲ၍ သူမ၏ အမူအရာမှာ အတော်လေး တည်ငြိမ်နေသည်။
“ကျောက်ကျောက် မင်း မကြောက်ဘူးလား” ရှန်းယောင်သည် ဖြေးညင်းစွာ ပြောသည်။ သူမသည် မသိစိတ်မှ သူမ လက်အား လွှတ်လိုက်ချင်ပေမဲ့ ကျီကျောက်သည် သူ့လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
“ဘာလို့ ကျွန်မက ကြောက်နေရမှာလဲ” ကျီကျောက်သည် သူ့အား တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကာ ခပ်ဖွဖွ ပြုံးပြသည်။
“ကျွန်မတို့ တွေ့ကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက် သိလာတယ်၊ တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးတယ်၊ ရှင်က ရှန်းယောင်ဖြစ်နေတုန်းပဲ၊ ဒါ့အပြင် အစကနေ အဆုံးအထိ ကျွန်မရဲ့ ကျန်ရှိတဲ့ ဘ၀ကို ရှင်နဲ့ပဲ ရှိနေချင်ခဲ့တာလေ၊ ရှင်က ရှင်ဖြစ်နေသ၍ လုံလောက်ပါပြီ”
“ ကျောက်ကျောက် ကျေးဇူးပါကွာ….” ရှန်းယောင်သည် သူမအား ဖက်ကာ အချိန်အတော်ကြာမှ လွှတ်ပေးလိုက်သည်။
ကျီကျောက်အား သူ့နှလုံးသားထဲမှ အကြီးမားဆုံး လျှို့ဝှက်ချက်အား ပြောပြီးသည့်နောက် ရှန်းယောင်တစ်ယောက် ပို၍ စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။
“မြို့တော်က အခြေအနေတွေက ရှင့်အတွက် အရေးကြီးတယ်မလား” ကျီကျောက်သည် သူ့လက်မောင်းအား စိတ်လှုပ်ရှားစွာ ဆွဲလိုက်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရှင် နန်းမြို့တော်ကို ပြန်ချင်လို့လား”
ရှန်းယောင်သည် ခေါင်းခါပြလိုက်သည်။
“ မင်းသားရှန်းက ကိုယ့်ပုံစံအမှန်ကို ခန့်မှန်းပြီးလောက်ပြီ”
“ မင်းသားရှန်းလား” ကျီကျောက် ပို၍ စိတ်ရှုပ်ထွေးသွားသည်။
“ မင်းသားရှန်းနဲ့ ဘာပတ်သက်မှု ရှိနေလို့လဲ”
“ ကျောက်ကျောက် မင်း မင်ထန်တောင်မှာ ကယ်ခဲ့ဖူးတဲ့ လူကို မှတ်မိသေးလား” သူမ၏ တွေဝေနေသည့် အမူအရာအား ကြည့်လျက် ရှန်းယောင် တိတ်တဆိတ် သူ့နှုတ်ခမ်းအား ကွေးညွှတ်ကာ သက်ပြင်းချလိုက်သည်။
“အဲ့လူက မင်းသားရှန်းပဲ”
ကျီကျောက်သည် မင်းသားရှန်းအား ကယ်တင်ခဲ့တာကြောင့် ရှန်းယောင်သည် အခွင့်အရေးအား အမိအရယူကာ သူ့ပုံစံအမှန်အား ထုတ်ဖော်ပြသနိုင်ခဲ့သည်။
အစတွင် မင်းသားရှန်းသည် အယုံအကြည် မရှိပေ။ ထို့အပြင် မင်းသားရှစ်မှာ ကွယ်လွန်သွားပြီဟု လူတိုင်းသိရှိခဲ့ကြပြီး ဖြစ်သည်။
သို့ပေမဲ့ ရှန်းယောင်သည် ထပ်ခါထပ်ခါ သက်သေပြနိုင်ခဲ့သဖြင့် မင်းသားရှန်းမှာ လှုပ်ရှားမှု ရှိလာခဲ့သည်။
“ဒါဆို ဆရာ့ရဲ့ ပေါ်ထွက်လာမှုက တိုက်ဆိုင်တာ မဟုတ်ဘူးပေါ့” ကျီကျောက်သည် ရုတ်တရက် တစ်စုံတစ်ခုအား အမှတ်ရလိုက်ကာ အံ့အားသင့်စွာ ပြောသည်။
“ဆရာက ရှင့်ခြေထောက်ကို ကုသပေးရတဲ့ အကြောင်းရင်းက မင်းသားရှန်းရဲ့ ညွှန်ကြားမှူကြောင့်ပေါ့”
“ကိုယ်တို့ကျောက်ကျောက်က အရမ်း ဉာဏ်ကောင်းပါပေတယ်” ရှန်းယောင်သည် ပြုံးလိုက်ကာ သူမ နှာဖျားထိပ်လေးအား တို့ထိလိုက်သည်။
“ရှန်းယောင် ရှင် မြို့တော်ကို ပြန်သွားပြီးတော့ ရှင်ပိုင်ဆိုင်တဲ့အရာတွေ အားလုံး ပြန်ယူချင်တာလား” ကျီကျောက်သည် စိတ်လှုပ်တရှား မေးသည်။
ရှန်းယောင်သာ သူ့၏ အသွင်အမှန်ဖြစ်သည့် မင်းသားရှစ်ဖြစ်ကြောင်း ဖော်ပြနိုင်သည်နှင့် သူသည် တော်၀င်မိသားစု၀င် ဖြစ်လာပေမည်။
ပြီးတော့ သူမသည် သူ့အတွက် သင့်တော်ကောင်း သင့်တော်လိမ့်မည် မဟုတ်ပေ။
“ မင်းရဲ့စိတ်ကူးတွေကို အရမ်းမတွေးလိုက်ပါနဲ့အုံး” ရှန်းယောင်သည် သူမ နှာဖူးလေးအား တို့လိုက်ကာ နူးညံ့စွာ ရှင်းပြသည်။
“လက်ရှိ ကိုယ်က ရှန်းဟယ်ရွာရဲ့ ရှန်းယောင်လေ၊ ကိုယ် ဘယ်တုန်းကမှ အုပ်ချုပ်သူ ဖြစ်လာဖို့ မတွေးခဲ့ဖူးဘူး၊ ကိုယ်က တာ့ကျင်းကို ကြွယ်၀ချမ်းသာမှုတွေ တစ်ဆင့်ချင်းဆီ ပျောက်ကွယ်သွားမှာကို မကြည့်နေနိုင်ရုံပါ”
“ဒါဆို ရှင်…..”
“ကိုယ် မင်းသားရှန်းကို ကူညီချင်တယ်” ရှန်းယောင်သည် ဖြေးညှင်းစွာ မျက်လွှာပင့်ကာ ခိုင်မာစွာ ပြောသည်။
“ဒီနေ့တွေမှာ မင်းသားရှန်းနဲ့ကိုယ် လျှို့ဝှက်စာတွေ အလဲအလှယ် လုပ်ခဲ့တယ်၊ သူ့ရဲ့ အမြော်အမြင်နဲ့ သဘောထားကြီးမှုကို ကိုယ် သဘောကျမိတယ်”
မင်းသားရှန်းသည် သူ့၏ အစ်ကိုခုနှစ် ဖြစ်ရုံသာမကပဲ ပိုအရေးကြီးသည်မှာ ဘုရင်တစ်ယောက်အနေဖြင့် မင်းသားရှန်းမှာ စေတနာသဒ္ဒါတရား ပြည့်၀သည့် အုပ်ချုပ်သူ ဖြစ်လာပေလိမ့်မည်။
“ကိုယ်က ဉာဏ်ပညာရှိတဲ့ အုပ်ချုပ်သူကို ခစားပြီးတော့ အကြံပေးအမတ် ဖြစ်ချင်တာပါ”
ရှန်းယောင်၏ လေသံမှာ ပို၍ပင် စိတ်ပိုင်းဖြတ်ထားဟန်တူသည်။
“နောက်နှစ် နွေဦးကာလ စာမေးပွဲရဲ့ ဗိုလ်စွဲပထမရသူက ကိုယ်ပဲ ဖြစ်ရမယ်”
စိတ်အားထက်သန်သည့် ရှန်းယောင်အား ကြည့်လျက် ကျီကျောက် ပြုံးပြလိုက်သည်။
ဒီစိတ်အားထက်သန်ကာ ရည်မှန်းချက်ကြီးသည့် လူမှာ သူမ ခင်ပွန်းပင် ဖြစ်သည်။
သူမ ချစ်မြတ်နိုးရသည့်သူ ဖြစ်သည်။
သူမသည် သူ့အား အဖော်ပြုကာ သူတို့ လိုချင်သည့် ကမ္ဘာအား ဖန်တီးနိုင်ရန် ကြိုးစားရပေမည်။
“ဟုတ်ပါပြီ” ကျီကျောက်သည် ပြုံးရင်း ခေါင်းညိမ့်ပြလိုက်သည်။
“ ရှန်းယောင် ကျွန်မ ရှင့်ကို အဖော်ပြုပေးပါ့မယ်၊ လမ်းဆုံးတဲ့အထိ ကျွန်မ ရှင်နဲ့အတူ အဖော်ပြုပေးမယ်”
ထိုအချိန် နန်းမြို့တော် မင်းသားရှန်းနန်းဆောင်တွင်။
ရှန်းယောင်ပို့လိုက်တဲ့ စာကိုဖတ်ပြီးတဲ့နောက်မှာ၊ ကျောက်ထုံမှာ စိတ်ခံစားများနှင့် ပြည့်နှက်နေသည်။
သူ ပြုံးလိုက်ပြီး စာအား မှိတ်တုတ်မှိတ်တုတ် လင်းနေသည့် ဖယောင်းတိုင်ဆီသို့ လှမ်းလိုက်ကာ ပြာအဖြစ် မီးကျွမ်းသွားသည်အား ကြည့်နေလိုက်သည်။
တကယ်တော့ သူက အဲဒီရာထူးကို လိုချင်ခဲ့တာ မဟုတ်ဘူး။ လက်ရှိ ဧကရီက မာနကြီးလွန်းနေလို့ပါပဲ။
ဧကရီသည် ဘယ်တုန်းကမှ ဧကရီတစ်ယောက်အဖြစ်သာ မလိုချင်ခဲ့ပေ။
ထိုမိန်းမသည် ရက်စက်ယုတ်မာသည့် နှလုံးသား ရှိသည်။
သူမသည် ထိုရာထူးအား အရယူရန် စိတ်ပိုင်းဖြတ်ထားသည်။
သို့ပေမဲ့ ဒီလောကထဲမှာ သူမ မေ့လျော့နေသည်က တာ့ကျင်းမင်းဆက်သည် ကျောက်မိသားစုနှင့် အမြဲသက်ဆိုင်နေခဲ့ခြင်းပင်။
ဘုရင်မင်းမြတ်ကျင်းယွမ်သည် အပြင်းအထန် နာမကျန်းဖြစ်နေပြီး ဧကရီမှ သူ့အား နေ့တိုင်း ပြုစုစောင့်ရှောက်ပေးသည်။
ဧကရီနှင့် ဘုရင်မင်းမြတ်မင်းမြတ်၏ ဆက်ဆံရေးမှာ နန်းမြို့တော်ထဲရှိ မရေတွက်နိုင်သည့် လူများအား ထိရှသွားစေခဲ့သည်။
သို့ပေမဲ့ ထိုထိရှသွားသည့်လူတိုင်း မသိကြသည်မှာ ဘုရင်မင်းမြတ် ဒီနှစ်တွေမှာ နာမကျန်းဖြစ်လာရသည့် အကြောင်းရင်းမှာ ထိုရက်စက်ကြမ်းကြုတ်လှသည့် ဧကရီကြောင့်ပင် ဖြစ်သည်။
နှစ်အဆုံးတွင် တော်၀င်ကိုယ်လုပ်တော်စွင်းသည် ရုတ်တရက် သူမနှင့် သူမကိုယ်ရံတော်ကြားရှိ ဆက်ဆံရေးအား ထုတ်ဖော်ခံလိုက်ရသည်။ ဧကရီသည် သူမအား ကွပ်မျက်မည့် အကျဉ်းထောင်သို့ လျှပ်စီးအလျင်လို အကျဉ်းချထားခဲ့သည်။ ပိုပြီး ထိတ်လန့်ဖွယ်ကောင်းသည်မှာ တော်၀င်ကိုယ်လုပ်တော်စွင်းသည် အကျဉ်းထောင်ထဲတွင် ကိုယ်၀န်ပျက်ကျ သွားခဲ့သည်။
သတင်းများပျံ့နှံ့လာသည်နှင့် နန်းမြို့တော် တစ်ခုလုံးအား အထိတ်တလန့် ဖြစ်စေခဲ့သည်။
နန်းမြို့တော်မှာ လူတိုင်းသည် ဘုရင်မင်းမြတ်ကျင်းယွမ်မှ တော်၀င်ကိုယ်လုပ်တော်စွင်းအား တုန်နေအောင် ချစ်မြတ်နိုးသည်ကို သိကြသည်။ တော်၀င်ကိုယ်လုပ်တော်စွင်း ကိုယ်၀န်လွယ်ထားရကြောင်း သိရှိသည့်အချိန်တွင် သူသည် အိမ်ရှေ့စံကို ရာထူးကနေ ဖြုတ်ချဖို့ တွေးခဲ့သေးသည်။
ထို့နောက် မရေတွက်နိုင်သည့် အမတ်အိုများ၏ သူ့အား နားချရန် အကောင်းဆုံး ကြိုးစားနိုင်ခဲ့တာကြောင့် ဘုရင်မင်းမြတ်ကျင်းယွမ်သည် အိမ်ရှေ့စံရာထူးအား ဖြုတ်ချမည့် အကြံအား လက်လျှော့ခဲ့ရသည်။ သို့ပေမဲ့ စွင်းမိသားစုမှာ နန်းမြို့တော်တွင် ပို၍ အားကြီးလာပြီး အိမ်ရှေ့စံမင်းသားအား ထောက်ခံသည့် အမတ်များမှ ထပ်ပြီး သည်းမခံနိုင်ကြတော့ပေ။
ထို့ကြောင့် စွင်းမိသားစုမှာ ပြဿနာများနှင့် ဆက်တိုက်ကြုံတွေ့ကြရပြီး အမတ်ကြီးစွင်းတောင်မှ ဘုရင်မင်းမြတ်ကျင်းယွမ်၏ အပြစ်တင် ဆူပူခြင်း ခံလိုက်ရပြီး အိမ်တော်ထဲတွင် အကျယ်ချုပ်ချကာ ပြန်လည်သုံးသပ်စေခဲ့သည်။
သို့ပေမဲ့ စွင်းမိသားစုသည် စိုးရိမ်ခြင်းအလျင်း မရှိခဲ့ပေ။ တော်၀င်ကိုယ်လုပ်တော်စွင်းမှ ပစားပေးခံနေရသ၍ သူတို့၏ ယခင် ရှိခဲ့သည့် ဂုဏ်သတင်းအား ပြန်လည်ထိန်းသိမ်းနိုင်ပေသည်။ သို့ပေမဲ့ မည်သူမှ မတွေးခဲ့မိသည်က ဘုရင်မင်းမြတ်ကျင်းယွမ်မှာ နာမကျန်းဖြစ်ကာ သူ့အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းလာမည်ဟုပင်။
***