← Chapters

အာ့ထောင်မှာ ကိုယ်၀န်ရှိနေပြီ။

Vol. 24 Ch. 344

အာ့ထောင်မှာ ကိုယ်၀န်ရှိနေပြီ။

Vol. 24 Ch. 344

ဘုရင်မင်းမြတ်၏ အခြေအနေ ပိုဆိုးလာလေ တော်ဝင်နန်းတော်ထဲမှ အခြေအနေများမှာ ပို၍ရှုပ်ထွေးလာပေဖြစ်သည်။

များစွာသောလူများသည် တော်၀င်ကိုယ်လုပ်တော်စွင်း၏ မတော်တဆဖြစ်ရပ်မှာ ဧကရီမှ ထောင်ချောက်ဆင်ထားခြင်းဟု သံသယရှိကြသည်။ တချို့လူများသည် အမှန်တရားအား ရှာဖွေချင်ကြပေမဲ့ အငြိစွန်းမခံလိုကြပေ။

အရှင်မင်းမြတ်မှာ ပြင်းထန်စွာ နာမကျန်းဖြစ်နေသည့်အတွက် စည်းမျဉ်းများအရ အိမ်ရှေ့စံမှ တိုင်းပြည်နှင့် ညီလာခံအား ကြီးကြပ်ရပေမည်။ သို့ပေမဲ့ အမတ်ကြီးစွင်းသည် နှစ်များစွာ ဂုဏ်ယူစရာ တပည့်များအား မွေးထုတ်နိုင်ခဲ့သဖြင့် အိမ်ရှေ့စံနှင့် တော်၀င်ကိုယ်လုပ်တော်စွင်း၏ အင်အားစုများမှာ သူမသာ ကိုယ်မသာ အခြေအနေများ ဖြစ်နေကြသည်။

ယခု သူတို့ စွင်းမိသားစုအား ချေမှုန်းရန် ကောက်ရိုးတစ်မျှင်ကိုသာ လိုအပ်နေကြသည်။

နန်းမြို့တော်၏ အခြေအနေများအား နားလည်သွားပြီးနောက် ရှန်းယောင်မှာ သူကိုယ်တိုင် ကောက်ရိုးတစ်မျှင် ဖြစ်သင့်သည်ဟု ခံစားလိုက်ရသည်။

နှစ်သစ်ကူးနေ့တွင် ရှန်းယောင်သည် ကျီကျောက်အား ရှန်းဟယ်ရွာသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ကျောက်လန်ဟွာသည် အလွန်၀မ်းမြောက်သွားကာ သူတို့စုံတွဲအား အိမ်တော်သို့ ပျော်ရွှင်စွာ ကြိုဆိုခဲ့သည်။

“အာ့ထောင် သမီး ပြန်လာတာ ကောင်းတယ်၊ မြန်မြန် မြန်မြန် အမေ့ကို ကူပြီးတော့ ဒီငါးချိုချုဉ်ဟင်းလေး မြည်းပေးပါဦးကွယ်”

“ကောင်းပါပြီ အမေ” ကျီကျောက်သည် အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ သူမသည် မီးဖိုချောင်ထဲသို့ အလျင်အမြန် ၀င်လာကာ ကျောက်လန်ဟွာ လက်ထဲမှ တူတစ်စုံအား ယူလိုက်သည်။ သူမသည် ငါးချိုချဉ်တစ်ပိုင်းအား ထိုးဆွလိုက်ကာ သူမ နှုတ်ခမ်းနားသို့ တေ့လိုက်သည်။

“ငါးက လတ်ဆက်ပြီး နူးအိနေရော၊ ချိုချဉ်အရသာလေးကလဲ ပုံမှန်ပဲ အရသာကတော့ အရမ်း အော့….”

သူမ “ကောင်းလွန်းတယ်” ဟု မပြောနိုင်ခင်မှာပင် သူမ နှစ်ကြိမ်လောက် ပျို့တက်လိုက်မိသည်။

ကျောက်လန်ဟွာသည် စိတ်ပူပန်စွာ မေးသည်။

“အာ့ထောင် သမီး အဆင်ပြေရဲ့လားကွယ်၊ အမေ့ကို မကြောက်ပါနဲ့၊ ငါးချိုချဉ်က စားလို့ မကောင်းဘူးမလား။ အမေ့ကို ပြောပါကွယ်”

“ အမေ ငါးက အရမ်း အရသာရှိပါတယ်၊ သမီး ဝေါ့…”

ကျီကျောက် ထပ်ပြီး မထိန်းချုပ်နိုင်တော့ပေ။ သူမသည် လှည့်ထွက်သွားကာ မီးဖိုချောင်ထဲမှ အမြန်ပြေးထွက်သွားသည်။ သူမသည် ခြံ၀န်းထဲရှိ ကျိုင်းပင်အိုကြီးအား ကိုင်ကာ ဆက်တိုက် ပျို့အန်နေမိသည်။

ရှန်းတာ့ရှန်နှင့် စကားစမြည်ပြောနေသည့် ရှန်းယောင်သည် သူမ နောက်ကျောအား ကြည့်ကာ အရှေ့သို့ အမြန်ပြေးလာသည်။

“ ကျောက်ကျောက် အဆင်ပြေရဲ့လား”

“ကျွန်မ အဆင်ပြေပါတယ် ဝေါ့…”

ကျီကျောက်သည် တိတ်ဆိတ်နေသည့် နတ်ဆေးသမားတော် ရှန်းဟယ်အား စိတ်လှုပ်တရှား ကြည့်လိုက်မိသည်။ သူမ စိတ်ထဲမှ ခန့်မှန်းမှုတချို့ လုပ်ပြီးပေမဲ့ သူမ ဆေးပညာ သင်ယူခဲ့သည်မှာ အချိန်သိပ်မကြာသေးတာကြောင့် သူမ အလျင်စလို ခန့်မှန်းမှုမျိုး မလုပ်ရဲပေ။

“မင်း တပည့်မိုက် ဆရာ့စကားကို နဲနဲမှ မနာခံဘူးပဲ” နတ်ဆေးသမားတော် ရှန်းဟယ်သည် ကျီကျောက်၏ သွေးခုန်နှုန်းအား စမ်းသပ်ပြီးနောက် သူသည် ဒေါသထွက်ကာ စိုးရိမ်ပူပင်လာမိသည်။

သူသည် သူမအား ကိုယ်၀န်အစောကြီး မလွယ်ရန် အရှင်းလင်းကြီး သတိပေးခဲ့ပြီး ဖြစ်သည်။

ဒါပေမယ့် ဒီကောင်မလေးက ရူးမိုက်တာပဲ။

အခု သူမသည် အသက်ငယ်ငယ်နှင့် ကိုယ်၀န်ဆောင်ထားရပြီး အလွန် စိတ်ပူစရာ ကောင်းသည်။

သို့ပေမဲ့ ဒါတွေ အားလုံးရဲ့ နောက်ကွယ်မှ တရားခံမှာ ရှန်းယောင် ဖြစ်သည်။

နတ်ဆေးသမားတော် ရှန်းဟယ်သည် စိတ်ပူနေသည့် ရှန်းယောင်အား စိုက်ကြည့်လိုက်ကာ သရော်လိုက်သည်။

“နတ်ဆေးသမားတော် ရှန်းဟယ် ကျောက်ကျောက် ဘယ်လိုနေလဲဗျ” ရှန်းယောင်သည် အပူတပြင်း မေးသည်။

“ဘာမှ အထွေအထူး မဟုတ်ဘူး။ ကိုယ်၀န်ရှိနေရုံပါပဲ” နတ်ဆေးသမားတော် ရှန်းဟယ်သည် ဖြေးညင်းစွာ ပြောသည်။

ရှန်းယောင်သည် ဒီသတင်းအား ကြားလိုက်ရသဖြင့် သူ မှင်သက်သွားမိသည်။

ကျောက်ကျောက် ကိုယ်၀န်ရှိနေတာလား။

သူတို့ရဲ့ ကိုယ်ပိုင်ကလေးလေး ရှိလာတော့မှာလား။

“ဒါပေမယ့် အာ့ထောင်ရဲ့ ခန္ဓာကိုယ်က အားနည်းနေတယ်၊ ကလေးကို ကာကွယ်ချင်တယ်ဆို သူမကိုယ်သူမ အားပြန်ဖြည့်ဖို့ ပထမ သုံးလလောက်ကို အိပ်ရာထဲမှာပဲ နေသင့်တယ်”

နတ်ဆေးသမားတော် ရှန်းဟယ်သည် အသံတိုးတိုးဖြင့် အသိပေးလိုက်သည်။

“ အမေရော ကလေးရောကို လုံခြုံစိတ်ချစေချင်တယ်ဆို သူတို့ကို မင်းကောင်းကောင်း ဂရုစိုက်ပေးရမယ်”

“ဆရာ”

အံ့ဩမှုထဲတွင် နစ်မြုပ်နေသည့် ကျီကျောက်သည် မသိစိတ်မှ မော့ကြည့်လိုက်ကာ နတ်ဆေးသမားတော် ရှန်းဟယ်အား အကူအညီတောင်းရန် စိုးရိမ်တကြီး ပြောသည်။

“ဆရာ တပည့်ကို ကူညီပေးပါနော်”

သူမ၏ ဆရာသခင်မှ သူမအား ကူညီလိုသည့်ဆန္ဒ ရှိနေသ၍ သူမ သေချာပေါက် ဒီကလေးအား ကာကွယ်စောင့်ရှောက်နိုင်ပေလိမ့်မည်။

သေချာပေါက် သူမ လုပ်နိုင်ပေမည်။

“ဆယ်ရက်တိုင်းမှာ ဆရာမင်းရဲ့ သွေးခုန်နှုန်းကို လာစမ်းပေးမယ်၊ နောက်သုံးလအတွင်းမှာ မင်း ကိုယ်ဝန်တည်ငြိမ်စေတဲ့ ဆေးကို ပုံမှန်သောက်ပေးရမယ်၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဂရုတစိုက် စားသောက်ရမယ်”

နတ်ဆေးသမားတော် ရှန်းဟယ်က လေးနက်စွာ ညွှန်ကြားသည်။

ကျီကျောက်က နာခံစွာဖြင့် ခေါင်းညိမ့်ပြသည်။

ကျီကျောက် ကိုယ်၀န်ဆောင်ရကတည်းက သူမ အိမ်တော်ထဲတွင် နာနာခံခံဖြင့် လဲလျောင်း‌လျက်ရှိကာ သန္ဓေသား တည်ငြိမ်စေရန် အားဖြည့်နေခဲ့သည်။

“ ရှန်းယောင် ကျွန်မ ၀လာတယ်လို့ ရှင် မထင်ဘူးလား” ကျီကျောက်သည် သူမဘေးသို့ လျှောက်လာသည့် လူအား ကြည့်ကာ နစ်နာသလို မျက်မှောင်ကြုတ်လိုက်မိသည်။

“ကျွန်မ လ၀က်လောက် အိမ်ထဲမှာပဲ ‌လဲနေရတာ ပျင်းလာပြီရှင့်၊ ဒီနေ့က မီးပုံးပွဲတော်နေ့ မဟုတ်လား၊ ရှင် ကျွန်မကို အပြင်ကို လျှောက်လည်ဖို့ ခေါ်သွားပေးပါလား”

“၀တော့ ကောင်းတာပေါ့” ရှန်းယောင်သည် ပြုံးလိုက်ရင်း သူမ မျက်နှာလေးအား ဆိတ်ဆွဲလိုက်သည်။

“နေလို့ ထိုင်လို့ ပိုကောင်းသွားတာပေါ့”

ကျီကျောက်သည် သူ့အား ရှက်ရွံ့စွာ စိုက်ကြည့်လိုက်သည်။

“ရက်အနည်းငယ်နေရင် ကိုယ် နန်းမြို့တော်ကို သွားမလို့” ရှန်းယောင်သည် သူမ ပုခုံးအား ဖက်ကာ သူ့အသံမှာ လေးနက်လာသည်။

“ ကျောက်ကျောက် အိမ်မှာနေပြီး ကိုယ့်ကို စောင့်နေနော်။ ဟုတ်ပြီလား။”

“ကျွန်မလဲ ရှင်နဲ့အတူ သွားချင်တယ်” ကျီကျောက်သည် သူ့မျက်၀န်းထဲသို့ ကြည့်လိုက်ကာ ခိုင်မာစွာ ပြောသည်။

“ရှင် ကျွန်မကို အတူခေါ်သွားပါလား”

“ ကျောက်ကျောက် နန်းမြို့တော်ကို သွားတဲ့ခရီးက အရမ်းအန္တရာယ်များတယ်၊ အခု မင်းက ကိုယ်၀န်ရှိနေတာလေ။ ကိုယ် မင်းကို အရဲစွန့်ပြီး မခေါ်သွားနိုင်ဘူး။” ရှန်းယောင်သည် သူမအား ကြည့်လိုက်ကာ သူ့၏ပုံမှန်အားဖြင့် အေးစက်နေသည့် မျက်လုံးများမှာ တောင်းပန်ရိပ်များ ထင်ဟပ်နေသည်။

“ကိုယ့်စကား နားထောင်ပါနော်”

ကျီကျောက် သူမ မျက်လုံးများအား အောက်စိုက်ကြည့်လိုက်ရင်း သူမ နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်ပြီး ပြောသည်။

“ရှင် တစ်ယောက်ထဲသွားရင် ကျွန်မ အိမ်မှာနေခဲ့တောင် ရင်တမမ ဖြစ်ကျန်ခဲ့မှာပေါ့၊ ရှင်စိတ်ပူတာကို သိပါတယ်၊ ဒါနဲ့ ရှင်ပဲ နောက်တစ်နည်းနဲ့ စဉ်းစားကြည့်၊ ရှင့်ဆီကနေ အချိန်မှန်သတင်းမရရင် ကျွန်မ ဘာဖြစ်သွားနိုင်မလဲ”

“ ရှန်းယောင်” ကျီကျောက်သည် ရုတ်တရက် သူမ မျက်လုံးများအား ပင့်လိုက်ကာ သူ့အား ကြည့်လိုက်သည်။ သူမ အကြည့်များမှာ ခိုင်မာကာ စိတ်ပိုင်းဖြတ်ထားသည်။

“လင်မယားဆိုတာ တစ်စိတ်တည်း တစ်၀မ်းတည်း ရှိရမယ်ရှင့်၊ နောက်ပြီး ရှင်လဲ ကျွန်မအကြောင်း သိပါတယ်၊ ရှင် စိတ်ပူရအောင် ဘာမှ မလုပ်ပါဘူး”

ကျီကျောက်သည် သူမ၏ အကြားအမြင်အာရုံအား မတော်တဆဖွင့်မိတာကြောင့် ကောင်းကင်ဘုံမှ အရာအားလုံးအား စီစဉ်ထားပြီးပြီ ဖြစ်သည်။

ထို့အပြင် ကျီကျောက်သည် မည်သို့ပင်ဖြစ်စေ သူမ ရှန်းယောင်နှင့်အတူ ရှိရမည်ဟု ခံစားရသည်။

ရှေ့ဆက်လျှောက်ရန် လမ်းခရီးမှာ မည်မျှပင် ခက်ခဲနေပါစေ မုန်တိုင်းဘယ်လောက်ပဲ ထန်နေပါစေ အတားအဆီးတွေ ဘယ်လောက်ပဲ ကြုံနေရပါစေ သူတို့သည် လင်မယားဖြစ်နေပြီဆိုကတည်းက အခက်အခဲများအားလုံးအား သေချာပေါက် ကျော်လွှားနိုင်လိမ့်မည်။

“ ကျောက်ကျောက်” သူမ၏ စိတ်ပိုင်းဖြတ်ထားသည့် အမူအရာအားကြည့်လျက် ရှန်းယောင် ရယ်မောလိုက်မိသည်။

သူ့ကျောက်ကျောက်က တကယ်ချစ်ဖို့ကောင်းတယ်။

နောက်နှစ် နှစ်လပိုင်း ဟုန်ရှင်းစားသောက်ဆိုင်။

လက်ထောင်ဆိုင်ရှင်ယို့သည် ငွေစာရင်းစာအုပ်အား ကျီကျောက်လက်ထဲသို့ ကမ်းပေးရင်း အပြုံးလေးဖြင့် ပြောသည်။

“အာ့ထောင် ဂုဏ်ယူပါတယ်ကွာ”

“ကျေးဇူးပါ ဒုတိယအစ်ကိုယို့” ကျီကျောက်သည် ခပ်ဖွဖွပြုံးလိုက်သည်။ သူမ ငွေစာရင်းစာအုပ်အား ဖတ်ရှုပြီးနောက် အနည်းငယ် ပဟေဠိဖြစ်သွားသည်။

“ အကိုယို့ ဆီထုတ်စက်ရုံက အမြတ်စာရင်းက မှားများမှားနေလား၊ ညီမ‌ကို ပေးထားတဲ့ အမြတ်တွေက ငွေတုံး ၅၀၀ ပိုနေတယ်နော်”

“သူဌေးနဲ့ အစ်ကို့ဆီက ကျေးဇူးတင် လက်ဆောင်ပါ” လက်ထောင်ဆိုင်ရှင်ယို့သည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“နောက်ပြီး ညီမနဲ့ ညီမခင်ပွန်းတို့ နန်းမြို့တော်ကို သွားကြမလို့ဆို၊ နန်းမြို့တော်က နေရာတစ်ခုချင်းစီက အရမ်းဈေးကြီးတာလေ၊ ညီမကလဲ ကိုယ်၀န်ကြီးနဲ့၊ ယာယီနေဖို့ အိမ်တော်အသေးလေး တစ်ခုလောက် ငှားရမ်းရမယ်မလား”

“တိုတိုပဲပြောရရင် ငြင်းခွင့်မရှိပါဘူး‌ဗျ၊ ညီမ ငြင်းရဲမယ်ဆို အစ်ကို့ကို မိတ်ဆွေလို့ မသတ်မှတ်နဲ့တော့” လက်ထောက်ဆိုင်ရှင်ယို့သည် မျက်နှာသေဖြင့် တမင်တကာ ပြော‌လိုက်သည်။

“ဒုတိယအစ်ကိုယို့၊ အစ်ကိုကတော့ရှင်……” ကျီကျောက်သည် မတတ်နိုင်တော့ဘဲ ပုခုံးတွန့်လိုက်ရသည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ညီမ အင်တင်တင်နဲ့ပဲ လက်ခံလိုက်ပါမယ် ဒုတိယအစ်ကိုယို့ ကျေးဇူးပါနော်”

“စကားမစပ် ရက်အနည်းငယ်လောက်က အိမ်မှာ ညီမ သရေစာမုန့်တချို့ လုပ်ထားတယ်” ကျီကျောက်သည် ရုတ်ခြည်း ရှန်းယောင်အား တစ်ချက်ကြည့်လိုက်သည်။

လက်ထောက်ဆိုင်ရှင်ယို့သည် သူ့ရှေ့မှ သရေစာမုန့်ဘူးအား ကြည့်လိုက်ကာ သူ့၏ စားချင်စိတ်မှာ အာသီတပြင်းပြလာသည်။

“ဒါက ညီမ ပြောပြောနေတဲ့ ဆူရှီဆိုတာလား”

“ဟုတ်ပါတယ်” ကျီကျောက်သည် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

“ဆူရှီအပြင် ၀က်အူချောင်းနဲ့ အသားချောင်းပါ လုပ်လာခဲ့ပါတယ်၊ ၀က်အူချောင်းကတော့ သူ့ချည်း စားလို့ ရပေမဲ့ အသားချောင်းကတော့ ပေါင်းပေးဖို့ လိုပါတယ်”

“ဟုတ်ပြီ” လက်ထောက်ဆိုင်ရှင်ယို့သည် ပျော်ရွှင်စွာ ခေါင်းညိမ့်လိုက်ကာ အပြုံးပန်းများ ဝေဆာလာသည်။

သူ့မိသားစုအား နှုတ်ဆက်ပြီးနောက် ရှန်းယောင်သည် ကျီကျောက်အား နန်းမြို့တော်ဆီသို့ ခေါ်လာခဲ့သည်။

သူ တင်းယွမ်ကောင်တီမှ မထွက်ခွာခင် ကျီထင်အန်းမှ စာနှစ်စောင် ပေးခဲ့သည်။

တစ်စောင်မှာ မြို့၀င်ခွင့်ထောက်ခံချက် ဖြစ်ပြီး ကျီထင်အန်း၏ ၀င်ခွင့်ထောက်ခံစာဖြင့် ရှန်းယောင် နန်းမြို့တော်ထဲသို့ အဟန့်အတား မရှိ ၀င်နိုင်သည်။

နောက်တစ်စောင်မှာ ကျီကျောက်၏ နောက်ကြောင်းဇစ်မြစ် ဖြစ်သည်။

“မင်း ဖောက်ပြီး ဖတ်ကြည့်ချင်လား” ရထားလုံးထဲတွင် ရှန်းယောင်သည် ကျီကျောက်မှ ထိုစာအား တွေဝေဝေ စိုက်ကြည့်နေသည်အား မြင်လိုက်ရသဖြင့် တိုးတိုးလေး မေးသည်။

***

All Chapters