← Chapters

မင်းသမီးခန်းလဲ့။

Vol. 24 Ch. 346

မင်းသမီးခန်းလဲ့။

Vol. 24 Ch. 346

သံမဏိစိတ်ဓာတ်ရှိသည့် ရှန်းယောင်တောင် ဒီစာအား ဖတ်ပြီးနောက် မျက်ရည်ဝဲသွားမိသည်။

“တင်းယွမ်ကောင်တီမှာ ကျီထင်အန်းကသာ မင်းမျက်နှာကို မျက်မှန်းမတန်းမိခဲ့ချိန်ထိပေါ့”

ရှန်းယောင်သည် စာအား ဂရုတစိုက် ခေါက်သိမ်းလိုက်ကာ တိုးတိုးလေး ပြောသည်။

“ ကျောက်ကျောက် မင်းသမီးခန်းလဲ့က ဒီနှစ်တွေထဲမှာ သူမ ကလေးကို ရှာတဲ့နေရာမှာ ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဖူးဘူး”

“အရာရှိကျီက မင်းရဲ့ ပုံတူပန်းချီကို တိတ်တဆိတ်ရေးဆွဲပြီး မင်းသမီးခန်းလဲ့ကို ပေးခဲ့တယ်၊ ကိုယ်ကြားတာတော့ အဲ့နေ့က မင်းသမီးခန်းလဲ့က နာမကျန်းဖြစ်နေတယ်တဲ့”

ရှန်းယောင်က သက်ပြင်းဖွဖွ ချလိုက်သည်။ “ ကျောက်ကျောက် မင်း ဘယ်လိုပဲ တွေးပါစေ၊ ကိုယ် မင်းဖက်မှာ ‌ရှိနေမယ်”

“ကောင်းပါပြီ” ကျီကျောက်သည် နာခံစွာ ခေါင်းညိမ့်ပြသည်။

နှစ်လပိုင်းလလယ်တွင် မင်းသမီးခန်းလဲ့၏ အခြေအနေမှာ တဖြည်းဖြည်း သက်သာလာခဲ့သည်။

တော်ဝင်မင်းသမီးကြီး၏ နန်းဆောင်ထဲတွင်။

“ခန်းလဲ့” မှင်‌သက်နေသည့် သူမအား ကြည့်လျက် မင်းသမီးကြီးမှာ စိုးရိမ်သောက ရောက်နေသည်။

“ သမီး အဆင်ပြေရဲ့လား”

“ဟင့်အင်း” မင်းသမီးခန်းလဲ့မှ ပြုံးပြသည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်က ထင်အန်းဆီက သမီးစာရခဲ့တယ်”

“ သမီး ဒီနှစ်တွေမှာ အဲ့ကလေးကို ရှာနေခဲ့တာပဲ မဟုတ်လားကွယ်” မင်းသမီးကြီးသည် တစ်ချက်ကြည့်ရုံမျှဖြင့် သူမ နှလုံးသားထဲမှ အထုံးအား နားလည်လိုက်သည်။ သူမ ခေါင်းလေးအား ညင်သာစွာ ပွတ်ပေးရင်း နှစ်သိမ့်လိုက်သည်။

“ အခု သမီး လိုချင်တာ ရတော့မှာလေ။ သမီး ပျော်နေသင့်တာပေါ့ကွယ်။”

မင်းသမီးခန်းလဲ့သည် ၀မ်းနည်းစွာ မျက်ရည်ဝဲလာခဲ့သည်။

“ အမေ…. ဒီကလေးလေးက သူမက စည်းစိမ်အပြည့် ဘ၀နဲ့ နေခဲ့ရသင့်တာ…. သူမက သမီးရဲ့ အဖိုးတန်ရတနာလေး ဖြစ်ခဲ့ရမှာ ဆိုပေမဲ့ သူမ အများကြီး ခံစားခဲ့ရတယ်၊ သမီး သမီး သူမကို မျက်နှာချင်းတောင် မဆိုင်ရဲတော့ပါဘူး၊ သမီးသာ သူမကို စောစော ရှာခဲ့မယ်‌ဆိုရင် သမီးတို့ စောစောပြန်ဆုံခဲ့ရမှာ၊ အဲ့ ခွေးမ သခင်မဟောင်ကို ယုံကြည်ခဲ့မိတာ သမီး ရူးမိုက်ပါတယ်”

မင်းသမီးခန်းလဲ့သည် သူမ မျက်လုံးများအား နာကျင်မှုများဖြင့် မှိတ်လိုက်ကာ သူမ မျက်နှာတစ်လျှောက် မျက်ရည်စများ ကျဆင်းလာခဲ့သည်။

“ အကုန်လုံး သမီးအမှားတွေပါပဲ”

“ အရူးမလေး ဘယ်လိုဖြစ်ပြီး သမီးအမှား ဖြစ်မှာလဲ”

မင်းသမီးကြီးသည် သူမ၏ ၀မ်းနည်း‌နေသည့် အမူအရာအား ကြည့်လိုက်ကာ သူမ နှလုံးသားမှာ ဆွဲညှစ်ခံထားရသလို ခံစားလိုက်ရသည်။ သူမမှာ အလွန်ပူဆွေးလှသဖြင့် အသက်ပင်မရှူနိုင်ပေ။

“ကောင်းကင်ဘုံက သမီးကို လှည့်စားတာကိုပဲ အပြစ်တင်ရမှာပဲ၊ သခင်မဟောင်က ဟန်ဆောင်ကောင်းလွန်းတာကိုပဲ သမီး အပြစ်တင်ရမှာပါ”

“ဒါပေမယ့် ခန်းလဲ့….. အားလုံး အဆင်ပြေသွားပါပြီကွယ်” မင်းသမီးကြီးသည် ညင်သာစွာ နှစ်သိမ့်သည်။

“အမေကြားတာတော့ အဲ့ကလေးခင်ပွန်းရဲ့ မိသားစုက အရမ်းကြင်နာတယ်တဲ့လေ၊ သူ့ခင်ပွန်းက ယွင်ချွမ်စီရင်စုက ပြည်နယ်စာမေးပွဲမှာ ပထမအဆင့် ရခဲ့တယ်တဲ့၊ သူ့အနာဂတ်က သေချာပေါက် အကန့်သတ်ရှိတော့မှာ မဟုတ်ဘူး”

“ အမေ….. သမီးရဲ့ သမီးလေးက တော်၀င်မိသားစုနဲ့ လက်ထပ်တယ်ဆိုတောင် သူတို့နဲ့ မတန်ဘူးလို့ ခံစားရတယ်ရှင့်” မင်းသမီးခန်းလဲ့သည် ဒီအကြောင်းပြောလေ ပို၍ ၀မ်းနည်းလာသလို ခံစားရသည်။

“ဒါပေမယ့် အခုတော့…. သမီးလေးက သာမန်လူတစ်ယောက်နဲ့ လက်ထပ်ခဲ့ရတယ်”

ထိုအချိန်တွင် ရှန်းယောင်သည် ရထားလုံးထဲတွင် ကျီကျောက်၏ ခြေထောက်များအား နှိပ်နယ်ပေးရင်း နှာချေလိုက်မိသည်။

“ရှင် အအေးမိနေတာလား” ကျီကျောက်သည် သူမ လက်ထဲမှ ၀တ္ထုစာအုပ်အား အမြန်အောက်ချလိုက်ကာ စိုးရိမ်စွာ မေးသည်။

“ မဟုတ်ပါဘူး” ရှန်းယောင်သည် ပြုံးရင်း သူ့ခေါင်းအား ခါပြသည်။

“ ကျောက်ကျောက် ခြေသလုံးက ကိုက်ခဲနေတုန်းပဲလား”

“ မကိုက်တော့ပါဘူး” ကျီကျောက်သည် အပြုံးလေးဖြင့် ခေါင်းညိမ့်ပြသည်။ သူမ၏ မရိုးမသားနှင့် တက်ကြွနေသည့် မျက်လုံးများမှာ ဟိုကြည့်ဒီကြည့် ကြည့်လိုက်ရင်း ရှန်းယောင်နားနားသို့ တိုးကပ်လိုက်ကာ နူးညံ့စွာ မေးသည်။

“ယောက်ျား ရှင်က ကျွန်မအတွက် အရမ်းတွေးပေတတ်တာပဲ၊ ကျွန်မအထင် ရှင့်ကို ဆုချရမယ်တူတယ်”

“ဆုလား” ရှန်းယောင်သည် မျက်ခုံးပင့်ကာ သူမအား မျှော်လင့်တကြီး ကြည့်သည်။

“ဘယ်လိုဆုမျိုးလဲ”

“မျက်စိမှိတ်လိုက်”

“ကောင်းပြီလေ”

ရှန်းယောင်သည် နာခံစွာ ခေါင်းညိမ့်ပြကာ သူ့မျက်လုံးများအား အလျင်အမြန် မှိတ်လိုက်သည်။

ကျီကျောက်သည် နှလုံးတစ်ချက် ဆောင့်ခုန်သွားကာ သူမ၏ လက်ညှိုးလေးအား ဆန့်ထုတ်လိုက်ကာ သူ့နှုတ်ခမ်းပေါ်သို့ တင်လိုက်သည်။ သူ့နှုတ်ခမ်းကွေးလေးတစ်လျှောက် ‌ဖြည်းဖြည်းစီ ‌ရွေ့လျားသွားရင်း သူ၏ ဆွဲဆောင်မှုရှိသည့် လည်စလုတ်လေးပေါ်တွင် ရပ်တန့်သွားသည်။ သူမသည် သူ့လည်စလုတ်အား နှစ်ကြိမ်ခန့် ပုတ်လိုက်သည်။

“ ကျောက်ကျောက်” ရှန်းယောင်သည် သူ့မျက်လုံးများအား ဖွင့်လိုက်ကာ သူ့မျက်၀န်းနက်များထဲတွင် ချစ်မြတ်နိုးမှုများ မဖော်ပြနိုင်သည့် ဆန္ဒများနှင့် ပြည့်နေသည်။

“ကစားမနေနဲ့တော့”

ထိုအချိန်တွင် ကျီကျောက်သည် သူ့အသံထဲမှ ချုပ်တည်းမှုများနှင့် ဆန္ဒများအား ကြားလိုက်ရသည်။

“တကယ်တော့ ကျွန်မရှင့်ကို နောက်တစ်နည်းနဲ့ ကူညီနိုင်ပါတယ်….” ကျီကျောက်သည် ရဲတွတ်နေသည့် မျက်နှာဖြင့် ပြောသည်။ ထို့နောက် သူမ ခေါင်းလေးအား သူ့ရင်ဘတ်ထဲတွင် မြှုပ်ထားလိုက်ကာ အရမ်းရှက်ရွံ့သွားသဖြင့် ထပ်ပြီး မပြောရဲတော့ပေ။

ထိုညတွင် လက်မောင်းများ ကျိန်းစပ်သွားခဲ့ရသည့် ကျီကျောက်မှာ အရမ်းနောင်တရသွားမိသည်။

သူမ ဂရုမစိုက်ဘဲ မပြောခဲ့သင့်ဘူး၊ အဆုံးမှာတော့ သူမ လက်များမှာ ခြေကုန်လက်ပန်းကျလုနီးနီး ဖြစ်ခဲ့သည်။

နှစ်လပိုင်း နှစ်ဆယ့်တစ်ရက်နေ့ မင်းသမီးကြီးအိမ်တော်။

ဧည့်ခန်းမဆောင်ထဲတွင် စောင့်နေသည့် ကျီကျောက်မှာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ သူမ၏ စူထွက်လာသည့် ဗိုက်လုံးလုံးလေးအား ကြည့်လျက် သူမကိုယ်သူမ ရယ်လိုက်မိသည်။

ဒီကို သူမ ရောက်လာကတည်းက အိမ်လွမ်းနာကျသလို ခံစားလိုက်ရသည်။

“ အမေ ထင်တာက အမေ ဘ၀တစ်သက်တာလုံး သမီးကို ရှာတွေ့နိုင်မှာမဟုတ်ဘူးလို့လေ….” မင်းသမီးခန်းလဲ့သည် ကျီကျောက်အား မြင်လိုက်ချိန်တွင် သူမကိုယ်ဟန်ထားမှာ ပျက်သွားခဲ့သည်။

သူမရှေ့ရှိ နူးညံ့သိမ်မွေ့သည် မိန်းမငယ်လေးမှာ သူမ သမီးလေးဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ပေသည်။

“ မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်” ကျီကျောက်က နာခံမှူရှိစွာ ဦးညွှတ်ဂါရ၀ပြုလိုက်သည်။ သူမ၏ ခံစားချက်များမှာ မင်းသမီးခန်းလဲ့အား မြင်ပြီးနောက် အတက်အကျ ရှိနေသော်ငြား ရိုရိုသေသေ ဂါရ၀ပြုလိုက်သည်။

“ထပါ ထပါကွယ်” မင်းသမီးခန်းလဲ့သည် အလျင်အမြန် သူမအား ကူတွဲပေးလာသည်။

“ သမီးက အခု ကိုယ်၀န်နဲ့လေ ပိုပြီး သတိထားရမယ်”

ကျီကျောက်သည် ခပ်ဖွဖွပြုံးပြသည်။

မင်းသမီးခန်းလဲ့သည်လည်း သူမအား ပြုံးပြလျက် မျက်ရည်များ ကျဆင်းလာသည်။

သူမ၏ ပြုံးရင်း ငိုနေသည့် အမူအရာအား ကြည့်လျက် ကျီကျောက် အနည်းငယ် စိုးရိမ်မိသလို ခံစားရသည်။

သူတို့ အခုမှ သွေးသားတော်စပ်သည်အား သိကြရသော်ငြား သွေးသည် ရေထက်ပျစ်ခြင်းကြောင့်လားမသိ၊ သူမ မင်းသမီးခန်းလဲ့ ၀မ်းနည်းနေသည်ကို မြင်ပြီးနောက် သူမ နှလုံးသားထဲတွင်လည်း ၀မ်းနည်းသလို ခံစားရသည်။

ဒါက သားအမိကြားက နှောင်ကြိုး မဟုတ်ပါလား။

“ကျွန်မ ကြက်ဥမုန့်နဲ့ နို့ပူတင်းတို့ လုပ်လာခဲ့ပါတယ်၊ မြည်းကြည့်ချင်လား”

မင်သမီးခန်းလဲ့၏ ခံစားချက်များ တည်ငြိမ်သွားပြီးနောက် ကျီကျောက်က အပြုံးလေးဖြင့် မေးသည်။

ထိုစားကောင်းသောက်ဖွယ်များမှာ နှလုံးသားအား နှစ်သိမ့်ပေးနိုင်သည်ဟု ကျီကျောက် အမြဲတမ်း ယုံကြည်ခဲ့သည်။

“ပဲနီနို့ပူတင်းက အရသာရှိလှပါတယ်၊ နောက်ရက်အနည်းငယ်အတွင်း မက်မွန်သီးတွေ မှည့်လာရင် မင်းသမီးအတွက် နောက်ထပ်မုန့်တွေ လုပ်လာပေးပါ့မယ်” ကျီကျောက်သည် ခပ်ဖွဖွပြုံးပြသည်။

“ မင်းသမီးအကြောင်း သေချာမသိပေမဲ့ မင်းသမီးက မုန့်အချိုတွေ ကြိုက်တယ်လို့ ကျွန်မ ကြားခဲ့ရပါတယ်”

“ သမီး….. သမီး ဘယ်လို သိတာလဲ” မင်းသမီးခန်းလဲ့သည် အံ့ဩသွားရသည်ထက် သူမ ရင်ထဲ ထိရှသွားသည်။

“စိတ်သာရှိမယ်ဆိုရင် ရှာတွေ့နိုင်ပါတယ်”

မင်းသမီးခန်းလဲ့ သက်ပြင်းချလိုက်သည်။

“ အမေ လက်မထပ်ခင်က အချိုမုန့်တွေ အမြဲတမ်း ကြိုက်နှစ်သက်ခဲ့ပေမဲ့ သမီးအဖွားက အမေ့ကို အများကြီး စားခွင့် မပြုဘူး၊ နောက်တော့ ယုံအန်းအမတ် အိမ်တော်ကို လက်ထပ်၀င်ရောက်ပြီးနောက် အမေ့ကိုယ်အမေ အလိုလိုက်ခဲ့တယ်၊ ဒါပေမယ့် သမီးကို ဆုံးရှုံးရပြီးနောက်မှာတော့ အမေ အချိုမုန့်ကြိုက်တာကို တဖြေးဖြေး ရပ်လိုက်တာပါပဲကွယ်”

ဘယ်လောက်ချိုတဲ့ အစားအသောက်တွေ သူတို့ စားသောက်နေပါစေ သူတို့နှလုံးသားထဲမှ ခါးသီးမှုအား မကုစားနိုင်ပေ။

“ မင်းသမီး” ကျီကျောက်သည် ခဏလောက် တွေးလိုက်ကာ သူမ စိတ်ထဲမှ အရာအား ပြောလိုက်သည်။

“ကျွန်မက မင်းသမီးရဲ့ သမီးရင်းပါဆိုတာကို တစ်ကြိမ်ထဲ တွေ့ဖူးရုံနဲ့ ဘာလို့ အရမ်းသေချာနေရတာပါလဲ”

ခန်းလဲ့ အနည်းငယ် ပဟေဠိ ဖြစ်သွားမိသည်။

“ သမီး…..”

“ကမ္ဘာပေါ်မှာ ရုပ်ရည်ဆင်တူတဲ့ လူတွေ အများကြီး ရှိကြပါတယ်၊ ကျွန်မဖက်က လုံး၀ ယုံကြည်ချက် မရှိသေးတာကြောင့် ဒီဆက်နွယ်မှုကို အလျင်စလို အသိမှတ်မပြုရဲပါဘူး”

ကျီကျောက်သည် သူမအား ကြည့်လိုက်ကာ သူမ အကြည့်များမှာ သဘောထားကြီးသည့် အရိပ်အယောင်များ ထင်ဟပ်ကာ သူမ အသံမှာ ကြည်လင်နေသည်။

“ မင်းသမီး ဒီဆိုရိုးစကားကို ကြားဖူးမှာပါ…. တခါတရံ မျှော်လင့်ချက်ကြီးလေ စိတ်ပျက်မှု ပိုများလေပါပဲ”

“ ကျောက်ကျောက်” မင်းသမီးခန်းလဲ့သည် ရုတ်တရက် သူမ နှုတ်ခမ်းအား ကွေးညွှတ်ကာ ညင်သာစွာ ပြုံး၍ မေးလိုက်သည်။

“ အမေ သမီးကို ဒီနာမည် ခေါ်လို့ ရလားကွယ့်”

“ရပါတယ်ရှင့်” ကျီကျောက်သည် ခေါင်းဖွဖွညိမ့်ပြသည်။

“ အရင်က အဲ့ကလေး ထင်အန်းက သမီးပုံတူက အမေ့ဆီ ပို့ပေးခဲ့တယ်၊ ပုံတူပန်းချီထဲက သူက အမေ့ငယ်ရုပ်နဲ့ တစ်ထပ်ထဲ တူတာမို့ အမေ အရမ်းပျော်ရွှင်ခဲ့ရတယ်၊ ဒါပေါ့ အဆုံးမှာ ဘာမှ ဖြစ်မလာမှာကိုလဲ အမေ စိတ်ပူတာပေါ့၊ ဒါမို့ အမေ လူတွေကို တိတ်တဆိတ် စေလွှတ်ပြီး သမီး သတင်းတွေကို စုံစမ်းစေခဲ့တယ်၊ တဖြည်းဖြည်းနဲ့ သမီးက အမေ့သမီးဖြစ်တယ်ဆိုတာကို သေချာလာတာပါပဲကွယ်၊ ဒီနေ့ သမီးကို မြင်ရတဲ့အချိန်ထိပေါ့”

“ သမီး ရေစက်ဆိုတာ ကြားဖူးလား” မင်းသမီးခန်းလဲ့သည် သူမ လက်လေးအား မြတ်နိုးတန်ဖိုးထားစွာ ကိုင်လိုက်ကာ ညင်သာစွာ ပြုံးပြသည်။

“ အမေ သမီးကို တွေ့လိုက်တဲ့အချိန်ထဲက သမီးက အမေ့သမီးပဲ‌ဆိုတာကို သိလိုက်မိတယ်ကွယ့်”

***

All Chapters