← Chapters

နန်းတော်ထဲသို့ ၀င်ရောက်ခြင်း။

Vol. 24 Ch. 347

နန်းတော်ထဲသို့ ၀င်ရောက်ခြင်း။

Vol. 24 Ch. 347

စုံစမ်းစစ်ဆေးမှုတချို့ပြီးနောက် ကျီကျောက်သည် သူမမှာ မင်းသမီးခန်းလဲ့၏ သမီးဖြစ်ကြောင်း သေချာသွားသည်။

ထိုအခိုက်တွင် နန်းမြို့တော်မှ လူတိုင်းသည် ဒီထူးဆန်းသည့်သတင်းအား ဆွေးနွေးနေကြသည်။

မင်းသမီးခန်းလဲ့၏ သူမ သမီးကို ရှာဖွေသည့်အပေါ်ရှိ ဇွဲလုံ့လ၀ီရိယမှာ သူတို့အများစုအား ထိရှစေသည်။ သူတို့သည် မင်းသမီးခန်းလဲ့အား သူတို့နှလုံးသားအောက်ခြေမှ ဂုဏ်ပြုကြသည်။

ဒါပေါ့။ လူအနည်းစုကတော့ သံသယရှိနေကြသေးကာ သူတို့သည် မင်းသမီးခန်းလဲ့၏ သမီးမှာ အယောင်ဆောင်ဖြစ်သည်ဟု ထင်ကြသည်။ သူတို့သည် ပြဇာတ်ကောင်းတစ်ပုဒ်အား ကြည့်ရန် စောင့်ကြည့်နေကြသည်။

တော်ဝင်မင်းသမီးကြီးနန်းဆောင်။

ကျီကျောက်၏ နှင်းပွင့်မုန့်အသစ်နှင့် နှမ်းကပ် ပင်လယ်ရေညှိလိပ်တို့အား မင်းသမီးကြီးနှင့် မင်းသမီးခန်းလဲ့တို့မှ တညီတညွှတ်တည်း ချီးကျူးကြသည်။

“ ကျောက်ကျောက် ပြန်ရောက်လာထဲက အဖွားရဲ့ပါးစပ်ကတော့ ပိုပိုပြီး ဂျီးများလာတာပါပဲကွယ်”

သက်တော်၅၀ကျော်နေပြီဖြစ်သည့်

တော်ဝင်မင်းသမီးကြီးသည် ကြင်နာတတ်သည့်အမူအရာရှိကာ နှစ်လိုဖွယ်ကောင်းသည့် အပြုံးမျိုး ပိုင်ဆိုင်ထားသည်။ သူမ ကျီကျောက်ကို ကြည့်သည့် အကြည့်ထဲတွင် မြတ်နိုးမှုများ ပါနေသည်။

“ ကျောက်ကျောက်ရဲ့ ဟင်းချက်စွမ်းရည်က တော်၀င်စားဖိုမှူးတွေထက်တောင် ပိုပြီး ထူးကဲသာလွန်နေပါရောလား”

“ အဖွား ထပ်မမြှောက်ပါနဲ့တော့” ကျီကျောက်သည် သူမ လက်အား ထပ်ခါထပ်ခါ ခါယမ်းလိုက်သည်။

“ အဖွား ထပ်မြှောက်နေမယ်ဆိုရင် သမီး ကောင်းကင်ပေါ် ပျံတက်သွားတော့မယ်ရှင့်”

မိသားစု၏ မျိုးဆက် သုံးဆက်မှာ အားပါးတရ ရယ်မောနေကြကာ လေထုမှာ အတော်လေး ကာရံညီနေသည်။

“ဘာပဲဖြစ်ဖြစ် အခု အမေတို့တွေ ကျောက်ကျောက်ကို ရှာတွေ့ပြီဆိုတော့ ကျောက်ကျောက်ကို နန်းမြို့တော်က တော်၀င်မိသားစုဝင် မိန်းမငယ်လေးတွေနဲ့ မိတ်ဆက်ပေးဖို့ စားပွဲကျင်းပပေးဖို့ အချိန်ရောက်ပြီမလား” မင်းသမီးကြီးသည် မင်းသမီးခန်းလဲ့အား ရုတ်တရက် အကြံပြုလိုက်သည်။

“ခန်းလဲ့ သမီးရော ဘယ်လိုထင်လဲကွဲ့”

“ ကျောက်ကျောက် သမီး ဘယ်လိုထင်လဲ” မင်းသမီးခန်းလဲ့သည် ကျောက်ကျောက်အား အလေးထားမှုပေးသည်။

“ ကျောက်ကျောက် စားပွဲ ကျင်းပချင်လား”

ကျီကျောက်သည် ဒီအကြောင်းအား အလေးအနက် တွေးပြီးနောက် သူမ ခေါင်းအား ခါလိုက်သည်။

“ အခုက အကောင်းဆုံးအချိန် မဟုတ်သေးပါဘူး”

နန်းမြို့တော်၏ လက်ရှိအခြေအနေများမှာ အလျင်အမြန် ပြောင်းလဲလျက် ရှိသည်။

ဒီအချိန်မျိုးတွင် မင်းသမီးကြီး၏ နန်းဆောင်အား လူအများ အာရုံစိုက်ခံရအောင် သူမ မလုပ်ချင်လိုပေ။

“ အဖွား…. အမေ…. အမေတို့ ကောင်းစေချင်တာကို သမီး နားလည်ပါတယ်၊ ဒါပေမယ့် အခုက အချိန်ကောင်း မဟုတ်သေးဘူး” ကျီကျောက်သည် စိတ်တည်ငြိမ်စွာ စိစစ်ရင်း ပြောသည်။

“ သမီး ငယ်ငယ်ထဲက ကျေးရွာဖက်မှာ ကြီးပြင်းလာခဲ့တာကို မဆိုပါနဲ့အုံး၊ နန်းမြို့တော်က ဒီတော်၀င်မိသားစုတွေက အပြင်ဖက်မှာ သမီးကိုလေးစားတယ် ဆိုရင်တောင် သမီးနောက်ကွယ်မှာ အထင်သေးနေကြအုံးမှာပါ၊ ဒါကြောင့် ခုလိုအချိန်မျိုးမှာ သမီးသာ စားပွဲကျင်းပမယ်ဆိုရင် ဒီလူတွေ ပါးစပ်ဖျားမှာ အမျိုးမျိုး ပြော‌ဆိုနေကြလောက်မယ် မဟုတ်လား”

“ သမီးက အမေ့သမီးပဲ‌လေ၊ ဘယ်သူတွေက သမီးနောက်ကွယ်မှာ ပြောရဲကြလဲ” မင်းသမီးခန်းလဲ့သည် မျက်မှောင်ကြုတ်လိုက်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“ အမေ စိတ်လျှော့ပါဦး” ကျီကျောက်သည် သူမအား အလျင်အမြန် ချော့မော့လိုက်သည်။

“ဒါက ဖြစ်နိုင်ချေရှိတဲ့ အချက်တွေထဲက တစ်ခုပါ၊ အခုဆို သမီး ခန္ဓာကိုယ်က တဖြေးဖြေး လေးလံလာတာမို့ သမီးအပင်ပန်းမခံချင်သေးလို့ပါ၊ ပိုအရေးကြီးတဲ့အချက်က သမီး ရှန်းယောင်ကို စောင့်နေသေးလို့ပါ”

“ ရှန်းယောင်ကို စောင့်တယ်…… ဘာလို့ သူ့ကို စောင့်နေတာလဲ” မင်းသမီးခန်းလဲ့သည် အနည်းငယ် ရှုပ်ထွေးသွားသည်။

“သူ စာမေးပွဲအောင်တာကို စောင့်နေသေးတာလား”

“အဲ့လိုပြောလို့လဲရပါတယ် အမေ” ကျီကျောက်သည် ပြုံးရင်း ခေါင်းညိမ့်ပြသည်။

“‌ဒါပေမယ့် ဒီကိစ္စကြောင့်ချည်းပဲ မဟုတ်ပါဘူး”

သူမမှာ သူမကိုယ်ပိုင်မာန ရှိသည်။ သူမ ခင်ပွန်းသည်ဟာ အနာဂတ်တွင် တာ့ကျင်းမင်းဆက်၏ အေးစက်လွန်းသည့် အကြံပေးအမတ် ဖြစ်လာပေမည်။

ထို့အပြင် သူမ အတွက် အာဏာရှိတဲ့သူများနှင့် မိတ်ဖွဲ့ခြင်းမှာ မလိုအပ်လှပေ။ မည်သူကမှ အနာဂတ်ကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ပိုအရေးကြီးသည့်အချက်မှာ သူမသည် အဲ့ဒီဂုဏ်သရေရှိ အရာရှိများရှေ့တွင် ကျီကျောက်ဟူသည့် သရုပ်မှန်နှင့်သာ ထွက်ပေါ်လိုသည်။

သူမသည် တာ့ကျင်းမင်းဆက်၏ အချမ်းသာဆုံး အမျိုးသမီးအနေဖြင့်သာ ကျော်ကြားလိုပြီး မင်းသမီးခန်းလဲ့၏ သမီး၊ အကြံပေးအမတ်၏ ဇနီးသည်အဖြစ် မကျော်ကြားလိုပေ။

“ ကျောက်ကျောက်ရဲ့ စိတ်နေစိတ်ထားက သမီးလိုပါပဲကွယ်”တော်ဝင်မင်းသမီးကြီးသည် ရယ်မောလိုက်မိသည်။

“ သမီးတို့နှစ်ယောက်လုံးက ခေါင်းမာတဲ့နေရာမှာ အတူတူပါလားကွယ်”

“ အဟမ်း အဖွား…. ဒါဆို အမေကရော ဘယ်သူနဲ့ တူတာလဲ” ကျီကျောက်သည် တမင်တကာ စနောက်လိုက်သည်။

ထိုအချိန်တွင် သူတို့သုံးယောက်စလုံး အားပါးတရ ရယ်မောလိုက်ကြသည်။

နေပြင်းလှသည့် သုံးလပိုင်းကာလတွင် ကျီကျောက် တဖြည်းဖြည်းနှင့် မင်းသမီးနန်းဆောင်‌တွင် နေရတာ အသားကျလာသည်။

တော်ဝင်မင်းသမီးကြီးနှင့် မင်းသမီးခန်းလဲ့တို့ နှစ်ယောက်စလုံးသည် သူမအား အလိုလိုက် တန်ဖိုးထားကြသည်။

သူတို့သည် သူမအား ချီပိုးထားချင်ကြပြီး သူမ ပြုတ်ကျသွားမှာကို ကြောက်ရွံ့နေကြသည်။ သူမအား သူတို့၏ အာခံတွင်းထဲတွင် ငုံထားချင်သော်ငြား သူမ ပျောက်ကွယ်သွားမှာကို သူတို့ ကြောက်လန့်ကြသည်။

သူတို့နှစ်ယောက်အပြင် ရှန်းယောင်လည်း ရှိသည်။

ချွေ့ယွမ်ခြံဝင်းမှာ မင်းသမီးကြီး အိမ်တော်ထဲတွင် လက်ရာပြောက်မြောက် အလှပဆုံး ခြံ၀န်းတစ်ခု ဖြစ်သည်။

ကျီကျောက်တို့လင်မယားသည် ယခု ချွေ့ယွမ်ခြံဝင်းထဲတွင် နေထိုင်ကြသည်။

ရှန်းယောင်သည် အခွံနွှာထားသည့် ပန်းသီးအား အစိတ်စိတ်လှီးလိုက်ကာ ကျီကျောက်ဆီသို့ ယူလာသည်။

“ အရမ်းချိုတာပဲ” ပန်းသီးတစ်စိတ်အား မြည်းကြည့်ပြီးနောက် ကျီကျောက် ချိုမြိန်စွာ ပြုံးပြသည်။ “ကျေးဇူးပါ ယောက်ျား ရှင်က တကယ် အကောင်းဆုံးပဲ”

ရှန်းယောင်သည် ဘာမှမပြောလာဘဲ သူ့ပါးအား သူမနားသို့ နီးကပ်လိုက်သည်။

ကျီကျောက် ပြုံးလိုက်ရင်း သူ့ပါးအား အလျင်အမြန် နမ်းလိုက်ပြီး ရှက်ရွံ့မှုကြောင့် ရဲတွတ်လာသည်။

“ရက်အနည်းငယ်နေရင် ရှင် စာမေးပွဲခန်းမကို သွားရတော့မှာမလား၊ ရှင် စိတ်မလှုပ်ရှားဘူးလား”

ကျီကျောက်သည် နောက်ထပ် ပန်းသီးတစ်စိတ်အား ထိုးစိုက်လိုက်ကာ သူ့အား အပြုံးလေးဖြင့် လှမ်းပေးသည်။

“အဲ့လောက် မဟုတ်ပါဘူး”

သူ အနည်းငယ် စိတ်လှုပ်ရှားသော်ငြား ကိုင်တွယ်‌နိုင်သေးသည်။

“ယောက်ျား ကျွန်မတော့ ရှင့်ကို လေးစားတယ်” ကျီကျောက်သည် သူ့နားရွက်နားသို့ တိုးကပ်လိုက်တာ ကျီစယ်ဟန်ဖြင့် ပြုံးပြသည်။

“ ကျောက်ကျောက်” ရှန်းယောင်သည် ရုတ်တရက် သူမ လက်အား ဆွဲကာ သူ့ရင်ခွင် ဆွဲသွင်းလိုက်သည်။ သူ့အသံမှာ လေးနက်သည်ထက် ပိုလေးနက်နေသည်။

“တကယ်တော့ ကိုယ်တွေးခဲ့ပြီးသားပါ၊ ကိုယ် ကျရှုံးမယ်ဆိုရင်တောင် ကျောက်ကျောက်က ကိုယ့်ကို အထင်သေးမှာ မဟုတ်ဘူး”

“ဒီတော့ ဒါက ကိစ္စကြီးမှ မဟုတ်တာ”

ကျီကျောက်သည် သူမ မျက်ခုံးအား အနည်းငယ်ပင့်ကာ တမင်တကာ ပြောသည်။

“ အမေက ပြောတယ် နန်းမြို့တော်မှာ ခန့်ညားတဲ့ ယောက်ျားတွေ အများကြီး…..”

ပြွစ်*

သူမ စကားမဆုံးခင် ရှန်းယောင်မှ သူမ နှုတ်ခမ်းလေးများအား ကိုက်ဆွဲလာသည်။

“ကျွန်မ မှားပါတယ်…..” ကျီကျောက်သည် သူမ အရှုံးအား ချက်ချင်း လက်ခံလိုက်သည်။

“ကိုယ်အကောင်းဆုံး ကြိုးစားမှာပါ” ရှန်းယောင်သည် သူမ မျက်နှာနုနုလေးအား သူ့လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ကာ လေးနက်စွာ ပြောသည်။

“စိတ်မပူနဲ့နော်”

ကျီကျောက် နာခံစွာ ခေါင်းညိမ့်ပြသည်။

ဘုရင်မင်းမြတ် ကျင်းယွမ်၏ အခြေအနေမှာ တိုးတက်မှု မရှိသေးသော်ငြား နွေဦးကာလ လပတ်စာမေးပွဲမှာ အစီအစဉ်အတိုင်း ကျင်းပဖို့ စီစဉ်ထားသည်။

ထို့အပြင် စာမေးပွဲအား ဦးဆောင်တာ၀န်ယူသူမှာ ဖြောင့်မတ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သည့် မင်းသားရှန်း ဖြစ်သဖြင့် နွေဦး လပတ်စာမေးပွဲမှာ ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။

ရှန်းယောင်သည် ဖြေဆိုသူအများထဲမှ ထိုးထွက်ကာ ပထမနေရာ ရရှိကာ အောင်မြင်ခဲ့သည်။

သုံးလပိုင်း လလယ်တွင် မက်မွန်ပင်ငယ်များမှာ မျက်စိကျိန်းလောက်အောင် ဖူးပွင့် တောက်ပနေကြသည်။

ချွေ့ယွမ်ခြံဝင်းထဲတွင် စိုက်ပျိုးထားသည့် မက်မွန်ပင်မှာ ၀င်းလက်တောက်ပကာ နှစ်သက်ဖွယ်ကောင်းသည့် မက်မွန်ပွင့်လေးများ ဖူးပွင့်နေကြသည်။

နန်းမြို့တော်၏ အခြေအနေမှာ ထပ်ပြီး ပြောင်းလဲလာပြန်သည်။

ဘုရင်မင်းမြတ်ကျင်းယွမ်၏ အခြေအနေမှာ တိုးတက်မှု ရှိလာခဲ့သည်။

ဧကရီ၏ ဒုတိယသားငယ်မှာ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံရသည်။

သို့ပေမဲ့ ကိုယ်လုပ်တော်စု၏ အကြီးဆုံးမင်းသားနှင့် တော်၀င်ကိုယ်လုပ်တော်စွင်း၏ တတိယမင်းသားတို့မှာ ထိုရလဒ်အား ကျေနပ်မှု မရှိကြပေ။

ထို့အပြင် အိမ်ရှေ့စံ၏ ပင်ကိုစွမ်းရည်မှာ သာမာန်ပင် ဖြစ်သည်။

မုန်တိုင်းတိုက်ခတ်နေပြီး နန်းမြို့တော်၏ ကောင်းကင်ယံမှာ အနက်ရောင် တိမ်မဲများဖြင့် အုံ့ဆိုင်းလျက် ရှိသည်။ အလွန်ထိုင်းမှိုင်းလွန်းသဖြင့် အသက်ရှူရန်ပင် ခက်ခဲလှသည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာကာ နဂါးလှေပွဲတော်ရက် ရောက်ခါနီးလာပြီဖြစ်သည်။ ဘုရင်မင်းမြတ်ကျင်းယွမ်၏ အခြေအနေမှာ ထပ်ဆိုးလာပြန်သည်။ ဟန်လင်းကျောင်းတော်သို့ ၀င်ရောက်ခဲ့သည့် ရှန်းယောင်မှာ ပို၍ အလုပ်များလာသည်။

ကျီကျောက်သည် အစက သူမ ဒီအရှုပ်အထွေးများကြားမှ လွတ်နေနိုင်မည်နိုင်ဟု ထင်မိသော်ငြား ဧကရီမှ သူမအား နန်းတော်ထဲ၀င်ရောက်ရန် အမိန့်ပြန်ကြားလာသည်။

“ အမေ သမီးနဲ့အတူ သွားပေးမယ်” မင်းသမီးခန်းလဲ့သည် သူမ၏ စိတ်ထွေပြားနေသည့် အမူအရာအား ကြည့်လိုက်ကာ အလျင်အမြန် မေးလာသည်။

“ ကျောက်ကျောက် အမေ စိုးရိမ်တယ်”

“ အမေ သမီး အဆင်ပြေပါတယ်” ကျီကျောက်သည် ပြုံးရင်း သူမ ခေါင်းအား ခါပြသည်။

“ ဧကရီ သမီးကို အခေါ်လွှတ်တဲ့ ကိစ္စက ရှန်းယောင်ကြောင့် ဖြစ်ပါလိမ့်မယ်”

သုံးရက်အကြာက ကျီကျောက် ထပ်ပြီး အိမ်မက်မက်ခဲ့သည်။

ဧကရီ၏ ဖိတ်ခေါ်မှုက အလစ်ငိုက် တိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း သူမ ကောင်းကောင်း သိပေမဲ့ သူမထံတွင် ငြင်းဆန်ပိုင်ခွင့် မရှိပေ။

ကံကောင်းစွာဖြင့် သူမ လက်ဦးမှုရယူ၍ ပြင်ဆင်ပြီးသားဖြစ်သည်။ အချိန်ရောက်လာပါက သူမ လှုပ်ရှားမှုတိုင်းအား တုံ့ပြန်နိုင်မည် ဖြစ်သည်။

ဒီကိစ္စနဲ့ ပတ်သက်၍ အထူးသဖြင့် သူမ စာတစ်စောင်ရေးလိုက်ကာ ဟန်လင်းကျောင်းတော်တွင် အလုပ်လုပ်နေသည့် ရှန်းယောင်ဆီသို့ တစ်ယောက်ယောက်အား ပို့ခိုင်းလိုက်သည်။

တာ့ကျင်းမင်းဆက် တော်ဝင်နန်းတော်ထဲသို့ ပထမဆုံးအနေဖြင့် သူမ ခြေလှမ်းချခြင်း ဖြစ်သည်။ အစက သူမ ကြောက်စိတ်၀င်လာလိမ့်မည်ဟု ထင်ခဲ့ပေမဲ့ သူမစိတ်အခြေအနေမှာ မထင်ထားလောက်အောင် တည်ငြိမ်နေသည်။

ဖုန့်လွမ်နန်းဆောင်။

ခမ်းနားထည်ဝါလှသည့် အနီရောင်ဖီးနစ်၀တ်ရုံအား ၀တ်ဆင်ထားသည့် ဧကရီသည် မြင့်မားသော ပလ္လင်ပေါ်တွင် ခမ်းနားစွာ ထိုင်နေပြီး အောက်တွင် ဒူးထောက်‌ခစားနေသည့် ကျီကျောက်အား ငုံ့ကြည့်လိုက်ကာ မထူးခြားနား ပြောသည်။

“ထပါ”

“ကျေးဇူးပါ အရှင်မ” ကျီကျောက်သည် နာခံစွာ သူမအား ကျေးဇူးတင်စကားဆိုသည်။ ထို့နောက် သူမသည် တည့်မတ်စွာ ထလာခဲ့သည်။

“တို့ မင်းကို ဒီကိုအခေါ်လွှတ်ရတဲ့ အကြောင်းကို သိရဲ့လား” ဧကရီက ရုတ်တရက် ပြုံးလာသည်။

“ပြောရရင်တော့ သခင်ရှန်းက ကံကောင်းတဲ့သူပါပဲ၊ သူက မင်း နှစ်သက်တာ ခံရသလို စုမြောင်ရဲ့ မျက်လုံးထဲမှာလဲ ဖမ်းစားခံနိုင်ခဲ့တယ်၊ စုမြောင်က သခင်ရှန်းကို လက်ထပ်ချင်နေတယ်၊ သူမက မင်းနဲ့အတူ အဓိကဇနီးနေရာကို လိုချင်နေတယ်၊ မင်းဘယ်လိုထင်လဲ”

“စုမြောင်က ဘယ်သူပါလဲ” ကျီကျောက်သည် စိတ်ရှုပ်စွာ ကြည့်လိုက်ကာ သူမ အသံမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်။

***

All Chapters