← Chapters

သားသမီး၀တ္တရား ကျေပွန်ခြင်းနှင့် မိဘအား စုံလုံးကန်း ကိုးကွယ်ခြင်း။

Vol. 24 Ch. 349

သားသမီး၀တ္တရား ကျေပွန်ခြင်းနှင့် မိဘအား စုံလုံးကန်း ကိုးကွယ်ခြင်း။

Vol. 24 Ch. 349

ဘုရင်မင်းမြတ်ကျင်းယွမ်တွင် သားတော် သုံးပါး ရှိသည်။ ပထမသားတော်မှာ ကြင်ယာတော်ရှုမှ ဖွားမြင်လာသူဖြစ်ကာ ဒုတိယသားတော်မှာ ဧကရီမှ ဖွားမြင်ခဲ့သည်။ တတိယသားတော်၏ မိခင်ရင်းမှာ အစေခံဖြစ်သည့်အတွက် သူမ၏ နောက်ခံမှာ နိမ့်ပါးလှသဖြင့် လျစ်လျူရှုခံထားရသည်။

ပထမသားတော်မှာ သက်တော် သုံးဆယ် ပြည့်ပြီးဖြစ်ကာ နွေထွေးပြီး ရိုးစင်းသည့် အကျင့်စရိုက် ရှိသဖြင့် တိုင်းပြည်အုပ်ချုပ်ရန် မသင့်တော်ပေ။

ပိုအရေးကြီးသည်မှာ ကြင်ယာတော်ရှုသည် ဉာဏ်ကောင်းသူတစ်ဦးဖြစ်ကာ သူမ နန်းတွင်းထဲ စ၀င်ထဲက အလွန်အကင်းပါးလှကာ အကြီးဆုံးမင်းသားအား ရိုးရှင်းဖြောင့်မတ်သည့် အကျင့်စရိုက်ရှိသူ ဖြစ်အောင် တမင်တကာ ပျိုးထောင်ခဲ့သည်။ ဧကရာဇ်ကျင်းယွမ်မှ အကြီးဆုံးမင်းသားအား မကြိုက်ရသည့်အချက်မှာ ထိုအချက်ကြောင့် ဖြစ်သည်။ ဒါ့ကြောင့် အကြီးဆုံးမင်းသားသည် အကြီးဆုံးသားတော် ဖြစ်ပေမယ့် ရက်စက်ကြမ်းတမ်းလှသည့် မောင်းမဆောင်တွင် ဘေးကင်းလုံခြုံစွာ ကြီးပြင်းလာခဲ့သည်။ ထို့နောက် သူသည် သူ့ကိုယ်ပိုင်အိမ်တော်ကို တည်ထောင်ပြီး အိမ်ထောင်ပြုခဲ့သည်။

ဒုတိယမင်းသားမှာ အဓိကနန်းဆောင်၏ တရား၀င်သားတစ်ယောက် ဖြစ်သော်ငြား သူ ကလေးဘ၀အရွယ်တုန်းက ရုတ်တရက် အဖျားတက်ခဲ့သည်။ သူ နိုးလာသည့်အခါ ကလေးတစ်ယောက်၏ အသိဉာဏ် စိတ်ပိုင်းဆိုင်ရာ အခြေအနေ ရှိနေသည်။ သူသည် သက်တော် ၂၃ နှစ် ပြည့်ပြီးပေမဲ့ အခုအချိန်ထိ လက်မထပ်ရသေးပေ။

တတိယမင်းသားမှာတော့ မွေးရာပါ မျက်စိရောဂါရှိကာ ခိုင်မာသည့် ဩဇာအာဏာ ရှိမနေခဲ့ပေ။

“ အရှင်မင်းမြတ်ရဲ့ သားတော် သုံးယောက်စလုံးက ကံခေ‌ကြတာပဲနော်” ကျီကျောက်က သက်ပြင်းချရုံသာ တတ်နိုင်သည်။

“ကျွန်မ ကြားတာတော့ အရှင်မင်းကြီးက ဒီနှစ်မှ သက်တော် ၅၀ ပြည့်မှာဆို၊ ရုတ်တရက်ကြီး သူက ဘာလို့ အရမ်း နာမကျန်း ဖြစ်နေရတာလဲ”

“စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေတာ ဖြစ်နိုင်လောက်တယ်” ရှန်းယောင်က ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ဒါမှမဟုတ်ရင် သူ မရသင့်တဲ့ တစ်စုံတစ်ခုကို ယူမိတာကြောင့် ဘုရားက သူ့ကို ဒဏ်ခတ်တာပဲ ဖြစ်မယ်”

ကျီကျောက်သည် သူမ မျက်လုံးများအား တိတ်တဆိတ် မှေးမှိတ်လိုက်သည်။ ရှန်းယောင်မှ တစ်ခုခုအား သွယ်ဝိုက်ညွှန်းဆို နေပုံ ခံစားနေရသည်။

“ ကျောက်ကျောက် နောက်ကျနေပြီ။ စောစောအနားယူရအောင်လေ” ရှန်းယောင်သည် ရုတ်တရက် သူမ မျက်နှာအား သူ့လက်ခုပ်ထဲထည့်လိုက်ကာ ချစ်မြတ်နိုးမှု အပြည့်ဖြင့် နမ်းရှိုက်လိုက်သည်။

ညရောင်မှာ တောက်ပနေကာ ကြယ်ကလေးများဖြင့် ဖိတ်ဖိတ်တောက်နေသည့် ကောင်းကင်နှင့် ပနံသင့်နေသည်။

သို့ပေမဲ့ နန်းတော်တွင်းမှ လေထုသည် အတော်လေး မွန်းကြပ်ဖွယ် ကောင်းနေသည်။

ချန်ချင်းနန်းဆောင်။

ဧကရာဇ်ကျင်းယွမ်သည် နဂါးကုတင်ထက်တွင် ကိုယ်တစ်၀က်မှီနေကာ သူ့မျက်လုံးများမှာ ငိုက်စိုက်ကျနေပြီး စကားတစ်ခွန်းမှ မဆိုပေ။

“အစ်ကိုတော် အမြန်သက်သာချင်တယ်ဆိုရင် ဆေးသောက်ရပါမယ်ဗျ” မင်းသားရှန်းသည် အနီရောင် စန္ဒကူးသစ်သား စားပွဲထက်မှ ဆေးခွက်အား လက်ညှိုးထိုးပြလိုက်ကာ ညင်သာစွာ ပြောသည်။

“ဘာပဲဖြစ်ဖြစ် အစ်ကိုတော်ရဲ့ကျန်းမာရေးက အရေးကြီးဆုံးပဲလေ”

“ညီခုနှစ်….. မင်းကိုယ်မင်း အရမ်း ဂုဏ်ယူတာပဲလား” ဧကရာဇ်ကျင်းယွမ်သည် ရုတ်တရက် မော့ကြည့်ကာ သူ့အကြည့်မှာ မင်းသားရှန်းမျက်နှာပေါ်သို့ ကျရောက်နေပြီး အလွန်အမင်း စူးရှနေသည်။

“ အစ်ကိုတော်” မင်းသားရှန်းသည် စိတ်ပျက်မှုဖြင့် သက်ပြင်းချလိုက်မိသည်။

“ကျွန်တော့်နှလုံးသားထဲမှာတော့ အစ်ကိုတော်က ကျွန်တော့်ကို ကယ်ဖို့အတွက် ရေကန်ထဲကို တုံ့ဆိုင်းမှု မရှိဘဲ ခုန်ဆင်းခဲ့တဲ့ အစ်ကိုတော် အမြဲဖြစ်နေမှာပါဗျ”

ဒီစကားအား ကြားရပြီးနောက် ဧကရာဇ်ကျင်းယွမ်သည် သူ့မျက်၀န်းထဲမှ ရှုပ်ထွေးမှုများအား ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။

“ အစ်ကိုတော်က မရီးရဲ့ ရည်ရွယ်ချက်တွေကို ကောင်းကောင်း သတိပြုမိမှာပါ” မင်းသားရှန်းသည် နူးညံ့စွာပြောသည်။

“ အစ်ကိုတော် တကယ်ပဲ ကျင်းမင်းဆက်ကို အပြင်လူတွေရဲ့ လက်ထဲကို ကျရောက်သွားစေချင်တာလားဗျ”

ဧကရာဇ်ကျင်းယွမ်က တိတ်ဆိတ်နေသည်။

“ကိုယ်တော် ပင်ပန်းနေပြီ….. အရင် ထွက်သွားနှင့်လိုက်ပါ”

“ဒါဆို ကောင်းကောင်း အနားယူလိုက်ပါ အစ်ကိုတော်”

မင်းသားရှန်းသည် နောက်လှည့်ကာ ထွက်ခွာသွားသည်။

နောက်တစ်နေ့တွင် မင်းသမီးကြီးအိမ်တော်မှ တော်ဝင်အမိန့်ပြန်တမ်းအား ရရှိခဲ့သည်။

ဧကရာဇ်ကျင်းယွမ်သည် ချန်အန်းမင်းသမီးကြီးအား ဆင့်ခေါ်ခဲ့သည်။ မင်းသမီးခန်းလဲ့နှင့် ကျီကျောက်တို့မှာ သူမအား စိတ်ပူစွာ ကြည့်လာသည်။

သူမ၏ နားသယ်စပ်တွင် မီးခိုရောင်ဆံပင်ရှည်များပင် ထွက်နေသည့် ချန်အန်းမင်းသမီးကြီးသည် သူမ သမီးနှင့် မြေးမလေးအား အပြုံးဖျော့ဖျော့ဖြင့် နှစ်သိမ့်လာသည်။

“စိတ်မပူကြပါနဲ့၊ ဧကရာဇ်က အမေ့တူပဲလေ၊ သူ အမေ့ကို တွေ့ချင်တာက ဖြစ်သင့်ပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင်နဲ့ အမေလဲ သူ့ကို ပြောချင်တာလေး ရှိနေတယ်”

အခု ဧကရာဇ်ကျင်းယွမ်မှာ အပြင်းထန် နာမကျန်းဖြစ်နေသဖြင့် ချန်အန်းမင်းသမီးကြီးမှာ သူမ တစ်ခုခု ပြောသင့်သည်ဟု ခံစားရသည်။ သူမသာမပြောဖြစ်ခဲ့ရင် အနာဂတ်မှာ ပြောဖို့ အခွင့်အရေး မရှိတာလည်း ဖြစ်နိုင်သည်။

“‌ဒါဆို အဖွား ဂရုစိုက်ပါနော်” ကျီကျောက်သည် အလျင်အမြန် သတိပေးလာသည်။

“စိတ်မပူပါနဲ့ကွယ်”

ချန်အန်းမင်းသမီးကြီးသည် သူမကိုယ်သူမ အနည်းငယ် သပ်သပ်ရပ်ရပ် ပြင်လိုက်ကာ နန်းတော်ထဲ ၀င်ခဲ့သည်။

သူမ ချန်ချင်းနန်းဆောင်ဆီသို့ ခြေချလိုက်ချိန်တွင် လေထဲမှာ ပြင်းထန်သည့် ဆေးရနံ့ ခါးခါးအား အနံ့ရလိုက်သဖြင့် သူမ မသက်မသာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ဒေါ်လေး” ဧကရာဇ်ကျင်းယွမ်သည် လူတိုင်းအား ပထုတ်လိုက်ကာ သူ့အောက်တွင် ထိုင်နေသော ချန်အန်းမင်းသမီးကြီးအား ကြည့်ရင်း ရောထွေးနေသော ခံစားချက်များဖြင့် ခေါ်လိုက်သည်။

“အရှင်မင်းကြီး တို့ကို တွေ့ချင်တာ သံနက်တံဆိပ်ပြားကြောင့် မဟုတ်ပါလား” ချန်အန်းမင်းသမီးကြီးသည် သူ့မျက်လုံးများအား အကြောက်အလန့် ကင်းမဲ့စွာ ကြည့်ကာ မထူးမခြား မေးသည်။

“ဟုတ်ပါတယ်” ဧကရာဇ်ကျင်းယွမ်က စိတ်မပါလက်မပါ ပြန်ပြောသည်။

“ခမည်းတော် သေတုန်းက ‌သူ နောက်ဆုံး တွေ့ခဲ့တဲ့သူက ဒေါ်လေးပါပဲ၊ အဲ့တုန်းထဲက သံနက်တံဆိပ်ပြားက ဒေါ်လေး လက်ထဲမှာ ဆိုတာ ကျွန်တော် သိပါတယ်၊ နှစ်တွေအကြာကြီး ကျွန်တော် ဒေါ်လေးကို ဒီအကြောင်း သိသိသာသာရော မသိမသာရော မေးမြန်းခဲ့ပေမဲ့ ဒေါ်လေးက ကျွန်တော့်လက်ထဲကို တံ‌ဆိပ်ပြားအပ်ဖို့ ငြင်းပယ်ခဲ့တယ်၊ ဒါပေမယ့် အခု ဒေါ်လေးက အဲ့တံဆိပ်ပြားကို ညီခုနှစ် လက်ထဲကို ပေးအပ်ခဲ့တယ်… ကျွန်တော် စိတ်ပျက်မိတယ်၊ ကျွန်တော် သိချင်မိပါရဲ့ ညီခုနှစ်နဲ့ ကျွန်တော့်ကြားမှာ ဘာကွာခြားမှုတွေ ရှိလို့လဲဗျ”

ချန်အန်းမင်းသမီးကြီးသည် သူ၏ ခေါင်းမာပြီး အထီးကျန်နေသည့် မျက်၀န်းများထဲသို့ ကြည့်လိုက်ကာ သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။ “ယွီဟန်…. မင်း တကယ်ပဲ မင်းမှာ ဘာတွေ ချို့ယွင်းနေတယ်ဆိုတာကို မသိတာလား”

ဧကရာဇ်ကျင်းယွမ်၏ နာမည်ရင်းမှာ ကျိုးယွီဟန် ဖြစ်သည်။

ဒီနာမည်အား အခြားလူနှုတ်မှ ခေါ်တာကို ကြားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

“ အရင်တုန်းက တို့အစ်ကိုတော်မှာ သားရှစ်ယောက် ရှိတယ်၊ မင်းနဲ့ တူခုနှစ်တို့ကပဲ ဧကရီရဲ့ သားအရင်းတွေ၊ ဒါပေမယ့် တို့အစ်ကိုတော်က ဘယ်သူ့ကို အနှစ်သက်ဆုံးလဲဆိုတာ မင်း ကောင်းကောင်း သိမှာပါ၊ ဧကရာဇ်တစ်ယောက်က အကောင်းရော အဆိုးရော ချိန်ဆနိုင်ရမယ်၊ အစ်ကိုတော်က မင်းတို့တွေထဲက အသင့်တော်ဆုံးသူကို ဆက်ခံသူအဖြစ် ရွေးချယ်နိုင်ဖို့အတွက် မင်းတို့ကို အုပ်စု ခြောက်ခုခွဲပြီး တမင်တကာ လေ့ကျင့်စေခဲ့တယ်၊ ယွီဟန် မင်းက စာပေအတတ်ပညာမှာရော လက်ရုံးပညာမှာရော ထူးချွန်ပြောင်မြောက်မှု ရှိပေမဲ့ မင်းက တူလေးလို သတ္တိမရှိသလို တူခုနှစ်လိုလဲ မရဲဝံ့ခဲ့ဘူး၊ ပိုအရေးကြီးတာက မင်းက အရမ်းနာခံမှုရှိလွန်းတယ်”

“ဒေါ်လေး….. သားတစ်ယောက်အနေနဲ့ သားသမီး၀တ္တရားကျေပွန်တာက မှားနေလို့လားဗျ”

ဧကရာဇ်ကျင်းယွမ်က ဒါကို တကယ် လက်မခံချင်ဘူး။

“သားတစ်ယောက်အနေနဲ့ မင်းက သားသမီး၀တ္တရား ကျေပွန်သင့်တယ်ဆိုပေမဲ့ စုံလုံးကန်းသွားလို့ မရဘူး” မင်းသမီးကြီးသည် သူ့အား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ကာ သူမ မျက်၀န်းများထဲတွင် ကူကယ်ရာမဲ့နေသည်။

“ အတားအဆီးတွေကို ရှင်းထုတ်ပြီး မင်းကို ထိပ်ဆုံးကို ပို့ပေးနိုင်ဖို့အတွက် မင်းအမေလက်မှာ သွေးတွေ ဘယ်လောက်ပေခဲ့လဲ၊ ဒီနက်ရှိုင်းတဲ့ နန်းတော်ကြီးထဲမှာ အပြစ်မဲ့တဲ့ အရိုးပုံကြီး ဘယ်လောက်များများ စုပုံနေခဲ့လဲဆိုတာ မင်း ကောင်းကောင်း သိထားပြီးသားပါ”

“ မယ်တော်က…… သူမက…. ကျွန်တော့်အတွက် လုပ်ခဲ့တာလေ” ဧကရာဇ်ကျင်းယွမ်မှ ငြင်းခုံလာခဲ့သည်။

“ကျွန်တော်က ခမည်းတော်ရဲ့ သားအကြီးဆုံး ဆိုပေမဲ့ ခမည်းတော်က ညီခုနှစ်နဲ့ ညီရှစ်ကို ချစ်မြတ်နိုးတာကြောင့် အမေက စိုးရိမ်ပြီးတော့ …….”

“သူက စိုးရိမ်ပူပန်တာနဲ့ပဲ အပြစ်မဲ့တဲ့သူတွေကို သတ်နိုင်မယ်လို့ မင်းထင်တာလား” ချန်အန်းမင်းသမီးကြီးမှာ မတတ်နိုင်စွာ သူမ ခေါင်းအား ခါလိုက်မိသည်။ သူမ အသံမှာ စိတ်ပျက်မှုများဖြင့် ပြည့်နေသည်။

“ယွီဟန် အခုထိတောင် မင်းအမေ ဘာတွေလုပ်ခဲ့တယ်ဆိုတာ မင်းမမြင်နိုင်သေးဘူးပဲ၊ သူမ လုပ်ခဲ့တာတွေ အားလုံးက သူမရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေအတွက်ပဲ၊ သူမက ကျန်းမိသားစုကို ထိပ်ကို ရောက်စေချင်တယ်၊ သူမက မင်းအတွက် လုပ်နေတာ မဟုတ်ဘူး၊ သူမ လုပ်နေတာတွေက ကျန်းမိသားစုရဲ့ နောင်လာနောက်သားတွေရဲ့ အောင်မြင်မှုနဲ့ ကြွယ်၀ချမ်းသာမှုကြောင့်ပဲကွယ့်၊ ဒါပေမယ့် သူမ မေ့နေတာက သူမက မင်းခမည်းတော်ရဲ့ ဇနီး အရင်ဖြစ်ခဲ့တာကို….. သူမက တာ့ကျင်းမင်းဆက်ရဲ့ ဧကရီ ဖြစ်တယ်ဆိုတာကိုပေါ့”

“ မင်းကရော….. မင်းက မင်းအမေအတွက် သားကောင်းလိမ္မာလေး ဖြစ်ဖို့ သတိရတာကလွဲလို့ မင်းရဲ့ ပုံစံအမှန်ကို မေ့နေခဲ့တယ်၊ မင်းမေ့နေတာက မင်းရဲ့ မျိုးရိုးနာမည်က ကျိုးဆိုတာကိုပေါ့၊ မောင်းမဆောင်က နန်းတွင်းရေးရာတွေမှာ ၀င်မစွက်ဖက်နိုင်ဘူး၊ ဒါပေမယ့် မင်းဘာလုပ်ခဲ့လဲ၊ မင်းက ကျန်းမိသားစုအပေါ် အကြွင်းမဲ့ ယုံကြည်ပေးခဲ့ပြီး ဘက်လိုက်ခဲ့တယ်၊ ကျန်းမိသားစုက ‌မကောင်းတဲ့ကိစ္စတွေ အများကြီးလုပ်ခဲ့တာတောင် မင်းက ပြဿနာအကြီးကို သေးငယ်အောင် ပြောင်းပေးခဲ့တယ်၊ မင်းက တော်၀င်‌ပါမောက္ခကျန်းရဲ့ မြေးကောင်းလေးဖြစ်ပြီး မင်းအမေအတွက် နာခံတဲ့သားကောင်းလေး ဖြစ်ချင်ခဲ့တယ်…. ဒါပေမယ့် မင်းမေ့နေတာက မင်းက တာ့ကျင်းမင်းဆက်ရဲ့ ဧကရာဇ် ဆိုတာကိုပဲ”

သူမ၏ နှလုံးသားထဲတွင် စိတ်ပျက်မှုများ စုပုံလာတာကြောင့် ထိုအချိန်ခိုက်တွင် ချန်အန်းမင်းသမီးကြီးမှာ မျက်ရည်ကျလာမိသည်။

“မင်းခမည်းတော် မကွယ်လွန်ခင် နောက်ဆုံးတွေ့ခဲ့တဲ့သူက တကယ်တော့ တို့ပဲ၊ သူက သံနက်တံဆိပ်ပြားကို တို့ကို ပေးအပ်ခဲ့ပြီး တို့ဘ၀တစ်လျှောက်လုံး နန်းမြို့တော်ထဲက မထွက်သွားဖို့ ကောင်းကင်ကို တိုင်တည်ပြီး သစ္စာဆိုခိုင်းခဲ့တယ်၊ ဒါကြောင့် ဒီနှစ်တွေထဲမှာ တို့ နန်းမြို့တော်ကနေ မထွက်သွားခဲ့ဘဲ တို့ရဲ့ ကျမ်းသစ္စာကို အမြဲ ထိန်းသိမ်းခဲ့တယ်၊ တို့ ဘာလို့ အဲ့လိုလုပ်တယ်လို့ မင်း ထင်လဲ”

“မင်း သံနက်တံ‌ဆိပ်ပြားကို အမြဲပြန်လိုချင်ခဲ့ပြီး ဧကရာဇ်ရဲ့ လက်ထဲက အာဏာတွေအားလုံးကို စုစည်းချင်ခဲ့တာကို တို့သိတယ်၊ ဒါပေမယ့် ယွီဟန် မင်းကိုယ်မင်း ရိုးရိုးသားသား ပြန်မေးကြည့်ပါဦး၊ တို့သာ မင်းကို ဒီတံဆိပ်ပြား ပေးခဲ့ရင် တာ့ကျင်းမင်းဆက်က ကျိုးမျိုးရိုးနာမည် ဖြစ်နေသေးပါဦးမလား” မင်းသမီးကြီးက ခါးသက်စွာ ပြုံးလိုက်သည်။

“တို့ထင်တာက မင်းအမေ ကွယ်လွန်သွားပြီးတဲ့နောက် မင်းနောင်တရပြီး ကိုယ့်အမှား ကိုယ် သိလာမယ်လို့ပေါ့၊ မင်းက နန်းတွင်းရေးရာတွေမှာ ကြိုးကြိုးစားစား လုပ်ပြီးတော့ တို့တိုင်းပြည်ရဲ့ ပညာရှိအုပ်ချုပ်သူ ဖြစ်လာမယ်လို့လေ၊ ဒါပေမယ့် မင်း ဘာလုပ်ခဲ့လဲ၊ ပညာရှိအုပ်ချုပ်သူဖြစ်ဖို့နေနေသာသာ မင်းခမည်းတော်ရဲ့ လမ်းကြောင်းအတိုင်း လိုက်ဖို့ ရွေးချယ်ခဲ့တယ်၊ ဧကရာဇ်တစ်ပါးရဲ့ အခွင့်အာဏာအားလုံးကို မောင်းမဆောင်ပေါ်မှာ အသုံးပြုခဲ့ပြီး စွင်းမိသားစုကိုတောင် အာဏာကြီးမားစေလိုက်သေးတယ်….. မင်းက တော်၀င်ကိုယ်လုပ်တော်စွင်းရဲ့ သားကို အိမ်ရှေ့စံအဖြစ်တောင် တင်မြှောက်ချင်လိုက်သေးတယ်မလား”

***

All Chapters