← Chapters

ကနဦးဝိညာဉ်အဆင့် ပဥ္စမတန်းအား သတ်ဖြတ်ခြင်း

Vol. 2 Ch. 29

ကနဦးဝိညာဉ်အဆင့် ပဥ္စမတန်းအား သတ်ဖြတ်ခြင်း

Vol. 2 Ch. 29

အခန်း (၂၉) ကနဦးဝိညာဉ်အဆင့် ပဥ္စမတန်းအား သတ်ဖြတ်ခြင်း၊ ချင်မင်ဂိုဏ်းမှ ဝိညဉ်ဖော်မေးရှင်းအဆင့်ရှိသူ

ဆေးလုံး အကူအညီမပါတဲ့အတွက် ဟန်ကျွယ်ဟာ ခက်ခက်ခဲခဲ ကျင့်ကြံအားထုတ်ရပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ကနဦးဝိညာဉ်အဆင့်နဲ့ တဖြည်းဖြည်းချင်း နီးကပ်လာပါတယ်။

နှစ်နှစ်ကြာတဲ့အခါမှာ ဟန်ကျွယ်ရဲ့ ရေစွမ်းရည်က ရွှေဓာတ်လုံး နဝမအဆင့်ကို ရောက်ရှိသွားတဲ့အတွက် သူဟာ သစ်သားစွမ်းရည်ကို စတင်ပြီး လေ့ကျင့်ပါတယ်။

စာကြောင်းတွေဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။

[အသက် ၁၀၀ ပြည့်သည့်အတွက် ဂုဏ်ယူပါသည်၊ သင်သည် အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကို ဖွင့်လှစ်လိုက်ပါပြီ။]

[အသွင်တူလက်ရည်စမ်းပွဲ: သင်သည် သင့်ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့်ကို ပုံတူပွားပြီး တိုက်ပွဲတစ်ခုကို တိုက်ခိုက်နိုင်သည်၊ သင်သည် မိုင်တစ်ရာပတ်လည်ရှိ သက်ရှိများကို ပုံတူပွားပြီး သူတို့နှင့်လည်း တိုက်ခိုက်နိုင်သည်၊ တိုက်ပွဲရလဒ်သည် ပြိုင်ဘက်၏ ရုပ်ပိုင်းစိတ်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို သက်ရောက်မှုရှိမည် မဟုတ်ပေ၊ ဤလုပ်ဆောင်ချက်အား သင် အသုံးပြုနိုင်မှုသည် အကန့်အသတ်မဲ့ ဖြစ်သည်။]

အသွင်တူလက်ရည်စမ်းပွဲ? မိုင်တစ်ရာပတ်လည်ကိုတောင် စစ်ဆေးနိုင်တယ်? ဟန်ကျွယ်ဟာ ပထမဆုံး အံအားသင့်သွားပြီးနောက် ကျေနပ်အားရသွားပါတယ်။ ဒီလုပ်ဆောင်ချက်က အလွန့်အလွန်ကို စွမ်းအားကြီးတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဘယ်လောက်အစွမ်းထက်မှန်း မသိတဲ့အတွက် သူ့အစွမ်းကို စမ်းသပ်ဖို့ နောက်ဆုံးမှာ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသက်သွင်းလိုက်ပြီး မျက်စိမှိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အနက်ရောင်အာကာသထဲကို ရောက်ရှိသွားပါတယ်။

[လူမှုဆက်ဆံရေးထဲရှိ လူများကို သင့်ပြိုင်ဘက်အဖြစ် ရွေးချယ်နိုင်သည်။]

ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို ချက်ချင်းပဲ ရွေးချယ်လိုက်ပါတယ်။ သူဟာ ဂိုဏ်းချုပ်နဲ့ သူ့အကြားက ကွာဟချက်ကို သိချင်လို့ ဒီလိုရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ရှေ့မှာ လီချင်းဇဲ့ပေါ်လာပါတယ်။ ဒီလီချင်းဇဲ့က ခံစားချက်ကင်းမဲ့ကာ အရုပ်တစ်ရုပ်လိုပါပဲ။

ဒီလိုနဲ့ တိုက်ပွဲ စတင်ပါတယ်!

လီချင်းဇဲ့ဟာ ရွှေရောင်ပေတံကို ထုတ်ယူလိုက်ပြီး ဟန်ကျွယ်ကို တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချီလင်ဓားကို ထုတ်ယူလိုက်သလို ပုံရိပ်ယောင်ခြေခုနစ်လှမ်းကို အသုံးပြုပြီး သူနဲ့ လီချင်းဇဲ့ ဝေးကွာသွားအောင် လုပ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အရိပ်ဓားသုံးပါးပညာကို ချက်ချင်း ထုတ်သုံးလိုက်တဲ့အခါမှာ သူ့နောက်မှာ ဓားအရိပ်သုံးချောင်း လေထဲကနေပေါ်လာပြီး လီချင်းဇဲ့ဆီ တဟုန်ထိုး ပျံသန်းသွားပါတယ်။

လီချင်းဇဲ့ဟာ ပေတံကို ဝှေ့ယမ်းကာ သူ့နောက်လိုက်လာတဲ့ ဓားအရိပ်တွေကို ရိုက်ထုတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ လက်မြှောက်ပြီး နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်ကို ထုတ်လိုက်ပါတယ်။ စိတ်ဝိညာဉ်ချီ ခြောက်မျိုးဟာ ဆက်တိုက် ပြောင်းလဲသွားပြီး နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်က လီချင်းဇဲ့နဲ့ တိုက်မိပါတယ်။

လီချင်းဇဲ့ဟာ နတ်ဆိုးနှင် နဂါကိုးကောင်တံဆိပ်ကို ချိုးဖျက်နိုင်လိုက်ပေမဲ့ သူလည်း အနောက်ကို လွှင့်စဉ်ထွက်သွားပါတယ်။

ဒီမြင်ကွင်းကြောင့် ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပါတယ်။ ကြည့်ရတာ နတ်ဆိုးနှင် နဂါးကိုး‌ကောင်တံဆိပ်က တော်တော်လေးကို အစွမ်းထက်ပုံပါပဲ။ မဟာအကြီးအကဲရဲ့ စိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်တာ အံဩစရာမရှိတော့ပါဘူး။

ဒါပေမဲ့ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်ကို လီချင်းဇဲ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး။ သူဟာ နည်းလမ်းတစ်ခုပြီး တစ်ခုသုံးကာ ပြန်လည်တိုက်ခိုက်ပါတယ်။

ဟန်ကျွယ်ကလည်း အလျင်မလိုပါဘူး။ လီချင်းဇဲ့နဲ့ ယှဉ်တိုက်နိုင်တဲ့ ဆိုကတည်းက သူ့ကိုယ်သူ တော်တော်လေး ကျေနပ်နေပါပြီ။ ဒီတိုက်ပွဲဟာ ဆယ်မိနစ်ကြာညောင်းပြီး နောက်ဆုံးမှာ ဟန်ကျွယ် ရှုံးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီချင်းဇဲ့ရဲ့ ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ်က အတော်ကြီးက စွမ်းအားကြီးလို့ပါ။ မန္တန်တွေ ဘယ်လောက်ထိထိ လီချင်းဇဲ့က တစ်ချက်ကလေးတောင် မဖြုံပါဘူး။

ဒါပေမဲ့ ဟန်ကျွယ်ကလည်း ချီလင်ဓားကို အသုံးပြုပြီး အရိပ်ဓားသုံးပါးကို ထုတ်ဖော်ရင် သူ့တိုက်ခိုက်မှုက ပိုပြီးစွမ်းအားကြီးသလို လီချင်းဇဲ့ရဲ့ ကောင်းကင်ကြယ်တာရာ ရွှေခန္ဓာကိုယ်ကို သွေးထွက်အောင် လုပ်နိုင်တာကိုလည်း တွေ့သွားပါတယ်။

ချီလင်ဓားဟာ နာမည်နဲ့အညီ တကယ့်ကို ပြိုင်ဘက်ကင်းပါ! ဒါပေမဲ့ ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို သွေးထွက်အောင်ပဲ လုပ်နိုင်တာဖြစ်ပြီး သူ့ခံစစ်ကို မချိုးဖျက်နိုင်တဲ့အတွက် အနိုင်မရခဲ့ပါဘူး။

အဲဒါကြောင့် ဟန်ကျွယ်ဟာ လီချင်းဇဲ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို လျော့ချပြီး ယှဉ်ပြိုင်ပါတယ်။

ကနဦးဝိညာဉ်အဆင့် သတ္တမတန်း! ဟန်ကျွယ် မနိုင်သေးပါဘူး။

ကနဦးဝိညာဉ်အဆင့် ဆဋ္ဌမအတန်း! သားရေကျပါတယ်။

ကနဦးဝိညာဉ်အဆင့် ပဥ္စမတန်း! ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို သုတ်သင်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ချီလင်ဓားနဲ့ အရိပ်သုံးပါးဓားပညာကို ထုတ်ဖော်လိုက်ပါတယ်။ အရိပ်ဓားသုံးချောင်းဟာ လီချင်းဇဲ့ရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်ပါတယ်။

‘မဆိုးဘူး! မဆိုးဘူး! ငါ့ထက် အဆင့်ငါးဆင့်ပိုမြင်တဲ့ ကျင့်ကြံသူကို သတ်နိုင်တာက ငါရဲ့ ကျင့်စဉ်၊ ကျင့်ကြံခြင်းစွမ်းရည်၊ ဓားသိုင်းနဲ့ ရတနာတွေကြောင့်ပဲ!’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လီချင်းဇဲ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ရွှေဓာတ်လုံး နဝမအဆင့်ထိရောက်အောင် လျှော့ချလိုက်တဲ့အခါမှာ သူ့စိတ်ဝိညာဉ်ချီက လီချင်းဇဲ့ထက် အများကြီးသာတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။

ဒါဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ စွမ်းအားပါပဲ။ စွမ်းရည်ခြောက်မျိုးလုံးကို လေ့ကျင့်ထားတာ ဖြစ်တဲ့အတွက် စိတ်ဝိညာဉ်ချီဟာ သာမန်ထက် အများကြီး ပိုများနေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အဆင့်တူတဲ့ လီချင်းဇဲ့ကို ချီလင်ဓားအသုံးမပြုဘဲ ချက်ချင်း သတ်ပစ်နိုင်ပါတယ်။

သူ့ သတိတရားက အစစ်အမှန်ဆီ ပြန်ရောက်သွားတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

‘အခုငါက ကနဦးဝိညာဉ်အဆင့် ပဥ္စမတန်းကို သတ်နိုင်ပြီ၊ ကနဦးဝိညာဉ်အဆင့်ကို ငါရောက်ရင် စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို ငါသတ်နိုင်မလား?’ ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားစွာ တွေးတောလိုက်ပြီးနောက် ခေါင်းခါလိုက်ပါတယ်။

စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူနဲ့ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူဟာ မိုးနဲ့မြေလို ကွာခြားပါတယ်။ ဟန်ကျွယ်ဟာ သိပ်ပြီး စိတ်ကူးမယဉ်ရဲပါဘူး၊ မဟုတ်ရင် သူကျဆုံးမှာပါ။

‘စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို ငါမနိုင်နိုင်ဘူးလို့ တွေးထားရမယ်၊ ဒါမှ ငါအမြဲတမ်း ဂရုတစိုက်ရှိနေမှာ’ ဟန်ကျွယ်က သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။

အခုဆိုရင် ဟန်ကျွယ်မှာ သစ်သားနဲ့ မြေကြီးစွမ်းရည်တွေပဲ ကျန်ရှိတော့တဲ့အတွက် စိတ်ဓာတ်တွေ တက်ကြွနေပါတယ်။ ဆယ်နှစ်အတွင်းမှာ စွမ်းရည်နှစ်မျိုးစလုံး ရွှေဓာတ်လုံး နဝမအဆင့်ကို ရောက်နိုင်တယ်လို့ ဟန်ကျွယ်ဟာ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ရဲ့ စွမ်းရည်တွေဟာ တစ်ခုပြီးတစ်ခု ရွှေဓာတ်လုံး နဝမအဆင့်ကို ရောက်ရှိလာပြီး ကျန်တဲ့စွမ်းရည်တွေရဲ့ ကျင့်ကြံခြင်းအလျင်ကလည်း ပိုပိုမြန်ဆန်လာပါတယ်။ ဆယ်နှစ်တာအချိန်ဟာ ကျန်နေသေးတဲ့ စွမ်းရည်နှစ်ခု နဝမအဆင့်ကို ရောက်ရှိဖို့ လုံလောက်ပါတယ်။

…

ဆယ်နှစ်တာအချိန်ကာလဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကနေ ခြေလှမ်းတစ်ဝက်တောင် မခွာဘဲ တစ်ချိန်လုံး ကျင့်ကြံအားထုတ်ပါတယ်။ သူဟာ သူ့စွမ်းရည်တွေ အကုန်လုံးကို ရွှေဓာတ်လုံး နဝမအဆင့်အထိ အောင်မြင်စွာကျင့်ကြံနိုင်ခဲ့ပါပြီ။ အခု ဟန်ကျွယ်အတွက် လိုအပ်တာက ပြည့်စုံတဲ့အဆင့်ထိရောက်အောင် ဆက်ကျင့်ကြံဖို့ပါပဲ။

ဒီအချိန်မှာ ဟန်ကျွယ်ဟာ အံဩစရာကောင်းတဲ့ အချက်တစ်ချက်ကို ရှာဖွေ့တွေ့ရှိသွားပါတယ်။ အဲဒါက စိတ်ဝိညာဉ်ချီ ခြောက်မျိုးလုံးကို သူက တစ်ချိန်တည်း စုပ်ယူနိုင်တယ် ဆိုတာပါပဲ။

‘ဒါက ငါ့ရဲ့ နတ်အစွမ်းအသစ်လား! ဒီအစွမ်းကိုရဖို့ ရွှေဓာတ်လုံး နဝမအဆင့်က အနည်းဆုံး လိုအပ်ချက်လား?’

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ခြောက်မျိုးလုံးကို တစ်ပြိုင်တည်း စုပ်ယူတာက သူ့ကျင့်ကြံခြင်းအလျင်ကို မနှေးကွေးစေတဲ့အပြင် အရင်ကထက် ပိုမြန်လာတာကို တွေ့လိုက်ရပါတယ်။

‘သတင်းကောင်းပဲ!’

ဟန်ကျွယ်ဟာ ယုံကြည်မှုတွေ တိုးပွားလာပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။ နှစ်ဝက်ကြာတဲ့ အခါမှတော့ ဟန်ကျွယ်ရဲ့ စွမ်းရည်ခြောက်မျိုးလုံးဟာ ပြည့်စုံတဲ့အဆင့်အထိ ရောက်ရှိသွားပါတယ်။

ဟန်ကျွယ်ဟာ နောက်ဆုံးမှာတော့ ကနဦးဝိညာဉ်အဆင့်ကို ကျင့်ကြံနိုင်ပါပြီ! ဟန်ကျွယ်ဟာ တစ်ချက်ကလေးတောင် အနားယူခြင်းမရှိဘဲ ကောင်းကင်ဘေးဒုက္ခကို ရင်ဆိုင်ပါတယ်။ သူဟာ အရံအတားကို အသက်သွင်းပြီး ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခု တစ်ခုလုံးကို ကာကွယ်လိုက်ပါတယ်။

…

ယွီဂျင်ဂိုဏ်း၊ အဓိကတောင်ထိပ်၊ ခန်းမထဲ၌။

လီချင်းဇဲ့က စားပွဲထိပ်ဆုံးမှာ ထိုင်နေပါတယ်။ တောင်ထိပ် ၁၈ ထိပ်ရဲ့ အကြီးအကဲတွေဟာလည်း လီချင်းဇဲ့ရဲ့ ဘေးမှာ ထိုင်နေကြပါတယ်။ လူတိုင်းရဲ့ မျက်နှာတွေက လုံးဝမကောင်းပါဘူး။

ကောင်းကင်မိုးကြိုးတောင်ထိပ်ရဲ့ မိုးကြိုးအင်မော်တယ်လည်း ဖြူဖတ်ဖြူရော် ဖြစ်နေပါတယ်။ သူက အံကြိတ်ပြီး မေးလိုက်ပါတယ် “အဲတာ အမှန်ပဲလား?”

လီချင်းဇဲ့က သက်ပြင်းချပြီး ပြောလိုက်ပါတယ် “မြေကြီးလက်ခတ်တောင် မလွှဲဘူး၊ တွမ့်ထုံးထျန်က လွန်ခဲ့တစ်လကပဲ ကောင်းကင်ဒုက္ခကို ဖြတ်သန်းပြီးသွားပြီ၊ အခုသူက သူ့ကျင့်ကြံခြင်းအဆင့်ကို ခိုင်မာအောင် လုပ်နေတာ၊ သူက ပြိုင်ဘက်မရှိတဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီးပြီ”

စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်!

လူတိုင်းဟာ အလွန်တရာပဲ ကြောက်လန့်သွားပါတယ်။ သူတို့ကိုယ်ပေါ်ကို တောင်ကြီးတစ်တောင် ဖိထားသလို ခံစားလိုက်ရပြီး အသက်ရှူဖို့တောင် ခက်သွားပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ မျက်နှာမကောင်းပါဘူး။

“ဆရာသခင်က ဘယ်မှာလဲ? သူက သူ့စိတ်ဝိညာဉ်ကို လေ့ကျင့်နေတာမလား? စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို နီးကပ်နေပြီမလား?” တာအိုသခင်ကျင်ရှုက ထမေးလိုက်ပါတယ်။

လီချင်းဇဲ့က သက်ပြင်းချပြီး ပြောလိုက်ပါတယ် “မဟုတ်ဘူး၊ သူ့စိတ်ဝိညာဉ်က နတ်အစွမ်းပဲ ရှိတာ၊  အဲဒါတောင် အတိုက်ခိုက်ခံရလို့ ဆက်မလေ့ကျင့်ဘဲ စွန့်ပစ်ထားလိုက်ပြီ၊ သူက အခု ခါးခါးသီးသီး ကျင့်ကြံနေရတာ၊ သူက ကနဦးဝိညာဉ်အဆင့် နဝမတန်းမှာ ဆိုပေမဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူနဲ့ ဘယ်လိုမှ ယှဉ်လို့ရမှာ မဟုတ်ဘူး”

ခန်းမတစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားပြီး လူတိုင်း စိတ်သောက ရောက်သွားကြပါတယ်။

အကြီးအကဲတစ်ဦးက မနေနိုင်ဘဲ မေးလိုက်ပါတယ် “အဲဒါဆိုရင် ကျုပ်တို့တွေ ဘာလုပ်သင့်လဲ? အကူအညီ လိုက်တောင်းရမှာလား?”

လီချင်းဇဲ့က သက်ပြင်းချပြီး ပြောလိုက်ပါတယ် “ကျုပ် တစ်ခြား အမှန်တရားဂိုဏ်းတွေကို အကူအညီတောင်းစာ ပို့ပြီးပြီ၊ အခုထိတော့ ပြန်စာ မရသေးဘူး”

အကြီးအကဲတွေဟာ သူတို့ကြားမှာပဲ ဆွေးနွေးကြပါတယ်။

“စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်! ငါတို့တွေ အကုန်လုံးပေါင်းရင်တောင် သူ့ကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး”

“တွမ့်ထုံးထျန်အပြင် ချင်မင်ဂိုဏ်းမှာ တစ်ခြားကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတွေ ရှိသေးတယ်”

“ဟင်း... ဒီစောက်ဂိုဏ်းက စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? ကျုပ်တို့တွေရဲ့ အဆုံးသတ် ရောက်လာပြီ”

“ကျုပ်တို့တွေ ထိပ်တိုက်မတွေ့နိုင်မှတော့ ဘာလို့ ထွက်မပြေးကြတာလဲ?

“ဘယ်လို ထွက်ပြေးမှာလဲ? ဘယ်နေရာကို ထွက်ပြေးကြမှာလဲ? ကျုပ်တို့တွေက နှစ်ရာချီကြာ တည်ဆောက်ခဲ့ရတဲ့ အုတ်မြစ်ကို စွန့်လွှတ်မလို့လား?”

အကြီးအကဲတွေဟာ  တစ်ယောက်တစ်ပေါက် ပြောဆိုကြပါတယ်၊ သူတို့စကားသံတွေက လုံးဝမကောင်းပါဘူး။ ဒီလိုကပ်ဘေးအအချိန်မှာ တစ်ယောက်မှ တည်တည်ငြိမ်ငြိမ်နဲ့ စကားမပြောနိုင်ကြပါဘူး။

လီချင်းဇဲ့က စိုးရိမ်ပူပန်စွာ သက်ပြင်းချလိုက်ပါတယ်။

…

“ဒေါင်...”

ကျောက်အေးတောင်ထိပ်ရဲ့ ခေါင်းလောင်းဟာ မြည်ဟိန်းသွားပါတယ်။ တပည့်အားလုံးဟာ ကျောက်အေးတောင်ထိပ်ရဲ့ ခန်းမမှာ စုစည်းလိုက်ကြပါတယ်။ မကြာခင်မှာ ကျောက်တံခါးပွင့်သွားတဲ့အတွက် တပည့်တွေဟာ ခန်းမထဲဝင်ပြီး ဒူးထောက် ထိုင်လိုက်ကြပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ တပည့်တွေကို တစ်ချက်ဝေ့ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွးပါတယ်။

‘ဒီကောင်လေး ရောက်မလာပြန်ဘူး၊ ထားလိုက်ပါတော့’

တပည့်အားလုံးဟာ နတ်မိမယ်ရှီရွှမ်ကို ကြည့်လိုက်ပါတယ်။ သူတို့မျက်နှာတွေမှာ ကြောက်ရွှံထိတ်လန့်ခြင်း လုံးဝမရှိပါဘူး။ သူတို့တွေဟာ ဒီတစ်ခေါက်ကိစ္စက အတွင်းဂိုဏ်းစမ်းသပ်မှု အတွက်ပဲလို့ တွေးထားကြပါတယ်။

“ငါတို့ရထားတဲ့ နောက်ဆုံးသတင်းအရ ချင်မင်ဂိုဏ်း ဂိုဏ်းခေါင်းဆောင် တွမ့်ထုံးထျန်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ‌ရောက်သွားပြီ၊ ဘာပြဿနာမှမရှိဘူးဆိုရင် ချင်မင်ဂိုဏ်းက ငါတို့ကို နှစ်အနည်းငယ်အတွင်း တိုက်ပွဲကြီး ဆင်နွှဲလိမ့်မယ်” နတ်မိမယ်ရှီရွှမ်ဟာ မျက်နှာအမူအရာ တစ်စက်ကလေးမျှ မပျက်ဘဲ ပြောလိုက်ပါတယ်။

တပည့်တွေဟာ တစ်ခဏမျှ ကြက်သေသေသွားပြီး ပေါက်ကွဲထွက်သွားပါတယ်။

“စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်!”

“မဖြစ်နိုင်ဘူး”

“ငါတို့မှာရော စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူရှိလား?”

“ဘယ်လိုလုပ်ပြီး ရှိမှာလဲ၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်က ဒဏ္ဍာရီထဲမှာပဲ ရှိတာ”

“အဲဒါဆို သွားပြီ... ဒီနောက်ပိုင်း ချင်မင်ဂိုဏ်းက ပိုပိုပြီး သောင်းကျန်းလာတာ မထူးဆန်းတော့ပါဘူး”

All Chapters