← Chapters

ချင်‌ဟွိုက်မျှော်စင်

Vol. 25 Ch. 356

ချင်‌ဟွိုက်မျှော်စင်

Vol. 25 Ch. 356

တော်၀င်အကြံပေးအမတ်ရှန်း ကွယ်လွန်သွားပြီ။

သူက ရင်ဘတ်တည့်တည့်ကို မြှားပစ်ခံရပြီး ကျန်းဟန်တူးမြောင်းထဲ ပြုတ်ကျပြီး အသက်ဆုံးရှုံးသွားတယ်တဲ့။ ဘာသတင်းမှ မကြားရတော့ဘူး။

နန်းတော်သို့ သတင်းစကား ရောက်သည့်အခါ ဧကရာဇ်ကျင်းချန်တစ်ယောက် မေ့မြောလုနီးပါး ဖြစ်သွားခဲ့သည်။

“ဒါ…. ဒါက မဖြစ်နိုင်တဲ့အရာပဲ” ဧကရာဇ်ကျင်းချန်တစ်ယောက် မယုံကြည်နိုင်ပေ။

ရှန်းယောင်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး သေသွားနိုင်မှာလဲ။

“ အရှင် ကျွန်တော်မျိုး ကြားရသလောက် ဒီသတင်းက ရှန်းမိသားစုကို ရောက်နှင့်ပြီးပါပြီတဲ့…..”

ဧကရာဇ်ထံ အမှုထမ်းနေသော မိန်းမစိုး၀မ်သည် ဧကရာဇ်၏ အမူအရာအား ဂရုတစိုက် စောင့်ကြည့်ကာ ညင်သာစွာ ပြောသည်။

“ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။” ဧကရာဇ်ကျင်းချန်သည် ရုတ်တရက် သူ့ခေါင်းအား ခါလိုက်မိသည်။

“ ရှန်းယောင်ရဲ့ အရည်အချင်းနဲ့‌ဆို သူ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ တစ်ခုခု မှားနေတာပဲ ဖြစ်မယ်”

တစ်ဖက်တွင်တော့ သတင်းဆိုး ကြားလိုက်ရသည့် ကျောက်လန်ဟွာသည် မေ့မျောသွားသည်။

ရှန်းအိမ်တော်ကြီးသည် လုံးဝ ဖရိုဖရဲ ဖြစ်သွားသည်။

တော်၀င်မင်းသမီးကြီးအိမ်တော်။

ကျီကျောက်သည် တစ်ယောက်ထဲ ကျန်းနန်သို့ သွားဖို့ တောင်းဆိုသည်ကို သိလိုက်ရသဖြင့် မင်းသမီးခန်းလဲ့မှာ သူမအား အလျင်အမြန် တားမြစ်သည်။

“ မရဘူး” မင်းသမီးခန်းလဲ့သည် သူမ လက်များအား ဝှေ့ယမ်းလိုက်သည်။

“ ကျောက်ကျောက် သမီး ကျန်းနန်က ဘယ်လောက်တောင် အန္တရာယ်များတယ်ဆိုတာ မသိလို့လားကွယ်”

“ အမေ သမီး ရှန်းယောင်ကို အိမ်ပြန်ခေါ်လာပါ့မယ်” ကျီကျောက်သည် ကြမ်းပြင်တွင် ဒူးထောက်လျက် စိတ်ပိုင်းဖြတ်ထားပြီးသား အကြည့်ဖြင့် ပြောသည်။

“ ကျောက်ကျောက် သမီး ၀မ်းနည်းနေတာကို အမေ သိပါတယ်ကွယ် ဒါပေမယ့်….. ဒါပေမယ့် သမီးမှာ ခန်းအာ ရှိသေးတယ်ကွယ်၊ သမီး ခန်းအာကိုရော မတွေးပေးတော့ဘူးလားကွယ်” မင်းသမီးခန်းလဲ့သည် စိုးရိမ်တကြီး ဖျောင်းဖျသည်။

“ ချင်မင်ဟုန်ဆီက သတင်းပြန်ပို့လာတာ ဆိုတော့ အမှန်ဖြစ်လောက်မှာပါ၊ သမီး……”

“ အမေ သူ အန္တရာယ်ကင်းကင်း ပြန်လာပါ့မယ်လို့ သမီးကို ကတိပေးထားတယ်” ကျီကျောက်သည် အလေးအနက် ပြောသည်။

“ ကျောက်ကျောက် သမီး ဘာလို့များ အရမ်း ခေါင်းမာရတာလဲကွယ်”

ကျီကျောက်သည် သူမ နှုတ်ခမ်းများအား တင်းတင်းစေ့ထားကာ တိတ်ဆိတ်နေသည်။

ရှန်းယောင်သည် သူမ ခင်ပွန်း ဖြစ်သည်။ သူ့အလောင်းကို သူမ မျက်လုံးနဲ့ ကိုယ်တိုင် မ‌တွေ့ရမချင်း ဒီလို သတင်းဆိုးမျိုးကို သူမ မယုံကြည်နိုင်ပေ။

နောက်တစ်နေ့ နန်းတော်တွင်။

ဧကရာဇ်ကျင်းချန်သည် ကျီကျောက်၏ စိတ်ပိုင်းဖြတ်ထားသော အမူအရာအား ကြည့်လျက် ရုတ်တရက် သူမအား ဖျောင်းဖျလိုသည့် စကားလုံးများ မပြောနိုင်ခဲ့ပေ။

“ကိုယ်တော် တော်၀င်အစောင့်တပ်ဖွဲ့ကို မင်းကို ကာကွယ်ပေးဖို့ ထည့်ပေးလိုက်ပါ့မယ်” ခဏလောက် တိတ်ဆိတ်နေပြီးနောက် ဧကရာဇ်ကျင်းချန်သည် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောသည်။

“ ရှန်းယောင်က ကိုယ်တော့်ရဲ့ ညာလက်ရုံးပါ၊ သူ ဘာမှ မဖြစ်ဘူးလို့ ကိုယ်တော် ယုံကြည်တယ်၊ ဒါပေမယ့် တကယ်လို့ သူ တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်…..”

“သူ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူးရှင့်” ကျီကျောက်သည် သူ့အား အတင်း စကားဖြတ်ပြောလာသည်။

မိန်းမစိုး၀မ်၏ မျက်ခွံများမှာ ထိန်းမရနိုင်စွာ လှုပ်ရှားသွားမိသည်။

ဒီသခင်မရှန်းက အတော်လေး ရဲတင်းတာပဲ။ သူမက အရှင်မင်းကြီးကိုတောင် စကားဖြတ်ပြောဝံ့တယ်။

“သူ အဆင်ပြေမှာပါ” ကျီကျောက်က ထပ်ပြောပြန်သည်။

“ကျွန်မအတွက် မြို့၀င်တံဆိပ်ပြား ပြင်ဆင်ပေးဖို့ အရှင့်ကို ဒုက္ခပေးရတော့မှာပါပဲ”

“ကောင်းပါပြီ”

နှစ်ရက်အကြာတွင် ကျီကျောက်သည် သူမ မထွက်ခွာခင် ကျောက်လန်ဟွာအား သွားတွေ့ခဲ့သည်။

“အာ့ထောင်” ကျောက်လန်ဟွာသည် သူမအား ကြည့်လျက် ၀မ်းပန်းတနည်း ငိုကြွေးသည်။

“စန်းလန် တစ်ခုခုဖြစ်သွားတယ်ဆိုတာ အမေ မယုံပေမဲ့လည်း အမေ သမီးကို အရဲမစွန့်စေချင်ဘူးကွယ်၊ အာ့ထောင် သမီး…. သမီး ကျန်းနန်ကို မသွားသင့်ဘူး၊ သမီးပါ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ ခန်းအာကိုရော ဘယ်လိုလုပ်မလဲ”

“ အမေ” ကျီကျောက်သည် သူမ လက်အား ကိုင်လျက် အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။

“ အမေ မေ့သွားပြီလား၊ ရှန်းယောင်သာ တစ်ခုခုဖြစ်ရင် သမီး သေချာပေါက် အိမ်မက် ကြိုမက်လိမ့်မယ်၊ အမေ အရမ်း အတွေးမလွန်ပါနဲ့၊ မြန်မြန်လေး ပြန်အားတင်းထားနော်၊ မြန်မြန်သက်သာလာပြီး သမီးအစား ခန်းအာကို စောင့်ရှောက်ပေးပါနော်၊ သမီးကို စိတ်မပူပါနဲ့…. သမီး ရှန်းယောင်ကို သေချာပေါက် ပြန်ခေါ်လာခဲ့ပါ့မယ်”

လေးလပိုင်း ရှစ်ရက်မြောက်နေ့တွင် ကျီကျောက်သည် သူမကိုယ်သူမ ရုပ်ဖျက်လိုက်ကာ တင်းယွမ်ကောင်တီသို့ လမ်းလွှဲလိုက်ကာ ပြန်သွားသည်။

ထို့နောက် သူမသည် ရေလမ်းခရီးကို ပြောင်းလိုက်ကာ တောင်ဖက် တူးမြောင်းတစ်လျှောက် ခရီးထွက်သွားပြီးနောက် နဂါးလှေပွဲတော် မတိုင်ခင် ယန်ကျိုးသို့ ရောက်ရှိသွားခဲ့သည်။

ကျီကျောက် သူ့ရှေ့တွင် ပေါ်လာသဖြင့် ချင်မင်ဟုန်သည် သူ့မျက်လုံးများအား မယုံကြည်နိုင်စွာ ပွတ်လိုက်မိသည်။ ထို့နောက် သူ အလွန်အမင်း စိတ်ပူသွားသည်။

“ မင်း မင်း ဒီလိုနေရာမှာ ဘာလို့ လာရှုပ်မှာလဲကွာ၊ လက်ရှိ ယန်ကျိုးရဲ့ အခြေအနေက ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မင်း သိရဲ့လား၊ ဘာလို့ တစ်ယောက်ထဲ အတင်း၀င်လာရဲရတာလဲ၊ မင်း သေချင်‌လို့လားကွာ”

“ကျွန်မ ယောကျာ်းကို ရှာဖို့ ဒီကိုလာတာပါ” ကျီကျောက်က လိုရင်းတိုရှင်း ပြောသည်။

ထိုအချိန်တွင် ချင်မင်ဟုန် နှလုံးသားထဲမှ စူးအောင့်နာကျင်လာသည်။

“ ရှန်းယောင်က ကိုယ့်ကို ကယ်ဖို့ ထောင်ချောက်ထဲ ကျသွားခဲ့ရတာပါ….” ချင်မင်ဟုန်သည် ပူဆွေးသောက ရောက်စွာ သူ့မျက်လုံးများအား နာကျင်မှုဖြင့် ကာလိုက်ကာ ရှိုက်ငိုလာသည်။

ချင်မင်ဟုန် စိတ်ငြိမ်သွားပြီးနောက် ကျီကျောက်က အသံတိုးတိုးဖြင့် မေးသည်။

“ အစ်ကိုကြီးချင် တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ”

“ယန်ကျိုးနဲ့ သိပ်မဝေးတဲ့ ကျင်းလင်မြို့မှာ နာမည်ကြီးတဲ့ ချင်ဟွိုက်မျှော်စင် ရှိတယ်”

ချင်မင်ဟုန်သည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ကာ အရင်က အခြေအနေအား အသေးစိတ် ပြန်ပြောပြသည်။

“ကိုယ် ယန်ကျိုးကိုရောက်ကထဲက ဆားအခွန်ကိစ္စကို တိတ်တဆိတ် စုံစမ်းနေခဲ့တာလေ၊ နောက်တော့ ကိုယ် ချောင်ဂိုဏ်းရဲ့ အကူအညီနဲ့ သဲလွန်စတချို့ကို ရှာတွေ့နိုင်ခဲ့တယ်၊ ကျန်းနန်ရဲ့ အရာရှိတချို့က ချင်ဟွိုက်မျှော်စင်ကိုသွားပြီး သီချင်းနားထောင်ရတာ ကြိုက်ကြတယ်၊ ချင်ဟွိုက်မျှော်စင်မှာ နာမည်ကြီးတဲ့ အမျိုးသမီးလျှို့ဆိုတာ ရှိတယ်၊ သူမက ကျန်းနန်ဆားကုန်သည် လင်ကျီရွှမ်ရဲ့ လူယုံတော်လေ၊ ဒါကြောင့် ကိုယ်လည်း ချင်ဟွိုက်မျှော်စင်ကို ဆက်လက် စုံစမ်းစစ်ဆေးဖို့ လိုက်သွားချင်ခဲ့တယ်”

အပြင်ပိုင်းတွင်တော့ ချင်ဟွိုက်မျှော်စင်သည် ဆောင်ကြာမြိုင်တစ်ခု ဆိုသော်ငြား အမှန်တကယ်တွင်တော့ လောင်းကစားရုံ ဖြစ်သည်။

ငွေလျန်း ၅၀၀ ထက်နည်းသည့် မည်သူမျှ လောင်းကစားရုံထဲ ၀င်ရန် အရည်အချင်း မပြည့်မှီပေ။ သိုပေမဲ့ ချင်မင်ဟုန်အတွက်တော့ ငွေလျန်း ၅၀၀ ဆိုသည်မှာ မဆိုသလောက် ပမာဏပင် ဖြစ်သည်။

“ ချင်ဟွိုက်မျှော်စင်မှာ အထပ် ခုနှစ်ထပ် ရှိတယ်၊ အောက်ဆုံးအထပ်က ပမာဏ အနည်းဆုံးဖြစ်တဲ့ ငွေလျန်း ၅၀၀ ရှိရုံနဲ့ ၀င်ခွင့်ရတယ်၊ တစ်ထပ်ချင်းစီတိုင်းက နောက်တစ်ထပ်ထက် ဆယ်ဆ ပိုများတယ်၊ ပြီးတော့ တစ်ထပ်ချင်းစီသွားရင်း ခုနှစ်ထပ်မြောက်ကျရင် ကိုယ် သခင်မလျို့ကို တွေ့နိုင်လိမ့်မယ်” ချင်မင်ဟုန်က မျက်မှောင်ကြုတ်ရင်း ပြောသည်။

“ကံကောင်းတယ်ပဲဆိုရမလား ကိုယ့် လောင်းကစားကံက မဆိုးလှဘူး၊ ကိုယ်က ခြောက်ထပ်မြောက်ရောက်တဲ့အထိ အလှည့်တိုင်း အနိုင်ရခဲ့ပြီး ခြောက်ထပ်မြောက်ကို ကိုယ်ရောက်တဲ့အချိန်မှာတော့ အကုန်လုံး ရှုံးသွားခဲ့တယ်၊ ကိုယ့်ငွေတွေ အကုန်လုံး ဆုံးရှုံးရုံတင်မကဘဲ နိုင်ထားတဲ့ငွေတွေပါ ရှုံးသွားခဲ့တယ်၊ ဒါပေမယ့် ကိုယ် အများကြီး စိတ်၀င်စားမှုရခဲ့တယ်၊ ကိုယ် ချင်ဟွိုက်မျှော်စင်ကို စုစုပေါင်း ငွေလျန်း ခြောက်ဆယ့်ငါးသိန်းသုံးသောင်း အကြွေးတင်နေခဲ့တယ်…..”

“နောက်တစ်နည်းနဲ့ပြောရရင် ချင်ဟွိုက်မျှော်စင်က အ၀င်ပဲရှိပြီး အထွက်မရှိတဲ့ လောင်းကစားရုံပေါ့” ကျီကျောက်သည် သူမ မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ အတွေးနက်ထဲ ကျရောက်နေပုံရသည်။

“အဲ့နောက်ရော ဘာဆက်ဖြစ်ကြသေးလဲ၊ ရှန်းယောင် ဒုန်းဆိုင်းရောက်လာပြီးနောက်ရော ဘာဖြစ်ကြသေးလဲ”

“ ရှန်းယောင် ရောက်လာပြီးတဲ့နောက်မှာ ကိုယ် ဒီကိစ္စအကြောင်း သူ့ကို ပြောပြခဲ့တယ်၊ ဒါ့အပြင် ကိုယ်တို့ ချင်ဟွိုက်မျှော်စင်ကို ချိတ်ပိတ်ဖို့ ထောင်ချောက်တစ်ခု အတူတူ ပြင်ဆင်ကြတယ်”

ချင်မင်ဟုန်က မျက်မှောင်ကြုတ်လျက် ဆက်ပြောသည်။

“ ချင်ဟွိုက်မျှော်စင်ကို ချိတ်ပိတ်ပြီး‌ ဒုတိယရက်ကြတော့ တစ်ယောက်ယောက်က စာပို့လာခဲ့တယ်၊ စာရပြီးတော့ ကိုယ်တို့ ချိန်းဆိုတဲ့နေရာကို သွားခဲ့တယ်”

“တကယ်တော့ ရှန်းယောင်က ဒါဟာ ခြုံခိုတိုက်ခိုက်မှုတစ်ခု ဖြစ်လိမ့်မယ် ဆိုတာ ကြိုတင်ခန့်မှန်းထားပြီးသားပါ၊ ဒါပေမယ့် အလောင်းအစား ရှုံးထားတဲ့ စိတ်အခြေအနေနဲ့ ကိုယ်….. ကိုယ်က ချိန်းဆိုထားတဲ့နေရာကို သွားဖို့ တောင်းဆို‌ခဲ့တယ်၊ ဒါပေမယ့် အဲ့နောက်တော့ ကိုယ် ရန်သူ့ထောင်ချောက်ထဲ ရောက်သွားခဲ့တယ်၊ ကိုယ့်ကို ကယ်တင်ဖို့အတွက်နဲ့ ရှန်းယောင်ရဲ့ နှလုံးကို ရန်သူ့မြှားက စိုက်၀င်သွားတယ်၊ နောက်တော့ ရှန်းယောင်က တူးမြောင်းထဲကို ပြုတ်ကျသွားပြီးတော့ အစအန မရှိဘဲ ပျောက်သွားခဲ့တယ်”

ချင်မင်ဟုန်သည် ရှက်ရွံ့မှုဖြင့် သူ့မျက်နှာအား တိတ်တဆိတ် ကာလိုက်သည်။

“အာ့ထောင် ကိုယ် မင်းကို စိတ်ပျက်စေခဲ့မိတယ်”

“ ရှန်းယောင် ဘယ်နားမှာ ပျောက်သွားတာလဲ” ကျီကျောက်သည် သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ပြီး အသံတိုးတိုးဖြင့် မေးသည်။

“ ချင်ဟွိုက်မျှော်စင်နဲ့ ဘေးချင်းကပ်ရပ် ‌အပျော်စီးလှေပေါ်မှာပါ၊ ကိုယ် တစ်လလုံး လူလွှတ်ပြီး ရှာဖွေခိုင်းထားခဲ့ပေမဲ့ ဘာသဲလွန်စမှ မရသေးဘူး၊ သိပ်မကြာခင် ရက်အနည်းငယ်ကြမှ ကိုယ် ယန်ကျိုးကို ပြန်လာတဲ့အချိန် တစ်ယောက်ယောက်က သူတို့ ရှန်းယောင်ကို မြင်ခဲ့တယ်လို့ပြောတယ်” ချင်မင်ဟုန်သည် အလျင်အမြန် ရှင်းပြသည်။

“အာ့ထောင် ကိုယ်…. ကိုယ် မင်းကို စိတ်ပျက်စေခဲ့မိတယ်၊ ဘာလို့ ကိုယ့်ကို မရိုက်နှက်ရတာလဲ၊ မင်း ကိုယ့်ကို ဆူဆဲလို့လည်း ရတယ်၊ ဒါပေမယ့် အရမ်း မတည်ငြိမ်နေပါနဲ့ကွာ……”

“အစ်ကိုကြီးချင် ကျွန်မအတွက် လူတစ်စု စီစဉ်ပေးထားပါ၊ အရမ်းသန်မာနေဖို့ မလိုဘူး၊ ဆယ်ယောက်ဆို လုံလောက်ပါတယ်” ကျီကျောက်က ညင်သာစွာ ပြောသည်။

“အာ့ထောင်…. မင်း…. မင်း ဘာလုပ်မလို့လဲ”

ကျီကျောက်သည် ပြုံးလျက် ဘာမှ မပြောပေ။ သူမက နောက်လှည့်ပြီး လက်ဖက်ရည်ဆိုင်မှ ထွက်သွားသည်။

သူမ မြင်းပေါ်တက်ကာ ကျင်းလင်ဆီသို့ ဒုန်းဆိုင်းစီးနင်သွားသည်။

ကျင်းလင်မြို့သည် မီးအိမ်များဖြင့် တစ်ဖျတ်ဖျတ်တောက်ပနေကာ အထက်တန်းဆန်သည့်နေရာ တစ်ခုဖြစ်သည်။

ချင်ဟွိုက်မြစ်ကမ်းပါးများပေါ်တွင် နူးညံ့သည့်စကားသံများ ညင်သာသည့် ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။

အပျော်စီးလှေသင်္ဘောအမျိုးမျိုးမှာ ချင်ဟွိုက်မြစ်တွင် မျောပါနေလျက် လှပသည့် မြင်ကွင်းတစ်ခုအား ဖန်တီးနေသည်။

ထိုထဲမှ မျက်စိအဖမ်းစားဆုံးအရာမှာ ချင်ဟွိုက်မျှော်စင်ခုနှစ်ထပ်ပင် ဖြစ်သည်။

ကျီကျောက်သည် သူမကိုယ်သူမ အမျိုးသား၀တ်စုံ ပြောင်း၀တ်၍ သူမ လည်ပင်းတွင် လည်စေ့အတု တပ်ဆင်ကာ သူမ၏ နားပေါက်များအား ဖုံးအုပ်လိုက်သည်။ သူမသည် အပျော်စီးလှေသင်္ဘော ကုန်းပတ်ပေါ်တွင် ခြေလှမ်းကျဲကျဲ လျှောက်သွားသည်။

***

All Chapters