ရှုကျိုးတစ်ခုလုံးကို စားခွင့်ပေးမယ်
Vol. 86-89 Ch. 1324
“ရွှစ် ရွှစ်”
ကိုယ်လက်အင်္ဂါများ စုတ်ဖြဲခံနေရရုံသာမက ဝမ်းနည်းပူဆွေးခြင်းများလည်း အချိန်အတော် ကြာအောင် ပေါ်ပေါက်နေသည်။
အသားစများနှင့် အရိုးများကို ယဲ့ဖန်က တစ်ခုချင်းစီ စုတ်ဖြဲနေသောကြောင့် မကြာခင်မှာပင် သူ့လက်၌ သွေးများ ပေကျံလာ၏။
ယန်လောင်ရှီ၏ ခန္ဓာကိုယ် အရွယ်အစားက လျင်မြန်စွာ သေးငယ်လာသည်။ ဤမြင်ကွင်းက အလွန် ကြောက်စရာ ကောင်းလှသည်။
*အလောင်းကို တစ်စစီ ဖြစ်အောင် လုပ်တယ်*
*ဒါ တကယ့်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်တာပဲ*
ဤလေလံစံအိမ်သည် ယဲ့ဖန်၏ သားသတ်ကွင်း ဖြစ်လာသလိုပင်။ ယန်လောင်ရှီ၏ ခန္ဓာကိုယ်က ဆက်တိုက် တွန့်လိမ့်နေပြီး အဆက်မပြတ် အော်ဟစ်နေရသည်။ သူ အလွန် နာကျင်နေ၏။ သူ ယဲ့ဖန် ပေးသော အခွင့်အရေးကို နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ယခုလို အကျိုးဆက်ဖြင့် ကြုံတွေ့ရခြင်း ဖြစ်လေသည်။
ဆယ်မိနစ်ကြာသော် ယန်လောင်ရှီ၏ အော်သံများ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် သူသည် သေလုမျောပါး ဖြစ်နေပြီး မျက်တောင်တစ်ခတ်အတွင်း သေဆုံးနိုင်ချေ ရှိနေသည်။
သူ သေဆုံးသွားအခါ လူတိုင်း စိုးရိမ်လာ၏။ အဘယ်ကြောင့်ဆိုသော် ယန်လောင်ရှီ သေသွားသည်နှင့် သူတို့ အလှည့်သို့ ရောက်လာနိုင်သောကြောင့်ပင်။
“အရှင် ယဲ့ဘုရင် အသက်ချမ်းသာပေးပါ …”
“ငါ မင်းတို့ကိုလည်း အခွင့်အရေး ပေးခဲ့တယ်၊ ဒါပေမဲ့ မင်းတို့လည်း မလိုချင်ခဲ့ဘူးလေ”
ယဲ့ဖန်က အေးအေးလူလူ ပြော၍ ထျဲမူထားကို အမိန့်ပေးလိုက်သည်။
“သူတို့အားလုံးကို သတ်လိုက်”
“အမိန့်အတိုင်းပါ”
ထျဲမူထားသည် ထိုသို့ ဖြေပြီးသည်နှင့် လက်သီးကိုဆုပ်ကာ အားပါးတရ ရယ်၍ အထင်ကရ ပုဂ္ဂိုလ်များထံသို့ လျှောက်သွားလေသည်။
“စောနတုန်းက မင်းတို့မှာ ငါနဲ့ပတ်သက်တဲ့ အကြံတွေ အများကြီး ရှိနေသလားလို့”
ထိုလူများအားလုံး ငိုယိုပြီးရင်း ငိုယိုလာကြသည်။ ထို့နောက် ယဲ့ဖန်က ဝမ်လေ့ထံ လျှောက်သွားပြီး သူ၏ အဆီပိတ်နေသော မျက်နှာကို အသာ ပုတ်လိုက်သည်။
“ပျော်ပျော်နေ၊ မင်း လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး”
“သူက မင်းအပိုင်ပဲ”
ယဲ့ဖန်က ဟွမ်ထျန်းချန်ကို ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ဟွမ်ထျန်းချန် ချက်ချင်း ဝမ်းသာဟန် ပေါ်လာပြီး ခပ်သွက်သွက် ခေါင်းညိတ်လေသည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်းယဲ့”
ထို့နောက် သူ့အနားမှ လူများကို အချက်ပြလိုက်သည်။ ထိုအခါ သက်တော်စောင့်များက ကြောက်လန့်နေသော ဝမ်လေ့ထံ လျှောက်သွားလေသည်။ ဟွမ်ထျန်းချန်၏ အကြည့်များက ကြောက်စရာ ကောင်းလာသည်။
*ငါ့ကို သတ်မယ် ဟုတ်လား၊ အခု ဘယ်သူက ဘယ်သူ့ တစ်မိသားစုကို သတ်မလဲ ကြည့်လိုက်လေ*
သေခြင်းတရား ကျရောက်လာလေပြီ။
…
ညသန်းခေါင်းယံချိန်၌ ယဲ့ဖန်၊ ဟွမ်ထျန်းချန်နှင့် အခြားသူများသည် လေလံစံအိမ်မှ ထွက်လာပြီး ဆေးခန်းသို့ တန်းသွားကြသည်။ ယဲ့ဖန်က ဟွမ်ယွီလင်းအား သူနှင့်အတူ စမ်းသပ်ခန်းသို့ ဝင်လာခိုင်းလေသည်။ သို့မှသာ ဆေးကို သန့်စင်ပြီးသည်နှင့် သူမ ချက်ချင်း အသုံးပြနိုင်မည် ဖြစ်သည်။
ယဲ့ဖန်သည် စားပွဲရှေ့၌ အလုပ်များနေပြီး မကြာခဏ မျက်မှောင်ကြုတ်သော အာရုံစိုက်နေသော အမူအရာနှင့် ရှိနေသည်။
တစ်ဖက်တွင်မူ ဟွမ်ယွီလင်းက သူ့အား စိတ်ဝင်တစား ကြည့်နေပြီး သူမရှေ့မှ လူက အလွန် ထူးဆန်း လွန်းသည်ဟုသာ ခံစားမိနေ၏။
သွေးအေး ရက်စက်ပြီး လွှမ်းမိုးနိုင်ကာ ဆုံးဖြတ်ချက် ပြတ်သားသည်။ သူ့၌ မလိုက်ဖက်သော စဉ်းစဉ်းစားစား လုပ်ကိုင်တတ်ခြင်းနှင့် ကြင်နာမှုလည်း ရှိပေသည်။
*ဒါက နှလုံးသား နူးညံ့တဲ့ ကျားများလား*
တစ်ခဏကြာသော် ယဲ့ဖန်က သူမရှေ့၌ လက်ဝှေ့ယမ်းလာသဖြင့် သူမ အတွေးလွန်နေရာမှ သတိရလာသည်။
“အာ”
ထိုအခါတွင်မှ ဟွမ်ယွီလင်းတစ်ယောက် သူမ အတွေးလွန်နေကြောင်း သတိပြုမိသွားပြီး ရှက်ရှက်ဖြင့် ခေါင်းငုံ့ လိုက်မိသည်။ သူမ မျက်နှာတစ်ပြင်လုံးနှင့် နားရွက်များပါ နီရဲနေ၏။
“သောက်လိုက်”
ယဲ့ဖန် ပြုံး၍ ဆေးပုလင်းကို ပေးလိုက်သည်။ ဟွမ်ယွီလင်း တွေဝေမနေပါ။ သူမသည် ဘယ်လိုဖြစ်ဖြစ် သေခါနီးလူ တစ်ယောက် ဖြစ်ပြီးသား ဖြစ်သည်။ ယဲ့ဖန်၏ ဆေးတစ်ခုတည်းနှင့် သူမကို ထိခိုက်အောင် မလုပ်နိုင်ပါ။
ဆေးသောက်လိုက်ပြီးနောက် ဟွမ်ယွီလင်း ပြန်မေးလိုက်သည်။
“ဒီဆေးက တကယ်ပဲ ကျွန်မရောဂါကို ကုပေးနိုင်မှာလား”
“ဘာလို့လဲ မင်း မယုံဘူးလား”
ယဲ့ဖန် ပြန်မေးလိုက်သည်။
“ကျွန်မ မယုံတာ မဟုတ်ပါဘူး၊ အချိန်အတော်ကြာအောင် ဆရာဝန်တွေကိုပဲ လိုက်ရှာနေရတော့ စိတ်ပျက်နေတာပါ၊ ကျွန်မ နောက်တစ်ခါ ထပ်စိတ်ညစ်ရမှာကို ကြောက်တယ်”
ဟွမ်ယွီလင်း မချိပြုံး ပြုံးလိုက်သည်။ သူမ စိတ်ပျက်ရမည်ကို မစိုးရိမ်သော်လည်း သူမဖခင်ကို စိုးရိမ်ပါသည်။ လွန်ခဲ့သော် နှစ်များအတွင်း သူမ အရှက်ရလာရသည်ကို တွေးမိပြီး သူမ ရင်နာလာရသည်။
သူမ သေရမည်ကို မကြောက်သော်လည်း သူမ သေပြီးနောက် သူမဖခင် သေဆုံးသွားမည်ကိုသာ စိုးရိမ်ပါသည်။ ယဲ့ဖန် မတတ်သာဟန်နှင့် ပြုံးလိုက်သည်။
“ငါ မင်းကို ကုပေးနိုင်တယ်လို့ ပြောရင် မင်း ငါ့ကို အနည်းဆုံး ဆရာဝန်တစ်ယောက်လို ယုံကြည်ပေးသင့်တယ် မဟုတ်လား”
ထိုအခါ ဟွမ်ယွီလင်းက ရယ်မိသွားသည်။
“ကောင်းသားပဲ၊ ဒါဆိုလည်း ပြောပါဦး၊ ဒီဆေးက အစွမ်းပြဖို့ ဘယ်လောက် ကြာမှာလဲ”
ယဲ့ဖန်က မချိုမချဉ်ပြုံး၍ စကားနှစ်လုံးသာ ပြောလိုက်သည်။
“အခုပဲ”
*ဟင်*
ထိုအခါ ဟွမ်ယွီလင်း၏ ချစ်စရာကောင်းသော မျက်နှာလေးက ရုတ်တရက် ပြောင်းလဲသွားပြီး သူမခန္ဓာကိုယ်က ပူလောင်လာကာ ကိုယ်အပူချိန် ချက်ချင်း မြင့်တက်လာ၏။
“ဝေါ့”
သူမ အနက်ရောင် သွေးတစ်လုပ် အန်လိုက်မိပြီး အနံ့က ဆိုးရွားစွာ စူးရှလှသည်။ ထိုအနက်ရောင် သွေးအိုင်ထဲ၌ လက်မလောက် ကြီးမားသော ပိုးကောင်တစ်ကောင်က ခုန်ဆွခုန်ဆွ လုပ်နေသည်။
ထိုပိုးကောင်ကိုမြင်သည်နှင့် ဟွမ်ယွီလင်း၏ မျက်နှာက ဖြူရော်သွားပြီး မျက်နှာ အမူအရာ ပြောင်းလဲသွား လေသည်။
“ဒါက ကျွန်မကို နေမကောင်းအောင် လုပ်နေတဲ့အရာလား”
ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် မင်း နေကောင်းသွားပြီ”
ထိုစကားက ဟွမ်ယွီလင်း၏ အတွေးထဲ၌ မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်နေပြီး အသိစိတ် လွတ်သွားရသည်။
*ငါ နေကောင်းသွားပြီလား*
*ဒီလောက် နှစ်တွေကြာအောင် ဆရာဝန် လိုက်ရှာခဲ့ပင်မယ့် ဘယ်ဆရာဝန်ကမှ ရောဂါကို မကုနိုင်တာ၊ ယဲ့ဖန်က နာရီဝက်အတွင်း ကုလိုက်တာလား*
သူမ မယုံနိုင်ပါ။ အရာအားလုံးက အိပ်မက်လိုပင်။
*နောက်ဆုံးတော့ ငါ နေကောင်းသွားပြီတဲ့လား*
သို့သော် ထိုစဉ် သူမ တစ်စုံတစ်ရာကို တွေးမိသွားပြီး အသည်းအသန် ထအော်လိုက်သည်။
“ထွက်သွား မြန်မြန် ထွက်သွား”
*ဟမ်*
ယဲ့ဖန် တွေဝေသွားသည်။
*ဒါ ဘာသဘောလဲ၊ ငါ မင်းကို စေတနာနဲ့ ကုပေးတာလေ၊ မင်းက နေကောင်းတာနဲ့ ငါ့ကို နှင်ရောလား*
*ဒါ အရမ်း လွန်မနေဘူးလား”
“ထွက်သွားပါတော့ ကျေးဇူးပြုပြီး”
ဟွမ်ယွီလင်း ငိုလုနီးပါး ဖြစ်နေသည်။
“ကောင်းပြီလေ ငါ အခု ထွက်သွားမယ်”
ယဲ့ဖန် မတတ်သာဟန်ဖြင့် ပြောလိုက်ပြီး နောက်လှည့်ကာ ထွက်သွားရန် ပြင်လေသည်။ သို့သော်လည်း နောက်ကျ သွားလေပြီ။
“ဗြိ”
ထိုအခိုက်တွင် အဝတ်အစား ပြဲသံများ ထွက်ပေါ်လာပြီး မြူခိုးများ ပျံ့လွင့်လာသည်။ ယဲ့ဖန် ချက်ချင်း အံ့ဩသွား လေသည်။
အဘယ်ကြောင့်ဆိုသော် သူ အလွန် ရှားပါးသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။ ဟွမ်ယွီလင်း၏ ခန္ဓာကိုယ်က သိသိသာသာ ကြီးထွားလာပြီး ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးမအဖြစ်မှ ဆယ့်ရှစ်နှစ်အရွယ် ကလေးမပုံသို့ ချက်ချင်း ပြောင်းလဲသွားသည်။
သူမအသားအရေက နှင်းသဖွယ် ဖြူစွတ်ကာ ကိုယ်လုံးကိုယ်ပေါက်က ကျော့မော့လေသည်။ အရှေ့ဘက်က ကွေးကောက်၍ အနောက်ဘက်က လုံးဝန်းသည် အထူးသဖြင့် အဝတ်အစားများ စုတ်ပြဲနေခြင်းပင်။
မူလအဝတ်အစားများက သေးလွန်းသဖြင့် သူမခန္ဓာကိုယ် ရုတ်တရက် ကြီးထွားလာသောအခါ အဝတ်များကို စုတ်ဖြဲသလို ဖြစ်သွားခဲ့သည်။
မက်မွန်သီးသဖွယ် လုံးဝန်းသော တင်သားများက ယဲ့ဖန်၏ မျက်စိရှေ့၌ အထင်းသား ပေါ်နေ၏။ သူမရင်ဘတ်မှ ကြီးမားလွန်းသော ရင်နှစ်မွှာကိုလည်း ယဲ့ဖန် ရှင်းလင်းစွာ မြင်နေရသည်။ ယဲ့ဖန် ချက်ချင်း နှာခေါင်းသွေး လျှံချင်သလို ခံစားလိုက်ရသည်။
*ဒါ ဘာကြီးလဲ*
*သူက ရှစ်နှစ်လောက်ပဲ ရှိသေးတာကို ဒီလောက် ဖွံ့ဖြိုးလှချည်လား*
*ဒီဆိုဒ်က အနည်းဆုံး e cup လောက် ရှိမယ်ထင်တယ်*
*ပြီးတော့ သင်္ဘောသီးလို လုံးဝန်းသွယ်ဝိုက်သေးတယ်*
*မြတ်စွာဘုရား*
အလွန် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကြောင့် ယဲ့ဖန် ကြက်သေ သေနေမိသည်။
*ဒီလို ခန္ဓာကိုယ်မျိုးကို ဘယ်ယောက်ျားသားက မြင်မြင် စိတ်ထိန်းနိုင်လောက်မယ် မထင်ဘူး*
*ဒီကလေးမလေးက ဘာလဲ*
“အား … ရှင့်မျက်လုံးကို မှိတ်ထားလေ”
ဟွမ်ယွီလင်းက သူမကိုယ်လေးကို စိုးရိမ်တကြီး ဖုံးအုပ်၍ ထအော်လေသည်။ ယဲ့ဖန်က သူမခန္ဓာကိုယ်ကို မြင်ဖူးသည့် ပထမဆုံးသော အမျိုးသားပင်။
“အဟမ်း အဟမ်း …”
ယဲ့ဖန် ခပ်ရှက်ရှက်ဖြင့် နောက်လှည့်လိုက်သည်။ ထို့နောက် အံ့ဩရာမှ သတိဝင်လာပြီး ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
“မင်းခန္ဓာကိုယ်က ဘာလို့ ဒီလို ဖြစ်နေတာလဲ”
ဟွမ်ယွီလင်းကို ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးမဟု သူ ထင်ခဲ့ပြီး ညီမလေးတစ်ယောက်သဖွယ် ဆက်ဆံခဲ့သည်။ သူမက အရွယ်ရောက်ပြီးသား မိန်းမပျိုလေး ဖြစ်နေမည်ဟု ဘယ်သူက ထင်ထားမည်နည်း။
“ကျွန်မကိုယ်ထဲမှာ ဟွမ်ကျုံးလီ စိတ်ဝိညာဉ် ရင်းမြစ် ရှိတယ်”
ယဲ့ဖန် အံ့ဩသွားရသည်။ ဟွမ်ကျုံးလီသည် အကောင်းဆုံး မွေးရာပါ စိတ်ဝိညာဉ်ရင်းမြစ် ငါးခုထဲမှ တစ်ခု ဖြစ်သည်။
၎င်းဖြင့် အရာအားလုံးကို သန့်စင်နိုင်သည်။ ဒုတိယဘိုးဘေး အဘယ်ကြောင့် သူမကို အသည်းအသန် လိုချင်နေပြီး သူ့မိခင်က သူမကို ဘာကြောင့် ဂရုစိုက်ရသလဲ ဟူသည့် အဖြေ ပေါ်လာလေပြီ။ ဟွမ်ယွီလင်းက သူမ လျှို့ဝှက်ချက်ကို ယဲ့ဖန်ကို ပြောပြလာသဖြင့် သူမ သူ့ကို ယုံကြည်ကြောင်း ပြသနေ၏။
“ဪ ဒါကြောင့်ကိုး”
ယဲ့ဖန် ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။
“အပြင်ကို ထွက်လေ၊ မင်းအဖေ စိုးရိမ်နေမှာပဲ”
“ဒါပဲလား”
ထိုအခါ ဟွမ်ယွီလင်း တွေဝေသွားပြီး ပြန်မေးလေသည်။
“ရှင် ဟွမ်ကျုံးလီ စိတ်ဝိညာဉ်ရင်းမြစ်ရဲ့ သက်ရောက်မှုတွေကို မသိဘူးလား”
“ထာဝရ အသက်ရှင်နိုင်တယ်၊ တာအိုသဘောတရားကို နားလည်သိမြင်နိုင်ပြီး စိတ်ဝိညာဉ်ရင်းမြစ်ကို ရလိုက်ရင် နတ်ခန္ဓာကိုယ်ကို ရလိုက်သလိုပဲလေ။ ဒီဟွမ်ကျုံးလီ စိတ်ဝိညာဉ်ရင်းမြစ်နဲ့ဆို နှစ်တစ်ရာလောက်နဲ့ သူတော်စင် သခင် အဆင့်ကို တက်လှမ်းနိုင်တယ်”
မွေးရာပါ စိတ်ဝိညာဉ်ရင်းမြစ်၏ အသုံးဝင်ပုံကို သူ ပြန်ဖြေလိုက်သည်။ ဤဟွမ်ကျုံးလီ စိတ်ဝိညာဉ်ရင်းမြစ်အား ရှေးခေတ် ဗောဓိပင်နှင့် နှိုင်းယှဉ်၍ ရပေသည်။
စိတ်ဝိညာဉ်ရင်းမြစ်ကို လူ့ခန္ဓာကိုယ်ထဲ၌ ထည့်သွင်းထားလျင် ထိုအကျိုးကျေးဇူးများ ရလာနိုင်သည်။ ဟွမ်ယွီလင်းကို ရလိုက်ခြင်းက ဟွမ်ကျုံးလီ စိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်လိုက်သည်နှင့် အတူတူပင်။
“ဒါဆို ရှင်ရော မလိုချင်ဘူးလား”
ဟွမ်ယွီလင်း အံ့ဩနေ၏။ သူမကိုယ်ထဲမှ ဟွမ်ကျုံးလီ စိတ်ဝိညာဉ် ရင်းမြစ်က သာမန်မဟုတ်မှန်း သူမ သိပါသည်။ သူမ၏ မွေးစားမိခင်က သူမကိုယ်ထဲ၌ ဟွမ်ကျုံးလီ စိတ်ဝိညာဉ်ရင်းမြစ်ရှိကြောင်း မည်သူကိုမှ မပြောပြရန်လည်း မှာထားသည်။
သူမကိုယ်ထဲ၌ ဟွမ်ကျုံးလီ စိတ်ဝိညာဉ်ရင်းမြစ် ရှိနေကြောင်း တစ်ယောက်ယောက် သိသည်နှင့် အင်ပါယာ တစ်ခုလုံးမှ သိုင်းပညာရှင်များက သူမကိုယ်ထဲက စိတ်ဝိညာဉ်ရင်းမြစ်ကို အရယူရန် ပြေးလာကြပေလိမ့်မည်။
“ငါ လိုချင်ရင် မင်းက ပေးမှာလား”
သူမကြောင့် ယဲ့ဖန် ရယ်ချင်သွားသည်။
*ဒါ စိတ်ဝိညာဉ်ရင်းမြစ်ကို ဒီကလေးမက လုံးဝ ဂရုမစိုက်ဘူးလား*
“အင်း”
ဟွမ်ယွီလင်း လေးတိလေးကန် ခေါင်းညိတ်ပြလေသည်။ ယဲ့ဖန် လိုချင်သရွေ့ သူမ ပေးမိမှာပင်။ အဘယ်ကြောင့် ဆိုသော် ယဲ့ဖန်က သူမအသက်ကို ကယ်ခဲ့သောကြောင့်ပင်။ ထိုအရာတစ်ခုတည်းနှင့် သူမ၏ အရာရာကို ပေးနိုင်ပါသည်။ ဟွမ်ကျုံးလီ စိတ်ဝိညာဉ်ရင်းမြစ်နှင့် ယှဉ်လိုက်လျင် သူမမိသားစုကိုသာ သူမ ပိုဂရုစိုက်ပါသည်။
“ထားလိုက်ပါ၊ ငါ ကလေးမလေးဆီက ဓားပြမတိုက်ချင်ဘူး”
ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။ ဟွမ်ကျုံးလီ စိတ်ဝိညာဉ်ရင်းမြစ်က သူ့အတွက် အရေးမပါသလို ဟွမ်ယွီလင်းအား သူ့ညီမလေးလိုသာ သဘောထားပါသည်။ ဘယ်လိုလုပ် အစ်ကိုတစ်ယောက်က ညီမဖြစ်သူဆီက တစ်စုံတစ်ရာကို လုယူရမည်နည်း။
ဟွမ်ယွီလင်း ချက်ချင်း နှုတ်ခမ်းစူကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
“ကျွန်မ ကလေးမလေး မဟုတ်ဘူး”
ယဲ့ဖန်က သူမရင်ဘတ်ကို တစ်ချက်ကြည့်၍ ပြီတီတီ ပြုံးလေသည်။
“အင်း မင်း တော်တော်ကြီးမှန်း ငါ မြင်ပါတယ်”
“အား…”
ဟွမ်ယွီလင်း သူမရင်ဘတ်ကို အသည်းအသန် အုပ်၍ ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လေသည်။
“လူဆိုးကြီး ဒီနေရာက ထွက်သွား”
ယဲ့ဖန် ရယ်၍ ထွက်လာလိုက်သည်။ ထိုအချိန်တွင် ဟွမ်ထျန်းချန်က အပြင်ဘက်၌ တရိုတသေ စောင့်နေ၏။ ယဲ့ဖန် ထွက်လာသည်ကို မြင်သောအခါ သူ ချက်ချင်း နှုတ်ဆက်လေသည်။ သို့သော် သူ ဘာမှမပြောနိုင်ခင်မှာပင် ယဲ့ဖန်က အရင် ပြောလိုက်သည်။
“သူ နေကောင်းသွားပြီ ဒါပေမဲ့ သူ့အဝတ်တွေတော့ ပြဲသွားတယ်၊ ခင်ဗျား တစ်ယောက်ယောက်ကို သူ့အဝတ်အစား ယူလာခိုင်းလိုက်ဦး”
ဟွမ်ထျန်းချန် တောင့်ခနဲ ဖြစ်သွားပြီး မျက်ရည် ဝဲတက်လာကာ ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်ပြီး မျက်ရည် လည်ရွဲဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်းယဲ့၊ ကျုပ် ဟွမ်ထျန်းချန် တစ်သက်လုံး လူကြီးမင်းအတွက် တစ်သက်လုံး အမှုထမ်းပါ့မယ်”
“မင်း မြင်တက်သားပဲ”
ယဲ့ဖန် သရော်လိုက်သည်။ ဟွမ်ထျန်းချန်၏ လှုပ်ရှားမှုက ကျေးဇူးပြန်ဆပ်သည်ဟု ထင်ရသော်လည်း မျက်နှာလုပ် နေခြင်းသာ မဟုတ်ပါလော။
သူ့အသက်ကို ယဲ့ဖန် ပိုင်သွားခြင်းက တစ်နည်းအားဖြင့် သူက ယဲ့ဖန်၏ ခွေးတစ်ကောင်သဖွယ် ဖြစ်သွားလေပြီ။ ခွေးကို မရိုက်ခင် သခင်ကို ကြည့် ဆိုသလိုပင်၊ နောင်တွင် သူ ဒုက္ခရောက်လာပါက ယဲ့ဖန် ဘယ်လိုလုပ် မသိချင်ယောင် ဆောင်နိုင်တော့မည်နည်း။
ဟွမ်ထျန်းချန်၏ အမူအရာ ချက်ချင်း အေးခဲသွားပြီး ရှက်သလို ပြုံးလိုက်သည်။
*ဒီလူက ခွန်အားတင် ကြောက်စရာ ကောင်းတာ မဟုတ်ဘူး၊ ကြောက်စရာကောင်းလောက်အောင်လည်း ထက်မြက် သေးတာပဲ၊ ဒီနတ်ဆိုးလိုလူရှေ့မှာ ငါ ဉာဏ်ကစားတာက အရှက်ကွဲရုံပဲ ရှိမယ်*
ယဲ့ဖန်က ပြုံးလိုက်ပြီး လေးနက်သော စကားတစ်ခွန်း ပြောလာသည်။
“ငါ မင်းကို ရှုကျိုးတစ်ခုလုံးကို စားခွင့်ပေးမယ်ဆိုရင် မင်း လုပ်နိုင်ဖို့ ယုံကြည်ချက် ရှိလား”
*ဟမ်*
ဟွမ်ထျန်းချန် အံ့ဩသွားပြီး ယဲ့ဖန်ကို မယုံသလို ကြည့်လိုက်မိသည်။
“ရှု … ရှုကျိုးတစ်ခုလုံးကို စားခိုင်းမယ် ဟုတ်လား”