← Chapters

သနားစရာကောင်းတဲ့လူတစ်ယောက်မှာ အမြဲတမ်း မုန်းစရာ တစ်ခုခု ရှိနေတာ စိတ်မကောင်းစရာပါပဲ

Vol. 25 Ch. 361

သနားစရာကောင်းတဲ့လူတစ်ယောက်မှာ အမြဲတမ်း မုန်းစရာ တစ်ခုခု ရှိနေတာ စိတ်မကောင်းစရာပါပဲ

Vol. 25 Ch. 361

ကျီကျောက် အနည်းငယ် တုံ့ဆိုင်းနေမိသည်။ “လင်ကျီရွှမ်က ဖမ်းဆီးခံလိုက်ရပြီဆိုပေမဲ့ အပြင်ဖက်မှာ မလုံခြုံမှာကို ကျွန်မ စိုးရိမ်မိတယ်”

“ အဆင်ပြေပါတယ်” ရှန်းယောင်သည် သူမအား ပြုံးပြကာ သူ့အသံမှာ နှစ်သိမ့်လိုသည့် အရိပ်ယောင်များ ပြည့်နေလျက် ပြောသည်။

“လင်ကျီရွှမ်က ကျင်းလင်တစ်မြို့လုံးရဲ့ အကြီးမားဆုံးကပ်ဆိုးပဲလေ၊ အခု အဲ့ကပ်ဆိုးက ဖယ်ရှားခံရတော့မယ်၊ ကျောက်ကျောက် သွားမကြည့်ချင်ဘူးလား”

ထို့နောက် ကျီကျောက်သည် ရှန်းယောင်အား အဖော်ပြု၍ အုပ်ချုပ်ရေးမှူးအိမ်တော်သို့ နာခံစွာ လိုက်ပါလာသည်။

အမှုတွဲများအားလှန်ကြည့်ပြီးနောက် သူမနားလည်လာသည်။

လင်ကျီရွှမ်သည် အသက်ငါးဆယ်ကျော်ပြီဖြစ်ကာ တရား၀င်ဇနီးတစ်ယောက်နှင့် ကိုယ်လုပ်တော်တစ်ယောက်သာ ရှိသည်။ လင်ယို့ယန်သည် သူ့ပထမဇနီး၏ သား ဖြစ်သည်။

မှတ်တမ်းများအရ သူ့ဇနီးဖြစ်သူ သခင်မနျို့သည် လင်ယို့ယန်အား မွေးပြီး နောက်နှစ်တွင် နာမကျန်းမှုဖြင့် ဆုံးပါးခဲ့ရသည်။ သို့ပေမဲ့ အမှန်တော့ ဒါက အပြင်လောကတွင် ဆင်ခြေတစ်ခုသာ ဖြစ်သည်။ အကြောင်းရင်းမှန်မှာတော့ လင်ကျီရွှမ်၏ ဇနီးသည် လင်ကျီရွှမ်မှ မိန်းကလေးငယ်တချို့အား တိတ်တဆိတ် အကျဉ်းချထားသည်ကို ရှာတွေ့သွားသဖြင့် တိုင်ကြားချင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့ပေမဲ့ သူမသည် လင်ကျီရွှမ်မှ ရင်ဘတ်ကို ဓားဖြင့် ထိုးခံလိုက်ရတာ အသက်ဆုံးရှုံးခဲ့ရသည်။

တုမင်ဟိုင် ကျင်းလင်မြို့သို့ ပထမဆုံး ရောက်လာချိန်တွင် သခင်မလင်(သခင်မနျို့)မှာ ကွယ်လွန်သွားပြီ ဖြစ်သည်။ သူ လင်အိမ်တော်ကို သွားရောက် ဂါရ၀ပြုချိန်တွင် လင်ကျီရွှမ်၏ မျက်နှာတွင် စိတ်မကောင်းဖြစ်သည့် အရိပ်အယောင် တစ်မှုန်မှ မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူ သံသယ၀င်လာကာ တိတ်တဆိတ် စုံစမ်းရှာဖွေခဲ့သည်။ သခင်မနျို့ သေဆုံးရသည့် အဖြစ်မှန်အား ရှာတွေ့ရန် ဆယ်စုနှစ်ချီအောင် အချိန်ယူခဲ့ရသည်။

တုမင်ဟိုင်မှ လင်ကျီရွှမ် မောင်းထုတ်တာ ခံထားရသည့် လင်ယို့ယန်အား အဖြစ်မှန်ကို ပြောကြားလာချိန်တွင် ဒီအဖြစ်ပျက်များမှာ တစ်ခုချင်းစီ ဆက်တိုက်ဖြစ်လာခဲ့သည်။

လင်ယို့ယန်သည် သုံးစားမရသည့်သူ ဖြစ်ပေမဲ့ သူသည် သားတစ်ယောက် ဖြစ်သည်။ သူ ကလေးဘ၀ထဲမှ သူ့အမေ၏ မေတ္တာအား ငတ်မွတ်ခဲ့ရသည်။ သူ့မိခင် သေဆုံးရသည့် အကြောင်းရင်းမှန်အား ကြားရသည့်အခါ သူ လွယ်လွယ်နှင့် အလွတ်မပေးနိုင်ပေ။ ပိုပြီး အရေးကြီးသည်မှာ လင်ယို့ယန်သည် ချောင်ရှင်းယွဲ့ပေါ်တွင် ခံစားချက်များ ရှိခဲ့သည်။

“ချောင်ရှင်းယွဲ့က နူးညံ့ပြီး ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်၊ လင်ယို့ယန်က သူ့ဇနီးလောင်းကို အရမ်းကျေနပ်အားရတယ်၊ ဒါပေမယ့် လင်ကျီရွှမ်က အရမ်းသားရဲဆန်လိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး၊ အဲ့နေ့က လင်ယို့ယန်က ချောင်ချင်းယွဲ့ဆီကို စာပို့ပြီး ချင်ဟွိုက်မျှော်စင်မှာ သူ့ကို လာတွေ့ဖို့ ပြောခဲ့တာက အစက သူက သူမကို နှစ်သိမ့်ပေးချင်ရုံပါပဲ၊ ဒါပေမယ့် သူ မထင်ထားတာက လမ်းတစ်၀က်မှာ လင်ကျီရွှမ် ခေါ်သွားတာကို ခံခဲ့ရလိမ့်မယ်ဆိုတာကိုပဲ၊ သူပြန်ရောက်တော့ ချောင်ရှင်းယွဲ့ သေဆုံးတဲ့ သတင်းကို ကြားခဲ့ရတယ်”

“ အခုတော့ လင်ယို့ယန်က ထပ်ပြီး နေချင်စိတ်မရှိတော့တာကြောင့် သူ့ရဲ့ အဆင့်အတန်းမြင့်ပြီး အင်အားကြီးတဲ့ ဖခင်ကို ရွှံ့ထဲဆွဲချဖို့ အားခဲခဲ့တယ်”

“သူလဲ သနားစရာယောက်ျားပါလား”

ခဏအကြာတွင် ကျီကျောက်သည် သက်ပြင်းဖျော့ဖျော့ ချလိုက်မိသည်။ “သနားစရာကောင်းတဲ့လူတစ်ယောက်မှာ အမြဲတမ်း မုန်းစရာ တစ်ခုခု ရှိနေတာ စိတ်မကောင်းစရာပါပဲ”

ရာထူးအဆင့်အတန်းများအရ လင်ကျီရွှမ်၏ ရာထူးသည် ကျင်းလင်အုပ်ချုပ်ရေးမှူး တုမင်ဟိုင်ထက် ပိုမြင့်တာကြောင့် တုမင်ဟိုင်ကို နာခံရန် ငြင်းခဲ့သည်။

ရှန်းယောင်သည် ဧကရာဇ်မှ အပ်နှင်းထားသည့် ရွှေတံဆိပ်ပြားကို ပြသရင်း ပေါ်လာခဲ့သည်။

ထိုအကြောင်းရင်းများဖြင့် လင်ကျီရွှမ်၏ ပြစ်မှုများမှာ လူအများရှေ့တွင် မြင်သာလာကာ ချင်ဟွိုက်မျှော်စင်မှာ ချိတ်ပိတ်ခံလိုက်ရသည်။

မျက်တောင်တစ်ခတ်တွင်ပင် ခြောက်လပိုင်း လလယ်သို့ ရောက်လာခဲ့သည်။ ကျင်းလင်မြို့၏ ရာသီဥတုမှာ ပူသည်ထက် ပူလာခဲ့သည်။

ကောင်းကင်တွင် လျှပ်စီးတစ်ချက် လက်သွားကာ မိုးသည်းထန်စွာ ရွာလာသည်။

မိုးသီးမိုးပေါက်များမှာ တစ်နေ့လုံး တစ်ညလုံး ရွာသွန်းခဲ့ခြင်းကြောင့် ချင်ဟွိုက်မြစ်ရေအမှတ်မှာ အနည်းငယ် မြင့်တက်လာခဲ့သည်။

ကျီကျောက်တို့လင်မယားတို့သည် အစက နန်းမြို့တော်သို့ ပြန်ရန် စီစဉ်ထားပေမဲ့ မိုးသည်းနေသဖြင့် ကျင်းလင်မြို့တွင် ရက်အနည်းငယ်ထပ်နေရန် လုပ်ခဲ့ရသည်။

“အရှင်မင်းကြီးက အမိန့်ချလာခဲ့တယ်”သူမမေးအားကိုင်လျက် ပြတင်းပေါက် အပြင်သို့ ကြည့်နေသည့် ကျီကျောက်အား စိုးရိမ်သည့် အမူအရာဖြင့် ကြည့်လျက် ရှန်းယောင်က ခပ်တိုးတိုး ပြောသည်။

“လင်ကျီရွှမ်ကို အကျဉ်းချထားပြီးတော့ သူ့အိမ်တော်ကို သိမ်းယူလိုက်တယ်၊ လကုန်ကြရင် လူအများရှေ့မှာ ခေါင်းဖြတ်ကွပ်မျက်မယ်တဲ့၊ တရားမ၀င်ဆားအခွန်တော်အမှုက တဖြည်းဖြည်း ရှင်းလင်းသွားပြီ၊ ဘုရင်ခံတွေနဲ့ သက်ဆိုင်ရာ အရာရှိတွေက ကွပ်မျက်ခံရပြီး ရာထူးချခံကြရတယ်၊ အရာရှိတုကတော့ ဘုရင်ခံအသစ်အဖြစ် ရာထူးတိုးခံရတယ်”

“ချောင်ဂိုဏ်းကရော” ကျီကျောက်သည် သိလိုစိတ်ဖြင့် မေးသည်။

“ချောင်ဂိုဏ်းက ဂိုဏ်းသားတွေက တော်၀င်နန်းတော်ရဲ့ တပ်‌သားတွေအဖြစ် စုဆောင်းခံရတယ်” ရှန်းယောင်သည် သူ့လက်အားမြှောက်လျက် သူမ မျက်ခုံးကြားအား ပွတ်သပ်ပေးလိုက်သည်။

“ ကျောက်ကျောက် အိမ်လွမ်းနာကျနေတာလား”

“ အင်း” ကျီကျောက်သည် စိတ်ညစ်နေသည့် အမူအရာဖြင့် ဖြေသည်။

“ကျွန်မ ခန်းအာကို လွမ်းတယ်”

“ကိုယ်တို့ မနက်ဖြန်မနက်ကျရင် ပြန်ကြမလား”

“တကယ်လား”

“ဒါပေါ့”

သူမ၏ စိတ်လှုပ်ရှားနေသည့် အပြုံးအားကြည့်လျက် ရှန်းယောင် ပို၍ပင် အပြစ်ရှိစိတ်ခံစားရသည်။

‌ဒီတစ်ခေါက် သူကျန်းနန်ကို လာချိန်တွင် ဂရုမဲ့ခဲ့သဖြင့် သူကျောက်ကျောက်ကို ဒုက္ခခံရစေခဲ့သည်။

သူအမှားများမှ သင်ယူကာ အနာဂတ်တွင် ဂရုမမဲ့အောင် သတိထားရပေမည်။

ကျီကျောက် မထွက်သွားခင် သူမ ဖန်ရွှမ်ချန်အား တွေ့ချင်သည်။

ချင်ဟွိုက်မျှော်စင် ချိတ်ပိတ်ခံရထဲက ဖန့်ရွှမ်ချောင်သည် ကျင်းလင်အကျဉ်းတိုက်တွင် အကျဉ်းကျခံခဲ့ရသည်။

သို့ပေမဲ့ ကျီကျောက်သည် ခွင့်လွှတ်ပေးရန် တောင်းဆိုခဲ့ကာ သူမအား လွှတ်ပေးခဲ့သည်။

“ကျွန်မရဲ့ မိုက်မဲမှုကိုကြည့်ဖို့ ဒီကို လာတွေ့တာလား” ဖန့်ရွှမ်ချောင်သည် သူမ ဘယ်သူ့ကို မြင်လိုက်ရမှန်း သိပြီးနောက် သရော်လိုက်သည်။

“ မင်း အရမ်းအတွေးလွန်နေပါပြီ” ကျီကျောက်သည် မခြားမနားပြောသည်။

“ မင်းကို တို့ ဘာလို့ အကျဉ်းထောင်ထဲက ကယ်တင်ခဲ့တယ်ဆိုတာ မသိချင်ဘူးလား”

“ကျွန်မ မသိဘူး” ဖန့်ရွှမ်ချောင်သည် သူမ မျက်လွှာချကာ အသံနက်နက်ဖြင့် ပြောသည်။

“ မင်း ရှန်းယောင်ကို ကယ်ရတဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် မင်း သူ့ကို ကယ်ခဲ့တယ်ဆိုတာ အမှန်တရားပဲ”

ကျီကျောက်သည် သူမ မျက်၀န်းများထဲသို့ ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။ “တို့က အမြဲတမ်း ကျေးဇူးတရားနဲ့ အာဃာတကို ခွဲခြားနိုင်တဲ့သူပါ၊ မင်း တို့ယောက်ျားကို ကယ်တင်ခဲ့တာကို တို့စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်”

ဖန့်ရွှမ်ချောင်သည် ရုတ်တရက် မော့ကြည့်ကာ သူမ မျက်၀န်းများထဲမှ မယုံနိုင်မှုများ ပြသနေသည်။

“ရှင်……”

“ ရှန်းယောင်လို လူကြီးလူကောင်းကို မင်းသဘောကျတာကို တို့မအံ့ဩမိပါဘူး” ကျီကျောက်သည် ရိုးသားစွာပြောသည်။

“သူက မင်းလက်လှမ်းမမှီနိုင်တဲ့ မြင့်မားတဲ့ ကောင်းကင်ထက်က ကြယ်တစ်စင်း ဖြစ်နေရုံပါပဲ”

“ရှင်သာ မပေါ်လာခဲ့ရင် ကျွန်မနဲ့ အစ်ကိုရှန်းက သေချာပေါက် ပျော်နေရမှာရှင့်” ဖန့်ရွှမ်ချောင်သည် ဒေါသတကြီး ကြိမ်းဝါးသည်။

“ကျွန်မအဖေ တစ်ခါပြောဖူးတယ် သူက အစက ကျွန်မနဲ့ အစ်ကိုရှန်းကို လက်ထပ်ပေးချင်ခဲ့တာတဲ့လေ”

“ မင်းအဖေ အတိတ်မှာ လုပ်ခဲ့တဲ့အရာကို မင်းမေ့သွားပြီနဲ့တူတယ်၊ အစတည်းက မင်းနဲ့ ရှန်းယောင်က ဖြစ်မှ မဖြစ်နိုင်တာ”

ကျီကျောက်က တခစ်ခစ် ရယ်မောလိုက်ကာ လှည့်ထွက်သွားသည်။

“ အခုကစပြီး မင်းကိုယ်မင်း ဂရုစိုက်ဖို့ တို့မျှော်လင့်ပါတယ်”

ဆရာဖန်ကသာ ရှန်းယောင်ရဲ့ အဖြေစာရွက်ကို လဲဖို့ လာဘ်မစားခဲ့ရင် ရှန်းယောင်က ဘာလို့ အချိန်သုံးနှစ်တောင် ဖြုန်းတီးခဲ့ရမှာလဲ။

ဆရာဖန် ကွယ်လွန်သွားပြီးနောက် ရှန်းယောင်ကသာ သူ့ကို ကူညီပြီး အခေါင်းပြင်ဆင်ပေးကာ ဂုဏ်သိက္ခာရှိရှိ သဂြိုလ်ပေးခဲ့သည်။

ရှန်းယောင်က ဖန်သားအဖအပေါ် ဘယ်တုန်းကမှ အကြွေးမတင်ခဲ့သည့်အပြင် သူတို့ကသာ ရှန်းယောင်အပေါ် အများကြီး အကြွေးတင်ခဲ့သည်။

ကံဆိုးစွာနဲ့ လူတချို့သည် လောကသဘာ၀အရ တစ်ကိုယ်ကောင်းဆန်ကြသည်။ သူတို့သည် အခြားသူများအပေါ် သဘောထားကြီးရမည်ကို ငြင်းဆိုကာ သူတို့ကိုယ်သူတို့ အခွင့်ကောင်းသာ ယူတတ်ကြသည်။ သူတို့အမှား သူတို့ ဘာလို့ မသိပဲ နေနိုင်ကြပါလိမ့်။

ကျန်းနန်၏ ဆားအခွန်အလွဲသုံးစားမှုမှာ နောက်ဆုံးတွင် ရှင်းလင်းသွားခဲ့သည်။ ရှန်းယောင်၏ နာမည်မှာ တာ့ကျင်း ညီလာခံတွင် ပို၍ပင် ကျော်ကြားလာခဲ့သည်။

ထို့အပြင် ဧကရာဇ်ကျင်းချန်သည် ညီလာခံကိစ္စရပ်များတွင် အကြံပေးအမတ်ရှန်းနှင့် ပူးပေါင်းဆောင်ရွက်ကာ လုံ့လဝီရိယရှိရှိ ကြိုးစားအားထုတ်ခဲ့သဖြင့် တာ့ကျင်းမင်းဆက်အား ရွှေခေတ်အဖြစ် တည်ဆောက်နိုင်ခဲ့သည်။

အကြံပေးအမတ်ရှန်းသည် ပြည်သူအများ၏ ချစ်ခင်မှုနှင့် အရာရှိအများ၏ လေးစားမှုအား ခံရသည်။

ရှန်းအိမ်တော်။

ကျီကျောက်ရဲ့ ၀၀ကစ်ကစ် သားလေးမှာ ပျော့‌အိအိ‌ဆိုဖာပေါ်တွင် လဲလျောင်းလျက် သူ့သွားများပေါ်နေသည့်အထိ အပြုံးကြီးကြီး ပြုံးပြနေသည်။

“ သမီးတို့နှစ်ယောက်ထွက်သွားကတည်းက ခန်းအာက မငိုသလို ကြေးလည်း မများတော့ဘူး၊ သူက တံခါးမကြီးကိုပဲ နေ့တိုင်း ငေးငိုင်ပြီး စိုက်ကြည့်နေခဲ့တယ်….”ကျောက်လန်ဟွာသည် သူမ လက်ထဲမှ ဂျောက်ဂျက်အရုပ်လေးအား ချလိုက်ကာ သက်ပြင်းဖျော့ဖျော့ချသည်။

“ဒီကောင်ငယ်လေးက လည်လွန်းတယ်”

“ အမေ အများကြီး ပင်ပန်းသွားပြီ၊ ကျေးဇူးပါနော်” ကျီကျောက်သည် ကျောက်လန်ဟွာအား ကြည့်လျက် ကျေးဇူးတင်စွာ ပြုံးပြသည်။

“ဒီအရူးမလေးကတော့ အမေမပင်ပန်းပါဘူးကွယ်၊ စန်းလန်ရဲ့ သတင်းဆိုးကြားရထဲက အမေ စိတ်မကောင်းဖြစ်နေခဲ့တာ၊ ကံကောင်းတာနဲ့ သမီးက ဒီအကြောင်း အိမ်မက် မမက်ခဲ့ကြောင်း အမေ့ကို ပြောပြလို့ စန်းလန် အဆင်ပြေမယ်ဆိုတာ အမေသိခဲ့တယ်” ကျောက်လ‌န်ဟွာသည် ခဏလောက် စဉ်းစားပြီး ပြောသည်။

“စကားမစပ် အာ့ထောင် နှစ်သစ်ကူးပြီးရင် ရှန်းဟယ်ရွာကို ပြန်သွားကြရအောင်နော်၊ ဘုရားသခင်ကသာ အမေတို့ကို ဒီနှစ်တွေမှာ တိတ်တဆိတ် မကာကွယ်ပေးခဲ့ရင် အမေတို့မိသားစုတွေ ဘယ်လောက်များတဲ့ ကံဆိုးမှုတွေ ကြုံရမယ်ဆိုတာ မသိတော့ပါဘူးကွယ်”

***

All Chapters