← Chapters

ကောင်းကင်ဒဏ်ပေး တစ္ဆေဓား

Vol. 2 Ch. 30

ကောင်းကင်ဒဏ်ပေး တစ္ဆေဓား

Vol. 2 Ch. 30

အခန်း (၃၀) ကောင်းကင်ဒဏ်ပေး တစ္ဆေဓား

နတ်မိမယ်ရှီရွှမ်ဟာ သူ့လက်ကိုမြှောက်ပြီး တပည့်များကို တိတ်တိတ်နေဖို့ အချက်ပြလိုက်ပါတယ်။ တပည့်တွေဟာ ချက်ချင်း တိတ်ဆိတ်သွားပြီး နတ်မိမယ်ရှီရွှမ်ကို စိုးရိမ်ကြောင့်ကြနေတဲ့ မျက်နှာတွေနဲ့ ကြည့်လိုက်ကြပါတယ်။ ချင်မင်ဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ ထွက်ပေါ်လာတာဟာ ယွီဂျင်ဂိုဏ်းအတွက် တကယ့်ကပ်ဘေးကြီးပါ။

“သူတို့မှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ ရှိတယ်ဆိုရင်တောင် ငါတို့တွေ တိုက်ခိုက်ရအုန်းမှာပဲ၊ ယွီဂျင်ဂိုဏ်း တည်တံ့လာတာ နှစ်တစ်ထောင်နီးပါးရှိပြီ၊ ဂိုဏ်းတစ်ဂိုဏ်းရဲ့ တိုက်ခိုက်မှုကြောင့် ဘယ်လိုလုပ်ပြီး ပျက်စီးနိုင်မှာလဲ၊ ပုံမှန်ဆိုရင် ငါ မင်းတို့ကို ဂိုဏ်းအတွက် အကျိုးဆောင်ဖို့ မပြောဘူး၊ ဒါပေမဲ့ အခုဂိုဏ်းက ပြဿနာတက်နေတာဆိုတော့ မင်းတို့အားလုံး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြပါ၊ အခုအချိန်ကစပြီး မင်းတို့တွေ ယွီဂျင်ဂိုဏ်းကနေ မထွက်ဘဲ ကိုယ့်ကျင့်ကြံခြင်းကို အာရုံစိုက်လို့ တိုက်ပွဲအတွက် ပြင်ဆင်ကြပါ”

နတ်မိမယ်ရှီရွှမ်ဟာ စကားပြောဆိုရင်းနဲ့ တပည့်တွေအကုန်လုံးကို ဝေ့ကြည့်လိုက်ပါတယ်။ အင်အားကြီးလှတဲ့ ကနဦးဝိညာဉ် ကျင့်ကြံသူရဲ့ အရှိန်အဝါဟာ ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားပါတယ်။

ဒီအရှိန်အဝါကြောင့် တပည့်တွေအားလုံးဟာ ကျောချမ်းသွားကြပါတယ်။ သူတို့ဟာ ချင်မင်ဂိုဏ်းကို ကြောက်ရွံ့နေပေမဲ့လည်း မျက်နှာမှာ မပေါ်အောင် အတက်နိုင်ဆုံး ကြိုးစားထိန်းသိမ်းလိုက်ကြပါတယ်။ ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ သူတို့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး။ သူတို့တွေဟာ ချင်မင်ဂိုဏ်းနဲ့ ရင်ဆိုင်ဖူးတာမို့ အညံခံရင် ဖြစ်လာမဲ့အကျိုးဆက်က ဒီထက်ပိုဆိုးတယ်ဆိုတော့ သူတို့အားလုံး သိကြပါတယ်။

…

သဘာဝကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ မိုးခြိမ်းသံတွေ ဆူညံနေပါတယ်။

ဟန်ကျွယ်က ကောင်းကင်ဒုက္ခကို ဖြတ်ကျော်နေတာ ဖြစ်ပါတယ်။ အရံအတားကြောင့် ကောင်းကငမိုးကြိုးရဲ့ အသံနဲ့ အရှိန်အဝါဟာ အပြင်ဘက်ကို တစ်စက်ကလေးမှ ထွက်မသွားပါဘူး။

ဒီတစ်ခါ ကောင်းကင်ဒုက္ခက ဟန်ကျွယ် အရင်ရင်ဆိုင်ခဲ့ရတဲ့ ကောင်းကင်ဒုက္ခနဲ့ ကွဲပြားပါတယ်။ ဘယ်လိုကွဲပြားတာလဲဆိုတော့ လျှပ်စီးတွေဟာ နဂါးအသွင်ပြောင်းလဲသွားပြီး အစွမ်းကလည်း အရင်ကထပ် ပိုထက်လာပါတယ်။ ဒါပေမဲ့လည်း ဒီမိုးကြိုးတွေဟာ ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံကို ဘယ်လိုမှ ဖြတ်မကျော်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ မိုးကြိုးကြောင့် လိုဏ်ဂူထဲမှာရှိတဲ့ ဆေးပင်တွေ ပျက်ဆီးကုန်မှာစိုးတဲ့အတွက် သူ့စိတ်ဝိညာဉ်ချီကို အသုံးပြုပြီး ဆေးပင်တွေကို ကာကွယ်လိုက်ပါတယ်။ ကံကောင်းတာတစ်ခုက မိုးကြိုးတွေဟာ ဟန်ကျွယ်ကိုပဲ ပစ်ခွင်းတာ ဖြစ်ပါတယ်။

ကောင်းကင်ဒုက္ခကို ဖြတ်ကျော်နေစဉ်အတွင်းမှာ ဟန်ကျွယ်ဟာ အိပ်မက်ဆိုးတွေကို တစ်ခုပြီးတစ်ခု မက်ပါတယ်။ အိပ်မက်ဆိုးတွေက သူ့ဆရာသခင်သေတာ၊ သူ့မိတ်ဆွေတွေသေတာ၊ အရင်ဘဝကို ပြန်ရောက်သွားတာ စသည်ဖြင့် အတော်လေးကို စုံလင်လှပါတယ်။ ဟန်ကျွယ်ဟာ နိုးလာမှပဲ ဒီဟာတွေကို အိပ်မက်ဆိုးမှန်း သိတာပါ။

ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ဟာ ကြံခိုင်သန်မာတဲ့ စိတ်ဓာတ်ရှိတဲ့အတွက် ဒီအိပ်မက်ဆိုးတွေဟာ သူ့ကိုသိပ်ပြီး မသက်ရောက်ပါဘူး။ အတွင်းမိစ္ဆာကတော့ ထွက်ပေါ်လာဖို့တော့ အခွင့်အရေး မရှိလိုက်ပါဘူး။

“ကနဦးဝိညာဉ်ကို ငါ ရအောင် ထိုးဖောက်မယ်!” ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားစွာ တွေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်စဉ်ထဲက လမ်းညွှန်ချက်အတိုင်း သူ့စိတ်ဝိညာဉ်ချီကို ဆက်ပြီးလှည့်ပတ်တဲ့အခါ သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ချီခြောက်မျိုးဟာ ပေါင်းစည်းပြီး ဝဲကတော့တစ်ခု ထပ်မံဖြစ်ပေါ်လာပါတယ်။ ဒီစွမ်းအားတွေဟာ သူ့ရွှေဓာတ်လုံးမှာ စုစည်းသွားတဲ့အခါ ကနဦးဝိညာဉ်ကို ဝိုးတိုးဝါးတား မြင်လာရပါတယ်။ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ်အဆင့်နဲ့ တော်တော်လေး နီးကပ်သွားပါပြီ။

“ဂျူနီယာ မောင်လေး” ချန်ယွီအာရဲ့အသံဟာ လိုဏ်ဂူအပြင်ဘက်ကနေ ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီအသံကို ထင်ယောင်ထင်မှားဖြစ်တာပဲလို့ တွေးမိလိုက်တဲ့အတွက် အရေးလုပ်ခြင်း မရှိပါဘူး။

လိုဏ်ဂူအပြင်ဘက်။

ချန်ယွီအာဟာ အတန်ကြာအောင် အော်ခေါ်ပေမဲ့ ဟန်ကျွယ်က ပြန်မထူးပါဘူး။ ချန်ယွီအာဟာ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ် “အစုတ်ပလုတ် ဂျူနီယာမောင်လေး၊ နင်က ကျင့်ကြံခြင်းကို တော်တော်လေး ရူးသွပ်တာပဲ၊ ဂိုဏ်းက အန္တရာယ်ကြားထဲ ရောက်နေတာတောင် ထွက်မလာချင်ဘူး”

ချန်ယွီအာဟာ တစ်ခဏ တွေးတောလိုက်ပြီး လိုဏ်ဂူအပြင်ဘက်မှာ စောင့်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်လိုဏ်ဂူနဲ့ မနီးမဝေးမှာရှိတဲ့ သစ်ပင်တစ်ပင်ဆီ လျှောက်သွားပြီး တရားထိုင်လိုက်ပါတယ်။

ချင်မင်ဂိုဏ်းက ယွီဂျင်ဂိုဏ်းကို ဒီအရပ်မျက်နှာကနေ တိုက်ခိုက်ခဲ့ရင် ဟန်ကျွယ်ဟာ အရင်ဆုံး ဒုက္ခရောက်မဲ့သူ ဖြစ်ပါတယ် ‘ငါ သူ့ကို ကာကွယ်ရမယ်’

ချန်ယွီအာရဲ့ အစွမ်းနဲ့ ဟန်ကျွယ်ကို ကာကွယ်ဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်။ ဒါပေမဲ့ ကျင့်ကြံရာကနေ ဟန်ကျွယ်ထလာခဲ့ရင် ချန်ယွီအာက သူ့ကို အကြောင်းစုံပြောပြပြီး အတွင်းဂိုဏ်းထဲမှာ ပုန်းနေဖို့ ပြန်ခေါ်သွားမှာပါ။

ဆယ်ရက်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ကနဦးဝိညဉ်အဆင့်ကို ရောက်ရှိသွားပြီး သူ့စိတ်ဝိညာဉ်စွမ်းအားက မိုးပေါ်ထိုးတက်သွားပါတယ်။ ဒါ့အပြင် စိတ်ဝိညာဉ်ချီခြောက်မျိုးဟာ အတူတကွပေါင်းစည်းသွားပြီး စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ်အသစ်တစ်မျိုး ဖြစ်ပေါ်လာပါတယ်။

လမ်းခြောက်သွယ်စိတ်ဝိညာဉ်ချီ!

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိခြင်းအတွက် ဂုဏ်ယူပါသည်၊ သင်သည် ဆန်းကြယ်စွမ်းအားတစ်မျိုးကို ဆုအဖြစ် ရရှိမည်။]

[သင်သည် ဓားလမ်းစဉ်ကို ရွေးချယ်ခဲ့သည်။]

[ဓားတာအို ဆန်းကြယ်စွမ်းအား - ကောင်းကင်ဒဏ်ပေး တစ္ဆေဓားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

‘ဝိုး... ကောင်းကင်ဒဏ်ပေး တစ္ဆေဓားဆိုပါလား... နာမည်က နားထောင်လို့တော့‌ ကောင်းသားပဲ!’

ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားစွာ တွေးလိုက်ပြီး ဆန်းကြယ်စွမ်းအားကို စတင်ဆက်ခံလိုက်ပါတယ်။ ဒီဟာက ဆန်းကြယ်စွမ်းအားဆိုပေမဲ့ ဓားတာအိုဖြစ်တဲ့အတွက် ဟန်ကျွယ်အတွက် သိပ်မခက်ခဲပါဘူး။

ဆန်းကြယ်စွမ်းအားဟာ တစ်ခြားပညာတွေလို လေ့ကျင့်စရာမလိုပါဘူး၊ နားလည် သဘောပေါက်သွားတာနဲ့ ချက်ချင်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ပညာပဲဖြစ်ဖြစ် လေ့ကျင့်ရင်တော့ ပိုကောင်းတာချည်းပါပဲ။

တစ်ချိန်တည်း၌ လိုဏ်ဂူအပြင်ဘက်မှာ။

ချန်ယွီအာဟာ သစ်ပင်အောက်မှာ တရားထိုင်ပြီး ကျင့်ကြံနေပါတယ်။ ချန်ယွီအာဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်လိုဏ်ဂူကို ကြည့်ကာ ရေရွတ်လိုက်ပါတယ် “အစုတ်ပလုတ် ဂျူနီယာ၊ နင်က အခုထိ ထွက်မလာသေးဘူး တော်သေးတယ်... ချင်မင်ဂိုဏ်းက ငါတို့ဂိုဏ်းကို လာမတိုက်သေးလို့”

ချန်ယွီအာဟာ ပြန်သွားဖို့ ထပ်ခါထပ်ခါ တွေးမိပေမဲ့ ဟန်ကျွယ်ထွက်လာတဲ့အချိန်နဲ့ လွဲချော်သွားမှာကို ကြောက်တဲ့အတွက် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်မှာ မျက်စိပြန်မှိတ်လိုက်ပါတယ် ‘ငါက သူ့ကို ကြိုက်နေတာပဲ၊ အချိန်နည်းနည်း ပိုစောင့်ပေးသင့်ပါတယ်လေ’

…

နောက်နေ့မှာ ဟန်ကျွယ်ဟာ ကောင်းကင်ဒဏ်ပေး တစ္ဆေဓားကို အောင်မြင်စွာ အသုံးပြုနိုင်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ကိုယ်ရေးအကျဉ်းကို ဖွင့်လိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း : ၅၀ / ၁၉၆ ]

[ မျိုးနွယ်စု : မော်တယ် ]

[အမည် : ဟန်ကျွယ် ]

[သက်တမ်း :  ၁၁၁/၉၉၈ ]

[မျိုးနွယ်စု : မော်တယ် ]

[ကျင့်ကြံခြင်းအဆင့် : ကနဦးဝိညာဉ် ပထမအဆင့် ]

[ကျင့်စဉ် : ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရသည်) ]

[မှော်ပညာပညာ : ပြိုင်ဘက်ဓါးလက်ချောင်းသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ ပြိုင်ဘက်ကင်း အရိပ်သုံးပါးဓားသိုင်း၊ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ် ]

[ဆန်းကြယ်စွမ်းအား : လမ်းခြောက်သွယ်စုပ်ယူခြင်း၊ ကောင်းကင်ဒဏ်ပေး တစ္ဆေဓား]

[အသုံးအ‌ဆောင် : ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံ (စိတ်ဝိညာဉ်ရတနာ - သတ္တမမြောက်အဆင့်)၊ စကြာဝဠာခါးပတ်၊ ချီလင်ဓား ]

[ကျင့်ကြံခြင်းစွမ်းရည် : စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကံတရားကို အနည်းငယ် ကောင်းစေသည်]

[ကံတရားများမှာ အောက်ပါအတိုင်း ဖြစ်သည်]

[ပြိုင်ဘက်ကင်း စစ်သည်တော် : အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]

[ကံကြမ္မာဓါးရူး : ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]

[ရွေ့လျားခြင်း : ထိပ်တန်း ‌ရွေ့လျားခြင်းသိုင်း ပါရမီ]

[အမတဧကရာဇ် မျိုးဆက် : ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အဆင့်မြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]

[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]

…

ဟန်ကျွယ်ရဲ့ သက်တမ်းက ၉၈၈ နှစ်ထိ အကြီးကြီး ရှည်လျားသွားပါတယ်။ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ် ပထမအဆင့်နဲ့ ဒီလောက်ရောက်နေတာ ဖြစ်တဲ့အတွက် နဝမဆင့်ကို ရောက်ခဲ့မယ်ဆိုရင် ကျိန်းသေပေါက် တစ်ထောင်ကျော်သွားမှာပါ။

ဟန်ကျွယ်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။ သူဟာ လိုဏ်ဂူထဲကနေထွက်ဖို့ မစဉ်းစားပဲ ဆက်ကျင့်ကြံဖို့ ပြင်လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူအပြင်ဘက်မှာ တရားထိုင်နေတဲ့ ချန်ယွီအာကို ရုတ်တရက် ရှာတွေ့သွားပါတယ်။ အရင်တုန်းက ချန်ယွီအာရဲ့ အသံကို သူကြားခဲ့ပေမဲ့ အဲဒီအချိန်တုန်းက သူအဆင့်တက်နေတာမို့ ထင်ထောင်ထင်မှား ဖြစ်တာပဲလို့ သူတွေးခဲ့ပါတယ်။

ဟန်ကျွယ်ဟာ အပြင်မှာ ဘာဖြစ်နေလဲဆိုတာကို စစ်ဆေးရင်းကောင်းမလားလို့ အတွေးဝင်သွားပါတယ်။ ဒါပေမဲ့ ချန်ယွီအာက ကျင့်ကြံအားထုတ်နေတာ ဖြစ်တဲ့အတွက် အရေးမကြီးကိစ္စမဟုတ်ဘူးလို့ ဟန်ကျွယ်က တွေးလိုက်ပါတယ်။

‘သူက ငါ့လိုဏ်ဂူထဲက စိတ်ဝိညာဉ်ချီကို စုပ်ယူချင်နေတာပဲ၊ ဘာပဲဖြစ်ဖြစ် ငါ့လိုဏ်ဂူထဲက ဆေးပင်တွေကို သူစိုက်ခဲ့တာဆိုတော့ သူလေ့ကျင့်ပါစေ’ အဲဒီနောက် ဟန်ကျွယ်ဟာ ချန်ယွီအာကို ဂရုမစိုက်တော့ဘဲ ဆက်ပြီးလေ့ကျင့်ပါတယ်။

…

တစ်နှစ်ကြာပြီးနောက်။

ချန်ယွီအာဟာ မတ်တတ်ရပ်လိုက်ပြီး အဝေးတစ်နေရာကို ကြောက်လန့်တကြား ကြည့်လိုက်ပါတယ်။ မိုးကြိုးတိမ်တိုက်တွေဟာ ယွီဂျင်ဂိုဏ်း တောင်ထိပ် ၁၈ထိပ်ရဲ့ အထက်မှာ‌ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး လျှပ်စီးတွေ ဝင်းလက်နေပါတယ်။

ယွီဂျင်ဂိုဏ်းရဲ့ အနောက်ဘက်မှာ မိစ္ဆာကျင့်ကြံသူတွေဟာ တောအုပ်ထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပါတယ်။ မိစ္ဆာကျင့်ကြံသူ စစ်တပ်ကြီးဟာ ယွီဂျင်ဂိုဏ်းဆီ ပျံသန်းသွားပါတယ်၊ သူတို့ရဲ့ ရောင်ဝါတွေက အမှောင်ထုပင်လယ်ကြီးလို ယွီဂျင်ဂိုဏ်းကို လွှမ်းမိုးလိုက်ပါတယ်။

‘ချင်မင်ဂိုဏ်း ရောက်လာပြီ!’ ချန်ယွီအာဟာ ချက်ချင်းဆိုသလို အလန့်တကြား ဖြစ်သွားပါတယ်။ သူဟာ ဟန်ကျွယ်ကို ခေါ်ချင်ပေမဲ့လည်း ရုတ်တရက်ဝင်လာတဲ့ အတွေးကြောင့် မခေါ်ဖြစ်တော့ပါဘူး ‘ချင်မင်ဂိုဏ်းက တစ်ခြားတစ်ဖက်ကနေ တိုက်ခိုက်နေတာဆိုတော့ ဂျူနီယာဟန်ရဲ့ လိုဏ်ဂူက သူတို့တိုက်ခိုက်မှုရဲ့ အပြင်ဘက်မှာရှိတယ်၊ ဂျူနီယာဟန်ကိုသာ အတွင်းဂိုဏ်းဆီ ငါပြန်ခေါ်သွားရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး’

ချန်ယွီအာဟာ သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် ဓါးပေါ်တက်စီးကာ ကျောက်အေးတောင်ထိပ်ဆီ ပျံသန်းသွားပါတယ်။

သဘာဝကျင့်ကြံခြင်းလိုဏ်ဂူအတွင်း၌။

ဟန်ကျွယ်ဟာ ကျင့်ကြံနေတုန်းမှာပဲ သတိပေးချက်တစ်ခုကို တွေ့လိုက်ရပါတယ်။

[လောလောဆယ်၌ သင်၏ ယွီဂျင်ဂိုဏ်းသည် ချင်မင်ဂိုဏ်း၏ တိုက်ခိုက်မှုကို ခံနေရသည်။]

ဟန်ကျွယ်ဟာ ကြက်သေသေသွားပြီးနောက် သူ့အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်တဲ့အခါမှာ ချင်မင်ဂိုဏ်း၌ ယွီဂျင်ဂိုဏ်း တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။

‘သူတို့တွေ ဘာလို့ ရုတ်တရက်ကြီး စတိုက်ကြတာလဲ?’ ဟန်ကျွယ်ဟာ ကနီဦးဝိညာဉ်အဆင့်ကို ရောက်နေပြီဖြစ်တဲ့အတွက် နဂိုကထက် အများကြီး ပိုစွမ်းလာပါတယ်။ အဲဒါကြောင့် မိစ္ဆာကျင့်ကြံသူတွေကို ကြောက်ရွံ့ပြီး အလန့်တကြားဖြစ်ခြင်း မရှိပါဘူး။ ဒါပေမဲ့ တိုက်ခိုက်မှုက တော်တော်လေး ကြီးမားတဲ့အတွက် သူ ဂရုစိုက်ဖို့တော့ လိုပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းကြီး သွားမကူညီပါဘူး။ အဲဒီအစား အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပြီး ယွီဂျင်ဂိုဏ်းထဲမှာရှိနေတဲ့ လူတွေအကုန်လုံးကို စစ်ဆေးကာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ကို ရှာဖွေလိုက်ပါတယ်။

[တွမ့်ထုံးထျန်: စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပထမအဆင့်၊ ချင်မင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်]

ဝိညာဉ််ဖော်မေးရှင်းအဆင့်! ဟန်ကျွယ်ဟာ ဖိမ့်ဖိမ့်တုန်သွားပါတယ် ‘ကြောက်စရာကြီးပါလား!’ ဟန်ကျွယ်ရဲ့ ပထမဆုံးအကြံက ထွက်ပြေးဖို့ပါ။ ယွီဂျင်ဂိုဏ်းဟာ ဒီကပ်ဘေးကနေ လွတ်မြောက်လမ်း မရှိတော့ပါဘူး။

‘စိတ်ငြိမ်ငြိမ်ထားစမ်း! ငါက အရင်တုန်းကလို မဟုတ်တော့ဘူး၊ ငါက ရွှေဓာတ်လုံးအဆင့်နဲ့ ကနဦးဝိညာဉ်ကို သုတ်သင်နိုင်တဲ့သူပဲ’

ဟန်ကျွယ်ဟာ တွမ့်ထုံးထျန်ရဲ့ အင်အားကို ပထမဆုံး စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မကြာသေးခင်ကမှ သူရရှိထားတဲ့ သရဲနိုင်ဓားကို စမ်းသပ်ချင်တာလည်း ပါပါတယ်။

ဟန်ကျွယ်ရဲ့ သတိတရားဟာ စမ်းသပ်ခြင်းနေရာကို ဝင်ရောက်သွားပြီး မကြာခင်မှာပဲ တိုက်ပွဲစတင်ပါတယ်။ တစ်မိနစ်ကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ သူ့မျက်နှာက ကို့ရိုးကားရား ဖြစ်နေပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

“ဒါပဲလား? ငါက ကိုယ့်ကိုယ်ကို အထင်သေးနေတာပဲ၊ ငါ့မှာ ပြိုင်ဘက်ကင်း ဓားသိုင်းရှိတယ်၊ ငါ့ကျင့်စဉ်ကလည်း အမတဧကရာဇ်ဆီက အမွေရခဲ့တာ၊ ပြီးတော့ ငါ့မှာ စိတ်ဝိညာဉ်ခြောက်သွယ်ခန္ဓာကိုယ် ရှိတယ်၊ အဲဒါအပြင် ဆန်းကြယ်စွမ်းအားလို့ခေါ်တဲ့ နတ်အစွမ်းတွေလည်း ရှိသေးတယ်၊ ငါ့ကိုယ်ငါ သာမန်လူတွေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ”

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ယွီဂျင်ဂိုဏ်း အတွင်းစည်းကို ဦးတည်လိုက်ပါတယ်။

…

တစ်ချိန်တုန်းက စည်ကားသိုက်မြိုက်ခဲ့တဲ့ ယွီဂျင်ဂိုဏ်းအခုအချိန်မှာတော့ ဝရုန်းသုန်းကား ဖြစ်နေပါပြီ။ အတွင်းဂိုဏ်းမြို့ဟာလည်း ပျက်စီးသွားပြီး အလောင်းတွေဟာ နေရာတိုင်းမှာ မြင်မကောင်းအောင် ပြန့်ကျဲနေပါတယ်။ တောင်ထိပ် ၁၈ ထိပ်မှာလည်း တိုက်ပွဲတွေနဲ့ ပြည့်နှက်နေပါတယ်။

“ချောင်ချောင်! ချောင်ချောင်! ထွက်လာပြီး အသေခံစမ်း!” ချန်စန့်ထျန်ရဲ့ ဆရာသခင် ကျန်းခွန်မော့ဟာ လေပေါ်မှာ ဝဲပျံနေပြီး သူမျက်လုံးတွေက ဒေါသကြောင့် သွေးလိုနီရဲနေပါတယ်။ သူ အ‌တော်လေး ဒေါသထွက်နေရတာက ဒီလောက်ကြာတာတောင် ချောင်ချောင်ကို မမြင်တွေ့ရလို့ပါပဲ ‘ဒီကောင်စုတ်က ထွက်ပြေးသွားပြီလား?’

ကျန်းခွန်မော့ဟာ သူ့အငြိုးတွေကို နှစ်အတန်ကြာအောင် မြိုသိပ်ထားခဲ့ရတာပါ။ သူ့အချစ်ရဆုံး တပည့်အတွက် လက်စားချေနိုင်တဲ့ ဒီလိုနေ့မျိုးရောက်လာအောင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့တာပါ။ ဒါပေမဲ့ အခု သူ့ရန်သူကို ရှာမတွေ့တဲ့အတွက် ကျန်းခွန်မော့ ဘယ်လောက်ထိ ဒေါသထွက်နေမလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ကျန်းခွန်းမော့ဟာ ယွီဂျင်ဂိုဏ်းရဲ့ အဓိကတောင်ထိပ်ကို လှမ်းကြည့်လိုက်တဲ့အခါ အဓိကတောင်ထိပ်မှာ မီးလောင်‌နေတာကို တွေ့လိုက်ရပါတယ်။ မီးတောက်မီးလျှံတွေဟာ ကြီးမားလွန်းတဲ့အတွက် ကောင်းကင်ယံထိတောင် ထိုးတက်‌နေပါတယ်။

“ဂိုဏ်းခေါင်းဆောင်က သူတို့ကို မကြာခင်နိုင်တော့မှာပဲ” ကျန်းခွန်မော့ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ ယွီဂျင်ဂိုဏ်း အကြီးအကဲတွေရဲ့ အရှိန်အဝါက တဖြည်းဖြည်း အားနည်းလာတာကို သူ ခံစားမိပါတယ်။ ယွီဂျင်ဂိုဏ်းထဲမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကျင့်ကြံသူကို တားဆီးနိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။

All Chapters