← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅)

ရှောင်ကျင်း ဒုက္ခရောက်နေပြီ

လျူရိုယွီ၏ ချစ်စဖွယ်ကောင်းပြီး အပြစ်ကင်းစင်သော လက်ရှိပုံစံကို မြင်တွေ့လိုက်ရသောအခါ လျန်ထျန်း သည် သူမအား ကျီစားလိုစိတ် ရုတ်တရက် ပေါ်လာခဲ့၏။

ထို့ကြောင့် လျန်ထျန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး နောက်ပြောင်ကျီစားသော မျက်နှာပေးဖြင့် ပြောလိုက်လေသည်။

"ဒါဆိုရင် မင်းက ငါ့အတွက် ဘာလုပ်ပေးသင့်တယ်လို့ ထင်လို့လဲ...။"

"ရှင်..."

လျူရိုယွီ၏ လှပသော မျက်နှာလေးမှာ အကြောင်းပြချက်မရှိဘဲ နီမြန်းသွားခဲ့ရလေသည်။ သူမသည် လက်နှစ်ဖက်ကို ရင်ဘတ်တွင် အသာယှက်ကာ နောက်သို့ ဆုတ်လိုက်ရင်း စကားများ ထစ်အသွားတော့ သည်။

"ကျွန်မ... ကျွန်မ...။"

ထိုမြင်ကွင်းကို ကြည့်ကာ လျန်ထျန်းက အားရပါးရ ရယ်မောလိုက်ပြီး၊

"မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါဦး...၊ ခုနကတော့ ကယ်တင်ပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို ပေးအပ်ပါ့မယ်ဆို...။"

"မင်းကိုကြည့်ရတာ မြှူဆွယ်တဲ့နေရာမှာ တကယ်ကို ညံ့ဖျင်းပုံရတယ်...။ မင်းမှာ ရှိသမျှ သတ္တိတွေကို စုစည်းလိုက်ရင်တောင်မှ နောက်ဆုံးအဆင့်အထိ လှမ်းတက်နိုင်မှာ မဟုတ်ဘူး မဟုတ်လား...။"

ထိုစကားကို ကြားသောအခါ လျူရိုယွီ၏ မျက်နှာလေးမှာ သွေးစို့နေသော ပန်းသီးနီလေးအလား ပို၍ပင် နီမြန်းသွားကာ နှုတ်ခမ်းကို တင်းတင်းကိုက်လျက် ဘာမှ ပြန်မပြောတော့ပေ။

လျန်ထျန်းသည် အတိုင်းအတာတစ်ခုအထိ ကျီစားပြီးနောက် ရယ်မောနေသည်ကို ရပ်တန့်ကာ​လေးနက် တည်ကြည်သော လေသံဖြင့် ပြန်လည်ပြောဆိုလိုက်လေသည်။

"ကောင်းပါပြီ... ဒီလိုပဲ လုပ်ကြရအောင်...။ တကယ်လို့ ထိုက်ကျောက်က မင်းကို ထပ်ပြီး ဆက်သွယ် လာပြီး ငါ့ဆီကနေ တစ်ခုခု သိခဲ့ရပြီလားလို့ မေးလာရင် မင်းအနေနဲ့ ဒီအတိုင်းပဲ ပြောလိုက်ပါ...။"

...

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် လျူရိုယွီသည် ထိုက်ကျောက်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့လေ သည်။

"ဟဲ... ဟဲ... ရိုယွီ...၊ မနေ့ညက မစ္စတာလျန်နဲ့ အတူရှိခဲ့တာ ဘယ်လိုလဲ...။ ငါ ပြောထားတာတွေကိုတော့ မမေ့ဘူးမလား...။"

လျူရိုယွီက တည်ငြိမ်သော လေသံဖြင့် ပြန်ဖြေလိုက်လေသည်။

"ရှင် သိချင်နေတာတွေကို ကျွန်မ အကုန် စုံစမ်းပြီးပါပြီ...။"

ထိုစကားကို ကြားလိုက်ရသည့်အခါ ဖုန်း၏ အခြားတစ်ဖက်ရှိ ထိုက်ကျောက်မှာ ချက်ချင်းပင် စိတ်လှုပ် ရှားသွားခဲ့လေသည်။

"ချစ်လေးရာ...၊ ငါ မင်းကို အကဲခတ် မမှားဘူးဆိုတာ ငါ သိသားပဲ...။ ဘယ်ယောက်ျားမှ မင်းရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ပါဘူး...။ ကဲ... ပြောစမ်းပါဦး... ဘာတွေ သိခဲ့ရလဲ...။"

လျူရိုယွီ၏ အသံမှာ တည်ငြိမ်အေးဆေးနေဆဲပင် ဖြစ်၏။

"ကျွန်မ သိလာတာတွေကို ရှင် သိချင်တယ်ဆိုရင် ကျွန်မရဲ့ မိဘတွေကို အရင်ဆုံး လွှတ်ပေးပါ...။ အဲဒီ ကျမှ ကျွန်မ ရှင့်ကို ပြောပြမယ်...။"

ထိုက်ကျောက်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သဘောတူ လိုက်လေသည်။

"ကောင်းပြီလေ... မင်း ငါ့ကို လှည့်စားဖို့တော့ မကြိုးစားနဲ့ပေါ့...။ မဟုတ်ရင် ငါ သူတို့ကို လွှတ်ပေးနိုင် သလိုပဲ ပြန်ဖမ်းဖို့ကလည်း လွယ်လွယ်လေးပဲ...။ ပြီးတော့ မင်းတို့ရဲ့ အိမ်ကိစ္စကိုလည်း သတိထားဦး... အဲဒီအိမ် ရှိမရှိ ဆိုတာက ငါ့ရဲ့ စကားပေါ်မှာပဲ မူတည်နေတာ...။ ကဲ... အခုတော့ ပြောလို့ရပြီမလား...။"

လျူရိုယွီက တည်ငြိမ်စွာပင် ပြောလိုက်လေသည်။

"မစ္စတာလျန်က တကယ့်ကို အင်အားကြီးတဲ့ နောက်ခံရှိတဲ့သူ တစ်ယောက်ပါ...။ သူ့ရဲ့ နောက်ကွယ်က အင်အားစုက အက်စ်မြို့တော် မှာ ရှိနေတာလေ...။"

ထိုစကားကို ကြားသောအခါ ထိုက်ကျောက်က မောက်မာစွာ ပြုံးလိုက်လေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ...။ အက်စ်မြို့တော် ဆိုတာက ပထမတန်းစား မြို့ကြီးတစ်မြို့ပဲ မဟုတ် လား...။ သည်လောက်အထိ ငွေကြေးအင်အား တောင့်တင်းတဲ့သူမျိုးက အက်စ်မြို့တော် ပြင်ပမှာ ရှိနေတဲ့ အင်အားစုတစ်ခုနဲ့ ပတ်သက်နေမှသာ ဖြစ်နိုင်မှာလေ...။ နောက်ထပ်ကော ဘာရှိသေးလဲ...။ သူ့နောက်ကွယ်က ဘယ်ကုမ္ပဏီလဲဆိုတာ သိခဲ့ရလား...။"

လျူရိုယွီသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တစ်လုံးချင်း ပြန်ဖြေလိုက်၏။

"ရှီမိသားစု ရဲ့ ထိန်လုံအုပ်စု ပါပဲ...။"

ထိုက်ကျောက်သည် အတွေးနက်သွားဟန်ဖြင့်၊

"ထိန်လုံအုပ်စု... အာ...၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ပုံစံပြောင်းလိုက်တဲ့ ကုမ္ပဏီဟောင်းကြီးပဲ...။ အခုဆိုရင် သူ့ရဲ့ ဈေးကွက်တန်ဖိုးက ယွမ်နှစ်သိန်း သုံးသိန်းလောက် ရှိမှာလေ...။ ဒီလောက် အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုက ရင်းနှီးမြှုပ်နှံဖို့အတွက် ယွမ်တစ်သောင်းလောက် လက်ငင်း ငွေသား ထုတ်သုံးတယ်ဆိုတာက ဖြစ်နိုင်ပါတယ်...။ ဒါပေမဲ့...။"

ခေတ္တမျှ ရပ်နားပြီးနောက် ထိုက်ကျောက်က ထပ်မံ မေးမြန်းလိုက်လေသည်။

"ဒီလျန်ဆိုတဲ့ ကောင်က ထိန်လုံအုပ်စုမှာ ဘယ်လို ရာထူးမျိုး ရထားတာလဲ...။ ဒီလောက် များပြားတဲ့ အရင်းအနှီးတွေကို သုံးနိုင်တယ်ဆိုတော့ သူက မရိုးရှင်းဘူး ထင်တယ်...။ သူ့ရဲ့ တကယ့် အထောက် အထားကို ငါ သိဖို့ လိုအပ်တယ်...။ မင်း သိခဲ့ရလား...။"

လျူရိုယွီ၏ အဖြေမှာ ပြတ်သားလှပေသည်။

"မသိရသေးပါဘူး...။ ဒါပေမဲ့ ကျွန်မရဲ့ မိဘတွေ လွတ်လာတာကို မြင်ရပြီဆိုရင်တော့ ကျွန်မ ဆက်ပြီး စုံစမ်းပေးနိုင်ပါတယ်...။"

ယခုတစ်ကြိမ်တွင်မူ အခြေအနေများမှာ အလွန်ပင် ချောမွေ့နေခဲ့သည်။

"ကောင်းပြီ... ပြဿနာ မရှိဘူး...။ မင်းသာ အမှန်တရားကို သိအောင် ကူညီပေးနိုင်မယ်ဆိုရင် မင်းနဲ့ မင်းရဲ့ မိသားစုကို ဒုက္ခမပေးတော့ရုံတင်မကဘူး...။ မင်းကို ပိုက်ဆံအမြောက်အမြားလည်း ပေးဦးမှာ ပါ...။"

"ယွမ်တစ်ဆယ်လောက်ဆိုရင်ကော ဘယ်လိုလဲ...။ မင်းတို့လို သာမန်လူတွေအတွက်တော့ တစ်ဘဝလုံး အေးဆေး နေနိုင်ဖို့ လုံလောက်ပါတယ်...။ ဒါပေါ့... အကယ်၍ မင်းက တစ်နေ့နေ့မှာ ငါနဲ့အတူ ပျော်ပါးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ ငါ ပိုပေးမှာပေါ့...။ ဟဲ... ဟဲ...။"

အတိတ်ကာလက ဆိုလျှင် ယွမ်တစ်ဆယ် ဆိုသည်မှာ လျူရိုယွီအတွက် များပြားလှသော ပမာဏ ဖြစ်ပေလိမ့်မည်။

သို့သော် လျန်ထျန်းက သူမထံသို့ ယွမ်တစ်ရာ လွှဲပေးခဲ့ပြီးကတည်းက ထိုက်ကျောက်က သူမအား ယွမ်တစ်ဆယ်ဖြင့် မြှူဆွယ်နေသည်ကို ကြားလိုက်ရသည့်အခါ လျူရိုယွီမှာ ရယ်ပင် ရယ်ချင်သွား ရလေသည်။

သို့သော်လည်း လျူရိုယွီမှာ တကယ်တမ်း မရယ်မောခဲ့ဘဲ နှုတ်ခမ်းကို အသာအယာ စေ့လျက် အေးစက် သော အပြုံးတစ်ခုကိုသာ ပြသကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ကျွန်မရဲ့ မိဘတွေကိုသာ အမြန်ဆုံး လွှတ်ပေးလိုက်ပါ...။ ပြီးမှ ကျွန်မဆီက သတင်းကို စောင့်နေ လိုက်...။"

ထို့နောက် သူမသည် ဖုန်းကို ချပစ်လိုက်လေသည်။

လျူရိုယွီက ဖုန်းချသွားသော်လည်း ထိုက်ကျောက်ကမူ ဒေါသထွက်ခြင်း မရှိပေ။ သူသည် ဖုန်းကို ချထားလိုက်ပြီး ဝိုင်နီတစ်ခွက်ကို ယူကာ အသာအယာ တစ်ငုံသောက်ရင်း ကျေနပ်စွာ ပြုံးလိုက်၏။

"အခုတော့ ငါ စိတ်အေးသွားရပြီ...။ မန်နေဂျာရှုံ့ စုံစမ်းထားတဲ့ ဒီကောင်လေးက အစားအသောက် ပို့ဆောင်ရေးကို အကာအကွယ်အနေနဲ့ သုံးပြီး အိတ်ချ် မြို့တော် တစ်ခုလုံးမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ် နေတာပဲ...။ လျူရိုယွီကလည်း သူ့မှာ တကယ့် အင်အားကြီး နောက်ခံရှိတယ်ဆိုတာကို ဝန်ခံအောင် လုပ်နိုင်ခဲ့ပြီဆိုတော့...။"

"ယွမ်တစ်သောင်း ရင်းနှီးမြှုပ်နှံဖို့ဆိုတာက ပြဿနာ မရှိနိုင်တော့ဘူး... ။အခု ငါ လုပ်ရမှာက စာချုပ် ချုပ်ဖို့နဲ့ ပိုက်ဆံရောက်လာဖို့ကို စောင့်နေဖို့ပဲ...။ အဲဒီကျရင် ငါ့ရဲ့ အစ်ကိုကြီးက ငါ့ကို ဘယ်လိုများ ယှဉ်ပြိုင်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့...။ ဟား... ဟား... ဟား...။"

ထိုက်ကျောက်က အရာအားလုံးကို သူ ထိန်းချုပ်ထားနိုင်ပြီဟု ထင်မှတ်နေသည့် အချိန်မှာပင်...။

တစ်ဖက်တွင်မူ လျန်ထျန်းသည် ပိုက်ဆံရှာရန် အခွင့်အရေးမှန်သမျှကို အရယူကာ အစားအသောက် များကို ကြိုးစားပမ်းစား ပို့ဆောင်နေဆဲ ဖြစ်သကဲ့သို့ အိတ်ချ် မြို့တော်ရှိ စီးပွားရေးလုပ်ငန်း အမျိုး မျိုးတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များအသင်း သို့လည်း ဝင်ရောက်ခဲ့လေသည်။

မကြာမီမှာပင် လျန်ထျန်းသည် အိတ်ချ် မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်း တွင် လူသိများလာ ခဲ့ပြီး အက်စ်မြို့တော် မှ အလွန်ချမ်းသာကြွယ်ဝသော မစ္စတာလျန် ရောက်ရှိနေသည်ကို စီးပွားရေး သမား အမြောက်အမြား သိရှိသွားကြလေသည်။

မစ္စတာလျန်နှင့် ဆက်သွယ်မှု ရရှိသူမှန်သမျှမှာ ကြီးမားသော ဘဏ္ဍာရေး အထောက်အပံ့များကို ရရှိနိုင်ကြသဖြင့် ကုမ္ပဏီအမြောက်အမြားမှာလည်း ပြန်လည် နိုးထလာခဲ့ကြပြီ ဖြစ်သည်။

ထိုနေ့တွင် လျန်ထျန်းသည် အချိန်ကို တွက်ချက်ကြည့်ရာ တစ်လနီးပါးပင် ရှိတော့မည် ဖြစ်၏။

"နောက်ထပ် သုံးရက်ပဲ လိုတော့တယ်...။ အရာအားလုံးက အဆင်သင့် ဖြစ်နေပြီပဲ...။ မနက်ဖြန် ကျရင် စကြတာပေါ့...။"

သူသည် ဆုံးဖြတ်ချက် ချမှတ်ပြီးသည့်တိုင် အနားမယူသေးပေ။ သူသည် အစားအသောက် ပို့ဆောင်သူ ဝတ်စုံကို ဝတ်ဆင်ကာ သူ၏ လျှပ်စစ်စကူတာကို မောင်းနင်းလျက် အစားအသောက်များကို ပို့ဆောင် ရန် အပြင်သို့ ထွက်လာခဲ့လေသည်။

သို့သော် သူ၏ နံနက်ပိုင်း အလုပ်များကို အပြီးသတ်ကာ နေ့လယ်စာ အမြန်စားပြီး အလုပ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဖခင်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့လေသည်။

ဖုန်းဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ဖခင်ဖြစ်သူ၏ စိုးရိမ်တကြီး ဖြစ်နေသော အသံကို ကြားလိုက် ရသည်...၊

"သား... ဒုက္ခတွေတော့ ရောက်ကုန်ပါပြီ...။ အခု ရှောင်ကျင်းရဲ့ ကျောင်းကို လာဖို့ အချိန်ရလား...။"

သူ၏ ဖခင်၏ စိုးရိမ်တကြီး အသံကို ကြားလိုက်ရသည့်အခါ ရှောင်ကျင်း တစ်ခုခု ဖြစ်နေပြီဆိုသည်ကို လျန်ထျန်း သိလိုက်လေသည်။

သူ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရလေ၏။ သူသည် ဖခင်ဖြစ်သူအား အမြန်လာခဲ့မည်ဟု ကတိပေးလိုက် ပြီးနောက် သူ၏ လျှပ်စစ်စကူတာကို ယခင်က အမှာစာများ နောက်ကျနေသည့် အချိန်ထက်ပင် ပိုမို မြန်ဆန်စွာ မောင်းနှင်၍ ထွက်ခွာလာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် ရှောင်ကျင်း တက်ရောက်နေသော အိတ်ချ် မြို့တော် အမှတ် (၂) စမ်းသပ် အခြေခံမူလတန်းကျောင်း ၌...၊

၎င်းမှာ ကျောင်းသားများ ကျောင်းဆင်း၍ အိမ်ပြန်ကြသည့် နေ့လယ်စာ စားချိန် ဖြစ်၏။ ကျောင်းတံခါးဝ တွင် ကလေးများကို လာရောက်ကြိုဆိုကြသော မာစီးဒီး၊ အော်ဒီ နှင့် ဘီအမ်ဒဗလျူ ကဲ့သို့သော ကားအ ကောင်းစားကြီးများစွာမှာ စီတန်းလျက် ရှိနေကြသည်။

၎င်းတို့နှင့် နှိုင်းယှဉ်လျှင် အစားအသောက် ပို့ဆောင်သည့် လျှပ်စစ်စကူတာကို စီးနင်းလာသော လျန်သရှန်း မှာမူ အနည်းငယ် နွမ်းပါးလှသည်ဟု ထင်ရသော်လည်း သူသည် လွန်ခဲ့သော နှစ်အနည်း ငယ်အတွင်း ရှောင်ကျင်းကို ဤအတိုင်းပင် ကျောင်းအကြိုအပို့ လုပ်ခဲ့ခြင်း ဖြစ်လေသည်။

ရှောင်ကျင်းမှာ ယခုနှစ်တွင် ဒုတိယတန်း တက်ရောက်နေပြီး အတန်း (၃) မှ ဖြစ်လေ၏။

ပုံမှန်အားဖြင့် ကျောင်းဆင်းချိန်တွင် ကျောင်းသားများမှာ တန်းစီ၍ ထွက်လာကြပြီးနောက် လူစုခွဲသွား ကြသည် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ အတန်း (၃) တန်းစီဇယားတွင် လူအချို့မှာ လူစုမခွဲသေး ဘဲ ကျန်ရှိနေသေးသည်။ ၎င်းတို့မှာ အတန်းပိုင်ဆရာမနှင့် ကျောင်းသားနှစ်ဦး ဖြစ်လေသည်။

ထို့နောက် ရိုးသားပြီး စိုးရိမ်ထိတ်လန့်နေပုံရသော လျန်သရှန်း ရှိနေကာ သူ၏ မျက်နှာချင်းဆိုင်တွင်မူ အသက်သုံးဆယ်ကျော်ခန့် ရှိပြီး စတိုင်လ်ကျကျ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိနေလေသည်။

ကျောင်းသားနှစ်ဦးမှာ မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးတစ်ဦး ဖြစ်၏။ မိန်းကလေးမှာ ရှောင်ကျင်း ဖြစ်ပြီး ယောက်ျားလေးမှာမူ အနည်းငယ် ဝဖြိုးသော ကောင်လေးတစ်ဦးဖြစ်၏။

အတန်းပိုင်ဆရာမမှာ အသက် (၂၅) ၊ (၂၆) ခန့်သာ ရှိဦးမည်ဖြစ်ပြီး ဆံပင်ရှည် ကောက်ကောက်လေး များဖြင့် အတော်ပင် လှပသူတစ်ဦး ဖြစ်၏။

သို့သော် သူမ၏ လှပသော ရုပ်ရည်ကို ကြည့်၍ အထင်မသေးသင့်ပေ...။ သူမသည် တစ်စုံတစ်ဦးကို ဆုံးမဩဝါဒ ပေးနေသည့်အခါတွင် အရှိန်အဝါ အတော်ပင် ရှိလှပေသည်။ သူမသည် လျန်သရှန်းကို အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်...၊

"ရှင်က ရှောင်ကျင်းရဲ့ ဦးလေးလို့ ပြောတယ် မဟုတ်လား...။ ရှင့်အနေနဲ့ ကလေးကို ဘယ်လိုများ ပြုစု ပျိုးထောင်ထားလို့လဲ...။ ကျောင်းမှာ ကလေးတစ်ယောက် အမှားလုပ်မိရင် မိဘတွေမှာ အဓိက တာဝန် ရှိတယ်ဆိုတာ ရှင် နားမလည်ဘူးလား...။"

ထို့နောက် ချက်ချင်းပင် အတန်းပိုင်ဆရာမသည် အသက်သုံးဆယ်ကျော် အမျိုးသမီးဘက်သို့ လှည့်ကာ သူမ၏ မျက်နှာကို ဖားသည့် အမူအရာသို့ ချက်ချင်း ပြောင်းလဲလိုက်လေသည်...။

"ရှန့်ရှန့်မေမေ...၊ ကျွန်မတို့ဘက်ကလည်း ကြီးကြပ်ကွပ်ကဲတဲ့ နေရာမှာ အားနည်းချက်အချို့ ရှိခဲ့ပါ တယ်...။ ဒါပေမဲ့ သူတို့ဘက်က တာဝန်က ပိုကြီးတာမို့...။"

အခန်း (၁၀၆)

ခင်ဗျားအမျိုးသားက တကယ်ပဲ စွမ်းဆောင်ရည် ရှိတာလား...

လျန်ထျန်းသည် သူ၏ လျှပ်စစ်စကူတာကို စီးနင်းလျက် ရောက်ရှိလာသောအခါ အသက်နှစ်ဆယ် ကျော်အရွယ် အမျိုးသမီးတစ်ဦးက လျန်သရှန်းကို ပြင်းထန်စွာ ဆူပူကြိမ်းမောင်းနေသည်ကို တွေ့ လိုက်ရလေသည်။

အသက်အရွယ် ရနေပြီဖြစ်သော ဖခင်ဖြစ်သူမှာ ခေါင်းမဖော်နိုင်အောင် အဆူခံနေရသည်ကို မြင်ရ သဖြင့် လျန်ထျန်းသည် အနားသို့ အမြန်သွားကာ မေးလိုက်လေသည်။

"ကျွန်တော်က ရှောင်ကျင်းရဲ့ အစ်ကိုပါ... ဘာများ ဖြစ်လို့လဲမသိဘူး...။"

လှပသော အတန်းပိုင်ဆရာမသည် လျန်သရှန်းကို ဆူပူနေသည်ကို ခေတ္တရပ်တန့်ကာ လျန်ထျန်းကို လှမ်းကြည့်လိုက်လေ၏။

လျန်ထျန်းသည်လည်း လျန်သရှန်းကဲ့သို့ပင် အစားအသောက် ပို့ဆောင်သူ ဝတ်စုံကို ဝတ်ဆင်ထားပြီး လျှပ်စစ်စကူတာကို စီးနင်းလာသည်ကို တွေ့လိုက်ရသည့်အခါ သူမ၏ မျက်ဝန်းများအတွင်း၌ နှိမ်ချ ဆက်ဆံလိုသော အရိပ်အယောင်များ ချက်ချင်း ပြည့်နှက်သွားလေသည်။

"တစ်မိသားစုလုံးက အစားအသောက် ပို့ဆောင်သူတွေလား...။ ဒါကြောင့်လည်း ရှင့်တို့ ကလေးက ဒီလောက်အထိ ရိုင်းစိုင်းနေတာပေါ့...။"

"တစ်နေ့လုံး အစားအသောက် လိုက်ပို့နေရုံနဲ့တင် အချိန်ကုန်နေကြတာဆိုတော့ ကလေးကို ဘယ်လို ဆုံးမရမလဲဆိုတာကော သိကြရဲ့လား...။ ရှင့်တို့ မိသားစုက မျိုးရိုးအလိုက် ဒီလို အောက်ခြေအလုပ် တွေကိုပဲ လုပ်နိုင်ကြတာ မဆန်းပါဘူး...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် မျက်မှောင်ကြုတ်လိုက်မိသော်လည်း ချက်ချင်း ပြန်လည် မချေပသေးဘဲ သူ၏ ဘေးရှိ ရှောင်ကျင်းကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်လေသည်။

"ရှောင်ကျင်း... ဘာဖြစ်တာလဲ...၊ သမီး ဘာဖြစ်သွားသေးလဲ...။"

မိန်းကလေးငယ်မှာ ပါးစပ်ဟလိုက်သည်နှင့် ဝမ်းနည်းပူဆွေးမှုကြောင့် အသံများ တုန်ရီလာတော့သည်။

"သမီး... သမီး ဘာမှမလုပ်ပါဘူး...။ သူက သူ့ဘာသာသူ လဲကျသွားတာကို သမီးတွန်းတာဆိုပြီး အတင်း ပြောနေတာ...။ ပြီးတော့ သမီးကိုလည်း ရိုက်တယ်...။"

မိန်းကလေးငယ်၏ လေသံမှာ နာကျည်းမှုများ ပြည့်နှက်နေပြီး ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ စီးကျနေခဲ့သည်။

ထိုအချိန်တွင် လျန်ထျန်းသည် ရှောင်ကျင်း၏ နဖူးပေါ်ရှိ ညိုမည်းနေသော ဒဏ်ရာကို သတိထားမိ လိုက်လေသည်...။ ၎င်းမှာ အသေအချာပင် အရိုက်ခံထားရခြင်း ဖြစ်ပေသည်။

သို့သော် လျန်ထျန်း တစ်စုံတစ်ခု မပြောရသေးမီမှာပင် အသက်သုံးဆယ်ကျော် အမျိုးသမီးမှာ လက်ညိုး ထိုးကာ ဆဲရေးလျက် အနားသို့ ရောက်ရှိလာလေတော့သည်...။

"ဒီမိဘမဲ့မလေးက ကျွန်မသားကို တွန်းပြီးတော့ ဝန်မခံဘူး...။"

"သားလေး... မေမေ သူ့ကို ဖမ်းထားပေးမယ်...။ သား စိတ်ကြိုက် ပြန်ရိုက်လိုက်စမ်း...။ ခုနက ရိုက်တာ နည်းလွန်းသေးတယ် ထင်တယ်...။"

ပြောပြောဆိုဆိုနှင့်ပင် ထိုအမျိုးသမီးသည် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ပြင်လိုက်လေသည်...။

လျန်ထျန်းနှင့် လျန်သရှန်းတို့သည် ရှောင်ကျင်းကို အမြန်ကာကွယ်လိုက်ကြပြီး လျန်သရှန်းက မိမိကိုယ် မိမိ အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်လေသည်။

"ငါ နောက်ကျသွားလို့ ရှောင်ကျင်း အရိုက်ခံလိုက်ရတာပဲ...။ သားလေး... အဖေကတော့ စွမ်းဆောင်ရည် မရှိပါဘူး...။ ဒါပေမဲ့ သားမှာတော့ ရှိပါတယ်...။ ရှောင်ကျင်းအတွက် တရားမျှတမှု ရအောင် လုပ်ပေးပါ ဦး...။"

ထိုစကားကို ကြားသောအခါ ထိုအမျိုးသမီးက အေးစက်စွာ လှောင်ရယ်လိုက်လေ၏...

"ရှင့်သားက ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာရှင်လို့ ပြောခဲ့သေးတယ် မဟုတ်လား...။ အခုကြည့်တော့လည်း ရှင့်လိုပဲ အောက်တန်းစား အစားအသောက် ပို့ဆောင်သူ တစ်ယောက်ပါပဲလား...။"

"စွမ်းဆောင်ရည်လည်း မရှိဘဲနဲ့ ကြွားဝါချင်နေကြတာ...။ တစ်မိသားစုလုံးမှာ လူကောင်းဆိုလို့ တစ်ယောက်မှ မရှိဘူး...။"

လျန်ထျန်းက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်...၊

"အမှန်တရားအတိုင်းပဲ ပြောကြရအောင်...။ ကလေးချင်း နားလည်မှု လွဲတာနဲ့ မိသားစုရဲ့ စွမ်းဆောင် ရည်က ဘာဆိုင်လို့လဲ...။"

"ဒါ့အပြင် ကျွန်တော် ခုနက မေးပြီးပြီ...။ ခင်ဗျား သားက သူ့ဘာသာသူ လဲကျတာပါ...၊ ကျွန်တော့်ညီမနဲ့ ဘာမှမဆိုင်ဘူး...။"

ထိုအမျိုးသမီးက ထပ်မံ လှောင်ပြောင်လိုက်ပြန်လေသည်...၊

"ရှင်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ...၊ နံစော်နေတဲ့ အစားအသောက် ပို့ဆောင်သူ တစ်ယောက်ကများ...။"

လျန်ထျန်းက အသံကို နှိမ့်ကာ ပြောလိုက်လေသည်..၊

"အမှန်တရားအတိုင်းပဲ ပြောပါလို့ ကျွန်တော် ပြောနေတယ် မဟုတ်လား...။ ကျွန်တော်က အစားအ သောက် ပို့ဆောင်သူ ဖြစ်နေတာနဲ့ ဘာဆိုင်လို့လဲ...။"

"တကယ်လို့ ကျွန်တော်တို့ဘက်က မှားခဲ့ရင် ခင်ဗျားကို အသေအချာ တောင်းပန်မှာပါ...။ ဒါပေမဲ့ အခုက ကျွန်တော်တို့မှာ အပြစ်မရှိပါဘူး...။ ခင်ဗျားက ကျွန်တော်တို့ကို အကွက်ဆင်နေယုံတင်မကတော့ဘူး…၊ ရှောင်ကျင်း ကိုပါ ရိုက်ခဲ့သေးတာလေ...။"

ထိုအမျိုးသမီး၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး လျန်ထျန်း၏ နှာခေါင်းကို လက်ညိုးထိုးလျက် အော်ဟစ်လေတော့သည်...။

"နံစော်နေတဲ့ ကောင်လေး...၊ ငါက မင်းကို အလျေ့ာပေးလွန်းမိသွားတယ် ထင်တယ်...။"

"ငါ့အမျိုးသားက ဘယ်သူလဲဆိုတာ မင်း သိရဲ့လား...။ သူ စကားတစ်ခွန်း ပြောလိုက်တာနဲ့ မင်းကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်နိုင်တယ်ဆိုတာ မှတ်ထားလိုက်စမ်း...။"

လေထုမှာ ပိုမို တင်းမာလာသည်ကို မြင်သောအခါ ဘေးရှိ လှပသော အတန်းပိုင်ဆရာမက လျန်ထျန်းကို အသာဆွဲထုတ်ကာ တိုးတိုးလေး ပြောလိုက်လေ၏...။

"ရှန့်ရှန့်မေမေရဲ့ အမျိုးသားက ဘန်တလေ ကားကို စီးတဲ့ သူဌေးကြီးပဲ...။ ရှင့်အနေနဲ့ အလိုက်သိပြီး ပြဿနာ မရှာတာက ပိုကောင်းလိမ့်မယ်...။"

"အမြန် တောင်းပန်လိုက်ပါ...။ ဒါဆိုရင် သည်ကိစ္စက ပြေလည်သွားနိုင်တယ်...၊ မဟုတ်ရင်တော့ ရှင် တကယ်ပဲ ဒုက္ခရောက်လိမ့်မယ်...။"

လျန်ထျန်းက သူမကို အံ့အားသင့်စွာ ကြည့်လျက်...၊

"ခင်ဗျားက ဆရာမတစ်ယောက် မဟုတ်ဘူးလား...။ ဘာလို့ ဒီလောက်အထိ မတရား ဖြစ်နေရတာ လဲ...။"

"ခင်ဗျားက အဖြစ်အပျက်ကို သေချာ စုံစမ်းပြီးပြီလား...။ ကျွန်တော့်ကို တောင်းပန်ခိုင်းနေတာလား...၊ ကျောင်းကောင်းကောင်း တက်ရဖို့ဆိုတာက အင်အားကြီးတဲ့ မိသားစု နောက်ခံရှိမှ...။ အထူးအခွင့်အ ရေးရမှ ဖြစ်မယ်လို့ ခင်ဗျား ထင်နေတာလား...။"

"ဒီနေရာက ကျောင်းလား...။ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းလား...။"

လျန်ထျန်း၏ စကားကို ကြားသောအခါ အတန်းပိုင်ဆရာမမှာ မျက်လုံးလှန်ကြည့်လျက် လှောင်ပြောင် သော အမူအရာဖြင့် ပြောလိုက်လေသည်...။

"ရှင်က ကျွန်မရဲ့ စေတနာကို နားမလည်ပါလား...။ ရှင့်ကြည့်ရတာ ရုပ်လေးသနားကမားလေးနဲ့မို့လို့သာ ကျွန်မက အကြံပေးနေတာလေ...။"

"ထားလိုက်ပါတော့...။ ရုပ်ရည်က ထမင်းမကျွေးနိုင်ဘူးဆိုတာ ကျွန်မ သိပါတယ်...။ နောက်ကျလို့ ဒုက္ခရောက်လာရင်တော့ ကျွန်မ သတိမပေးခဲ့ဘူးလို့ အပြစ်မတင်နဲ့ပေါ့...။"

"အမှန်အတိုင်း ပြောရရင် သူတို့မျက်လုံးထဲမှာတော့ ရှင့်လို အစားအသောက် ပို့ဆောင်သူက သူတောင်း စားထက်တောင် နိမ့်ကျသေးတယ်...။ ရှင့်ကို အလုပ်က ထုတ်ပစ်မယ်လို့ ပြောနေတာက နောက်ပြောင် နေတာ မဟုတ်ဘူးနော်...။"

လျန်ထျန်းသည် မသိစိတ်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ခေါင်းငြိမ့်ပြကာ ထိုအမျိုး သမီးကို ပြန်ကြည့်လိုက်လေသည်...

"ခင်ဗျားအမျိုးသားက တကယ်ပဲ စွမ်းဆောင်ရည် ရှိတာလား...။ ဒါပေမဲ့ ခင်ဗျားအမျိုးသားက ဘယ် လောက်ပဲ စွမ်းစွမ်း...။ ကျွန်တော်ကတော့ အဆုံးထိ ရင်ဆိုင်သွားမှာပဲ...။"

ထိုစကားကို ကြားသောအခါ ထိုအမျိုးသမီးမှာ လုံးဝ ဒေါသထွက်သွားပြီး စူးရှသောအသံဖြင့် အော်ဟစ် လေတော့သည်...။

"ကောင်းပြီလေ... ကြည့်ကြသေးတာပေါ့...။ ငါ အခုပဲ ငါ့အမျိုးသားကို ဖုန်းခေါ်ပြီး မင်းကို ဒုက္ခိတဖြစ် အောင် လုပ်ခိုင်းလိုက်မယ်...။"

ပြောပြောဆိုဆိုနှင့်ပင် ထိုအမျိုးသမီးမှာ ဖုန်းထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်လေသည်...။

တစ်ချိန်တည်းမှာပင် လျန်ထျန်းသည်လည်း သူ၏ ဖုန်းကို ထုတ်ကာ အဆက်အသွယ်များထဲတွင် လိုက်လံ ရှာဖွေနေခဲ့လေ၏...။

ဘေးရှိ အတန်းပိုင်ဆရာမက သက်ပြင်းချလျက်၊

"အစားအသောက် ပို့ဆောင်သူတစ်ယောက်ကများ ဘာတွေ ဟန်ဆောင်နေတာလဲ...။ အခုတော့ ကြည့် စမ်း...။ ဒူးထောက်ပြီး တောင်းပန်ရတော့မှာပဲ...။"

လျန်ထျန်းက ထိုစကားကို ကြားသော်လည်း ဘာမှ မတုံ့ပြန်ပဲ ရင်ထဲတွင်သာ ရယ်မောလိုက်ပြီး နံပါတ် တစ်ခုကို နှိပ်လိုက်လေတော့သည်...။

ဆယ်မိနစ်ကျော်ခန့် အကြာတွင် ဘန်တလေ ကားက ဦးဆောင်လာသော ကားလေးငါးစီး ရောက်ရှိလာ ခဲ့လေသည်...။

ကျောင်းရှေ့တွင် ကားတန်းကြီး ရပ်တန့်သွားလေ၏။ တံခါးများ ပွင့်လာပြီး ပထမဆုံး ဆင်းလာသူမှာ အသက်လေးဆယ်ခန့်ရှိပြီး အနည်းငယ် ဝဖြိုးသော အမျိုးသားတစ်ဦး ဖြစ်လေသည်...။

သူ့နောက်တွင်မူ အင်အားပြသည့်အနေဖြင့် လူငယ် ခုနစ်ဦး ရှစ်ဦးခန့် လိုက်ပါလာကြ၏။ ထိုအမျိုးသား သည် ဒီဘက်သို့ လျှောက်လာရင်း ဆဲရေးတိုင်းထွာနေတော့သည်...။

"တောက်... ဘယ်က အကန်းက ငါ့မိန်းမနဲ့ သားကို အနိုင်ကျင့်ရဲတာလဲ...။ သေချင်နေကြတာလား...။"

မည်သူမျှ မလှုပ်ရှားသေးမီမှာပင် လှပသော အတန်းပိုင်ဆရာမက ပြုံးရွှင်သော မျက်နှာဖြင့် အရင်ဆုံး သွားရောက် နှုတ်ဆက်လိုက်လေသည်။ သူမ၏ ထက်သန်မှုမှာ ရည်းစားနှင့် တွေ့ရသကဲ့သို့ပင်...၊

"မစ္စတာချီ... မတွေ့ရတာ ကြာပြီနော်...။ ရှင်က ပိုပြီးတော့တောင် ခန့်ညားလာပါလား...၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကတော့ တကယ်ကို ထူးခြားတာပါပဲ...။"

အတန်းပိုင်ဆရာမ ချဉ်းကပ်လာသည်ကို မြင်သောအခါ ဥက္ကဋ္ဌချီမှာ ခေတ္တမျှ ကြောင်သွားပြီးနောက် မေးလိုက်လေသည်...။

"မင်းက ဘယ်သူလဲ...။"

အတန်းပိုင်ဆရာမမှာ နှုတ်ခမ်းကလေး ဆူလျက် မူနွဲ့ဟန်ဖြင့် ပြောလိုက်လေသည်...၊

"မစ္စတာချီ... ကျွန်မက ရှင့်သား ချီရှန့် ရဲ့ အတန်းပိုင်ဆရာမလေ...။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ကျောင်းပွဲမှာလည်း တွေ့ခဲ့ကြသေးတယ် မဟုတ်လား...။ ရှင် မမှတ်မိတော့ဘူးလား...။"

ဥက္ကဋ္ဌချီက သူ၏ နဖူးကို လက်ဖြင့် ပုတ်လျက်...၊

"အာ... ဟုတ်သားပဲ... ဟုတ်တယ်...။ မင်းနဲ့ တွေ့ဖူးပါတယ်... မင်းနာမည်က ဘယ်သူပါလိမ့်...။"

အတန်းပိုင်ဆရာမက ချက်ချင်းပင် ချိုသာစွာ ဖြည့်စွက်ပြောလိုက်လေသည်...၊

"ကျွန်မနာမည်က ရှူးမင်း ပါ...၊ ဥက္ကဋ္ဌချီက ကျွန်မကို မှတ်မိပေးတာ ဂုဏ်ယူစရာပါပဲ...။"

တစ်ဖက်တွင်မူ ဝတ်စုံနက်နှင့် ချီကတော်မှာ မကျေမနပ် ဖြစ်လာပြီး အဆုတ်ပျက်မတတ် အော်ဟစ် လိုက်လေသည်...၊

"ရှင် ဘာလုပ်နေတာလဲ... ဒီကို အခုချက်ချင်း လာခဲ့စမ်း...။ ရှင့်မိန်းမနဲ့ ကလေးကို မလိုချင်တော့ ဘူးလား...။"

ထိုစကားကို ကြားမှပင် ဥက္ကဋ္ဌချီမှာ သူ ဘာကြောင့် လာခဲ့ရသည်ကို သတိရသွားပြီး သူ၏ လူများကို ဦးဆောင်ကာ အမြန် လျှောက်လာခဲ့တော့သည်။

အတန်းပိုင်ဆရာမမှာမူ ဥက္ကဋ္ဌချီနှင့် စကားလက်ဆုံ မပြောလိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားဟန် ရှိသော်လည်း အခွင့်အရေး ထပ်ရဦးမည်ဟု တွေးကာ အနားသို့ လိုက်ပါလာခဲ့လေသည်။

ဥက္ကဋ္ဌချီနှင့် သူ၏လူများ ရောက်ရှိလာသည့်အခါ ချီကတော်က လျန်ထျန်းတို့ဘက်သို့ လက်ကို ညွှန်ပြလိုက်လေသည်။

"ဒီတစ်မိသားစုလုံးက အစားအသောက် ပို့ဆောင်သူ နံစော်လေးတွေပဲ...။ ဟိုကလေးမလေးက ငါတို့သားကို တွန်းတာကို ဒီအဖိုးကြီးက ဘာသံမှ မထွက်ရဲဘူး...။"

"ပြီးတော့ ဒီကောင်လေးကလည်း ကလေးလူကြီး မခွဲခြားဘဲ ဝန်မခံတဲ့အပြင် ခုနကတင် ကျွန်မကို ပြန်ပြောနေသေးတာ...။ တကယ်ကို ဒေါသထွက်စရာပဲ...။"

ထိုစကားကို ကြားပြီးနောက် ဥက္ကဋ္ဌချီမှာ မျက်လုံးများကို ကျဉ်းမြောင်းလျက် လျန်ထျန်းကို ခြိမ်းခြောက် သော လေသံဖြင့် ကြည့်ကာ ပြောလိုက်လေသည်...။

"တောက်... နံစော်နေတဲ့ အစားအသောက် ပို့ဆောင်သူကများ...။ မင်းက ငါ့မိန်းမကို ပြန်ပြောရဲတယ် ပေါ့...။"

All Chapters