← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁) ဆင်းရဲသားထံမှ ခေါင်းပုံဖြတ်ချင်သလော

"အဘိုးလျူ... ကျွန်တော် ဒီပန်းအိုးကို လဲချင်တယ်... ဘယ်လိုသဘောရလဲ..."

လဲ့ချန်က အပြာနှင့်အဖြူရောင် ကြွေပန်းအိုးကို လက်ညှိုးထိုးပြရင်း မေးလိုက်၏။

အဘိုးလျူက ခေါင်းခါယမ်းလိုက်သည်။

"မရဘူး... အဲ့တာက ဘိုးဘေးတွေ လက်ဆင့်ကမ်းလာတဲ့အရာမို့ လဲလို့မရဘူး..."

လဲ့ချန်မှာ စိတ်ပျက်အားငယ်သွားခြင်း မရှိချေ။ ဤရှေးဟောင်းပစ္စည်းများက အဘိုးလျူအတွက် သာမန်ပစ္စည်းသက်သက် မဟုတ်ကြောင်း သူ သိထား၏။

သူက တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"အဘိုးလျူ... ကျွန်တော် ဆေးပညာ နည်းနည်းပါးပါး နားလည်တယ်... အိမ်မှာ နေမကောင်းတဲ့သူရှိရင် ကျွန်တော် ကြည့်ပေးလို့ ရတယ်..."

အိပ်ရာထဲ လဲနေသော အဘိုးလျူ၏ ဇနီးဖြစ်သူမှာ ဤစကားကို ကြားသောအခါ မျက်လုံးများ အရောင်လက်သွား၏။

"လူလေး... မင်းက တကယ် ဆေးကုတတ်တာလား..."

လဲ့ချန်က ခေါင်းညိတ်လိုက်သည်။

"နည်းနည်းပါးပါးတော့ သိတယ်ဗျ..."

အဘိုးလျူက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ ဇနီးဖြစ်သူကို တစ်ချက်ကြည့်ကာ ထိုအပြာနှင့် အဖြူရောင် ကြွေပန်းအိုးကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ... ငါ့မိန်းမ ရောဂါကိုသာ ပျောက်အောင် ကုပေးနိုင်ရင် ဒီပန်းအိုးကို မင်းကို ပေးမယ်..."

လဲ့ချန်က သူ၏ အင်္ကျီလက်များကို ခေါက်တင်လိုက်ရာ အဘိုးလျူအိမ်၏ မှိန်ပျပျ အလင်းရောင်အောက်တွင် ဖြူဝင်းနေသော လက်ကောက်ဝတ်များ ပေါ်လာသည်။

သူက အဘိုးလင် ပေးထားသော အဝတ်အိတ်ထဲမှ အပ်စိုက်ကိရိယာအိတ်ကို ထုတ်ယူလိုက်ပြီး အလွှာလိုက် ဖွင့်လှစ်လိုက်ရာ အတွင်း၌ သေသပ်စွာ စီရီထားသော ငွေအပ်များ ထွက်ပေါ်လာ၏။

ငွေအပ်များမှာ သေးသွယ်ပြီး မှိန်ပျပျ အလင်းရောင်အောက်တွင် သဲ့သဲ့မျှ တောက်ပနေသည်။

အဘိုးလျူ၏ ဇနီးမှာ အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး သူမ၏ မျက်နှာက ဖြူဖျော့ကာ အသက်ရှူသံများမှာ အားနည်းနေ၏။ လဲ့ချန်က သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ သွေးကြောလှုပ်ရှားမှုမှာ သေးသွယ် အားနည်းနေပြီး နာတာရှည် ရောဂါသည် ဖြစ်ကြောင်း ထင်ရှားနေသည်။

သူက အဘိုးလျူဘက်သို့ လှည့်၍ ပြောလိုက်သည်။

"အဒေါ်က ချီစွမ်းအင်နဲ့ သွေးအား နည်းနေတယ်... အဲဒီအပေါ်မှာ နာတာရှည် အာဟာရချို့တဲ့မှုပါ ပေါင်းစပ်သွားတော့ ခန္ဓာကိုယ်က အားနည်းသွားတာပေါ့... ကျွန်တော် အပ်စိုက်ပြီး ခန္ဓာကိုယ် ဓာတ်ကို ညှိပေးမယ်... ပြီးတော့ ဆေးနည်းနည်းပါးပါး ဖော်ပေးမယ်... သက်သာသွားမှာပါ..."

ဤစကားကို ကြားသောအခါ အဘိုးလျူ၏ အရောင်အဝါ ကင်းမဲ့နေသော မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ ဖြတ်ပြေးသွား၏။

"လူလေး... အဲဒါဆိုရင် မင်းကိုပဲ အားကိုးရတော့မယ်... အခုခေတ်မှာ ဆရာဝန်ပြဖို့ဆိုတာ သိပ်ခက်ခဲတယ်လေ... ခရိုင်မြို့ပေါ်ကို သွားဖို့ အသွားအပြန် ကားခတောင် အများကြီး ကုန်တာ... ဆေးကုသစရိတ်ကတော့ ပြောမနေနဲ့တော့..."

လဲ့ချန်က အနည်းငယ် ပြုံးလိုက်သည်။

“အဘိုး... စိတ်မပူပါနဲ့... ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."

ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့ခြင်းမှာ ကျေးလက်ဒေသများတွင် အဖြစ်များသော ပြဿနာတစ်ရပ် ဖြစ်သည်။

ထိုခေတ်အခါက ခြေဗလာဆရာဝန်များမှာ ကျန်းမာရေး စောင့်ရှောက်မှုတွင် အဓိက အင်အားစုများ ဖြစ်ကြသော်လည်း သူတို့၏ ဆေးပညာ စွမ်းရည်များမှာ ကွာဟမှု ကြီးမားလှပြီး များသောအားဖြင့် ရိုးရှင်းသော ဆေးဖက်ဝင်အပင်များနှင့် တိုင်းရင်းဆေးမြီးတိုများကိုသာ အားထားရလေ့ ရှိ၏။

လဲ့ချန်သည် သူ၏ အတိတ်ဘဝက စစ်ဆေးရုံတစ်ရုံတွင် အချိန်အတိုင်းအတာ တစ်ခုအထိ အလုပ်လုပ်ခဲ့ဖူးသော်လည်း လုပ်သက်အရ နာမည်ကြီး ဆရာဝန်တစ်ဦးတော့ မဟုတ်ခဲ့ချေ။

သို့သော်လည်း နှောင်းခေတ်များ၏ ဆေးပညာ ဗဟုသုတနှင့် အတွေ့အကြုံများအရ သာမန် ရောဂါတချို့ကို ကုသရန်အတွက်ကား လုံလောက်သည်ထက်ပင် ပိုနေသေး၏။

သူက ငွေအပ် အနည်းငယ်ကို ထုတ်ယူကာ အရက်ပျံမီးအိမ်ပေါ်တွင် အပူပေး၍ ရိုးရှင်းသော ပိုးသတ်ခြင်းကို ပြုလုပ်လိုက်သည်။

သူသည် ဤအရက်ပျံမီးအိမ်ကို သီးသန့် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်အခါက တစ်ကိုယ်ရေ သန့်ရှင်းရေး အသိအမြင်များ အားနည်းပြီး ပိုးသတ်ခြင်း ဟု ခေါ်သော လုပ်ငန်းစဉ် အများစုမှာ ဟန်ပြသက်သက်သာ ဖြစ်၏။

လဲ့ချန် အပ်စိုက်တော့မည့်ဆဲဆဲတွင် တံခါးအပြင်ဘက်မှ စူးရှပြီး လှောင်ပြောင်သရော်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟေ့... နင်တို့ ဘာလုပ်နေကြတာလဲ... လှည့်စားနေတာလား... လူသေသွားမှာ မကြောက်ဘူးလား..."

သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော်လည်း အနည်းငယ် ဝဖြိုးသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဝင်လာ၏။ သူမကား အဘိုးလျူ၏ ဒုတိယခယ်မ ဖြစ်သည်။

သူမ၏ နောက်တွင် နောက်ဆုံးပေါ် ခေတ်မီပစ္စည်းဖြစ်သော ရေဒီယိုတစ်လုံးကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ယောက် လိုက်ပါလာပြီး ထိုရေဒီယိုထဲမှ ရိုးရာ ဇာတ်သီချင်းသံများ ရံဖန်ရံခါ ထွက်ပေါ်နေသည်။

အဘိုးလျူ၏ မျက်နှာက တစ်မုဟုတ်ချင်း မည်းမှောင်သွား၏။

"ဒုတိယခယ်မ... မင်း ဒီနေရာကို ဘာလာလုပ်တာလဲ..."

ဒုတိယခယ်မ နှုတ်ခမ်းကို တွန့်၍ ပြောလိုက်သည်။

"ကျွန်မက ယောင်းမကို လာကြည့်တာလေ... ဘာလဲ... လက်မခံချင်ဘူးလား..."

သူမက ကုတင်ဘေးသို့ လျှောက်သွားပြီး သရော်သကဲ့သို့ ပြောလိုက်၏။

“အစ်ကိုကြီး... ဘာဖြစ်နေတာလဲ… ယောင်းမက ဒီလောက် ဖျားနေတာကို ဘာလို့ ပြဿနာရှာနေသေးတာလဲ... သူ့ကို ကောင်းကောင်း အနားယူခွင့် ပေးလိုက်ပါ... ပိုက်ဆံတွေ အလဟဿ ထပ်မဖြုန်းပါနဲ့တော့..."

လဲ့ချန်က စိတ်ထဲမှ လှောင်ရယ် ရယ်လိုက်သည်။ ဤဒုတိယခယ်မက လူနာကို လာကြည့်ခြင်း အလျဉ်းမရှိပေ။ သူမက လူနာ မြန်မြန်သေပြီး မိသားစုပိုင်ဆိုင်မှုများကို ခွဲဝေယူနိုင်ရန် သိသိသာသာပင် မျှော်လင့်နေခြင်း ဖြစ်၏။

ဤခေတ်အခါတွင် ညီအစ်ကိုများ စုပေါင်း နေထိုင်ကြရာ တစ်ယောက်ယောက် သေဆုံးသွားပါက မိသားစု ပိုင်ဆိုင်မှုများကို ပြန်လည်ခွဲဝေရလေ့ရှိပြီး ထိုအခါမျိုးတွင် ပွင့်လင်းစွာ ဖြစ်စေ၊ တိတ်တဆိတ် ဖြစ်စေ နည်းလမ်းမျိုးစုံဖြင့် အားပြိုင်မှုများ သဘာဝကျကျပင် ပါဝင်လာတတ်သည်။

အဘိုးလျူ၏ မျက်နှာက ပို၍ မည်းမှောင်သွား၏။

"ဒုတိယခယ်မ... ပါးစပ်ပိတ်ထားစမ်း... ဒီလူလေးက ငါ့မိန်းမကို ဆေးလာကုပေးတာ... သူ ဆေးပညာ နားလည်တယ်..."

"ဆေးပညာ... သူကလား..."

ဒုတိယခယ်မ လဲ့ချန်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသည်။

"ကျွန်မထင်တာ သူက လူလိမ်ပဲ... အခုခေတ်မှာ လူလိမ်တွေက ပေါမှပေါ... အထူးသဖြင့် အစ်ကိုကြီးတို့လို ရိုးသားတဲ့ လယ်သမားတွေကို အမြတ်ထုတ်တဲ့သူတွေပေါ့..."

သူမက အဘိုးလျူဘက်သို့ လှည့်၍ ပြောလိုက်၏။

"အစ်ကိုကြီး... သူ့အလိမ်မခံနဲ့နော်... နောက်ဆုံးကျ ငွေရော လူရော ဆုံးရှုံးပြီး နောင်တရနေလိမ့်မယ်..."

လဲ့ချန်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

"ကံဆိုးလိုက်တာ..."

ဤဒုတိယခယ်မ အဆိုးရွားဆုံး အချိန်တွင်မှ ရောက်ချလာခြင်းဖြစ်၏။

သူ၏ လက်များက လျင်မြန်စွာ လှုပ်ရှားသွားပြီး အဘိုးလျူဇနီး၏ လက်ကောက်ဝတ်ရှိ အပ်စိုက်နေရာတစ်ခုသို့ ငွေအပ်တစ်ချောင်းကို တည်ငြိမ်စွာ စိုက်သွင်းလိုက်သည်။

ကျေးလက်ရှိ လူကြီးသူမများက မကြာခဏ ဆိုလေ့ရှိသည်။

"ရောဂါဝင်လာတာက တောင်ပြိုသလိုပဲ... ပြန်လည် ကျန်းမာလာတာကတော့ ပိုးအိမ်ကနေ ပိုးကြိုးမျှင် ဆွဲထုတ်သလိုပဲ..."

ဤသည်က နောက်ပြောင်နေခြင်း မဟုတ်ချေ။ အကောင်းဆုံး ကုသမှုခံယူရမည့် အချိန်ကို လက်လွတ်သွားပြီး ရောဂါအခြေအနေ ဆိုးရွားသွားပါက တန်ခိုးရှင်များပင် ကယ်တင်နိုင်မည် မဟုတ်ပေ။

"ဒီအဒေါ့်ရဲ့ အခြေအနေက တစ်စက္ကန့်လေးတောင် အချိန်ဆွဲနေလို့ မရဘူး..."

လဲ့ချန်က ခေါင်းမော့မကြည့်ဘဲ ရှင်းပြလိုက်၏။

"ကျွန်တော့် အပ်စိုက်ပညာက ချီစွမ်းအင်ကို အဓိကထားတယ်... ချီစီးဆင်းမှု ချောမွေ့သွားတာနဲ့ ရောဂါက ပျောက်ကင်းသွားမှာပဲ... ကျွန်တော့်ကို မယုံဘူးဆိုရင် ပြီးသွားမှ ဆဲပါ..."

လဲ့ချန်က သူမကို ဂရုမစိုက်ကြောင်း မြင်သောအခါ ဒုတိယခယ်မမှာ ပို၍ ဒေါသထွက်သွားသည်။

"အိုး... ချီ လို့ ပြောသေးတယ်... နင် ပျံတောင် ပျံနိုင်တယ်လို့ မပြောလိုက်ပါလား... ငါထင်တာတော့ နင်က ငွေလိမ်ချင်နေတဲ့ လူလိမ်ပဲ... အစ်ကိုကြီး... သတိထားတာ ကောင်းမယ်နော်... ဒီခွေးကောင်လေးရဲ့ အလိမ်မခံနဲ့..."

ထိုအခိုက်၌ တံခါးဝတွင် ရပ်နေသော လဲ့ချင်းမှာ ဆက်၍ သည်းမခံနိုင်တော့ချေ။ သူမက ရှေ့သို့ တက်လာပြီး လဲ့ချန်၏ ရှေ့တွင် ရပ်ကာ ပြောလိုက်၏။

"အဒေါ်... ကျွန်မအစ်ကိုက တကယ် ဆရာဝန်ပါ... သူ လူအများကြီးရဲ့ ရောဂါတွေကို ကုပေးခဲ့ပြီးပြီ..."

လဲ့ချန်က စိတ်ထဲမှ မတွေးဘဲ မနေနိုင်တော့ချေ။

*ဒီကောင်မလေးက အတော်သစ္စာရှိတာပဲ…*

သူက အပ်စိုက်နေရင်းနှင့် လဲ့ချင်းကို ပြောလိုက်သည်။

"ချင်းချင်း... သွားပြီး အစ်ကို့ ဆေးသေတ္တာကို သွားယူချေ..."

လဲ့ချင်းက ခေါင်းညိတ်၍ ဆေးသေတ္တာ ယူရန် လှည့်ထွက်သွား၏။

ဒုတိယခယ်မ သူမကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ပြောလိုက်သည်။

"ကလေးစုတ်... ဖယ်စမ်း... ငါ့ရှေ့မှာ လာမရှုပ်နဲ့..."

လဲ့ချင်းမှာ ယိုင်ထွက်သွားပြီး လဲကျလုမတတ် ဖြစ်သွား၏။

လဲ့ချန် မျက်မှောင်ကြုတ်လိုက်သည်။ ဤမိန်းမက အတော် လွန်လာပြီဖြစ်၏။

"ဒုတိယခယ်မ... မင်း ဘာလုပ်နေတာလဲ..."

အဘိုးလျူက နောက်ဆုံးတွင် ပေါက်ကွဲသွားသည်။ သူက ဟိန်းဟောက်လိုက်၏။

"မင်း နောက်ထပ် ပြဿနာ လာရှာရဲရင် ဒီနေရာကနေ ထွက်သွားစမ်း..."

ဒုတိယခယ်မ အဘိုးလျူ၏ ဟိန်းဟောက်သံကြောင့် လန့်ဖျပ်သွားသည်။ သူမက ပုံမှန်အားဖြင့် ရိုးသားပြီး အေးအေးဆေးဆေး နေတတ်သော အစ်ကိုကြီးက ဤမျှ ဒေါသထွက်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သူမက တစ်ခဏမျှ ငြိမ်ကျသွားပြီးနောက် နောက်တစ်ကြိမ် ရမ်းကားရန် စတင်လိုက်ပြန်၏။

“အစ်ကိုကြီး... ရူးသွားပြီလား... သူစိမ်းတစ်ယောက်အတွက်နဲ့ ကျွန်မကို အော်ရဲတယ်ပေါ့လေ... အစ်ကိုကြီးမှာ အသိတရား မရှိတော့ဘူးလား..."

လဲ့ချန်က စိတ်ထဲမှ လှောင်ရယ် ရယ်လိုက်သည်။ ဤမိန်းမက လုံးဝ အကြောင်းအကျိုး မခိုင်လုံသော တကယ့် စုန်းမကြီးပင်ဖြစ်၏။

သူက အပ်စိုက်ခြင်းကို အမြန်ဆုံး ပြီးပြတ်စေရန် သူ၏ အရှိန်ကို မြှင့်လိုက်သည်။

“ယောင်းမတစ်ခုခု ဖြစ်သွားရင် ငိုဖို့တောင် အချိန်ရမှာ မဟုတ်ဘူး..."

ဒုတိယခယ်မက ဆက်လက် အော်ဟစ်နေပြီး သူမနောက်မှ လူငယ်မှာ အဘိုးလျူ၏ ဒုတိယညီဖြစ်ကာ ရေဒီယိုကို ကိုင်၍ သူနှင့် မသက်ဆိုင်သကဲ့သို့ ဇာတ်သီချင်းကိုသာ နားထောင်နေသည်။

လဲ့ချန်က စိတ်ထဲမှ သက်ပြင်းချလိုက်၏။ ဤမိသားစုက တကယ့်ကို ထူးဆန်းလွန်းလှသည်။

သူက ဒုတိယငွေအပ်တစ်ချောင်းကို ထုတ်ယူကာ ပိုးသတ်လိုက်ပြီး နောက်ထပ် အပ်စိုက်နေရာသို့ စိုက်သွင်းရန် ပြင်ဆင်လိုက်သည်။

"ရပ်စမ်း..."

ဒုတိယခယ်မက ရုတ်တရက် ရှေ့သို့ ပြေးထွက်လာပြီး လဲ့ချန်၏ လက်ကို ဆွဲကိုင်လိုက်၏။

" ယောင်းမကို နောက်တစ်ချက် ထပ်စိုက်ရဲရင် နင့်ကို တိုင်ပစ်မယ်..."

လဲ့ချန်မှာ သူမ၏ ရုတ်တရက် လုပ်ရပ်ကြောင့် လန့်သွားပြီး သူ့လက်ထဲမှ ငွေအပ်မှာ လွဲချော်သွားလုမတတ် ဖြစ်သွားသည်။

သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး အေးစက်စက် ပြောလိုက်၏။

"အဒေါ်... ကျွန်တော့်ရဲ့ ဆေးကုသမှုကို ဆက်ပြီး အနှောင့်အယှက် ပေးနေဦးမယ်ဆိုရင် တစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်တော် တာဝန်ယူမှာ မဟုတ်ဘူးနော်..."

အခန်း (၉၂)ကောင်းမှုကုသိုလ်၏ အကျိုးဆက်

အဘိုးလျူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရာ သူ၏ မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထလာ၏။

သူ၏ မျက်ခုံးများက တင်းကျပ်စွာ တွန့်ချိုးနေပြီး မျက်လုံးထဲမှ ဒေါသမီးတောက်များက အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလား ရှိနေသော်လည်း သူက အံကိုကြိတ်၍ သူ၏ စိတ်ခံစားချက်များကို အစွမ်းကုန် ဖိနှိပ်ထားလေသည်။

ထိုတိတ်ဆိတ်နေသော အချိန်တိုလေးက ဧည့်ခန်းမဆောင်အတွင်းရှိ လေထုကို အေးခဲသွားစေလုမတတ် ဖြစ်သွားစေ၏။

"တော်ကြစမ်း..."

အဘိုးလျူက စားပွဲကို ရိုက်ချလိုက်ရာ စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်များပင် တချွင်ချွင် မြည်သွားသည်။

ထိုအသံက ကျယ်လောင်လွန်းသဖြင့် တံခါးပြင်မှ ဖြတ်သွားသော ကြက်အုပ်ပင် လန့်ဖျပ်၍ ထွက်ပြေးသွားကြ၏။

ဒုတိယခယ်မ ထိုအော်ဟစ်သံကြောင့် လန့်ဖျပ်သွားပြီး ခြေကုပ်လွတ်သွားသကဲ့သို့ နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားကာ တံခါးဘောင်ကို မှီလိုက်ရသည်။

သူမက ပါးစပ်ဟ၍ စကားတစ်ခွန်း၊ နှစ်ခွန်း ဆက်ပြောချင်သော်လည်း နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲတော့ပေ။

"အစ်ကိုကြီး... ဘာလို့ ကျွန်မအပေါ် အဲ့လောက် ရက်စက်ရတာလဲ..."

သူမ၏ အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး အနည်းငယ် အားနည်းနေသယောင်ရှိသည်။

"ငါက မင်းအပေါ် ရက်စက်တယ် ဟုတ်လား..."

အဘိုးလျူက နေရာမှ မတ်တတ်ခုန်ထရပ်လိုက်ပြီး ဓားတစ်လက်ကဲ့သို့ စူးရှသော အကြည့်ဖြင့် သူမကို စိုက်ကြည့်လိုက်၏။

"ဒုတိယခယ်မ... ငါ တစ်သက်လုံး ဘာကိုမှ မလုယက်ခဲ့ဘူး... မင်းတို့ကို အမြဲတမ်း ဦးစားပေးခဲ့တယ်... မင်းတို့ထက် ထမင်းတစ်ပန်းကန်တောင် ပိုမစားခဲ့ဘူး... ဒါပေမဲ့ ဒီနေ့တော့ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့တော့..."

လဲ့ချန်က နောက်ဆုံး ငွေအပ်ကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး အခန်းထဲရှိ လူအားလုံးကို လိုက်ကြည့်လိုက်သည်။

"ဒုတိယခယ်မ.. မင်း ဒီကလေးမလေးကို တွန်းလိုက်တာ ငါ သည်းခံနိုင်သေးတယ်... ဒါပေမဲ့ ငါ့မိန်းမ အသက်လုနေရတဲ့ အချိန်မှာတောင် မင်းက ဆေးကုပေးနေတဲ့ ဆရာဝန်ကို လှောင်ပြောင် သရော်နေသေးတယ်..."

အဘိုးလျူ၏ စကားလုံးများက မြေပြင်ကို ရိုက်ချလိုက်သော သံတူရွင်းကြီး တစ်လက်ကဲ့သို့ လေးလံနေ၏။

"သေချာ နားထောင်ထား... ဒီနေ့ကစပြီး ငါတို့ မိသားစုခွဲမယ်..."

"အိမ်ခွဲမယ်" ဟူသော စကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အမြဲတမ်း သဘောကောင်းပြီး အေးအေးဆေးဆေး နေတတ်သော အဘိုးလျူက တစ်နေ့တွင် ဤကဲ့သို့ စကားမျိုး ပြောထွက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

"ပိုင်ဆိုင်မှုခွဲမယ် ဟုတ်လား..."

ဒုတိယခယ်မ၏ မျက်နှာက ဖြူလျော့နေရာမှ စိမ်းသွားပြီး ထို့နောက် နီရဲလာကာ နောက်ဆုံးတွင် လုံးဝကို နီမြန်းသွားတော့၏။

"အစ်ကိုကြီး... ဘယ်လိုလုပ် ခုလိုစကားမျိုးကို လွယ်လွယ်လေး ပြောထွက်ရတာလဲ... လယ်ယာမြေ၊ ရေစည်၊ ကြက်... ဒါတွေကို တကယ်ပဲ ခွဲလို့ရမယ် ထင်နေတာလား..."

"ငါကတော့ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်တယ်... မယုံရင် မြေကြီးထဲက ပုရွက်ဆိတ်တစ်ကောင်တောင်မကျန် ငါ ခွဲပြနိုင်တယ်..."

အဘိုးလျူက အေးစက်စက် ပြောလိုက်သည်။

"ကောင်းပြီလေ အစ်ကိုကြီး... ခွဲချင်တယ်ဆိုရင်လည်း ခွဲကြတာပေါ့..."

ဒုတိယခယ်မက သူမ၏ မူလ ဒေါသကြီးသော စရိုက်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။

"ပိုင်ဆိုင်မှုတွေ ခွဲကြတာပေါ့... ဘယ်သူက ပိုရတယ်ဆိုတာတွေ ပြောမနေနဲ့တော့... ရိုးရိုးသားသားနဲ့ တန်ဖိုးရှိတာတွေကိုပဲ ယူကြမယ်..."

"ရိုးရိုးသားသား ဟုတ်လား..."

အဘိုးလျူက သူ့ပေါင်ကိုသူ ရိုက်၍ အော်ရယ်လုမတတ် ဖြစ်သွားသည်။

"မင်းမှာ အသိတရားရော ရှိသေးလို့လား... ငါ့အသက်အရွယ်နဲ့ ငါ အေးအေးဆေးဆေး မနေချင်ဘူး ထင်နေလား... ဒီမိသားစုအတွက် ငါ အရိုးကြေကြေ အရေခမ်းခမ်း အလုပ်လုပ်ခဲ့ရတာ... အိမ်၊ စပါးကျီ၊ ဒီခုံအဟောင်းလေးကအစ ငါ စုဆောင်းထားခဲ့တဲ့ အရာတွေချည်းပဲ..."

သူက လဲ့ချန်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး နူးညံ့သော အမူအရာတစ်ခု ပေါ်လာ၏။

"ရှောင်လဲ့... ဒီတစ်ကြိမ် ငါ့မိန်းမ အသက်ကို ကယ်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်ကွာ... မဟုတ်ရင် ဒီစုန်းမက အိမ်တစ်အိမ်လုံးကို ပြောင်းပြန်လှန်ပစ်တော့မှာ..."

"ရပါတယ် အဘိုးလျူ... လူ့အသက်ကို ကယ်တင်ရတာက ကျွန်တော့်ရဲ့ တာဝန်ပါပဲ..."

လဲ့ချန်က နှိမ့်ချစွာ ပြုံးပြလိုက်သည်။

"တာဝန်ပဲ ဖြစ်ဖြစ်၊ စေတနာပဲ ဖြစ်ဖြစ်လေ..."

အဘိုးလျူက ဆုံးဖြတ်ချက် တစ်ခု ချလိုက်သကဲ့သို့ တစ်ခဏမျှ ရပ်တန့်သွား၏။

"ရှောင်လဲ့... ငါက အမြဲတမ်း မူဝါဒတစ်ခုကိုပဲ ယုံကြည်တယ်... အများကြီး ပေးဆပ်ခဲ့ပြီး ဆုလာဘ်နဲ့ ထိုက်တန်တဲ့သူတစ်ယောက်ကို ငါတို့ စိတ်ပျက်အောင်လုပ်လို့ မရဘူး..."

လဲ့ချန်မှာ ဤစကားများကြောင့် ဇဝေဇဝါ ဖြစ်သွားသော်လည်း အတော်လေး နားထောင်လို့ ကောင်းကြောင်း ခံစားလိုက်ရသည်။ အဘိုးလျူ၏ စကားများက ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျေနပ်စရာ ကောင်းသည်ဟု သူ ခံစားလိုက်ရ၏။

"ငါ့ဘိုးဘေး အိမ်ဟောင်းထဲမှာ ရှေးဟောင်းပစ္စည်းအနည်းငယ်ရှိတယ်... သိပ်တော့ တန်ဖိုး မကြီးပေမဲ့ ငါ့အဖေ ချန်ထားခဲ့တဲ့ မိသားစု အမွေအနှစ်တွေပဲ... လူတိုင်းက အဲ့တာတွေကို ကြည့်ချင်နေတာ နှစ်ပေါင်းများစွာ ကြာပြီ... ဒါပေမဲ့ ဘိုးဘေး အိမ်ဟောင်းရဲ့ သော့ကို ဘယ်သူ့ကိုမှ ငါ ပေးမကိုင်ခဲ့ဘူး... ဒီနေ့ မင်းကို အထဲခေါ်သွားပြီး ပြမယ်..."

အခန်းထဲရှိ အသက်ရှူသံများက တစ်ခဏမျှ မြန်ဆန်သွားကြသည်။

“အဘိုးလျူ... ခုလိုလုပ်တာ မသင့်တော်ဘူး မဟုတ်လား..."

လဲ့ချန်က မနေနိုင်ဘဲ စမ်းသပ် မေးကြည့်လိုက်၏။

“အဲ့ဒါက မိသားစု အမွေအနှစ်လေ..."

"မှန်တယ်..."

အဘိုးလျူက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ရှောင်လဲ့... မင်းက ငါ့မိသားစုရဲ့ အသက်ကို ကယ်ခဲ့တာ... တခြားသူတွေ ယုံတာ၊ မယုံတာ ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ ငါ့ပစ္စည်းတွေကို ထိုက်တန်ပြီး ကျေးဇူးသိတတ်တဲ့ သူတွေကိုပဲ ပေးသင့်တယ်... အဲဒီလို ပေးရမှသာ ငါ ဝမ်းသာကျေနပ်နိုင်မှာ..."

အခြားတစ်ဖက်တွင်တော့ ဒုတိယခယ််မှာ ပထမဆုံးအကြိမ်အဖြစ် တိတ်ဆိတ်နေ၏။

သူမက "အဘိုးလျူ... မရူးစမ်းပါနဲ့..." ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အဘိုးလျူ၏ ကျောပြင်ကို စူးစိုက်ကြည့်နေကာ သူမ၏ နှုတ်ခမ်းများက တုန်ယင်နေသည်။

သူမ နောက်ကွယ်ရှိ ရေဒီယိုကို ကိုင်ထားသော သူမ၏ ခင်ပွန်းက ထိုအခိုက်တွင် ဝင်ပြောလိုက်၏။

"အစ်ကိုကြီး... ဘိုးဘေး အိမ်ဟောင်းရဲ့ သော့ကို ဘယ်သူမှ မမြင်ဖူးဘူးလေ... အစ်ကိုကြီးက တကယ်ပဲ သူစိမ်းတွေကို အထဲခေါ်သွားမလို့လား..."

လဲ့ချန်က မျက်တောင်တစ်ချက် ခတ်လိုက်သော်လည်း ဤမြင်ကွင်းကြောင့် သူ၏ စိတ်ဝင်စားမှုက ရုတ်တရက် နိုးကြွလာသည်။

*ဘိုးဘေး အိမ်ဟောင်း ဟုတ်လား... ရှေးဟောင်းပစ္စည်းတွေလား…*

ဒုတိယခယ်မ၏ အသံကလည်း မသိမသာ တိုးဝင်သွား၏။

"အဘိုးလျူ... ဒီနေ့ည ရှင် အရက်တွေ အများကြီး သောက်ထားလို့လား... သူစိမ်းတွေကို အထဲခေါ်သွင်းမယ်လို့ ဘယ်လိုလုပ် ပြောထွက်ရတာလဲ..."

"အရက်မူးနေတယ် ဟုတ်လား..."

အဘိုးလျူက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ ဆေးတံကို စားပွဲပေါ်သို့ ဘုန်းခနဲ ရိုက်ချလိုက်ရာ အခန်းထဲရှိ လူအားလုံး လန့်ဖျပ်သွားကြသည်။

"ငါ အရက်မူးမနေတဲ့အပြင် ကိစ္စအားလုံးကို သေသေချာချာ တွေးပြီးသွားပြီ... မင်းတို့က ငါ့ကို ရိုးအလွန်းတယ်၊ ငါ့ရှေ့မှာ အရူးလို ဟန်ဆောင်နေရင် ငါက ငြင်းမှာ မဟုတ်ဘူးလို့ ထင်နေကြတာ..."

"ဒီနေ့ ငါ သေချာ ပြောလိုက်မယ်... ဒီနေရာကို ငါ တော်တော်လေး ငြီးငွေ့နေပြီ... ဆက်ပြီးလည်း အဖက်မလုပ်ချင်တော့သလို ဒ္အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကိုလည်း ဆက်သည်းမခံနိုင်တော့ဘူး... မင်းတို့ ဒီနေ့ညပဲ ပစ္စည်းတွေ သိမ်းပြီး ကိုယ့်အခန်းကိုယ် ပြန်ကြတော့..."

"ရှင်..."

ဒုတိယခယ်မမှာ စကားဆို့သွားပြီး သူမ၏ မျက်နှာက ဖြူလျော့နေရာမှ နီရဲလာ၏။ ကျိန်ဆဲတော့မည့် စကားလုံးများ ထွက်ကျလာတော့မည့်ဆဲဆဲတွင် သူမ၏ ခင်ပွန်းက နောက်သို့ ဆွဲလိုက်သဖြင့် ထိုစကားများကို အတင်းအကျပ် မျိုချလိုက်ရသည်။

"အစ်ကိုကြီး... ဒေါသမထွက်ပါနဲ့... မတန်ပါဘူး..."

ဒုတိယညီက အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် ကြိုးစားရင်း အသံကို နှိမ့်ကာ ပြောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးတစ်ခု ပေါ်လာ၏။

"ငါတို့တွေ အားလုံးက ညီအစ်ကိုတွေပဲလေ... ခုလိုမျိုး မဖြစ်သင့်ပါဘူး..."

"ညီအစ်ကိုတွေ ဟုတ်လား..."

အဘိုးလျူ၏ ယခင် အေးစက်နေမှုများ ပျောက်ကွယ်သွားပြီး လှောင်ပြောင်သရော်မှု တစ်ချို့ဖြင့် အစားထိုး ဝင်ရောက်လာသည်။

"ဒီနှစ်တွေ တစ်လျှောက်လုံး မင်းက တရားမျှတတဲ့ စကားတစ်ခွန်းတောင် မပြောရဲခဲ့ဘူး... ဒီညီအစ်ကို သံယောဇဉ် ဆိုတာက ပါးလွှာလွန်းလို့ ပေါက်ပြဲနေတာ ကြာပြီ..."

"ဒုတိယညီ... မင်းဘဝက အဆင်ပြေနေသေးတယ်လို့ ထင်ရင် မင်းကို ငါ မတားပါဘူး... ဒါပေမဲ့ မင်းမိန်းမ ပြောသလို ပုပ်ပွနေတဲ့ အခြေအနေဆိုးကြီး ဖြစ်နေပြီလို့ ထင်ရင်တော့ ပိုင်ဆိုင်မှု ခွဲတာကပဲ အရာအားလုံးကို ငြိမ်းချမ်းအောင် ထိန်းထားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလို့ ငါ ထင်တယ်... ငါ ဆုံးဖြတ်ပြီးပြီ... လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး..."

ဟာရီကိန်း မုန်တိုင်းကဲ့သို့ ပြင်းထန်သော ဒေါသတကြီး ဆဲဆိုသံများကြောင့် ဒုတိယညီနှင့် သူ၏ ဇနီးတို့မှာ တိတ်ဆိတ်သွားကြ၏။ အမျိုးသားဖြစ်သူက ဟန်ဆောင် ပြုံးနေပြီး အမျိုးသမီးကမူ နာကြည်းနေပုံ ပေါ်သော်လည်း နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲတော့ဘဲ သူမ၏ အကြည့်များက ကြိုးတစ်ချောင်းကဲ့သို့ အဘိုးလျူထံတွင် စူးစိုက်နေသည်။

အဘိုးလျူမှာ စိတ်အနှောင့်အယှက် ဖြစ်သွားပြီး သူတို့ကို ဒုတိယအကြိမ်ပင် လှည့်မကြည့်တော့ပေ။ သူက ယင်ကောင်များကို မောင်းထုတ်သကဲ့သို့ လက်ကာပြလိုက်ပြီး ပြောလိုက်၏။

"မင်းတို့ လုပ်စရာရှိတာ သွားလုပ်ကြတော့... ဒီအိမ်က မင်းတို့အတွက် မလိုတော့ဘူး..."

လဲ့ချန်က ဘေးမှ ရပ်ကြည့်နေရင်း စိတ်ထဲမှ တိတ်တဆိတ် အားပေးလိုက်မိသည်။

ထိုယုံကြည်မှုရှိပြီး ပြတ်သားသော စိတ်နေသဘောထားက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

ဒုတိယခယ်မက စားပွဲပေါ်ရှိ ဆေးတံကို စိုက်ကြည့်ရင်း လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး နောက်ဆုံးတွင် သွားကို ကျိတ်၍ သူမ၏ ခင်ပွန်းကို အခန်းပြင်သို့ ဆွဲခေါ်သွား၏။ တံခါးဝမှ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သူမက ခပ်ကြမ်းကြမ်း နှာမှုတ်လိုက်သည်။

"စောင့်နေလိုက်..."

"ဟွန့်... ငါ ဂရုစိုက်မနေအားဘူး..."

အဘိုးလျူက သူ၏ ဒုတိယခယ်မ ထွက်သွားသည်အထိ အော်ဟစ်လိုက်ပြီးနောက် ကုလားထိုင်ပေါ်သို့ ဘုန်းခနဲ ပြန်ထိုင်ချလိုက်ကာ ဆေးတံကို ခါက်လိုက်ပြီး အနောက်သို့ လှည့်မကြည့်ဘဲ အတွင်းခန်းထဲသို့ လှမ်းအော်လိုက်၏။

“ကျစ်... ထွက်ခဲ့တော့... ရှုပ်ယှက်ကို ခတ်နေတာပဲ... ဒီနှစ်ယောက်ကြောင့် မင်းလည်း တော်တော် ဒေါသထွက်နေရပြီ..."

အတွင်းခန်း၏ လိုက်ကာ ပွင့်သွားပြီး အဘိုးလျူ၏ ဇနီးက အပြင်သို့ ချောင်းကြည့်လိုက်ရာ သူမ၏ မျက်နှာက ဖြူဖျော့နေသော်လည်း မျက်လုံးများကမူ ကြည်လင်နေဆဲ ဖြစ်သည်။ "

အဘိုးကြီး... မအော်ပါနဲ့... ငါ နားထောင်နေပါတယ်..."

သူမက လဲ့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မျက်နှာ အနည်းငယ် နီမြန်းသွား၏။

“ငါတို့ သူ့ကို တကယ် အများကြီး အကြွေးတင်သွားပြီ..."

"ရှောင်လဲ့ကို အကြွေးတင်သွားတယ်ဆိုတာ မင်း သိသေးတာပဲလား... သူစိုက်ပေးလိုက်တဲ့ အပ်တစ်ချို့သာမရှိရင် မင်း အခုလောက်ဆို လန့်သေနေလောက်ပြီ..."

အဘိုးလျူ၏ အသံက ကျယ်လောင်သော်လည်း သူ၏ စကားလုံးများတွင် စိုးရိမ်ပူပန်မှု တစ်ချို့က မသိမသာ ပေါ်လွင်နေ၏။

“မင်းက အသက်ရှူရတာတောင် ခက်ခဲနေပြီး အိပ်ရာထဲ လဲနေတာကို... တစ်ခုခု မှားယွင်းနေတာ ရှိ၊ မရှိ မြန်မြန် ဆေးစစ်ခိုင်းလိုက်ဦး..."

All Chapters