← Chapters

အခန်း (၅၅၁-၅၅၂)

Vol. 53 Ch. 551-552

အခန်း (၅၅၁-၅၅၂)

Vol. 53 Ch. 551-552

အခန်း (၅၅၁)။

ဟုန်ယွိသည် ကြင်ယာတော်ယွမ်ကို တွေ့ဆုံရန် နန်းတော်သို့ လာစဉ် တိုက်ပွဲကြီးတစ်ခု ဖြစ်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားသော်လည်း၊ ဤမျှ မြန်ဆန်ပြင်းထန်လိမ့်မည်ဟု တော့ မထင်ထားခဲ့ပေ။

ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့အပြင် အခြားသော ထိပ်သီးကျွမ်းကျင်သူ တစ်ဦး ရှိနေသေး သည်။ ထို့အပြင် ထိုသူမှာ လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူ၏ အဓိက အပ်စိုက်မှတ်တစ်ခုသည် အခြားအပ်စိုက်မှတ်သေး တစ်ရာနှင့် ချိတ်ဆက်နေပြီး သူ၏ သိုင်းဆန္ဒမှာ အဆုံးမဲ့ ခုခံမှုများ၊ ဟင်းလင်းပြင်နှင့် အချိန်တို့ကိုပင် ဖောက်ထွက်ကာ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

ပထမဆုံး စတင်တိုက်ခိုက်သူမှာ ချန်ဧကရာဇ် ယန်ဖန် ဖြစ်သော်လည်း၊ ဟုန်ယွိ၏ စိတ်အာရုံကို အရင်ဆုံး ထိမှန်သွားသည်မှာ ထိုပြင်းထန်လှသော သိုင်းဆန္ဒ ဖြစ်နေသည်။

ဤသိုင်းဆန္ဒမှာ အထည်ကိုယ်ဒြဗ် မဟုတ်သဖြင့် အသားအရေနှင့် အဝတ်အစားများကို ထိခိုက်စေနိုင်စွမ်း မရှိပေ။ သို့သော် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အနေဖြင့်မူ ကမ္ဘာကြီးကို ပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်။

သိုင်းတာအို၏ သိုင်းဆန္ဒဆိုသည်မှာ စစ်မှန်သော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပင် ဖြစ်သည်။

...

ဧကရာဇ် ယန်ဖန်၏ ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ မှာ လမ်းတစ်ဝက်သို့ပင် မရောက်သေးမီ၊ ထူးဆန်းသော လူသားအင်မော်တယ် အထွတ်အထိပ် ကျွမ်းကျင်သူ၏ သိုင်းဆန္ဒမှာ ဟုန်ယွိ၏ အတွေးစများနှင့် မှတ်ဉာဏ်များအားလုံးကို လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည်။

မိန်းမောတွေဝေနေစဉ်အတွင်း ဟုန်ယွိ၏ မှတ်ဉာဏ်ထဲ၌ ပြီးပြည့်စုံသော ခန္ဓာကိုယ်ရှိပြီး အဖြူရောင် ဝတ်ရုံပွပွ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပေါ်လာသည်။ သူသည် ကိုးပေ၊ ကိုးလက်မနှင့် ကိုးမီလီမီတာ မြင့်မားသည်။ သူသည် ‘ဗုဒ္ဓဓမ္မခန္ဓာ’ကဲ့သို့ ပြီးပြည့်စုံ သော်လည်း မျက်နှာသွင်ပြင်မှာမူ ဝေဝါးနေသည်။

ထိုအဖြူရောင်ဝတ်ရုံနှင့် အမျိုးသားသည် မြေပြင်ပေါ်တွင် ရပ်လျက် လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်သည်။ သူ၏ လက်သီးချက်ကြောင့် ကောင်းကင်နှင့် မြေကြီးရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများအားလုံး ပျက်စီးသွားတော့မည့်အလား ခံစားရသည်။

ဤမဟာကမ္ဘာကြီးပင်လျှင် သူ၏ လက်သီးအောက်တွင် တုန်ခါသွားရပေလိမ့်မည်။

ဤလက်သီးချက် ရောက်ရှိလာသည်နှင့်အမျှ ဟုန်ယွိသည် သူ၏ မှတ်ဉာဏ်များအားလုံး ပျောက်ကွယ်တော့မည့်အလား ခံစားလိုက်ရသည်။ အတွေးအခေါ်မရှိ၊ ဦးနှောက်မရှိသော အရူးတစ်ယောက် ဖြစ်သွားတော့မည့်အလားပင်။

“ဒီလက်သီးက အစစ်အမှန် မဟုတ်ဘူး၊ ဒါက ပုံရိပ်ယောင် သိုင်းဆန္ဒပဲ။ ဒါပေမဲ့ ဒါဟာ အပြင်းထန်ဆုံး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ။ ငါသာ ဒီလက်သီးကို မတားဆီးနိုင်ရင် ငါ့ရဲ့ မှတ်ဉာဏ်တွေ အားလုံး ချက်ချင်း ပြိုလဲသွားပြီး ကျိုးထိုက်ကျူလို အရူးတစ်ယောက် ဖြစ်သွားလိမ့်မယ်။ ငါ့ရဲ့ အတွေးစတွေ၊ ခန္ဓာကိုယ်နဲ့ ရတနာတွေအားလုံး သူတစ်ပါး လက်ထဲ ရောက်သွားလိမ့်မယ်။”

စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်သည့် အစစ်မှန် သိုင်းဆန္ဒမှာ အဆင့်ခြောက် မိုးကြိုး ကပ်ဘေး ကျွမ်းကျင်သူများ၏ မှတ်ဉာဏ်များကို ဖျက်ဆီးပစ်ရန် လုံလောက်ပြီး၊ ဖန်ဆင်းရှင်အဆင့် ကျွမ်းကျင်သူ၏ စိတ်ဝိညာဉ် အမှတ်အသားကိုပင် ထိခိုက်စေနိုင်သည်။

ဤသည်မှာ သိုင်းတာအိုမှ အထွတ်အထိပ် လူသားအင်မော်တယ် အဆင့်၏ စွမ်းအားပင် ဖြစ်သည်။

၎င်းမှာ ‘စစ်နတ်ဘုရားရှန့်’ ထက်ပင် ပို၍ အစွမ်းထက်သည့် နယ်ပယ်တစ်ခု ဖြစ်ပေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဟုန်ယွိ၏ အတွေးထဲ၌ သိုင်းတာအို၏ စိတ်ဝိညာဉ်နှင့် သိုင်းဆန္ဒတို့သည် ‘အခြားတစ်ဖက်ကမ်းသို့ ကူးမည့် ပါရမီတံတား’ အဖြစ် ပေါင်းစပ်သွား သည်။ ငါးရောင်ခြယ် အလင်းတန်းများ ထွက်ပေါ်နေသော ဤရွှေရောင်တံတားသည် စိတ်ရှုပ်ထွေးမှုအားလုံးကို တည်ငြိမ်သွားစေသည်။ ကမ္ဘာကြီး ပျက်စီးပြီးနောက် ဖြစ်ပေါ် လာမည့် မြေ၊ ရေ၊ လေ၊ မီး ဘေးအန္တရာယ်များကိုပင် တစ်ခုချင်း တည်ငြိမ်စေကာ လူတိုင်း ကို အခြားတစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးနိုင်မည့်အလား ရှိနေသည်။

ဘုန်း….

ဟုန်ယွိ၏ စိတ်ထဲ၌ အဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည် ‘ပါရမီတံတား’ ကို လက်သီးဖြင့် ထိုးလိုက်သည်။ တံတားမှာ ပြင်းထန်စွာ တုန်ခါသွားသော်လည်း နောက်ဆုံးတွင် ပြိုလဲ မသွားခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုစိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ခိုင်မာစွာ ခုခံနိုင်ခဲ့ သည်။

ဤစိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအပြီးတွင် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဟုန်ယွိ၏ မှတ်ဉာဏ်ထဲသို့ ထပ်မံ ဝင်ရောက်လာသည်။

ဤတစ်ကြိမ်တွင်မူ ကြီးမားလှသော ‘ဓမ္မစက်ဝန်းဘီးကြီး’ တစ်ခု ဖြစ်သည်။ ၎င်းမှာ ဟုန်ရွှန်ကျိ၏ ‘ကောင်းကင်ဘုံသေမင်းဘီး’ သိုင်းဆန္ဒပင် ဖြစ်သည်။

ဟုန်ယွိသည် စဉ်းစားမနေတော့ဘဲ သူ၏ စိတ်ဝိညာဉ် အတွေးစများကို ‘ဗုဒ္ဓတံဆိပ်’ အဖြစ် ပြောင်းလဲကာ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ၎င်းမှာ သိုင်းဆန္ဒနှင့် တိုက်ရိုက် တိုက်မိပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့သည်။

...

ရုတ်တရက်….

ဤစိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု နှစ်ခုကို ကြံ့ကြံ့ခံပြီးနောက် ဟုန်ယွိ၏ အသိစိတ်မှာ အစစ်မှန် ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည်။

‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ မှာ ပြိုကျလာနေပြီ ဖြစ်သည်။

“ဝမ်ယွမ် တစ်ခု၊ တစ်သံသရာ၊ ခေတ်တစ်ခေတ်၊ ကမ္ဘာဦးအစ။”

ဟုန်ယွိသည် နောက်မဆုတ်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အဖြူရောင် မြင့်မြတ်သော အလင်းတန်းများမှာ ရူးသွပ်စွာ ပျံ့နှံ့ထွက်ပေါ်လာပြီး ‘ကမ္ဘာဦးဖန်ဆင်းခြင်း’ ကျမ်းစာအဖြစ် ပေါင်းစပ်သွားသည်။ ၎င်းမှာ ပထမဆုံးအနေဖြင့် ပျံသန်းလာသော ကြင်ယာတော်ယွမ်ကို အကာအကွယ် ပေးလိုက်ပြီးနောက် ‘ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်’ နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

အတိုင်းအဆမရှိသော မြင့်မြတ်သည့် ထိုနတ်ဘုရား အလင်းတန်းနှစ်ခုမှာ ချက်ချင်းပင် တစ်ခုနှင့်တစ်ခု ထိတွေ့မိပြီး အပြင်းထန် တိုက်မိကာ ရောယှက်သွားခဲ့သည်။ ဟင်းလင်း ပြင်မှာ အတင်းအကျပ် ပွင့်ထွက်သွားပြီး၊ ထိုဟင်းလင်းပြင်အတွင်း၌ ‘မူလစွမ်းအင်’ စာသားနှစ်ခုမှာ အပြင်းထန် တိုက်မိသွားကြကာ မည်သူမျှ နားမလည်နိုင်သော ပြင်းထန် သည့် အပြောင်းအလဲများကို ကြုံတွေ့ရသည်။

ဂျိန်း... ဂျိန်း...

မြေကြီးပင် တုန်ခါသွားစေသော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ‘ချန်ကန်း နန်းဆောင်’ တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ထိုအခါ နန်းဆောင်ပတ်ပတ်လည်မှ တုန်ခါ နေသော အလင်းတန်းများ ထွက်ပေါ်လာပြီး ထို ‘မူလစွမ်းအင်’ နှစ်ခုကြောင့် ထွက်ပေါ်လာ သည့် အကြွင်းအကျန် လှိုင်းများကို ခိုင်မာစွာ ခုခံလိုက်ကာ တော်ဝင်နန်းတော်ကြီး ပျက်စီးမသွားအောင် တားဆီးပေးလိုက်သည်။

“အံ့သြစရာပဲ။ ဒီနန်းတော်ခန်းမမှာ အကာကွယ် မန္တန်တွေ အပြည့်ပဲ၊ မင်းဆက်အသီးသီးက ကျွမ်းကျင်သူပေါင်းများစွာ တည်ဆောက်ခဲ့တာဆိုတော့ ဒါဟာ တကယ်ကို နတ်ဘုရား ရတနာတစ်ခုလို့ ဆိုရမှာပဲ။”

တိုက်ပွဲတစ်ကြိမ်အပြီးတွင်...

ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်မှ သူတော်စင် အလင်းတန်းများ ပြန်လည် ဆုတ်ခွာသွားပြီး ကြင်ယာတော်ယွမ်မှာလည်း ထိုအလင်းတန်းအတွင်း၌ ဖုံးကွယ်သွားခဲ့သည်။ သူမသည် ဟင်းလင်းပြင်ထဲမှ ကွယ်ပျောက်သွားပြီး ‘သူတော်စင်ပေါင်းစုံခန်းမ’ ထဲသို့ ရောက်ရှိသွားခဲ့ သည်။

“အရှင်မင်းမြတ်... ကျွန်တော်မျိုး အရှင်မင်းမြတ်ရဲ့ လက်သီးချက်ကို ခံယူပြီးပါပြီ။ ကြင်ယာတော်ယွမ်ကို ကျွန်တော်မျိုး ခေါ်သွားပါတော့မယ်။ ဘယ်လိုလဲ။”

တိုက်ပွဲအပြီးတွင် ဟုန်ယွိသည် နန်းတော်အတွင်း၌ ခန့်ညားစွာ ရပ်နေပြီး၊ နဂါးပလ္လင်ပေါ်မှ ထရပ်လိုက်သော ဧကရာဇ် ယန်ဖန်ကို ကြည့်ကာ ထပ်မံ ပြောကြားလိုက်သည်။

“ရှေးဟောင်းနဂါးသင်္ချိုင်း ကိစ္စအပြီးမှာ မင်းရဲ့ တာအိုပညာရပ်တွေက ဒီလောက်အထိ တိုးတက်လာတာလား။ မင်းရဲ့ စွမ်းအားက ဒီအဆင့်အထိ ရောက်နေပြီပေါ့။” ဧကရာဇ် ယန်ဖန်သည် တိုက်ခိုက်ပြီးနောက် ထပ်မံ တိုက်ခိုက်လိုဟန် မရှိတော့ပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူသည် အနည်းငယ် အံ့သြသွားပုံရသည်။ အခုနက မင်းသုံးလိုက်တဲ့ သိုင်းကွက် က ဘာလဲ။ ငါ တစ်ခါမှ မမြင်ဖူးဘူးထင်တယ်။”

“အရှင်မင်းကြီး... ဒါက မေးသင့်တဲ့ မေးခွန်းပါ။ ဒီသိုင်းကွက်က ကျွန်တော်မျိုး ကိုယ်တိုင် ဖန်တီးထားတဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုပါ။ ဒါကို ‘ကမ္ဘာဦးဖန်ဆင်းခြင်း’ လို့ ခေါ်ပါတယ်။ ဒါဟာ ‘ယန်နတ်ဘုရား’ တစ်ပါးရဲ့ ‘နိဗ္ဗာနနယ်ပယ်’ကို ကူးမြောက်ဖို့ အစွမ်းကုန် ကြိုးစား ရာမှ ရရှိလာတဲ့ အသိဉာဏ်တစ်ခု ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ကျွန်တော်မျိုး ဒီသိုင်း ကွက်ကို သုံးပြီး ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ က ‘အမှောင်ဧကရာဇ် တာအို သခင်’ ကို အနည်းငယ် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါတယ်။ တကယ်လို့, အရှင်မင်းကြီးက ဒီနေ့ ကျွန်တော်မျိုးကို သတ်ချင်တယ်ဆိုရင်တော့ အဲဒီ အထွတ်အထိပ် လူသားအင်မော်တယ် ကျွမ်းကျင်သူနဲ့ ဟုန်ရွှန်ကျိတို့ကိုပါ ထွက်လာခိုင်းရပါလိမ့်မယ်။ အရှင်မင်းကြီးတို့ သုံးယောက်လုံး ပူးပေါင်းမှပဲ အခွင့်အရေး ရှိမှာပါ။”

ဟုန်ယွိသည် မိမိ၏ စိတ်အာရုံကို နိုးကြားသတိထားလျှက် ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှု အားလုံးကို အကဲခတ်နေသည်။

သို့သော် ချန်ကန်းနန်းဆောင် တစ်ခုလုံးတွင် ထိုလျှို့ဝှက်ဆန်းပြားသော အထွတ်အထိပ် လူသားအင်မော်တယ်၏ အရိပ်အယောင် မရှိသလို၊ ဟုန်ရွှန်ကျိလည်း ထွက်ပေါ်လာခြင်း မရှိပေ။

ထိုနေရာတွင် ဧကရာဇ် ယန်ဖန်နှင့် ဟုန်ယွိ နှစ်ဦးတည်းသာ ရှိနေဆဲ ဖြစ်သည်။

...

“အမှောင်ဧကရာဇ် တာအိုသခင် ပြန်လည် ရှင်သန်လာတာကို ငါလည်း သိပါတယ်။ ဒါပေမဲ့ သူက နဂိုကတည်းက ဒဏ်ရာအပြင်းအထန် ရထားတာ၊ အခု ပြန်လည်မွေးဖွားလာတာ တောင် သူ့ရဲ့သက်တမ်းက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ သူက ‘အမှောင်ကြယ်’ နဲ့ အနိုင်နိုင် ပေါင်းစပ်ထားရတာ၊ ဒါက နောက်ဆုံးထွက်သက်ကို ဆွဲဆန့်ထားရုံပဲ။ ငါ ခန့်မှန်းရသ လောက်ဆို သူ့ရဲ့သက်တမ်းက အများဆုံး ၃ နှစ်ကနေ ၅ နှစ်ပဲ ကျန်တော့တယ်။ မင်းလည်း ‘နိဗ္ဗာနရတနာ’ တစ်ခုကို သန့်စင်နေတာကို ငါ မြင်နိုင်တယ်။ တကယ်လို့ မင်းသာ သူ့ရဲ့ ‘အမှောကြယ်’ ကိုပါ အဲဒီထဲမှာ ထည့်သွင်း သန့်စင်နိုင်မယ်ဆိုရင်... ဗုဒ္ဓသင်္ကန်းတော်က အလင်းစွမ်းအင်၊ အမှောင်ကြယ်က အမှောင်စွမ်းအင် ဖြစ်လာလိမ့်မယ်။ အဲဒီနှစ်ခု ပေါင်းစပ် သွားရင်တော့ မင်း အောင်မြင်လိမ့်မယ်လို့ ငါ ထင်တယ်။” ဧကရာဇ် ယန်ဖန်က ရုတ်တရက် ဆိုလိုက်သည်။

“အမှောင်ဧကရာဇ် တာအိုသခင်က အတော်လေး ကြောက်မက်ဖွယ် ကောင်းပြီး ရက်စက် ကြမ်းကြုတ်ပါတယ်။ အရှင်မင်းကြီးရဲ့ တာအိုပညာရပ်တွေက ပြိုင်ဘက်ကင်းတာဆိုတော့ သူ့ကို သတ်နိုင်မယ့် အခွင့်အရေး ရှိပါသေးတယ်။ ‘အမှောင်ကြယ်’ ကို သိမ်းပိုက်ပြီး ‘ဖန်ဆင်းခြင်းသင်္ဘော’ ထဲမှာ ပေါင်းစပ်လိုက်ရင် အရှင်မင်းကြီးရဲ့ စွမ်းအားတွေ ပြန်လည် ပြည့်ဝလာမှာပါ။”

ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားသည်။ ဧကရာဇ် ယန်ဖန်သည် အနာဂတ်၏ လမ်းကြောင်းများနှင့် အပြောင်းအလဲများစွာကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိနေသည်။ အမှောင်ဧကရာဇ် တာအိုသခင်၏ သက်တမ်းမှာ ၃ နှစ်မှ ၅ နှစ်သာ ကျန်တော့ သည် ဆိုသည်မှာ အမှန် ဟုတ်မဟုတ် သူ မသိပေ။

“အမှောင်ဧကရာဇ် တာအိုသခင် အကြောင်း ထားလိုက်ပါဦး။ မင်းက ငါ့ရဲ့ လက်သီးချက်ကို ခံယူနိုင်ခဲ့ပြီ၊ တစ်ချိန်တည်းမှာပဲ လူသားအင်မော်တယ် သိုင်းဆန္ဒ နှစ်ခုကိုလည်း ကြံ့ကြံ့ ခံနိုင်ခဲ့တယ်။ မင်းမှာလည်း မှော်ရတနာတစ်ခု ရှိနေတာပဲ။ မင်းကို သတ်ဖို့ မလွယ်ဘူးဆို တာ ငါ သိပါတယ်။ ဒီ ‘ချန်ကန်းနန်းဆောင်’ ထဲမှာ ငါလည်း ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို အသုံးမပြုချင်ဘူး။ အဲဒီ အထွတ်အထိပ် လူသားအင်မော်တယ် ကျွမ်းကျင်သူနဲ့ မင်းအဖေ ကတော့ မင်းရဲ့ သိုင်းတာအိုအဆင့်ကို စမ်းသပ်ရုံပဲ ရှိတာ၊ သူတို့က မင်းနဲ့ မတွေ့ချင်ကြ ဘူး။” ဧကရာဇ် ယန်ဖန်က ဆိုသည်။

“ဒါဆိုရင်တော့ ကျွန်တော်မျိုး နှုတ်ဆက်ပါတယ်။”

ဟုန်ယွိသည်လည်း အလွန်ပင် ပွင့်လင်းလှသည်။ သူသည် စွမ်းရည်အသစ်ကို ပြသခဲ့သဖြင့် ယန်ဖန်အနေဖြင့် သူ၏ နောက်ကြောင်းကို သေချာမသိရဘဲ ဖြစ်သွားစေခဲ့ရာ၊ သူ့ကို ဝိုင်းရံသတ်ဖြတ်ရန် မဝံ့မရဲ ဖြစ်သွားစေခဲ့ကြောင်း သူ သိလိုက်သည်။

သို့သော် နန်းတော်ထဲတွင် ပုန်းကွယ်နေသော အမည်မသိ အထွတ်အထိပ် လူသား အင်မော်တယ် ကျွမ်းကျင်သူမှာမူ ဟုန်ယွိကို အလွန် စိုးရိမ်စေခဲ့သည်။

စကားဆုံးသည်နှင့် ဟုန်ယွိသည် သူ၏ လက်ဖြင့် ဆွဲဖြဲလိုက်ရာ ဟင်းလင်းပြင်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းထဲမှ ‘သူတော်စင်ပေါင်းစုံ’ ၏ ရွတ်ဖတ်သံများနှင့် ကောင်းကင်နဂါးတို့၏ ဟိန်းသံများ ထွက်ပေါ်လာသည်။ ‘ချန်ကန်း နန်းဆောင်’ တစ်ခုလုံးမှာ ချက်ချင်းပင် သန့်စင်မြင့်မြတ်သော အရှိန်အဝါများဖြင့် ပြည့်နှက် သွားတော့သည်။

တစ်ချိန်တည်းမှာပင် ဧကရာဇ် ယန်ဖန်၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် ဟင်းလင်းပြင် အက်ကြောင်း၏ အနက်ရှိုင်းဆုံးနေရာတွင် နန်းတော်အလား ခန့်ညားသော နန်းဆောင်ကြီး တစ်ခု တည်ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုနေရာမှ တောက်ပသော အလင်းတန်းများ အဆုံးမရှိ ထွက်ပေါ်နေပြီး၊ ‘ကောင်းကင်နဂါး’ ၅၀၁ ကောင်၏ အစွမ်းထက်သော မင်္ဂလာတိမ်တိုက်များမှာ လှိမ့်တက်နေကြသည်။

ဤအရာအားလုံး၏ အစွမ်းမှာ အနည်းငယ်မျှ ထွက်ပေါ်လာရုံနှင့် လူတို့ကို ထိတ်လန့် တုန်လှုပ်စေရန် လုံလောက်သည်။

ဧကရာဇ် ယန်ဖန်သည် ဟုန်ယွိက ဟင်းလင်းပြင် အက်ကြောင်းထဲမှတစ်ဆင့် နန်းဆောင် ကြီးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ ယန်ဖန်၏ မျက်နှာ အမူအရာမှာ ကျောက်ရုပ်ကဲ့သို့ မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။ သူ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။

...

“အရှင်မင်းကြီ... ကြင်ယာတော်ယွမ်ကို ဘာလို့ မသတ်လိုက်တာလဲ။ အမှန်ဆို မူလ စွမ်းအင်တွေ အပြင်းအထန် တိုက်မိတဲ့အချိန်မှာ အရှင်မင်းကြီးအနေနဲ့ ကြင်ယာတော်ယွမ် ကို ဖုန်မှုန့်ဖြစ်အောင် ချေမွပစ်လို့ရတယ်။ သူမကို အခုလို လွှတ်ပေးလိုက်တာက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေသလို၊ ကျင့်ဝတ်စည်းကမ်းတွေနဲ့ လည်း မကိုက်ညီပါဘူး။”

ဟုန်ယွိ ထွက်သွားပြီးနောက် ‘ချန်ကန်းနန်းဆောင်’ ထဲတွင် အခြားလူတစ်ဦး ပေါ်လာ သည်။ ထိုသူမှာ ဟုန်ရွှန်ကျိပင် ဖြစ်သည်။

“သူမကို သွားခွင့်ပေးလိုက်ပါ။ သူမစိတ်နှလုံးက နန်းတော်ထဲမှာ မရှိပါဘူး၊ လက်ထပ်ခဲ့တာ ကလည်း ငါ့ရဲ့လျှို့ဝှက်ချက်တွေကို ထောက်လှမ်းဖို့ပဲ။” ဧကရာဇ် ယန်ဖန်က သက်ပြင်းချ လိုက်သည်။ “သူမရဲ့ တာအိုပညာရပ်တွေနဲ့ဆိုရင် ငါတို့ကို ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ နောင်တစ်ချိန် သိုင်းလောကမှာ တစ်ယောက်နဲ့တစ်ယောက် မေ့ပျောက်သွားတာကပဲ အကောင်းဆုံး ဖြစ်မှာပါ...”

“တော်ဝင်မိသားစုရဲ့ ကြင်ယာတော်တစ်ဦးဟာ မိမိစိတ်ကြိုက် ထွက်သွားလိုက်၊ ပြန်လာ နေလိုက် လုပ်နေတာဟာ ကျင့်ဝတ်တွေကို အကြီးအကျယ် ထိခိုက်စေပါတယ်။ တကယ် လို့ အရှင်မင်းကြီးက သူမကို မသတ်ဘူးဆိုရင်၊ ကျွန်တော်မျိုးကပဲ လုပ်ဆောင်ပါရစေ။ ကျွန်တော်မျိုး အရှင်မင်းကြီးကို အကြံပေးချင်တာကတော့ ဒီကမ္ဘာမှာ လူယုတ်မာတွေနဲ့ မိန်းမသားတွေကို ထိန်းကျောင်းရတာ အရမ်းခက်ခဲပါတယ်။ အရှင်မင်းကြီးက ‘ယွမ်ရှန်းရှန်း’ ကို မသတ်ခဲ့လို့ အခု သူမက ပြဿနာတွေ ရှာနေပြီ။ အခု ကြင်ယာတော် ယွမ်ကို မသတ်ခဲ့ရင်လည်း သူမက နောင်တစ်ချိန်မှာ ပြဿနာရှာဦးမှာပဲ။ သူမကို အပြတ်ရှင်းလိုက်တာ အကောင်းဆုံးပါပဲ။”

ဟုန်ရွှန်ကျိက ခေါင်းယမ်းလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် သနားညှာတာမှု အရိပ်မြွက် စိုးစဉ်းမျှ မရှိပေ။ သူသည် မည်သည့် ခံစားချက်မျှ မရှိသူအလား၊ စကြဝဠာထဲတွင် အအေးစက်ဆုံး အရာဝတ္ထုတစ်ခုကဲ့သို့ အေးစက်နေတော့သည်။

“ဒီကိစ္စကို ထပ်မပြောပါနဲ့တော့။ မနက်ဖြန် နန်းတွင်းရေးရာဦးစီးဌာနကနေ အမိန့်စာ ထုတ်ခိုင်းလိုက်ပါ။ ကြင်ယာတော်ယွမ် ရုတ်တရက် ကွယ်လွန်သွားပြီလို့ ကြေညာပြီး ‘ယွမ်တူး’ နိုင်ငံကို သတင်းပို့လိုက်ပါ။ ဒါဆိုရင် ဒီကိစ္စကို ဖုံးကွယ်ထားလို့ ရပါသေးတယ်။”

ဧကရာဇ် ယန်ဖန်သည် ဤအကြောင်းကို ထပ်မပြောလိုတော့ဟန်ဖြင့်၊ “တကယ်လို့, အခုနက မင်း တိုက်ခိုက်ခဲ့ရင် မင်းရဲ့သားကို ဖမ်းထားနိုင်ဖို့ ဘယ်လောက်အထိ ယုံကြည်မှု ရှိသလဲ။”

“ငါးဆယ်ရာခိုင်နှုန်းပါ။” ဟုန်ရွှန်ကျိက ဆိုသည်။ “ဒါပေမဲ့ ကျွန်တော်မျိုး ‘ဘိုးဘေးနဂါး’ ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတယ်။ အဲဒီ သားမိုက်ဟာ ဘိုးဘေးနဂါးရဲ့ အနှစ်သာရ စွမ်းအင်တွေကို သူ့မှေဦ်ရတနာထဲမှာ ပေါင်းစပ်ထားပြီးပြီ။”

“ကမ္ဘာဦး နဂါးနှစ်ကောင်စလုံးကို မင်းခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်သွားရင် မင်းဟာ တကယ့် ကို ပြီးပြည့်စုံတဲ့ အသွင်ပြောင်းလဲမှုကို ကြုံတွေ့ရပြီး လူသားခန္ဓာကိုယ်ရဲ့ ချုပ်နှောင်မှုတွေ ကနေ ရုန်းထွက်နိုင်ကာ ‘ဟင်းလင်းပြင်ဖျက်ဆီးခြင်း’ အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်။ ဒါပေမဲ့ အခုတော့ ဒီကိစ္စက ပိုပြီး ခက်ခဲသွားပုံရပြီ။” ယန်ဖန်က ဆိုသည်။

“ကိစ္စမရှိပါဘူး အရှင်မင်းကြီး၊ နောင်ကျရင် အချိန်တွေ အများကြီး ရှိပါသေးတယ်။” ဟုန်ရွှန်ကျိက ဆိုလိုက်ပါတော့သည်။

အခန်း (၅၅၂)။

“ကြင်ယာတော်ယွမ်... ယန်ဖန်ဟာ အရေးကြီးဆုံးအချိန်မှာ လက်တွန့်သွားခဲ့တာကြောင့် သူဟာ ဟုန်ရွှန်ကျိလောက် မရက်စက်ဘူးလို့ ကျွန်တော် ထင်မိတယ်။ မဟုတ်ရင်တော့ ခင်ဗျား အန္တရာယ်ရှိသွားနိုင်တယ်။ လူတွေက ဧကရာဇ်တွေဟာ နှလုံးသားမရှိဘူးလို့ ပြောကြပေမဲ့ ကျွန်တော် အမြင်မှာတော့ ဟုန်ရွှန်ကျိက ပိုပြီး နှလုံးသားမရှိတာပါ...”

‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်း၌ ဟုန်ယွိနှင့် ကြင်ယာတော်ယွမ်တို့သည် ယှဉ်တွဲ၍ ရပ်နေကြသည်။

ဧကရာဇ် ယန်ဖန်နှင့် ခုနက တိုက်ခိုက်ခဲ့စဉ်က ကြည့်ရသည်မှာ ငါးမလှုပ်၊ ရေမခုန်သကဲ့သို့ တည်ငြိမ်လှသော်လည်း၊ အတွင်းပိုင်းရှိ အန္တရာယ်များကိုမူ ပြင်ပလူများ မသိနိုင်ပေ။

အထူးသဖြင့် အထွတ်အထိပ် လူသားအင်မော်တယ် ကျွမ်းကျင်သူ နှစ်ဦး၏ သိုင်းဆန္ဒမှာ ဟုန်ယွိ၏ စိတ်ဝိညာဉ် မှတ်ဉာဏ်များကို ဖျက်ဆီးပစ်နိုင်လုနီးပါး ဖြစ်သည်။

ကံကောင်းသည်မှာ နှစ်ဖက်စလုံးသည် ထိန်းထိန်းသိမ်းသိမ်း ရှိကြပြီး နန်းတော်အတွင်း၌ အသေအလဲ တိုက်ခိုက်ရန် မလိုလားကြခြင်းပင်။

အကယ်၍ တိုက်ပွဲကြောင့် နန်းတော်ကြီး ပြိုကျပျက်စီးသွားခဲ့လျှင် ကမ္ဘာတည်သရွေ့ လှောင်ပြောင်စရာ ဖြစ်သွားပေလိမ့်မည်။

“ယန်ဖန်ဟာ တကယ်ကို နက်နဲလွန်းသူပဲ။ သူ့ရဲ့ စိတ်နေစိတ်ထားကို ငါလည်း တခါမှ နားမလည်ခဲ့ဘူး... ဒါပေမဲ့ မင်း သတိထားရမယ်။ သူ့ရဲ့စရိုက်က ဟုန်ရွှန်ကျိထက် အများ ကြီး ပိုရှုပ်ထွေးတယ်။” ကြင်ယာတော်ယွမ်က ဆိုပြီးနောက် ဤအကြောင်းကို ဆက်မပြော လိုတော့ဟန်ဖြင့်၊ “ဟုန်ယွိ... ဒီရတနာက ဘာလဲ။ အင်မတန် ထူးဆန်းလှချည်လား။ မင်းရဲ့ တာအိုပညာရပ်က ဒီအဆင့်အထိ တိုးတက်သွားပြီလား။”

“ဒီမှော်ရတနာကို ‘သူတော်စင်ပေါင်းစုံခန်းမ’ လို့ ခေါ်တယ်။ နတ်ဘုရား ရတနာများစွာကို ပေါင်းစပ်ပြီး ကျွန်တော် သန့်စင်ထားတာပါ။ ဒီထဲမှာ ‘ဘိုးဘေးနဂါး’ ရဲ့ အနှစ်သာရ သွေးနဲ့ ဝိညာဉ်တွေ ပါဝင်ပြီး နှိုင်းယှဉ်လို့မရအောင် ထူးဆန်းတယ်။ ဒါက ယန်ဖန်ရဲ့ ‘ဖန်ဆင်းခြင်း သင်္ဘော’ အောက် မနိမ့်ကျတဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားတယ်။”

ဟုန်ယွိသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ အစိတ်အပိုင်းများကို တစ်ခုချင်း စာရင်းထုတ် ပြလိုက်သည်။ ‘ဗုဒ္ဓသင်္ကန်းတော်’၊ ‘ဇမ္ဗူမဟာအစီအရင်၊ ‘ကောင်းကင်မြို့တော်’ ၊ ‘ဘိုးဘေး နဂါး’၏ အနှစ်သာရ သွေး... စသည်တို့ ဖြစ်သည်။ နာမည်တစ်ခုစီ ရွတ်ဆိုလိုက်တိုင်း ကြင်ယာတော်ယွမ်မှာ အံ့သြတုန်လှုပ်လျက် ရှိနေတော့သည်။

အကြောင်းမှာ ဤမှော်ရတနာများမှာ အလွန်ပင် ကျော်ကြားလှသောကြောင့် ဖြစ်သည်။ တစ်ခုချင်းစီမှာ ဒဏ္ဍာရီလာ နတ်ဘုရား ရတနာများ ဖြစ်ကြသည်။ တစ်ခုတည်းကို ရရှိလျှင် ပင် ကမ္ဘာကို စိုးမိုးနိုင်ပြီး စကြဝဠာအတွင်း လွတ်လပ်စွာ သွားလာနိုင်သည်။ အခုတော့ ထိုရတနာများစွာကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားရာ၊ ၎င်းသည် မည်မျှ ကြောက်မက် ဖွယ်ကောင်းသည့် အနှိုင်းမဲ့ ရတနာ ဖြစ်နေမည်နည်း။ ‘ဖန်ဆင်းခြင်းသင်္ဘော’ နှင့် ရင်ပေါင် တန်းနိုင်ခြင်းမှာ မဆန်းတော့ပေ။

“ကြင်ယာတော်ယွမ်... ဒီရက်ပိုင်း ခင်ဗျား ဘယ်လိုနေလဲ။ နန်းတော်ထဲမှာ အပြောင်းအလဲ တွေ အများကြီး ဖြစ်နေပြီး နေရာတိုင်းမှာ ကျွမ်းကျင်သူတွေ ရှိနေတယ်။ ခင်ဗျား တစ်ခုခု သတိထားမိတာ ရှိလား။” ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ မျက်နှာကို ကြည့်လိုက်ရာ သူမသည် ဒဏ်ရာရထားဟန် မရှိပေ။

ကြင်ယာတော်ယွမ်သည် အနီဖျော့ရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်မှ အေးစက်သော ပိုးထည်ခြုံလွှာကို ခြုံထားသည်။ သူမသည် နှင်းဖုံးတောင်ထိပ်ပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည့် နှင်းကြာပန်းတစ်ပွင့်အလား ကျော့ရှင်းနေသော်လည်း သူမမျက်နှာပေါ်တွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။

“နန်းတော်ထဲမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နေပြီး နေရာတိုင်းမှာ ကျွမ်းကျင်သူ တွေ ရှိနေတာ အမှန်ပဲ။ ဒါပေမဲ့ ငါကတော့ ငြိမ်ငြိမ်လေးပဲနေပြီး တိတ်တဆိတ် ကျင့်ကြံ နေခဲ့တယ်။ သူတို့ လုပ်ချင်ရာ လုပ်ပစေပေါ့။ ဒါပေမဲ့ အသစ်ရောက်လာတဲ့ ကျွမ်းကျင်သူ တွေကလည်း ငါ့ကို ရိုရိုသေသေ ဆက်ဆံကြပြီး ဘာမှ မနှောင့်ယှက်ခဲ့ကြဘူး။ ဒါပေမဲ့ ဒီနေ့ ငါ ကျင့်ကြံနေတုန်းမှာ ယန်ဖန်က ရုတ်တရက် သူ့မှော်ပညာနဲ့ ငါ့ကို ပိတ်လှောင်လိုက် တယ်။ အဲဒီနောက်မှာ ‘ချင်ကန်းနန်ဆောင်’ ထဲမှာ မင်းနဲ့ ယန်ဖန် စကားပြောနေတာကို ငါ မြင်လိုက်ရတာပဲ။”

“အဲဒီလိုလား...”

ဟုန်ယွိ ခဏမျှ တိတ်ဆိတ်သွားသည်။ ကြင်ယာတော်ယွမ်သည် နှစ်ပေါင်းများစွာ စူးစမ်းခဲ့ သော်လည်း တော်ဝင်ချန် တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်များကို ရှာမတွေ့ခဲ့သည်ကို သူ ခံစားမိသည်။ ယခု နန်းတော်တစ်ခုလုံး၏ အပြောင်းအလဲများနှင့်ဆိုလျှင် သူမအနေဖြင့် ဖုံးကွယ်ထားသော သဲလွန်စများကို ရှာဖွေရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။

“အဲဒီ အထွတ်အထိပ် လူသားအင်မော်တယ် ပညာရှင်က ဘယ်မှာ ပုန်းနေတာလဲဆိုတာ သိချင်မိတယ်။ ဒါမှမဟုတ် သူက အဆုံးမဲ့ ‘ကောင်းကင်အပြင်ပနယ်မြေ’ မှာ ရှိနေလို့ ဒီကို မလာနိုင်တာလား။ အခုနက သိုင်းဆန္ဒက အကွာအဝေးကို ဖြတ်ကျော်ပြီး ငါ့ရဲ့ စိတ်ဝိညာဉ် ကို တိုက်ခိုက်ဖို့ အင်အားအပြည့်သုံးလိုက်တဲ့ လှုပ်ရှားမှုတစ်ခုပဲလား။”

ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့၏ နောက်ကြောင်းကို ယခုအခါ အတော်လေး သိရှိပြီး ဖြစ်သော်လည်း၊ ထိုထူးဆန်းသော အထွတ်အထိပ် လူသားအင်မော်တယ် ကျွမ်းကျင်သူမှာ မူ မည်သည့်နေရာမှ လာသည်ကို ဟုန်ယွိ မသိနိုင်သေးပေ။

မသိရသေးသောအရာမှာ ကြောက်စရာအကောင်းဆုံး ဖြစ်သည်။

...

“သိုင်းတာအိုမှာ အထွတ်အထိပ် လူသားအင်မော်တယ် တစ်ယောက်ဟာ တကယ်ကို ကြောက်စရာကောင်းတယ်။ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး တိုက်ခိုက်လိုက်တဲ့ သူရဲ့ ‘သိုင်းဆန္ဒ’ တစ်ချက်လေးကတင် ကျွန်တော်ရဲ့ စိတ်ဝိညာဉ်ကို တုန်လှုပ်စေခဲ့တယ်။ ကံကောင်းလို့ ကျွန်တော်ကိုယ်တိုင်လည်း လူသားအင်မော်တယ်အဆင့်ကို ရောက်နေလို့ ပေါ့၊ မဟုတ်ရင် ဒီနေ့ တကယ်ကို အန္တရာယ်များသွားနိုင်တယ်။ ဒါပေမဲ့ အခုတော့ အားလုံး အဆင်ပြေသွားပါပြီ၊ ကြင်ယာတော်ယွမ်... ခင်ဗျား နန်းတော်ထဲကနေ ထွက်လာနိုင်ပြီဆို တော့ နောင်ကျရင် ဘေးကင်းကင်းနဲ့ ကျင့်ကြံနိုင်ပါပြီ။”

ဟုန်ယွိ ခဏမျှ စဉ်းစားသော်လည်း၊ နောက်ဆုံးတွင် သူသည် ယန်ဖန်ကဲ့သို့ အနာဂတ်ကို ကြိုတင်မြင်နိုင်သော စွမ်းရည်မျိုး မရှိသဖြင့် အရိပ်အမြွက် တစ်ခုမျှ ရှာမတွေ့ဘဲ လက်လျှော့လိုက်ရသည်။

“မကြာသေးခင်က ငါ့ရဲ့ကျင့်ကြံမူမှာလည်း တိုးတက်မှု အချို့ ရှိခဲ့တယ်။ ‘လူသားရနံ့ကျမ်း’ နဲ့ ‘ရေခဲဝိညာဉ်ကျမ်း’ တို့ဟာ တစ်ခုနဲ့တစ်ခု ပေါင်းစပ်လုနီးပါး ဖြစ်နေပြီ။ ‘ရေခဲဝိညာဉ် မူလပုလဲ’ ရဲ့ အကူအညီနဲ့ ‘ဂုဏ်ဝင့်ထည်နှင်းစွမ်းအင်’ (Proud Snow True Qi) တစ်မျိုးကို ငါ ကျင့်ကြံနိုင်ခဲ့တယ်။ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးတာနဲ့ ငါ မဟာအောင်မြင်မှုကြီး ရလိမ့်မယ်လို့ ယုံကြည်တယ်။”

ကြင်ယာတော်ယွမ် စကားပြောနေစဉ် သူမ၏ လက်ဖဝါးပေါ်တွင် အေးမြသော ရနံ့ရှိသည့် စွမ်းအင်များ ပေါ်လာပြီး ဝဲလှည့်နေ၏။ ဤရနံ့မှာ အလွန်ပင် မွှေးပျံ့လှပြီး စိတ်ထဲတွင် စွဲထင်ကျန်ရစ်စေသည်။ ရနံ့ကို ရှူရှိုက်လိုက်ရုံနှင့် ဟုန်ယွိသည် သူ၏ မှတ်ဉာဏ်များ အေးခဲ သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ကြင်ယာတော်ယွမ်၏ စွမ်းအားမှာ သူနှင့် မယှဉ်နိုင်ပေ။ သူ အနည်းငယ် လှုပ်ရှား လိုက်ရုံနှင့် ထိုအေးခဲစေသော စွမ်းအားမှာ ပြိုကွဲသွားခဲ့သည်။

“ခင်ဗျားက မိုးကြိုးကပ်ဘေး တစ်ကြိမ် ဖြတ်ကျော်ပြီးပြီလား။”

ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ သန့်စင်သော ယန်စွမ်းအင်များ ရစ်ဝဲနေသည့် နတ်ဘုရား စိတ်ဝိညာဉ်ကို ကြည့်ကာ မေးလိုက် သည်။

ကြင်ယာတော်ယွမ်သည် နတ်ဆိုးနတ်ဘုရားသွေးနှင့် သူတော်စင် ‘တောက်ဖူ’ ၏ သန့်စင် သော ယန်ဝိညာဉ်ကဲ့သို့ အကျိုးကျေးဇူးများစွာ ရရှိခဲ့သဖြင့် သူမသည် မူလကတည်းက မိုးကြိုးကပ်ဘေး တစ်ပိုင်းအဆင့်တွင် ရှိနေသူဖြစ်သည်။ သို့သော် သူမသည် နန်းတော်ထဲ တွင်သာ အမြဲရှိနေခဲ့သဖြင့် သူမ တိတ်တဆိတ် မည်သို့ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ခဲ့ သည်ကိုမူ ဟုန်ယွိ မသိခဲ့ပေ။

“မိုးကြိုးကပ်ဘေး အဆင့်တစ်ဆိုတာ ဘာထူးဆန်းလို့လဲ။ အများဆုံး ပျမ်းမျှ ကျွမ်းကျင်သူ အဆင့်ပဲ ရှိသေးတာပါ။” ကြင်ယာတော်ယွမ်က ခေါင်းယမ်းလိုက်သည်။ “အဆင့်းငါး၊ အဆင့်ခြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး၊ ဖန်ဆင်းရှင်အဆင့်နဲ့ နီးကပ်နေမှပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာပါ။ အော်... ဒါနဲ့၊ ခုနက မင်း အထွတ်အထိပ် လူသား အင်မော်တယ် ကျွမ်းကျင်သူအကြောင်း ပြောမှ ငါ တစ်ခု သတိရလိုက်တယ်။”

“ဘာများလဲ။” ဟုန်ယွိက မေးလိုက်သည်။

“မကြာသေးခင်က ‘ပိုင်ဇိယွဲ့’ ငါ့ဆီကို လျှို့ဝှက်စာတစ်စောင် ပို့လာတယ်။ အရှေ့ပင်လယ် အစွန်အဖျားမှာရှိတဲ့ ‘မိစ္ဆာနတ်ဘုရားဂူ’ရဲ့ ဘိုးဘေးကြီး၊ ကောင်းကင်မိစ္ဆာ မျောက်ဝံကြီး ‘ပါ့’ က သူ့ကို လာရှာခဲ့တယ်တဲ့။ ‘ပါ့’ က အန္တရာယ်များတဲ့ တားမြစ်နယ်မြေ တစ်ခုမှာရှိတဲ့ ရှေးဟောင်းကျွမ်းကျင်သူ တစ်ဦးရဲ့ ရုပ်ကြွင်းကို သွားယူဖို့အတွက် ‘ပိုင်ဇိယွဲ့’ ရဲ့ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ နဲ့ ‘အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း’ ရဲ့ ရတနာအချို့ကို ငှားချင်တယ်လို့ ပြောတယ်တဲ့။ အရှေ့ပင်လယ် အစွန်မှာရှိတဲ့ ‘မြူခိုး တောင်’ က ‘မိစ္ဆာနတ်ဘုရားဂူ’မှာ ကောင်းကင်မိစ္ဆာကြီး ရှိနေတာကို မင်း မသိသေးဘူး ထင်တယ်...”

ကြင်ယာတော်ယွမ်က ဟုန်ယွိကို ရှင်းရှင်းလင်းလင်း ပြောပြရန် တွက်ချက်နေပုံရသည်။

ဟုန်ယွိက လက်ယမ်းပြကာ၊ “အဲဒီ မိစ္ဆာအိုကြီးကို ကျွန်တော် သိပါတယ်။ ကျွန်တော် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နေတုန်းက သူ လာလုခဲ့သေးတယ်။ တစ်နေ့ကျရင် သူ့ရဲ့မိစ္ဆာနတ်ဘုရားဂူကို သွားပြီး အပြတ်ရှင်းရမယ်။”

“အော်... အဲဒီလို ရန်ငြိုးမျိုး ရှိနေတာလား” ကြင်ယာတော်ယွမ်၏ လှပသော မျက်လုံးများ က တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် ဝေ့ဝဲသွားသည်။ “ဒါပေမဲ့ ‘ပိုင်ဇိယွဲ့’ နဲ့ သူ့ရဲ့ ဆက်ဆံရေး ကလည်း သိပ်ခင်မင်မှု မရှိပါဘူး။ အဲဒီတုန်းက ‘ပိုင်ဇိယွဲ့’ က ရုပ်ခန္ဓာခွဲထုတ်ခြင်း နည်းလမ်းကို သွားတောင်းရင်း အသက်တောင် ဆုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ သူ နှစ်ပေါင်း ၆၀ ကြာအောင် ပင်ပင်ပန်းပန်း သန့်စင်ထားတဲ့ ‘ပြင်ပဆေးလုံး’ နဲ့တောင် လဲလှယ်ခဲ့ရသေး တယ်။ တစ်ယောက်နဲ့တစ်ယောက် အကြွေးမရှိဘဲ မျှမျှတတ လဲလှယ်ခဲ့ကြတာလို့ ပြောလို့ ရတယ်။ ဟုန်ယွိ... မင်း အဲဒီမိစ္ဆာကြီးကို အပြတ်ရှင်းချင်တာ ကောင်းပါတယ်။ အဲဒီတုန်းက အဲဒီမိစ္ဆာအိုကြီးဟာ ငါ့ကို သူ့အစေခံအဖြစ် ထားချင်တယ်လို့ ‘ပိုင်ဇိယွဲ့’ ကို ပြောခဲ့သေး တယ်။ ငါ နန်းတော်ထဲကို လက်ထပ်ဖို့ ဝင်လာခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက လည်း အဲဒီဘေးဒုက္ခကနေ ရှောင်ရှားဖို့ပဲ။”

“ဒါကြောင့်ကိုး” ဟုန်ယွိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူသည် သွားများကို တင်းတင်းစေ့ကာ ရယ်မောလိုက်သည်။ “ဒီမိစ္ဆာမျောက်ဝံကြီးကတော့ တကယ်ကို ရိုင်းစိုင်း တာပဲ။ ဒါပေမဲ့ သူက အဆင့်ခြောက် မိုးကြိုးကပ်ဘေး အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သလို၊ ကောင်းကင်မိစ္ဆာလျှို့ဝှက်ကျမ်း အများအပြားကိုလည်း ကျင့်ကြံထားတယ်။ သူ့ခန္ဓာကိုယ်က လူသားအင်မော်တယ် တစ်ယောက်နဲ့ ယှဉ်နိုင်လောက်အောင် သန်မာ တယ်။ ခင်ဗျား နန်းတော်ထဲမှာ ခိုလှုံခဲ့ရတာ မဆန်းပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ မောက်မာနိုင်တော့မှာ မဟုတ်ပါဘူး။”

“သူ မောက်မာလို့ မရတော့ပါဘူး။ သူ့ရဲ့ အသိုက်အမြုံဟာ တိုက်ခိုက်ခံလိုက်ရပြီ။” ကြင်ယာတော်ယွမ်က ဆိုသည်။ “‘တိုင်ရှန်တာအိုဂိုဏ်း’ ရဲ့ သူတော်စင်မိန်းမပျိုက သူမရဲ့ အမြင့်မြတ်ဆုံးရတနာ ‘ထာဝရနိုင်ငံတော်’ ကို သုံးပြီး ‘မိစ္ဆာနတ်ဘုရားတောင်ထိပ်’ ကို ဖျက်ဆီးပစ်လိုက်ပြီ။ ‘ဖန်းယွမ်’၊ ‘ထန်းဟိုင်လုံ’ နဲ့ ‘လီဖေးယွိ’ ဆိုတဲ့ လူငယ်ကျွမ်းကျင်သူ အချို့က အရာအားလုံးကို လုယူသွားကြပြီ။ ရတနာတွေ၊ ဆေးလုံးတွေ၊ လျှို့ဝှက်ကျမ်းစာ တွေတင်မကဘဲ သူ့ရဲ့ မျောက်ဝံမြေးတွေကိုပါ ဖမ်းသွားကြတယ်တဲ့။”

“အင်… အဲဒီလိုမျိုး ဖြစ်သွားတာလား။” ‘ဖန်းယွမ်’ တို့အုပ်စုက မိစ္ဆာမျောက်ဝံကြီး ‘ပါ့’ ၏ အသိုက်မြုံကို တိုက်ခိုက်လိုက်သည်ကို ဟုန်ယွိ မသိသေးပေ။

“ဒါကို ‘ပိုင်ဇိယွဲ့’ က ငါ့ကို ပြောပြတာပါ။ အခု သူက ‘အစစ်မှန် ခုနှစ်စင်ကြယ်ဂိုဏ်း’ ကို အုပ်ချုပ်နေပြီး တန်ခိုးစွမ်းအားတွေ တိုးတက်နေပြီ။ သူဟာ အဆင့်လေး မိုးကြိုးကပ်ဘေး ကို ဖြတ်ကျော်ထားပြီးပြီ။ ဒါပေမဲ့ မိစ္ဆာမျောက်ဝံကြီး ‘ပါ့’ က သူ့တပည့်ငါးယောက်နဲ့အတူ ‘ပိုင်ဇိယွဲ့’ ဆီ ရောက်လာခဲ့တယ်။ သူ့ရဲ့စွမ်းအားကို လျှော့တွက်လို့ မရဘူး။ ‘ဇိယွဲ့’ က လည်း သူ့ကို မဆန့်ကျင်ရဲသေးတော့ အချိန်ဆွဲထားရတာပေါ့။” ကြင်ယာတော်ယွမ်က ဆိုသည်။

“အော်... ဒါနဲ့၊ ဒီမိစ္ဆာမျောက်ဝံကြီး ‘ပါ့’ က ရှေးဟောင်းကျွမ်းကျင်သူ ရုပ်ကြွင်းကို ရှာဖို့ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ ကို သုံးချင်တာလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား” ဟုန်ယွိက မေးလိုက်သည်။

“အင်း... ခုနက မင်း အထွတ်အထိပ် လူသားအင်မော်တယ် အကြောင်း ပြောလိုက်တော့ ငါ သတိရသွားတာ။” ကြင်ယာတော်ယွမ်က သူမခါးကို အနည်းငယ် လှည့်လိုက်ရာ ဝတ်စုံမှာ လွင့်ပျံသွားပြီး ခန္ဓာကိုယ်မှ အေးမြသော ရနံ့များ ထွက်ပေါ်လာသည်။ “အဲဒီ ကျွမ်းကျင်သူ ဟာ မိစ္ဆာမျောက်ဝံကြီး ‘ပါ့’ ရဲ့ ဘိုးဘေးကြီးဖြစ်သလို၊ သိုင်းတာအို ကျင့်ကြံမှုမှာ အမြင့်ဆုံး အဆင့်ကို ရောက်ရှိခဲ့သူ၊ ရှေးဟောင်း သူတော်စင် ဧကရာဇ်တွေအတွက် မြင်းဇောင်းကို စောင့်ကြပ်ပေးခဲ့ရတဲ့ ‘ခုန်း’ပဲ။ အဲဒီ ‘ခုန်း’ ရဲ့ သိုင်းပညာဟာ လူသားအင်မော်တယ် အထွတ်အထိပ် အဆင့်ကို ရောက်ရှိခဲ့ပြီး ‘ဟင်းလင်းပြင်ဖျက်ဆီးခြင်း’ အဆင့်နဲ့ အလွန် နီးကပ်ခဲ့တယ်လို့ ကောလာဟလတွေ ရှိခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ‘ခွန်အားကြီး နတ်ဘုရား စိန်မျောက်ဝံ’ ရဲ့ ခန္ဓာကိုယ်ဟာ လူသားတွေနဲ့ အနည်းငယ် ကွဲပြားနေတာ ကြောင့် နောက်ဆုံး အတားအဆီးကို မကျော်ဖြတ်နိုင်ဘဲ ဟင်းလင်းပြင်ကို မဖျက်ဆီးနိုင်ခဲ့ ဘူး။ ဒါကြောင့် သူ သေခါနီးမှာ သူ့ကျင့်စဉ်နဲ့ သိုင်းပညာ အတွေ့အကြုံတွေကို ‘တာအို သစ်သီး’ အဖြစ် ပေါင်းစပ်ပြီး သူ့ရုပ်ကြွင်းထဲမှာ ချန်ထားခဲ့တယ်။ ဒီ ‘တာအိုသစ်သီး’ ကို ရရှိ တဲ့လူဟာ ‘ခုန်း’ ရဲ့ သိုင်းပညာ အတွေ့အကြုံ အားလုံးကို ရရှိမှာပဲ။ မိစ္ဆာမျောက်ဝံကြီး ‘ပါ့’ က ဒီကိစ္စအတွက်နဲ့ ‘ဇိယွဲ့’ ဆီကနေ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ ကို ငှားချင်နေတာ။”

ဤစကားကို ကြားသောအခါ ဟုန်ယွိသည် ခန်းမအတွင်း၌ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီး၊ “ဒီကိစ္စက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ ဒီလို လျှို့ဝှက်ချက်မျိုး ရှိနေ မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ ခွန်းအားကြီးနတ်ဘုရား စိန်မျောက်ဝံတွေရဲ့ ခန္ဓာကိုယ်ဟာ လူသားတွေနဲ့ အခြေခံအားဖြင့် တူညီပေမဲ့ အသေးငယ်ဆုံး အစိတ်ပိုင်းတွေ မှာတော့ ကွဲပြားနေမှာပဲ။ ‘ခုန်း’ က ဒီအချက်မှာ တင်ကျန်ခဲ့ပြီး နောက်ဆုံးအချိန်မှာ ကျရှုံးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူဟာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို မရောက်ဘဲ သေဆုံးသွားခဲ့ရတယ်။ ဒါပေမဲ့ အဲဒီ ‘ခုန်း’ ဟာ ‘ဧကရာဇ် ချန်းရှန်’ ရဲ့ ဆေးလုံး တွေကို ခိုးစားခဲ့တဲ့ မျောက်တစ်ကောင်လို့လည်း ကောလာဟလ ရှိခဲ့တယ်။ သူ့ခန္ဓာကိုယ် ဟာ တိုးတက်လာခဲ့ပေမဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကိုတော့ မရောက်နိုင်ခဲ့ဘူး။ ‘ဧကရာဇ် ချန်းရှန်’ ဆိုတာ ‘သူတော်စင် ဧကရာဇ်ဖန်’ ရဲ့ ဆရာဖြစ်သလို၊ ကမ္ဘာဦးခေတ်က အနက်နဲဆုံး ပုဂ္ဂိုလ်တစ်ဦး ဆိုတာကိုတော့ သိထားရမယ်။”

‘သူတော်စင် ဧကရာဇ်ဖန်’ ပင်လျှင် ကမ္ဘာဦးခေတ်၏ ‘ဧကရာဇ် ချန်းရှန်’ ထံမှ လမ်းညွှန်မှု များ ခံယူခဲ့ဖူးသော်လည်း၊ နောက်ပိုင်းတွင် ‘ဧကရာဇ်ဖန်’ သည် သူ၏ ဆရာကို ကျော်လွန် သွားခဲ့ပြီး ‘ယန်နတ်ဘုရား’ အဆင့်သို့ ရောက်ရှိကာ လူသားမျိုးနွယ်ကို စည်းလုံးစေခဲ့သူ ဖြစ်သည်။

တပည့်က ဆရာ့ကို ကျော်တက်သွားခြင်းမှာ ရှားပါးသော အရာမဟုတ်ပေ။

သို့သော် ‘သူတော်စင် ဧကရာဇ်ဖန်’ ၏ ဆရာ ဖြစ်နိုင်သည်အထိ ‘ဧကရာဇ် ချန်းရှန်’ မှာ သာမန်လူ မဟုတ်သည်မှာ ထင်ရှားသည်။ ‘ခုန်း’ သည် သူ၏ ဆေးလုံးများကို ခိုးစားခဲ့သူ ဖြစ်သဖြင့် သူသည်လည်း ထူးကဲသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။

“အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း’ ရဲ့ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ ဟာ ရှေးဟောင်း ရတနာတစ်ခု ဖြစ်တယ်။ ‘ဧကရာဇ်ဖန်’ ရဲ့ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ လောက် အစွမ်းမထက်ပေမဲ့ တခြား ထူးခြားတဲ့ အသုံးဝင်ပုံတွေ ရှိတယ်။ ဒီရတနာကို ငှားပုံ ထောက်တော့ သူ တစ်ခုခုကို ဖောက်ထွင်းဖို့ ဖြစ်လိမ့်မယ်။” ဟုန်ယွိ ဆိုသည်။

“မှန်တယ်။ ‘ခုန်း’ ရဲ့ ရုပ်ကြွင်းဟာ ‘ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ ထဲမှာ ရှိနေတယ်လို့ ဆိုကြတယ်။” ကြင်ယာတော်ယွမ်က ပြောလိုက်သည်။

‘ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’... အဲဒါ ‘ထန်းဟိုင်လုံ’ မရေတွက်နိုင်တဲ့ အတွေးစအများပြား ရခဲ့တဲ့နေရာ မဟုတ်ဘူးလား။” ဟုန်ယွိသည် ထိုအမည်ကို ကြားသည် နှင့် ‘ထန်းဟိုင်လုံ’ ကို ချက်ချင်း သတိရသွားသည်။

‘ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ ကို ‘အင်မော်တယ်တို့၏ ဂူသင်္ချိုင်း’ ဟု လည်း ခေါ်ကြပြီး ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ နှင့် ဆင်တူလှသည်။ သို့သော် နဂါးသင်္ချိုင်းကို ရှာရလွယ်ကူသော်လည်း ‘ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ မှာမူ မှန်းဆ ရ ခက်ခဲလှသည်။

ဟုန်ယွိသည် ၎င်း မည်သည့်နေရာတွင် ရှိသည်ကို မသိပေ။

“ဒါဆိုရင် မိစ္ဆာမျောက်ဝံကြီး ‘ပါ့’ က အဲဒါ ဘယ်မှာရှိလဲဆိုတာကို သိနေတာလား။”

All Chapters