← Chapters

အခန်း (၅၆၃-၄၆၄)

Vol. 54 Ch. 563-564

အခန်း (၅၆၃-၄၆၄)

Vol. 54 Ch. 563-564

အခန်း (၅၆၃)။

“အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာက တိုက်ပွဲလား။” ပိုင်ဇိယွဲ့က ထိုအကြောင်းကို ပြောလာသောအခါ ဟုန်ယွိ၏ မျက်လုံးများမှာ ဝင်းလက်သွား သည်။

‘သူတော်စင်ပေါင်းစုံခန်းမ’ သည် ‘မဟူရာလေးလံသဲရေ’ ချောက်နက်အတွင်းမှတစ်ဆင့် အောက်ခြေသို့ တရိပ်ရိပ် ဆင်းသက်နေ၏။ အပြင်ဘက်ရှိ မိစ္ဆာသတ္တဝါများစွာမှာ ခန်းမ အနားသို့ မကပ်နိုင်ဘဲ ခန်းမ၏ ခန့်ညားထည်ဝါလှသော စွမ်းအားများကြောင့် ကြေမွ ပျက်စီးကုန်ကြသည်။

ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေကို ဖြတ်သန်းရင်း အတိတ်နှင့် ပစ္စုပ္ပန် အကြောင်းများကို ဆွေးနွေးရသည်မှာ အလွန်ပင် စိတ်ကြည်နူးစရာ ကောင်းလှပေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ က ကာလသည် တော်ဝင်ချန်မင်းဆက်၏ သမိုင်းမှတ်တမ်း များအရ အလွန်ကြောက်မက်ဖွယ်ကောင်းသော အချိန်ကာလတစ်ခု ဖြစ်သည်။ ကမ္ဘာကြီး တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေပြီး အလယ်ပိုင်း ကောင်းကင်နိုင်ငံ တစ်ခုလုံးလည်း ကမောက်ကမ ဖြစ်နေခဲ့သည်။ အရှေ့ဘက် မြက်ခင်းပြင်မှ ယွန်မင်နိုင်ငံ၏ မျိုးနွယ်စုများ စွာသည် အလယ်ပိုင်း ကောင်းကင်နိုင်ငံကို တိုက်ခိုက်ခဲ့ကြသဖြင့် မြေပြင်တစ်ခုလုံး သွေးနံ့ များဖြင့် ပြည့်နှက်ကာ ပျက်စီးယိုယွင်းခဲ့ရသည်။

သမိုင်းမှတ်တမ်းများတွင် “လယ်ကွင်းပြင်၌ အရိုးဖြူများ ပျံ့ကျဲနေခြင်း”၊ “မိုင်ပေါင်း ထောင်ချီအတွင်း ကြက်တွန်သံများပင် မကြားရတော့ခြင်း” နှင့် “လူအချင်းချင်း ပြန်လည် စားသောက်ခြင်း” ဟူ၍ပင် ရေးသားထားခဲ့ကြသည်။

ထိုအချိန်က ကျင့်ကြံခြင်းလောကတွင်လည်း ယုတ်မာသော မိစ္ဆာများစွာဖြင့် ပြည့်နှက်နေခဲ့ သည်။ ထိုမိစ္ဆာဂိုဏ်းများသည် ယခုခေတ် ‘အသက်မဲ့တာအိုဂိုဏ်း သို့မဟုတ် လေဟာနယ် တာအိုဂိုဏ်း’ များကဲ့သို့ မဟုတ်ကြပေ။ ‘အသက်မဲ့တာအိုဂိုဏ်း သို့မဟုတ် လေဟာနယ် တာအိုဂိုဏ်း’ များသည် ယုံကြည်ကိုးကွယ်မှု စွမ်းအင်များကိုသာ စုဆောင်းကြပြီး တစ်ခါတစ်ရံတွင် ဒုက္ခသည်များကို ကူညီခြင်း၊ ရိက္ခာဝေငှခြင်းနှင့် အဝတ်အထည်များ ပေးကမ်းခြင်း စသည့် ကောင်းမှုများကို ပြုလုပ်ကြသေးသည်။ ဧကရာဇ်နန်းတော်က သူတို့ကို လက်ခံနိုင်စွမ်း မရှိသောကြောင့်သာ “မိစ္ဆာလမ်းစဉ်” ဟူသော အမည်တံဆိပ်ကို အတင်းအဓမ္မ ပေးအပ် ခံခဲ့ရခြင်း ဖြစ်သည်။

အစစ်အမှန် မိစ္ဆာဂိုဏ်းဖြစ်သော စုန်းတစ္ဆေဂိုဏ်းပင်လျှင် တောရိုင်းကန္တာရထဲတွင် ပုန်းအောင်းနေရခဲ့ပြီး ယခုအခါ မျိုးတုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ က မိစ္ဆာဂိုဏ်းများမှာမူ တကယ့်ကို ရက်စက် ကြမ်းကြုတ်သော မိစ္ဆာများ ဖြစ်ကြသည်။ အချို့သော ကျင့်ကြံသူများသည် သာမန် လူသားများကို တိုက်ရိုက်သတ်ဖြတ်ကာ သူတို့၏ ဝိညာဉ်များကို စုဆောင်းပြီး နတ်ဘုရား လက်နက်များ သွန်းလုပ်ကြသည်။ ထို့အပြင် ဝိညာဉ်ဆေးဝါးများ သန့်စင်ရန် သတ်ဖြတ်၍ အရိုးတွင်းခြင်ဆီနှင့် ဦးနှောက်များကို ထုတ်ယူကြသည်၊ သို့မဟုတ် ကလေးသူငယ်များ၏ ကိုယ်တွင်းအင်္ဂါများကို သုံး၍ မသေဆေးများ ဖော်စပ်ကြသည်။ တကယ့်ကိုပင် စက်ဆုပ် ရွံရှာဖွယ် လုပ်ရပ်များ ဖြစ်သည်။

ဥပမာအားဖြင့် ‘ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း’၊ ‘တစ္ဆေလမ်းစဉ်ဂိုဏ်း’၊ မဟူရာနတ်ဆိုး ဂိုဏ်း၊ လျှို့ဝှက်ယင်တာအိုဂိုဏ်း၊ ‘သွေးရိပ်ဂိုဏ်း’၊ ‘ကောင်းကင်မိစ္ဆာဂိုဏ်း’၊ ‘ယင်ယန် ဂိုဏ်း’၊ ‘ဆန်းကြယ်ဝိညာဉ်ဂိုဏ်း’၊ ‘ပျော်ရွှင်ခြင်းဂိုဏ်း’၊ ‘အရိုးပြောင်းလဲခြင်းဂိုဏ်း’ စသည် တို့ ဖြစ်ကြသည်။ ထိုဂိုဏ်းများသည် လူသားတို့၏ ကိုယ်ကျင့်တရားကို ဆန့်ကျင်ကြပြီး သူတို့၏ တပည့်များသည် လူသားအသားစိမ်းများကိုပင် စားသောက်ကြသည်။ ဝရုန်းသုန်း ကား ဖြစ်နေသော ကမ္ဘာကြီးတွင် သူတို့သည် သာမန်လူသားများကို အန္တရာယ်ပြုကြပြီး လူသားများကို တိရစ္ဆာန်များကဲ့သို့ သဘောထားကြသည်။

ဟုန်ယွိသည် လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်း ပညာရပ်ကို သခင်ဒွန်ထံမှ သင်ယူခဲ့ရပြီး ၎င်းမှာ လျှို့ဝှက်ယင်တာအိုဂိုဏ်း၏ အမှောင်ယင်ဝိညာဉ် စုပ်ယူခြင်းနည်းလမ်းဖြင့် လူသား ဝိညာဉ်များကို အတင်းအဓမ္မ ဆွဲထုတ်ယူသည့် ပညာရပ်ပင် ဖြစ်သည်။ ထိုဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးသည် စစ်သည် ၃,၀၀၀ ၏ ဝိညာဉ်များကို တစ်ပြိုင်နက်တည်း ထုတ်ယူခဲ့ဖူးသည်။

ထို့အပြင် ထိုဂိုဏ်းများ၏ ဂိုဏ်းချုပ်အချို့မှာမူ ပို၍ပင် ထူးကဲကြပြီး သူတို့၏ နတ်ဘုရား စွမ်းရည်များမှာ အစွမ်းထက်လှပြီး မှော်အစွမ်းများမှာလည်း အဆုံးမရှိပေ။ ‘ဖန်ဆင်းရှင်’ အဆင့် ပညာရှင်များ မရှိသော်လည်း သူတို့အားလုံးမှာ ‘အဆင့်ခြောက် မိုးကြိုးကပ်ဘေး’ ကို ဖြတ်ကျော်ထားကြသူများ ဖြစ်သဖြင့် ကျိုးထိုက်ကျူနှင့် ယုဝမ်မူတို့ကဲ့သို့ ပညာရှင်များ ထက် မနိမ့်ကျပေ။ ထိုကဲ့သို မိစ္ဆာအိုကြီးများစွာ ရှိနေပြီး သူတို့သည် ကမ္ဘာကြီး ပျက်စီးနေ မှုကို အခွင့်ကောင်းယူကာ သူတို့၏ ဂိုဏ်းများကို ချဲ့ထွင်ပြီး စိတ်အလိုကျ လုပ်ဆောင်ခဲ့ကြ သည်။ အထက်တန်းစား မိသားစုကြီးများပင်လျှင် သူတို့ကိုယ်သူတို့သာ ကာကွယ်နိုင်ကြ ပြီး ကျန်ရှိသော ကမ္ဘာကြီးကိုမူ မကူညီနိုင်ခဲ့ကြပေ။

ယခုအခါ အလယ်ပိုင်း ကောင်းကင်နိုင်ငံရှိ ဂိုဏ်းများမှာ အခြေခံအားဖြင့် “အမှန်တရား လမ်းစဉ်” ရှိသော ဂိုဏ်းများ ဖြစ်ကြသည်။ အနည်းဆုံးတော့ ယုတ်မာသော အရာများကို မပြုလုပ်ကြပေ။ အစိုးရက တရားဝင် ဘွဲ့တံဆိပ်များ အပ်နှင်းထားသော တာအိုဂိုဏ်းများ ကို မဆိုထားနှင့်၊ အခြားသော ဂိုဏ်းငယ်လေးများ၊ ‘အထွဋ်ထိပ်ကောင်းကင်နယ်မြေ’ တို့ ပင်လျှင် လူကုန်ကူးရုံသာ လုပ်ကြသည်။ အပေါ်ယံတွင်မူ လူတိုင်းကို ကူညီပြီး ကောင်းမှု ကုသိုလ်များလည်း ပြုလုပ်ကြသေးသည်။

တစ်နည်းအားဖြင့် ပြောရလျှင် အလယ်ပိုင်း ကောင်းကင်နိုင်ငံရှိ မိစ္ဆာဂိုဏ်းကြီးများမှာ မျိုးတုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုမိစ္ဆာဂိုဏ်းများ မျိုးတုံးသွားရခြင်း အကြောင်းရင်းမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင် နှင့် နှစ်ပေါင်း ရှစ်ရာကြားတို့တွင် ဖြစ်ပွားခဲ့သော ‘အမှန်နဲ့အမှား’ စစ်ပွဲကြီးကြောင့် ဖြစ်သည်။

အမှန်တရားလမ်းစဉ်၏ မြင့်မြတ်သော အထက်တန်းလွှာ မိသားစုကြီးများစွာသည် အခြား အမှန်တရားဘက်တော်သား ဂိုဏ်းများနှင့် ပူပေါင်းခဲ့ကြပြီး၊ ဒိုင်ဇင်ဘုရားကျောင်း၊ ‘မက်မွန် နတ်ဘုရားဂိုဏ်း’ နှင့် ‘အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း’ တို့ပင် ပါဝင်ခဲ့ကြသည်။ သူတို့သည် အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသဖြင့် မရေမတွက်နိုင်သော လူများနှင့် ကျွမ်းကျင်ပညာရှင်များ သေဆုံးခဲ့ရသော်လည်း နောက်ဆုံးတွင် မိစ္ဆာဂိုဏ်း ပညာရှင်အားလုံးကို သုတ်သင်နိုင်ခဲ့ပြီး မိစ္ဆာဂိုဏ်းများမှာ တစ်ခုပြီးတစ်ခု ပျက်စီးသွားခဲ့ရသည်။

နောက်ဆုံးတွင် အလယ်ပိုင်း ကောင်းကင်နိုင်ငံရှိ မိစ္ဆာ အငွေ့အသက်များ ငြိမ်သက်သွားခဲ့ သည်။ ထိုအချိန်မှစ၍ လူသားတို့၏ ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်သော မိစ္ဆာဂိုဏ်းများ နောက်ထပ် ပေါ်မလာတော့ပေ။

လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ က အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်တို့၏ စစ်ပွဲကြီးတွင် အစွမ်းထက်သော ပညာရှင်များစွာ သေဆုံးခဲ့ရသည်။ ‘အဆင့်ငါးနှင့် အဆင့်ခြောက် မိုးကြိုး ကပ်ဘေး’ ဖြတ်ကျော်ထားသူများမှာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးခဲ့ကြရသည်။ ၎င်းမှာ ခမ်းနားထည်ဝါပြီး စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော တိုက်ပွဲကြီး ဖြစ်သော်လည်း၊ သမိုင်း၏ ဖုန်မှုန့်များအောက်တွင် မြုပ်နှံခံထားရပြီး ထုတ်ဖော်ပြောဆိုလေ့ မရှိကြပေ။

ဤအကြောင်းအရာများကို တရားဝင် သမိုင်းမှတ်တမ်းများတွင် ရှာမတွေ့နိုင်ပေ။

သို့သော်လည်း ဟုန်ယွိသည် ဒိုင်ဇင်ဘုရားကျောင်း၏ လျှို့ဝှက်စာအုပ်အချို့ကို ဖတ်ဖူး သည်။ ထိုစစ်ပွဲတွင် ဒိုင်ဇင်ဘုရားကျောင်းသည် သူ၏ အထူးချွန်ဆုံးသော ပညာရှင်များစွာ ကို ဆုံးရှုံးခဲ့ရသည်။ ‘မိုးကြိုးကပ်ဘေး အဆင့်ငါးနှင့် အဆင့်ခြောက်’ ဖြတ်ကျော်ထားသော သက်ကြီးဝါကြီး ဆရာကြီးအချို့မှာ ‘သွေးရိပ်ဂိုဏ်း’ နှင့် ‘ကောင်းကင်မိစ္ဆာဂိုဏ်း’ ကဲ့သို့ မိစ္ဆာဂိုဏ်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူတို့၏ ရတနာအချို့လည်း ပျောက်ဆုံးခဲ့ ရသည်။ မဟုတ်ပါက ဒိုင်ဇင်ဘုရားကျောင်းသည် ပို၍ပင် အစွမ်းထက်နေမည် ဖြစ်ပြီး တော်ဝင်ချန် မင်းဆက်အနေဖြင့် ထိုဘုရားကျောင်းကို ဖျက်ဆီးရန် ပို၍ပင် ခက်ခဲပေလိမ့် မည်။

အမှန်နှင့်အမှား တိုက်ပွဲကြီးသည် ‘ဧကရာဇ်ဖန်’ ၏ ရှေးဟောင်းခေတ် တည်ထောင်မှု သို့မဟုတ် အလယ်ခေတ်နှင့် ယနေ့ခေတ်ကို ပိုင်းခြားခဲ့သော ‘ပညာရှင် သူတော်စင်များ’ လောက် အရေးမပါသော်လည်း ၎င်းမှာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော အံ့ဩဖွယ်ခေတ် တစ်ခု ဖြစ်ခဲ့သည်။

“ဒီသမိုင်းကြောင်းကို စဉ်းစားလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ်။ အဲဒီ ကာလအတွင်းမှာ သူရဲကောင်း ဘယ်လောက်တောင် ပေါ်ထွန်းခဲ့လဲ မသိဘူး။ အမှန်တရား လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် ဂိုဏ်းတွေဟာ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေ တိုက်ခဲ့ကြပြီး၊ နောက်ဆုံး တိုက်ပွဲမှာဆိုရင် ‘မိုးကြိုးကပ်ဘေး အဆင့်လေး၊ အဆင့်ငါး၊ အဆင့်ခြောက်’ ပညာရှင်တွေ ဘယ်လောက်များများ သေဆုံးခဲ့ကြလဲ မသိဘူး... ဒဏ္ဍာရီအရ နောက်ဆုံး စစ်မြေပြင်ဟာ ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေထဲက အလွှာတစ်ခုမှာ ဖြစ်ခဲ့တယ်လို့ ဆိုကြတယ်။” ပိုင်ဇိယွဲ့က ပြောလိုက်သည်။

“အခုခေတ်မှာ ကျင့်ကြံသူတွေ သိပ်နည်းသွားပြီ။ တစ္ဆေအင်မော်တယ်တွေဆိုတာ ဖီးနစ် ငှက်မွေးနဲ့ နဂါးဦးချိုလို ရှားပါးသွားပြီ။ အဲဒီတိုက်ပွဲကြီး မတိုင်ခင်တုန်းကဆို ကမ္ဘာပေါ်မှာ ‘မိုးကြိုး ကပ်ဘေး အဆင့်လေး၊ အဆင့်ငါး၊ အဆင့်ခြောက်’ ပညာရှင်တွေ အများကြီး ရှိခဲ့တာပေါ့။ မိစ္ဆာအိုကြီးတွေနဲ့ အမှန်တရားဘက်တော်သား ကျွမ်းကျင်ပညာရှင်တွေ အနည်းဆုံး ရာနဲ့ချီ ပြီးရှိခဲ့တယ်။ အဲဒီစစ်ပွဲပြီးနောက်မှာ ကျင့်ကြံခြင်းလောကတစ်ခုလုံး ဆုတ်ယုတ်သွားခဲ့ရ တယ်။ မဟုတ်ရင် ဒီလောက်အထိ ခြောက်သွေ့သွားစရာ အကြောင်းမရှိဘူး။ ငါလို သာမန် တစ္ဆေအင်မော်တယ်လေး တစ်ယောက်ကတောင် ‘မဟာနတ်ဆိုး အင်မော်တယ်ရှစ်ပါး’ ထဲက တစ်ပါးလို့ အခေါ်ခံနေရတယ်။” ကြင်ယာတော် ယွမ်က ထိုကာလကို ပြန်လည် အောက်မေ့ရင်း ဆိုသည်။ သူမကိုယ်တိုင် မမြင်တွေ့ခဲ့ရ သော်လည်း ထိုတိုက်ပွဲကြီးကို စိတ်ဝင်စားနေပုံရသည်။

‘မိုးကြိုးကပ်ဘေး အဆင့်လေး၊ အဆင့်ငါး၊ အဆင့်ခြောက်’ ပညာရှင် ရာပေါင်းများစွာ၊ အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ဂိုဏ်းပေါင်း ရာပေါင်းများစွာနှင့် အထက်တန်းလွှာ မိသားစုကြီးများ တိုက်ခိုက်နေသည့်မြင်ကွင်းကို မြင်ယောင်ကြည့်ပါက မည်မျှ ခန့်ညား ထည်ဝါလိမ့်မည်နည်း။

ဟုန်ယွိ သက်ပြင်းချလိုက်မိသည်။

ကြင်ယာတော်ယွမ် ပြောသည်မှာ မှန်ပေသည်။ အကယ်၍, ထိုတိုက်ပွဲကြီးသာ မရှိခဲ့လျှင် တာအိုကျင့်စဉ်များ၏ အနှစ်သာရများ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ သူမကဲ့သို့ တစ္ဆေအင်မော်တယ် တစ်ဦးမှာလည်း ‘မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါး’ ထဲ တစ်ပါး အပါဝင်အဖြစ် ဘယ်သောအခါမှ အခေါ်ခံရမည် မဟုတ်ဘဲ၊ အများဆုံး သာမန် ပညာရှင် တစ်ဦးသာ ဖြစ်ပေလိမ့်မည်။

သူမ၏ အဆင့်အတန်းမှာ သိုင်းတာအိုတွင် မဟာဆရာသခင် အချို့နှင့် အတူတူပင် ဖြစ်ပေ လိမ့်မည်။

အကယ်၍ ဤမဟာကမ္ဘာကြီးကို “အင်မော်တယ်နယ်မြေ” သို့မဟုတ် “နတ်ဘုရားနယ် မြေ” သို့မဟုတ် “သူတော်စင်နယ်မြေ” ဟု သတ်မှတ်မည်ဆိုပါက, သို့သော်လည်း ယနေ့ ခေတ်တွင်မူ တာအိုပညာရှင်များ နေရာအနှံ့ ပျံသန်းသွားလာနေသည့် အသွင်အပြင်မျိုး လုံးဝ မရှိတော့ပေ။ တိုက်ပွဲကြီးမတိုင်ခင်က ဤမဟာကမ္ဘာကြီးတွင်သာ နတ်ဘုရား နယ်မြေတစ်ခု၏ ခန့်ညားထည်ဝါမှုမျိုး ရှိခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲကြီး ပြီးသွားသောအခါ နတ်ဘုရားနယ်မြေသည်လည်း သာမန် လူသားနယ်မြေ ဖြစ်သွားခဲ့ရသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ တုန်းက ငါတို့ ‘အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း’ ရဲ့ ဂိုဏ်းချုပ် ‘ယွမ်ထျန်းကန်း’ ဟာ ‘ဖန်ဆင်းရှင်’ သခင်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး အများဆုံး ပါရမီရှင်တစ်ဦးအဖြစ် ကျော်ကြားခဲ့တယ်။ သူဟာ ‘မိုးကြိုးကပ်ဘေး အဆင့် ခြောက်’ အထွတ်အထိပ်မှာ ရှိနေပြီး ယုဝမ်မူထက်တောင် ပိုအစွမ်းထက်ခဲ့တာ။ ဒါပေမဲ့ အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲရဲ့ နောက်ဆုံး စစ်တလင်းမှာ သူ သေဆုံးခဲ့ရ တယ်။” ပိုင်ဇိယွဲ့က ဆိုသည်။ “ငါတို့ဂိုဏ်းရဲ့ မှတ်တမ်းတွေကို ဖတ်ကြည့်တော့ သူဟာ အမှန်တရား လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးရဲ့ နောက်ဆုံး စစ်မြေပြင်ဖြစ်တဲ့ ကမ္ဘာဦး မူလနဝမ ချောက်နက် နတ်ဘုရားနယ်မြေထဲကို ဝင်သွားခဲ့တယ်လို့ သိခဲ့ရတယ်။ တကယ် တော့ မိစ္ဆာမျောက်ဝံကြီးပါ့ဟာ ငါ့ကိုလာရှာပြီး ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရား နယ်မြေထဲ ဝင်ချင်တယ်လို့ ပြောခဲ့ဖူးတယ်။ ‘ခုန်း’ ရဲ့ ရုပ်ကြွင်းက အရမ်းနက်ရှိုင်းတဲ့ နေရာ မှာရှိနေတော့ ငါ့ရဲ့ကျင့်စဉ်အဆင့်နဲ့ ဝင်လို့မရဘူး။ ဒါပေမဲ့ အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာ လမ်းစဉ်တို့ရဲ့ နောက်ဆုံး စစ်တလင်းပြင်ကတော့ ငါသွားပြီး ဂါရဝပြုချင်တဲ့ နေရာပဲ။ တစ်ချိန်တည်းမှာပဲ ယွမ်ထျန်းကန်းရဲ့ ရုပ်အလောင်းနဲ့ သူ့ဆီမှာ ပါသွားတဲ့ ‘မဟာဝိညာဉ် တာအိုကျမ်းစာ’ အပိုင်းတစ်ပိုင်းကို ရှာချင်တယ်၊ အဲဒီထဲမှာ ဖန်ဆင်းရှင် နယ်ပယ်ကို ဖြတ်ကျော်ဖို့ သူကိုယ်တိုင် သိမြင်ထားတဲ့ အချက်လက်တွေကို မှတ်တမ်းတင်ထားတယ်။”

ယွမ်ထျန်းကန်းသည် ဖန်ဆင်းရှင်တစ်ဦး မဟုတ်ခဲ့သော်လည်း၊ ဖန်ဆင်းရှင် နယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားနေစဉ်အတွင်း များပြားလှသော အတွေ့အကြုံများကို စုဆောင်း ထားနိုင်ခဲ့သည်။

အကယ်၍ အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးသာ မရှိခဲ့လျှင်၊ သူသည် ဖန်ဆင်းရှင်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် အခွင့်အလမ်း အလွန်များနေခဲ့ သည်။

“ဒိုင်ဇင်ဘုရားကျောင်းရဲ့ မှတ်တမ်းတွေထဲမှာတော့ နောက်ဆုံး စစ်မြေပြင်က ကမ္ဘာဦး မူလ နဝမချောက်နက် နတ်ဘုရားနယ်မြေထဲမှာလို့ ဖော်ပြမထားဘူး။ ဒါပေမဲ့ အခု မင်းပြော တော့မှပဲ ငါလည်း သွားပြီး ဂါရဝပြုချင်စိတ် ပေါ်လာမိတယ်။” ဟုန်ယွိက ဆိုသည်။ “တာအိုပညာရပ်တွေက ဆုတ်ယုတ်နေပြီ။ အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲ ကြီး မတိုင်ခင်ကဆို ရှေးဟောင်းခေတ်ရဲ့ ဟန်ပန်မျိုး ရှိခဲ့တာပဲ။ ဒါပေမဲ့ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ အဲဒီမိစ္ဆာဂိုဏ်းတွေကတော့ တကယ့်ကို အမြစ်ပြတ် သုတ်သင်ခံရသင့် တယ်။ ငါသာ အဲဒီခေတ်မှာ ရှိနေခဲ့ဆိုရင် ကျင့်ကြံခြင်းကို ခဏဘေးဖယ်ထားပြီး အဲဒီ မိစ္ဆာခေါင်းဆောင်တွေကို သုတ်သင်ဖို့ အစွမ်းကုန် ကြိုးစားမှာပဲ။”

ဂျိမ်း…

သူတို့ စကားပြောနေစဉ်မှာပင် “သူတော်စင်ပေါင်းစုံခန်းမ” သည် အောက်ခြေသို့ ဆိုက်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ ‘မဟူရာလေးလံသဲရေ’ ချောက်နက်၏ အောက်ခြေပင် ဖြစ်သည်။

သူတို့ အောက်ခြေကို ဖြတ်ကျော်လိုက်သည်နှင့် မှောင်အတိကျနေသော အမှောင်ထုကြီး မှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်မှာ ပြန်လည် ကြည်လင်လာပြီး မြေပြင်မှာလည်း ကမ္ဘာကြီးမှာ ကျယ်ပြောလှသော်လည်း၊ အချိန် စီးဆင်းမှုမှာမူ ပို၍ပင် နှေးကွေးနေသည်။

ဤသည်မှာ ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ၏ ဒုတိယအလွှာပင် ဖြစ်သည်။

...

ဒုတိယအလွှာသည် ပထမအလွှာနှင့် သိပ်မထူးခြားပေ။ အချိန်စီးဆင်းမှု ပိုနှေးသည်က လွဲလျှင် မြေပြင်အနေအထားမှာ ဆင်တူသည်။

ဟုန်ယွိ၊ ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့သည် ကျင့်ကြံသူများ၏ ဂူပေါင်းများစွာကို ထပ်မံ တွေ့ရှိခဲ့သော်လည်း အားလုံးမှာ ဆေးကြောထားသကဲ့သို့ပင် ပြောင်သလင်းခါနေပြီ။

သို့သော်လည်း ပထမနှင့် ဒုတိယအလွှာများမှာ အဆင့်မြင့်ကျင့်ကြံသူများအတွက် မဟုတ် သဖြင့်၊ တစ်စုံတစ်ခု ကျန်ရှိနေခဲ့လျှင်ပင် ကမ္ဘာကို တုန်လှုပ်စေမည့် မှော်ရတနာ သို့မဟုတ် ချမ်းသာကြွယ်ဝမှုမျိုး ရှိနေမည် မဟုတ်သဖြင့် ဟုန်ယွိအတွက် တန်ဖိုးမရှိပေ။

“ထပ်ပြီး မရှာနဲ့တော့။ အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲရဲ့ နောက်ဆုံး စစ်တလင်းဆီကိုပဲ တိုက်ရိုက်သွားကြရအောင်။ ဘယ်အလွှာမှာလဲဆိုတာ ငါမသိပေမဲ့၊ ငါ့ခန့်မှန်းချက်အရဆို ပဉ္စမအလွှာနဲ့ ဆဋ္ဌမအလွှာမှာ ဖြစ်နိုင်တယ်။”

န်ယွိသည် စကားအရှည်မပြောတော့ဘဲ ဒုတိယအလွှာ၏ အလယ်ဗဟိုသို့ တိုက်ရိုက် ပျံသန်းသွားသည်။

ဤ ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ ၏ ပထမနှင့် ဒုတိယအလွှာများမှာ ကျယ်ပြောလှသော်လည်း၊ တော်ဝင်ချန်မင်းဆက်၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။ ဟုန်ယွိ ၏ နတ်ဘုရားစွမ်းရည် ဖြင့်ဆိုလျှင် အလယ်ဗဟိုကို လျင်မြန်စွာ ရှာတွေ့နိုင်ပေသည်။

ဒုတိယအလွှာ၏ အလယ်ဗဟိုမှာ အဝါရောင်သန်းနေသော အလောင်းရေများ ပြည့်နေ သည့် ချောက်နက်ကြီးတစ်ခု ဖြစ်သည်။ ပုပ်စော်နံလှသဖြင့် အသက်ရှူရပင် ခက်ခဲလှပြီး အရာအားလုံးကို တိုက်စားနိုင်စွမ်း ရှိသည်။ သံမဏိကို ပစ်ချလျှင်ပင် ချက်ချင်း အရည်ပျော် သွားပေလိမ့်မည်။

“ဒါက ‘အလောင်းရေချောက်နက်’ ပဲ” ပိုင်ဇိယွဲ့က ဆိုသည်။

ဟုန်ယွိက ခေါင်းညိတ်ပြပြီး ဘာမှ မပြောပေ။ ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် အလောင်းရေလွှာများကို ခွဲထုတ်ကာ အောက်ခြေသို့ ဆင်းသက်သွားပြီး တတိယအလွှာသို့ ရောက်ရှိခဲ့သည်။

တတိယအလွှာ၏ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ပထမနှင့် ဒုတိယ အလွှာများကဲ့သို့ တောက်ပသော နေရောင်ခြည် မရှိတော့ပေ။ အရာအားလုံးမှာ မှောင်မိုက် ပြီး စိတ်ပျက်စရာ ကောင်းလှသည်။ နေရာအနှံ့တွင် မီးခိုးရောင် မြူများ ဖုံးလွှမ်းနေပြီး သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ မှောင်မိုက်နေ၏။

ထိုမီးခိုးရောင် မြူနှင်းများကြားတွင် မရေမတွက်နိုင်သော နတ်ဘုရားဂူများ ပုန်းကွယ်နေ ကြသော်လည်း၊ ဟုန်ယွိသည် ရှာဖွေရန် စိတ်မဝင်စားတော့ပေ။ သူသည် အလယ်ဗဟိုသို့ တိုက်ရိုက် ပျံသန်းသွားပြီး ‘မီးခိုးရောင်ရေချောက်’ ကို ဖြတ်ကျော်ကာ စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့သည်။

ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ၏ ပထမအဆင့်မှာ မဟူရာလေးလံသဲ ရေချောက်နက်၊ ဒုတိယအဆင့်မှာ ‘အလောင်းရေချောက်နက်’၊ တတိယအဆင့်မှာ ‘မီးခိုးရောင်ရေချောက်နက်’ နှင့် စတုတ္ထအဆင့်မှာမူ ‘သွေးရေချောက်နက်’ တို့ ဖြစ်သည်။

တောက်ပနေသော သွေးနီရောင် ရေပြင်ကြီး။

ဟုန်ယွိသည် တတိယအဆင့်နှင့် စတုတ္ထအဆင့်များကိုလည်း မရှာဖွေတော့ပေ။ ဧရိယာမှာ အလွန်ကျယ်ပြောလှသဖြင့် သာမန်ရတနာများကို ရှာဖွေပြီး အချိန်ဖြုန်းနေစရာ မလိုဟု သူ ယူဆသည်။ ထို့ပြင် အခြားလူတွေလည်း ရှာဖွေယူငင်ပြီး ဖြစ်နိုင်ပေသည်။

“ဟုန်ယွိ၊ မင်းရဲ့ ‘သူတော်စင်ပေါင်းစုံခန်းမ’ သာ မရှိရင် ငါ့ရဲ့ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’ ကို သုံးရင်တောင် ဒီချောက်နက်တွေကို ဖြတ်ကျော်ဖို့ ခက်လိမ့်မယ်။ အထူးသဖြင့် ဒီ ‘သွေးမြစ်ချောက်နက်’ ပေါ့။”

‘သွေးမြစ် ချောက်ကမ်းပါး’ အတွင်း၌ အရာအားလုံးမှာ သွေးနီရောင် ဖြစ်နေပြီး ပြင်းထန် လှသော ဖိအားများမှာ အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်နေ၏။ သွေးမြစ်အတွင်း၌ ‘သွေးနတ်ဆိုးတီကောင်များ’ နှင့် ‘မိစ္ဆာလောက်ကောင်များ’ ကဲ့သို့ ထူးဆန်းသော သတ္တဝါ များစွာ ရှိနေသည်။

ပိုင်ဇိယွဲ့သည် သွေးမြစ်ထဲတွင် ကူးခတ်နေကြသော လက်တံပေါင်း ဘီလီယံချီရှိသည့် ရှည်လျားကြီးမားသော ပိုးကောင်များကို ကြည့်လိုက်သည်။ ၎င်းတို့မှာ ဘီလီယံပေါင်းများ စွာ ရှိနေပြီး ခန်းမဆီသို့ ဦးတည်လာကြသည်။ ခန်းမအပြင်ဘက်တွင် သူတို့၏ အသံများမှာ ဆူညံနေပြီး အတွင်းသို့ ဝင်ရန် ကြိုးစားနေကြသည်။ ၎င်းတို့မှာ ကြောက်မက်ဖွယ်ကောင်း သော ‘သွေးနတ်ဆိုးပိုးကောင်’ အမျိုးအစားများ ဖြစ်ကြောင်း သူ သိသည်။ ထို့အပြင် ‘ကမ္ဘာဦး မိစ္ဆာလောက်ကောင်များ’ ဟု ခေါ်သော လောက်ကောင်ကြီးများလည်း ရှိနေ သည်။

ဤရက်စက်ကြမ်းကြုတ်သော သတ္တဝါများသည် ‘သွေးမြစ်ချောက်နက်’ အတွင်းသို့ ဆင်းသက်လာသော မည်သည့် ကျွမ်းကျင်သူကိုမဆို သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

သို့သော်လည်း ‘သူတော်စင်ပေါင်းစုံခန်းမ’ ရှေ့တွင်မူ ၎င်းတို့မှာ အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားကြရုံသာ ရှိသည်။

‘သွေးမြစ်ချောက်နက်’ ကို ဖြတ်ကျော်ပြီး ပဉ္စမအဆင့်သို့ ရောက်သည့်အခါ ပတ်ဝန်းကျင် မှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။

ပြင်းထန်လှသော ရေငွေ့များနှင့်အတူ ပင်လယ်ရေ၏ ငန်ပျပျရနံ့များ တိုးဝင်လာသည်။ ၎င်းမှာ မိုင်ပေါင်းထောင်ချီ၊ သောင်းချီ ကျယ်ပြောလှသည့် အဆုံးမရှိသော ပင်လယ်ကြီး ဖြစ်နေသည်။ ဟုန်ယွိ၏ အသိစိတ်အရ ဤပင်လယ်သည် မဟာကမ္ဘာကြီးရှိ ပင်လယ်ထက် မနိမ့်ကျဟု ခံစားမိသည်။

ကျွန်းပေါင်းများစွာနှင့် တိုက်ကြီးများပင် ပင်လယ်ထဲတွင် ပေါ်ထွက်နေပြီး၊ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့ ပျံ့ကျဲနေပြီး တစ်ခုနှင့်တစ်ခု မိုင်ပေါင်းထောင်ချီ ကွာဝေးကြသည်။ ၎င်းမှာ မဟာကမ္ဘာကြီးရှိ ‘နတ်ဘုရားလေနိုင်ငံ’၊ ‘ရောင်စုံပုလဲနိုင်ငံ’၊ ‘တိမ်တိုက်နိုင်ငံ’ (ယွန်နိုင်ငံ) ၊ ‘ငါးဖြူနိုင်ငံ’ စသည့် ကျွန်းနိုင်ငံပေါင်း တစ်ရာနှင့် ဆင်တူသည်။

ဟုန်ယွိ၏ ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် သွေးမြစ်ချောက်နက်မှတစ်ဆင့် ပဉ္စမအဆင့်သို့ ဆင်းသက်စဉ်၊ ဤကမ္ဘာကြီးကို မစူးစမ်းရသေးမီမှာပင် သူတို့ဆီသို့ ဝေ့ဝဲလာသော မထင်မရှား စွမ်းအင်အငွေ့အသက်ကို ခံစားလိုက်ရသည်။

ဤပဉ္စမအဆင့်တွင် သက်ရှိများ ရှိနေပုံရပြီး အလွန်လည်း အစွမ်းထက်ကြပုံရသည်။ သို့မဟုတ်လျှင် ထိုသူမှာ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။

“ဟုတ်ပြီ၊ ဒါက ‘အကန့်သတ်မဲ့ သမုဒ္ဒရာ’ ပဲ။ ဒီနေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာက အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့ရဲ့ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကြီး ဖြစ်ပွားခဲ့ တဲ့ အဓိက စစ်တလင်းတွေထဲက တစ်ခုပဲ။ အောက်ကို ထပ်ပြီးဆင်းရင် ဆဋ္ဌမအဆင့်က ‘မျှော်လင့်ချက်မဲ့လွင်ပြင်’ ဖြစ်ရမယ်။ ဒီအကန့်သတ်မဲ့ သမုဒ္ဒရာနဲ့ ‘မျှော်လင့်ချက်မဲ့ လွင်ပြင်’ ဟာ ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေရဲ့ ပဉ္စမအဆင့်နဲ့ ဆဋ္ဌမ အဆင့်တွေဖြစ်ပြီး ‘မိုးကြိုးကပ်ဘေး အဆင့်လေး၊ အဆင့်ငါး၊ အဆင့်ခြောက်’ ပညာရှင် ရာပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့ နေရာတွေပဲ။” ပိုင်ဇိယွဲ့က သမုဒ္ဒရာကြီးကို မြင်သည့်အခါ တစ်ခုခုကို သတိရသွားပုံဖြင့် ဆိုလိုက်သည်။

သူ၏ဝိုင်ဘူးမှာ ပျက်စီးသွားပြီ ဖြစ်သော်လည်း ဟုန်ယွိ၏ ခန်းမထဲတွင် ခရမ်းရွှေရောင် ဝိုင်နှင့် ကောင်းမွန်သော အရက်များစွာ ရှိနေသေးသည်။ သူသည် ဘူးကြီးတစ်ဘူးကို ယူကာ အားပါးတရ သောက်လိုက်ပြီး ကျေနပ်စွာ ရယ်မောလိုက်သည်။ သူသည် ရတနာ များကို ရှာဖွေရန် အသင့်ဖြစ်နေပုံရသည်။

“‘ဖန်ဆင်းခြင်းသင်္ဘော’ က ဘယ်မှာလဲ၊ ငါတို့ ဒီကို ရောက်ကတည်းက အဲဒီသင်္ဘောရဲ့ အငွေ့အသက်ကို မခံစားရသေးဘူး။”

ဟုန်ယွိက ပြောပြောဆိုဆိုဖြင့် ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ စွမ်းအားများကို ရုတ်တရက် ရုပ်သိမ်းလိုက်သည်။ ခန်းမ၏ တောက်ပမှုများ ပျောက်ကွယ်သွားပြီး သာမန်ရတနာတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင် ခန်းမဆောင်ကြီးသည် အရိုးဖြူရောင် ကျွန်းတစ်ခုဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားခဲ့သည်။

ပင်လယ်ထဲတွင် ကျွန်းပေါင်းများစွာ ရှိသော်လည်း သူတော်စင်ပေါင်းစုံခန်းမနှင့် မနီးမဝေး တွင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် အရိုးဖြူရောင် ကျွန်းတစ်ကျွန်း ရှိနေသည်။ ၎င်းကို မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရပေ။ သို့သော်လည်း ဟုန်ယွိအနေဖြင့် ထိုကျွန်းမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အရိုးများဖြင့် အနုစိတ် သန်စင် ထားသော ‘အရိုးဖြူကျွန်း’ ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

၎င်းမှာ အလွန်တရာ အစွမ်းထက်သော နတ်ဘုရားလက်နက်တစ်ခု ဖြစ်သည်။

‘သူတော်စင်ပေါင်းစုံခန်းမ’ ပေါ်လာသည့်အခါ ထိုအရိုးဖြူကျွန်းမှ တကျွတ်ကျွတ် မြည်သံ များ ထွက်ပေါ်လာပြီးနောက် ကျွန်းပေါ်မှ မိစ္ဆာလေပြင်းများ တိုက်ခတ်လာခဲ့သည်။ အရိုးဖြူ ရောင် စွမ်းအင်အလင်းတန်း ထောင်ပေါင်းများစွာသည် လေထုထဲတွင် ပျံ့နှံ့သွားပြီး ခန်းမဆီသို့ ဝိုင်းရံလာခဲ့ကြသည်။

“ဒါက ‘အရိုးပြောင်းလဲခြင်းဂိုဏ်း’ ရဲ့ ‘အရိုးဖြူစွမ်းအား’ ပဲ။ ပြီးတော့ ဒါက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ‘အရိုးမိစ္ဆာကျွန်း’ ပဲ။”

ပိုင်ဇိယွဲ့က အေးစက်စွာ ဆိုလိုက်သည်။ “ငါ ထင်ထားတဲ့အတိုင်းပဲ၊ အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးတုန်းက အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ဘက်က ပညာရှင် တွေ အကုန်လုံး သေကုန်ကြတာ မဟုတ်ဘူးပဲ။”

အခန်း (၅၆၄)။

ဂျွတ်... ဂျွတ်... ဂျွတ်...

ပင်လယ်ပြင်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းပြီး နားစည်ကို ဖောက်ထွက်မတတ် စူးရှသောအသံများ ပဲ့တင်ထပ်သွားသည်။ အရိုးဖြူ အစစ်မှန်စွမ်းအင်များမှာ ပို၍ပြင်းထန် လာပြီး အောက်ဘက်ရှိ ‘အရိုးမိစ္ဆာကျွန်း’ ထံမှ ရုတ်တရက် အုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ပင်လယ်ရေပြင်ကို ခွဲထွက်၍ အထက်သို့ ထိုးတက်လာခဲ့သည်။ ၎င်းမှာ ပင်လယ်ရေမှော်များ လွင့်စင်စေလျက် ကြီးမားလှသော ဝေလငါးကြီး သို့မဟုတ် ပင်လယ် နဂါးကြီး တစ်ကောင်ကဲ့သို့ အရှိန်အဟုန် ပြင်းထန်လှသည်။

အကယ်၍ အကန့်သတ်မဲ့ စကြာဝဠာအတွင်း၌သာ ဖြစ်ခဲ့ပါက၊ ၎င်းမှာ ကြီးမြတ်သော အစစ်အမှန် မိစ္ဆာတစ်ဦး မွေးဖွားလာခြင်းဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေလိမ့် မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအတွင်းရှိ ထူထပ်လှသော ယုတ်မာရက်စက်သည့် အငွေ့အသက်များမှာ မိစ္ဆာမျောက်ဝံကြီးပါ့ထက်ပင် မနိမ့်ကျသောကြောင့် ဖြစ်သည်။ ထို့ပြင် ‘အမှောင်ယင်စွမ်းအင်’ ၏ နက်ရှိုင်းမှုတွင်မူ သူ့ကိုပင် ကျော်လွန်နေသည်။

“မင်းရဲ့ အသားနဲ့ သွေးကို ဝါးမျိုမယ်၊ အရိုးတွေကို ချေမွပစ်မယ်၊ ပြီးတော့ မင်းရဲ့ ဝိညာဉ်ကို လည်း ချုပ်နှောင်ထားမယ်။”

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော အရိုးဖြူစွမ်းအင်များထဲမှ ဂါထာမန္တန် ရွတ်ဆို သံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်မိစ္ဆာများ၏ ‘အဝီစိငရဲ’ ကျင့်ကြံရာနေရာများမှ ထွက်ပေါ်လာသကဲ့သို့ ပင်လယ်ထက် ကျယ်ပြောပြီး ငရဲထက်ပင် နက်ရှိုင်းလှသည်။

“ကျွမ်းကျင်သူ တစ်ယောက်ပဲ၊ ဒါပေမဲ့ ဘယ်သူများလဲ။”

‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်းရှိ ကြင်ယာတော်ယွမ်သည် ထိုနက်ရှိုင်းသော ‘အမှောင် ယင်စွမ်းအင်’ ကြောင့် တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး အေးစိမ့်သွားရသည်။ အကယ်၍ သူမသာ ‘သူတော်စင်ပေါင်းစုံခန်းမ’ အပြင်ဘက်သို့ ထွက်လိုက်မည်ဆိုလျှင်... သူမ၏ ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် ဤအရိုးဖြူစွမ်းအင်နှင့် ‘အရိုးမိစ္ဆာကျွန်း’ ၏ ရှိန်ဝါအောက် တွင် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပါ ကြေမွပျက်စီးသွားနိုင်သည်ကို သူမ သိလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ က အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးတွင် အသက်ရှင်ကျန်ရစ်ခဲ့သော မိစ္ဆာဂိုဏ်းမှ ပညာရှင်များသည် တကယ်ကို ထူးကဲလှပေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ကဆိုလျှင် ကောင်းကင်မြွေဘုရင်မပင်လျှင် မွေးဖွားကာစသာ ရှိသေးသည်။ သူမ၏ စွမ်းအားမှာ နုနယ်သေးပြီး တစ္ဆေအင်မော်တယ်ပင် ဖြစ်ဦးမည် မဟုတ်ပေ။ မိစ္ဆာမျောက်ဝံကြီးပါ့သည်လည်း အသက်တစ်ရာခန့်သာရှိဦးမည့် မျောက်ကလေးသာသာ ရှိဦးမည်။ သို့သော်လည်း အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် တိုက်ပွဲမှ ကျွမ်းကျင်သူများမှာမူ ထိုစဉ်ကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မိစ္ဆာခေါင်းဆောင်အိုကြီးများ ဖြစ်ကြသည်။

“အဲဒီတုန်းက ‘အရိုးပြောင်းလဲခြင်းဂိုဏ်း’ ရဲ့ ဂိုဏ်းချုပ်ကို ‘အရိုးဖြူပညာရှင်’ လို့ ခေါ်တယ်။ ကြားဖူးတာတော့ ဒီလူဟာ ‘အရိုးဖြူကျမ်း’ ကို ရာနှုန်းပြည့် တတ်မြောက်ထားပြီးပြီတဲ့။ သူဟာ သက်ရှိသတ္တဝါတွေရဲ့ အရိုးဖြူအနှစ်သာရတွေကို သုံးပြီး အဆုံးမဲ့ မှော်စွမ်းအားတွေ နဲ့ နတ်ဘုရားလက်နက်တွေကို ဖန်တီးခဲ့တာ။ သူဟာ မရေမတွက်နိုင်တဲ့ သတ္တဝါတွေကို သတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ အရိုးတွေကို ယူကာ အရိုးတွင်းခြင်ဆီတွေကို ထုတ်ယူခဲ့တယ်။ အဲဒီ တုန်းကတည်းက သူဟာ မိစ္ဆာလမ်းစဉ်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မိစ္ဆာခေါင်းဆောင် အိုကြီးတွေထဲက တစ်ယောက်ပဲ။”

ပိုင်ဇိယွဲ့က ကောင်းကင်မှာ ပြည့်နှက်နေပြီး တဟုန်ထိုး တိုးဝင်လာသော အရိုးဖြူစွမ်းအင် များကို ကြည့်ရင်း သူ၏ စိတ်မှာ ချက်ချင်းပင် တင်းကျပ်သွားခဲ့သည်။

သူသည် ဟုန်ယွိအပေါ် အပြည့်အဝ ယုံကြည်မှု ရှိသော်လည်း၊ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကတည်းပင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ထိုကဲ့သို့ မိစ္ဆာခေါင်းဆောင် အိုကြီးတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ အထူးပင် သတိထားနေသည်။

“အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ မှတ်တမ်းတွေအရ ‘အရိုးဖြူပညာရှင်’ ဟာ ‘ကောင်းကင်မိစ္ဆာ ဝိညာဉ်အရိုးဓား’ ကို အသက်နှောင်ဖွဲ့ရတနာ သန့်စင်ဖို့အတွက် ယင်နှစ်၊ ယင်လ၊ ယင်အချိန်မှာ မွေးဖွားတဲ့လူတွေကို လိုက်ရှာခဲ့တယ်တဲ့။ သူဟာ လူပေါင်း ၇၀,၀၀၀ ကျော်ကို အနှစ် ၆၀ ကြာ သတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ အရိုးတွင်းခြင်ဆီတွေကို ထုတ်ယူပြီးမှ အဲဒီဓားကို အောင်မောင်မြင်မြင် သန့်စင်နိုင်ခဲ့တာတဲ့။” ပိုင်ဇိယွဲ့က လေးနက်စွာ ဆိုလိုက် သည်။

ဤစကားအနည်းငယ်ကပင် ထိုမိစ္ဆာအိုကြီး၏ အနှိုင်းမဲ့ရက်စက်မှုကို ဖော်ပြနေသည်။

နတ်ဘုရားဓားတစ်လက် သန့်စင်ရန်အတွက် လူပေါင်း ၇၀,၀၀၀ ကျော်ကို အနှစ် ၆၀ ကြာအောင် သတ်ဖြတ်ခဲ့သည်။ မည်မျှ ရက်စက်လိုက်သနည်း။ မည်မျှ ယုတ်မာလိုက်သ နည်း။ ဤကဲ့သို့သော မိစ္ဆာမျိုး ယခုခေတ် မဟာကမ္ဘာကြီးတွင် ထွက်ပေါ်လာပါက ဂိုဏ်းပေါင်းစုံနှင့် အထက်တန်းလွှာ မိသားစုကြီးများ၏ ဝိုင်းဝန်းချေမှုန်းခြင်းကို ခံရသည်မှာ ကြာမြင့်လှမည်။

၎င်းမှာ တစ်ကမ္ဘာလုံး၏ ဒေါသကို ဆွပေးလိုက်ခြင်းနှင့် တူတူပင်။

“ဒီလိုမိစ္ဆာမျိုးသာ လွတ်မြောက်သွားခဲ့ရင် ကမ္ဘာပေါ်က သတ္တဝါတွေအတွက် ဘေးဒုက္ခတွေ ဘယ်လောက်တောင် ယူဆောင်လာမလဲ မသိဘူး။” ကြင်ယာတော်ယွမ်က ဆိုသည်။

“ဒီအောက်က ‘အကန့်သတ်မဲ့ သမုဒ္ဒရာ’ နဲ့ ‘မျှော်လင့်ချက်မဲ့လွင်ပြင်’ မှာ မိစ္ဆာအိုကြီးတွေ ဘယ်လောက်တောင် ကျန်နေဦးမလဲ မသိဘူး။ အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့ တိုက်ပွဲတုန်းက အမှန်တရားလမ်းစဉ်က စီနီယာတွေ မသတ်နိုင်ခဲ့တဲ့ မိစ္ဆာခေါင်းဆောင် အားလုံးကို ငါကပဲ အပြတ်ရှင်း ပေးလိုက်တော့မယ်။ ဒီလို မိစ္ဆာခေါင်းဆောင်တွေကို လုံးဝ လွတ်မြောက်ခွင့် မပေးနိုင်ဘူး။” ဟုန်ယွိက အရိုးဖြူစွမ်းအင်များကို ကြည့်ကာ သက်ပြင်း ချရင်း ဆိုလိုက်သည်။

လူသားခန္ဓာကိုယ်သည် သဘာဝအတိုင်း ရတနာသိုက်တစ်ခု ဖြစ်သကဲ့သို့ မိစ္ဆာများအတွက် နတ်ဘုရားလက်နက်များ ဖော်စပ်ရန်နှင့် အနှိုင်းမဲ့ မိစ္ဆာပညာရပ်များ ကျင့်ကြံရန်အတွက် အကောင်းဆုံး ကုန်ကြမ်းပစ္စည်းများလည်း ဖြစ်နေသည်။

... ...

သူတို့ စကားပြောနေစဉ်မှာပင် ‘အရိုးမိစ္ဆာကျွန်း’ သည် ကောင်းကင်သို့ ပျံတက်လာခဲ့ပြီး အရိုးဖြူ အစစ်မှန် စွမ်းအင်များသည်လည်း ပို၍ ပျံ့နှံ့လာခဲ့သည်။

ရွှီး... ရွှီး... ရွှီး…

အရိုးဖြူရောင် အရိပ်အချို့သည် ‘အရိုးမိစ္ဆာကျွန်း’ ပေါ်မှ တိုက်ရိုက် ပျံတက်လာခဲ့သည်။ ၎င်းတို့မှာ မြင့်မားထွားကျိုင်းလှသော အရိုးစုသုံးခု ဖြစ်သည်။ သူတို့၏ မျက်လုံးတွင်းနက် များတွင် ခရမ်းရင့်ရောင် မီးတောက်များ ကခုန်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အသားတစ်စပင် မရှိဘဲ အရိုးဖြူများသာ ရှိသည်။ ထို့ပြင် ထိုအရိုးဖြူများမှာ ဖန်သားကဲ့သို့ ကြည်လင်တောက်ပနေပြီး အနှစ်သောင်းချီ ‘အရိုးဖြူကျောက်စိမ်း’ ထက်ပင် ပိုမို ကောင်းမွန်နေသည်။ ဤအရိုးစုများမှာ ‘လူသားအင်မော်တယ်’ တစ်ဦး၏ အရိုးများနှင့်ပင် တန်းတူနီးပါး ရှိနေသည်။

၎င်းသည် အထွတ်အထိပ် လူသားအင်မော်တယ်၏ ကျောရိုးဖြင့် ပြုလုပ်ထားသော ‘ငရဲနတ်ဘုရားအရိုးဖြူလှံ’ နှင့် မယှဉ်နိုင်သော်လည်း ကြီးမားပြီး၊ နက်ရှိုင်းကာ၊ မာကျော သည့် ထိုးဖောက်နိုင်စွမ်းကို ပြသနေသည်။

“သုံးပွင့်ဆိုင် အရိုးဖြူနတ်ဆိုးမိစ္ဆာ၊ ဒါတွေက ‘အရိုးဖြူပညာရှင်’ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်တုန်းက သိုင်းသူတော်စင် ပညာရှင် အများပြားကို သတ်ပြီး ဖန်တီးထားတဲ့ အရိုးစုတွေပဲ။ ဒီအရိုးစုတွေက ကောင်းကင်မိုးကြိုးဒဏ်ကိုတောင် ခံနိုင်ရည်ရှိပြီး တစ်ခုချင်း ကလည်း ‘စိတ်ဝိညာဉ်ဖြိုခွဲ ရုပ်သေး’ ထက်တောင် ပိုအစွမ်းထက်တယ်။” ပိုင်ဇိယွဲ့သည် ထိုအရိုးစု သုံးခုကို မြင်သောအခါ သူ၏ လက်ထဲရှိ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုး တံဆိပ်’ ကို ကိုင်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ဟုန်ယွိက တားလိုက်သည်။

“ဒီမိစ္ဆာက နက်နဲတယ်။ ငါပဲ လုပ်ပါရစေ။” ဟုန်ယွိက ဆိုသည်။

“ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေထဲကို တခြားလူတွေ ဝင်လာတာလား။ မင်းတို့ရဲ့ ကျင့်ကြံမှုကတော့ မဆိုးဘူးပဲ။ ဒါပေမဲ့ ငါ့နယ်မြေထဲ ရောက်လာမှတော့ ငါ့အတွက် နတ်ဘုရားလက်နက် သန့်စင်ဖို့ ဒီမှာပဲ နေခဲ့လိုက်တော့။ ‘သုံးပွင့်ဆိုင် အရိုးဖြူ နတ်ဆိုးမိစ္ဆာ’၊ အဲဒီမှော်ရတနာကို ဖျက်ဆီးပြီး အထဲကလူတွေကို ဖမ်းခဲ့စမ်း။”

အရိုးစု သုံးခု ပျံထွက်လာသည်နှင့် ‘အရိုးမိစ္ဆာကျွန်း’ ပေါ်မှ အလွန်ညင်သာသော အသံက ထွက်ပေါ်လာသည်။ ထိုအသံမှာ ညင်သာသည်ဟု ထင်ရသော်လည်း လူ့နှလုံးသားထဲအထိ စိမ့်ဝင်သွားစေသည့် မိစ္ဆာအငွေ့အသက်များ ပါဝင်နေသဖြင့် လူတိုင်းကို မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။

“မိစ္ဆာဆိုတာ မိစ္ဆာပါပဲ၊ သူ့နယ်မြေကို ဖြတ်သွားရုံနဲ့တင် သတ်ဦးမယ်ဆိုတော့” ဟုန်ယွိက ခေါင်းခါကာ သွားကြိတ်လျက် ရယ်လိုက်သည်။ သူ့သွားကြားမှ ထွက်ပေါ်လာသော ထိုအသံတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က မိစ္ဆာအိုကြီး ဖြစ်သော်လည်း ဟုန်ယွိသည် ‘အမှောင် ဧကရာဇ် တာအိုသခင်’ကိုပင် မကြောက်သဖြင့် ‘အရိုးဖြူပညာရှင်’ ကိုလည်း ကြောက်နေစ ရာ အကြောင်းမရှိပေ။

‘အမှောင်ဧကရာဇ် တာအိုသခင်’ ကဲ့သို့ ကြောက်စရာကောင်းသော လူမျိုးနှင့် နှိုင်းယှဉ်လျှင် အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးမှ ထွက်ပေါ်လာခဲ့သော ဤမိစ္ဆာအိုကြီး မှာ အဆင့်တစ်ခု နိမ့်ကျနေပါသေးသည်။

... ...

ဝေါ... ဝေါ... ဝေါ…

‘အရိုးမိစ္ဆာကျွန်း’ မှ ပျံထွက်လာသော သုံးပွင့်ဆိုင် ‘အရိုးဖြူနတ်ဆိုးမိစ္ဆာ’ သုံးခုသည် အလွန် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။ ထိုအသံမှာ အလွန်ကျယ်လောင်လှပြီး ထိုအရိုးစုသုံးခု၏ ဦးခေါင်းထိပ်မှ အနှစ်သာရ စွမ်းအင်တန်းကြီးများ ထွက်ပေါ်လာသည်။

၎င်းမှာ အထွတ်အထိပ် သိုင်းသူတော်စင် တစ်ဦး၏ အနှစ်သာရ စွမ်းအင် အခိုးငွေ့များ ဖြစ်သည်။

သို့သော်လည်း အထွတ်အထိပ် သိုင်းသူတော်စင်၏ အနှစ်သာရ စွမ်းအားမှာ ပြင်းထန်သော သွေးနီရောင် ယန်စွမ်းအင်ရှိသော်လည်း ဤအရိုးစု သုံးခုမှာမူ အနှစ်သောင်းချီ ရေခဲပြင်ကဲ့ သို့ စစ်မှန်သော ယင်စွမ်းအင်နှင့် အေးစက်မှုများသာ ရှိသည်။

အရိုးဖြူစွမ်းအားများ လှိုင်းတံပိုးကဲ့သို့ တဟုန်းဟုန်း တိုက်ခတ်နေစဉ် အသံလှိုင်းများသည် လေထုအတွင်း မြည်ဟည်းသွားသည်။

ထိုအရိုးစု သုံးခုသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ရှေ့သို့ ပျံသန်းလာပြီး လက်များဖြင့် ဖမ်းဆွဲလိုက်ကြသည်။ သူတို့၏ လက်ချောင်းထိပ်များမှ စစ်မှန်သော အနှစ်သာရ စွမ်းအင် များ ထွက်ပေါ်လာပြီး ခန်းမနှင့် ထိတွေ့သည့်အခါ ပေါက်ကွဲသွားသည်။ ထို့နောက် ထိုအရိုးစု သုံးခုသည် ထိုဖိအားကို အခွင့်ကောင်းယူကာ ခန်းမအတွင်းသို့ အတင်းကြပ် ဝင်ရောက်ရန် ကြိုးစားကြတော့သည်။

ဤအရိုးစု သုံးခုမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပြီး ‘စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး’ သုံးခုထက် ပို၍ အစွမ်းထက်သေးသည်။ သူတို့ကိုသာ မဟာကမ္ဘာကြီးအတွင်း လွှတ်လိုက် ပါက နယ်မြေတစ်ခုလုံးကို အပိုင်စိုးမိုးနိုင်စွမ်း ရှိကြပေလိမ့်မည်။

သို့သော် သူတို့က ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို မည်သို့ ဖောက်ထွက်နိုင်မည်နည်း။

လျှပ်တပြက်ဝင်္ကပါ အပြင်ဘက်တွင် ‘ဖန်ဆင်းခြင်းသင်္ဘော’ နှင့် ယှဉ်ပြိုင်ခဲ့ပြီးနောက် ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် ‘ထိုက်ကျိ မိုးကြိုးရေကန်’ ကို ပေါင်းစပ်ဖွဲ့စည်းနိုင်ခဲ့ပြီး နတ်ဘုရားလက်နက် သုံးခု၏ ဘုရင်အဖြစ် ဂုဏ်သတင်း ကျော်ကြားခဲ့ပြီး ဖြစ်သည်။ ရှေးဟောင်း ယန်နတ်ဘုရားနှင့် ‘ဖန်ဆင်းရှင်’ တို့ ပြန်လည်ရှင်သန်လာလျှင်ပင် ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို လမ်းဖယ်ပေးရပေလိမ့်မည်။

ခန်းမကြီးမှာ လုံးဝ မလှုပ်မယှက် တည်ရှိနေပြီး၊ အရိုးစု သုံးခုမှာမူ သစ်ပင်ကြီးကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်များပမာ ဖြစ်နေသည်။

“မင်းတို့ ခန်းမထဲကပဲ ကြည့်နေကြ။”

ဟုန်ယွိက အော်ဟစ်လိုက်ပြီးနောက် ခန်းမတစ်ခုလုံးမှာ အလယ်ဗဟိုသို့ ကျုံ့ဝင်သွားကာ ဖုန်မှုန့်တစ်စခန့်အထိ သေးငယ်သွားပြီး သူ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားခဲ့သည်။

ထို့နောက်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ်ထွက်လာပြီး လေထုထဲ၌ လွင့်မျောနေ သည်။ ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ အနှစ်သာရ စွမ်းအားများမှာ ဟုန်ယွိ၏ ခန္ဓာကိုယ် အတွင်း လုံးဝ ပျံ့နှံ့စီးဆင်းသွားခဲ့ပြီ ဖြစ်သည်။

ပြင်းထန်စွာ တိုက်ခိုက်နေသော အရိုးစု သုံးခုသည် သူတို့ရှေ့မှ ခန်းမကြီး ရုတ်တရက် ပေါက်ကွဲပျောက်ကွယ်သွားပြီး အသက် ၁၇၊ ၁၈ ခန့်ရှိသော လူငယ်တစ်ဦး ပေါ်လာသည်ကို မြင်လိုက်ရသောအခါ၊ ထပ်မံ ဟိန်းဟောက်ကာ လှောင်ပြုံးပြလျက် တိုက်ခိုက်လိုက်ကြပြန် သည်။

ထိုအချိန်တွင် ‘အရိုးမိစ္ဆာကျွန်း’ မှ အသံတစ်သံ ထွက်ပေါ်လာသည်။ “ပြန်လာခဲ့ကြ”

ထိုအသံကို ကြားသည်နှင့် တိုက်ခိုက်နေဆဲဖြစ်သော အရိုးစု သုံးခုမှာ လျှပ်စီးကဲ့သို့ နောက်သို့ ပြန်ဆုတ်သွားကြသည်။

“ငါ့ရဲ့ စွမ်းအားကို အခုမှ သိတာဆိုတော့ သိပ်နောက်ကျသွားပြီ။”

ဟုန်ယွိက သွားကြားမှ စကားလုံးများကို ညှစ်ထုတ်ကာ ဆိုလိုက်သည်။ သူသည် လက်တစ်ဖက်နှင့် ဖမ်းဆွဲလိုက်ရာ ထိုဟင်းလင်းပြင်မှာ ရုတ်တရက် ပြိုကျသွားပြီး အရိုးစု သုံးခုမှာ အတွင်း၌ အေးခဲသွားခဲ့သည်။

“ကြေမွစမ်း။”

ဟုန်ယွိက အမိန့်ပေးလိုက်သည်နှင့် သူ၏လက်သည်းပုံစံမှာ လက်ဝါးအဖြစ် ပြောင်းလဲသွား ကာ ဟင်းလင်းပြင်ကို ရိုက်ချလိုက်ရာ အဆုံးမဲ့သော စွမ်းအားများ ထွက်ပေါ်လာသည်။ ၎င်းမှာ ‘ဗုဒ္ဓလက်ဝါး’ ၏ ‘ဗောဓိတံဆိပ်’ ပင် ဖြစ်သည်။

“ဗုဒ္ဓလက်ဝါး”

‘အရိုးမိစ္ဆာကျွန်း’ ပေါ်မှ အံ့ဩတုန်လှုပ်နေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ သည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရိုးဖြူဓားတစ်လက်သည် ဟင်းလင်းပြင်ကို ခွင်းကာ ဟုန်ယွိဆီသို့ ခုတ်ပိုင်းလာခဲ့သည်။

ဤအရိုးဓား၏ ဓားလက်ကိုင်မှာ ကြောက်စရာကောင်းသော လူဦးခေါင်းခွံ ဖြစ်ပြီး၊ ၎င်းမှာ လူနှင့်တူသလိုလို၊ သတ္တဝါတစ်ကောင်နှင့် တူသလိုလို ဖြစ်နေသည်။ ဓားသွားတစ်ခုလုံးကို အေးစက်သော မီးတောက်များဖြင့် ဖုံးလွှမ်းထားသည်။ ဓားသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ခုတ်ပိုင်းလိုက်သည့်အခါ ပြင်းထန်သော ဓားစွမ်းအင်များသည် ‘ငရဲနတ်ဘုရား’ ၏ အလွှာတစ်ထောင် ငရဲနတ်ဘုရားဉနှင့်ဆင်တူသော ပိုးအိမ်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားကာ ဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်၍ အတင်းအဓမ္မ ညှစ်ခြေလိုက်သည်။

“ကောင်းကင်မိစ္ဆာဝိညာဉ် အရိုးဓား။”

ဟုန်ယွိ၏ မျက်ခုံးများ တွန့်သွားသည်။ သန့်စင်သော သတ်ဖြတ်နိုင်စွမ်း အပိုင်းတွင်မူ ဤမိစ္ဆာနတ်ဘုရားဓားသည် အလွန်အစွမ်းထက်လှသည်။ သတ်ဖြတ်နိုင်စွမ်းမှာမူ တိုင်ရှန် တာအိုရှိ ‘ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓား’ ထက်ပင် သာလွန်နေသည်။ ဓားပေါ်ရှိ မိစ္ဆာအငွေ့အသက်များမှာ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်ပေသည်။

“ဒါက လူပေါင်း ၇၀,၀၀၀ ကျော်ကို သတ်ပြီး အနှစ် ၆၀ ကြာအောင် သန့်စင်ထားတဲ့ အနှိုင်းမဲ့ မိစ္ဆာလက်နက်လား။ တကယ်ပဲ ထူးကဲလှတယ်။” ဟုန်ယွိက ပြောနေစဉ်မှာပင် သူ၏လက်မှာ ရပ်တန့်မနေပေ။

“ဝမ်းယွမ်၊ သံသရာစက်ဝန်းတစ်ခု၊ ခေတ်တစ်ခေတ်၊ ကမ္ဘာဦးအစ။”

ဟုန်ယွိ၏ လက်ထဲမှ ကမ္ဘာဦးဖန်ဆင်းခြင်းကျမ်းစာသည် ပျံထွက်သွားပြီး ဤအနှိုင်းမဲ့ မိစ္ဆာလက်နက်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ဒိုင်း…

ထိုကျမ်းစာနှင့် မိစ္ဆာစွမ်းအင်များမှာ ပထမဦးစွာ တိုက်မိပြီး ဆက်တိုက်ဆိုသလို ပေါက်ကွဲ သံများ ထွက်ပေါ်လာသည်။ ထို့နောက် ကျမ်းစာသည် အတွင်းသို့ လိပ်ဝင်သွားပြီး ဂြိုဟ်တစ်ခုအဖြစ် ပြောင်းလဲကာ ‘ကောင်းကင်မိစ္ဆာဝိညာဉ် အရိုးဓား’ ကို အတွင်း၌ ပတ်ထားလိုက်သည်။

ရွှီး... ရွှီး... ရွှီး...

မြေ၊ ရေ၊ မီး၊ လေ အသံများ ပျံ့လွင့်သွားပြီး ဤအနှိုင်းမဲ့ မိစ္ဆာလက်နက်၏ မိစ္ဆာအငွေ့အသက်များမှာ ချက်ချင်းပင် တစ်ဝက်ကျော် ပျက်စီးသွားခဲ့သည်။

“ငါ့ဆီ လာခဲ့စမ်း။”

မိစ္ဆာအငွေ့အသက်များကို ဖျက်ဆီးပြီးနောက် ဟုန်ယွိက သူ၏လက်ဖြင့် ခေါ်ယူလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဓားဖြူကြီးသည် ဟုန်ယွိ၏ လက်ဝါးထဲသို့ ကျရောက်လာ ခဲ့သည်။ ၎င်းမှာ ဆက်တိုက် ရုန်းကန်နေသော်လည်း ကျမ်းစာဖြင့် အုပ်ထားသဖြင့် ပြန်မထွက်နိုင်တော့ပေ။

“ငါ့ရဲ့ အဖိုးတန်ရတနာကို ဖျက်ဆီးရဲတယ်ပေါ့။”

ရုတ်တရက် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ‘အရိုးမိစ္ဆာကျွန်း’ သည် အက်ကွဲကာ အက်ကွဲပေါက်ကွဲသွားပြီး၊ အရိုးကဲ့သို့သော အတွေးစများစွာအဖြစ် ကွဲထွက်သွားသည်။ တစ်ခုချင်းစီမှာ ရေပုံးတစ်ပုံးခန့် ထူထဲပြီး ၁၀ ပေခန့် ရှည်လျားကာ အရေအတွက်အားဖြင့် စုစုပေါင်း တစ်သိန်း (၁၀၀,၀၀၀) အပြည့် ရှိသည်။ ၎င်းမှာ ‘ဝမ်းယွမ်’ အရေအတွက်နှင့် နီးကပ်နေသည်။

“ဒါတွေက ‘စိတ်ဝိညာဉ်အတွေးစ’ တွေပဲ။”

ဤအရိုးစုကြီးများမှာ အမှန်တကယ်တော့ အတွေးစများဖြစ်ကြောင်း ဟုန်ယွိ မြင်လိုက်ရ သည်။ စုစုပေါင်း ‘အတွေးစ’ ၁၀၀,၀၀၀ ရှိပြီး ၎င်းမှာ ‘ဝမ်းယွမ်’ ၏ အရေအတွက်နှင့် နီးစပ်နေသည်။ ထို့ပြင် တစ်ခုချင်းစီမှာ အလွန်အစွမ်းထက်လှသည်။ ၎င်းတို့မှာ အမှန်ပင် ‘မိုးကြိုးကပ်ဘေး အဆင့်ခြောက်’ အထွတ်အထိပ်တွင် ရှိနေသည်။ ၎င်းတို့မှာ ကျိုးထိုက် ကျူ၊ ယုဝမ်မူနှင့် ယွမ်ရှန်းရှန်းတို့ထက် များစွာ ပိုအစွမ်းထက်လှသည်။ သူတို့၏ စွမ်းအားမှာ ဖန်ဆင်းရှင်အဆင့်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။

လူတစ်ယောက်၏ ‘အတွေးစ’ များမှာ အရိုးများနှင့် တူနေလိမ့်မည်ဟု ဟုန်ယွိ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ဤသည်မှာ ‘အရိုးဖြူကျမ်း’ ၏ ထူးခြားသော နည်းစနစ်တစ်ခု ဖြစ်ပေလိမ့်မည်။

ထိုအရိုးကဲ့သို့သော ‘အတွေးစ’ ၁၀၀,၀၀၀ သည် လူတစ်ဦးအဖြစ် စုစည်းသွားသည်။ ထိုလူသည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အရိုးယပ်တောင်ကို ကိုင်ဆောင်ထားသည်။ သူသည် အလွန်နုပျိုပုံရပြီး ပညာရှင်တစ်ဦးနှင့် တူလှသည်။ သူ၏ မျက်နှာမှာ ခန့်ညားလှပြီး ယုတ်မာသော အငွေ့အသက် တစ်စပင် မရှိပေ။

သူကား နှစ်ပေါင်းထောင်ချီ ကျော်ကြားခဲ့သော မိစ္ဆာအိုကြီး ‘အရိုးဖြူပညာရှင်’ ပင် ဖြစ်ပေတော့သည်။

All Chapters