အခန်း (၅၆၇-၅၆၈)
Vol. 54 Ch. 567-568
အခန်း (၅၆၇)။
အနှိုင်းမဲ့ မိစ္ဆာလမ်းစဉ်၏ တာအိုပညာရပ်နှစ်ခုဖြစ်သော သွေးနတ်ဘုရား တာအိုသစ်သီးနှင့် ကောင်းကင်မိစ္ဆာ တာအိုသစ်သီး မိုးကုတ်စက်ဝိုင်းမှ တိုးဝင်လာပြီး အရိုးဖြူပညာရှင်ထံသို့ ဦးတည်နေသော ထိုက်ကျိနတ်ဘုရားမိုးကြိုးတောင်ကြီးနှင့် အပြင်းအထန် တိုက်မိလေ သည်။
တစ်ချိန်တည်းမှာပင် အရိုးဖြူပညာရှင်က ဟိန်းဟောက်လိုက်ပြီး ဝိညာဉ်ဝါးမျိုခြင်း တာအို သစ်သီးကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်ပြန်သည်။ မိစ္ဆာလမ်းစဉ် တာအိုသစ်သီး သုံးခု သည် ထိုက်ကျိနတ်ဘုရားမိုးကြိုး တောင်ကြီးနှင့် တိုက်မိသည့်အခါ ၎င်းတို့မှာ တစ်ခုတည်း အဖြစ် လုံးဝ ပေါင်းစပ်သွားခဲ့သည်။ မိစ္ဆာအငွေ့အသက်၊ သွေးအငွေ့အသက်နှင့် အရိုးအငွေ့ အသက် သုံးမျိုးစလုံးမှာ ထူးခြားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဟုန်ယွိသည် ထိုတာအိုသစ်သီး သုံးမျိုး ပေါင်းစပ်သွားသည့် ခဏ၌ အလွန်ကြောက်မက် ဖွယ်ကောင်းသော မိစ္ဆာသန္ဓေသားတစ်ခု မွေးဖွားလာသည်ဟု ခံစားလိုက်ရသည်။ ထိုမိစ္ဆာ သန္ဓေသားမှာ လှုပ်ရှားနေသည်။ ၎င်းမှာ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ နှင့် နှိုင်းယှဉ်လျှင် အလွန်မြင့်မားသည့် အောင်မြင်မှု အရှိန်အဝါမျိုး ရှိနေသည်။
သို့သော် ဤမိစ္ဆာသန္ဓေသားမှာ အငွေ့အသက်အချို့ လိုအပ်နေသေးသဖြင့် အမှန်တကယ် ပေါက်ဖွားလာနိုင်ခြင်း မရှိသေးပေ။
လိုအပ်နေသည်မှာ ကျန်ရှိနေသော မိစ္ဆာဂိုဏ်း၏ တာအိုအသီး ခုနစ်မျိုးပင် ဖြစ်ကြောင်း ဟုန်ယွိ ရိပ်မိလိုက်သည်။
အကယ်၍ ကြီးမြတ်သော တာအိုသစ်သီး ဆယ်ခုစလုံးသာ ပေါင်းစပ်သွားပါက ထိုအနှိုင်းမဲ့ ကြောက်မက်ဖွယ် သန္ဓေသားမှာ ‘ဖန်ဆင်းရှင်’ တစ်ဦး၏ အချင်းတိုင်တစ်ခု ဖြစ်လာပေလိမ့် မည်။ ၎င်းသည် မိုးကြိုးကပ်ဘေး အဆင့်ခုနစ်ကို ဖြတ်ကျော်ပြီး အနည်းငယ်မျှ ပြုစုပျိုး ထောင်ပေးရုံဖြင့် ချက်ချင်းပင် ‘ဖန်ဆင်းရှင်’ တစ်ဦး ဖြစ်လာပေလိမ့်မည်။
မိစ္ဆာလမ်းစဉ်၏ ‘ဖန်ဆင်းရှင်’...။
၎င်းသည် မည်မျှ တုန်လှုပ်ဖွယ်ကောင်းသော တည်ရှိမှုမျိုး ဖြစ်လာမည်နည်း။
‘အမှောင်ဧကရာဇ် တာအိုသခင်’ သည် အမှောင်ထုစွမ်းအင်ကို ကျင့်ကြံသော်လည်း သူသည် လူသားသဘာဝကို ဆန့်ကျင်သူ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သူ၏ လူမျိုးကို ကာကွယ်ခဲ့ပြီး မြင့်မြတ်နယ်မြေ အသစ်များကို ဖန်တီးပေးခဲ့သည်။ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ သည် မြက်ခင်းလွင်ပြင်ရှိ လူမျိုးစုများကို နှစ်ပေါင်း ထောင်ချီ ကာကွယ်ပေးခဲ့သဖြင့် သူသည် မိစ္ဆာလမ်းစဉ် လိုက်စားသူ မဟုတ်ဘဲ မြက်ခင်း လွင်ပြင် ပြည်သူများ၏ စိတ်ထဲတွင် အမှန်တရားလမ်းစဉ် ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်သည်။ ထို့ပြင် သူသည် ကျင့်ကြံရန်အတွက် လူသတ်ခြင်းကို စက်ဆုပ်ရွံရှာပြီး အမှောင်ထု၏ ကောင်းကင်တာအိုကို ကျင့်ကြံသူဖြစ်ရာ အစစ်မှန် လမ်းစဉ်ကို လျှောက်လှမ်းသူ ဖြစ်သည်။
သို့သော် မိစ္ဆာလမ်းစဉ်မှာမူ ကွဲပြားသည်။ လူတိုင်း၏ မျက်လုံးထဲတွင် သူတို့မှာ ရက်စက် ယုတ်မာသူများ ဖြစ်ကြသည်။ သူတို့ကိုယ်တိုင်ကပင်လျှင် သူတို့မှာ မိစ္ဆာများဖြစ်ကြောင်း ဝန်ခံထားကြသည်။
ယခုအခါ သူတို့သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် သန္ဓေသားကို အမှန်တကယ် မဖန်တီးနိုင် သေးသော်လည်း မိစ္ဆာလမ်းစဉ်၏ ပညာရှင်ကြီး သုံးဦးပေါင်းစပ်လိုက်သော စွမ်းအားမှာ အရာအားလုံးကို လျစ်လျူရှုနိုင်စွမ်း ရှိသည်။ အနည်းဆုံးတော့ မဟာကမ္ဘာကြီးထဲတွင် ‘မူလစွမ်းအင်နတ်ဘုရား’ ပင်လျှင် နောက်ဆုတ်သွားရပေလိမ့်မည်။ သူတို့သည် ‘တော်ဝင် ချန်အင်ပါယာ’ တစ်ခုလုံးကိုပင် ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်နိုင်စွမ်း ရှိသည်။
...
မိစ္ဆာတာအိုသစ်သီးသုံးမျိုး၏ သန့်စင်သော ပေါင်းစပ်စွမ်းအားသည် ထိုက်ကျိနတ်ဘုရား မိုးကြိုးတောင်ကြီးနှင့် ထိပ်တိုက် တိုက်မိခဲ့သည်။ တခဏအတွင်းမှာပင် မိုးကြိုးတောင်ကြီး အတွင်းရှိ မိုးကြိုးများမှာ ပြင်းထန်စွာ တုန်ခါသွားပြီး နောက်ဆုံးတွင် ထိုဒဏ်ကို မခံနိုင် တော့ဘဲ ပြိုလဲသွားခဲ့သည်။
"ဂျိန်း"
ထိုက်ကျိနတ်ဘုရားမိုးကြိုး ပြိုလဲသွားပြီး မိစ္ဆာတာအိုအသီး သုံးမျိုး ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော စစ်မှန်သောစွမ်းအားမှာလည်း တောင့်မခံနိုင်ဘဲ ပြန့်ကျဲသွားခဲ့သည်။ သို့သော် ၎င်းတို့မှာ ပျက်စီးသွားခြင်း မဟုတ်ဘဲ အစစ်မှန် စွမ်းအားများအဖြစ် ပြန်လည် ပြောင်းလဲကာ ရုပ်သိမ်းသွားခြင်းသာ ဖြစ်သည်။
ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် နှစ်ဖက်စလုံး အင်အားချင်း မျှနေခဲ့သည်။
ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်မျောနေပြီး သူ၏ မျက်လုံးများက ‘သွေးနတ်ဘုရား တာအိုသစ်သီး’နှင့် ‘ကောင်းကင်မိစ္ဆာ တာအိုသစ်သီး’ တို့ ထွက်ပေါ်လာ ရာ နေရာသို့ စိုက်ကြည့်နေ၏။ သူ၏အကြည့်မှာ ‘ကောင်းကင်မြင်ကွင်း နတ်ဘုရားအလင်း’ ထက် ဆယ်ဆမက ပိုမိုစူးရှပြီး ဟင်းလင်းပြင် အတားအဆီးများစွာကို ဖောက်ထွင်း ကြည့်ရှု ကာ ထိုပညာရှင် နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ သူ၏ အကြည့်ကို ပို့လွှတ်လိုက်သည်။
ထိုစဉ် လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။
ဟုန်ယွိ၏ စူးရှသော အကြည့်ကို ခံစားမိသည့်အလား ပင်လယ်ပြင်တစ်ဖက်မှ သွေးရောင် အရိပ်တစ်ခု ပျံတက်လာပြီး လျှပ်တပြက်အတွင်းမှာပင် အရိုးဖြူပညာရှင် အနားသို့ ရောက်ရှိလာသည်။
ထိုသွေးအရိပ်မှာ တိတ်တိဆိတ် ရပ်တန့်သွားပြီးနောက် အနီရောင်မုတ်ဆိတ်ရှည်နှင့် ခန့်ညားထည်ဝါသော ပညာရှိတစ်ဦးနှင့်တူသည့် အသက်အလတ်ပိုင်းအရွယ် တာအို ပညာရှင်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
“ဒီနေ့ခေတ် မိစ္ဆာတွေက အမှန်တရားလမ်းစဉ်က လူတွေထက်တောင် ပိုပြီး ကြည့်ကောင်း အောင် ဟန်ဆောင်တတ်လာကြတာပဲ။ အရိုးဖြူပညာရှင်တောင်မှ ပညာရှင်တစ်ဦးလို့ အမည်ခံနေသေးတာပဲ။ ‘သွေးရိပ်ဂိုဏ်း’ရဲ့ ဂိုဏ်းချုပ်ကို ဘယ်လိုခေါ်ရမလဲ။ ‘သွေးအရိပ်’ လား၊ သူက သူ့ကိုယ်သူ ‘ကျိ’(ပညာရှင်) လို့တောင် ခေါ်နေတာလား။ ဒါက တကယ့်ကို သူပုန်ထတာပဲ။ ‘ကျိ’ ဆိုတဲ့ ဘွဲ့အမည်က ဒီလောက် အပေါစားဆန်သွားပြီလား။”
မိစ္ဆာဂိုဏ်းမှ လူတစ်ဦးက သူ့ကိုယ်သူ ‘ကျိ’ (ပညာရှင်) ဟု ခေါ်ဆိုခြင်းမှာ ဟုန်ယွိကို အလွန် ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
သွေးရောင်အရိပ် ရောက်လာသည်နှင့်တစ်ပြိုင်နက် သူ၏လက်ကို ခါလိုက်ရာ သွေးရောင် အလင်းတစ်ခုက ‘အရိုးဖြူပညာရှင်’ ကို ကာကွယ်ပေးလိုက်သည်။ ထိုသွေးရောင်အလင်း အတွင်း၌ အရိုးဖြူပညာရှင်၏ လွင့်စင်သွားသော အတွေးစ ၁၀၀,၀၀၀ မှာ ကြီးမားသော အကူအညီကို ရရှိသွားပုံရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်သို့ ပြန်လည် ဆွဲခေါ်နိုင်ခဲ့သည်။
ထိုသွေးရောင်အရိပ် ရောက်ပြီးနောက်မှာပင် နောက်ထပ် ကြောက်မက်ဖွယ် မိစ္ဆာ အငွေ့အသက်တစ်ခု ထပ်မံရောက်ရှိလာပြီး သွေးအရိပ်၏ ဘေးတွင် သာသာယာယာ ဆင်းသက်လိုက်သည်။ သူမှာ အဖိုးတန် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ် ပိုင်းအရွယ် ကွန်ဖြူးရှပ်ပညာရှင်တစ်ဦး ဖြစ်သည်။
ပထမဆုံး အကြည့်တစ်ချက်ဖြင့်ပင်င် ထိုလူမှာ ကြီးမြတ်သော မြင့်မြတ်သော ပညာရှင် တစ်ဦးနှင့် တူသော်လည်း သူ၏ မျက်ဆန်များမှာမူ သူ့ကို သစ္စာဖောက်နေသည်။ သူ၏ မျက်လုံးများမှာ အစိမ်းရင့်ရောင် ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ အထူးသဖြင့် သူ၏ မျက်ဆန်များအတွင်း၌ မရေမတွက်နိုင်သော တစ္ဆေမီးတောက်များမှာ အဆုံးမဲ့ တောက်လောင်နေသကဲ့သို့ တဖျတ်ဖျတ် တုန်ခါနေကြသည်။
မျက်လုံးစိမ်းနှင့် တစ္ဆေမီးတောက် မျက်ဆန်တွေ...။
ဤသည်မှာ ‘ကောင်းကင်မိစ္ဆာဂိုဏ်း’ ၏ သင်္ကေတပင် ဖြစ်သည်။
သိသာလှသည်မှာ ဤမိစ္ဆာအိုကြီးသည် ‘ကောင်းကင်မိစ္ဆာဂိုဏ်း’ ၏ ဂိုဏ်းချုပ် ‘ထျန်းရှဲ့ကျိ’ ပင် ဖြစ်သည်။
သူသည်လည်း ‘ကျိ’ ဟု လူသိများသော မိစ္ဆာလမ်းစဉ်မှ နောက်ထပ် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။
... ...
‘ထျန်းရှဲ့ကျိ’ ရောက်လာသည်နှင့်တစ်ပြိုင်နက် မည်သည့်စကားမျှ မပြောဘဲ ဟုန်ယွိ ရှိရာသို့ လေထဲမှတစ်ဆင့် သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ စူးရှသော ‘ကောင်းကင် မိစ္ဆာစွမ်းအား’ သည် အနက်ရောင်လည်းမဟုတ်၊ အစိမ်းရောင်လည်း မဟုတ်သည့် သက်တံ ရှည်ကြီးတစ်ခုအဖြစ် လေထုကို ထိုးခွဲလျက် ထွက်ပေါ်လာသည်။
သို့သော် ဤ ‘ကောင်းကင်မိစ္ဆာစွမ်းအား’ မှာ ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ ဦးတည်ခြင်း မဟုတ်ဘဲ ဟုန်ယွိ သိမ်းဆည်းထားသော ‘အရိုးမိစ္ဆာကျွန်း’ ဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။
သူသည် ဟုန်ယွိက ဤမိစ္ဆာလက်နက်ကို သိမ်းဆည်းသွားခြင်းမှ တားဆီးရန် ကြိုးစားလို ခြင်း ဖြစ်သည်။
‘အရိုးမိစ္ဆာကျွန်း’ သည် ‘ကောင်းကင်မြို့တော်’၊ ‘ဇမ္ဗူအစီအရင်’၊ ‘ကောင်ကင်ဘုံ တက်လှမ်း ခြင်း ရွှေစေတီ’ သို့မဟုတ် ‘ကောင်းကင်ယှဉ်တွဲလှေကား’ တို့ကဲ့သို့ လက်နက်မျိုး မဟုတ်သော်လည်း ၎င်းတို့ထက် တစ်ဆင့်သာ နိမ့်ကျသည်။ ၎င်း၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှပြီး ကျိုးထိုက်ကျူ၏ ‘အဝီစိပလ္လင်’ ထက်ပင် သာလွန်သည်။
အရိုးဖြူပညာရှင်သည် ‘အကန့်သတ်မဲ့ သမုဒ္ဒရာ’ အတွင်း၌ သတ္တဝါပေါင်းများစွာကို သတ်ဖြတ်ပြီး အရိုးတွင်းခြင်ဆီများကို နှစ်ပေါင်းမည်မျှကြာအောင် စုဆောင်းခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပေ။ အကယ်၍ ဟုန်ယွိက ၎င်းကို သိမ်းဆည်းသွားပါက သူ၏ နှစ်ပေါင်းတစ်ထောင် ကြိုးပမ်းမှုမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
“ခင်ဗျားက သေချင်နေတာပဲ။”
ဟုန်ယွိ၏ အကြည့်တို့ စူးရှသွားပြီ သူ၏ မျက်ခုံးနှစ်ခုကြားမှ ပြင်းထန်သော သူတော်စင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းအတွင်း၌ ကြီးမားလှသော ‘သူတော်စင် ပေါင်းစုံခန်းမ’ သည် နောက်ဆုံးတွင် ၎င်း၏ အစစ်အမှန် ရုပ်သွင်ကို ပြသလာခဲ့သည်။
ဧရာမ ‘နတ်ဘုရားနန်းတော်ကြီး’ သည် ‘အကန့်သတ်မဲ့ သမုဒ္ဒရာ’ ထက်တွင် လွင့်မျောနေ သည်။
သန့်စင်သော ကျမ်းစာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး သူတော်စင် တစ်ရာ၏ ပုံရိပ်များမှာလည်း ဆုံးမစာများကို အဆက်မပြတ် ရွတ်ဆိုနေကြသည်။ လူသားတို့၏ အမှန် တရားကို ခန်းမအတွင်းရှိ ရွတ်ဖတ်သံများမှတစ်ဆင့် အပြည့်အဝ ထုတ်ဖော်ပြသနေသည်။
လူသားတို့၏ ပြည့်စုံမှု၊ ဘုန်းအာနုဘော်၊ အကျင့်စရိုက်လက္ခဏာ၊ သဘာဝအလှအပ၊ ဆန္ဒ၊ စံနမူနာများ၊ အမှန်တရား၊ ပညာ၊ သတ္တိ၊ ကရုဏာ၊ တရားမျှတမှု၊ ကြင်နာမှု စသည်ဖြင့်... လူသားတို့၏ ချီးမွမ်းထိုက်သော အရာအားလုံးကို ထိုခန်းမ၏ သူတော်စင်အလင်းတန်းများ တွင် တွေ့မြင်နိုင်သည်။ ဤခန်းမကို မြင်ရသူ မည်သူမဆို မျှော်လင့်ချက်၊ ကြိုးစား အားထုတ်မှုအပေါ် ယုံကြည်ချက်၊ မိမိကိုယ်ကို အစဉ်အမြဲ တိုးတက်စေလိုသော စိတ်ဓာတ်နှင့် ဇွဲလုံ့လတို့ကို ခံစားရပေလိမ့်မည်။
အကယ်၍ အရိုးဖြူပညာရှင်၊ သွေးအရိပ်နှင့် ထျန်းရှဲ့ကျိဟူသော ဤမိစ္ဆာအိုကြီး သုံးဦးမှာ စဉ်းလဲကောက်ကျစ်သော လူသားဆန်မှုကို ကိုယ်စားပြုပါက ဟုန်ယွိသည် ပြည့်စုံသော အမှန်တရားလမ်းစဉ်ကို ကိုယ်စားပြုသည်။
အမှန်တရားလမ်းစဉ်တွင် နောက်ထပ် အမည်တစ်ခု ရှိသေးသည်။ ၎င်းမှာ ‘ရေစီးကြောင်း’ ပင် ဖြစ်သည်။
အချိန်မြစ်ကြီးအတွင်းရှိ ထာဝရ ရေစီးကြောင်း... ဤသည်မှာ အမှန်တရားလမ်းစဉ်ပင် ဖြစ်သည်။
အကယ်၍ စဉ်းလဲကောက်ကျစ်သော လူသားဆန်မှုသည် ခေတ်ရေစီးကြောင်း ဖြစ်လာနိုင် ပါက အရိုးဖြူပညာရှင်သည်လည်း အမှန်တရားလမ်းစဉ် ဖြစ်လာပေလိမ့်မည်။ သို့သော် ကံမကောင်းစွာဖြင့် ၎င်းမှာ မဖြစ်နိုင်သော အရာပင်။
... ...
“ခင်ဗျားတို့ မိစ္ဆာတွေက အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးမှာ မသေခဲ့ဘဲ ဒီမှာပုန်းပြီး မိစ္ဆာပညာရပ်တွေ ကျင့်ကြံရင်း အသက်ဆက်နေကြတာပဲ။ ခင်ဗျားတို့က ကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေရဲ့ သတ္တမ၊ အဋ္ဌမနဲ့ နဝမ အဆင့်တွေ ကိုတောင် ဖွင့်ချင်နေကြသေးတာပဲ။ ခင်ဗျားတို့က ရှေးဟောင်း နတ်ဘုရားလက်နက်တွေ ကို ရှာဖွေပြီး ခင်ဗျားတို့ရဲ့ မိစ္ဆာပညာရပ်တွေ ပြည့်စုံသွားတဲ့အခါ အပြင်ကို ထွက်လာချင်နေ တာလား။ ကျုပ်က ခင်ဗျားတို့ စိတ်တိုင်းကျ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။ ဒီနေ့မှာ စစ်မှန်တဲ့ အမှန်တရားလမ်းစဉ်က ဘာလဲ ခင်ဗျားတို့သိအောင် ကျုပ် ပြပေးမယ်။”
“အဲဒီတုန်းက တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အမှန်တရားဘက်တော်သား အကြီးအကဲတွေက ခင်ဗျားတို့ကို မဖျက်ဆီးခဲ့ပေမဲ့... ဒီနေ့မှာတော့ ကျုပ်က ခင်ဗျားတို့ကို အသေသတ်ပြ မယ်။”
‘သူတော်စင်ပေါင်းစုံခန်းမ’ ပေါ်ထွက်လာပြီးနောက် အပြည့်အဝ အသက်ဝင်လာခဲ့သည်။ ၎င်းသည် လျှပ်တပြက်ဝင်္ကပါ အပြင်ဘက်တွင် ‘ကမ္ဘာဦးခေတ် ဖန်ဆင်းခြင်းသင်္ဘော’ နှင့် တိုက်ခိုက်ခဲ့စဉ်က အရှိန်အဝါမျိုး၊ နတ်ဘုရားလက်နက်တို့၏ ဘုရင်တစ်ပါးကဲ့သို့ အာနု ဘော်မျိုးကို ထုတ်ဖော်ပြသနေသည်။ အောက်ခြေရှိ မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေ သော ကျွန်းငယ်လေးများမှာ ထိုကြီးမားသော စွမ်းအားကြောင့် ကြေမွသွားခဲ့ကြသည်။
‘ထျန်းရှဲ့ကျိ’ ၏ ကောင်းကင်မိစ္ဆာအ စစ်မှန် စွမ်းအားမှာလည်း တိုက်ရိုက်ပင် အပိုင်းပိုင်း ကြေမွသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ‘အရိုးမိစ္ဆာကျွန်း’ မှာလည်း ကြေမွသွားပြီး သန့်စင်သော အရိုးစွမ်းအားများအဖြစ် ပြောင်းလဲသွားကာ နတ်ဘုရားအလင်းတန်းများ၏ ဆွဲငင်ခြင်းကို ခံရပြီး ထိုက်ကျိမိုးကြိုးရေကန် အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။
ထိုက်ကျိမိုးကြိုးရေကန်သည် အလုံးစုံ မပြည့်စုံသေးဘဲ ဤသန့်စင်သော အရိုးစွမ်းအားများ ကို လိုအပ်ချက်များ ဖြည့်ဆည်းရန် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည်။
‘အရိုးမိစ္ဆာကျွန်း’ သည် သတ္တဝါများ၏ အရိုးတွင်းခြင်ဆီများမှ သန့်စင်ထားသည့် မိစ္ဆာ လက်နက် ဖြစ်သော်လည်း အရိုးတွင်းခြင်ဆီ ကိုယ်တိုင်မှာမူ ကြီးမားသော အာဟာရဓာတ် တစ်မျိုးပင် ဖြစ်သည်။ ထို့ပြင် ‘ထိုက်ကျိ မိုးကြိုးရေကန်’ သည်လည်း လူသားခန္ဓာကိုယ်ကို အတုယူထားသဖြင့် ဤပေါင်းစပ်မှုမှာ မိုးကြိုးရေကန်၏ စွမ်းအားကို ပိုမိုမြင့်တက်စေခဲ့ သည်။
ပြည့်စုံမှုအဆင့်မှာလည်း များစွာ တိုးတက်သွားခဲ့သည်။
ဝူး... ဝူး... ဝူး...
“သူတော်စင်ပေါင်းစုံခန်းမ” အတွင်းရှိ ထိုက်ကျိမိုးကြိုးရေကန်သည် အကြီးအကျယ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ထိုကုဗတုံးပုံစံ ရေကန်ကြီးအတွင်း၌ ‘ကမ္ဘာဦး ဖရိုဖရဲဥ’ ၏ သန္ဓေသားပုံရိပ်မှာ ပိုမိုထင်ရှားပြတ်သားလာခဲ့သည်။
“ဟားဟားဟား... ဟားဟားဟား...”
မဟာအစီအရင်ကြီး လည်ပတ်နေစဉ်အတွင်း ၎င်းထံမှ ထွက်ပေါ်လာသော ကမ္ဘာဦး မဟာ နတ်ဘုရားကြီး၏ ရယ်မောသံကဲ့သို့ ရယ်မောအသံမှာ ယခင်ကထက် ပို၍ ပြတ်သားလာပြီး အလွန်ပင် ဟိန်းထွက်နေတော့သည်။
ဟုန်ယွိသည် မူလက ဤကဲ့သို့ တိုက်ရိုက်တိုက်ခိုက်သည့် နည်းလမ်းကို အသုံးမပြုလိုပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို အစဉ်အမြဲ သတိထား စောင့် ကြည့်နေရသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဤမိစ္ဆာအိုကြီး သုံးဦး ပေါ်လာသည့် အခါတွင်မူ သူသည် အင်အားသုံး၍ အပြတ်တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့မဟုတ်ပါက ‘ကမ္ဘာဦးအစ’ အစွမ်းကို သုံးလျှင်ပင် ဤသုံးဦးကို အလွယ်တကူ ကိုင်တွယ် နိုင်မည်မဟုတ်ပေ။ အနည်းဆုံးတော့ သူတို့အနေဖြင့် ထွက်ပြေး လွတ်မြောက်သွားနိုင် သည်။ ထို့ပြင် ဤကမ္ဘာဦး မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ အတွင်း၌ အခြား သော မိစ္ဆာပညာရှင်များလည်း ရှိနေနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ မိစ္ဆာပညာရပ်များ ကျင့်ကြံရန် အလွန်ပင် သင့်တော်လှသောကြောင့် ဖြစ်သည်။
ဤနေရာ၏ ထူးခြားသော ပထဝီဝင် အနေအထားမှာ မိစ္ဆာပညာရှင်များ အမှန်တရား လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် တိုက်ပွဲကြီးမှ လွတ်မြောက်ကာ အသက်ဆက်နိုင်ခဲ့သည့် အဓိက အကြောင်းရင်းလည်း ဖြစ်နိုင်သည်။
ဤမိစ္ဆာအိုကြီး သုံးဦး၏ စုပေါင်းမှော်စွမ်းအားမှာ ‘ကျိုးထိုက်ကျူလို ပုဂ္ဂိုလ်ကြီး ကိုးဦးနှင့် ညီမျှနေသည်။
‘ကျိုးထိုက်ကျူ’ ကိုးဦး၏ စွမ်းအားမှာ မည်မျှ ကြီးမားသနည်း။ သူတို့သာ စုပေါင်းတိုက်ခိုက် လိုက်ပါက တစ်ကမ္ဘာလုံးကိုပင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် လုပ်နိုင်စွမ်း ရှိပေလိမ့် မည်။
အကယ်၍ ဤမိစ္ဆာအိုကြီးမျိုး သုံးဦးကနေ ငါးဦးအထိ ထပ်တိုးလာပြီး အစီအရင်တစ်ခုခု ဖန်တီးစဉ်၊ ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့သာ သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပါက ဟုန်ယွိအနေဖြင့် ရှုံးနိမ့်သွားနိုင်ခြေ အလွန်များသည်။
...
“မကောင်းတော့ဘူး”
ထျန်းရှဲ့ကျိ၏ မျက်လုံးများအတွင်း၌ တစ္ဆေမီးတောက်များမှာ ပြင်းထန်စွာ တောက်လောင် လာသည်။ စိမ်းဖန့်ဖန့် မီးတောက်များသည် ပေပေါင်းများစွာအထိ ထွက်ပေါ်လာသည်။ ဤအဆင့်အထိ ကျင့်ကြံထားသူတစ်ဦးအနေဖြင့် မည်သည့်အရာက အန္တရာယ်ရှိသည်၊ မရှိသည်ကို မသိဘဲ မနေနိုင်ပေ။
“သူတော်စင်ပေါင်းစုံခန်းမ” ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် ခုခံနိုင်စွမ်းမရှိကြောင်း ချက်ချင်းသိလိုက်ရသည်။ သို့သော် သူသည် ထွက်ပြေး၍လည်း မဖြစ်နိုင်တော့ပေ။ သူ၏ ပင်ကိုယ်သိစိတ်အရ သူ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ခံစားနေရသည်။
“ကမ္ဘာဦးခေတ်ကတည်းက ‘ဖန်ဆင်းခြင်းသင်္ဘော’ နဲ့ ‘ထာဝရနိုင်ငံတော်’ တို့မှာပဲ ဒီလို အရှိန်အဝါမျိုး ရှိကြတာ။ ဒါပေမဲ့ ဒါက အဲဒီမှော်လက်နက် နှစ်ခု မဟုတ်ဘူး။ ကောင်းကင်နဲ့ မြေကြီးကြားမှာ၊ ဒီအဆုံးမဲ့ စကြဝဠာကြီးထဲမှာ ဘယ်လိုလုပ် ဒီလို တတိယမြောက် မှော်လက်နက်မျိုး ရှိနေရတာလဲ။ ဘုရားရေ။”
သွေးအရိပ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးရောင်အလင်းတန်းများ ဝင်းလက်လာသည်။ သူသည် ‘သွေးချဉ်ဆီဒိုင်း’ ကို အသက်သွင်းပြီး “သူတော်စင်ပေါင်းစုံခန်းမ” ၏ တိုက်ခိုက်မှု များကို ပိတ်ဆို့ရန် ပြင်းထန်စွာ ကြိုးစားသည်။ သို့သော် ၎င်းမှာ အချည်းနှီးသာ ဖြစ်သည်။ ခန်းမ၏ စွမ်းအားမှာ ကြီးမားလွန်းလှသည်။ သူတော်စင်များ၏ ရွတ်ဆိုသံမျှဖြင့်ပင် သွေးပင်လယ် အကာအကွယ်များကို အပိုင်းပိုင်း ဖြိုခွဲဖျက်ဆီးပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။
“တိုက်ခိုက်ကြစမ်း။”
အရိုးဖြူပညာရှင်၊ သွေးအရိပ်နှင့် ထျန်းရှဲ့ကျိတို့မှာ တချိန်တည်း ဟစ်အော်လိုက်ကြသည်။
“မူလအရိုး ဓာတ်တော်။”
“မိစ္ဆာဘုရင်ဓား၊ မိစ္ဆာဧကရာဇ်တံဆိပ်၊ မိစ္ဆာဧကရာဇ် အမိန့်တော်၊”
“သွေးမိစ္ဆာကွန်ရက်၊ သွေးရိပ် နတ်ဘုရားဓား၊ သွေးမြစ်စစ်ရထား၊”
သူတို့သည် အသက်နှင့်လဲ၍ တိုက်ခိုက်ရင်း မိစ္ဆာလက်နက်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ကြသည်။
အရိုးဖြူပညာရှင်သည် ‘သုံးပွင့်ဆိုင် အရိုးဖြူနတ်ဆိုးမိစ္ဆာ’၊ ‘ကောင်းကင်မိစ္ဆာဝိညာဉ် အရိုးဓား’ နှင့် ‘အရိုးမိစ္ဆာကျွန်း’ ဟူသော အနှိုင်းမဲ့ မိစ္ဆာလက်နက် သုံးခုကို ဆက်တိုက် ဆုံးရှုံးခဲ့ရသည်။ သူ၏ ဆုံးရှုံးမှုမှာ ကြီးမားလှသော်လည်း သူသည် အရိုးဆေးလုံးတစ်ခုကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။ ဤသည်မှာ သူ၏ အသက်ဖြင့် ကျင့်ကြံထားသော အနှစ်သာရ ‘မူလအရိုး ဓာတ်တော်’ ပင် ဖြစ်သည်။
၎င်းသည် ‘အမှောင်ကြယ်’ ကဲ့သို့သော အသက်နှောင်ဖွဲ့ ရတနာတစ်ခုနှင့် ညီမျှသည်။ ၎င်းသည် ‘အမှောင်ကြယ်’ နှင့် မနှိုင်းယှဉ်နိုင်သော်လည်း အလွန်ပင် နက်နဲလှသည်။
‘ထျန်းရှဲ့ကျိ’ ထုတ်ဖော်လိုက်သော လက်နက်များမှာ မိစ္ဆာဘုရင်နှင့် မိစ္ဆာဧကရာဇ်တို့၏ ဓား၊ တံဆိပ်နှင့် အမိန့်တော်တို့ ဖြစ်ကြသည်။
သွေးအရိပ်ကမူ ကွန်ရက်ကြီးတစ်ခု၊ နတ်ဘုရားဓားတစ်လက်နှင့် စစ်ရထားတစ်စီးကို ထုတ်ဖော်လိုက်သည်။
ရှေးဟောင်း မိစ္ဆာနတ်ဘုရားလက်နက်များဟု ဆိုနိုင်သော ထိုလက်နက် ခုနစ်ခုမှာ ပေါင်းစပ်သွားပြီး ကောင်းကင်ယံ ကာရံကြီးတစ်ခုအဖြစ် အတားအဆီး ဖန်တီးလိုက်သည်။ ၎င်းသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး မိုင်ပေါင်းတစ်ထောင်အတွင်းရှိ ဟင်းလင်း ပြင်ကို ဖုံးလွှမ်းသွားသည်။ ၎င်းသည် “သူတော်စင်ပေါင်းစုံခန်းမ” ရှေ့ဆက်တိုးခြင်းကို အတင်းအဓမ္မ ရပ်တန့်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် ခန်းမက ပိတ်ဆို့ထားသော ဟင်းလင်းပြင်ကိုလည်း ချိုးဖျက်ပစ်လိုက်သည်။
“သွားကြစို့။”
“ဒီလက်နက်တွေက ကြေမွတော့မှာပဲ။”
“လက်နက်တွေကို ဂရုစိုက်မနေနဲ့တော့။”
မှော်ရတနာ ခုနစ်ခုဖြင့် ဖန်တီးထားသော ထိုကာရံကြီးမှာ ခန်းမကို အမှန်တကယ်ပင် ပိတ်ဆို့ထားနိုင်သည်ကို မြင်လိုက်ရသည့်အခါ ထျန်းရှဲ့ကျိက အော်ပြောလိုက်သည်။ မိစ္ဆာဘုရင်သုံးဦးမှာ လေထဲသို့ ပျံတက်သွားပြီး ‘အကန့်သတ်မဲ့ သမုဒ္ဒရာ’ ၏ အလယ် ဗဟိုဆီသို့ ပျံသန်းသွားကြသည်။ သူတို့သည် ချောက်နက် အက်ကြောင်းတစ်ခုမှတစ်ဆင့် ဆဋ္ဌမမြောက်အဆင့်ရှိသော ကမ္ဘာအတွင်းသို့ ဝင်ရောက်ရန် ပြင်နေကြခြင်း ဖြစ်သည်။
မှော်ရတနာခုနစ်ခုဖြင့် ဖန်တီးထားသော ထိုကာရံကြီးမှာ မခိုင်ခံ့ပေ။ “သူတော်စင်ပေါင်းစုံ ခန်းမ” က အနည်းငယ်မျှ တိုက်ခိုက်လိုက်သည်နှင့် ထိုလက်နက်များအားလုံးမှ အက်ကွဲသံ များ ထွက်ပေါ်လာသည်။
“ဒီမှော်ရတနာတွေကများ ကျုပ်လမ်းကို တားရဲသေးတယ်။”
ဟုန်ယွိ မျက်မှောင်ကြုတ်လိုက်သည်။ မိစ္ဆာပညာရှင် သုံးဦးမှာ ဤမျှ ပြတ်သားလိမ့်မည်ဟု သူ မထင်ထားပေ။ သူတို့သည် သူတို့ဂိုဏ်း၏ အမြတ်နိုးဆုံးသော လက်နက်များကို အသုံးပြု၍ အကာအကွယ် အစီအရင်တစ်ခု ဖန်တီးကာ ထိုလက်နက်များကို ပစ်ပယ်၍ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။
ဤသည်မှာ ပိုင်ဇိယွဲ့က လွတ်မြောက်ရန်အတွက် ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုး တံဆိပ်’ ကို စွန့်လွှတ်ခဲ့ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ၎င်းမှာ ကျိုးကြောင်းဆီလျော် သော်လည်း ရူးသွပ်လှသည်။ ထိုမှတဆင့် သူတို့ မည်မျှ ပြတ်သားကြောင်းကိုလည်း ပြသနေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဟုန်ယွိသည် သူတို့ကို ချီးကျူးမိသည်။ သို့သော် သူ မည်သို့ လွှတ်ပေးနိုင်မည်နည်း။ သူသည် ခန်းမ၏ စွမ်းအားကို အစွမ်းကုန် အသုံးပြု၍ အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်သည်။
.ဒိုင်း... ဝုန်း… ဝုန်း…. ဝုန်း…. ဝုန်း….
ဓာတ်တော်များ၊ ဓားများ၊ တံဆိပ်များ၊ အမိန့်တော်များ၊ ကွန်ရက်များ၊ သွေးရိပ်ဓားများနှင့် စစ်ရထားများ အားလုံးမှာ ပေါက်ကွဲသွားခဲ့ပြီး သန့်စင်သော ကမ္ဘာဦး မူလစွမ်းအင်များ အဖြစ် ပြောင်းလဲကာ ထိုက်ကျိမိုးကြိုးရေကန် အတွင်းသို့ ဖြည့်တင်းပေးလိုက်သည်။
မိစ္ဆာလက်နက်များမှာ အလွန်ကောင်းမွန်သော အားဖြည့်ပစ္စည်းများပင် ဖြစ်ကြသည်။
ယခု ထိုမှော်ရတနာခုနစ်ခုနှင့် အတွင်းအမြုတေ တစ်ခုချင်းစီမှာ ‘အရိုးမိစ္ဆာကျွန်း’ ထက် မနိမ့်ကျပေ။ သန့်စင်သော ကမ္ဘာဦး မူလစွမ်းအင်နှင့် အနှစ်သာရများသည် ထိုက်ကျိမိုးကြိုး ရေကန် အတွင်းသို့ ထပ်မံ ဝင်ရောက်သွားပြန်သည်။
ဤမိုးကြိုးရေကန်မှာ နောက်တစ်ကြိမ် မယုံကြည်နိုင်ဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ် လာပြန်သည်...။
အခန်း (၅၆၈)။
“မိစ္ဆာလက်နက် ခုနစ်မျိုး... စုစုပေါင်း ခုနစ်မျိုးတောင်ပဲ။ အားလုံးက စွမ်းအင်လုံးကြီး တစ်ခု အဖြစ် အရည်ပျော်သွားကြပြီ။ ယုဝမ်မူရဲ့ ရတနာတွေ ဖန်ဆင်းခြင်းသင်္ဘောဆီ ပါသွား တုန်းက ငါတောင် အသည်းနည်းနည်း ယားမိသေးတယ်။ ဒါပေမဲ့ အခု ဒီမိစ္ဆာလက်နက် ခုနစ်မျိုးကို မြင်လိုက်ရတော့ ယုဝမ်မူရဲ့ ရတနာတွေဆိုတာ ဘာမှ မဟုတ်တော့ဘူး။ ဒီလက်နက် ခုနစ်မျိုးရဲ့ ရှေ့မှာ အဲဒါတွေက အမှိုက်လိုပဲ။”
မူလအရိုး ဓာတ်တော်၊ မိစ္ဆာဘုရင်ဓား၊ မိစ္ဆာဧကရာဇ်တံဆိပ်၊ မိစ္ဆာဧကရာဇ် အမိန့်တော်၊ သွေးမိစ္ဆာ ကောင်းကင်ကွန်ရက်၊ သွေးအရိပ် နတ်ဘုရားဓားနှင့် သွေးမြစ်စစ်ရထားတို့သည် သူတော်စင်ပေါင်းစုံခန်းမ၏ ဖိနှိပ်မှုအောက်တွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြပြီး ပြင်းထန်လှသော စွမ်းအားလှိုင်းများအဖြစ် ခန်းမအတွင်းသို့ တိုးဝင်သွားကြသည်ကို မြင်လိုက်ရသည့်အခါ ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ် တို့မှာ ဆွံ့အမှင်သက်သွားကြလေ သည်။
ဤမိစ္ဆာလက်နက်များမှာ သိုင်းပညာရှင်များ၏ သွေးအနှစ်သာရ၊ အစစ်မှန် စွမ်းအင်နှင့် အရိုးတွင်းခြင်ဆီများကို အသုံးပြု၍ သန့်စင်ထားခြင်း ဖြစ်သည်။ ၎င်းတို့တွင် အလွန်ထူထဲ သော စွမ်းအင်အနှစ်သာရများ ရှိကြပြီး အထူးသဖြင့် ‘အရိုးဖြူဂိုဏ်း’၊ ‘သွေးရိပ်ဂိုဏ်း’ နှင့် ‘ကောင်းကင်မိစ္ဆာဂိုဏ်း’ တို့၏ ဂိုဏ်းစောင့်ရတနာများ ဖြစ်ကြပေရာ တစ်ခုချင်းစီ၏ တန်ဖိုးမှာ ‘ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်’နှင့် ယှဉ်နိုင်လောက်သည် အဖြစ် အဖိုးတန်လှပေသည်။
“အခုဆိုရင်ထိုက်ကျိမိုးကြိုးရေကန်က ဘယ်လောက်အထိ အားကောင်းလာမလဲ၊ ဘယ်လို ကမ္ဘာပျက်မတတ် ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မလဲ။” ပိုင်ဇိယွဲ့က မိုးကြိုးကန်အတွင်းသို့ စီးဝင်နေသော သန့်စင်သည့် မူလစွမ်းအင်များကို ကြည့်ရင်း အော်ပြောလိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း…
ထိုက်ကျိမိုးကြိုးရေကန်သည် ပြင်းထန်စွာ တုန်ခါလာပြီး အတင်းအဓမ္မ အားဆေးတိုက် ကျွေးခံထားရသည့် လူရမ်းကားတစ်ယောက်ကဲ့သို့ အဆက်မပြတ် ဖောင်းကြွလာသည်။ အစပိုင်းတွင် တဝုန်းဝုန်း မြည်ဟည်းသံများ ထွက်ပေါ်လာပြီးနောက် ‘ကမ္ဘာဦး ဖရိုဖရဲဥ’ မှာ နှလုံးတစ်ခုကဲ့သို့ တဒိတ်ဒိတ် ခုန်လှုပ်လာတော့သည်။
ထို ‘နှလုံးခုန်သံ’ မှာ ပို၍ ပို၍ ကျယ်လောင်လာပြီး နောက်ဆုံးတွင် ကောင်းကင်ယံမှ နတ်ဘုရား စည်တော်ကြီးကို တီးခတ်နေသကဲ့သို့ပင် ဟိန်းထွက်နေတော့သည်။
...
“ငါ ဒီမူလနဝမချောက်နက် နတ်ဘုရားနယ်မြေကို လာရတဲ့ မူလရည်ရွယ်ချက်က ကမ္ဘာဦးခေတ် နတ်ဘုရားလက်နက်တွေကို ရှာဖွေပြီး အဲဒါတွေကို ဖြိုခွဲသန့်စင်ပြီးတော့မှ ထိုက်ကျိမိုးကြိုးရေကန်ကို အဆင့်မြှင့်တင်ဖို့ပဲ။ ပဉ္စမအဆင့်အထိ ဆက်တိုက် ဖြတ်ကျော် လာခဲ့ပေမဲ့ ဘာလက်နက်တစ်ခုမှ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ အခု ဒီမိစ္ဆာလက်နက်တွေက ဂိုဏ်းစောင့်ရတနာတွေဆိုတော့ ရှေးဟောင်းကာလက လက်နက်တွေထက် မနိမ့်ကျဘူး။”
ဟုန်ယွိသည် ထွက်ပြေးသွားသော မိစ္ဆာအိုကြီး သုံးဦးကို လိုက်လံဖမ်းဆီးရန် ဂရုမစိုက်နိုင် သေးပေ။
အဘယ်ကြောင့်ဆိုသော် အလွန်များပြားသည့် သန့်စင်သော မူလစွမ်းအင်များ ထိုက်ကျိ မိုးကြိုး ရေကန်အတွင်းသို့ တိုးဝင်သွားသည့်အတွက် ရေကန်အတွင်းရှိ အစီအရင် အချို့မှာ ချက်ချင်းပင် ဟန်ချက်ပျက်သွားခဲ့သောကြောင့် ဖြစ်သည်။ မိုးကြိုးအချို့မှာလည်း ထိန်းချုပ်မှု လွတ်သွားပြီး သောင်းကျန်းနေကြသည်။ ထို့ပြင် ဟင်းလင်းပြင်အတွင်းမှ စည်ပိုင်းလောက် ထူထဲသော မိုးကြိုးလျှပ်စီးတန်းကြီးများမှာလည်း မိုးကြိုးရေကန်ကြီး၏ ဆွဲငင်မှုကြောင့် အတင်းအဓမ္မ စုပ်ယူခြင်း ခံနေရသည်။ ၎င်းမှာ ဟုန်ယွိပင်လျှင် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေရပြီ ဖြစ်သည်။
မိစ္ဆာလက်နက် ခုနစ်မျိုး၏ မူလစွမ်းအင်များမှာ အလွန်ပင် သိပ်သည်းလွန်းလှသဖြင့် ထိုက်ကျိ မိုးကြိုးရေကန် ဟန်ချက်ပျက်စေကာ အချိန်မရွေး ပေါက်ကွဲထွက်သွားစေနိုင် သည့် အနေအထားတွင် ရှိနေသည်။
ယခုအချိန်တွင် ဟုန်ယွိ အမြန်ဆုံးလုပ်ဆောင်ရမည့် အရာမှာ အစီအရင်များကို တည်ငြိမ် အောင်လုပ်ပြီး ထိုက်ကျိ မိုးကြိုးရေကန်ကြီး ပေါက်ကွဲမသွားစေရန် နောက်တစ်ကြိမ် ပြန်လည် သန့်စင်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် သူသည် မိစ္ဆာအိုကြီး သုံးဦးနောက်သို့ လိုက်ရန် အချိန်မရှိခြင်း ဖြစ်သည်။
“အဋ္ဌဂံပုံရိပ်ကားချပ်၊ အစွန်းရောက် စွမ်းအား၊ ထာဝရအစီအရင်၊ တခဏ အတွေးစ။ နေနှင့်လ၊ စကြဝဠာ၊ မိုးကြိုးနှင့်လျှပ်စီးနဂါးကြီး... ငါ့အမိန့်ကို နာခံစမ်း။” ဟုန်ယွိသည် တွန့်ဆုတ်မနေဘဲ သူ၏ အတွေးစများကို ထုတ်လွှတ်ကာ ခန်းမအတွင်း၌ နတ်ဘုရား အစီအရင် ဒါဇင်ပေါင်းများစွာကို ဖန်တီးလိုက်သည်။ ထိုအစီအရင်များမှာ အဆက်မပြတ် လည်ပတ်နေပြီး ပထမဦးစွာ တရဟော သောင်းကျန်းနေသော မိုးကြိုးများကို နှိမ်နင်းကာ မိုးကြိုးရေကန်အတွင်းသို့ ပြန်လည် ပို့ဆောင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ အတွေးစများသည် ထိုမိုးကြိုးများကို အသုံးချကာ မိစ္ဆာ လက်နက်ခုနစ်မျိုး၏ မူလစွမ်းအင် အနှစ်သာရများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွား သည်။ ထို့နောက် ပဲလှော်နေသကဲ့သို့ တဖျတ်ဖျတ် မြည်သံများနှင့်အတူ မိစ္ဆာလက်နက်များ အတွင်းရှိ ယုတ်မာသော မိစ္ဆာစိတ်ဆန္ဒများကို လုံးဝ သန့်စင်ပစ်လိုက်ရာ ထိုစွမ်းအားများမှာ သောင်းကျန်းခြင်း မရှိတော့ဘဲ နူးညံ့သိမ်မွေ့သွားကြလေသည်။
...
ပထမအဆင့် - မိုးကြိုးလျှပ်စီးများကို ဖိနှိပ်ခြင်း၊ ဒုတိယအဆင့် - မိုးကြိုးလျှပ်စီးများကို အသုံးချ၍ မိစ္ဆာလက်နက်ခုနှစ်ခုအတွင်းရှိ မိစ္ဆာအငွေ့အသက်များကို သန့်စင်ပြီး စစ်မှန် သော အနှစ်သာရကိုသာ ချန်ထားခြင်း၊
ဤအဆင့်နှစ်ခုလုံးတွင် ဟုန်ယွိ၏ ဆုံးဖြတ်ချက်မှာ တိကျပြတ်သားလှသည်။ သူ၏ တုံ့ပြန်မှုမှာလည်း လျှပ်တပြက် ဝင်္ကပါကို ဖြတ်ကျော်နေသကဲ့သို့ပင် လျင်မြန်လှသည်။
ပိုင်ဇိယွဲ့နှင့် ကြင်ယာတော်ယွမ်တို့မှာ ဟုန်ယွိ၏ လုပ်ဆောင်ချက်များကို မြင်တွေ့ရသည့် အခါ အံ့ဩတကြီး ချီးကျူးမိကြသည်။
ဤသည်မှာ ခွန်အားကြီးရုံမျှဖြင့် လုပ်ဆောင်၍မရဘဲ အထွတ်အထိပ် ဉာဏ်ပညာရှိမှသာ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ အကယ်၍ အနည်းငယ်မျှ နှောင့်နှေးသွားပါက ထိုက်ကျိ မိုးကြိုးရေကန် ပေါက်ကွဲသွားမည် ဖြစ်ပြီး သူတို့ ဒဏ်ရာမရလျှင်ပင် ကြီးမားသော ပြဿနာ များကို ဖြစ်ပေါ်စေမည် ဖြစ်သည်။
မိစ္ဆာလက်နက် ခုနစ်မျိုးအတွင်းရှိ မိစ္ဆာစွမ်းအင်များ တစ်ခုပြီးတစ်ခု သန့်စင်ခံရပြီးနောက် မိစ္ဆာလက်နက်များအတွင်း သောင်းကျန်းနေသော မူလစွမ်းအင်များမှာ နူးညံ့သွားကြသည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာစွမ်းအင်များဖြင့် အပြင်းအထန် လည်ပတ်နေသော ထိုက်ကျိ မိုးကြိုးရေကန်အတွင်းရှိ အစီအရင်ကြီးများမှာလည်း တည်ငြိမ်သွားလေသည်။
“အနှစ်သာရ စွမ်းအင်တွေ ငြိမ်ဝပ်စမ်း၊ မူလစွမ်းအင်တွေ ပြည့်ဝစမ်း၊ ကြယ်စွမ်းအင်တွေ သိပ်သည်းစမ်း၊ အနှစ်သာရတွေ ပျံ့နှံ့စမ်း၊ နတ်ဘုရား စွမ်းအားတွေ ဝင်းလက်စမ်း၊ ရတနာအရှိန်အဝါတွေ တဖျတ်ဖျတ် တောက်စမ်း၊ မင်္ဂလာအငွေ့အသက်တွေ နေရာတိုင်း မှာ ပြည့်စုံစေ၊ မိစ္ဆာစွမ်းအင်တွေ လိမ္မာကြစမ်း၊ ဝိညာဉ်စွမ်းအင်တွေ နိုးထစမ်း၊ နာကျည်း ဝိညာဉ်တွေ ပျောက်ကွယ်စမ်း။ အို စွမ်းအင်အပေါင်းတို့... မင်းတို့ရဲ့ မူလနေရာမှာ အခြေချ ပြီး ငါ့အမိန့်ကို နာခံကြစမ်း။”
ဟုန်ယွိမှာ မရပ်မနား ဆက်လက် လှုပ်ရှားနေသည်။ သူသည် တစ်ချက်တည်းနှင့်ပင် ထိုက်ကျိမိုးကြိုးရေကန် အတွင်းရှိ မတူညီသော စွမ်းအင်အမျိုးမျိုးကို သူတို့၏ မူလနေရာ များသို့ ပြန်လည် ပို့ဆောင်ပေးလိုက်သည်။ သူသည် ၎င်းတို့ကို စနစ်တကျ ခွဲခြားခြင်း၊ ယဉ်ပါးအောင်လုပ်ခြင်း၊ ပြန်လည်စီစဉ်ခြင်း၊ ပေါင်းစပ်ခြင်းနှင့် ရောနှောခြင်းတို့ ပြုလုပ်ကာ အစီအရင်များစွာကို ဖန်တီးလိုက်သည်။
ထိုအစီအရင်များမှာ အလွန်ပင် စနစ်ကျလှပြီး တစ်ခုနှင့်တစ်ခု အထပ်ထပ် ချိတ်ဆက် ဖုံးအုပ်ထားကြသည်။ မဟာအစီအရင်ကြီးအတွင်း၌ အစီအရင်ငယ်များ၊ အစီအရင်ငယ်များ အတွင်း၌ အနုစိတ် အစီအရင်များ ရှိနေကြပြီး အစီအရင်တစ်ခုပြီးတစ်ခု ချိတ်ဆက်နေမှုမှာ မဟာကမ္ဘာကြီးကဲ့သို့ပင် ရှုပ်ထွေးနက်နဲလှပေသည်။
တစ်ချိန်တည်းမှာပင် ထိုက်ကျိမိုးကြိုးရေကန်၏ ပုံရိပ်မှာ ထပ်မံ ပြောင်းလဲသွားခဲ့ပြန်သည်။
ကမ္ဘာဦး ဖရိုဖရဲဥကြီးမှာ မူလက လုံးဝန်းသော်လည်း ယခုအခါ နှလုံးနှင့် ကျောက်ကပ်ပုံစံ ပြောင်းလဲသွားပြီး အမည်းတစ်ခြမ်း၊ အဖြူတစ်ခြမ်းဖြင့် အဆက်မပြတ် စီးဆင်းနေ၏။ ၎င်း၏ ပတ်ပတ်လည်တွင် အဋ္ဌဂံပုံရိပ်ကားချပ်၏ မူလစွမ်းအားများမှာ ‘လေ၊ မိုးကြိုး၊ ရေ၊ မီး၊ တောတောင်နှင့် ရေကန်’ ဟူသော ပြောင်းလဲခြင်း ရှစ်မျိုးကို ကိုယ်စားပြုကာ ဗဟိုရှိ အဖြူအမည်း ပုံရိပ်ကို ဝန်းရံလျက် လည်ပတ်နေကြသည်။
ထိုပုံရိပ်မှာ ထပ်မံ ပြောင်းလဲသွားပြီး ရွှေရောင်တံတားကြီး တစ်စင်းအဖြစ် ပြောင်းလဲသွား သည်။ ထိုတံတား၏ အစမှာ သူတော်စင်ပေါင်းစုံခန်းမတွင် ရှိပြီး အခြားတစ်ဖက်မှာမူ ဟင်းလင်းပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ မည်သည့်နေရာသို့ ဦးတည်နေ မှန်း မသိနိုင်ပေ။
“ဒါက ‘ထိုက်ကျိပုံရိပ်’ ပဲ။ ဒီပုံရိပ်ရဲ့ ပြောင်းလဲမူကတော့ ‘တဖက်ကမ်းကူး ရွှေရောင် ပါရမီတံတား’ပဲ။” ဟုန်ယွိက စိတ်ထဲမှာ ရေရွတ်မိသည်။ ရွှေရောင်တံတားကြီးမှာ တုန်ခါ သွားပြီးနောက် ပျောက်ကွယ်သွားကာ ‘ထိုက်ကျိပုံရိပ်’ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွား သည်။
ထိုပုံရိပ်၏ အပြင်ဘက်၌မူ ကျယ်ဝန်းလှသော စတုရန်းပုံ နေရာကြီးတစ်ခု ရှိနေသေးသည်။ ထိုနေရာအတွင်း၌ အဆုံးမဲ့သော မိုးကြိုးများမှာ ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်လေး များကဲ့သို့ အေးဆေးစွာ စီးဆင်းနေကြသည်။
ထို့ပြင် ထိုက်ကျိပုံရိပ်မှာ အဆက်မပြတ် လည်ပတ်နေပြီး ဟင်းလင်းပြင်အတွင်းမှ မိုးကြိုး များကို အခါအားလျော်စွာ စုပ်ယူနေသည်။
မူလက အလွန်ကြမ်းတမ်းသော မိုးကြိုးများမှာ မိုးကြိုးကန်အတွင်းသို့ ရောက်ရှိကာ ထိုက်ကျိပုံရိပ်၏ လည်ပတ်မှုအောက်သို့ ရောက်သွားသည်နှင့် နွေဦးစမ်းရေကဲ့သို့ ယဉ်ပါး သွားကြလေသည်။
ဤပြောင်းလဲမှုများနှင့် မိစ္ဆာလက်နက် ခုနစ်ပါးကို စုပ်ယူပြီးနောက် ဟုန်ယွိ ပြန်လည် သန့်စင်ပေးလိုက်သည့် ထိုက်ကျိမိုးကြိုးရေကန်မှာ နောက်ဆုံးတွင် ‘မဟာအောင်မြင်မူ အဆင့်’ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ‘နေလ စကြဝဠာ ဆေးပေါင်းအိုး’ နှင့် တန်းတူ ဖြစ်သွားရုံသာမက ပို၍ပင် အစွမ်းထက်နေပေဦးမည်။
အဘယ်ကြောင့်ဆိုသော် မိစ္ဆာလက်နက် ခုနစ်မျိုး၏ အနှစ်သာရ မူလစွမ်းအင်များမှာ အလွန်ပင် ထူထဲလွန်းသောကြောင့် ဖြစ်သည်။
“အယ်… အဲဒါက မိုးကြိုးရေစင်တွေလား။”
ကြင်ယာတော်ယွမ်သည် မိုးကြိုးရေကန်အတွင်းရှိ ပြောင်းလဲမှုများကို မြင်လိုက်ရသည်။ မိုးကြိုးရေကန်အတွင်းရှိ မိုးကြိုးလျှပ်စီးများမှာ ရေစမ်းတစ်ခုကဲ့သို့ တဖျတ်ဖျတ် ဝင်းလက် နေကာ ရေလှိုင်းငယ်လေးများအဖြစ် ပြောင်းလဲနေခြင်း ဖြစ်သည်။
ကြင်ယာတော်ယွမ်သည် မိုးကြိုးရေကန်၏ ပြောင်းလဲမှုကို မြင်သောအခါ အံ့ဩသွားသည်။ မိုးကြိုးရေကန်အတွင်းရှိ လျှပ်စီးများမှာ ရေလှိုင်းများအဖြစ် လုံးဝ ပြောင်းလဲသွားပြီး နွေဦး ရေကန်တစ်ခုကဲ့သို့ တဖျတ်ဖျတ် တောက်ပနေသည်။ ကြမ်းတမ်းသော မိုးကြိုးများကို ဤမျှအထိ ယဉ်ပါးအောင် လုပ်နိုင်သည်ကို ပိုင်ဇိယွဲ့ပင် မမြင်ဖူးသလို ကြားလည်းမကြားဖူး ပေ။
“ကြင်ယာတော်ယွမ် မိုးကြိုးရေကန်ထဲမှာ ဆော့ကစားကြည့်ချင်လား။ ‘မူလဝိညာဉ် နတ်ဘုရား’ မှာ ‘ဘုံသုံးပါး မူလစွမ်းအင်ရေကန်’ ဆိုတာ ရှိတယ်။ ချန်ပီယံမြို့စားရဲ့ ခန္ဓာကိုယ်က အဲဒီရေကန်ထဲမှာ စိမ်ပြီး၊ ‘လူသားအင်မော်တယ်’ အဆင့် ရောက်အောင် ကျင့်ကြံခဲ့တာ။ ကျွန်တော့်ရဲ့ ထိုက်ကျိမိုးကြိုးရေကန်က အဲဒီရေကန်ထက် ပိုသာမယ်လို့ ကျွန်တော် ယုံကြည်တယ်။” ဟုန်ယွိက မိုးကြိုးရေကန်ကို ပြန်လည်သန့်စင်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ ဆိုလိုက်သည်။
“ကျွန်မလည်း စမ်းကြည့်ချင်တယ်၊ မိုးကြိုးကို ရေအဖြစ် ပြောင်းလဲနိုင်တာက တကယ်ကို မယုံနိုင်စရာပဲ” သို့သော် ကြင်ယာတော်ယွမ်မှာ မကြောက်ရွံ့ဘဲ ရေကန်အတွင်းသို့ ခုန်ဆင်းလိုက်သည်။ ဝုန်းခနဲ မြည်သွားပြီး ငွေရောင်ရေစက်လေးများမှာ ပုလဲလုံးလေးများ ကဲ့သို့ လွင့်စင်သွားကြသည်။
အမှန်ပင်... မိုးကြိုးများမှာ ကြမ်းတမ်းခြင်း လုံးဝ မရှိတော့ပေ။
ကြင်ယာတော်ယွမ်၏ ခန္ဓာကိုယ်မှာ မိုးကြိုးရေကန်အတွင်း နစ်မြုပ်နေသည်။ မိုးကြိုး လျှပ်စီးများမှာ ငွေရောင်ပိုးချည်မျှင်လေးများကဲ့သို့ သူမ၏ ခန္ဓာကိုယ်ကို တစ်မျှင်ချင်းစီ ရစ်ပတ်ထားကြသည်။
“ရေပူစမ်းထက်တောင် ပိုပြီး နေလို့ကောင်းသေးတယ်။”
ကြင်ယာတော်ယွမ်မှာ မိုးကြိုးရေကန်အတွင်း၌ လုံးဝ စိတ်နှစ်ထားမိသည်။ သူမ၏ ခန္ဓာကိုယ်ရှိ အရေပြား လက်မတိုင်းကို ထိုမိုးကြိုးလျှပ်စီး ရေလှိုင်းလေးများက နွေးထွေးစွာ ထိတွေ့နေကြသည်။ တစ်ချိန်တည်းမှာပင် တစိမ့်စိမ့်နှင့် သက်သောင့်သက်သာရှိသော ခံစားချက်မှာ သူမ၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားပြီး အသား၊ အကြော၊ အင်္ဂါ၊ အရိုးနှင့် အရိုးတွင်းခြင်ဆီများကို သန့်စင်ပေးနေသည်။
တခဏအတွင်းမှာပင် ကြင်ယာတော်ယွမ်သည် ခန္ဓာကိုယ်အတွင်းသို့ အားကောင်းသော အသက်စွမ်းအားများ စီးဝင်လာသည်ကို ခံစားလိုက်ရပြီး စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ခွဲခွာမှု ကြောင့် ဖြစ်ပေါ်ခဲ့သော အားနည်းချက်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
“ရေခဲဝိညာဉ် လက်ညှိုး။”
ကြင်ယာတော်ယွမ်သည် မိုးကြိုးကန်အတွင်းမှ ခုန်ထွက်လာကာ လက်ညှိုးတစ်ချက် ထိုးလိုက်သည်။ သူမသည် ခန္ဓာကိုယ်၏ အစစ်မှန် ခွန်အားကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ချက်ချင်းပင် သူမ၏ ဦးခေါင်းထက်မှ အားကောင်းသော အနှစ်သာရ အသက် စွမ်းအင်များမှာ မီးခိုးတန်းကြီးတစ်ခုကဲ့သို့ ကောင်းကင်သို့ လွင့်တက်သွားသည်။
အနှစ်သာရ အသက်စွမ်းအင် မီးခိုးတန်း...။
ဤသည်မှာ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်း ဖြစ်သွားသော အထွတ်အထိပ် သိုင်းသူတော်စင် တစ်ဦး၏ ထူးခြားချက်ပင် ဖြစ်သည်။
ကြင်ယာတော်ယွမ်၏ ခန္ဓာကိုယ်မှာ နတ်ဆိုးနတ်ဘုရား၏ သွေးကို သောက်သုံးပြီးနောက် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိခဲ့သော်လည်း စွမ်းအား လုံလောက်မှု မရှိသဖြင့် အထွတ်အထိပ် အဆင့်သို့ မရောက်ရှိနိုင်ခဲ့ပေ။
သို့သော် ယခုအခါ ထိုက်ကျိမိုးကြိုးရေကန် အတွင်း၌ စိမ်ခဲ့ပြီး စွမ်းအင်များကို စုပ်ယူလိုက် သည့်အခါ သူမသည် ချက်ချင်းပင် အထွတ်အထိပ် သိုင်းသူတော်စင် တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
...
“ဒါ... ဒါက တကယ်ကို အံ့ဩစရာပဲ။ မင်းရဲ့ မိုးကြိုးရေကန်က ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လူသားအင်မော်တယ် တစ်ယောက်အဖြစ် တကယ် ပြောင်းလဲပေးနိုင်တာ လား၊ ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ မှာပဲ ဒီလို အာနိသင် ရှိတာလေ။”
ပိုင်ဇိယွဲ့မှာ ကြင်ယာတော်ယွမ် တစ်ယောက် ချက်ချင်းပင် အထွတ်အထိပ် သိုင်းသူတော် စင် ဖြစ်သွားသည်ကို မြင်လိုက်ရသည့်အခါ အလွန်ပင် အံ့အားသင့်သွားခဲ့သည်။
“ဘုံသုံးပါး မူလစွမ်းအင်ရေကန်’ နဲ့ ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ က ချန်ပီယံ မြို့စားကို ‘လူသားအင်မော်တယ်’ တစ်ယောက် ဖြစ်စေနိုင်တယ်ဆိုရင်၊ ငါ့ရဲ့ ထိုက်ကျိ မိုးကြိုးရေကန်နဲ့ ‘နဂါးစွယ်ဆန်’ တွေကလည်း ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ‘လူသားအင်မော်တယ်’ ဖြစ်စေနိုင်ပါတယ်။ ကောင်းကင်တာအိုရဲ့ လိုအပ်ချက်တွေကို ငါကပဲ ဖြည့်ဆည်းပေးပါ့မယ်။” ဟုန်ယွိက ဆိုလိုက်သည်။
“ကောင်းကင်တာအိုရဲ့ လိုအပ်ချက်တွေကို ငါကပဲ ဖြည့်ဆည်းပေးပါ့မယ်။”
“သွားကြစို့၊ ငါတို့ အချိန်တွေ အများကြီး ကုန်သွားပြီ၊ မိစ္ဆာအိုကြီး သုံးယောက်လည်း ထွက်ပြေးသွားကြပြီ။ ဒါပေမဲ့ သူတို့ သိပ်ဝေးဝေး မပြေးနိုင်ပါဘူး။ ‘ဖန်ဆင်းရှင်’ မဟုတ်တဲ့ လူမှန်သမျှ ဘယ်သူမှ သတ္တမမြောက်အဆင့်ကို မဝင်နိုင်ဘူး။ သူတို့ ဆဋ္ဌမမြောက်အဆင့် မှာရှိတဲ့ ‘မျှော်လင့်ချက်မဲ့လွင်ပြင်’ မှာပဲ ရှိနေမှာပါ။ အဲဒီ ဆဋ္ဌမမြောက်အဆင့်က တကယ့် စစ်တလင်းပဲ။ အဲဒီမှာ ငါတို့ အမှန်တရားဘက်တော်သား ကျင့်ကြံသူတွေရဲ့ ရုပ်ကြွင်းတွေ ကိုလည်း တွေ့နိုင်လိမ့်မယ်။”
ဟုန်ယွိ စကားပြောနေစဉ်မှာပင် ခန်းမကြီးမှာ တုန်ခါသွားပြီး သူတို့သည် အကန့်သတ်မဲ့ သမုဒ္ဒရာ၏ အလယ်ဗဟိုသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ချောက်နက်ကြီးတစ်ခု ရှိနေပြီး၊ ချောက်နက်ကြီးအတွင်းမှ မျှော်လင့်ချက်မဲ့ခြင်း အငွေ့အသက်များ ပျံ့လွင့်နေ၏။
ဤသည်မှာ အဆင့်ငါးဆင့်မှ အဆင့်ခြောက်ဆင့်သို့ သွားရာ ‘မျှော်လင့်ချက်မဲ့လွင်ပြင် ချောက်နက်ကြီး’ ပင် ဖြစ်တော့သည်။
ဆဋ္ဌမမြောက်အဆင့်သည် မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ၏ အဆုံးသတ် နယ်နိမိတ် ဖြစ်သည်။ ၎င်းမှာ ရှေးခေတ် အမှန်တရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်တို့၏ တိုက်ပွဲကြီးအတွင်း အစွမ်းထက်သော ပညာရှင်များ တိုက်ခိုက်ခဲ့ကြသည့် အဓိက စစ်တလင်းကြီးလည်း ဖြစ်ပေတော့သည်။