အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အခန်း 481
“ဖြတ်... ဖြတ်... ဖြတ်”
သံလှောင်အိမ်ရဲ့ အက်ကွဲကြောင်းတွေကနေ ဓားမြှောင်အချို့ ထိုးသွင်းလိုက်ပြီး ဝက်ဝံနက်နှစ်ကောင်ကို သတ်ပစ်ပြီးနောက် ဒီလူတွေက သံလှောင်အိမ်ကို ဖွင့်ကာ အလောင်းတွေကို ဆွဲထုတ်လာခဲ့ကြတယ်။
“ဝှီး... ဝှီး... ဝှီး”
ဖြတ်တောက်စက်ရဲ့ အသံ မြည်ဟည်းလာတယ်။
ဝက်ဝံနက်တိုင်း မျှော်လင့်ချက်မဲ့စွာ ဒီမြင်ကွင်းကို ကြည့်နေကြတယ်။
ဝက်ဝံလက် လေးဖက်ကို သေသေချာချာ ဖြတ်တောက်လိုက်တယ်။ ပြီးတော့ ဦးခေါင်းနောက်ဘက်ကနေ အနာတစ်ခု ခွဲလိုက်တယ်။
သားရေတစ်ခုလုံးကို ခွာချလိုက်တယ်။
“ဟိန်း... ဟိန်း... ဟိန်း...”
လှောင်အိမ်ထဲက ဝက်ဝံနက်တွေက ရူးသွပ်သွားသလို အဆက်မပြတ် ဟိန်းဟောက်နေကြတယ်။
သူတို့ရဲ့ အဖော်နှစ်ယောက်ကို ဒီလူတွေက သတ်ပစ်လိုက်ပြန်ပြီ။
နောက်ဆုံးတော့ သူတို့ အလှည့် ရောက်လာမှာပဲ။
ဒီလူတွေက ဖမ်းလာပြီးကတည်းက ဒီကျဉ်းမြောင်းတဲ့ လှောင်အိမ်ထဲမှာ ကျုံ့နေခဲ့ကြရတယ်။ နေ့စဉ် ဝမ်းဗိုက်ကနေ အဆက်မပြတ် ထွက်ပေါ်လာတဲ့ နာကျင်မှုကသာ သူတို့ အသက်ရှင်နေသေးကြောင်း သိစေတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ထဲကနေ ဒီအရည်တွေ အဆက်မပြတ် စီးထွက်နေတာကို မြင်နေကြရတယ်။
ဒါကြောင့် ဝက်ဝံနက်တွေ နားမလည်ကြဘူး။
ဒီလူတွေက သူတို့ရဲ့ သည်းခြေရည်ကို ဘာလို့ စုဆောင်းနေကြတာလဲ။
ဒါပေမဲ့... ဒီမှာ ပိတ်လှောင်ခံရကတည်းက ဝက်ဝံနက်တိုင်းက သူတို့ရဲ့ အဆုံးသတ်ကို သိနေကြပြီ။ သည်းခြေရည် မထွက်နိုင်တော့တဲ့အခါ သူတို့ ရှေ့က ဝက်ဝံနက်နှစ်ကောင်လို ဖြစ်သွားလိမ့်မယ်။
လက်တွေ ဖြတ်တောက်ခံရမယ်၊ သားရေ ခွာချခံရမယ်၊ အတွင်းအင်္ဂါတွေကို ထုတ်ယူခံရမယ်။
ပြီးတော့...
“ဘာကို ဟိန်းဟောက်နေတာလဲ”
ရိုရီသည် ဒေါသထွက်နေသော ဝက်ဝံနက်များကို ကြည့်ပြီး အော်ဟစ်လိုက်တယ်။
ဘေးနားက ဓားမြှောင်ကို ကောက်ယူပြီး သံလှောင်အိမ်တစ်ခုထဲကို အားရပါးရ ထိုးသွင်းလိုက်တယ်။
“ဟိန်း...”
နာကျင်တဲ့ အော်သံ ထွက်ပေါ်လာတယ်။
“ဟားဟားဟား...”
အထဲမှာ အဆက်မပြတ် အော်ဟစ်နေတဲ့ ဝက်ဝံနက်ကို ကြည့်ပြီး ရိုရီက ပြုံးလိုက်တယ်။
“သူတို့ကို နည်းနည်း ပေးဆွပေးလိုက်။ ဒီကောင်တွေကို နည်းနည်း သတိရှိလာအောင် လုပ်ပေးလိုက်။ ဒါဆိုရင် သည်းခြေရည် ပိုထွက်လာလိမ့်မယ်...”
“နွေရာသီ ရောက်လာပြီဆိုတော့ ဝက်ဝံနက်တွေ ပြန်ရွှေ့လာကြပြီ ထင်တယ်”
481 02
“ပြင်ဆင်ကြ၊ ငါတို့ ချက်ချင်း ထွက်မယ်။ ဒီတစ်ခါ ဝက်ဝံနက် အချို့ကို ဖမ်းရမယ်။ ဝက်ဝံပေါက်တွေပါရင် ပိုကောင်းတာပေါ့၊ ဝက်ဝံပေါက်လေးတွေက ပိုကြာကြာ ညှစ်ထုတ်လို့ရတယ်”
အမိန့်ပေးပြီးနောက် ရိုရီသည် လက်ထဲက ဓားမြှောင်ကို မြေပြင်ပေါ် ပစ်ချပြီး အခန်းထဲကနေ တစ်လှမ်းချင်း ထွက်သွားခဲ့တယ်။
သားသတ်ရုံ အပြင်ဘက်မှာတော့ တောရိုင်း တိရစ္ဆာန် အလောင်းများစွာကို မြေပြင်ပေါ်မှာ ပစ်ချထားတယ်။
အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေလည်း အများကြီး ပါဝင်တယ်။
“ဒီပစ္စည်းတွေကို အမြန်ရှင်းပစ်လိုက်၊ အရမ်း နှေးနေပြီ”
အလုပ်သမားတွေကို အနည်းငယ် ဆူပူကြိမ်းမောင်းပြီး ရိုရီသည် ရုံးခန်းထဲကို တန်းတန်းမတ်မတ် ဝင်သွားတယ်။
မေ့ဆေးဆေးပမာဏ အားလုံးကို ထည့်ပြီးနောက် ကားပေါ် တန်းတန်းမတ်မတ် တက်သွားတယ်။
အက်စ်ယူဗွီ ကားများစွာ ဟိန်းဟောက်ပြီး သားသတ်ရုံ တံခါးဝကနေ ပျောက်ကွယ်သွားပြီး ဝေးရာက တောအုပ်ဆီ ဦးတည်သွားတယ်။
...
“ဟိန်း...”
“tm;;;... မင်းပဲ၊ ဒီနေ့ မင်းကို ရိုက်သတ်ပစ်မယ်”
ဝက်ဝံနက်သည် သစ်ပင်နောက်ကနေ ထွက်လာတဲ့ ဒီလူကို ကြည့်ပြီး အနည်းငယ် ကြောင်သွားတယ်။ နောက်မှ မှတ်မိသွားတယ်။
ဒါက အရင်က ငါ့ရဲ့ သမင်ကို လုယူသွားတဲ့ လူသား မဟုတ်ဘူးလား။
ချက်ချင်းဆိုသလိုပဲ ဟိန်းဟောက်သံပြုပြီး ဝက်ဝံနက်က တိုက်ခိုက်ဖို့ ရပ်တန့်လိုက်တယ်။
“မလုပ်နဲ့”
ဆုပိုင်က ချက်ချင်း နောက်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ပြီး အော်လိုက်တယ်
“ငါ မင်းကို ကူညီဖို့ လာတာပါ၊ နောက်ဆုံးတစ်ခေါက်က နားလည်မှုလွဲတာပါ၊ တကယ်ပါ...”
“အား... အား.. အား၊ သေလိုက်တော့”
ဒါပေမဲ့ သူ့ရှေ့က ဝက်ဝံနက်က သူ့စကားကို နားမထောင်ဘဲ အရှိန်မလျှော့ဘဲ ပြေးဝင်လာတယ်။
“အား...”
ဆုပိုင်သည် ခပ်တိုးတိုး သက်ပြင်းချပြီး တိုက်ခိုက်ရန် အနေအထား ပြင်လိုက်တယ်။
တစ်ခါတစ်ရံမှာ ဒီလို တစ်ဇွတ်ထိုးကောင်ကို ကိုင်တွယ်ဖို့ အင်အားကိုပဲ အသုံးပြုရတယ်။
“ဟူး...”
ချွန်ထက်တဲ့ ဝက်ဝံလက်သည်းတွေက လေကိုဖြတ်ပြီး ရိုက်ခတ်လာတယ်။ ဆုပိုင် အနည်းငယ် ဘေးကို တိမ်းရှောင်လိုက်ပြီး ခြေထောက်ကို ပြင်းပြင်း ထောင်လိုက်တယ်။
“ဗုံး...”
ဝက်ဝံနက်ရဲ့ ခြေထောက် အောက်ဘက် နေရာလွတ်ကို ပြင်းပြင်း ကန်သွင်းလိုက်တယ်။
481 03
“အူ... အူ...”
“ဒုန်းဒုန်းဒုန်း”
ဝက်ဝံနက်ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားကာ မြေပြင်ပေါ်မှာ လဲကျသွားတယ်။ နာကျင်စွာနဲ့ အဆက်မပြတ် လူးလွန့်နေပြီး အော်ဟစ်သံတွေ ထွက်လာတယ်။
“အား နည်းနည်း များသွားလား”
ဆုပိုင်က သူ့ခေါင်းကို ကုပ်ရင်း ဝက်ဝံနက်ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။
“ဂျွတ်...”
ဝက်ဝံနက်က လည်ပင်းကို အားစိုက်မော့ပြီး ပါးစပ်ကြီးကို ဖွင့်ကာ ကိုက်ဖဲ့ဖို့ ကြိုးစားတယ်။
“စကားနားထောင်...”
စကားပြောနေရင်းနဲ့ ဆုပိုင်က အိတ်ထဲကနေ ကြိုးကို ထုတ်ယူပြီး ဝက်ဝံနက်ကို ဂရုတစိုက် ချည်နှောင်လိုက်တယ်။
“ဟိန်း...”
“ငါ့ကို လွှတ်ပေး၊ အကယ်၍ သတ္တိရှိရင် လွှတ်ပေး၊ အား... အား...”
“ငါ မင်းကို သတ်မယ်”
“မင်း လာခဲ့၊ လက်သည်းတစ်ချက်နဲ့ ရိုက်သတ်ပစ်မယ်။ ငါ့ကို ဒေါသထွက်အောင် လုပ်တယ်”
ဆုပိုင်က မြစ်ရေထဲမှာ ပိုက်ကွန်ကို ကိုင်ပြီး ရပ်နေပြီး သူ့နောက်က ဝက်ဝံနက်က မြေပြင်ပေါ်မှာ လဲလျက် အဆက်မပြတ် ဟိန်းဟောက်နေတယ်။
“ရွှပ်... ရွှပ်...”
မျက်စိအိမ် မြန်မြန်ဆန်ဆန်နဲ့ ပိုက်ကွန်တစ်ခုလုံးကို ပစ်ချပြီးနောက် ပြန်ဆွဲတင်လိုက်တယ်။
အဆီများသော ငါးကြီး အချို့ကို သူ ဆွဲတင်လိုက်တယ်။
“ဟိန်း...”
မြေပြင်ပေါ်မှာ လဲလျက်ရှိသော ဝက်ဝံနက်သည် ကမ်းပေါ်မှာ ခုန်နေတဲ့ ငါးအချို့ကို မယုံနိုင်စွာ ကြည့်လိုက်တယ်။
ပြီးနောက် သူ့ရှေ့က လူသားကို ကြည့်လိုက်တယ်။
ဦးခေါင်းပေါ်မှာ ကြီးမားတဲ့ “စူးစမ်းမေးတဲ့ခွန်းအမှတ်အသား ။။ “ ပေါ်လာတယ်။
မဖြစ်နိုင်ဘူး
သူ တစ်နေ့လုံး ကြိုးစားခဲ့တာတောင် ငါးတစ်ကောင်မှ မမိခဲ့ဘူး။ ဒီလူက ဘယ်လိုများ ဒီလောက် မြန်တာလဲ။
ခဏလေးအတွင်းမှာ ဒါ…. ငါးဘယ်နှစ်ကောင်လဲ။
ငါးကောင်…
“ဂွီ…”
ရုတ်တရက် အဲဒီအချိန်မှာပဲ ဝက်ဝံနက်ရဲ့ ဝမ်းဗိုက်က မိုးခြိမ်းသံလို အသံတွေ မြည်လာတယ်။
481 04
ဆုပိုင်က သူ့ကို လှည့်ကြည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်တယ်။
ပြီးနောက် ပိုက်ကွန်ကို တစ်ခါ ထပ်ပစ်ချလိုက်တယ်။
ငါးအချို့ကို ဆွဲထုတ်ပြီး ကမ်းစပ်ကို လျှောက်သွားခဲ့တယ်။
“ဒီကောင်က ငါးကျွေးမယ်ဆိုရင်... နောက်ဆုံးတစ်ခေါက်က အကြွေး ရှင်းသွားပြီလား”
ဝက်ဝံနက်သည် သူ့ဆီ လျှောက်လာနေတဲ့ ဆုပိုင်ကို ကြည့်ပြီး သူ့စိတ်ထဲမှာ ဒီလိုမျိုး အတွေးတစ်ချက် ပေါ်လာတယ်။
ဘာပဲ ဖြစ်ဖြစ်၊ ဒီလူသားရဲ့ မျက်လုံးတွေကနေ သူတို့ကိုယ်သူတို့ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်ကို မတွေ့ရဘူး။
မဟုတ်ဘူး….
ငါးငါးကောင်တော့ ဖြစ်ရမယ်။
အကြာကြီး စဉ်းစားပြီးမှ ဝက်ဝံနက် ဆုံးဖြတ်လိုက်တယ်။
ငါးငါးကောင် မဟုတ်ရင် ဒီလူသားကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။
အရသာရှိတဲ့ သမင်…
ဒီကောင်ကြောင့် ထွက်ပြေးသွားခဲ့တာ။ ဒါက ရန်ငြိုးပါပဲ။
ငါးငါးကောင် မဟုတ်ရင် ဒီရန်ငြိုးကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။
++++++
482 01
အခန်း 482
ဝက်ဝံနက် ဘာတွေးနေလဲဆိုတာ ဆုပိုင် မသိဘူး။
ဒါပေမဲ့ ဒီကောင်ကို ဘယ်လို ဖမ်းရမလဲဆိုတာ ဆုပိုင် စိတ်ထဲမှာ အဖြေရှိနေပြီ။
အခြား မရှိဘူး…
အစားအစာနဲ့ ဖြားယောင်းဖို့ပဲ။
ငါးနဲ့ ဖြားယောင်းလို့ မရဘူးဆိုရင် ဆုပိုင်မှာ တခြား နည်းလမ်းတွေ ရှိသေးတယ်။
ဝက်ဝံတွေ ဘာကို အကြိုက်ဆုံးလဲ၊ ပျားရည်ပေါ့။
ဆုပိုင်က ခုနက မြစ်ရေမျက်နှာပြင်ပေါ်မှာ ပျားအချို့ကို တွေ့ခဲ့တယ်။ သိပ်မဝေးတဲ့နေရာမှာ ပျားအုံ ရှိနေမယ်လို့ ယုံကြည်တယ်။
သူ့နောက်က ကောင်ကို ဂရုမစိုက်တော့ဘဲ ဆုပိုင်က မြစ်ကမ်းနားမှာ ထိုင်ပြီး သူ့ရှေ့က ငါးအချို့ကို ဂရုတစိုက် သန့်ရှင်းရေး လုပ်နေတယ်။
“ဂလု... ဂလု... ဂလု”
သူ့နောက်ကနေ တံတွေးမျိုချသံတွေ အဆက်မပြတ် ကြားနေရတာကို သူကြားလိုက်တယ်။ ဆုပိုင်က အထင်အမြင်သေးစွာ ပြုံးလိုက်ပြီး ငါးအချို့ကို မြက်ခင်းပေါ်မှာ သေသေချာချာ ထားလိုက်တယ်။ ပြီးတော့ စကားတစ်ခွန်းမှ မပြောဘဲ ရှေ့က တောအုပ်ထဲကို လျှောက်သွားခဲ့တယ်။
သူ အစိမ်းလိုက် စားလို့ မရဘူး။
ဒီဝက်ဝံနက်က သွေးနံ့ကို ရှူပြီး မခံမရပ်နိုင် ဖြစ်နေပြီ။
နောက်မှ ကင်ပြီးရင်...
ဒီကောင် ဘယ်လို ဖြစ်သွားမလဲဆိုတာ ဆုပိုင် မတွေးရဲတော့ဘူး။
“ဟိန်း...”
“ထွက်သွားပြီလား”
ဝက်ဝံနက်က မြေပြင်ပေါ် လဲလျက်၊ မျက်လုံး လှည့်ကြည့်ပြီး ကြည့်လိုက်တယ်။
ခုနက လူသားက တကယ် ထွက်သွားပြီ။
ဒါဆိုရင် သူ့ရှေ့က ဒီငါးတွေ
“ဂလု...”
ပါးစပ်ထဲက တံတွေးကို မျိုချလိုက်ပြီး ဝက်ဝံနက်က သူ့ခန္ဓာကိုယ်ကို အားစိုက်ရွှေ့လိုက်တယ်။ ဦးခေါင်းကို ဆန့်ထုတ်ပြီး လျှာကို ရှည်အောင် ထုတ်လိုက်တယ်။
နီးလာပြီ။
နောက်ထပ် နည်းနည်းလေး ဆန့်ထုတ်ရင် လျက်လို့ ရပြီ။
ပိုမြန်မြန် လာပါ
“ဖြတ်...”
482 02
သူ့ရှေ့က ငါးကို လျက်ဖို့ နီးလာပြီဖြစ်တာကို တွေ့လိုက်ရတော့ ဝက်ဝံနက်က မျက်လုံးကို မှိတ်လိုက်ပြီး ရှည်လျားတဲ့ လျှာကို ပါးစပ်ထဲကနေ ရုတ်တရက် ဆန့်ထုတ်လိုက်တယ်။
“ရှူး...”
“ဟမ်”
ဘာ အရသာမှ မရှိပါလား။
ဘယ်လို ဖြစ်နိုင်မှာလဲ။
မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဒီလူသားက ဘယ်အချိန်ကတည်းက ပြန်ရောက်နေလဲ မသိဘူး။
ပြီးတော့ နောက်ဆုံး အခိုက်အတန့်မှာ သူ့ရှေ့က ငါးကို ယူသွားခဲ့တယ်။
မင်း ဒီလိုလုပ်သင့်လို့လား။
ဝူးးးးးး
လျက်ဖို့ တော်တော်လေး နီးစပ်နေပြီလေ။
“ဟိန်း...”
“ကောင်းပြီကွာ၊ မင်း တော်တယ်... ဝက်ဝံဘုရင်ကို စောင့်ကြည့်နေ”
သွားတွေကို ဖိကြိတ်ပြီး အော်ဟစ်လိုက်တယ်
“ငါးအချို့ပဲ ရှိတာ၊ ဝက်ဝံဘုရင် ဂရုစိုက်မယ် ထင်လို့လာ။ စောင့်နေ၊ ကောင်လေး၊ ငါ့ကို မလွှတ်ပေးနဲ့။ မဟုတ်ရင် မင်း ဒုက္ခရောက်မယ်”
စကားတင်းတင်း အချို့ကို ဟိန်းဟောက်ပြီးနောက် ဝက်ဝံနက်က ဦးခေါင်းကို မော့ပြီး မြက်ခင်းပေါ် လဲလျောင်းနေခဲ့တယ်။
ဝေးရာမှ အလုပ်များနေသော ဆုပိုင်ကို ငေးကြည့်နေခဲ့တယ်။
“ဂွီ...”
ဝမ်းဗိုက်က အဆက်မပြတ် လှုပ်ရှားနေပြီး မိုးခြိမ်းသံတွေ ထွက်လာတယ်။
မြက်ခင်းပေါ်က လေထုက ခဏတာ ထူးဆန်းနေတယ်။
“ကြွပ်... ကြွပ်...”
လိမ္မော်ရောင် အဆီတွေက အောက်က မီးခြစ်တောင့်တွေပေါ် ကျနေပြီး စူးရှတဲ့ အသံတွေ ထွက်ပေါ်လာတယ်။
“ဟာ၊ ဒါ မင်းအတွက်၊ မေ့သွားလို့”
ချက်ချင်းဆိုသလို ကင်ပြီးတော့မဲ့ ငါးကို ကြည့်ပြီး ဆုပိုင်က သူ့ခေါင်းကို ရုတ်တရက် ရိုက်ပြီး နည်းနည်း စိတ်ဆိုးစွာ ပြောလိုက်တယ်။
အိတ်ထဲကနေ ခွက်ငယ်လေးကို အလျင်အမြန် ထုတ်ယူပြီး ဝက်ဝံနက်ရဲ့ မေးစေ့အောက်မှာ ထားလိုက်တယ်။
“ဟမ်…”
ဘာကို ဆိုလိုတာလဲ။
ဝက်ဝံနက်က မျက်လုံးနီနီတွေနဲ့ ဆုပိုင်ကို ကြည့်လိုက်တယ်။
ခေါင်းငုံ့ပြီး အောက်က ခွက်ငယ်လေးကို ကြည့်လိုက်တယ်။
တစ်ခုခုကို သတိပြုမိသွားပုံရတယ်။
482 03
ဒီလူက သူ့ကို ပြုပြင်ပြီးမှ ပေးဖို့လား။
ဒါပေမဲ့...
ဒီငါးက အရမ်း မွှေးနေတာပဲ။ သူ အတတ်နိုင်ဆုံး ခုခံနေခဲ့ပေမဲ့ အချည်းနှီးပဲ။
ဗိုက်က အဲဒီအချိန်ကတည်းက အော်နေတာ။
ဒီလိုဆိုရင် သုံးကောင်တော့ ဖြစ်ရမယ်။
ဒီလူသားက သူ့ကို ငါးသုံးကောင် ပေးမယ်ဆိုရင် ဝက်ဝံဘုရင် ခွင့်လွှတ်ပေးမယ်။
ဝက်ဝံနက် စိတ်ထဲမှာ ဒေါသတကြီး တွေးနေခဲ့တယ်။
“ဟားဟား...”
ဆုပိုင်က ဝက်ဝံနက်ရဲ့ ပုံစံကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်တယ်။ လှည့်ပြီး အပြင်ပန်းက ကြွပ်ရွပြီး အတွင်းက နူးညံ့တဲ့ ငါးကင်တစ်ကောင်ကို ကိုင်ကာ ဝက်ဝံနက်ရဲ့ ရှေ့မှာ တိတ်တဆိတ် ထိုင်ချလိုက်တယ်။
“ရွှပ်...”
ဝက်ဝံနက် မြင်တော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး ငါးကင်ကို စူးစိုက်ကြည့်နေတယ်။
သူ လာပြီ။
သူ လာပြီ။
သူ ငါးကင်ကို ကိုင်ပြီး လာနေပြီ။
“ကြွပ်...”
“အူး၊ အရမ်း မွှေးတာပဲ”
ဒါပေမဲ့ သူ့ရှေ့က လူသားက တစ်ကိုက် ကိုက်ပြီး ချီးကျူးသံ ထွက်လာပြီးနောက်မှာတော့ ဝက်ဝံနက် ကြောင်သွားတယ်။
ဘာကို ဆိုလိုတာလဲ။
သူ့ကို စားဖို့ ပေးတာ မဟုတ်ဘူးလား၊
“တောက်... တောက်... တောက်”
သူ့ရှေ့မှာ ထိုင်ပြီး ငါးကင်တစ်ကောင်လုံးကို စားပစ်လိုက်တဲ့ ဆုပိုင်ကို ကြည့်နေရတယ်။ ဝက်ဝံနက်ရဲ့ တံတွေးတွေက ပါးစပ်ထောင့်ကနေ ခွက်ငယ်လေးထဲကို အဆက်မပြတ် စီးကျနေတယ်။
ပြီးတော့ သူ့ရှေ့က ဒီခွေးမသားက နောက်ထပ် ငါးတစ်ကောင်ကို ယူပြီး ကိုက်စားနေပြန်ပြီ။
ဝက်ဝံနက် နောက်ဆုံးတော့ သတိထားမိလိုက်တယ်။
အား…၊ ခွက်ငယ်လေးက ငါးထည့်ဖို့ မဟုတ်ဘူး၊ အကုန်လုံး လိမ်နေတာ၊
ဒီခွက်က ဝက်ဝံဘုရင်ရဲ့ တံတွေးထည့်ဖို့ပဲ။
သူ့ရှေ့က ဒီလူသားက တကယ်ကို မကောင်းတဲ့ကောင်ပဲ၊ တကယ်ကို ရက်စက်တယ်။
ဒီလိုမျိုး ဝက်ဝံကို နှိပ်စက်တာမျိုး ရှိသလား။ ငါ့ရှေ့မှာ ထိုင်ပြီး ငါးကို ကိုက်စားနေတာ၊ တစ်ကိုက်တောင် မပေးဘူး။
စားပြီးတော့ လက်ချောင်းတွေကိုပါ လျက်နေသေးတယ်။ လူ့စိတ်ရှိပါဦးဟ…
482 04
“ဟိန်း...”
“အား... အား…၊ ဒေါသထွက်လွန်းလို့ သေတော့မယ်။ ဒေါသထွက်လွန်းလို့ သေတော့မယ်”
အားစိုက်ပြီး ဟိန်းဟောက်လိုက်ပြီး ဝက်ဝံနက်က မျှော်လင့်ချက်မဲ့စွာ မျက်လုံးကို ပိတ်လိုက်တယ်။
နောက်ပိုင်း ဒီလူနဲ့ ထပ်မတွေ့ပါစေနဲ့လို့ ဆုတောင်းရတော့မယ်။ ဒါက နတ်ဆိုးပဲ။
ဆုပိုင်က လက်ချောင်းတွေကို လျက်ပြီးနောက် ထရပ်လိုက်ပြီး ငါးတစ်ကောင် ထပ်ယူကာ အနည်းငယ် ခက်ခဲသော လေသံနဲ့ ပြောလိုက်တယ်။
“အင်း… ဒီငါးတွေက ဘာလို့ ဒီလောက် ကြီးနေရတာလဲ။ နှစ်ကောင်ပဲ စားရသေးတယ်၊ ကျန်တာတွေကို ဘယ်လိုလုပ်ရမလဲ”
“ပစ်လိုက်ရမလား”
အားးးး မင်းရဲ့ အဘိုးအေကို ချီးပါပဲ.....
ဝက်ဝံနက်က မျက်လုံးဖွင့်ပြီး တုန်ယင်နေတဲ့ ခန္ဓာကိုယ်နဲ့ သူ့ကို ကြည့်လိုက်တယ်။
နားထောင်ပါဦး၊ ဒါ လူတစ်ယောက်ရဲ့ စကားလား။
++++++
483 01
အခန်း 483
[ဒါရိုက်တာဆုပိုင်ကို အပြစ်တင်တဲ့သူတွေ လာစုကြ။ ငါ့တံတွေးတွေ ကီးဘုတ်ကိုတောင် စိုစွတ်သွားပြီ၊ တစ်ရှူးတွေ အကုန် သုံးပြီးပြီ...]
[မဟုတ်ဘူး၊ အပေါ်ကလူက မမှန်ဘူး]
[အားးးး၊ ငါလည်း ဆာနေပြီ ဒါက ဒဏ္ဍာရီထဲက ငါးကင်လား]
[ငါတို့ မျက်နှာပြင်ကနေတောင် မခံနိုင်ဘူးဆိုရင် ဒီဝက်ဝံနက်ရဲ့ ခံစားချက်က ဘယ်လို ဖြစ်နေမလဲလို့ စဉ်းစားကြည့်ပါ]
[ဝက်ဝံနက် အားးး သတ္တိရှိရင် ငါ့ကို လွှတ်ပေး၊ ငါ ငါးကို ဘယ်လိုစားမလဲဆိုတာ ကြည့်လိုက်...]
[ဟားဟားဟား၊ ငါ သေအောင် ရယ်နေတယ်၊ ဒါရိုက်တာဆုပိုင်က ဘာလို့ ဒီလောက်တောင် ဆိုးရတာလဲ၊ ငါ တော်တော်လေး သဘောကျတယ်...]
[အား... အပေါ်ကလူ၊ နိုးပါဦး၊ မင်းက ယောက်ျားလေးလေ]
...
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသူ အားလုံးရဲ့ ခံစားချက်က အဲဒီအချိန်မှာ ဝက်ဝံနက်နဲ့ အတူတူပဲ။
ဝမ်းဗိုက်က မိုးခြိမ်းသံတွေ အော်ဟစ်နေတယ်။
တံတွေးတွေကလည်း အဆက်မပြတ် စီးဆင်းနေတယ်။
မျက်နှာပြင်ကနေ ငါးကင်ကို ကြည့်နေတဲ့ လူတိုင်း အမြင်မှားနေကြပြီး ကွန်ပျူတာ မျက်နှာပြင်ကနေ ရနံ့တွေ ထွက်လာသလို ခံစားနေရတယ်။
“မင်း စားချင်လား”
ဆုပိုင်က မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ငါးကင်ကို သူ့ရှေ့မှာ နက်နက်ရှိုင်းရှိုင်း ရှူလိုက်တယ်။ သွေးဆောင်မှုအပြည့်နဲ့ ပြောလိုက်တယ်။
“စားချင်တယ်ဆိုရင် စကားပြောကြရအောင်”
“ကြည့်ပါ၊ ငါ နှစ်ကောင်ပဲ စားရသေးတယ်။ ငါးခြောက်ကောင် ကျန်သေးတယ်”
“ငါတို့ နှစ်ယောက် ပြေလည်သွားမယ်ဆိုရင် ဒီငါးခြောက်ကောင်လုံး မင်းရဲ့…. ကောင်းကောင်း စဉ်းစားကြည့်နော်”
ဝက်ဝံနက်ရဲ့ မျက်လုံးတွေ နီရဲနေပြီး ဆုပိုင်ကို ပြင်းပြင်းထန်ထန် ကြည့်လိုက်တယ်။
ငါ ဘာကို စဉ်းစားရမှာလဲ။
မင်း လူ့စိတ်တောင် မရှိတော့ဘူး။ ငါးကင် ခြောက်ကောင်ပဲ၊ ငါက ဂုဏ်သိက္ခာရှိတဲ့ ဝက်ဝံပဲ။
ပြောလိုက်မယ်၊ မဖြစ်နိုင်ဘူး…
“ဟိန်း...”
“ဒါဆိုရင် ငါ့ကို အရင် မြည်းစမ်းခွင့်ပေး...”
ဒေါသတကြီး ဟိန်းဟောက်ချင်ပေမဲ့ ပါးစပ်ကနေ စကားတွေက ပြောင်းလဲသွားတယ်။
“ကောင်းပြီ”
483 02
ဆုပိုင်က ငါးကင်ကို သူ့ဆီ ကမ်းပေးလိုက်တယ်။
“ရှူး...”
ဝက်ဝံနက်က အလျင်အမြန် လျက်လိုက်ပြီး ငါးသားတစ်မျှင်ကို ဆွဲထုတ်လိုက်တယ်။
“ဟူး...”
ရင်ဘတ်က မော့လာပြီး အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်တယ်။
ဒါ ဘာနတ်ဘုရား အရသာမျိုးလဲ…
“ဟိန်း...”
“မြန်မြန် ငါ့ကို ဖြေပေး”
အလျင်အမြန် ဟိန်းဟောက်လိုက်တယ်။
အချိန်တချို့ ကြာပြီးနောက် ဆုပိုင်နဲ့ ဝက်ဝံနက်က မြစ်ကမ်းနား မြက်ခင်းပေါ်မှာ အတူထိုင်နေကြတယ်။ ဘေးမှာ တတိတိ စားနေတဲ့ ဝက်ဝံနက်ကို ကြည့်ပြီး ဆုပိုင်က အသံတိုးတိုးဖြင့် ပြောလိုက်တယ်။
“မင်း တခြားနေရာမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်လာတာလဲ”
“ဟိန်း...”
“မပြောပါနဲ့တော့၊ ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ ကျားအချို့ ရောက်လာပြီး အဲဒီနေရာကို သိမ်းပိုက်လိုက်လို့ ဒီကို လာခဲ့ရတာ”
ဝက်ဝံနက်က ငါးအရိုးတွေနဲ့ပါ သူ့ရဲ့တစ်ကမ္ဘာလုံးကို မျိုချလိုက်ပြီး သက်ပြင်းချရင်း ပြောလိုက်တယ်
“ဒါပေမဲ့ ဒီနေရာမှာလည်း ကြာကြာ နေဖို့ ငါ မရည်ရွယ်ပါဘူး။ ဒီနေရာက အရမ်း အန္တရာယ်များတယ်”
“နှစ်အနည်းငယ်က အရင်တစ်ခါ လာဖူးတယ်။ အဲဒီတုန်းက အဖော်တွေ အများကြီး ရှိခဲ့တာ မှတ်မိတယ်။ ဒီတစ်ခါ လာတော့ တစ်ကောင်မှ မရှိတော့ဘူး။ တခြား တိရစ္ဆာန်တွေလည်း အများကြီး နည်းသွားပြီ”
“ငါးတွေပဲ နည်းနည်း ပိုများတာ”
ပြောရင်းနဲ့ ဝက်ဝံနက်က ဆောင်းရာသီကနေ အခုအချိန်အထိ သူ့ရဲ့ အတွေ့အကြုံတွေကို သတိရပြီး စိတ်ထဲမှာ ဝမ်းနည်းလာတယ်။
“ငါ ဆောင်းရာသီတစ်လျှောက်လုံး မြက်ပင်အမြစ်တွေကို ကိုက်စားခဲ့ရတယ်။ ငါးဖမ်းလို့လည်း မရဘူး...”
“ဒီနေရာမှာ တိရစ္ဆာန်တွေ များမယ်လို့ ထင်ခဲ့ပေမဲ့ ငါးဖမ်းတာကလွဲလို့ တခြား အသက်မွေးဝမ်းကျောင်း နည်းလမ်းမရှိတော့ဘူး”
ဆုပိုင် နားထောင်ပြီး မျက်မှောင်ကြုတ်သွားတယ်။
နောက်လှည့်ပြီး သိပ်သည်းနေတဲ့ တောအုပ်ကို ကြည့်လိုက်တယ်။
သဘောတရားအရ မဖြစ်သင့်ဘူး။
ဒီနေရာက အပင်တွေပဲ ဖြစ်ဖြစ်၊ ရေအရင်းအမြစ်တွေပဲ ဖြစ်ဖြစ် တိရစ္ဆာန်တွေ နေထိုင်ဖို့ အရမ်း သင့်တော်တယ်။ တိရစ္ဆာန် အရေအတွက်က ပိုနည်းလာစရာ အကြောင်းမရှိဘူး။
ဒါမှမဟုတ်...
ဒါပေမဲ့ ဆုပိုင် ဒီအတွေးကို ချက်ချင်း ဖယ်ထုတ်လိုက်တယ်။
483 03
အခုဆိုရင် တရုတ်နယ်မြေကနေ ထွက်ခွာခဲ့ပေမဲ့... ဒီလို သိပ်သည်းတဲ့ တောအုပ်ထဲကို ဘယ်သူမှ လာပြီး အမဲလိုက်မှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် နယ်စပ်ကို ကျော်သွားနိုင်တယ်။
ဖမ်းမိရင် လုံးဝ အကျိုးမရှိနိုင်ဘူး။
သူ လှည့်ပြီး ဘေးက ဝက်ဝံနက်ကို သေသေချာချာ ကြည့်လိုက်တယ်။ ဒီကောင် စားကောင်းသောက်ကောင်း စားနေတာကို မြင်တော့ ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို ထုတ်လိုက်ပြီး အထဲက မှတ်ချက်တွေကို ကြည့်ပြီး ပြုံးလိုက်တယ်။
“အရင်က သမင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖူးတဲ့သူတွေက ဒီဝက်ဝံနက်က အရင်က ကောင်ဖြစ်ကြောင်း မှတ်မိနိုင်ပါတယ်။ ဒါပေမဲ့ ဖော်ရွေတဲ့ ဆက်သွယ်မှုအချို့ လုပ်ပြီးနောက် ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်သွားပါပြီ”
“ဒီဝက်ဝံနက်ကို ကြည့်ရင် သူ့ရဲ့နားတွေက ဝက်ဝံပန်ဒါနဲ့ နည်းနည်း ဆင်တူနေတာကို တွေ့ရပါလိမ့်မယ်။ ဒါက အာရှဝက်ဝံနက်ရဲ့ ထူးခြားချက်တစ်ခုပါ”
“အရင်က မျိုးသုဉ်းမသွားခင်မှာ အာရှဝက်ဝံနက် အရေအတွက်က နည်းနည်း မများဘူး။ ဒါပေမဲ့... သူတို့ဟာ လူသားတွေရဲ့ အမဲလိုက်ခြင်းကို မကြာခဏ ခံခဲ့ရတယ်”
“အရေးအကြီးဆုံးကတော့... ဝက်ဝံနက်ရဲ့သည်းခြေရည်က အရေးကြီးတဲ့ ဆေးဝါးတစ်မျိုး ဖြစ်တယ်။ ပြီးတော့ ဝက်ဝံသားရေနဲ့ ဝက်ဝံလက်တွေကို လူအများအပြားက နှစ်သက်ကြလို့ပဲ။ ဒါက အမဲလိုက်သူတွေကို ပိုမို များပြားစေခဲ့တယ်”
“ဒါပေမဲ့ ပိုဆိုးတာက တရားဝင် ခွင့်ပြုထားတဲ့ အမဲလိုက်ခြင်းပဲ။ အရင်က မျိုးသုဉ်းမသွားခင်မှာ ဂျပန်နဲ့ ရုရှား ဒီနိုင်ငံနှစ်ခုက ကမ္ဘာပေါ်မှာ ဝက်ဝံနက်ကို အမဲလိုက်ဖို့ ခွင့်ပြုထားတဲ့ တစ်ခုတည်းသော နိုင်ငံနှစ်ခုပဲ။ ဂျပန်နိုင်ငံတစ်ခုတည်းက တစ်နှစ်ကို ဝက်ဝံနက် ၃,၀၀၀ အထိ အမဲလိုက်ခဲ့တယ်”
“ဟူး...”
ပြောရင်းနဲ့ ဆုပိုင် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ရဲ့ စကားပြောပုံက အနည်းငယ် လေးနက်လာတယ်
“ဒါ့အပြင်... လူတွေက ဒါကို ရက်စက်တယ်လို့ ထင်ကောင်း ထင်နိုင်ပေမဲ့ အရင်က နိုင်ငံတကာ မှောင်ခိုဈေးကွက်မှာ ဝက်ဝံနက်ကို ပိုပြီး ရက်စက်တဲ့ နည်းလမ်းတစ်ခု ရှိသေးတယ်”
“ဒါက ဝက်ဝံနက်သည်းခြေရည်ကို အရှင်လတ်လတ် ယူတာပဲ”
“အထူးသဖြင့် ဝက်ဝံပေါက်လေးတွေ၊ ငယ်ငယ်ကတည်းက ဝမ်းဗိုက်ကို ဓားနဲ့ခွဲပြီး တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့ ရှေးရိုးနည်းတွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို ပိုက်တွေ ထည့်သွင်းထားတယ်။ နေ့စဉ် သည်းခြေရည်ကို ဆေးဖော်ဖို့ ယူကြတယ်။ သူတို့ရဲ့ ဝမ်းဗိုက်က အနာကို ဘယ်တော့မှ ပြန်မချုပ်ဘူး။ နေ့စဉ် ဒီကျဉ်းမြောင်းတဲ့ လှောင်အိမ်ထဲမှာ နောက်ဆုံး သေဆုံးသွားသည်အထိ နေရတယ်”
“ပြီးတော့ စိတ်မချမ်းမြေ့စရာက ဒီဝက်ဝံနက်တွေ သေဆုံးပြီးနောက်မှာတောင် လူတွေက သူတို့ရဲ့ ဝက်ဝံလက်တွေကို ဖြတ်၊ သားရေကို ခွာပြီး နောက်ဆုံး အမြတ်အစွန်းကို ရယူကြတယ်”
“ဝက်ဝံနက်တွေရဲ့ သက်တမ်းက ပုံမှန်အားဖြင့် ၂၅ နှစ်ကနေ ၃၃ နှစ်ကြား ဖြစ်တယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက သည်းခြေရည် ညှစ်ထုတ်ခံရတဲ့ ဝက်ဝံနက်တွေကတော့ ၁၃ နှစ်အထိပဲ အသက်ရှင်နိုင်တယ်”
“ဒီကောင်က စိတ်နေစိတ်ထား အရမ်းကြမ်းတမ်းပြီး ရုပ်ရည်လည်း သိပ်မလှပေမဲ့... သူလည်း သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခု၊ ကမ္ဘာမြေရဲ့ သားသမီးတစ်ယောက်ပဲ။ သူတို့ ရှင်သန်လာတဲ့အခါ ဒီလို ရက်စက်တဲ့ နှိပ်စက်မှုတွေ ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်”
“ကောင်းပြီ၊ ကျွန်တော် ရှင်းပြတာ ဒီမှာပဲ ပြီးပြီ။ ညလည်း မိုးချုပ်တော့မယ်။ ဒီကောင်နောက်ကို လိုက်ပြီး သူ့ရဲ့ ဂူကို သွားကြည့်ရအောင်”
483 04
ဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို ပိတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်တော့ ဝက်ဝံနက်က သူ့ကို နားမလည်စွာ ကြည့်နေတယ်။
“မင်း... မင်း ခုနက ဘာလုပ်နေတာလဲ”
“ဘာမှ မလုပ်ဘူး၊ ကိုယ့်ဘာသာ စကားပြောနေတာ”
“ရှူး...”
ဝက်ဝံနက်က တိတ်တိတ်ဆိတ်ဆိတ် သူ့ဖင်ကို ရွှေ့ပြီး ဒီကောင်နဲ့ ဝေးဝေးသွားလိုက်တယ်။
ဒီကောင် ခုနက သူ့ကို ကြည့်တဲ့ ပုံစံက နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားရတယ်။ မျက်လုံးတွေက သူ့ရဲ့လက်သည်းတွေနဲ့ ဝမ်းဗိုက်ကို အဆက်မပြတ် ကြည့်နေခဲ့တာ။
ဒီကောင် မကောင်းတဲ့ အကြံများ ရှိနေလား။
ဒီလို တွေးမိတော့ ဝက်ဝံနက် သတိထားလာတယ်။
ဒီည အရမ်း အိပ်လို့ မရဘူး။ ဒီကောင်ကို အမြဲတမ်း စောင့်ကြည့်နေရမယ်။
ဆုပိုင် မြက်ခင်းပေါ်ကနေ ထရပ်လိုက်ပြီး ဝက်ဝံနက်နောက်ကို လိုက်ပြီး တောအုပ်ထဲကို တစ်လှမ်းချင်း လျှောက်သွားခဲ့တယ်။
တစ်နာရီလောက် ကြာပြီးနောက် လူတစ်ယောက်စာထက် မြင့်တဲ့ ဂူတစ်ခုကို ရောက်လာခဲ့တယ်။
ဝက်ဝံနက်က ဆုပိုင်ကို နောက်လှည့်ကြည့်ပြီး အမူအရာ ထူးဆန်းစွာ ဝင်သွားကာ ရင်းနှီးတဲ့ နေရာကို ရှာပြီး လဲလျောင်းလိုက်တယ်။
ဆုပိုင်က ဓာတ်မီးကို ကိုင်ပြီး နှာခေါင်းကို ညှစ်ကာ လိုက်ဝင်သွားတယ်။
ဂရုတစိုက် ကြည့်ပြီးနောက် ဆုပိုင် အံ့သြသွားတယ်။
ဒီဂူက... ရှေးလူသားတွေ နေထိုင်ခဲ့တဲ့ ဂူပဲ။ နံရံတွေမှာ ရိုးရှင်းတဲ့ သင်္ကေတများစွာ ထွင်းထုထားတယ်။
အဲဒီအထဲက အများစုက မှိန်ဝါးနေပြီ။
ဒါပေမဲ့ အပေါ်က ပုံတွေက ရှေးလူသားတွေရဲ့ အကြွင်းအကျန်တွေ ဖြစ်ကြောင်း ထင်ရှားစွာ မြင်ရတယ်။
“ဟူး... ဟူး... ဟူး”
အဲဒီအချိန်မှာ နားကွဲမတတ် ဟောက်သံတွေ ထွက်လာတော့ ဆုပိုင် ဒီကောင်ရှေ့ကို လာပြီး လက်ညှိုးနဲ့ ထိုးလိုက်တယ်။
“ဟာ၊ ဒီလောက်တောင် အိပ်ပျော်နေတာလား”
“ရိုက်...”
လက်ဝါးနဲ့ ပုတ်လိုက်ပေမဲ့ ဘာမှ တုံ့ပြန်မှု မရှိဘူး။
စိတ်မဝင်စားတော့တဲ့အခါ ဆုပိုင်က ထောင့်တစ်နေရာ ရှာပြီး လဲလျောင်းလိုက်တယ်။
ဒီညတော့ ဒီမှာ တစ်ည အိပ်ရတော့မယ် ထင်တယ်။
ဒါပေမဲ့...
စနစ် မစ်ရှင်က ဘာလဲ။
အခုထိ ဘာအန္တရာယ်မှ မတွေ့သေးဘူး။
တွေးရင်းတွေးရင်းနဲ့ ပင်ပန်းနွမ်းနယ်မှု လှိုင်းတစ်ခု ရောက်လာပြီး ဆုပိုင် တဖြည်းဖြည်း အိပ်မောကျသွားတယ်။
...