← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း 490

“သွား”

“ငါတို့လည်း သွားမယ်၊ တိရစ္ဆာန်တွေ ဖျားတာမျိုးပဲ ဖြစ်ပါစေလို့ မျှော်လင့်တယ်၊ တခြား အကြောင်းရင်းတွေကြောင့်ဆိုရင် လူတချို့ကို ထင်မြင်ယူဆချက် တွေ မဖန်တီးနိုင်အောင် လုပ်ရမယ်”

“ရွှေမြွေက ငါတို့ကို မစ်ရှင်တွေ အကြိမ်ပေါင်းများစွာ ကူညီခဲ့တာ မမေ့နဲ့၊ ဘယ်တုန်းကမှ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးလဲ”

“ဒီလို စိတ်နေစိတ်ထား နူးညံ့တဲ့ မြွေမျိုးကို နောက်ထပ် မတွေ့ဖူးဘူး”

အော်ဟစ်ပြီးနောက် နန်ကုံးယွမ်က လက်ထောက်ကို ခေါ်ဆောင်ကာ အစည်းအဝေးခန်းထဲမှ အလျင်အမြန် ထွက်သွားသည်။

တကယ်လို့ တိရစ္ဆာန်တွေမှာ ချို့ယွင်းချက်တွေ ရှိနေတယ်ဆိုရင် သူတို့… တရုတ်ရဲ့ အစီအစဉ်အားလုံး ပျက်စီး သွားနိုင်တယ်။

ပြီးတော့ တိရစ္ဆာန်တွေက သူတို့ကို အများကြီး ကူညီခဲ့တယ်။

ဒီတိရစ္ဆာန်တွေ ဘာမှ မဖြစ်စေချင်ဘူး။

ကောင်းကင်ပြာတိရစ္ဆာန်ဥယျာဉ်။

ထိုအချိန်တွင် ဧည့်သည် အများအပြား မြက်ခင်းပေါ်တွင် ရပ်နေကြပြီး အဝေးက အော်ဟစ်နေတဲ့ ရွှေမြွေကို အနည်းငယ် ထိတ်လန့်စွာ ကြည့်နေကြသည်။

“ဒါ ဘာဖြစ်နေတာလဲ။ မနေ့က ငါတို့ လာတုန်းက ရွှေမြွေက ကောင်းကောင်းမွန်မွန်ပဲ၊ ကလေးက မနေ့ကတောင် သူ့ကို ပွေ့ဖက်ပြီး ဓာတ်ပုံရိုက်ခဲ့တာ၊ ဘာလို့ ဒီနေ့ ဒီလိုဖြစ်သွားရတာလဲ”

“ဟုတ်တယ်၊ ငါတို့လည်း အံ့ဩနေတာ၊ ဖျားတာများလား”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ဒီမှာ ဆော့လို့ မရတော့ဘူး ထင်တယ်၊ မြန်မြန် ထွက်သွားရမယ်… တခြားတိရစ္ဆာန်တွေလည်း ဒီလိုဖြစ်လာရင် အရမ်း အန္တရာယ် မများဘူးလား”

လူအုပ်စုတစ်စုက ကလေးတွေကို ပွေ့ချီရင်း စိုးရိမ်ပူပန်စွာ ပြောကြသည်။

“လျှောက်ပြောမနေနဲ့”

ရုတ်တရက် မင်းသမီးလေး ဝတ်စုံဝတ်ထားသော ကလေးမလေးတစ်ဦးက မျက်နှာနီရဲစွာ အော်ဟစ်လိုက်သည်။

“ သူတို့ကို ဒီလိုပြောတာ ခွင့်မပြုဘူး”

“ရွှေမြွေက သေချာပေါက် ဘာမှ မဖြစ်ပါဘူး၊ ဟင့်အင်း… ဘာလို့ သူတို့ကို ဒီလိုပြောနေရတာလဲ”

“သူတို့ကို ဒီလို မပြောရဘူး”

ကလေးမလေးက ပြောရင်း ကောင်းယွဲ့ရဲ့ ရင်ခွင်ထဲ လဲကျပြီး ငိုကြွေးတော့သည်။

ရွှေမြွေက သူမကို တစ်ခါမှ မထိခိုက်ဖူးဘူး။

ဒီနေ့ ဘာဖြစ်နေတာလဲ။

သူမက လက်လှမ်းပြီး ပွတ်သပ်ချင်တုန်း ရွှေမြွေက သူမကိုတောင် ကိုက်တော့မလို လုပ်ခဲ့တယ်။

490 02

“တော်ပြီ”

လောင်ကျိုးက ဘေးနားမှာ ရပ်ပြီး ဧည့်သည် အများအပြားရဲ့ ပုံစံကို ကြည့်ကာ သွားကြိတ်ပြီး ထွက်လာသည်

“ဒီနေ့ တိရစ္ဆာန်ဥယျာဉ်ကို တစ်ရက် ပိတ် ပါမယ်၊ လူအများစုက ချင်တုက လူတွေပါ၊ ဒီကောင်လေးတွေက ပုံမှန်ဆို ဘယ်လိုမျိုးလဲဆိုတာ မင်းတို့ ကောင်းကောင်း သိသင့်တယ်”

“အားလုံး ပါးစပ်ဖျားကို ဂရုစိုက်ကြပါလို့ မျှော်လင့်ပါတယ်”

“လက်မှတ် ဝယ်ထားတဲ့ ဧည့်သည်တွေက အခု ဝင်ပေါက်မှာ ပြန်အမ်းငွေ ယူပြီး ပြန်လို့ရပါပြီ၊ ဒီနေ့အတွက် တကယ် စိတ်မကောင်းပါဘူး”

“ဟုတ်ပါတယ်၊ ငါတို့ ဘယ်နှစ်ခါတောင် လာခဲ့ဖူးပြီလဲ။ လူတောင် ဖျားနိုင်သေးတာပဲ၊ တိရစ္ဆာန်ဆို ပိုဆိုးပေါ့”

“ကျွန်မ မပြန်ဘူး၊ ဒီတိရစ္ဆာန်တွေကို ယုံတယ်၊ စိတ်ကျရောဂါနဲ့ အထီးကျန်ရောဂါကို ကုသရာမှာ ကူညီနိုင်တဲ့ တိရစ္ဆာန်တွေက ဘယ်လိုလုပ်ပြီး ငါတို့ကို တိုက်ခိုက်မှာလဲ”

“ဟုတ်တယ်၊ ငါတို့လည်း မပြန်ဘူး”

ဧည့်သည် အများအပြားဟာ ကျန်နေခဲ့ပြီး အတွင်းက ရွှေမြွေကို စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။

သို့သော် ဧည့်သည် အနည်းငယ်က တိရစ္ဆာန်ဥယျာဉ် အဝင်ဝဆီသို့ တိတ်ဆိတ်စွာ သွားပြီး လက်မှတ် ပြန်အမ်းရန် ပြင်ဆင်ကြသည်။

လောင်ကျိုးနဲ့ကျိုးဝမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။

ဒီလူတွေရဲ့ ရွေးချယ်မှုကို သူတို့ နားလည်နိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေက ဧည့်သည်တွေသက်သက်ပဲ။

ဒီတိရစ္ဆာန်တွေနဲ့ နေ့စဉ် ထိတွေ့နေရတာ မဟုတ်ဘူး။

ဒါပေမဲ့ သူတို့ကတော့ မတူဘူး၊ သူတို့က ဒီကောင်လေးတွေနဲ့ နေ့တိုင်း အတူတူ ရှိနေကြတာ၊ တိရစ္ဆာန်တိုင်းရဲ့ စိတ်နေစိတ်ထား၊ အကြိုက်တွေကို သူတို့ အကုန် သိနေကြတယ်။

ကောင်းကင်ပြာတိရစ္ဆာန်ဥယျာဉ်ထဲက တိရစ္ဆာန်တွေမှာ တူညီတဲ့ လက္ခဏာ တစ်ခု ရှိတယ်။

ဒါက ဧည့်သည်ဖြစ်ရင် ဒီတိရစ္ဆာန်တွေက လုံးဝ တိုက်ခိုက် မှာ မဟုတ်ဘူး။

“အား၊ တိရစ္ဆာန်ကာကွယ်ရေးဌာနက လူတွေ ဘယ်တော့ ရောက်လာမှာလဲ”

ကျိုးဝမ်က အဝေးက ဖန်ဘူးကို အရူးအမူး တိုက်နေတဲ့ အနက်ရောင် မန်ဘာမြွေကို ကြည့်ပြီး စိုးရိမ်တကြီး ပြောသည်

“သူတို့လည်း နည်းလမ်း မရှိမှာကို ငါ စိုးရိမ်တယ်”

“ဒါရိုက်တာဆုပိုင်သာ မြန်မြန် ပြန်လာနိုင်ရင် ကောင်းမယ်”

“ရွှေမြွေနဲ့ အနက်ရောင် မန်ဘာမြွေတို့ ဘာဖြစ်နေလဲဆိုတာ သေချာပေါက် သိနိုင်လိမ့်မယ်”

“ဘယ်မှာလဲ။ ဘယ်မှာလဲ”

ရုတ်တရက် အဝေးကနေ ဆူညံသံ ထွက်ပေါ်လာသည်။

နန်ကုံးယွမ်က ဆံပင်ဖြူဖွေးနေသော အဖိုးအိုများ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ဖုန်မှုန့်တွေနဲ့ အလျင်အမြန် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

490 03

“မြန်မြန်၊ အားလုံး မြန်မြန် ကြည့်ကြ၊ ရွှေမြွေ ဘာဖြစ်နေလဲ၊ အကာအကွယ် ဝတ်စုံတွေ ဝတ်ပြီး အတွင်းထဲ ဝင်၊ ကိုယ့်လုံခြုံရေးကို ဂရုစိုက်၊ ရွှေမြွေကို အရင် ထိန်းချုပ်လိုက်”

မြက်ခင်းပေါ်သို့ ခုန်ဝင်လာပြီး အတွင်း၌ ကွေးညွှတ်နေကာ လျှာကို ထုတ်နေသော ရွှေမြွေကို ကြည့်ရင်း နန်ကုံးယွမ်က လျင်မြန်စွာ အော်ဟစ်လိုက်သည်။

“ရွှေမြွေကို လုံးဝ မထိခိုက်စေနဲ့”

******

491 01

အခန်း 491 ပြင်းထန်သော အခြေအနေ

“ဟူး...”

“ဘယ်လိုလဲ”

“တစ်ခုခု ထူးခြားတာ စစ်ဆေးတွေ့ရှိရသလား။ တကယ်ပဲ ဖျားတာလား၊ ဒါမှမဟုတ်...”

နန်ကုန်းယွမ်က သံလှောင်အိမ်ထဲမှာ ပိတ်ထားတဲ့ ရွှေမြွေကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်တယ်။

မျိုးပွားဆောင်ထဲမှာ ရပ်နေကြတဲ့ ရှေ့က စခရင်ပေါ်က ဒေတာတွေကို စိုက်ကြည့်နေကြတဲ့ ဇီဝဗေဒပညာရှင် အများအပြားကတော့ လူတိုင်းက တင်းမာတဲ့ မျက်နှာတွေနဲ့ ခေါင်းကိုသာ ခါယမ်းပြနိုင်ကြတယ်။

“ဌာနမှူး၊ စစ်ဆေးလို့ မရဘူး”

“စခရင်ပေါ်မှာကတော့ ရွှေမြွေရဲ့ အသက်ရှင်သန်မှု လက္ခဏာအားလုံးက ပုံမှန်ပဲ။ FQ အခြေအနေလည်း မပေါ်ဘူး...”

“ကျွန်တော်တို့... ဘာမှ မတတ်နိုင်ဘူးလား”

“ဘာမှ မတတ်နိုင်ဘူးလား။ သူ့ရဲ့ပုံပန်းသဏ္ဍာန်ကို ကြည့်လိုက်ကြပါဦး၊ ပြဿနာရှိနေတာက ထင်ရှားနေတာပဲ”

နန်ကုန်းယွမ်က မျက်လုံးပြူးပြူးနဲ့ ရှေ့မှာရှိတဲ့ ပညာရှင်တွေကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။

“ကျွန်တော်တို့ ရွှေမြွေကိုသာ စစ်ဆေးနိုင်တာပါ။ အနက်ရောင်မန်ဘာ မြွေက အရမ်းရန်လိုပြီး ဖမ်းလို့မရဘူး...”

“ခင်ဗျားတို့ သေချာ ထပ်ကြည့်ကြပါဦး...”

ပြောပြီးနောက် ရွှေမြွေကို တစ်ချက်ထပ်ကြည့်ပြီး မျိုးပွားဆောင်ထဲကနေ ထွက်လာခဲ့တယ်။

ဘာအခြေအနေမှ မရှိဘူးတဲ့လား။

ဒီအခြေအနေက အခြေအနေတစ်ခုခု ရှိတာထက်တောင် ပိုခက်ခဲနေပါသေးတယ်။

တကယ်လို့ ဖျားနေတာ သေချာတယ်ဆိုရင်တောင် ကုသဖို့ နည်းလမ်းရှိသေးတယ်။

အခုက စစ်ဆေးလို့တောင် မရတဲ့အခါ သူတို့ ဘာလုပ်ရမလဲ။

ပညာရှင်အများကြီး ခေါ်လာတာ လူရယ်စရာ ဖြစ်ရုံပဲ ရှိတော့တယ်။

“ဘယ်လိုလဲ၊ နန်ကုန်းဌာနမှူး”

အပြင်မှာ ရပ်နေတဲ့ လောင်ကျိုးက နန်ကုန်းယွမ် ထွက်လာတာကို မြင်တော့ အပြေးအလွှား လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

491 02

“ဘာရောဂါများ ဖြစ်နေတာလဲ”

လောင်ကျိုးက အစကတည်းက ရှင်ပြန်ထလာတဲ့ တိရစ္ဆာန်တွေမှာ ချို့ယွင်းချက်ရှိမယ်လို့ လုံးဝ မတွေးခဲ့ဘူး။

သူတို့ ဒီတိရစ္ဆာန်တွေနဲ့ အတူနေလာတာ ကြာပြီ၊ ဘာပြဿနာမှ မရှိခဲ့ဘူး၊ ဘယ်လိုလုပ် ချို့ယွင်းချက် ရှိနိုင်မှာလဲ။

“ဟူး...”

“စစ်ဆေးနေတုန်းပဲ...”

“ခဏ စောင့်ကြည့်ရအောင်”

နန်ကုန်းယွမ်က လေးနက်စွာ ပြောလိုက်တယ်။

မြက်ခင်းပြင်ပေါ်မှာ စောင့်နေကြတဲ့ ခရီးသွားဧည့်သည်တွေနဲ့ အဝေးမှာ စုနေကြတဲ့ တိရစ္ဆာန်အုပ်စုကို ကြည့်ပြီး သက်ပြင်းချလိုက်မိတယ်။

ဘယ်လိုလုပ်ရမလဲ…

ဒါရိုက်တာဆုပိုင်ကလည်း မပြန်လာသေးဘူး။ သူတို့ ဘာမှ မတတ်နိုင်တော့ဘူး။

“ဒုန်း... ဒုန်း... ဒုန်း”

ရုတ်တရက်၊ အဝေးက ဖန်ထည်ပစ္စည်းတွေဘက်ကနေ ပိုပြီး ကျယ်လောင်တဲ့ အသံတွေ ထပ်မံ ထွက်ပေါ်လာတယ်။

လူတိုင်း အလျင်အမြန် မော့ကြည့်လိုက်ကြတယ်။

ရွှေရောင်မြားအဆိပ်ဖားရဲ့ ပါးအိတ်တစ်ခုလုံး ဖောင်းကားနေပြီး ဖန်ပုံးထဲမှာ အရူးအမူး ခုန်ပေါက်နေကာ ဖန်သားပြင်ကို ဆက်တိုက် တိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်။

“ဒါ... ဒါလည်း ပြဿနာ တက်လာတာလား”

လောင်ကျိုးက တီးတိုးရေရွတ်ပြီး အမြန်ပြေးသွားတယ်။

“အီ... အီ... အီ”

အတွင်းမှာ ရူးသွပ်နေတဲ့ အဆိပ်ဖားကို ကြည့်ရင်း နန်ကုန်းယွမ်အပါအဝင် လူတိုင်း ငြိမ်သက်သွားကြတယ်။

ဘာတွေဖြစ်နေလဲဆိုတာ သူတို့ လုံးဝ မသိဘူး။

စစ်ဆေးလို့တောင် မရဘူး။

“ဟာ... ဘာတွေဖြစ်နေတာလဲဟ”

“မင်းတို့ သိလား”

ဒီအချိန်မှာတော့။

တပိုင်ရဲ့ နဖူးပေါ်မှာ ရပ်နေတဲ့ ငှက်တောက ရူးသွပ်နေတဲ့ အဆိပ်ဖားကို ကြည့်ပြီး မျက်နှာတည်တည်နဲ့ မေးလိုက်တယ်။

ခုချိန်ထိတော့ ပုံမှန်မဟုတ်တာတစ်ခုကို သူလည်း သတိထားမိလာပြီ။

ပထမ မြွေနှစ်ကောင်၊ ပြီးတော့ ဖားတစ်ကောင်။

“ဟိန်း...”

“သိစရာလားကွ၊ ငါတို့ အခု ဘာလုပ်ကြမလဲ”

တပိုင်ကလည်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

491 03

“ဒါရိုက်တာဆုပိုင် မရှိတော့ဘူး၊ ငါတို့တွေက ဘာမှ ထူးခြားတာ မရှိဘဲ ဘာလို့ သူတို့ သုံးကောင်တည်း ဖြစ်နေရတာလဲ”

“ငါတို့ နေ့တိုင်း စားတာလည်း အတူတူပဲ၊ အဲ့ဒီ ပိုးကောင်မျိုးဆိုရင်တောင် ဖင်းမြေခွေးလေးတွေလည်း စားတာပဲ၊ ဘာမှ မထူးခြားဘူးလေ”

“မကောင်းဆိုးဝါးပဲ”

ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။

တိရစ္ဆာန်အားလုံး စိုးရိမ်တကြီး ဖြစ်နေချိန်မှာ….

“ငါ... ငါ ခံစားမိသလိုပဲ”

ငှက်တောရဲ့ ကိုယ်ခန္ဓာတစ်ခုလုံး တုန်သွားပြီး မျက်လုံးတွေ ကျဉ်းမြောင်းသွားကာ စိုးရိမ်ပူပန်စွာ တီးတိုးရေရွတ်လိုက်တယ်။

“မြန်မြန်၊ ဟာလီကို သွားမေးကြည့်၊ သူတို့လည်း ခံစားမိသလားလို့”

“တကယ်ဆိုရင် သူတို့လည်း ခံစားမိမှာ သေချာတယ်”

“မင်း ဘာကို ခံစားမိတာလဲ”

တပိုင် အပါအဝင် တိရစ္ဆာန်တွေက ငှက်တောကို နားမလည်စွာ ကြည့်လိုက်ကြပေမဲ့၊ သူ့ရဲ့ စိုးရိမ်တကြီးပုံကို မြင်တော့ ဟန်ဆောင်တာ မဟုတ်မှန်းသိပြီး ရုံးခန်းဘက်ကို အမြန်ပြေးသွားကြတယ်။

“ဝုတ်...”

“မင်းတို့ကို ရှာမလို့ပဲ၊ ခံစားမိကြလား”

မြက်ခင်းပြင်ကနေ ထွက်ပြေးလာတာနဲ့ ဟာလီ (ခွေး)က အလာစကာခွေးကလေးအချို့ကို ခေါ်ပြီး အမြန်ပြေးလာတယ်။ တိရစ္ဆာန်တွေ စကားမပြောခင်မှာ ဟာလီက အရင်မေးလိုက်တယ်။

“ပိုပြီး ပြင်းထန်လာပြီ၊ တကယ် ဖြစ်နိုင်တယ်”

“မင်းတို့ ခံစားမိလား”

ဒီစကား ထွက်လာတာနဲ့။

“ဝုန်း...”

ငှက်တောက တပိုင်ရဲ့ နဖူးပေါ်ကနေ ခေါင်းနဲ့ ပြုတ်ကျလာပြီး တစ်ကိုယ်လုံး တုန်ယင်စွာနဲ့ ထရပ်ကာ ဟာလီကို တုန်ယင်တဲ့အသံနဲ့ မေးလိုက်တယ်။

“မင်း မှားခံစားမိတာ မဟုတ်ပါဘူးနော်”

“အိုး ဘုရားရေ၊ တကယ်ဆိုရင် ငါတို့ ဘယ်လိုလုပ်ရမလဲ”

“မဟုတ်ဘူး၊ မင်းတို့ ဘာခံစားမိတာလဲ”

နားမလည်နိုင်တဲ့ တပိုင်က မျက်နှာထားတင်းမာနေတဲ့ ဟာလီကို ကြည့်ပြီး ထိတ်လန့်နေတဲ့ ငှက်တောကို ကြည့်လိုက်ပြီး အော်ဟစ်လိုက်တယ်။

“ရှင်းရှင်းလင်းလင်း ပြောပါကွာ၊ မင်းတို့ ပဟေဠိ လုပ်နေတာလား”

“ဂလု...”

491 04

“မဖြစ်ဘူး၊ ငါတို့ အာဟကို ထပ်သွားမေးကြည့်ရမယ်၊ တိရစ္ဆာန်ရုံထဲက အကောင်တော်တော်များများ ခံစားမိသင့်တယ်၊ ငါတို့ မြန်မြန် ထပ်အတည်ပြုရမယ်”

“ဟေ့၊ မမေးပါနဲ့တော့၊ မြန်မြန်သွား”

ငှက်တောက အတောင်ပံကို လှုပ်ယမ်းပြီး စိုးရိမ်တကြီး အော်လိုက်တယ်။

ပြီးတော့ တိရစ္ဆာန်အများအပြားက အိမ်သာဘက်ကို အလျင်အမြန် ပြေးသွားကြတယ်။

++++++

492 01

အခန်း 492

“ဝုတ်...”

“လူရှိလားဟေ့။ ကိစ္စကြီး တစ်ခု ဖြစ်နေပြီနော်”

“ကယ်ကြပါဦး၊ ဒါရိုက်တာဆုပိုင်၊ ကျွန်တော့်ကို မြန်မြန် ထုတ်ပေးပါဦး၊ တကယ်ပဲ ကိစ္စကြီး တစ်ခုပါ”

“ဘယ်သူ လိမ်ညာလဲ။ အီးစား... ဟင့်အင်း... လူတွေ ဘယ်ရောက်သွားကြတာလဲ။ အိမ်သာ မတက်ကြတော့ဘူးလား”

အဝေးရှိ အိမ်သာတံခါးမှ အာဟ၏ ဦးခေါင်းသည် သစ်သားတံခါးအကြားမှ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။ သူသည် ထိတ်လန့်ဖွယ်ရာ အော်ဟစ်သံများ ပေးပို့နေလေသည်။

“ငါ့ကို မြန်မြန် ဖြုတ်ပေး”

ပြေးလာကြသည့် တိရစ္ဆာန်များကို မြင်သောအခါ အာဟသည် မျက်လုံးပြူးပြူးဖြင့် အော်လိုက်လေသည်။

“မင်းလည်း သိနေပြီလား”

“ဘာမဟုတ်တာ၊ ငါလည်း သိတာပေါ့၊ ဒီလူတွေ ဘယ်ရောက်နေလဲ။ တစ်နေကုန် ဘယ်သူမှ အိမ်သာ မတက်ဘူးလား”

အာဟသည် သံကြိုးကို ဖြုတ်၍ မြက်ခင်းပြင်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိလာပြီး လေကို ရှူသွင်းကာ ရှေ့ရှိ တိရစ္ဆာန်အုပ်စုကို တည်ငြိမ်စွာ ပြောကြားလိုက်သည်။

“ဒီတစ်ခါတော့ ကိစ္စကြီး တစ်ခု ဖြစ်လာမှာ သေချာတယ်၊ အခု ငါ ခံစားမိနေပြီ၊ ငှက်တောလည်း ခံစားမိနေပြီ၊ ဟာလီ မင်းတို့လည်း ခံစားမိနေပြီ”

“ဒါဆိုရင် တကယ် ဖြစ်မှာ သေချာပြီ”

“ဒါပေမဲ့ ရွှေမြွေကတော့ အစောဆုံး သိတာ သေချာတယ်၊ ဒါကြောင့် ဒီလို ဖြစ်သွားတာ”

“ငါတို့ ဒါရိုက်တာဆုပိုင်ကို မြန်မြန် အကြောင်းကြားရမယ်၊ ငါတို့ ရှောင်သင့်လား”

“ရိုက်...”

တပိုင်သည် အာဟ၏ နဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်လိုက်လေသည်။

“မင်းတို့ ဘာတွေ ပြောနေကြတာလဲ”

“ငါ... ဟာ... ငါ သိပြီ”

တပိုင်၏ ကိုယ်ခန္ဓာတစ်ခုလုံး တုန်ယင်သွားပြီး မျက်လုံးပြူးပြူးဖြင့် ဖြစ်သွားလေသည်။

“ဒါ... ဒါဆိုရင် ငါတို့ ဘယ်လိုလုပ်ရမလဲ”

“ဘာတတ်နိုင်မှာလဲ။ ဒီလူတွေကို မြန်မြန် အကြောင်းကြားရမယ်လေ၊ ဒါရိုက်တာဆုပိုင်မှ မရှိတာ”

အာဟသည် မောပန်းစွာ အော်ဟစ်လိုက်သည်။

ဤအချိန်တွင်မူ လောင်ကျိုး အပါအဝင် လူတို့သည် တစ်စုံတစ်ရာ မမှန်ကန်သည်ကို သတိပြုမိလာကြသည်။ တိရစ္ဆာန် အားလုံးသည် တစ်စုံတစ်ရာ မမှန်ကန်သည်ကို ခံစားနေရပုံ ပေါ်သည်။

492 02

ရှဉ့်ကလေး အချို့ပင် လှည်းများကို တွန်း၍ မြက်ခင်းပြင်ပေါ်တွင် ထိတ်လန့်တကြား ပုံစံမျိုးဖြင့် ပြေးလွှားနေကြသည်။

“ဟိန်း...”

ရုတ်တရက်၊ ထရန်နိုဆောရက်ရပ်စ် နယ်မြေမှ ဟိန်းသံတစ်သံ ထွက်ပေါ်လာပြီးနောက် မြေပြင်တစ်ခုလုံး စတင် တုန်ခါလာသည်။

လူတိုင်း ထိတ်လန့်စွာ ထွက်ပေါ်လာသည့် ထရန်နိုဆောရက်ရပ်စ်ကို ကြည့်လိုက်ကြသည်။

တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

ထရန်နိုဆောရက်ရပ်စ်သည်ပင် ရွှေမြွေကဲ့သို့ ဖြစ်လာပြီး မျက်လုံးများ နီရဲကာ ကိုယ်ခန္ဓာတစ်ခုလုံး ဆက်တိုက် တုန်ခါနေလေသည်။

“ဘာတွေဖြစ်နေတာလဲ”

“မြန်မြန်၊ မြန်မြန်...”

“လူတွေကို အပြင် ထွက်ခွာစေ၊ တိရစ္ဆာန်ရုံ တံခါးကို ပိတ်”

နန်ကုန်းယွမ်သည် လက်နှစ်ဖက်ကို လှုပ်ယမ်းကာ အော်ဟစ်လိုက်သည်။

“အား... ကယ်ကြပါဦး”

“မြန်မြန်၊ ကလေးတွေကို ပွေ့ပြီး အရင် ထွက်ကြ၊ တစ်ခုခု မမှန်တော့ဘူး”

“မြန်မြန်... လမ်းမပိတ်ပါနဲ့၊ အမြန် ထွက်ကြ”

မြက်ခင်းပြင်၌ ကျန်ရှိနေခဲ့သည့် ခရီးသွား ဧည့်သည် အများအပြားသည် ထရန်နိုဆောရက်ရပ်စ်၏ ရန်လိုသော ပုံစံကို ကြည့်ပြီး တောင့်တောင့်ကြီး ဖြစ်ရာမှ အသက်လု ထွက်ပြေး၍ တိရစ္ဆာန်ရုံ တံခါးဆီသို့ အပြေးအလွှား သွားကြသည်။

သူတို့ တိရစ္ဆာန်ရုံသို့ လာရောက်လည်ပတ်စဉ်က တိရစ္ဆာန်ရုံ၏ နက်ရှိုင်းသည့် နေရာ၌ ထရန်နိုဆောရက်ရပ်စ် ရှိသည်ကို သိရှိသော်လည်း... ဤကောင်သည် မည်သည့်အခါမျှ အပြင်သို့ မထွက်ဖူးချေ။

ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ။

ရှင်ပြန်ထလာသည့် တိရစ္ဆာန်များ၌ အမှန်တကယ်ပင် သေစေနိုင်သည့် ချို့ယွင်းချက် ရှိနေတာလား။

492 03

တစ်ချိန်တည်းတွင်ပင် လူတိုင်း ထွက်ပြေးကြရင်း ဤအတွေး သူတို့ စိတ်ထဲ ပေါ်လာသည်။

“မင်း မြန်မြန် ပြောလေ၊ ဘာကို စောင့်နေတာလဲ”

တပိုင်သည် ငှက်တောကို နဖူးပေါ်မှ လက်ဝါးဖြင့် ပုတ်ချလိုက်ပြီး မျက်နှာ မသာမယာဖြင့် ပြောလိုက်သည်။

“ဒီမှာ မင်းတစ်ယောက်တည်း လူစကား ပြောတတ်တာ၊ မင်း မြန်မြန် သွားလေ”

“သွား... သွားမယ်”

ငှက်တောသည်လည်း ဤကိစ္စသည် မသေးငယ်ကြောင်း သိရှိသည်။ ထိတ်လန့်နေသည့် လူအုပ်စုကို တစ်ချက် ကြည့်ပြီး လောင်ကျိုးတို့အဖွဲ့ဆီ အမြန် ပြေးသွားသည်။

“လူတွေကို အမြန် ထွက်ခွာစေ၊ ငါ ထရန်နိုဆောရက်ရပ်စ် ဘာဖြစ်နေလဲ သွားကြည့်ရဦးမယ်”

လောင်ကျိုးသည် လေကို ရှူသွင်းပြီး အဝေးတွင် ဆက်တိုက် လမ်းလျှောက်နေသည့် စိတ်ပူပန်နေသော ထရန်နိုဆောရက်ရပ်စ်ကို တစ်ချက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

“မဖြစ်ဘူး၊ အရမ်း အန္တရာယ်များတယ်”

“ငါ သွားရမယ်”

“တိရစ္ဆာန်ရုံက ငါတို့ရဲ့ အိမ်ပါ၊ ဒါရိုက်တာဆုပိုင် မရှိချိန်မှာ ဒီတိရစ္ဆာန်တွေ ဘာမှ မဖြစ်စေရဘူး၊ လူကို တကယ်လို့ တိုက်ခိုက်မိရင် ဒါရိုက်တာဆုပိုင်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အားလုံးက တကယ်ကို အဆုံးသတ်သွားမှာ”

လောင်ကျိုး၏ မျက်လုံးများ နီရဲနေပြီး ရင်ဘတ်သည် ဆက်တိုက် နိမ့်လိုက် မြင့်လိုက် ဖြစ်နေသည်။ စကားတစ်ခွန်း ချန်ပြီးနောက် ထရန်နိုဆောရက်ရပ်စ် ဘက်သို့ ပြေးရန် လှည့်လိုက်သည်။

“မင်းတို့ လူထုကို အမြန် ထွက်ခွာစေ၊ ငါတို့ ဒီတိရစ္ဆာန်တွေကို စောင့်ကြည့်နေမယ်”

နန်ကုန်းယွမ်သည် တံတွေးကို မျိုချပြီး သွားကိုက်ကာ ပြောလိုက်သည်။

“ငါ ဒီတိရစ္ဆာန်တွေက ငါတို့ကို ထိခိုက်စေမယ်လို့ မယုံဘူး၊ ငါလည်း နေခဲ့မယ်”

“ဒါရိုက်တာဆုပိုင် မရှိတော့ဘူး၊ ငါတို့က ဒီတိရစ္ဆာန်တွေရဲ့ မိသားစုပါ၊ သူတို့ ပြဿနာ တက်တာကို လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး”

492 04

“ဟေ့... ခဏ စောင့်ဦး”

ရုတ်တရက်၊ ခြေထောက်အောက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

“ရိုက်... ရိုက်... ရိုက်”

“ဟာ၊ ခင်ဗျားတို့ ခဏ စောင့်ကြပါဦး၊ ဘာဖြစ်နေလဲဆိုတာ ကျွန်တော် သိပြီ”

ငှက်တောသည် လောင်ကျိုး၏ ဘောင်းဘီအစွန်းကို အတောင်ပံဖြင့် ဆက်တိုက် ရိုက်၍ ခေါင်းမော့ကာ အော်လိုက်သည်။

“ကျွန်တော့်ကို မြန်မြန် ဆွဲတင်ပေးပါဦး”

“မကောင်းဆိုးဝါး၊ နောက်ဆို ငါ ဘယ်တော့မှ အမှားမလုပ်တော့ဘူး၊ မပျံသန်းရတာ အရမ်း ဒုက္ခရောက်တာပဲ”

လောင်ကျိုးသည် ခေါင်းငုံ့၍ သူ့ကို ကြည့်လိုက်သည်။ ခါးကိုင်းပြီး သူ့ကို ပွေ့ချီလိုက်သည်။

++++++

All Chapters