← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း 499

ချင်တု မြို့

ဒီအချိန်မှာ ညနေခင်းဖြစ်နေပြီး လမ်းမတွေပေါ်မှာ ကားတွေ ပြည့်နေသည်။

ဒါပေမဲ့...

ကြီးမားတဲ့ ရင်ပြင်မှာ လူပေါင်းများစွာက ငြိမ်သက်စွာ ရပ်နေကြပြီး အဝေးက လေထဲမှာ ချိတ်ဆွဲထားတဲ့ ပုံရိပ်ကြီးကို မော့ကြည့်နေကြသည်။

ပုံရိပ်ထဲမှာ လူပေါင်းများစွာဟာ တန်းစီနေတဲ့ မြွေကြီးတစ်ကောင်လို ကောက်ကောက်ကွေ့ကွေ့ တောင်လမ်းတစ်လျှောက် လျှောက်လှမ်းနေကြသည်။

“ဒါ ဘာဖြစ်တာလဲ။ ဘာကို ပြသနေတာလဲ”

ရင်ပြင်ကို ဖြတ်သွားတဲ့ လူအများစုက တိတ်ဆိတ်နေတဲ့ ရင်ပြင်ကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်ကြသည်။

ပုံမှန်နေ့တွေမှာ ဒီနေရာကို ဖြတ်သွားတဲ့အခါ လူတွေ စည်ကားနေတာပဲ။

ဒီနေ့ ဘာဖြစ်နေတာလဲ။

လူတိုင်းက မျက်နှာတည်နေပြီး ဖန်သားပြင်ကို ဘာကြောင့် ကြည့်နေကြတာလဲ။

“ဟေ့၊ အသံမပြုနဲ့”

“ဒါ ငလျင်မလှုပ်ခင် ဒီနေရာကနေ ထွက်ခွာနေတဲ့ လူတွေ၊ တောင်လမ်းက တကယ်ကို ခက်ခဲလွန်းတယ်”

အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးက အသံကြားတော့ လှည့်ပြီး တိုးတိုးလေး ဆူလိုက်သည်။

“ငလျင်။ တစ်နေရာမှာ ငလျင်လှုပ်တော့မှာလား”

ရင်ပြင်အစွန်နားကို ခုမှရောက်လာတဲ့ လူတွေက ဒီသတင်းကို ကြားတော့ အမူအရာတွေ တောင့်တင်းသွားပြီး အဝေးက ဖန်သားပြင်ကို မော့ကြည့်လိုက်ကြသည်။

“ခက်ခဲလွန်းတယ်၊ လူတွေကိုပါ ကျောပိုးထားရသေးတယ်၊ ဒါ ငါတို့ ချင်တု ကယ်ဆယ်ရေးအဖွဲ့၊ တကယ်ကို ချီးကျူးစရာကောင်းတယ်”

“ဟုတ်တယ်၊ လက်တွေ သွေးထွက်နေတဲ့ လူတွေ အများကြီးကို ကြည့်ပါလား”

“ငလျင် နောက်ကျမှ လာပါစေ၊ ဒီလူတွေ အားလုံး ထွက်လာပြီးမှပဲ လာပါစေ၊ မဟုတ်ရင်...”

ဖန်သားပြင်ပေါ်မှာ ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ မျက်နှာတွေကို မြင်လိုက်ရတဲ့အခါ လူတိုင်း နှာခေါင်းဝက နာကျင်လာသည်။

အရှေ့ဆုံးက လျှောက်နေတဲ့လူတွေဟာ မျက်နှာတွေမှာ ချွေးတွေ စိုရွှဲနေပြီး အများကြီးသောလူတွေဟာ အဝတ်တွေ စုတ်ပြဲ၊ လက်ဖဝါးတွေ ပွန်းပဲ့၊ ဒူးတွေ ပွန်းပဲ့နေကြသည်...

ဒါပေမဲ့ ဘယ်သူမှ တစ်လှမ်းမှ မရပ်တန့်ခဲ့ကြဘူး။

ရှေ့က လမ်းပြနေတဲ့ ခွေးကြီးနှစ်ကောင်နောက်ကို လိုက်ပြီး သွားကို တင်းတင်းကြိတ်ကာ တောင်လမ်းကို မရပ်မနား တက်နေကြသည်။

“ဒီနေရာက ‘မေတ္တာနှင့်မျှော်လင့်ချက်’ အစီအစဉ်အဖွဲ့ပါ၊ ကျွန်တော်တို့ အခု ချင်တုမြို့ရဲ့ အကြီးဆုံး ရင်ပြင်မှာ ရှိနေပါတယ်၊ ကျွန်တော့်ရဲ့ နောက်က လူအုပ်ကြီးကို ကြည့်နိုင်ပါတယ်”

သုံးယွဲ့က ဖန်သားပြင်ရဲ့ အရှေ့ဆုံးမှာ ရပ်ပြီး သူမရှေ့က ကင်မရာကို ပြောသည်

“လူအများစုက အခြေအနေကို နားမလည်ကြဘူး၊ ဘာကြောင့် ကောင်းကင်ပြာ တိရစ္ဆာန်ဥယျာဉ် က ဒါရိက်တာဆုပိုင်ဟာ ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ ဒီတောင်ပေါ်က မြို့လေးကို အမြန်သွားရတာလဲ”

“သုံးယွဲ့ဟာ တိရစ္ဆာန်ဥယျာဉ်မှာ စုံစမ်းပြီးနောက် သိလိုက်ရတာက ကောင်းကင်ပြာတိရစ္ဆာန်ဥယျာဉ်က တိရစ္ဆာန်တွေမှာ ထူးခြားတဲ့ အခြေအနေတွေ ဖြစ်ပေါ်ပြီး ဒါရိက်တာဆုပိုင်က ဒါကို သတိထားမိလို့ ဒီတိရစ္ဆာန်တွေက ငလျင်ကြီး လာတော့မဲ့ အကြောင်းကို သတိပေးနေတာ ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်”

499 02

“ကျွန်မတို့ တရုတ် ရုံလုံ ဌာနမှူး က ဒီသတင်းကို ကြားတာနဲ့ ချက်ချင်း ဆုံးဖြတ်ချက်ချပြီး ကယ်ဆယ်ရေးအဖွဲ့ကို အသင့်ပြင်ဆင်ထားဖို့ စီစဉ်ခဲ့ပါတယ်”

“ဒါရိုက်တာဆုပိုင်က ငလျင်ဗဟိုချက်ကို ရှာတွေ့တာနဲ့တစ်ပြိုင်နက် အနီးနားက ကယ်ဆယ်ရေးအဖွဲ့အားလုံးဟာ ငလျင်ဗဟိုချက်ကို အမြန်ဆုံးနှုန်းနဲ့ သွားခဲ့ကြပါတယ်။ ဒါပေမဲ့ လူအများစု မသိတာက ဒီတိရစ္ဆာန်တွေဟာ ငလျင်ကို ကြိုတင်ခန့်မှန်းနိုင်ပေမဲ့ ငလျင်လှုပ်မဲ့ အချိန်အတိအကျကိုတော့ ခန့်မှန်းနိုင်ခြင်း မရှိပါဘူး”

“ဆိုလိုတာကတော့ ဖန်သားပြင်ပေါ်က ဒီကယ်ဆယ်ရေးစစ်သည်တွေဟာ ဘယ်အချိန်မဆို ငလျင်ကြီး ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို စွန့်စားပြီး ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နေကြတာပါ”

ပြောနေရင်း သုံးယွဲ့က လှည့်ပြီး သူ့ကို ဝန်းရံထားတဲ့ လူအုပ်ကြီးကို ကြည့်လိုက်ကာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောသည်

“ကျွန်မတို့ဟာ ‘မေတ္တာနှင့်မျှော်လင့်ချက်’ အစီအစဉ်အဖွဲ့ပါ၊ ကျွန်မတို့ အမှန်တရားကို ပြောပါတယ်၊ လုံးဝ လိမ်လည်ခြင်း မရှိပါဘူး၊ ကျွန်မတို့ ချင်တု လုံခြုံရေးဗျူရိုမှာ စုံစမ်းခဲ့ပြီးနောက် သိလိုက်ရတာက ငလျင်ဒဏ်သင့် ဒေသကို သွားရောက်တဲ့ ချင်တု ကယ်ဆယ်ရေးအဖွဲ့ဝင်အားလုံးဟာ မထွက်ခွာမီမှာ သေတမ်းစာတွေကို ချန်ထားခဲ့ကြပြီး၊ ဒါဟာ သူတို့ရဲ့ ကယ်ဆယ်ရေး လုပ်လိုစိတ်ကို ပြသနေပါတယ်”

“ဒီငလျင်ဟာ လူတွေ ထွက်ခွာနေချိန်မှာ မဖြစ်ပါစေနဲ့လို့ ကျွန်မတို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းပါတယ်”

“ဒီလူတွေ အားလုံးဟာ ငလျင်ဗဟိုချက်ကနေ ဘေးကင်းစွာ ထွက်လာနိုင်ပါစေလို့ ကျွန်မတို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းပါတယ်”

“ဒီဘေးဥပဒ်ဟာ လူသားတွေ ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိစေနဲ့လို့ ကျွန်မတို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းပါတယ်”

“ဟူး...”

သုံးယွဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူမခေါင်းပေါ်က ဖန်သားပြင်ကို မော့ကြည့်လိုက်သည်၊ မျက်ရည်တွေဝဲနေတဲ့ မျက်လုံးတွေနဲ့ ပြောသည်

“ဒီတစ်ကြိမ်လည်း အရင်လိုပဲ ဖြစ်ပါစေ၊ ဒီတိရစ္ဆာန်တွေက ငါတို့ဆီကို အံ့ဖွယ်ရာတွေကို ယူဆောင်လာပေးပါစေ၊ အကယ်၍ ဒီတစ်ကြိမ် ငါတို့ အောင်မြင်ခဲ့ရင် ငါတို့ တစ်နိုင်ငံလုံးမှာ နောင်တချိန်မှာ တိရစ္ဆာန်တွေကတစ်ဆင့် ငလျင်အချက်အလက်တွေကို ကြိုတင်သိရှိနိုင်မှာပါ၊ ဒါက ငါတို့အတွက် ပြင်ဆင်မှုနဲ့ ကယ်ဆယ်ရေးအချိန် အလုံအလောက်ကို ပေးလိမ့်မယ်”

“မျိုးသုဉ်းပျောက်ကွယ်မှုကြီး မဖြစ်ခင်ကလို စိတ်မကောင်းစရာ ဘေးအန္တရာယ်တွေမျိုး ထပ်ပြီး မဖြစ်တော့စေရဘူး”

“ကျွန်မ သုံးယွဲ့ပါ၊ ဒီည ကျွန်မတို့ဟာ အတွင်းထဲက စစ်သည်တွေ ဘေးကင်းစွာ ထွက်လာတဲ့အထိ ဒီရင်ပြင်မှာ အမြဲတမ်း တိတ်ဆိတ်စွာ ဆုတောင်းပေးနေပါမယ်”

ပြောပြီးနောက် သုံးယွဲ့က မျက်လုံးထောင့်ကနေ စီးကျလာတဲ့ မျက်ရည်တွေကို ညင်သာစွာ သုတ်လိုက်သည်။

ဖန်သားပြင်ပေါ်က လူတိုင်းကို စိုးရိမ်တကြီး ကြည့်နေသည်။

အတွင်းထဲမှာ ပြင်းထန်တဲ့ တုန်ခါမှုတွေ စတင်လာမှာကို တကယ်ကြောက်တယ်၊ ငလျင်က စောပြီး ရောက်လာမှာကို တကယ်ကြောက်တယ်။

ရင်ပြင်မှာ လူတွေ ပိုများလာသည်။

499 03

တစ်ချိန်တည်းမှာပဲ လက်တွေကို တင်းတင်းဆုပ်ထားတဲ့ လူတွေလည်း ပိုများလာပြီး ဖန်သားပြင်ထဲက လူတိုင်းအတွက် တိုးတိုးလေး ဆုတောင်းပေးနေကြသည်။

ချင်တုမြို့မှာတင် မကဘူး။

တရုတ် တစ်နိုင်ငံလုံးမှာ အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသပြီးနောက် မြို့တိုင်းက လူတွေ စုဝေးလာကြပြီး ပြသနေတဲ့ မြင်ကွင်းကို မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။

အတွင်းထဲမှာ ချော်လဲသွားတဲ့ လူတစ်ဦးချင်းစီက လူတိုင်းရဲ့ စိတ်နှလုံးကို ပြင်းထန်စွာ တုန်လှုပ်စေသည်။

ငလျင်က စောပြီး ရောက်လာမှာကို တကယ်ကြောက်နေကြသည်။

အရေးပေါ် ကွပ်ကဲမှုဌာန

ဒီအချိန်မှာ ရုံလုံ တို့ရဲ့ စိတ်နှလုံးဟာ အလွန်ပဲ ပူပန်နေသည်။

ကယ်ဆယ်ရေးမလုပ်ခင်မှာ လူတိုင်းကို အမြန်စုဝေးစေဖို့ စဉ်းစားခဲ့ကြသည်။

ဒါပေမဲ့ အခု ကယ်ဆယ်ရေး စတင်နေပြီဆိုတော့ စိတ်တွေက တင်းကျပ်လာပြန်သည်။

ငလျင်က စောပြီး ရောက်လာမှာကိုလည်း ကြောက်နေကြသည်။

လူပေါင်း ထောင်ချီတဲ့ အဖွဲ့၊ ဆုပိုင် ပြောသလိုပဲ အလွန်ပြင်းထန်တဲ့ ငလျင်ဖြစ်ခဲ့ရင်... ဒီလူတွေ တောင်ပေါ်မှာ ပိတ်မိနေပြီး အားလုံး အသက်ရှင်နိုင်ပါ့မလား။

ဒါကို ဘယ်သူမှ မစဉ်းစားရဲဘူး။

“မြန်မြန်၊ နောက်တစ်ကြိမ် ထပ်စစ်ဆေး၊ အောက်ခံ မြေလွှာ လှုပ်ရှားမှု ရှိမရှိ ကြည့်”

ရုံလုံက စိုးရိမ်တကြီးနဲ့ မျက်နှာကို ပွတ်သပ်ရင်း ဘေးက စောင့်ကြည့်ရေး ဝန်ထမ်းတွေကို ပြောလိုက်သည်။

“ဟုတ်ကဲ့”

ဝန်ထမ်းတစ်ဦးက မျက်နှာပြင်က စက်ပစ္စည်းကို ချက်ချင်း ချိန်ညှိလိုက်ပြီး မကြာခင်မှာပဲ အနက်ရောင် ဖန်သားပြင်ပေါ်မှာ မတူညီတဲ့ အရောင်လိုင်းတွေ ပေါ်လာသည်။

“ဌာနမှူး၊ ပုံမှန်ပါပဲ”

“ကောင်းပြီ”

ရုံလုံ အသက်ရှည်ရှည် ရှူထုတ်လိုက်သည်။

“ပုံမှန်ပါပဲ၊ ပုံမှန်ပါပဲဆိုရင် ကောင်းပြီ”

တိုးတိုးလေး ရေရွတ်လိုက်သည်။

ရှေ့က ကြီးမားတဲ့ ဖန်သားပြင်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။

အချိန်တွေ တစ်စက္ကန့်ချင်း ကုန်ဆုံးသွားသည်။

ဘယ်အချိန်က စပြီးမှန်းမသိ၊ ကွပ်ကဲမှုဌာနထဲက လူတိုင်းဟာ ထိုင်ခုံတွေကနေ မတ်တပ်ရပ်ပြီး ဖန်သားပြင်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် ပေါ်လာတဲ့ လူတိုင်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။

“ဒုန်း...”

ရုတ်တရက်၊ အချိန် ဘယ်လောက်ကြာသွားမှန်း မသိ၊ ရှေ့က ဖန်သားပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။

“မြန်မြန်”

499 04

“ဘာဖြစ်တာလဲ ကြည့်”

ရုံလုံရဲ့ မျက်လုံးတွေ ချက်ချင်း ပြူးကျယ်သွားပြီး ဘေးက စောင့်ကြည့်ရေး ဝန်ထမ်းအုပ်စုကို အော်ဟစ်လိုက်သည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့”

စောင့်ကြည့်ရေး မြင်ကွင်းကို အမြန်ဖွင့်လိုက်သည်၊ ဖြောင့်တန်းနေတဲ့ မျဉ်းကြောင်းတွေဟာ အနည်းငယ် လှုပ်ယိမ်းလာပြီးနောက် ဆက်တိုက်...

“အာ... အာ... အာ၊ နောက်ဆိုရင် ထွက်တော့မှာ၊ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ”

“ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ တောင်ပေါ်ကနေ ထွက်ဖို့ ဘယ်လောက်လိုသေးလဲ ကြည့်”

“မြန်မြန်၊ လူတွေ ဘယ်ရောက်သွားလဲ၊ တောင်ပေါ်ကနေ ထွက်ဖို့ ဘယ်လောက်ကြာဦးမလဲ ပြောစမ်း”

ရုံလုံက တက်လာတဲ့ မျဉ်းကြောင်းတွေကို ကြည့်ရင်း ခက်ခက်ခဲခဲ သွားရည်မျိုချလိုက်ပြီး လည်ပင်းကြောတွေ နီရဲလာအောင် အော်ဟစ်လိုက်သည်။

“နောက်ထပ် နာရီဝက်ပဲလိုတော့တယ်”

ဘေးက လက်ထောက်က မြေပုံကို ထုတ်ယူပြီး နှုတ်ခမ်းကို လျှာနဲ့သပ်ကာ ကြောက်လန့်တကြား ပြောလိုက်သည်

“နောက်ဆုံး နာရီဝက်ပဲ ကျန်တော့တယ်”

“ဒါပေမဲ့ သူတို့က ငလျင်ဗဟိုချက်ကနေ ထွက်လာခဲ့ကြပြီ၊ တောင်ပြိုမှု မဖြစ်ရင်တော့...”

“ဟူး...”

ရုံလုံက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်လုံးတွေ နီရဲလာကာ ပြောလိုက်သည်

“မဖြစ်သင့်ဘူးလို့ မပြောနဲ့၊ တစ်ယောက်ချင်းစီဟာ အသက်ရှင်နေတဲ့ ဘဝတွေပဲ၊ ငါ တိကျတဲ့ ကိန်းဂဏန်းကို လိုချင်တယ်၊ ချက်ချင်း အမိန့်ပေးချလိုက်”

“မထွက်ခွာရသေးတဲ့ အဖွဲ့အားလုံး အခု ထွက်ခွာ၊ လူတွေကို အကုန်ကယ်ဆယ်ရမယ်”

“တစ်ယောက်မှ မကျန်ခဲ့ရဘူး၊ ဒါ အမိန့်ပဲ”

++++++

500 01

အခန်း 500

တရုတ်စစ်သည် အများအပြား စုဝေးပြီး တောင်ပေါ်ကို အလျင်အမြန် ပြေးသွားနေချိန်…..

ထွက်ခွာနေတဲ့ အဖွဲ့အစည်းဟာ ရှုပ်ထွေးနေပြီ။

ငိုယိုသံတွေ၊ အော်ဟစ်သံတွေဟာ ဆက်တိုက် ထွက်ပေါ်နေသည်။

“အားလုံး မရှုပ်ထွေးကြနဲ့”

ဌာနမှူးလျူက နဖူးက သွေးတွေကို သုတ်လိုက်ပြီး မြေပြင်ပေါ်က အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးကို ကူညီထူရင်း ကျယ်လောင်စွာ အော်ဟစ်သည်။

“ခန္ဓာကိုယ်ကို ထိန်းထား၊ ငါတို့ ဗဟိုငလျင်ဧရိယာကနေ ထွက်လာခဲ့ပြီ၊ ဘာမှ မဖြစ်ဘူး”

“ကယ်ဆယ်ရေးအဖွဲ့ဝင်အားလုံး အမိန့်ကို နားထောင်”

“လူတွေကို ကျောပိုးထားတဲ့သူတွေ အမြန်ဆုံး ရှေ့ဆက်သွား၊ မထိန်းနိုင်ရင်လည်း လေးဘက်ထောက်ပြီး ရှေ့ကို တွားသွား...”

“လူကို မကျောပိုးထားတဲ့သူတွေကတော့ ရွာသားတွေကို အရင်ဖြတ်သွားခွင့်ပေး၊ မြန်မြန်”

ဘေးက သစ်ပင်တစ်ပင်ကို ဖက်ပြီး ဌာနမှူးလျူက အဝေးကနေ ဆက်တိုက် ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို နားထောင်ရင်း သွားပိုးကို တင်းတင်းကြိတ်လိုက်သည်။

နောက်ထပ် နာရီဝက်ပဲ လိုတော့တယ်။

နောက်ပြီး...

ညဘက်ဖြစ်နေလို့ အဝေးက ငလျင်က ဘယ်လောက်ပြင်းထန်လဲဆိုတာကို ဘယ်သူမှ မသိနိုင်သေးဘူး။

တောင်တစ်လုံးလုံး တုန်ခါနေတယ်လို့ပဲ ခံစားရတယ်။

ကိုယ်ကို ထိန်းထားဖို့တောင် ခက်ခဲနေ၏။

“အဆင်ပြေရဲ့လား”

500 02

ကျိုးဝမ်က ဘေးက ယိမ်းယိုင်နေတဲ့ ဆုပိုင်ကို ဆွဲယူလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“ရှင် အမြန်ရှေ့ဆက်သွား၊ ကျွန်မတို့ မကြာခင် တောင်ပေါ်ကနေ ထွက်တော့မယ်၊ နောက်ထပ် နာရီဝက်ထက် မပိုတဲ့ ခရီးပဲလိုတော့တယ်၊ ရှင် တိရစ္ဆာန်တွေနဲ့ အရင်သွား၊ နောက်က လူတွေကို ကျွန်မ ကြည့်ပေးမယ်”

“မလိုဘူး”

ဆုပိုင်က ခြေထောက်နားမှာ ကွေးနေတဲ့ ကလေးမလေးကို ဆွဲထူလိုက်ပြီး စိုးရိမ်တကြီး မေးသည်

“နင် အဆင်ပြေရဲ့လား”

“ဦးလေး၊ ဦးလေးရဲ့ ကျောကနေ သွေးတွေ ထွက်နေတယ်...”

ကလေးမလေးက တစ်ကိုယ်လုံး တုန်ယင်ရင်း ကြောက်လန့်တကြား ပြောလိုက်သည်။

“ဦးလေး အဆင်ပြေပါတယ်၊ နင် သေချာထိုင်၊ သူ့ကို နင့်ကို ခေါ်သွားခိုင်းလိုက်”

ဆုပိုင်က ကလေးမလေးကို ပွေ့ပြီး နောက်ကျောက နှင်းကျားသစ်ပေါ် တင်လိုက်သည်။ နှင်းကျားသစ်ရဲ့ ခေါင်းကို ပွတ်သပ်ပြီး လေးနက်တဲ့အသံနဲ့ ပြောလိုက်သည်။

“ဒီလို အခြေအနေမျိုးမှာ မင်းရဲ့ အမြန်နှုန်းက အမြန်ဆုံးပဲ၊ ထရန်နိုဆောရက်ရပ်စ်ကို ရှာ၊ ကလေးအားလုံးကို အရင်ပြေးထွက်သွားခိုင်း”

“မြန်မြန်သွား”

“မြောင်...”

နှင်းကျားသစ်က ဆုပိုင်ကို လှည့်ကြည့်ပြီး အသံပြုလိုက်သည်၊ ကျောပေါ်က ကလေးကို တင်ဆောင်ပြီး ညအမှောင်ထဲမှာ ဝိညာဉ်တစ်ကောင်လို လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အရှေ့ဆုံးက ထရန်နိုဆောရက်ရပ်စ်အဖွဲ့ကို လိုက်သွားသည်။

“ရှင် ဘာလို့ အမြန်မသွားတာလဲ”

ကျိုးဝမ်က ဆုပိုင်ကို ကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်

“ဒီနေရာက အရမ်းအန္တရာယ်များတယ်၊ ရှင် မြန်မြန်သွား”

“ရှင်… ဆုပိုင်”

စကားမဆုံးခင်မှာ သူ့ရှေ့က ဆုပိုင်ဟာ နောက်က လူအုပ်ဆီကို ပြေးသွားတာကို မြင်လိုက်ရသည်။

“ရှင်...”

ကျိုးဝမ်က အော်ဟစ်လိုက်ပြီး ခြေထောက်ကို နာနာကြိတ်ကာ နောက်က လိုက်သွားသည်။

“မြန်မြန်၊ မထိတ်လန့်ကြနဲ့၊ ငလျင်က ရပ်သွားပြီ၊ အားလုံး အမြန်နှုန်းမြှင့်”

ဆုပိုင်က ကျောက်တုံးတစ်တုံးပေါ်မှာ ရပ်ပြီး ဘေးက ထိတ်လန့်နေတဲ့ မြို့ခံရွာသားတွေကို ကျယ်လောင်စွာ အော်ဟစ်သည်

“မကြာခင် ထွက်နိုင်တော့မယ်၊ ငါတို့ကို ဆက်သွယ်မဲ့ အဖွဲ့တွေ ရောက်နေပြီ”

“အားလုံး အားတင်းထားကြပါ၊ ငါတို့ အခု ငလျင်ဇုန်ရဲ့ အပြင်ဘက်မှာ ရှိနေပြီ၊ ဘာအန္တရာယ်မှ မရှိဘူး၊ မထိတ်လန့်ကြနဲ့၊ ကိုယ့်ဘာသာကိုယ် ကြောက်မနေနဲ့၊ အဆင်ပြေသွားမှာပါ”

သူ့ရှေ့က ဖြတ်သွားတဲ့ လူတွေကို တစ်ယောက်ချင်းစီ နှစ်သိမ့်ပေးသည်။

500 03

ငလျင်က အရမ်းရုတ်တရက် ဖြစ်သွားသည်။

ဒီအချိန်က နံနက် ၃ နာရီသာ ရှိသေးသည်။

တိရစ္ဆာန်တွေ ခန့်မှန်းထားတဲ့ မိုးလင်းချိန်နဲ့ဆိုရင် အနည်းဆုံး ၃ နာရီလောက် လိုသေးသည်။

ဒါပေမဲ့...

ကံကောင်းတာက ခုနက လှုပ်သွားတဲ့ ငလျင်က အတိုင်းအတာ မကြီးဘူး၊ အပေါ်ကနေ ကျောက်ခဲအစအနလေးတွေပဲ လိမ့်ကျလာသည်။

တချို့လူတွေ ဒဏ်ရာရခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူး။

အဝေးက မြို့လေးရဲ့ အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတာကိုတော့ ဆုပိုင် မသိနိုင်သေးဘူး။

“ဟစ်... ဟစ်... ဟစ်”

ဒီအချိန်မှာ ရွှေမြွေက ကျောပိုးအိတ်ထဲကနေ ခေါင်းထွက်လာပြီး မြွေလျှာကို ဆက်တိုက် ထုတ်ကာ ကြောက်ရွံ့တဲ့ ပုံစံမျိုး ပြသနေသည်။

“ဆု... ဒါရိုက်တာဆုပိုင်...”

“ငါ ခံစားရတယ်၊ မကြာခင် ပိုကြီးတဲ့ ငလျင်လာတော့မယ်”

“မကြာခင် လာတော့မယ်”

“ဂျွတ်...”

ဆုပိုင် လက်ထဲက ဓာတ်မီးဟာ အားနဲ့ ဖျစ်ညှစ်လိုက်တဲ့အတွက် ကျိုးသွားခဲ့သည်။

******

501 01

အခန်း 501 ကျွန်တော်တို့ ထပ်ပြီး ဆွေးနွေးကြည့်ကြရအောင် (၁/၂)

အစည်းအဝေးခန်းမတစ်ခုတွင် ဖြစ်သည်။

ထိုနေရာ၌ ရွှေရောင်ဆံပင်၊ မျက်လုံးပြာများနှင့် နိုင်ငံခြားသား များစွာတို့သည် ဝိုင်းဖွဲ့ထိုင်နေကြ၏။ သူတို့သည် မိမိတို့၏ ထိုင်ခုံများပေါ်တွင် ပျင်းရိလေးတွဲ့စွာ မှီထိုင်ရင်း ရှေ့မှ ဖန်သားပြင်ကို ကြည့်ကာ ပြုံးရယ်နေကြလေသည်။

“ဟား ဟား...”

“တရုတ်တွေ ရူးများသွားကြပြီလား?”

“ငါတို့ ဓာတ်ခွဲခန်းတွေကရော မြေအောက်လှုပ်ရှားမှု သတင်းအချက်အလက် တစ်စုံတစ်ရာ ထောက်လှမ်းမိထားတာများ ရှိလား?”

ထိုလူအုပ်၏ ခေါင်းဆောင်ဖြစ်သူ မျက်နှာဝိုင်းဝိုင်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များကို ကြည့်လိုက်သည်။ ပုံရိပ်များထဲတွင် လူအများကို ကျောပိုးသယ်ဆောင်ကာ လျှောက်လှမ်းနေကြသည့် လေးနက်တည်ကြည်သော ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များကို မြင်ရသောအခါ သူက အထင်သေးစွာဖြင့် ပြုံးလိုက်လေသည်။

သူ လုံးဝ ထင်မှတ် မထားခဲ့မိပါချေ။

ယနေ့ တရုတ် အစိုးရပိုင် ရုပ်သံလိုင်းမှ ငလျင်လှုပ်မည့် သတိပေးချက်ကို တရားဝင် ထုတ်ပြန်ကြေညာလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် ငလျင်မလာခင် ဘေးသင့်ဒေသမှ ပြည်သူအကုန်လုံးကို ကယ်ထုတ်သွားမည်ဟုပင် အခိုင်အမာ ပြောဆိုထားသေးသည်။

ထို့ကြောင့်ပင် သူတို့လူတစ်စုလုံး ဤအစည်းအဝေးကို ခေါ်ယူကာ တရုတ် ဘက်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို စုပေါင်းကြည့်ရှုနေကြခြင်း ဖြစ်သည်။ အချိန်ကွာခြားချက်ကြောင့် ဖန်သားပြင်ထဲရှိ တရုတ် ဘက်ခြမ်းတွင် ညအချိန် ရောက်နေပြီ ဖြစ်သော်လည်း သူတို့ဆီတွင်မူ နေရောင်တောက်ပနေဆဲ ဖြစ်သည်။

“ပါမောက္ခချာလီ ခင်ဗျားတို့က ဘူမိဗေဒ ကျွမ်းကျင်ပညာရှင်တွေပဲ၊ တရုတ်က ပြန်လည်အသက်သွင်းထားတဲ့ တိရစ္ဆာန်တွေက ငလျင်သတင်းကို တကယ်ပဲ ကြိုတင်ခန့်မှန်းနိုင်မလားဆိုတာ ခင်ဗျားတို့ လေ့လာထားတာများ ရှိလား?”

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဘေးနားရှိ မျက်မှန်တပ်ထားသော သက်ကြီးရွယ်အို ပညာရှင်ဘက်သို့ လှည့်ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။

“တကယ်လို့သာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် တိရစ္ဆာန်တွေရဲ့ အခန်းကဏ္ဍက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ကြီးမားလာလိမ့်မယ်။ ဒါပေမဲ့ တကယ်လို့ အတုအယောင်သာ ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တရုတ် နဲ့ သဘောတူစာချုပ် ချုပ်ဆိုစရာ မလိုတော့ဘူး”

“AZ နိုင်ငံဆိုရင် တရုတ်နဲ့ စာချုပ်ချုပ်ပြီး ဝက်နှစ်ကောင် ရလိုက်တာနဲ့တင် အဲဒီကောင်တွေ ပျော်နေလိုက်ကြတာလေ”

“ဟွန်း ရယ်စရာကောင်းလိုက်တာ”

ပါမောက္ခ ချာလီသည် အစည်းအဝေး စားပွဲဝိုင်းတွင် ထိုင်နေကြသော လွှတ်တော်အမတ်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အသက်ကို ဝအောင် ရှူသွင်းကာ ဖြည်းညှင်းစွာ ပြောကြားလိုက်သည်။

“အဲဒီကိစ္စကို ကျွန်တော်တို့ ဓာတ်ခွဲခန်းက သုတေသန မလုပ်ဖူးပါဘူး။ ဒါပေမဲ့…”

“ကျွန်တော်တို့ဆီမှာ ကျန်ရှိနေသေးတဲ့ မှတ်တမ်းအချို့အရဆိုရင်တော့ ကပ်ဘေးတစ်ခုခု မကျရောက်ခင်မှာ တိရစ္ဆာန်တွေက ပုံမှန်မဟုတ်တဲ့ အပြုအမူမျိုးစုံ လုပ်ဆောင်လေ့ရှိကြောင်း မှတ်တမ်းတင်ထားတာတွေတော့ ရှိပါတယ်”

“သို့သော်လည်း ငလျင်ရဲ့ပမာဏနဲ့ ဖြစ်ပွားမဲ့ အချိန်ကို တိတိကျကျ ခန့်မှန်းအကဲဖြတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်”

“ကျွန်တော်တို့ ဓာတ်ခွဲခန်းက တိုင်းတာရေး ကိရိယာတွေဆိုရင် အတော်လေး ခေတ်မီနေပြီလို့ ပြောလို့ရတယ်။ ဒါတောင်မှ ငလျင်က ဘယ်အချိန် လှုပ်မလဲဆိုတာကို ထောက်လှမ်းနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒီလို သဘာဝဘေးအန္တရာယ်တွေက ထိန်းချုပ်ရ ခက်ခဲလွန်းတာကြောင့် ကြိုတင်သိရှိနိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ”

“သိခဲ့ရင်တောင်မှ ကပ်ဘေးဖြစ်ဖို့ အချိန်က အရမ်းကပ်နေပြီမို့ ဘယ်လိုလုပ်ပြီး ကြိုတင်သတိပေးချက် ထုတ်ပြန်နိုင်မှာလဲ”

စကားပြောရင်းဖြင့် ပါမောက္ခ ချာလီသည် အောက်ချထားသော လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်း တစ်ထပ်ကို ထုတ်ယူကာ သူ့ရှေ့တွင် တင်လိုက်ပြီး ဖြည်းညှင်းစွာ ဖွင့်လှစ်ပြလေသည်။

“ငလျင်အလှုပ်ရှားဆုံး ဒေသတွေထဲမှာ RB နိုင်ငံလည်း ပါဝင်ပါတယ်။ အဲဒီနိုင်ငံဆိုရင် ခေတ်အမီဆုံး တိုင်းတာရေး နည်းပညာတွေ ထုတ်လုပ်ဖို့ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့တာတောင်မှ တိကျတဲ့ အကဲဖြတ်ချက်မျိုး မထုတ်နိုင်ခဲ့ဘူး”

501 02

“ဒါကြောင့်မို့ ဒီတစ်ခါ တရုတ်ရဲ့ ရည်ရွယ်ချက်က ငလျင်ကိစ္စလောက်နဲ့ ရိုးရှင်းမယ် မထင်ဘူး”

“အင်း…”

ထိပ်ဆုံးတွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပါမောက္ခ၏ စကားကို နားထောင်ရင်း လက်ချောင်းများဖြင့် စားပွဲခုံကို ခပ်ဖွဖွ ခေါက်နေသည်။ သူ၏ မျက်မှောင်များမှာလည်း တွန့်ချိုးနေ၏။

“တကယ်လို့ ငလျင်ကို ကြိုတင်ခန့်မှန်းတာ မဟုတ်ဘူးဆိုရင် သူတို့က ဘာရည်ရွယ်ချက်နဲ့ ဒီသတင်းကို ထုတ်ပြန်ရတာလဲ?”

“သူတို့ သုတေသန လုပ်ထားတဲ့ တိရစ္ဆာန်တွေကို ကြော်ငြာချင်လို့များလား”

“ထားပါတော့လေ ကမ္ဘာပေါ်မှာ အခုချိန်ထိ တရုတ် တစ်နိုင်ငံတည်းကပဲ တိရစ္ဆာန်စစ်စစ်တွေကို ဖော်ထုတ်နိုင်ခဲ့တယ် ဆိုတာကိုတော့ ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော်တို့ရဲ့ဇီဝဓာတ်ခွဲခန်း အများအပြားကနေ ဒီနေ့အထိ ဖော်ထုတ်လာသမျှ အကောင်တွေက တိရစ္ဆာန်လို့ ခေါ်ဖို့တောင် မတန်ဘူး။ တန်ဖိုးမရှိတဲ့ သတ္တဝါဆိုးတွေ သက်သက်ပဲ”

ထိုသို့ပြောရင်း လူလတ်ပိုင်းအရွယ် အမျိုးသားသည် သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ တရုတ်နဲ့ အဲဒီစာချုပ်ကို အလွယ်တကူ လက်မှတ်ထိုးမှာ မဟုတ်ဘူး။ သူတို့ရဲ့ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လိုက်နာရမယ်တဲ့လေ။ ဒါ ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်တဲ့ အချက်ပဲ။ ပြီးတော့ အခုချိန်ထိ AZ နိုင်ငံတစ်ခုပဲ မွေးမြူလို့ရတဲ့ ဝက်ဖြူ နှစ်ကောင် ရထားတာ ရှိသေးတယ်”

“အဲဒီ တောရိုင်းတိရစ္ဆာန်တွေကို တရုတ်က သူများလက်ထဲ အလွယ်တကူ ထည့်ပေးလိုက်မယ်လို့ ကျွန်တော် မထင်ဘူး”

“ဒါကြောင့် ဒါက သေချာပေါက် ထောင်ချောက်တစ်ခုပဲ။ မြေနေရာတွေရော သမုဒ္ဒရာတွေပါ အများကြီး ပေးဆပ်ရမဲ့အပြင် အချိန်ကာလ အကန့်အသတ်မရှိ ငှားရမ်းရမယ် ဆိုတာကတော့…”

“ငလျင်လှုပ်ပြီ”

လူလတ်ပိုင်းအရွယ် အမျိုးသား စကားမဆုံးခင်မှာပင် ရှေ့နားရှိ အမျိုးသမီးတစ်ဦး၏ စူးစူးဝါးဝါး အော်ဟစ်သံကြောင့် စကားပြတ်တောက်သွားခဲ့သည်။

လူအားလုံး အထိတ်တလန့် မော့ကြည့်လိုက်ကြသည်။

“ဘုန်း ဘုန်း”

“ဂရော ဂရော”

“ဝုန်း...”

ကျယ်လောင်သော မြည်ဟီးသံကြီးများ ဆက်တိုက် ထွက်ပေါ်လာသည်။

ဖန်သားပြင်ပေါ်ရှိ ကယ်ဆယ်ရေးအဖွဲ့များမှာမူ ပရမ်းပတာ ဖြစ်သွားကြပြီ ဖြစ်သည်။

“ဒါ မဖြစ်နိုင်ဘူး”

ပါမောက္ခ ချာလီသည် မျက်လုံးအပြူးသားဖြင့် ဖန်သားပြင်ပေါ်မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

“သူတို့ ငလျင်ဇုန်ထဲကနေ မလွတ်သေးဘူး မဟုတ်လား? ဒါဆို ဒီနည်းလမ်းကလည်း ဘာမှ အသုံးမဝင်ဘူးပေါ့”

“ဟုတ်တယ်၊ ပြီးတော့ ကြည့်ရတာ ငလျင်ပမာဏက သိပ်မကြီးပါဘူး။ ဒီလောက်ကြီး အုတ်အော်သောင်းတင်း ဖြစ်စရာမှ မလိုတာ”

“ဒါပေမဲ့ ဒီတိရစ္ဆာန်တွေက အသုံးတော့ ဝင်ပုံရတယ်။ အနည်းဆုံးတော့ ဘယ်နေရာမှာ ငလျင်လှုပ်မယ်ဆိုတာ အကြမ်းဖျင်း ပြောပြနိုင်တာပဲ”

“မဟုတ်ဘူး”

ပါမောက္ခ ချာလီသည် လွှတ်တော်အမတ်များကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“အဲဒီလို တွက်လို့မရဘူး။ ခင်ဗျားတို့ ပတ်ဝန်းကျင် အနေအထားကို ထည့်စဉ်းစားရမယ်။ ဒီတစ်ခါ တရုတ်မှာ ငလျင်လှုပ်တဲ့ နေရာက ကယ်ဆယ်ရေးလုပ်ဖို့ အရမ်းခက်ခဲကြမ်းတမ်းတဲ့ နေရာဗျ။ ချဲ့ကားပြောတာ မဟုတ်ဘူးနော်။ ကျွန်တော်တို့ နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေသာ ဆိုရင် ဒီလောက် ရှုပ်ထွေးပွေလီတဲ့ တောနက်ထဲမှာ ပြည်သူတွေကို အခုလို ခေါ်ထုတ်လာနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“ခင်ဗျားတို့ စဉ်းစားကြည့်လေ။ တကယ်လို့သာ ဒီငလျင်က ကွင်းပြင်ကျယ်လို နေရာမျိုးမှာ ဖြစ်ခဲ့မယ်ဆိုရင် အခုချိန်ဆို တရုတ်က လူတွေအကုန်လုံးကို ကယ်ထုတ်ပြီးလောက်ပြီ”

501 03

“ပြီးတော့ ဒါက တရုတ် အနေနဲ့ တိရစ္ဆာန်တွေကို အသုံးပြုပြီး သဘာဝဘေးအန္တရာယ် စောင့်ကြည့်တာ ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်။ နည်းပညာ မရင့်ကျက်သေးတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူကြီးမင်းတို့”

“နည်းပညာဆိုတာ တိုးတက်အောင် လုပ်ယူလို့ ရတယ်။ နောက်မကြာခင်မှာ တရုတ် နိုင်ငံက ငလျင်လို ကပ်ဘေးမျိုးကို ကြောက်စရာ မလိုတော့တဲ့ အနေအထား ရောက်သွားနိုင်တယ်”

“ဒီအချက်ကနေ သူတို့ ပြန်လည်ကာကွယ်နိုင်မဲ့ ဆုံးရှုံးမှုတန်ဖိုးက အင်မတန် ကြီးမားလွန်းတယ်”

“ဟူး...”

ထိပ်ဆုံးတွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

“ပါမောက္ခ ချာလီ ပြောတာ အကြောင်းအကျိုး ဆီလျော်ပါတယ်”

“ဒါပေမဲ့ တရုတ်ရဲ့စာချုပ်က အရမ်းကို ရက်စက်လွန်းတယ်။ မြေနေရာနဲ့ သမုဒ္ဒရာတွေကို အကန့်အသတ်မရှိ ငှားရမ်းပေးရမယ် ဆိုတာက ကျွန်တော်တို့ အာဏာရပါတီ အနေနဲ့ ဘယ်လိုမှ သဘောတူနိုင်မှာ မဟုတ်ဘူး”

“ဒီတစ်ခါ တရုတ်က ငလျင်ကို အောင်မြင်စွာ ခန့်မှန်းနိုင်ခဲ့တဲ့ ကိစ္စကို လောလောဆယ် ဖုံးဖိထားလိုက်ကြတာပေါ့”

သူ ဒီစကားတွေကို ပြောနေရသော်လည်း ရင်ထဲတွင်တော့ အင်မတန် ခါးသီးနေပါသည်။

မချဲ့ကားဘဲ ပြောရလျှင် ဒီအခန်းထဲရှိ လွှတ်တော်အမတ်များ အားလုံး စုပေါင်းပြီး ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြခြင်းမှာ တရုတ် ကျရှုံးသွားသည်ကို မြင်ချင်ကြ၍သာ ဖြစ်သည်။

သို့သော်...

လက်တွေ့တွင်တော့ တရုတ် အောင်မြင်သွားခဲ့လေပြီ။

ထို့အပြင် သူတို့အနေနှင့် အချို့သော နိုင်ငံများကဲ့သို့ တရုတ် နှင့် တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး စာချုပ်ကို လက်မှတ်ထိုးဖို့လည်း မဖြစ်နိုင်ပေ။

“အစည်းအဝေး သိမ်းလိုက်ကြစို့။ ဆက်ကြည့်နေစရာ မလိုတော့ဘူး”

“ဝုန်း ဂြီ ”

ရုတ်တရက် ဖန်သားပြင်ဆီမှ နားကွဲမတတ် ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာရာ ထိုင်ရာမှ ထကာစ ပြုနေသော လူအားလုံး ကြက်သေသေကာ ရပ်တန့်သွားကြသည်။

သူတို့အားလုံး မျက်လုံးအပြူးသားဖြင့် ရှေ့မှ ဖန်သားပြင်ကို စိုက်ကြည့် နေမိကြလေတော့သည်။

******

All Chapters