← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း 505

ဆုပိုင်တို့ အဖွဲ့ကို အားလုံး ကယ်ထုတ်ပြီးသည့် နောက်တွင်...

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော နိုင်ငံခြားသားများ အားလုံးနီးပါး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

မျိုးသုဉ်းခြင်း ကပ်ဘေးကြီး ပြီးကတည်းက တရုတ် သည် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော တိုက်ရိုက်ထုတ်လွှင့်မှုမျိုး ထုတ်ပြလေ့ မရှိပေ။

ဒီတစ်ခါတော့...

တိရစ္ဆာန်များက ငလျင်ကို တိကျစွာ ခန့်မှန်းနိုင်ခဲ့သည့် လုပ်ရပ်က လူတိုင်းကို တုန်လှုပ်စေခဲ့ရုံ သာမက...

တရုတ် လူမျိုးများ၏ ကယ်ဆယ်ရေး မြင်ကွင်းများကလည်း သူတို့ကို မျက်ရည်ဝဲစေခဲ့သည်။

သူတို့ နိုင်ငံတွေမှာဆိုလျှင် ဒီလို ကယ်ဆယ်ရေးမျိုး လုံးဝ ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

အိုမင်းဟောင်းနွမ်းနေသော အဆောက်အအုံ တစ်ခုထဲတွင် ဖြစ်သည်။

ထိုနေရာ၌ မသန်စွမ်းမှု အနည်းနှင့်အများ ရှိနေကြသော လူပေါင်း ဒါဇင်များစွာသည် ထိုင်ခုံများပေါ်တွင် ငြိမ်သက်စွာထိုင်ရင်း ရှေ့မှ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းကို ကြည့်ရှုနေကြသည်။

ထိုအထဲမှ လူအများအပြားသည် မျက်ရည်များကို အဆက်မပြတ် သုတ်နေကြသည်။

“ငါ အကြံပြုချင်တယ်”

ထိုအချိန်တွင် ရှေ့ဆုံး၌ ထိုင်နေသော လက်ပြတ်နေသည့် အမျိုးသမီးကြီး တစ်ဦး မတ်တပ်ထရပ်လိုက်ပြီး လူအုပ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ငါ အကြံပြုချင်တာက မနက်ဖြန်ကစပြီး ငါတို့ ဆန္ဒပြကြမယ်”

“တကယ်လို့ ငါတို့နိုင်ငံက တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် နောက်နောင် ငလျင်ဘေးက ငါတို့ ဘဝတွေကို ဒုက္ခပေးတော့မှာ မဟုတ်ဘူး”

“ငါတို့ ဘဝတွေကတော့ ပြီးသွားပြီ၊ ဒါပေမဲ့ ငါတို့ရဲ့ ကလေးတွေ၊ နောင်လာမဲ့ လူတွေကတော့ ငါတို့လို မဖြစ်စေရဘူး”

“ငါတို့ ပင်ပင်ပန်းပန်း တည်ဆောက်ထားတဲ့ အိမ်ရာတွေ၊ ငါတို့ရဲ့ မိသားစုဝင်တွေ၊ ငါတို့ရဲ့ ကလေးတွေ ထာဝရ ဆုံးရှုံးသွားရတာမျိုး မဖြစ်စေရဘူး”

ထိုသို့ပြောရင်း အမျိုးသမီးကြီးသည် သူမ၏ ပြတ်နေသော လက်မောင်းကို ငုံ့ကြည့်ကာ ရှိုက်ကြီးတငင် ပြောရှာသည်။

“ငလျင်ကြောင့် ငါ့ယောကျ်ားကို ဆုံးရှုံးခဲ့ရတယ်၊ ကလေးနှစ်ယောက်ကိုလည်း ဆုံးရှုံးခဲ့ရတယ်၊ ကိုယ်တိုင်လည်း မသန်စွမ်း ဖြစ်ခဲ့ရတယ်။ ဘဝမှာ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့...”

“အခု ငါတို့ မျှော်လင့်ချက် ရောင်ခြည်ကို မြင်နေရပြီ။ နောင်လာမဲ့ လူတွေအတွက်၊ သူတို့တွေ ပြင်ဆင်မှု မရှိဘဲ ငလျင်ဘေးဒဏ် မခံစားရဖို့အတွက်...”

“ငါတို့ အထက်လူကြီးတွေကို ဆန္ဒပြ တောင်းဆိုရမယ်။ ဘာလို့ တရုတ် နဲ့ ဆက်ဆံရေးကို ဒီလောက် တင်းမာအောင် လုပ်နေရတာလဲလို့ မေးခွန်းထုတ်ရမယ်”

“အားလုံး စဉ်းစားကြည့်ကြပါ၊ တကယ်လို့သာ ငါတို့ဆီမှာလည်း ကြိုတင်သတိပေးနိုင်တဲ့ ဒီလို တိရစ္ဆာန်တွေ ရှိခဲ့မယ်ဆိုရင် နှစ်တိုင်း ငါတို့ ပြည်သူတွေ ဘယ်လောက်တောင် အသေအပျောက် နည်းသွားမလဲ?”

“ဟုတ်တယ်၊ ဟဲဇီပြောတာ မှန်တယ်။ ငါတို့ စည်းလုံးကြရမယ် ငါ မနှစ်က ငလျင်မှာ မိသားစု ဆုံးရှုံးခဲ့ရတယ်။ တခြားလူတွေ ငါ့လိုမျိုး ဒီကမ္ဘာကြီးထဲမှာ တိတ်တဆိတ်နဲ့ တစ်ကောင်ကြွက် မကျန်ရစ်စေချင်တော့ဘူး”

“ငါလည်း ထောက်ခံတယ်။ မနက်ဖြန် ငါတို့ ဆန္ဒပြပွဲ စမယ်။ လူတိုင်း ပူးပေါင်းပါဝင်လာအောင် ငါတို့ တိုက်တွန်းကြမယ်”

“ငါတို့လည်း ပါမယ်”

ဟဲဇီသည် သူမကဲ့သို့ “ငလျင်သင့် ပြည်သူများ” ဖြစ်ကြသော အောက်မှ လူအုပ်ကြီးကို ကြည့်ရင်း မျက်ရည်ဝဲလာမိသည်။

သူမတို့ ကပ်ဘေးတစ်ခုကို ကြုံဖူးကြပြီ။ ရုတ်တရက် မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို သူမတို့ထက် ဘယ်သူက ပိုနားလည်မှာလဲ။

တခြားလူတွေ သူမတို့လိုမျိုး ငလျင်သင့် ဒုက္ခသည်တွေ ထပ်မဖြစ်စေချင်တော့ပေ။

တရုတ်၏ ဒီတစ်ခါ ထုတ်လွှင့်မှုက သူမတို့ကို မျှော်လင့်ချက် ပေးခဲ့သည်။

တကယ်လို့သာ တရုတ် နဲ့ ပူးပေါင်းနိုင်ခဲ့ရင် သူမတို့ ဘယ်တော့မှ ညဉ့်နက်သန်းခေါင်မှာ ငလျင်ကြောင့် လန့်နိုးစရာ လိုတော့မည် မဟုတ်ပေ။

….

505 02

ရက်အနည်းငယ် ကြာပြီးနောက်။

ကောင်းကင်ပြာ တိရစ္ဆာန်ဥယျာဉ်

ထူးဆန်းသော လူနှစ်ယောက် မြက်ခင်းပြင်ပေါ်တွင် ထိုင်ကာ နေစာလှုံနေကြသည်။

တစ်ယောက်က ဝမ်းဗိုက်တွင် ပတ်တီးထူထူ ပတ်ထားပြီး၊ နောက်တစ်ယောက်က လက်ဖဝါးနှင့် ဒူးခေါင်းတွင် ကျောက်ပတ်တီး စည်းထားသည်။

“မင်း လက် နာသေးလား”

ဆုပိုင်သည် ကျိုးဝမ် ဘက်သို့ လှည့်ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

“မင်းကလည်း ဘာလို့ ဒီလောက် အသည်းခိုက်အောင် လုပ်ရတာလဲဟာ။ အဲဒီတုန်းက တပိုင်ကို ကုန်းပိုးခိုင်းလိုက်ရင် ရနေတာပဲကို၊ မင်းက ဇွတ်အတင်း ကိုယ်တိုင် ကုန်းပိုးလာတော့ အခုကြည့်၊ လက်ချောင်းက ဒဏ်ရာတွေ ပြန်ကြွကုန်ပြီ”

“ပြီးတော့ ဟိုတိရစ္ဆာန်တွေရောပဲ၊ ငလျင်ပြီးမှ ပြန်ဝင်လာပါလား၊ အကုန်လုံး ဒဏ်ရာတွေ ရကုန်ကြပြီ။ တကယ်လို့များ မတော်တဆ တစ်ခုခု ဖြစ်သွားရင် ငါ့စိတ်ထဲ ဘယ်လို နေသာပါ့မလဲ”

သတိပြန်ရလာကတည်းက...

ဆရာဝန်၏ ရှင်းပြချက်ကြောင့် သူ ဘယ်လို လွတ်မြောက်လာသလဲ ဆိုတာကို ဆုပိုင်အကြမ်းဖျင်း သိထားပြီး ဖြစ်သည်။

ကျိုးဝမ်နဲ့တိရစ္ဆာန်တွေ ဒဏ်ရာရရုံသာမက ထရန်နိုဆောရက်ရပ်စ်တောင် ဒဏ်ရာ မနည်းဘူးတဲ့။

အဲဒီအချိန်က အခြေအနေ ဘယ်လောက် ဆိုးဝါးမလဲဆိုတာ ဆုပိုင်တွေးကြည့်လို့ ရသည်။

အပေါ်က ကျောက်တုံးတွေ တလိမ့်လိမ့် ကျနေတာကို တိရစ္ဆာန်တွေက ကိုယ်လုံးနဲ့ ကာပေးထားရတယ်၊ ကျိုးဝမ်က ဒူးထောက်ပြီး သူ့ကို တစ်လှမ်းချင်း ကုန်းပိုးခေါ်ထုတ်လာခဲ့တာ။

“ဆရာဝန်က ရှင် စိတ်မဆိုးရဘူးလို့ ပြောထားတယ်နော်၊ တော်ပါတော့၊ အကုန် လွတ်လာပြီပဲဟာ”

ကျိုးဝမ်သည် သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး စိတ်မရှည်သလို ပြောလိုက်သည်။

“ရှင်ပြောတဲ့ စကားတွေက လုံးဝ အတည်မဖြစ်ဘူး”

“ငါက ဘာလို့ အတည်မဖြစ်ရမှာလဲ”

ဆုပိုင်ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ဟော ကိုယ်က သူ့ကို အပြစ်တင်နေတာ မဟုတ်ဘူးလား။

ဘယ်လိုဖြစ်ပြီး ကိုယ်က အတည်မဖြစ်တဲ့လူ ဖြစ်သွားရတာလဲ။

ဒီဇာတ်လမ်း သွားနေတာ တစ်မျိုးကြီးပါလား။

ကျိုးဝမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ပြီးခဲ့တဲ့ တစ်ခေါက်ကတည်းက ရှင်ပဲ ပြောတယ်လေ၊ ကျွန်မက တိရစ္ဆာန်ဥယျာဉ် မိသားစုဝင် ဖြစ်သွားပြီဆို။ အဲဒါကြောင့် ကျွန်မက ရှင်နဲ့ မိသားစုချင်း တူတူပဲ။ အသက်ပေးရမယ် ဆိုရင်တောင် အဲဒီတုန်းက ရှင့်ကို ကျွန်မ ကယ်မှာပဲ”

“ပြီးတော့၊ ဟိုတစ်ခေါက် ဗုံးဖြုတ်တုန်းကလည်း ရှင် ဒီလိုပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား”

“ပြောထားပြီးသားပဲ၊ တစ်သက်လုံး ရှင့်နောက် လိုက်နေမှာ ရှင်...”

“ငါ...”

ဆုပိုင်သည် ရှေ့မှ ခေါင်းမာသော ကျိုးဝမ် ကို ကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။

အခုကျမှ ကျိုးဝမ် ရဲ့ စိတ်ဆန္ဒကို ဆုပိုင်ရိပ်မိသလိုလို ရှိလာသည်။

ဒီကောင်မလေးက သူ့အသက်ကို တိရစ္ဆာန်ဥယျာဉ်အတွက်၊ ကိုယ့်အတွက် ပေးဆပ်ထားပြီးသား ဖြစ်နေတာပါလား။

“အာဟ လာစမ်း”

နေရခက်စွာ ရယ်မောလိုက်ရင်း ဆုပိုင်သည် အဝေးမှ ဟတ်စကီးကို လက်ယပ်ခေါ်လိုက်သည်။

“ဝူး...”

505 03

အာဟသည် မြေကြီးပေါ်မှ ဖျတ်ခနဲ ထလိုက်ပြီး ဆုပိုင်ကို လေးနက်စွာ ကြည့်ကာ သတိထားပြီး ပြေးလာသည်။

“ဝူးးးးးဒါရိုက်တာဆုပိုင်၊ ကျွန်တော့် ဒဏ်ရာ မပျောက်သေးဘူးနော်။ ခင်ဗျား ပြောထားတာ ဒဏ်ရာပျောက်မှ အိမ်သာထဲ ပြန်ပိတ်မယ်ဆို”

“ကြည့်ပါဦး ကျွန်တော့် ဒဏ်ရာ တကယ် မပျောက်သေးပါဘူး”

ထိုသို့ပြောရင်း အာဟသည် ဖင်လှည့်ပြလိုက်ရာ အနောက်တွင် ကပ်ထားသော ပလာစတာ တစ်ခုကို တွေ့လိုက်ရသည်။

“အရမ်း နာတာ”

“ဟား ဟား...”

ဘေးနားတွင် ထိုင်နေသော ကျိုးဝမ် မှာ ပါးစပ်အုပ်ကာ ရယ်မောမိတော့သည်။

ဆုပိုင်သည် ရှေ့မှ အာဟ ကို နှုတ်ဆိတ်စွာ ကြည့်ရင်း လက်နှစ်ဖက်ဖြင့် ပလာစတာကို ဆွဲခွာလိုက်သည်။

“ဆေးတွေက အပြင်မှာ ရှိတာလေ၊ မင်းက ဒါကြီး ကပ်ထားတော့ အာနိသင် ရှိပါ့မလား?”

ပေါက်ကရတွေ

“သွား၊ ဟိုနားက အရုပ်တစ်ခု သွားယူခဲ့”

အဝေးတွင် ပြန့်ကျဲနေသော ရောင်စုံဘောလုံးများကို ဆုပိုင်လက်ညှိုးထိုးပြလိုက်သည်။

“ဝူး...”

အာဟသည် လှည့်ကြည့်လိုက်ပြီး အလိုက်တသိ ပြေးသွားလေသည်။

မကြာမီ ရောင်စုံဘောလုံးကို ကိုက်ချီကာ ပြန်ပြေးလာသည်။

“ဘုတ်...”

ပါးစပ်ကိုဟကာ ရောင်စုံဘောလုံးကို မြေကြီးပေါ် ချပေးလိုက်ပြီး ဒါရိုက်တာဆုပိုင်ကို ကြောင်တောင်တောင် ကြည့်နေသည်။

ဒါ ဘာလုပ်မလို့လဲ။

မြန်မြန် လွှတ်ပေးပါတော့၊ ခင်ဗျားနဲ့ အတူနေရတာ ဖိအားများလွန်းလို့ပါ

ဆုပိုင်သည် ဝမ်းဗိုက်ကို ဖိကာ ခါးကိုင်း၍ ရောင်စုံဘောလုံးကို ကောက်ယူလိုက်ပြီး အဝေးသို့ ပစ်လိုက်လေသည်။

“သွား၊ ပြန်ကောက်ခဲ့”

အာဟကို လှမ်းအော်ပြောလိုက်သည်။

အာဟ : (○_○)

အမှိုက်ကောက်ခိုင်းတာလား။

သောက်ကျိုးနည်း လူကောင်ကြီးနေပြီကို၊ ဒါမျိုး ဆော့တုန်းလား။

မူကြိုကလေးတွေတောင် မဆော့တော့ဘူး ဟုတ်ပြီလား။

“ဝူး...”

“ကောင်းပါပြီ”

အာဟသည် လည်ပင်းကြောကြီးများ ထောင်လာသည်အထိ အော်ဟစ်လိုက်ပြီး ပါးစပ်ဖြဲကာ တယမ်းယမ်းဖြင့် ပြေးထွက်သွားလေသည်။

ရောင်စုံဘောလုံးကို ပြန်သွားကောက်လေသည်။

အာဟနှင့် ဆုပိုင်တို့ ဘောလုံးကောက်တမ်း ကစားနေကြစဉ်...

မြက်အိမ်တစ်ခုထဲတွင် လှဲနေသော ငှက်တောသည် ခေါင်းကို ခါယမ်းလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။

ခေါင်းပေါ်မှ အရည်တစ်ခု စီးကျလာသည်ကို ခံစားလိုက်ရသဖြင့် အတောင်ပံဖြင့် သုတ်ကြည့်လိုက်သည်။

မျက်စိရှေ့ ယူကြည့်လိုက်ရာ...

“ရှီး...”

သွေးလား…

ဘယ်လိုလုပ် သွေးထွက်နေသေးတာလဲ။

မနေ့ကတည်းက အနာကျက်နေပြီ မဟုတ်ဘူးလား။ ပြီးတော့ ပလာစတာလည်း ကပ်ထားရက်သားနဲ့။

အတောင်ပံကို တဖျပ်ဖျပ်ခတ်ကာ မြက်အိမ်ထဲမှ အမြန်ပြေးထွက်ပြီး အဝေးမှ မြစ်ကမ်းဘေးသို့ ဦးတည်သွားလေတော့သည်။

******

506 01

အခန်း 506 ဧရာမ မစ်ရှင်ကြီး (၂/၂)

ကြည်လင်သော မြစ်ရေပြင်တွင် သူ့ပုံစံကို ကြည့်လိုက်သည်။

“သောက်ကျိုးနည်း ဘယ်ကောင် လုပ်တာလဲ။ ငါ့ပလာစတာကို ဘယ်သောက်ရမ်းက ဆွဲခွာသွားတာလဲ။ နည်းနည်းပါးပါး ဖြည်းဖြည်း မခွာဘူး၊ အခုတော့ အနာဖေးတွေပါ ကွာကုန်ပြီ”

ငှက်တောသည် ဒေါသတကြီး အော်ဟစ်ဆဲဆိုရင်း မြက်ခင်းပြင် တစ်လျှောက် လှည့်ပတ်ကြည့်ရှုလိုက်သည်။

သူ မှတ်မိသလောက်ဆိုရင် ငလျင်တုန်းက လိုက်သွားတဲ့ တိရစ္ဆာန်တွေထဲမှာ နဂါးအမေ ကလွဲရင် ကျန်တာအကုန် အမွှေးပါတဲ့ကောင်တွေချည်းပဲ။

ပလာစတာကို သူ့ဘာသာသူမှ ကပ်လို့ရတာ။

ဘယ်ကောင်က လာခွာသွားတာလဲ။

“ဝူး...”

ထိုစဉ် အဝေးမှ အာဟ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။ သူသည် လေထဲတွင် ဝဲနေသော ရောင်စုံဘောလုံးနောက်သို့ တကောက်ကောက် လိုက်ရင်း မြစ်ဘက်သို့ ပြေးလာသည်။

“ဗွမ်း...”

ခုန်ပျံကျော်လွှားကာ မြစ်ထဲသို့ တန်းခနဲ ခုန်ဆင်းသွားသည်။

ခဏကြာတော့ ရောင်စုံဘောလုံးကို ပါးစပ်ဖြင့် ကိုက်ချီကာ ပြန်တက်လာသည်။

“ဟေး အစ်ကိုကြီး နိုးပြီလား”

ငှက်တော ရှေ့မှ ဖြတ်သွားစဉ် အာဟက တစ်ချက် နှုတ်ဆက်လိုက်ပြီး ခေါင်းတယမ်းယမ်းဖြင့် ဆက်လက် ပြေးထွက်သွားလေသည်။

“တကယ့် ခွေးအ”

ငှက်တောသည် တိုးတိုးလေး ဆဲရေးလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။

ငလျင်ပြီးသွားကတည်းက...

သူ အာဟ နဲ့ လုံးဝ မတူစေရဘူးလို့ ကျိန်ဆိုထားသည်။

လူတွေရဲ့အထင်သေးတဲ့ အကြည့်တွေကို မခံချင်တော့ဘူး။

ဒီတော့ နောက်ဆိုရင် သူ တည်တည်ငြိမ်ငြိမ်ပဲ နေတော့မယ်။

လုံးဝ အမှားမလုပ်တော့ဘူး။

“ဟူး...”

အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ငှက်တောသည် မြစ်ရေပြင်ဘက်သို့ ပြန်လှည့်ကာ ခေါင်းပေါ်မှ ဒဏ်ရာကို သေချာ ငုံ့ကြည့်လိုက်ပြန်သည်။

သွားပြီ

ဒီပုံစံနဲ့ အမာရွတ် ထင်သွားရင် အမွှေး ပြန်ပေါက်ပါဦးမလား။

“ဟင်...”

ရုတ်တရက် ပလာစတာ တစ်ခုသည် ရေပေါ်မျောရင်း သူ့ရှေ့သို့ ရောက်လာသည်။

ငှက်တော ကြက်သေသေသွားသည်။

ဒါ ဘယ်က ရောက်လာတာလဲ။

ကိုယ့်ခေါင်းပေါ်က ပြုတ်ကျသွားတာလား။

မဖြစ်နိုင်ပါဘူး၊ ခုနက ကြည့်တုန်းက ပလာစတာမှ မရှိတော့တာ။

ဒါဆိုရင်...

ရေထဲ ဆင်းသွားတာဆိုလို့ အာဟ တစ်ကောင်ပဲ ရှိတယ်။

506 02

ဆိုလိုတာက ခေါင်းပေါ်က ပလာစတာကို ဒီကောင် ဆွဲခွာသွားတာပေါ့လေ။

“ဟူး...”

ငှက်တော၏ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ မြက်ခင်းပြင်ပေါ်တွင် ခွေးရူးလို ပြေးလွှားနေသော အာဟကို လှမ်းကြည့်ရင်း သွားကို တင်းတင်းကြိတ်လိုက်သည်။

ထို့နောက် အဝေးမှ ပန်ဒါဝက်ဝံရှိရာသို့ လှည့်ထွက်သွားလိုက်သည်။

ဒီနေ့ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့အစ်ကိုကြီးကို ခေါ်ပြီး အာဟကို ပညာပေးခိုင်းမှ ဖြစ်မယ်။

အနာကျက်ခါနီးမှ လာခွာသွားတယ်တဲ့။

တကယ် ယုတ်မာတဲ့ကောင်

…

ညဉ့်နက်သန်းခေါင်။

ဆုပိုင်သည် အဆောင်ထဲတွင် လဲလျောင်းရင်း ရှေ့မှ စနစ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

တိရစ္ဆာန် အပိုင်းအစအသစ် ပေါ်လာပြီ ဖြစ်သည်။

ဒါပေမဲ့...

ဒီတစ်ခါ အပိုင်းအစက နည်းနည်းတော့ လွန်လွန်းနေသည်။

[တိရစ္ဆာန် အပိုင်းအစ စတိုး]

ဧရာမ မစ်ရှင် အပိုင်းအစ (ဒိုင်နိုဆော) လဲလှယ်ရန် ထိတ်လန့်မှုတန်ဖိုး ၁၀ သန်း လိုအပ်သည်။ (ဒိုင်နိုဆော ၁၀ မျိုး ပြန်သယ်လာနိုင်သည်)

. . .

“ငါ...”

ဆုပိုင်သည် ပေါ်လာသော မစ်ရှင် အပိုင်းအစကို ကြည့်ရင်း ဆွံ့အသွားသည်။

ဒီတစ်ခုတည်း အထီးကျန်စွာ ပေါ်နေခြင်း ဖြစ်သည်။

ဒါပေမဲ့ လဲလှယ်ဖို့အတွက် ထိတ်လန့်မှုတန်ဖိုး ၁၀ သန်းတောင် လိုအပ်သည်။

တစ်ခုရှိတာက တစ်ခေါက်တည်းနဲ့ ၁၀ မျိုးတောင် ပြန်သယ်လာလို့ ရတာပဲ။ ပြီးတော့ အကုန်လုံးက ဒိုင်နိုဆောတွေချည်းပဲ၊ အမျိုးအစား ကန့်သတ်ချက် မရှိဘူး။

ဒါက...

ဆုပိုင်နှုတ်ခမ်းကို သပ်လိုက်ပြီး လဲလှယ်ရန် ရွေးချယ်လိုက်သည်။

‘တင်- ဤမစ်ရှင်သည် ဧရာမမစ်ရှင် ဖြစ်ပြီး အခက်အခဲအဆင့် အလွန်မြင့်မားသဖြင့် သေချာ စဉ်းစားပြီးမှ ဖွင့်လှစ်ပါရန်’

စနစ်၏ သတိပေးသံကို ကြားလိုက်ရသောအခါ ဆုပိုင်အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ဒါက အခုချိန်ထိ အန္တရာယ်အများဆုံး မစ်ရှင် ဖြစ်လောက်သည်။

ဒါပေမဲ့ ငါ့မှာ ထရန်နိုဆောရက်ရပ်စ်ရှိတာပဲ။

အန္တရာယ်တော့ မရှိလောက်ပါဘူးလေ။ ကုန်းမြေပေါ်မှာ ထရန်နိုဆောရက်ရပ်စ်ကို ယှဉ်နိုင်တဲ့ သတ္တဝါဆိုတာ လက်ချိုးရေလို့ ရတာပဲ။

ဒါပေမဲ့ မစ်ရှင်ကို ဘယ်တော့ စသွားရင် ကောင်းမလဲ။

ထရန်နိုဆောရက်ရပ်စ်က ဒဏ်ရာ မပျောက်သေးတော့ နောက်ရက်နည်းနည်းလောက် စောင့်ရဦးမှာပဲ။

ထိုသို့ တွေးရင်း ဆုပိုင်မျက်လုံးကို မှိတ်လိုက်လေသည်။

ရက်အနည်းငယ် ကြာပြီးနောက်။

“ထရန်နိုဆောရက်ရပ်စ်အကောင်ပေါက်လေးကို လောင်ကျိုးဆီမှာ ထားခဲ့လိုက်၊ ငါတို့ ဒီည ထွက်မယ်”

ဆုပိုင်သည် ဘေးနားတွင် ရပ်နေသော ကျိုးဝမ်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“မင်း ဒဏ်ရာ တကယ်ပျောက်ပြီလား”

506 03

“ဒီတစ်ခါ မစ်ရှင်က မလွယ်ဘူးနော်၊ မင်း မလိုက်ဘဲ နေပါလား”

ဒီနေ့ ထွက်ခွာတော့မဲ့ အချိန်ကျမှ ကျိုးဝမ် ရိပ်မိသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ကျိုးဝမ် ကို တိုက်ရိုက်ထုတ်လွှင့်မှု နေရာထဲ တစ်ခါ ခေါ်သွားဖူးတာကြောင့် ဒီကောင်မလေး တစ်ခုခု ထူးခြားတာကို သတိထားမိနေမှာ သေချာသည်။

ဒါပေမဲ့...

အခုချိန်ထိ သူမ ဘာမှ ထုတ်မပြောခဲ့ဖူးပေ။

ဒါပေမဲ့ ဒီတစ်ခါက ဒိုင်နိုဆော မစ်ရှင်လေ။

ပြီးတော့ ဒိုင်နိုဆော ၁၀ ကောင်တောင် ပါတဲ့ ဧရာမ မစ်ရှင်ကြီး။ အောင်မြင်မလား ဆိုတာ ဆုပိုင်ကိုယ်တိုင်တောင် မရေရာဘူး။

တကယ်လို့ ရှုံးနိမ့်သွားရင် ဒိုင်နိုဆော ၁၀ မျိုးလုံးကို ထာဝရ လက်လွှတ်လိုက်ရမှာ။

“ကျွန်မ သက်သာသွားပါပြီ”

ကျိုးဝမ်သည် ကျောပိုးအိတ်လေးကို လွယ်လိုက်ပြီး ဆုပိုင်ကို ချိုသာစွာ ပြုံးပြလိုက်သည်။

“သွားကြစို့ ရှင်တစ်ယောက်တည်း သွားမှာ ကျွန်မ စိတ်မချဘူး။ ဘာပဲပြောပြော ကျွန်မက ငယ်ငယ်ကတည်းက အသက်ရှင်ရပ်တည်ရေး လေ့ကျင့်မှုတွေ အမျိုးမျိုး လုပ်ခဲ့ဖူးတာပဲ၊ ရှင့်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး”

“ဟူး...”

“ကောင်းပြီလေ”

“လာ တက်”

ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်ကျောပေါ်သို့ အရင်တက်လိုက်ပြီး ကျိုးဝမ် ကို လက်လှမ်းဆွဲတင်ပေးလိုက်သည်။

ထို့နောက် စိတ်ထဲမှနေ၍ စနစ်ကို အမိန့်ပေးလိုက်သည်။

“တင် မစ်ရှင် အောင်မြင်စွာ စတင်ပါပြီ”

“ဤမစ်ရှင်သည် အလွန်အန္တရာယ်များပါသဖြင့် မစ်ရှင်နေရာမှ အချိန်မရွေး ထွက်ခွာနိုင်ပါသည်”

“ရေတွက်မှု စတင်ပါပြီ”

“၁၀”

“၉”

“၈”

“. . .”

++++++

507 01

အခန်း 507

“ဂါး...”

မြေပြင်ပေါ်သို့ ရောက်သည်နှင့် ထရန်နိုဆောရက်ရပ်စ်ဟိန်းဟောက်လိုက်ရာ အဝေးမှ ဗီလိုစရက်တာအသေးစားလေး အချို့သည် ကြောက်လန့်တကြား ကြည့်ပြီး ထွက်ပြေးသွားကြသည်။

“ရှီး...”

“ပြီးခဲ့တဲ့ တစ်ခေါက်က နေရာ မဟုတ်လောက်ဘူး”

ဆုပိုင် တုန်ရီသွားပြီး ရေရွတ်လိုက်သည်။

ကျောပိုးအိတ်ထဲမှ အနွေးထည် အထူကြီးကို ထုတ်ကာ ရှေ့မှကျိုးဝမ်ကို ပေးလိုက်သည်။

“ဒါ ဝတ်ထားလိုက်၊ ဒီနေရာက အပူချိန် အရမ်းနိမ့်တယ်”

ပြောရင်းပင် သူကိုယ်တိုင်လည်း အနွေးထည်ကြီး ဝတ်ဆင်လိုက်သည်။

“ဘုန်း ဘုန်း...”

ထရန်နိုဆောရက်ရပ်စ်၏ ခြေလှမ်းတိုင်းတွင် မြေကြီး တုန်ခါသွားသည်။

ဆုပိုင်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

အရမ်း ထူးဆန်းနေသည်။

ဘယ်လိုလုပ် ဒီလိုနေရာမျိုး ရောက်လာရတာလဲ။

ပတ်ဝန်းကျင်တွင် သစ်တောများ ရှိနေသေးသော်လည်း သစ်ပင်အားလုံး ခြောက်သွေ့သေဆုံးနေကြပြီ။

မြေကြီးပေါ်မှ မြက်ခင်းများလည်း အားလုံး ခြောက်သွေ့ ဝါဖျော့နေသည်။

ဆုပိုင်၏ ရှေ့တည့်တည့်တွင်တော့...

အသီးအရွက်စား ဒိုင်နိုဆော အသေကောင် ဒါဇင်ပေါင်းများစွာ လဲကျသေဆုံးနေကြသည်။

ထရန်နိုဆောရက်ရပ်စ်ကို မောင်းနှင်ကာ ဒိုင်နိုဆော အသေကောင် တစ်ကောင်နားသို့ သွားလိုက်သည်။ ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး အသေချာ ကြည့်ရှုစစ်ဆေးလိုက်သည်။

ခုနက ဗီလိုစရက်တာတွေ စားနေတာ ဒီအသေကောင်ကိုး။

ဒါပေမဲ့...

အသေကောင်ပေါ်တွင် ရေခဲမှုန် ပါးပါးလေးများ ဖုံးအုပ်နေသည်။

ဒိုင်နိုဆော ခန္ဓာကိုယ်ထဲမှ သွေးများပင် ခဲစပြုနေပြီ ဖြစ်သည်။

“ဟူး...”

ဆုပိုင်ပါးစပ်မှ အခိုးအငွေ့များ မှုတ်ထုတ်လိုက်ရင်း တောင့်တင်းနေသော ဒိုင်နိုဆော၏ ဒဏ်ရာကို လက်ဖြင့် ဖွကြည့်လိုက်သည်။

ဝမ်းဗိုက်ထဲတွင် ဘာအစာမှ မရှိပေ။

မြေပေါ်ရှိ အသေကောင်ကို မော့ကြည့်ရင်း ဆုပိုင်လေးနက်စွာ ပြောလိုက်သည်။

“ဒါတွေ အကုန်လုံး အစာငတ်ပြီး သေကုန်ကြတာပဲ”

“အစာငတ်ပြီး သေတာ”

ကျိုးဝမ်လည်း ထိုင်ချလိုက်ပြီး ဒိုင်နိုဆော၏ ဝမ်းဗိုက်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ဒီနေရာက အပူချိန် မမှန်ဘူး။ ပုံမှန်ဆိုရင် ဒီလို မြက်ခင်းပြင်ကျယ်ကြီးတွေ၊ သစ်တောကြီးတွေ ရှိတဲ့နေရာက ဒီလောက် အေးစရာ အကြောင်းမရှိဘူး”

“ဟုတ်တယ်”

“ဒါမှမဟုတ်ရင်...”

ဆုပိုင်သည် အဝေးမှ တောင်တန်းများပေါ်ရှိ ရေခဲပြင်များကို မော့ကြည့်ရင်း အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“ဒါ ရေခဲခေတ် မတိုင်ခင် ကာလ ဖြစ်လောက်တယ်။ အပူချိန်က တဖြည်းဖြည်း ပိုနိမ့်လာမှာ သေချာတယ်။ ငါတို့ ရှေ့ဆက်သွားကြည့်ရအောင်”

တော်သေးတာပေါ့ ရေခဲခေတ် မတိုင်ခင် ရောက်လာလို့။ တကယ်လို့များ ရေခဲပြင်ကြီး ဖြစ်သွားပြီးမှ ရောက်လာရင်တော့ တကယ့် ပြဿနာပဲ။

507 02

[ဘုရားရေ ဒါရိုက်တာဆုပိုင်က တိတ်တဆိတ်ကြီး တိုက်ရိုက်လွှင့်နေပြန်ပြီ။ ငလျင်ပြီးတာ ရက်ပိုင်းပဲ ရှိသေးတာလေ။ သူ့ခန္ဓာကိုယ်က ခံနိုင်ပါ့မလား?]

[အလုပ်ကြိုးစားပါတယ်ဆိုတဲ့ ကုန်ထုတ်လုပ်ရေးအဖွဲ့က မြည်းတောင် ဒီလို မလုပ်ရဲဘူးနော် ငါ ဘယ်လိုသိလဲတော့ မမေးနဲ့ (ခွေးခေါင်းပုံ)]

[ဒါပေမဲ့ ဒီတစ်ခါ မစ်ရှင် နာမည်က ကြမ်းတယ်ဟ။ ဒိုင်နိုဆော ၁၀ မျိုးတဲ့ ရှီး အကုန်လုံးက ထရန်နိုဆောရက်ရပ်စ်လိုမျိုး အကောင်တွေလား။ ဒါဆိုရင်တော့ သိပ်မိုက်တာပဲ]

[ထရန်နိုဆောရက်ရပ်စ်အပိုင်းတုန်းက ငါ ကြည့်ဖူးတယ်။ ရာသီဥတုက ဒီလိုမဟုတ်ပါဘူး။ ဒီတစ်ခါ ထုတ်လွှင့်မှုက နည်းနည်း ထူးဆန်းနေသလိုပဲ။]

[ငါလည်း ထင်တယ်။ အပူချိန်က အရမ်းနိမ့်နေသလိုပဲ။ အခုမှ စလွှင့်တာ ခဏပဲ ရှိသေးတယ်၊ ကြည့်ပါဦး ဒါရိုက်တာဆုပိုင်ရဲ့ မျက်ခုံးမွှေးတွေတောင် ခဲနေပြီ။]

[ဒီအပူချိန်က အနည်းဆုံး အနုတ် ၁၀ ဒီဂရီလောက် ရှိမယ်။ ဘေးနားက သစ်ပင်တွေ၊ မြက်ပင်တွေလည်း အကုန် အေးခဲသေဆုံးကုန်ပြီ။]

. . .

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်များသည် ဖန်သားပြင်မှ မြင်ကွင်းကို ကြည့်ရင်း စာတိုများ ပေးပို့ မေးမြန်းနေကြသည်။

ပြီးတော့...

ဒီတစ်ခါ မစ်ရှင်က ဘယ်လိုကြည့်ကြည့် အန္တရာယ် များမည့်ပုံ ပေါက်နေသည်။

ပြီးခဲ့တဲ့ ထရန်နိုဆောရက်ရပ်စ်မစ်ရှင်တုန်းက ဆုပိုင်သေဘေးကနေ သီသီလေး လွတ်လာခဲ့ရတာ သူတို့ မျက်မြင်ကိုယ်တွေ့ပဲလေ။

အဲဒါက ဒိုင်နိုဆော တစ်ကောင်တည်း ရှိတာနော်။

အခုက ၁၀ မျိုးတောင် ဆိုတော့ အောင်မြင်ပါ့မလား။

ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်နှင့်အတူ မြက်ခင်းပြင်ပေါ် လျှောက်သွားနေသည်။ ယခုအခါ မြက်ခင်းပြင်သည် မြောက်ဝင်ရိုးစွန်း ရေခဲပြင်ကဲ့သို့ ဖြစ်နေပြီ။

မာကျောလွန်းလှသည်။

ဖိနပ်ဖြင့် နင်းလိုက်တိုင်း “ဘုတ် ဘုတ်” ဟူသော အသံများ ထွက်ပေါ်နေသည်။

ရှေ့မှ မှတ်ချက်များကို ကြည့်ရင်း ဆုပိုင်အသက်ပြင်းပြင်း ရှူသွင်းကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ၊ ဒီတစ်ခါ မစ်ရှင်ကို လူတိုင်း သိပြီးကြလောက်ပါပြီ”

“ဟုတ်ပါတယ် ကျွန်တော်တို့ ဒိုင်နိုဆော ကမ္ဘာကို နောက်တစ်ခေါက် ရောက်လာတာပါ။ ဒါပေမဲ့ ဒီတစ်ခါက အရင်နဲ့ မတူပါဘူး။ ကျွန်တော် မမှားဘူးဆိုရင် အခု ကျွန်တော်တို့ ရောက်နေတဲ့ အချိန်ကာလက ရေခဲခေတ် အစောပိုင်း ကာလ၊ တစ်နည်းအားဖြင့် ရေခဲခေတ် မရောက်ခင် ကာလပါ”

“မျိုးသုဉ်းခြင်း ကပ်ဘေးကြီး နောက်ပိုင်းမှာ ဒီလို အချက်အလက်တွေ ပျောက်ဆုံးကုန်တာမျိုး ဖြစ်နိုင်ပါတယ်။ မပျောက်ဘူး ဆိုရင်တောင် ကျန်ခဲ့တဲ့ မှတ်တမ်းတွေက လက်ချိုးရေလို့ ရလောက်တယ်”

“ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော်တို့ သရုပ်ဖော်ပြသနေတဲ့ မြင်ကွင်းက ရေခဲခေတ် မတိုင်ခင် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို အတိအကျ ပြသနိုင်မှာပါ”

“ကျွန်တော် ပြောပြချင်တာက သိထားသမျှ မှတ်တမ်းတွေအရဆိုရင် ကမ္ဘာတစ်ဝန်းလုံးကို လွှမ်းခြုံတဲ့ ရေခဲခေတ်က နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ပထမ ရေခဲခေတ် မတိုင်ခင်တုန်းက အဆင့်မမြင့်သေးတဲ့ တိရစ္ဆာန်တွေ၊ ဆင့်ကဲဖြစ်စဉ် မကြုံရသေးတဲ့ တိရစ္ဆာန်တွေပဲ ရှိခဲ့တာပါ။ နေရာတိုင်းမှာ ရေခဲတွေ ဖုံးလွှမ်းနေခဲ့တယ်။ ပထမ ရေခဲခေတ် ပြီးဆုံးသွားမှသာ...”

“တိရစ္ဆာန် အများအပြား ဆင့်ကဲပြောင်းလဲလာပြီး ပတ်ဝန်းကျင်သစ်နဲ့ လိုက်လျောညီထွေ နေထိုင်လာနိုင်ခဲ့ကြတယ်။ အဲဒီအချိန်ကျမှသာ ဧရာမ တိရစ္ဆာန်ကြီးတွေ စတင်ပေါ်ပေါက်လာပြီး ကမ္ဘာမြေကို စိုးမိုးလာခဲ့ကြတာပါ”

“ထရန်နိုဆောရက်ရပ်စ်ဆိုတာကလည်း အဲဒီခေတ်မှာ ပေါ်ပေါက်လာတဲ့ မျိုးစိတ်တစ်ခုပါပဲ”

“ဒါပေမဲ့ အချိန်ကာလ ကြာမြင့်လာပြီးတဲ့နောက် ကမ္ဘာမြေဟာ ဒုတိယအကြိမ် ရေခဲခေတ်ကို ကြုံတွေ့ခဲ့ရပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ထရန်နိုဆောရက်ရပ်စ်လိုမျိုး ဧရာမ သတ္တဝါကြီးတွေ အားလုံးနီးပါး မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ရပြီး တိရစ္ဆာန်အားလုံး ထပ်မံ ဆင့်ကဲပြောင်းလဲကာ အကောင်ငယ်လေးတွေ အစားထိုး နေရာယူလာကြပါတယ်”

“ဒါပေမဲ့ အဲဒီအထဲမှာ ရေခဲခေတ်ကို ကြံ့ကြံ့ခံပြီး အသက်ရှင် ကျန်ရစ်ခဲ့တဲ့ တိရစ္ဆာန်တွေလည်း အများကြီး ရှိပါတယ်။ ဒါကို နောက်ပိုင်း တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ တွေ့ရပါလိမ့်မယ်”

507 03

ဆုပိုင်သည် ဘေးနားရှိ ဧရာမ ဒိုင်နိုဆော အသေကောင်ကြီးကို ငုံ့ကြည့်လိုက်ပြီး ကျိုးဝမ်ကို တစ်ချက်ပြုံးပြကာ ဆက်လက် ရှင်းပြသည်။

“အားလုံး မြင်တဲ့အတိုင်းပါပဲ၊ ရာသီဥတု အခြေအနေကြောင့် အပင်တွေ အားလုံးနီးပါး အေးခဲသေဆုံးကုန်ပါပြီ။ ကျွန်တော်တို့ ဘေးနားက ဒီအသီးအရွက်စား ဒိုင်နိုဆောကြီးတွေ ဆိုရင် အစားအစာ ပြတ်လပ်ပြီး ငတ်သေကုန်ကြတာပါ။ ဒါက ရေခဲခေတ် ရောက်ခါနီး ပထမအဆင့်ပဲ ရှိပါသေးတယ်”

“ကျွန်တော်တို့ရဲ့ ဒီတစ်ခါ ထုတ်လွှင့်မှုက ဒုတိယ ရေခဲခေတ် မတိုင်ခင် ကာလ ဖြစ်လောက်ပါတယ်။ အခုထိ နှင်းတွေ အကြီးအကျယ် မကျသေးဘူး။ မကြာခင်မှာ နှင်းတွေကျလာပြီး အပူချိန်ကလည်း တဖြည်းဖြည်း ကျဆင်းလာလိမ့်မယ်။ အနုတ်ဒီဂရီပေါင်းများစွာ ထိတောင် ရောက်သွားနိုင်တယ်”

“အဲဒီအချိန်ကျရင် ကုန်းမြေတစ်ခုလုံး နှင်းတွေ ဖုံးသွားရုံသာမက ပင်လယ်ပြင်ကြီးပါ ရေခဲပြင် ဖြစ်သွားလိမ့်မယ်”

“တိရစ္ဆာန် အားလုံးနီးပါး မျိုးသုဉ်းကုန်ကြလိမ့်မယ်”

“မျိုးသုဉ်းခြင်း ကပ်ဘေးကြီး လိုပါပဲ၊ သဘာဝတရားက ဘေးအန္တရာယ်တွေ စေလွှတ်လိုက်ပြီး မျိုးစိတ်တွေကို ဆင့်ကဲပြောင်းလဲစေခဲ့တာပါ။ တကယ်လို့ အဲဒီတုန်းက ကျွန်တော်တို့ လူသားတွေသာ အသက်မရှင်ခဲ့ရင် အခုအချိန်မှာ ကမ္ဘာမြေကြီးက ပြီးခဲ့တဲ့ ရေခဲခေတ် နှစ်ကြိမ်လိုပဲ နှစ်ပေါင်းများစွာ အနားယူပြီးမှ မျိုးစိတ်သစ်တွေ ပြန်လည် မွေးဖွားလာမှာပါ”

“ဒါကြောင့်မို့လို့ ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ တိရစ္ဆာန်တွေကို ကာကွယ်ဖို့ အမြဲတမ်း တိုက်တွန်းနေရတာပါ။ ကမ္ဘာမြေကြီး ပျက်စီးယိုယွင်းမှု အတိုင်းအတာ တစ်ခုရောက်သွားရင် ရေခဲခေတ်လို ဧရာမ ကပ်ဘေးကြီးတွေ ကျရောက်လာပြီး အစကနေ ပြန်စရလိမ့်မယ်”

ဆုပိုင်ပြောပြီးသွားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ပင်လယ်ပြင်ကြီး တစ်ခုလုံး ရေခဲပြင် ဖြစ်သွားမည့် ကမ္ဘာမြေကြီး၏ ပုံရိပ်ကို ဘယ်သူမှ စိတ်ကူးမယဉ်ရဲကြပေ။

ဒါတင်မကသေး။

လူတိုင်း ဆုပိုင်ပြောသည်ကို လက်ခံကြသည်။ မျိုးသုဉ်းခြင်း ကပ်ဘေးကြီး ကာလတုန်းက လူသားတွေ ကံကောင်းလို့ အသက်ရှင်ခဲ့ရပေမဲ့ ပေးဆပ်ခဲ့ရတာတွေကလည်း များပြားလွန်းလှသည်။

ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းက သဘာဝဘေးတွေ အများကြီး တပြိုင်နက် ဖြစ်ခဲ့တာလေ။

ကမ္ဘာကြီးက အရာအားလုံးကို သုည ပြန်လုပ်ပြီး အစကနေ ပြန်စဖို့ ကြိုးစားခဲ့တာ ထင်ရှားပါသည်။

. . .

++++++

All Chapters