← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း 514 အသက်ဘေးမှ သီသီလေး (၁/၂)

"ဟူး . . ."

ဝမ်ချန်သည် စားသောက်ဆိုင် ကုလားထိုင်ပေါ်တွင် ထိုင်လျက် လက်ချောင်းများကို စားပွဲအောက်တွင် တင်းတင်းဆုပ်နယ်ရင်း စိတ်လှုပ်ရှားစွာဖြင့် ရှိနေသည်။ ရှေ့တွင် ထိုင်နေသော ခန့်ညားထည်ဝါသည့် ပုဂ္ဂိုလ်ကြီးကို ခိုးခိုးကြည့်မိသည်။

ဒီလူကြီးက သူ့ဆီ စာပို့ခဲ့တဲ့ ဌာနမှူး ဆိုတာလား။

ဒါဆို သူက ...စာပြန်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သူ့ကို အပြစ်တင်မလား မသိဘူး။ ဒါပေမဲ့ ...ဒီလူတွေ အခု ဘာအကြောင်း ဆွေးနွေးနေကြတာလဲ။

"အဟွတ် ...အဟွတ် . . ."

နန်ကုန်းယွမ်သည် လူအားလုံးကို ဝေ့ကြည့်လိုက်ပြီး နားထင်ကို နှိပ်နယ်ရင်း ပြောလိုက်သည်။

"ဒါလည်း မဖြစ်နိုင်ဘူး၊ ဟိုဟာလည်း မဖြစ်နိုင်ဘူး။ ကဲ ...အားလုံးပဲ သေချာ ပြန်စဉ်းစားကြပါဦး၊ ဒိုင်နိုဆောတွေ နေထိုင်ဖို့အတွက် တခြား ဘယ်နေရာတွေ ရှိသေးလဲ ဆိုတာကို။ အသီးအရွက်စား ဒိုင်နိုဆောတွေရဲ့ သဘာဝကိုလည်း ထည့်စဉ်းစားရမယ်၊ သစ်ပင်တွေ ထူထပ်ဖို့ လိုတယ် . . ."

လူတိုင်း မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေကြသည်။

သူတို့ ဆွေးနွေးလာခဲ့ကြသည်မှာ ၃ နာရီပင် ကျော်လွန်ခဲ့ချေပြီ။ တရုတ်နိုင်ငံအတွင်း အသုံးပြုနိုင်မည့် နေရာအားလုံးကို စဉ်းစားပြီးကြပြီ ဖြစ်သော်လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီသော နေရာဟူ၍ ရှားပါးလှသည်။

ဒါက ဒိုင်နိုဆောဆိုတာကိုလည်း မမေ့သင့်ဘူးလေ။ ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှုထဲက အခြေအနေကို ကြည့်ရင် အကောင်ကြီးတွေက အများစု ဖြစ်နေတယ်။ သေချာတာ တစ်ခုကတော့ လူနေထူထပ်တဲ့ နေရာမျိုးမှာ ထားလို့ မဖြစ်နိုင်ဘူး ဆိုတာပဲ။

တကယ်လို့များ မတော်တဆ လွတ်ထွက်သွားခဲ့ရင် ...တိရစ္ဆာန်ဥယျာဉ်က ပြန်လည်အသက်သွင်းထားတဲ့ တိရစ္ဆာန်တွေက လူကို စတင် ရန်မပြုတတ်ဘူး ဆိုပေမဲ့…လူသားတွေရဲ့ မကောင်းတဲ့ စိတ်ဓာတ်ကိုလည်း ထည့်တွက်ရမယ်။ တကယ်လို့များ မသိနားမလည်တဲ့ လူတစ်ယောက်ယောက်က သွားပြီး ရန်စမိရင် ပြဿနာ တက်နိုင်သည် မဟုတ်ပါလော။

"ပင်လယ်ထဲက ကျွန်းတစ်ကျွန်းကျွန်းကို စဉ်းစားကြည့်ရင်ရော ဘယ်လိုနေမလဲ?"

ဝမ်ချန်သည် လူအားလုံးကို ကြည့်ကာ တိုးတိုးလေး အကြံပြုလိုက်သည်။

"ကျွန်း?"

နန်ကုန်းယွမ်ရေရွတ်လိုက်ပြီး ဘေးနားရှိ ဆေးလိပ်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။ ဆေးလိပ်ငွေ့များကို ရှူရှိုက်လိုက်ပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကျွန်းဆိုရင်လည်း ဧရိယာက မသေးမှ ဖြစ်မယ် ငါတို့ တရုတ်မှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျွန်းတွေ ရှိတော့ ရှိတယ်။ ဒါပေမဲ့ ...သယ်ယူပို့ဆောင်ရေးကျတော့ ပြဿနာ ရှိနေပြန်ရော… ပြီးတော့ စီမံခန့်ခွဲတဲ့ နေရာမှာလည်း ...လူတစ်ယောက်က အမြဲတမ်း အဲဒီမှာ သွားနေရမှာလား"

ပြောရင်း နန်ကုန်းယွမ်သည် ထိုင်ခုံမှ ထလိုက်ပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

"ဒါပေမဲ့ ကျွန်းကို ရွေးချယ်တာကလည်း နည်းလမ်းကောင်း တစ်ခုတော့ ဖြစ်နိုင်တယ် ...လူတွေနဲ့ ဝေးဝေးနေနိုင်သလို ဒိုင်နိုဆောတွေ လျှောက်ပြေးမှာလည်း မပူရတော့ဘူးပေါ့ . . ."

"ကျွန်တော်ကတော့ သိပ်မဖြစ်နိုင်ဘူး ထင်တယ်"

514 02

အောက်ဘက်တွင် ထိုင်နေသော တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနမှ အရာရှိတစ်ဦးက လက်ချောင်းများကို ပွတ်သပ်ရင်း ဝင်ပြောသည်။

"ဒိုင်နိုဆောတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ကျွန်တော်တို့ အားလုံး သိကြတာပဲ။ ပြီးတော့ ...အစပိုင်းမှာ ကျွန်တော်တို့အနေနဲ့ ဒိုင်နိုဆော အရေအတွက်ကို ထိန်းချုပ်ဖို့ လိုတယ်။ တကယ်လို့ ကျွန်းပေါ် ပို့လိုက်ရင် ဒါရိုက်တာဆုပိုင်ရှိနေမှ ရမယ်။ သူ မရှိဘဲ ဘယ်သူက ဒိုင်နိုဆောတွေကို ထိန်းချုပ်နိုင်မှာလဲ။ တကယ်လို့များ အချင်းချင်း တိုက်ခိုက်ကြလို့ တစ်ကောင်လောက် သေဆုံးသွားရင်တောင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှု ကြီးမားလွန်းတယ်!"

ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားကြပြန်သည်။

ဒါက တကယ့် အခက်အခဲကြီး တစ်ခုပင်။ ကောင်းကင်ပြာ တိရစ္ဆာန်ဥယျာဉ်ရှိနေသမျှ ဒါရိုက်တာဆုပိုင်အနေဖြင့် ကျွန်းပေါ်တွင် အချိန်ကြာမြင့်စွာ သွားရောက်နေထိုင်ရန် မဖြစ်နိုင်ပေ။

တစ်ခဏချင်းစီတွင် လူတိုင်း ဦးနှောက်ခြောက်အောင် စဉ်းစားနေကြရသည်။

"ကျွန် ...ကျွန်တော် စမ်းကြည့်ချင်တယ် . . ."

ထိုစဉ် ဝမ်ချန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မတ်တပ်ထရပ်ကာ လေးနက်သော မျက်နှာထားဖြင့် လူတိုင်းကို ပြောလိုက်သည်။

"ကျွန်တော် ကျွန်းပေါ်မှာ အမြဲတမ်း နေပေးလို့ ရပါတယ်။ ကံကောင်းရင် ဒီဒိုင်နိုဆောတွေရဲ့ အသိအမှတ်ပြုမှုကို ရနိုင်လောက်ပါတယ်။ တကယ်လို့များ အောင်မြင်ခဲ့ရင် ...ဒိုင်နိုဆောကျွန်းကို ဒါရိုက်တာဆုပိုင်အစား ကျွန်တော် ကူညီ စောင့်ရှောက်ပေးလို့ ရပြီပေါ့ . . ."

"မင်း ယုံကြည်မှု ရှိလို့လား?"

နန်ကုန်းယွမ်မျက်လုံးမှေးကာ မေးလိုက်သည်။

"မရှိပါဘူး!"

ဝမ်ချန် ပြတ်ပြတ်သားသား ဖြေလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်။ ဒါရိုက်တာဆုပိုင်အခု ပြန်လည်အသက်သွင်းထားတဲ့ ဒိုင်နိုဆောတွေ အကြောင်းကို ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ အသေးစိတ် မှတ်တမ်းတင်ထားပါတယ်။ သူတို့ရဲ့ အလေ့စရိုက်၊ လှုပ်ရှားမှု ပုံစံတွေ အကုန်လုံး မှတ်ထားပါတယ်။ ဌာနမှူး ကြည့်ချင်ရင် ကြည့်နိုင်ပါတယ်!"

ပြောရင်း ဝမ်ချန်သည် သူ ပြုစုထားသော စာရွက်စာတမ်းများကို ကမ်းပေးလိုက်သည်။

"ဟော...တကယ်ကို အသေးစိတ် ကျတာပဲ။ ငါတို့ ဌာနက မှတ်တမ်းတွေထက်တောင် ပြည့်စုံနေပါလား။ ငါတို့ မစဉ်းစားမိတဲ့ အချက်တွေတောင် ပါတယ်။ ဟုတ်ပါ့၊ ဒီမှာ ကြည့်ပါဦး ...မစင်နဲ့ နယ်မြေ သတ်မှတ်တယ်ဆိုတဲ့ အချက်လေ။ တချို့ တိရစ္ဆာန်တွေက အဲဒီလို လုပ်တတ်ကြတာ။ တကယ်လို့ ဒိုင်နိုဆောတွေသာ အဲဒီလို လုပ်တတ်ရင် တကယ် အဆင်ပြေသွားပြီ။ မိုက်တယ်ဟေ့ ...ငါတို့ ဌာနက မှတ်တမ်းရေးတဲ့လူ ဘယ်သူလဲ။ ဒီကောင်လေးဆီမှာ လာသင်ခိုင်းရမယ်"

လူတိုင်း ဖိုင်တွဲကို လှန်လှောကြည့်ရှုပြီးနောက် ရှေ့မှ ရိုးသားသော လူငယ်လေးကို ချီးကျူးလိုက်ကြသည်။

ဝန်ခံရမည်ဆိုလျှင် ...ဖိုင်တွဲထဲမှ အချက်အလက်များသည် သူတို့ဌာနရှိ အချက်အလက်များထက် ပိုမို ပြည့်စုံနေသည်။

အဓိက အချက်မှာ ...ဒီလူငယ်လေးက သူ့ရဲ့ ကိုယ်ပိုင် ယူဆချက်တွေကိုပါ ထည့်သွင်း ရေးသားထားခြင်းပင်။ ဒိုင်နိုဆောများ၏ နယ်မြေပိုင်ဆိုင်မှု အသိစိတ်၊ အကောင်ငယ်လေးများ၏ မှီခိုနေထိုင်မှု သဘောတရား ...စသည်ဖြင့် သူတို့ မတွေးမိသော အချက်အလက်များ ပါဝင်နေသည်။

"ဟူး . . ."

514 03

နန်ကုန်းယွမ်သည် စာရွက်စာတမ်းများကို ကြည့်ရင်း ဆေးလိပ်ငွေ့များကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။ စကားပြောရန် ပြင်လိုက်စဉ် . . .

"အဟီးးး. . ."

စားပွဲပေါ်တွင် ရပ်နေသော ငှက်တောသည် ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ အတောင်ပံဖြင့် ပါးစပ်ကို အုပ်လိုက်သည်။ နန်ကုန်းယွမ်မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ"

"အာ . . ."

ငှက်တော လန့်သွားပြီး ခေါင်းကို အမြန် ခါယမ်းလိုက်သည်။

သူ ဒီစားသောက်ဆိုင်ထဲ ရောက်နေတာက အကြောင်းရှိတယ်။ အပြင်မှာ အာဟက သူ့ကို လက်စားချေဖို့ လိုက်ရှာနေတာလေ။ သူ့အစ်ကိုကြီး ဝက်ဝံမည်းက အာဟကို ဆုံးမပြီးကတည်းက အခုထိ အိပ်ရာက မနိုးသေးဘူး။ ဘယ်လောက် အော်ခေါ်ခေါ် နိုးမလာဘူး။ ဒါကြောင့် မတတ်သာဘဲ ဒီလူအုပ်ကြီးနောက် လိုက်ပြီး စားသောက်ဆိုင်ထဲ ပုန်းနေရတာ။

ဒီလူတွေ ဆွေးနွေးနေတာကို သူ စိတ်မဝင်စားပါဘူး။ ဘာဒိုင်နိုဆောပဲ ဖြစ်ဖြစ် ကောင်းတဲ့ကောင် မပါဘူး ဆိုတာတော့ သေချာတယ်။ တကယ်လို့ အကုန်လုံးသာ နဂါးအမေလို စိတ်ကြီးနေရင် သူတို့ သေဖို့ပဲ ရှိတော့မှာပေါ့။

"ခင်ဗျား ...ခင်ဗျား နှာစေးနေတာလား"

ငှက်တော ခေါင်းစောင်းကာ ရုတ်တရက် မေးလိုက်သည်။

"ဘာစကားလဲ? ငါ ဘယ်မှာ နှာစေးနေလို့လဲ?"

နန်ကုန်းယွမ်ဆေးလိပ်ညှပ်ထားရင်း မျက်နှာပျက်သွားသည်။

"စကားပြောလွန်းလို့ အသံဝင်နေတာများလား? မဟုတ်ပါဘူး ...ခင်ဗျား နှာခေါင်းပေါက် တစ်ဖက်တည်းကပဲ မီးခိုးထွက်နေလို့ . . ."

နန်ကုန်းယွမ်: ". . ."

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ထဲမှ ဆေးလိပ်ကို မီးသတ်လိုက်သည်။ ထို့နောက် ရှေ့မှ ဝမ်ချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ကောင်းပြီ၊ ကျွန်းပေါ် ထားမဲ့ အစီအစဉ်က ကောင်းတယ်။ ငါတို့ ဒီနည်းလမ်းကိုပဲ သုံးကြမယ်။ တကယ်လို့ မင်းသာ ဒိုင်နိုဆောတွေရဲ့ အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့ရင် ...အဲဒီကျရင် ဒိုင်နိုဆောကျွန်းရဲ့ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာန တာဝန်ခံအဖြစ် မင်းကို ခန့်အပ်မယ်။ ကဲ ...အခု ငါတို့ သုံးလို့ရမဲ့ ကျွန်းတွေ အားလုံးကို စာရင်းပြုစုကြမယ်။ ပြီးရင် ဒါရိုက်တာဆုပိုင်ကို ရွေးခိုင်းမယ်။ စာချုပ်ချုပ်ထားတဲ့ နိုင်ငံတွေထဲမှာ ကျွန်းရှိရင်လည်း ထည့်စဉ်းစားလို့ ရတယ်။ အစည်းအဝေး သိမ်းပြီ"

လက်ဝှေ့ယမ်းကာ နန်ကုန်းယွမ် ထရပ်လိုက်သည်။ ငှက်တော ကို တစ်ချက်ကြည့်ပြီးနောက် သန့်စင်ခန်းဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

သန့်စင်ခန်းထဲ ရောက်တော့မှ လက်သန်းလေးဖြင့် နှာခေါင်းကို အားရပါးရ ကလော်လိုက်သည်။

"သောက်ကျိုးနည်း ...နှာစေးတာ မဟုတ်ပါဘူး၊ ပိတ်နေတာကိုး"

…

++++++

515 01

အခန်း 515

အပြင်လောကတွင် ဒိုင်နိုဆောများ နေထိုင်ရန် ကျွန်းရှာဖွေနေကြခြင်းကို ဆုပိုင်လုံးဝ မသိရှိချေ။ သိခဲ့လျှင်တောင်မှ သူ ဂရုစိုက်နိုင်မည့် အချိန်မရှိပေ။

အဘယ်ကြောင့်ဆိုသော် . . .

"မြန်မြန်… နည်းနည်းလောက် မြန်မြန် ပြေးစမ်းပါ။ မီတော့မယ်"

ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်ကျောပေါ်တွင် ထိုင်လျက် ရှေ့မှ ပြေးလွှားနေသော ဗီလော်စီရက်ပ်တာအုပ်စုကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

"ဂါး . . ."

ထရန်နိုဆောရက်ရပ်စ်သည် မိုးပေါ်ထောင်ကာ ဟိန်းဟောက်လိုက်ပြီး ခုန်ပျံကျော်လွှားကာ အမြီးတယမ်းယမ်းဖြင့် လိုက်ဖမ်းလေသည်။

သူတို့နောက်မှ အန်ကီလိုဆောရပ်စ် များကတော့ ခန္ဓာကိုယ် ကြီးမားလွန်းသဖြင့် ဖင့်နှေးလေးလံစွာ လိုက်ပါလာကြသည်။

"ဆုပိုင်...ဒီကောင်တွေ ပြေးတာ အရမ်းမြန်တယ်။ ပြီးတော့ တချို့နေရာတွေက ထရန်နိုဆောရက်ရပ်စ်ဝင်ဖို့ ခက်ခဲတယ်။ သတိထားနော်။ ငါတို့ အထင်လွဲနေတာများလား။ ထရန်နိုဆောရက်ရပ်စ် ရှိနေရက်နဲ့ ဒီဒိုင်နိုဆောတွေက ဘာလို့ မရပ်တန့်ရဲကြတာလဲ?"

ကျိုးဝမ်သည် ဆုပိုင်၏ ရှေ့တွင် ထိုင်လျက် ထရန်နိုဆောရက်ရပ်စ်၏ ကျောကုန်းကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း လေတိုးသံများကို အော်ဟစ် ဖောက်ထွက် ပြောဆိုလိုက်သည်။

"မဟုတ်ဘူး၊ ဒီကောင်တွေ တမင် လုပ်နေတာ"

ဆုပိုင်ရေရွတ်လိုက်ပြီး ဗီလော်စီရက်ပ်တာများကို မျက်တောင်မခတ် ကြည့်နေလိုက်သည်။

ဒီကောင်တွေရဲ့ အပြုအမူက အရမ်း ထူးဆန်းနေသည်။ ထရန်နိုဆောရက်ရပ်စ်ကို ကြောက်ရွံ့ပုံ မပေါ်သည့်အပြင် ...သူတို့ ခြေလှမ်း နှေးသွားလျှင် ထိုကောင်လေးများကပါ ရပ်တန့်ကာ စောင့်ဆိုင်းနေကြသေးသည်။

ဒါက ဆုပိုင်ကို ပိုပြီး သေချာစေသည်။ ဒီကောင်တွေက သူတို့ကို တစ်နေရာရာဆီ ဆွဲခေါ်သွားချင်နေတာ သေချာသည်။

မဟုတ်ရင် ...ဒီလောက်ထိ အပင်ပန်းခံပြီး သူတို့ကို လာရန်စနေစရာ အကြောင်းမရှိပေ။

အခု ဆုပိုင်တို့ အဖွဲ့ထဲမှာ ထရန်နိုဆောရက်ရပ်စ်တင်မကဘူး၊ အန်ကီလိုဆောရပ်စ် တွေပါ ပါနေတာလေ။ ဒီကောင်တွေ သေချင်နေတာ မဟုတ်ရင် ဘယ်လိုလုပ် လာပြီး ရန်စရဲမှာလဲ။

"ဘုန်း ...ဘုန်း ...ဘုန်း"

ထရန်နိုဆောရက်ရပ်စ်၏ ဧရာမ ခြေဖဝါးကြီးများက နှင်းထုပေါ် ကျရောက်တိုင်း ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်နေသည်။ အမြီးကြီးကလည်း နောက်တွင် တရမ်းရမ်း ဖြစ်နေသည်။

သူ အခု အရမ်း ဒေါသထွက်နေပြီ။ တကယ်လို့ ခြေအောက်က နှင်းတွေသာ မရှိရင် ဒီကောင်လေးတွေ သူ့လက်က လွတ်စရာ အကြောင်းမရှိဘူး။

အရင်တုန်းကဆိုရင် ဒီလို ဗီလော်စီရက်ပ်တာမျိုးက သူ စားကြွင်းစားကျန် စားဖို့လောက်ပဲ အခွင့်အရေး ရှိခဲ့တာ။ ဘယ်တုန်းကများ သူ့ကို လာပြီး ရန်စရဲလို့လဲ။

"ကျွီ . . ."

ဗီလော်စီရက်ပ်တာတစ်ကောင် အော်မြည်လိုက်ပြီး ရှေ့မှ နှင်းပြင်ကို ကြည့်ကာ ဦးတည်ချက် ပြောင်း၍ အဝေးမှ တောအုပ်ထဲသို့ ပြေးဝင်သွားသည်။ ဆုပိုင်နှင့် ထရန်နိုဆောရက်ရပ်စ်တို့ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

တောအုပ်ထဲ ရောက်သောအခါ ...ပတ်ဝန်းကျင်တွင် ခြောက်သွေ့နေသော သစ်ပင်ကြီးများ ပြည့်နှက်နေပြီး အဆုံးအစ မမြင်နိုင်အောင် ကျယ်ပြောလှသည်။

515 02

"ဂျွတ် . . ."

တခါတရံ သစ်ကိုင်းများ နှင်းဒဏ်ကြောင့် ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။

"မလောနဲ့၊ ဆက်မလိုက်နဲ့ဦး!"

ဆုပိုင်သည် တောအုပ် အခြေအနေကို ကြည့်ပြီး ထရန်နိုဆောရက်ရပ်စ်ကို အသာပုတ်ကာ တားဆီးလိုက်သည်။

သူတို့ ရှေ့တွင် ဧရာမ ခြေရာကြီး နှစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ကြည့်ရတာ ထရန်နိုဆောရက်ရပ်စ် ခြေရာထက် မသေးမည့်ပုံပင်။

"ဂါး ...လိုက်မယ်!!!"

နဂါးအမေသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မကျေမနပ် ဖြစ်နေသည်။

သူလည်း ခြေရာကို မြင်တာပါပဲ၊ ဒါပေမဲ့ ...ဘာဖြစ်လဲ… သူက ပြိုင်ဘက်ကင်း ထရန်နိုဆောရက်ရပ်စ် လေ။ သူ့ကို ယှဉ်နိုင်တဲ့ ကောင်ဆိုတာ ရှားရှားပါးပါးပဲ။ ဒီ ဗီလော်စီရက်ပ်တာလေးတွေရဲ့ ရန်စမှုကြောင့် သူ ဒေါသထွက်နေတာ အထွတ်အထိပ် ရောက်နေပြီ။ တိုက်ပွဲ တစ်ပွဲလောက် ဆင်နွှဲပြီး ဒေါသဖြေမှ ရတော့မယ်။

"မလောနဲ့ ...မလောနဲ့!"

ဆုပိုင်သည် နဂါးအမေကို နှစ်သိမ့်ပေးလိုက်သည်။ အနောက်က အန်ကီလိုဆောရပ်စ် တွေ ရောက်လာမှ ရှေ့ဆက်သွားလို့ ဖြစ်မယ်။ တကယ်လို့ အန္တရာယ်ရှိတဲ့ အသားစား သတ္တဝါကြီးတွေနဲ့ တွေ့ရင် ...မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ချင်ဘူးလေ။

"ဂါး . . ."

ရုတ်တရက် ရှေ့မှ သစ်ပင်ကြီး တစ်ပင်၏ နောက်ကွယ်မှ ထရန်နိုဆောရက်ရပ်စ်ထက် အနည်းငယ်သာ သေးငယ်သော ဧရာမ ဒိုင်နိုဆောကြီး တစ်ကောင် ထွက်ပေါ်လာသည်။ ဆုပိုင်စီးနင်းလာသော နဂါးအမေကို ကြည့်ပြီး စူးရှစွာ အော်ဟစ်လိုက်သည်။

ဓားသွားများကဲ့သို့ ထက်မြက်သော သွားနှစ်တန်းသည် သေသပ်စွာ စီတန်းနေပြီး နဖူးပေါ်တွင် အနီရောင် အမှတ်အသား တစ်ခု ပါရှိသည်။

"ဟူး . . ."

ဆုပိုင်အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ထရန်နိုဆောရက်ရပ်စ် ကို ချက်ချင်း ရပ်တန့်စေလိုက်သည်။

၁၄ မီတာခန့် ရှည်လျားသော ဒီသတ္တဝါကြီးကို ကြည့်ရင်း ...ဆုပိုင်ခန့်မှန်းရသလောက်ဆိုရင် ဒါက ကုန်းမြေပေါ်က ထိပ်တန်း သားရဲတွေထဲက တစ်ကောင်ဖြစ်တဲ့ မက်ပူဆောရပ်စ် ပဲ ဖြစ်လောက်တယ်။

"ဆုတ်!"

ဆုပိုင်တိုးတိုးလေး အမိန့်ပေးလိုက်ပြီး နဂါးအမေကို အသာပုတ်လိုက်သည်။

မက်ပူဆောရပ်စ် ဆိုတာ အရွယ်အစားနဲ့ ကြမ်းတမ်းမှု အရဆိုရင် ထရန်နိုဆောရက်ရပ်စ်ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီဒိုင်နိုဆောမှာ သေစေနိုင်လောက်တဲ့ အားသာချက် တစ်ခု ရှိတယ်။ ဒါကြောင့်လည်း သူတို့က ထိပ်တန်း သားရဲတွေ ဖြစ်လာခဲ့တာ။ အကောင်ကြီးတဲ့ အသီးအရွက်စား ဒိုင်နိုဆော တော်တော်များများက မက်ပူဆောရပ်စ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ကြရတာ။

"အန်ကီလိုဆောရပ်စ်တွေ ရောက်တော့မှာပဲ၊ ဆုတ်စရာ လိုလို့လား?"

ကျိုးဝမ်သည် နားမလည်နိုင်စွာ မေးလိုက်သည်။

ကြည့်ရတာ ကြောက်စရာ ကောင်းပေမဲ့ ...အကောင်က ထရန်နိုဆောရက်ရပ်စ်လောက် မကြီးဘူးလေ။ ပြီးတော့ သူတို့မှာ အန်ကီလိုဆောရပ်စ် တွေလည်း ရှိသေးတာပဲ။ ဆုပိုင်က ဘာလို့ ဆုတ်ခိုင်းတာလဲ။ ပြီးတော့ သူ့မျက်နှာကို ကြည့်လိုက်တော့ စိုးရိမ်ပူပန်မှုတွေ အပြည့် ဖြစ်နေသည်။

515 03

"ဂါး ...ဂါး ...ဂါး . . ."

ထိုစဉ် တောအုပ်ထဲမှ ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

"ဘုန်း ...ဘုန်း ...ဘုန်း!"

ထို့နောက်တွင် ...မက်ပူဆောရပ်စ် အများအပြားသည် အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်လာကြသည်။ စုစုပေါင်း ၆ ကောင်ခန့် ရှိပြီး ဆုပိုင်တို့ကို ဝိုင်းရံထားလိုက်ကြသည်။ ထရန်နိုဆောရက်ရပ်စ် ကို အေးစက်စွာ ကြည့်နေကြသည်။

ဒါက ဆုပိုင်စိုးရိမ်နေရတဲ့ အချက်ပင်။

မက်ပူဆောရပ်စ်ဆိုတာ တစ်ကောင်ချင်းစီလည်း အင်အားကြီးသလို ...အရေးကြီးဆုံး အချက်က သူတို့က အုပ်စုဖွဲ့ အမဲလိုက်တတ်တဲ့ အသားစား ဒိုင်နိုဆောတွေ ဖြစ်နေခြင်းပင်။

မက်ပူဆောရပ်စ် ၆ ကောင်တောင် ရှိနေတာ၊ မချဲ့ကားဘဲ ပြောရရင် ထရန်နိုဆောရက်ရပ်စ်တောင် နောက်ဆုတ်ရမဲ့ အနေအထား။ တိုက်ခိုက်မယ် ဆိုရင်တော့ တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်လောက်တော့ နိုင်ကောင်း နိုင်လိမ့်မယ်။

ဒါပေမဲ့ ၆ ကောင်လုံးကိုတော့ ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး။

ရုတ်တရက် အခြေအနေ တင်းမာသွားပြီး မက်ပူဆောရပ်စ် ၆ ကောင် စတင် တိုက်ခိုက်လေသည်။

ခြေထောက်ကြီးများဖြင့် နှင်းပြင်ကို ဆောင့်နင်းကာ အမြီးများကို ယမ်းခါလျက်၊ ဟိန်းဟောက်သံများနှင့်အတူ အရှိန်ပြင်းစွာ ဝင်တိုက်ကြသည်။

"ဂါး ...သေချင်လို့!"

နဂါးအမေသည် ဟိန်းဟောက်လိုက်ပြီး ကိုယ်ကို လှည့်ကာ ပြေးဝင်လာသော မက်ပူဆောရပ်စ် များကို ရင်ဆိုင်လိုက်သည်။ ပါးစပ်ကြီးကို ဖြဲကာ ရက်စက်စွာ တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။

"ခုန်ချမယ်!"

ဆုပိုင်သည် ကျိုးဝမ်ကို ဆွဲကာ ထရန်နိုဆောရက်ရပ်စ် ကျောပေါ်မှ ခုန်ချလိုက်ပြီး နှင်းတောထဲသို့ လဲကျသွားသည်။ ကပျာကယာ ပြန်ထပြီး သေနတ်ကို ဆွဲထုတ်လိုက်သည်။

ထိုအချိန်တွင် မက်ပူဆောရပ်စ်များသည် ဤလူသားနှစ်ဦးကို စိတ်ဝင်စားပုံ မရဘဲ ထရန်နိုဆောရက်ရပ်စ် ကိုသာ ဝိုင်းရံထားကြသည်။

သို့သော် မက်ပူဆောရပ်စ် များက စိတ်မဝင်စားသော်လည်း ...ဘေးနားမှ ဗီလော်စီရက်ပ်တာများ ထွက်ပေါ်လာကြသည်။

ဆုပိုင်တို့ နှစ်ယောက်ကို စိုက်ကြည့်ရင်း လက်တိုလေးများကို ဝှေ့ယမ်းပြကာ လျင်မြန်စွာ ပြေးဝင်လာကြသည်။

"ဒိုင်း ...ဒိုင်း ...ပစ်လေ!"

ဆုပိုင်ချက်ချင်း သေနတ်မောင်းဖြုတ်လိုက်ရာ ရှေ့ဆုံးမှ ဗီလော်စီရက်ပ်တာတစ်ကောင် လဲကျသွားသည်။ သို့သော် အံ့သြစရာ ကောင်းသည်မှာ ကျန်တဲ့ ကောင်များက အဖော်သေသွားသည်ကို ဂရုမစိုက်ဘဲ ပိုမိုရက်စက်စွာ တိုးဝင်လာကြခြင်းပင်။ ဆုပိုင်နောက်တစ်ကြိမ် ပစ်ခတ်လိုက်သည်။

ဒီကောင်တွေ အမြန်နှုန်းက လိုက်မမီနိုင်လောက်အောင် မြန်လွန်းသည်။ နှစ်ကောင်လောက် ပစ်သတ်ပြီးချိန်မှာ သူတို့ရှေ့သို့ ရောက်လာကြပြီ။

"ရှောင်!!!"

515 04

ကျိုးဝမ်သည် ဝင်ကိုက်လာသော ပါးစပ်ကြီးကို မြင်လိုက်ရသဖြင့် ဆုပိုင်ကို တွန်းထုတ်လိုက်ပြီး ကိုယ်ကို စောင်းကာ ရှောင်တိမ်းလိုက်သည်။

"ထစမ်း"

ဆုပိုင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဗီလော်စီရက်ပ်တာတစ်ကောင်၏ အမြီးကို ဖမ်းဆွဲကာ ရမ်းလိုက်လေသည်။ သစ်ပင်ကြီးနှင့် ရိုက်မိပြီး လွင့်ထွက်သွားသည်။

"ကျွီ . . ."

ဗီလော်စီရက်ပ်တာများ ရပ်တန့်သွားကြပြီး မက်ပူဆောရပ်စ် များကဲ့သို့ပင် ဆုပိုင်တို့ကို ဝိုင်းရံထားလိုက်ကြသည်။

"ဘုန်း . . ."

မြေကြီး တုန်ခါသွားပြီး သွေးများ လေထဲတွင် ဖြာထွက်လာသည်။

နဂါးအမေသည် မက်ပူဆောရပ်စ် တစ်ကောင်၏ လည်ပင်းကို ကိုက်ခဲထားပြီး အားကုန်သုံးကာ အရိုးကို ချေမွပစ်လိုက်သည်။ အသေကောင်ကို ပစ်ချလိုက်ပြီး အမြီးကို ရမ်းကာ အနောက်မှ ဝင်လာသော မက်ပူဆောရပ်စ် တစ်ကောင်ကို ရိုက်ထုတ်လိုက်သည်။

မိုးပေါ်ထောင်ကာ အောင်နိုင်သူအဖြစ် ဟိန်းဟောက်လိုက်သော်လည်း ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။

ကျန်ရှိနေသော မက်ပူဆောရပ်စ် များကို အကဲခတ်လိုက်သည်။

ပထမ တစ်ကောင်ကို ချက်ချင်း သတ်နိုင်ခဲ့သော်လည်း ...ဉာဏ်ရည်မြင့်မားသော သူမ အနေဖြင့် အခြေအနေ မကောင်းမှန်း သိနေသည်။ စောစောက မက်ပူဆောရပ်စ် တွေက အစမ်းသဘော ဝင်တိုက်တာ။ တကယ်လို့ ၅ ကောင်လုံး ပြိုင်တူ ဝင်တိုက်ရင် သူမလည်း အသားတွေ အများကြီး ပါသွားမှာ သေချာသည်။

"ဂါး ...တိုက်!!!"

မက်ပူဆောရပ်စ် တစ်ကောင် ဟိန်းဟောက်လိုက်ပြီး ပါးစပ်ကြီး ဖြဲကာ ခုန်အုပ်လိုက်သည်။ ထရန်နိုဆောရက်ရပ်စ်၏ လည်ပင်းကို ကိုက်ရန် ချိန်ရွယ်လိုက်သည်။

"ဘုန်း . . ."

ထိုအချိန်တွင် လေးလံသော ရိုက်ချက်သံကြီး ထွက်ပေါ်လာသည်။

ထို မက်ပူဆောရပ်စ် ၏ ဘေးဘက် နံရိုးများ ချိုင့်ဝင်သွားပြီး အော်ဟစ်ကာ လဲကျသွားသည်။

အန်ကီလိုဆောရပ်စ်များသည် လေးနက်သော မျက်နှာထားများဖြင့် ထရန်နိုဆောရက်ရပ်စ် ဘေးတွင် လာရပ်လိုက်ကြသည်။

ကျန်ရှိနေသေးသော မက်ပူဆောရပ်စ် များ ကြောင်အမ်းသွားကြသည်။

အခြေအနေက ဘာလဲဟ… အန်ကီလိုဆောရပ်စ်တွေက ဘယ်တုန်းက ထရန်နိုဆောရက်ရပ်စ် နဲ့ ပေါင်းသွားတာလဲ။

ထရန်နိုဆောရက်ရပ်စ် တစ်ကောင်တည်း ဆိုရင်တော့ နိုင်ချေ ရှိသေးတယ်။ ဒါပေမဲ့ ...အန်ကီလိုဆောရပ်စ် တွေပါ ပါလာရင်တော့ ဘယ်လိုမှ မနိုင်တော့ဘူး။

မက်ပူဆောရပ်စ်များ တိုက်ခိုက်မှု ရပ်သွားရုံ သာမက ...ဗီလော်စီရက်ပ်တာများပါ နောက်ဆုတ်သွားကြသည်။

ဒါပေမဲ့ ဒီကောင်လေးတွေက သစ္စာရှိသားပဲ။ ထွက်ပြေးခါနီး သူတို့ "အစ်ကိုကြီး" တွေကို လှမ်းအော်ပြောသွားသေးတယ်။

"ငါတို့ ပြေးပြီဟေ့၊ မင်းတို့ ...ဂရုစိုက်ကြဦး"

515 05

"သူတို့ကို လွတ်မသွားစေနဲ့"

ဆုပိုင်အခြေအနေကို မြင်သည်နှင့် ထရန်နိုဆောရက်ရပ်စ်ကို လှမ်းပြောလိုက်သည်။

"ဘုန်း ...ဂျွတ်!"

ထရန်နိုဆောရက်ရပ်စ်သည် ခုန်ပျံကျော်လွှားကာ ဗီလော်စီရက်ပ်တာများ ရှေ့သို့ ရောက်သွားပြီး လေပူများ မှုတ်ထုတ်ကာ ပါးစပ်ကြီး ဖြဲပြလိုက်သည်။ ဗီလော်စီရက်ပ်တာတစ်ကောင်၏ ခေါင်းကို ကိုက်လိုက်ပြီး တစ်ဝက်လောက်ကို ဝါးစားပစ်လိုက်သည်။

"ကျွီ . . ."

ဗီလော်စီရက်ပ်တာများ ကြောက်လန့်တကြား အော်မြည်ကာ နောက်ဆုတ်သွားကြပြီး တစုတဝေးတည်း နေလိုက်ကြသည်။ ရှေ့က ထရန်နိုဆောရက်ရပ်စ်ကို ကြည့်လိုက်၊ ဘေးက အန်ကီလိုဆောရပ်စ်ကို ကြည့်လိုက်နဲ့ တုန်လှုပ်နေကြသည်။

သွားပြီ… ဘယ်ကောင်မှ မယှဉ်နိုင်ဘူး။

အခု ဘယ်လိုလုပ်ကြမလဲ? သူတို့ "အစ်ကိုကြီး" မက်ပူဆောရပ်စ် တွေကို လှမ်းကြည့်လိုက်သည်။ မက်ပူဆောရပ်စ် ၄ ကောင်လည်း တစ်ကောင်မျက်နှာ တစ်ကောင် ကြည့်ပြီး နောက်ဆုတ်နေကြသည်။ ထွက်ပြေးချင်နေကြပြီ။

"ဂါး ...ပြေးချင်လို့လား။ အညံ့ခံမလား၊ သေမလား!"

ထရန်နိုဆောရက်ရပ်စ်သည် ပါးစပ်ထဲမှ ဗီလော်စီရက်ပ်တာအသေကောင် တစ်ဝက်ကို မက်ပူဆောရပ်စ် တစ်ကောင်ဆီ ပစ်ပေးလိုက်ပြီး ...အရှိန်ဖြင့် ပြေးဝင်သွားကာ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။

မက်ပူဆောရပ်စ်များ ကြောင်သွားကြသည်။ ဒီကောင် ဘာလုပ်ချင်တာလဲ သူတို့ကို တန်းမသတ်ဘဲ အညံ့ခံခိုင်းနေတယ်တဲ့လား။ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။

တိရစ္ဆာန်ဘာသာစကားမှတစ်ဆင့် ထရန်နိုဆောရက်ရပ်စ် ပြောတာကို ကြားလိုက်ရတဲ့ ဆုပိုင်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

နဂါးအမေ မှတ်မိသွားပြီပဲ။

မထွက်ခွာခင်ကတည်းက ဆုပိုင်က တခြားဒိုင်နိုဆောတွေ တွေ့ရင် အကုန်မသတ်ပစ်ဖို့၊ အညံ့ခံခိုင်းဖို့ မှာထားတာလေ။

"ဂရော ...ငါတို့ အညံ့ခံမယ်။ အညံ့ခံပါပြီ"

မက်ပူဆောရပ်စ်များ အချင်းချင်း ကြည့်လိုက်ကြပြီး စကားမဆုံးခင်မှာပင် ဗီလော်စီရက်ပ်တာများက အရင်ပြေးထွက်လာပြီး အော်ဟစ်နေကြသည်။

အသက်ရှင်ရတာ မလွယ်ဘူးလေ။ အသက်ရှင်ခွင့် ရမယ်ဆိုမှတော့ ဘယ်သူက သေချင်မှာလဲ။ အညံ့ခံတယ်ဆိုတာ ဘာလဲ နားမလည်ပေမဲ့ ...မက်ပူဆောရပ်စ်တွေနဲ့ သူတို့ ဆက်ဆံရေးလိုမျိုး ဖြစ်မှာပေါ့။

"အစ်ကိုကြီး" တော်လိုက်ရုံပဲလေ…မဟုတ်ဘူး။ ဒီတစ်ခါတော့ "အမကြီး" ပေါ့!

"ဂါး ...အညံ့ခံပါတယ်!"

နောက်ဆုံးတွင် မက်ပူဆောရပ်စ်များလည်း ခေါင်းငုံ့ကာ အရှုံးပေးလိုက်ကြသည်။

"ဂါး . . ."

ထရန်နိုဆောရက်ရပ်စ်သည် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး ဆုပိုင်ဘေးသို့ ပြန်လာရပ်သည်။

နောက်ထပ် တိုးလာသော ဒိုင်နိုဆောများကို ကြည့်ရင်း ဆုပိုင်နှုတ်ခမ်းသပ်လိုက်မိသည်။

တကယ့်ကို သီသီလေးပဲ။ တကယ်လို့ အန်ကီလိုဆောရပ်စ်တွေသာ အချိန်မီ မရောက်လာရင် သူတို့ ဒီကောင်တွေကို နိုင်မှာ မဟုတ်ဘူး။

ပြီးတော့ ...ဆုပိုင်ထူးဆန်းတာ တစ်ခု သတိထားမိလိုက်သည်။ ဒီ ဗီလော်စီရက်ပ်တာတွေနဲ့ မက်ပူဆောရပ်စ်တွေက ထရန်နိုဆောရက်ရပ်စ် လောက် ဉာဏ်မကောင်းကြဘူး။ ဆက်သွယ်လို့ ရတယ် ဆိုပေမဲ့ ...တုံ့ပြန်ပုံတွေက နဂါးအမေလို ကိုယ်ပိုင် စရိုက်လက္ခဏာမျိုး မရှိဘူး။

ဒါ ဧရာမ မစ်ရှင် ဖြစ်နေလို့များလား။

"သွားစို့!"

ဆုပိုင်လက်ဝှေ့ယမ်းလိုက်ပြီး နဂါးအမေကျောပေါ် ပြန်တက်လိုက်သည်။

မက်ပူဆောရပ်စ် ၄ ကောင်က ထရန်နိုဆောရက်ရပ်စ် ဘေးတွင် သက်တော်စောင့်များသဖွယ် ရပ်နေကြသည်။ အန်ကီလိုဆောရပ်စ် များက အနောက်မှ လိုက်ကြသည်။

ကျန်ရှိနေသော ဗီလော်စီရက်ပ်တာ၅ ကောင်နှင့် ကွန်ပ်ဆော်ဂနသစ်လေးများက ရှေ့ဆုံးမှ လမ်းရှင်းပေးကြသည်။

အဖွဲ့ကြီးသည် ခမ်းနားစွာဖြင့် တောနက်ထဲသို့ ဆက်လက် ချီတက်သွားကြလေသည်။

ဒိုင်နိုဆော ၄ မျိုး စုမိသွားပြီ ဖြစ်သည်။

******

516 01

အခန်း 516 အသက်ဘေးမှ သီသီလေး (၂/၂)

နောက်ထပ် ၆ မျိုးသာ ရှာဖွေနိုင်ခဲ့လျှင် မစ်ရှင် ပြီးမြောက်ပြီ ဖြစ်သည်။

. . .

တောနက်ထဲတွင် ရှေ့မှ ပြေးလွှားနေသော ဗီလိုစရက်တာများကို လိုက်ရင်း ခရီးဆက်လာကြသည်။

နောက်ဆုံးတွင် တောအုပ်ထဲမှ လွတ်မြောက်လာခဲ့ကြသည်။

သို့သော်...

တောအုပ်ထဲမှ ထွက်လိုက်သည်နှင့် တပြိုင်နက် ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်ကို ချက်ချင်း ရပ်တန့်စေလိုက်သည်။

သူတို့၏ ရှေ့တွင် အသီးအရွက်စား ဒိုင်နိုဆော အုပ်စုကြီး တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

အနည်းဆုံး မျိုးစိတ်ပေါင်း များစွာ ပါဝင်နေသည်။

ထိုအထဲတွင် ဦးခေါင်း၌ ချွန်ထက်သော ဦးချိုများ ပါရှိသည့် ထရိုင်ဆာရာတော့ (Triceratops)များ ပါဝင်သလို၊ တိုက်အမြင့် အထပ်ပေါင်း များစွာနှင့် ညီမျှလောက်အောင် မြင့်မားသော ဘရက်ခီယိုဆော(Brachiosaurus) ကြီးများလည်း ပါဝင်သည်။

သို့သော် ဤအသီးအရွက်စား ဒိုင်နိုဆောများသည် ဤနေရာ၌ အဘယ်ကြောင့် စုဝေးနေကြသနည်း။

ဆုပိုင်တို့ ထွက်လာသည့် အချိန်တွင်...

အသီးအရွက်စား ဒိုင်နိုဆော အားလုံးကလည်း သူတို့ကို သတိပြုမိသွားကြသည်။

အထူးသဖြင့် မက်ပူဆောရပ်စ် ၄ ကောင်ကို မြင်လိုက်ရသောအခါ ဒိုင်နိုဆောတိုင်း ကြောက်လန့်တကြား အော်မြည်လိုက်ကြသည်။

ထရိုင်ဆာရာတော့သည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ရှေ့မှ ထရန်နိုဆောရက်ရပ်စ်ကို ချိန်ရွယ်လိုက်သည်။

တိုးညှင်းသော ဟိန်းသံများ ပြုလုပ်လျက် သတိပေးနေသည်။

“မတိုက်ခိုက်နဲ့”

ဆုပိုင်သည် လက်ကာပြလိုက်ပြီး ဘေးနားမှ တိုက်ခိုက်ရန် ပြင်နေသော ကောင်များကို တားဆီးလိုက်သည်။

ထို့နောက် ထရန်နိုဆောရက်ရပ်စ်ကျောပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ပြီး ထရိုင်ဆာရာတော့၏ ရှေ့သို့ သတိထားကာ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

အသီးအရွက်စား ဒိုင်နိုဆော အုပ်စု ဖြစ်သည်။

ပြီးတော့ သူ့တွင် ‘သဘာဝတရား၏ နှလုံးသား’ ရှိနေသည်။

သူ့ကို စတင် တိုက်ခိုက်လိမ့်မည် မဟုတ်ဟု ယူဆရသည်။

“ဆုပိုင် သတိထားနော်”

ကျိုးဝမ်သည် တစ်လှမ်းချင်း လျှောက်သွားနေသော ဆုပိုင်ကို ကြည့်ရင်း စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။

“ကိစ္စ မရှိပါဘူး”

ဆုပိုင်သည် လက်ဝှေ့ယမ်းပြလိုက်ပြီး ပြုံးလျက် ထရိုင်ဆာရာတော့၏ ရှေ့သို့ ရောက်သွားသည်။

၎င်း၏ နဖူးပေါ်ရှိ ချွန်ထက်သော ဦးချိုများကို မော့ကြည့်ပြီးနောက် ဆုပိုင်သည် လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

“မူး...”

“ဟီး ဟီး...”

516 02

ထရိုင်ဆာရာတော့သည် ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ပြီး မျက်လုံးအဝိုင်းသားဖြင့် ရှေ့မှ ထူးဆန်းသော သတ္တဝါကို စူးစမ်းစွာ ကြည့်နေသည်။

“ငါ မင်းတို့ကို ရန်မပြုပါဘူး၊ မင်းတို့ ဒီမှာ စုနေကြတာ တစ်ခုခု ဖြစ်လို့လား? ဒါမှမဟုတ် အစာရှာနေကြတာလား?”

ဆုပိုင်သည် ထိုသတ္တဝါကြီး၏ ရှေ့ဆုံးမှ ဦးချိုကို ပွတ်သပ်ပေးရင်း တိုးတိုးလေး မေးလိုက်သည်။

ဤနေရာတွင် မည်သည့် အပင်မျှ မရှိတော့ချေ။

ထို့ကြောင့် ဤအသီးအရွက်စား ဒိုင်နိုဆောများ ဒီနေရာတွင် စုဝေးနေခြင်းက ဘာလုပ်ရန်အတွက်နည်း။

အထူးသဖြင့် သူ့ရှေ့မှ ထရိုင်ဆာရာတော့သည် အန်ကီလိုဆောရပ်စ် ကဲ့သို့ပင် အသီးအရွက်စား သတ္တဝါများထဲတွင် အလွန် အင်အားကြီးမားသော မျိုးစိတ် တစ်ခုဖြစ်သည်။

နဂါးအမေ လာလျှင်တောင်မှ ထရိုင်ဆာရာတော့သာ အသက်စွန့် ခုခံပါက အနိုင်ရဖို့ ခဲယဉ်းပေလိမ့်မည်။

ဒါတင်မကသေး။

အဝေးမှ ဘရက်ခီယိုဆောများသည်လည်း ဆုပိုင်မကူးပြောင်းလာခင် ကမ္ဘာတွင် အလွန်ကျော်ကြားခဲ့သည်။

ထိုခေတ်ကာလ၏ အကြီးမားဆုံး အသီးအရွက်စား ဒိုင်နိုဆောများ ဖြစ်ကြသည်။

သို့သော် ဤဒိုင်နိုဆောများကို မက်ပူဆောရပ်စ် မှလွဲ၍ အခြား အသားစား သတ္တဝါကြီးများက အစာအဖြစ် သတ်မှတ်လေ့ မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ် အရွယ်အစား ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

“မူး...”

“စောင့်ဆိုင်းနေတာ...”

ရှေ့မှ ထရိုင်ဆာရာတော့သည် တိုးညှင်းစွာ အော်မြည်လိုက်ပြီး အဝေးမှ နှင်းဖုံးနေသော တောင်တန်းကြီးကို မော့ကြည့်လိုက်သည်။ ယမန်နေ့ညက နှင်းမုန်တိုင်းကြောင့် တောင်တစ်လုံးလုံး နှင်းများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

ဆုပိုင်နှင့် အသီးအရွက်စား ဒိုင်နိုဆော အုပ်စု ဆက်သွယ်ပြောဆိုနေစဉ်...

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် ပြင်းထန်သော ငြင်းခုံမှုများ ဖြစ်ပွားနေသည်။

လူအများက ဆုပိုင်သည် ထရိုင်ဆာရာတော့ရှေ့တွင် ရပ်ကာ တီးတိုး ရေရွတ်နေသည်ကို ကြည့်ပြီး အမျိုးမျိုး မှန်းဆနေကြသည်။

[ဟေ့လူတို့၊ ဒီဒိုင်နိုဆောကြီးက ကြည့်ရတာ ဒီလောက် ကြမ်းတမ်းမဲ့ပုံ ပေါက်နေတာ၊ ဘာလို့ မတိုက်ခိုက်တာလဲ။ တကယ်လို့ ရှေ့ကို တစ်လှမ်းလောက် တိုးလိုက်ရင် ဒါရိုက်တာဆုပိုင်အန္တရာယ် ရှိသွားမှာနော်]

[အပေါ်ကလူက ရူးနေလား၊ ဒါရိုက်တာဆုပိုင်ထုတ်လွှင့်တာ ဘယ်လောက်ကြာနေပြီလဲ၊ သူ ယုံကြည်မှု ရှိလို့ သွားတာနေမှာပေါ့။]

[ဒါပေမဲ့ မင်းတို့ ဟိုဒိုင်နိုဆောတွေရဲ့ အကောင်အရွယ်အစားကို ကြည့်ပါဦး၊ အထူးသဖြင့် လည်ပင်းရှည်ရှည်နဲ့ ကောင်ကြီးလေ၊ ဘယ်လို ကြီးထွားလာတာလဲ မသိဘူး၊ တိုက်အမြင့်ထက်တောင် ပိုမြင့်နေသေးတယ်။]

[ငါထင်တာတော့ သူတို့ စကားပြောနေတာ ဒီလိုနေမှာ။ ဦးချိုပါတဲ့ကောင် : မင်း လှုပ်ရဲလား? ဒါရိုက်တာဆုပိုင်: ငါ မလှုပ်ရဲဘူး၊ မလှုပ်ရဲပါဘူးဗျာ (ခွေးခေါင်းပုံ)]

[ဟား ဟား ဟား၊ အပေါ်က ကောင်က ပါရမီရှင်ပဲ။ ဒါပေမဲ့ အန်ကီလိုဆောရပ်စ် လိုမျိုး ဖြစ်နိုင်တယ်လေ။ ဒီကောင်တွေက အသီးအရွက်စားတဲ့ ကောင်တွေ၊ သိပ်ပြီး ရန်လိုလေ့ မရှိဘူး]

[စာကြည့်တိုက်မှူး: ကျွန်တော့် လေ့လာတွေ့ရှိချက်အရ ဒါရိုက်တာဆုပိုင်ရှေ့က ဒိုင်နိုဆောတွေ အကုန်လုံးက အသီးအရွက်စား ဒိုင်နိုဆောတွေ ဖြစ်လောက်တယ်။ သွားတွေကို ကြည့်ရင် သိနိုင်တယ်။ အသားစား ဒိုင်နိုဆောတွေရဲ့ သွားတွေက များသောအားဖြင့် တြိဂံပုံစံ ချွန်ထက်နေတတ်တယ်။ အသီးအရွက်စား ဒိုင်နိုဆောတွေကျတော့ အပင်တွေကို ဝါးစားဖို့ လိုအပ်တာကြောင့် သွားတွေက ပြားပြားကပ်ကပ် ဖြစ်နေတတ်တယ်။ ဒါကို ကြည့်ပြီး ဆုံးဖြတ်လို့ ရပါတယ်]

[ဆရာကြီးက ဆရာကြီးပါပဲ၊ ငါတို့ ကြည့်တာနဲ့ မတူဘူး။ @စာကြည့်တိုက်မှူး ဒါဆို ကျွန်တော့် သွားတွေက ကျဲနေတာ၊ အဲဒါကျ ဘယ်လို ပြောမလဲ?]

[မင်းက အီးစားတဲ့ကောင်လေ၊ ပျော့တာပဲ စားတာ]

. . .

516 03

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပရိသတ်များသည် စာကြည့်တိုက်မှူး၏ ရှင်းပြချက်ကို ကြားပြီးနောက် မျက်လုံးအပြူးသားဖြင့် ဖန်သားပြင်ပေါ်မှ ဒိုင်နိုဆော တစ်ကောင်ချင်းစီကို လိုက်ကြည့်ကြသည်။

အားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

တကယ်ပဲ အဓိပ္ပာယ် ရှိတာပဲ။

ဒါရိုက်တာဆုပိုင်ရှေ့က ဒိုင်နိုဆောတွေက အကောင်အရွယ်အစား ကြီးမားပြီး ကြောက်စရာ ကောင်းပေမဲ့ မျက်လုံးတွေက ထရန်နိုဆောရက်ရပ်စ်လို ရက်စက်တဲ့ အကြည့်မျိုး မရှိဘူး။

သို့သော်...

ဒီတစ်ခါ တိုက်ရိုက်ထုတ်လွှင့်မှု ခေါင်းစဉ်မှာ ရှင်းရှင်းလင်းလင်း ရေးထားတာ ရှိတယ်။

ဒိုင်နိုဆော ၁၀ မျိုးသာ ရမည် ဟူ၍။

အခု ရှေ့က အကောင်တွေနဲ့ ပေါင်းလိုက်ရင် သိသိသာသာကို ကျော်လွန်နေပြီ ဖြစ်သည်။

ပရိသတ်တွေ သံသယ ဖြစ်နေရုံသာ မဟုတ်။

ဆုပိုင်ကိုယ်တိုင်လည်း ထရိုင်ဆာရာတော့ရှေ့တွင် ရပ်ရင်း ခေါင်းကိုက်နေရသည်။

ရှေ့တွင် အသီးအရွက်စား ဒိုင်နိုဆော စုစုပေါင်း ၇ မျိုး ရှိသည်။

သူ့နောက်တွင် ပါလာသော အသားစား ဒိုင်နိုဆော ၄ မျိုးနှင့် ပေါင်းလိုက်လျှင် ၁ မျိုး ပိုနေသည်မှာ ထင်ရှားသည်။

“စနစ် ထိတ်လန့်မှုတန်ဖိုးတွေ နှုတ်ပြီး တစ်မျိုး ပိုသယ်သွားလို့ မရဘူးလား?”

“ဧရာမ မစ်ရှင် ဖြစ်သဖြင့် ပိုမို သယ်ဆောင်ခွင့် မပြုပါ”

စနစ်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

ဆုပိုင်နှုတ်ခမ်းကို သပ်လိုက်မိသည်။

ဒါဆိုရင် တစ်မျိုးကို စွန့်လွှတ်ရတော့မည် ဆိုသည့် သဘောပင်။

ပုံစံမတူသော ဒိုင်နိုဆောများကို ကြည့်ရင်း ဆုပိုင်အတွေးနက်နေသည်။

အထင်ရှားဆုံး ဖြစ်သည့် ထရိုင်ဆာရာတော့နှင့် ဘရက်ခီယိုဆောကိုတော့ သူ သေချာပေါက် ခေါ်သွားရမည်။

ကျန်တဲ့ ဒိုင်နိုဆောတွေကတော့...

“ဟူး...”

ဆုပိုင်သက်ပြင်းချလိုက်ပြီး ထရိုင်ဆာရာတော့ရှေ့မှ ပြန်ဆုတ်ရန် ပြင်လိုက်သည်။

“ဂရော ဂရော...”

“ဂရော ဂရော...”

“ဂရော ဂရော...”

ရုတ်တရက် မြေကြီးတစ်ပြင်လုံး တုန်ခါလာသည်။

++++++

All Chapters