← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း 517

“မူး...”

“အွတ်...”

ဒိုင်နိုဆော အများအပြား ကြောက်လန့်တကြား အော်မြည်လိုက်ကြသည်။

ဆုပိုင်လှည့်ကြည့်လိုက်သောအခါ ကြောက်ချွေးများပင် ပျံလာရသည်။

“ပြေးကြ”

ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်ဘေးသို့ အမြန်ပြေးသွားပြီး ကပျာကယာ တက်လိုက်ကာ အော်ဟစ်လိုက်သည်။

အဝေးမှ နှင်းတောင်ကြီး ပြိုကျလာခြင်း ဖြစ်သည်။

ကြီးမားသော နှင်းလှိုင်းလုံးကြီးများသည် လိမ့်ဆင်းလာကြသည်။

ကျောက်တုံးများကလည်း နှင်းလုံးများအဖြစ် ပြောင်းလဲကာ တဖြည်းဖြည်း ကြီးထွားလာပြီး အရှိန်အဟုန်ဖြင့် လိမ့်ဆင်းလာနေကြသည်။

“သောက်ကျိုးနည်း မစ်ရှင်က ဒီလိုကြီး လာတာလား”

ဆုပိုင်တိုးတိုးလေး ဆဲရေးလိုက်ပြီး ကျိုးဝမ်၏ခါးကို ဖက်ကာ ဇက်ကြိုးကို တင်းတင်းဆွဲထားလိုက်သည်။

သွားကို ကြိတ်၍ သူ အော်ပြောလိုက်သည်။

“ဒီအသီးအရွက်စား ကောင်တွေကို ကမ်းခြေဘက် မောင်းထုတ်”

“အရမ်းနှေးတဲ့ကောင်တွေ ထားခဲ့လိုက်တော့”

နည်းနည်းလေး အမှားအယွင်း ဖြစ်တာနဲ့ နှင်းပြင်အောက် ရောက်သွားနိုင်သည်။

ဒီလိုနေရာမျိုးမှာ နှင်းပိသွားရင်တော့ အသက်ရှင်ဖို့ လမ်းမမြင်။

ဒါကြောင့်...

ဆုပိုင်အနေဖြင့် ဘရက်ခီယိုဆောကို စွန့်လွှတ်လိုက်ရတော့သည်။ ဒီကောင်ကြီးက အကောင် အရမ်းကြီးလွန်းပြီး လှုပ်ရှားမှုက အန်ကီလိုဆောရပ်စ် ထက်တောင် နှေးသေးသည်။ နှင်းမုန်တိုင်းထဲက လွတ်ဖို့ဆိုတာ မျှော်လင့်ချက် မရှိပေ။

ကံကောင်းသည်မှာ ဒီမစ်ရှင်က ဒိုင်နိုဆောတွေကို အပြီးအပိုင် ဆုံးရှုံးသွားတာမျိုး မဟုတ်ခြင်းပင်။

နောက်တစ်ခေါက် အခွင့်အရေးရမှပဲ ဘရက်ခီယိုဆောကို ပြန်ကယ်ရတော့မည်။

“ဝုန်း...”

“မြန်မြန် သွား”

ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်ကျောပေါ်မှနေ၍ နောက်တွင် ပါလာသော ဒိုင်နိုဆောများကို လှမ်းအော်ပြောလိုက်သည်။

“အီး...”

ထိုအချိန်၌...

အနောက်ဘက်ဆီမှ သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဘရက်ခီယိုဆောအချို့သည် နှင်းထုအောက်သို့ ရောက်ရှိသွားကြပြီး နှင်းလုံးကြီးများနှင့် ကျောက်တုံးကြီးများ၏ ဖိနှိပ်မှုကို ခံလိုက်ရကာ လွင့်စင်သွားကြသည်။

“ဂလု”

တံတွေးကို ခက်ခက်ခဲခဲ သူ မြိုချလိုက်မိသည်။

ဆုပိုင်သည် ထရိုင်ဆာရာတော့နှင့် အန်ကီလိုဆောရပ်စ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

အခုချိန်ထိ ဒီကောင်နှစ်ကောင်က အနှေးဆုံး ဖြစ်နေသည်။

သူတို့၏ မျက်လုံးများထဲတွင်လည်း ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေသည်။

သူတို့လည်း အသက်ရှင်ချင်ကြတာပဲ…

517 02

“ခဏ နေဦး”

သွားကို တင်းတင်းကြိတ်လိုက်ပြီး ဆုပိုင်သည် ထရန်နိုဆောရက်ရပ်စ်ကို ရပ်တန့်စေလိုက်သည်။

အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

“ဘုတ်...”

ထရန်နိုဆောရက်ရပ်စ်ကျောပေါ်မှ တန်းခုန်ချလိုက်သည်။

“ဖြောင်း...”

ထရန်နိုဆောရက်ရပ်စ်၏ အမြီးကို ပြင်းပြင်း ရိုက်လိုက်သည်။

“မင်း မြန်မြန် သွား”

အော်ဟစ်လိုက်ပြီးနောက် အနောက်ဘက်ရှိ ထရိုင်ဆာရာတော့ဆီသို့ ပြန်ပြေးသွားလိုက်သည်။

“ဆုပိုင် ”

ကျိုးဝမ် ဘာဖြစ်မှန်း မသိလိုက်ခင်မှာပင် ဆုပိုင်ခုန်ဆင်းသွားခဲ့ပြီး ထရန်နိုဆောရက်ရပ်စ်ကလည်း ရူးသွပ်စွာ ရှေ့ဆက်ပြေးနေပြီ ဖြစ်သည်။ သူမ လှည့်ကြည့်ပြီး အော်ဟစ်လိုက်သည်။

သို့သော်...

သူမ၏ အသံသည် ကျယ်လောင်သော နှင်းပြိုသံများအကြားတွင် ပျောက်ကွယ်သွားခဲ့သည်။

“ဘုတ်...”

“ငါ့ကို စောင့်ဦး...”

ဆုပိုင်အခွင့်အရေးကို ချောင်းပြီး ခြေကုန်ရုန်းကာ ခုန်တက်လိုက်ပြီး ထရိုင်ဆာရာတော့၏ ကျောပေါ်သို့ ရောက်ရှိသွားသည်။

လည်ပင်းရှိ ဦးချိုများကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး အမောဖြေနေရသည်။

“တောထဲကို ပြေး”

ဘေးနားရှိ လေးလံသော ကောင်ကြီးများကို အော်ပြောလိုက်သည်။

“မူး...”

“သွားမယ် သူ့စကား နားထောင်”

ထရိုင်ဆာရာတော့သည် ဟိန်းဟောက်လိုက်ပြီး ဦးတည်ချက် ပြောင်းကာ ဘေးဘက်ရှိ တောအုပ်ထဲသို့ ဦးစွာ ဝင်ရောက်သွားသည်။

အန်ကီလိုဆောရပ်စ် ကလည်း မြင်သည်နှင့် တပြိုင်နက် ကျန်ရှိသော သူ့အမျိုးအနွယ်များကို ခေါ်ကာ အနောက်မှ အပြေးလိုက်ပါသွားသည်။

“ဝုန်း ဝုန်း ဝုန်း”

နှင်းထုကြီးသည် ဧရာမ ရေလှိုင်းကြီးများကဲ့သို့ လိမ့်ဆင်းလာသည်။

နှင်းပွင့်များ ကောင်းကင်အနှံ့ လွင့်ပျံလာပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားသည်။

အနောက်ဘက်ရှိ သစ်ပင်ကြီးများ ကျိုးပဲ့ကုန်သည့် အသံများ ဆက်တိုက် ကြားနေရသည်။

ဆုပိုင်အနေဖြင့် ဒီကောင်ကြီးတွေကို တောထဲ မောင်းသွင်းလိုက်ခြင်းမှာ သစ်ပင်များက နှင်းထု၏ အရှိန်ကို လျှော့ချပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဒါမှသာ အသက်ရှင်ဖို့ လမ်းစ ရှိလာနိုင်မည်။

တကယ်လို့ ထရန်နိုဆောရက်ရပ်စ်နောက် လိုက်ပြေးရင် နှင်းမပိရင်တောင် အနောက်က လိမ့်ဆင်းလာမဲ့ ဧရာမ “နှင်းလုံး” ကြီးတွေနဲ့ တိုက်မိပြီး သေသွားနိုင်သည်။

“မြန်မြန်”

“နည်းနည်းလောက် ထပ်မြန်လိုက်စမ်းပါ၊ သစ်ပင်တွေကို တိုက်ချိုးပြီး ပြေး”

“ရှောင်မနေနဲ့တော့”

အောက်မှ ထရိုင်ဆာရာတော့သည် သစ်ပင်ကြီးများကို ကွေ့ပတ်ရှောင်ရှားရင်း အရှိန်လျှော့နေသည်ကို တွေ့ရသဖြင့် ဆုပိုင်စိတ်မရှည်စွာ အော်ငေါက်လိုက်သည်။

ဘယ်အချိန် ရှိနေပြီလဲ။

517 03

ဒါတွေ လုပ်နေရမဲ့ အချိန်လား…

ဒီလောက်တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြီး ရှိတာကို တိုက်ချိုးပြီး ပြေးလိုက်ပါလား…

ဒါပေမဲ့...

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ထရိုင်ဆာရာတော့၏စရိုက်ကို ခန့်မှန်းနိုင်သည်။

ဒီကောင်က တည်ငြိမ်လွန်းအားကြီးနေတာကိုး။

“မဖြစ်ဘူး၊ ဒီတိုင်းဆို လွတ်ဖို့ ခက်တယ်”

ဆုပိုင် နောက်လှည့်ကြည့်လိုက်ရာ နှင်းထုကြီးက ပိုမိုလျင်မြန်စွာ လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

ကျောပိုးအိတ်ထဲမှ ဒူးလေးကို အမြန်ဆွဲထုတ်လိုက်သည်။

ထရိုင်ဆာရာတော့၏ တင်ပါးကို ကြည့်ပြီး သွားကို တင်းတင်းကြိတ်လိုက်သည်။

ညီနောင်ရေ၊ ငါ့ကို အပြစ်မတင်နဲ့နော်

မင်း အရှိန်က နှေးလွန်းနေလို့ နည်းနည်း မြှင့်ပေးရတော့မယ်

ခလုတ်ကို ဆုပိုင် တန်းဆွဲလိုက်သည်။

“ဖု...”

သွေးတစ်စက် ပန်းထွက်လာသည်။

“မူး...”

ထရိုင်ဆာရာတော့: ヽ(≧□≦)ノ

နာကျင်စွာ အော်ဟစ်လိုက်ပြီး တင်ပါးဆီမှ ပူခနဲ နာကျင်မှုကို ခံစားလိုက်ရသောအခါ အရှိန် ရုတ်တရက် မြင့်တက်သွားသည်။

“ဂါး...”

“ဘာဖြစ်တာလဲ?”

အနောက်မှ လိုက်ပါလာသော အန်ကီလိုဆောရပ်စ်သည် ရူးသွပ်သွားသကဲ့သို့ သစ်ပင်များကို တိုက်ချိုးကာ ပြေးထွက်သွားသည့် ထရိုင်ဆာရာတော့ကို ကြည့်ပြီး စိုးရိမ်တကြီး အော်မေးလိုက်သည်။

ခြေလေးချောင်းကို အစွမ်းကုန် ကန်ကျောက်ပြီး အမြီးကို ယမ်းခါကာ အသည်းအသန် လိုက်ပါသွားသည်။

မျက်လုံးကတော့ ထရိုင်ဆာရာတော့တင်ပါးမှ မြှားတံကို စိုက်ကြည့်နေမိသည်။

“ဝုန်း ဝုန်း ဝုန်း”

ဆုပိုင်သည် ထရိုင်ဆာရာတော့၏ ကျောပေါ်တွင် ဝပ်လျက် ခေါင်းကို ငုံ့ထားလိုက်သည်။

ဒီနည်းလမ်းက အလုပ်ဖြစ်သားပဲ။

ထရိုင်ဆာရာတော့ အရှိန်မြန်လာရုံသာမက အနောက်က လိုက်လာတဲ့ ကောင်တွေပါ အရှိန်ပါလာကြသည်။

“အား သောက်ကျိုးနည်း...”

ရုတ်တရက် ဆုပိုင်တစ်ယောက် လေထဲတွင် မြောက်တက်သွားသလို ခံစားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်ကာ အော်ဟစ်လိုက်သည်။

မဟုတ်သေးဘူးလေ…

အစ်ကိုကြီးရာ ပြေးရင်လည်း လမ်းလေးဘာလေး ကြည့်ပါဦး၊ ချောက်ကမ်းပါးထဲ တန်းခုန်ချလိုက်တာ ဘာသဘောလဲ။

ကံကောင်းသည်မှာ ချောက်ကမ်းပါးအောက်ခြေတွင် နှင်းများဖြင့် ဖုံးလွှမ်းနေခြင်း ဖြစ်သည်။

ထရိုင်ဆာရာတော့ပြုတ်ကျသွားပြီးနောက် တောင်စောင်းအတိုင်း အရှိန်ဖြင့် လျှောကျသွားလေသည်။

ဆုပိုင်လည်း ကျောပေါ်မှ ပြုတ်ကျကာ လိုက်ပါ လျှောဆင်းသွားရတော့သည်။

517 04

[ကြောက်စရာ ကောင်းလိုက်တာ၊ ဒါပေမဲ့ ဒါရိုက်တာဆုပိုင်ကလည်း ပြတ်သားလွန်းတယ်၊ ကိုယ့်လူအချင်းချင်းကိုတောင် ပစ်ထည့်လိုက်တာပဲ]

[ကြည့်ရတာ တောင်စောင်းက တော်တော်မတ်တယ်နော်၊ ဘယ်ရောက်သွားမလဲ မသိဘူး?]

[ဟာ မဟုတ်သေးဘူး ထရိုင်ဆာရာတော့ကိုယ်ကို မထိန်းနိုင်တော့ဘူး၊ ခေါင်းကြီး ပြန်လှည့်လာပြီ...]

[ရှီး ဒါ...]

[သွားပြီ၊ မလုပ်ပါနဲ့၊ အဲဒါကြီးနဲ့ ဝင်ဆောင့်မိရင် ဒါရိုက်တာဆုပိုင်ဗိုက်ပေါက်ထွက်သွားမှာ]

[အပေါ်ကလူ၊ ဗိုက်ပေါက်ရုံတင် ဘယ်ကမလဲ? သေချာကြည့်ပါဦး၊ ထရိုင်ဆာရာတော့နှာခေါင်းပေါ်က ဦးချိုက ဒါရိုက်တာဆုပိုင်ရဲ့ ဘယ်နေရာကို ချိန်ထားလဲ ဆိုတာ? ပေါင်ကြားလေ...]

[သောက်ကျိုးနည်း၊ ဒါကို ကြည့်ပြီး ငါ့စားပွဲအောက်က ဘာလို့ အေးစိမ့်စိမ့် ဖြစ်နေလဲလို့၊ ငါ ဘောင်းဘီ မဝတ်ထားမိလို့ကိုး]

. . .++++++

518 01

အခန်း 518

ပရိသတ်များက ဆုပိုင်နှင့် ဒိုင်နိုဆောများအတွက် ရင်တမမ ဖြစ်နေကြစဉ်...

ဘယ်သူမှ ထင်မှတ်မထားသော အဖြစ်အပျက် ဖြစ်ပေါ်လာသည်။

ရှေ့ဆုံးမှ ထရိုင်ဆာရာတော့သည် ရုတ်တရက် လမ်းကြောင်း ပြောင်းပြန်လှည့်လာခြင်း ဖြစ်သည်။

ဦးခေါင်းကို အနောက်မှ လိုက်ပါလာသော ဆုပိုင်ဘက်သို့ လှည့်လိုက်သည်။

ပြီးတော့...

ကံဆိုးချင်တော့ မျက်နှာပေါ်ရှိ ဦးချိုတစ်ချောင်းက သူ့ရဲ့အရေးပါသော နေရာ တည့်တည့်ကို ချိန်ရွယ်ထားသလို ဖြစ်နေသည်။

ကွာဟမှုက မီတာဝက်ပင် မရှိတော့။

လူတိုင်း ပါးစပ်အုပ်ကာ ဖန်သားပြင်ကို မျက်တောင်မခတ် ကြည့်နေမိကြသည်။

တကယ်လို့များ မတော်တဆ ထိုးမိသွားခဲ့ရင်...

အဲဒီပစ္စည်းလေး နောက်နောင် သုံးလို့ ရပါဦးမလား?

. . .

ကောင်းကင်ပြာ တိရစ္ဆာန်ဥယျာဉ်…

စားသောက်ဆိုင် အတွင်း။

ထိုအချိန်၌...

နန်ကုန်းယွမ်နှင့်အဖွဲ့သည် ထောင့်တစ်နေရာတွင် ထိုင်လျက် တိုက်ရိုက်ထုတ်လွှင့်မှုမှ အသက်အန္တရာယ်နီးသော ထိုမြင်ကွင်းကို စိုက်ကြည့်နေကြသည်။

ဆုပိုင်အတွက် ရင်တမမ ဖြစ်နေကြသည်။

“ဂါး...”

“သောက်ကျိုးနည်း၊ ဒီအတိုင်း ဆက်သွားရင် ဒါရိုက်တာဆုပိုင် အသက်ရှင်ပါ့မလား”

“ဒီသုံးခွချိုကောင်က တော်တော် ယုတ်မာတာပဲ၊ ကိုယ်လုံးကြီးပါ လှည့်လာတယ်၊ သူတို့ ပြန်ရောက်ရင် ဘယ်လို ပညာပေးရမလဲ ဆိုတာ မင်းတို့ ဆွေးနွေးကြစမ်း”

တပိုင်သည် ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်လျက် စားပွဲခုံကို လက်သည်းဖြင့် ရိုက်ကာ ဒေါသတကြီး ပြောလိုက်သည်။

“ဒီတစ်ခါ ငါတို့ တိရစ္ဆာန်ဥယျာဉ်ထဲမှာ ဒီလိုအကောင်တွေ အများကြီး ရောက်လာတော့မယ်”

“ခုနက ငှက်တော ပြောတာ ကြားတယ်မလား။ အပြင်ကျွန်းကို ပို့မယ် ဆိုပေမဲ့ တိရစ္ဆာန်ဥယျာဉ်ထဲမှာ ခဏတော့ ထားရဦးမှာတဲ့”

“ငါတို့ ဒီကောင်တွေနဲ့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ တိုင်ပင်ထားမှ ဖြစ်မယ်”

“ငါတို့ ဝါရင့်တွေရဲ့ သိက္ခာ ကျလို့ မဖြစ်ဘူး”

ပြောရင်း တပိုင်သည် အာဟဘက် လှည့်ကာ ခေါင်းကို ပုတ်လိုက်သည်။

“မင်းက နဂါးအမေနဲ့ အနေကြာဆုံးပဲ၊ ဒီဒိုင်နိုဆောတွေနဲ့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ နည်းလမ်း ရှိလား?”

“ဝူး...”

“မပုတ်ပါနဲ့တော့၊ မနေ့က ဝက်ဝံမည်း ပုတ်ထားတာနဲ့တင် ငါ့ခေါင်းထဲ ရေဝင်သလို ဖြစ်နေပြီ၊ နားထောင်ကြည့်...”

အာဟသည် ခေါင်းကို ရူးသွပ်စွာ ခါယမ်းပြလိုက်သည်။

“ရေသံ ကြားရလား?”

“ဘယ်လို ဆက်ဆံရမလဲ ဟုတ်လား?”

“အဟွတ်...”

အာဟသည် ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီး ဟောင်လိုက်သည်။

“ဒိုင်နိုဆောတွေနဲ့ ဆက်ဆံရေး ပြောမယ်ဆိုရင် မင်းတို့ ဘယ်သူမှ ငါ့လောက် အတွေ့အကြုံ မရှိဘူး။ နောက်တာ မဟုတ်ဘူး၊ ငါ အာဟ ဒီတိရစ္ဆာန်ဥယျာဉ် ရောက်ကတည်းက နဂါးအမေ ရိုက်တာ ဘယ်နှစခါ ခံခဲ့ရလဲ မင်းတို့ ရေတွက်ကြည့်?”

“ဒါတောင် ငါ ရှင်သန်နေတုန်းပဲ မဟုတ်လား?”

“ဘာကြောင့်လဲ? ဒါ ဆက်ဆံရေး မူဝါဒပဲ”

ဘေးပတ်လည်တွင် ထိုင်ကြည့်နေကြသော တိရစ္ဆာန်များကို ကြည့်ကာ အာဟ လေးနက်စွာ ပြောလိုက်သည်။

“ဒါရိုက်တာဆုပိုင်ကတော့ သေချာပေါက် မှာထားမှာပဲ၊ နဂါးအမေလိုပဲ သူတို့ကို လက်လွန်ခြေလွန် မလုပ်ဖို့ ပြောထားမှာ။ ဒါပေမဲ့ တကယ်လို့ သွားစမိရင်တော့ အထုခံရမှာ သေချာတယ်”

518 02

“ဒီကောင်တွေက အကောင် အရမ်းကြီးတယ်၊ ငါတို့ထဲမှာ ဘယ်ကောင်က ဒိုင်နိုဆောကို ယှဉ်နိုင်မှာလဲ”

“မဖြစ်နိုင်ဘူး၊ ဒါကြောင့် ဦးနှောက်သုံးရမယ်။ ဒီကောင်တွေက ရိုင်းစိုင်းတယ်၊ ဗျူဟာ မရှိဘူး”

“ငါ့အမြင်ကတော့၊ သူတို့ ငါတို့ကို လာမစသရွေ့ ငါတို့လည်း ငြိမ်းချမ်းစွာ အတူနေမယ်”

“ငါ အာဟ ဆိုတာ ပြဿနာ မရှာတတ်တဲ့ ခွေးလိမ္မာလေးလေ”

“ဒါပေမဲ့ သူတို့က စပြီး ရန်စလာရင်တော့ ငါတို့ ပြန်ချရမယ်။ ဒီလိုလုပ်မယ် တကယ်လို့ သူတို့ ရန်စလာရင် ငါတို့က...”

“ငါ့သားရော?”

ဘေးဘက်ကို လှည့်ကြည့်လိုက်ရာ ဖင်းမြေခွေးလေး ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

“အဲဒီကျရင် ငါ့သားကို ဝိုင်းရိုက်ကြမယ်၊ ပြီးရင် ဒိုင်နိုဆောတွေ နင်းသွားတာလို့ ပြောမယ်။ ဒါဆို ဒါရိုက်တာဆုပိုင်စိတ်ဆိုးပြီး သူတို့ကို...”

“ဒီတိရစ္ဆာန်တွေ ဘာလုပ်နေကြတာလဲ?”

နန်ကုန်းယွမ်သည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် ဟတ်စကီးကို ဝိုင်းကြည့်နေကြသော တိရစ္ဆာန်အုပ်ကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ကြည့်ရတာ အစည်းအဝေး ထိုင်နေသလိုပဲ၊ ခင်ဗျားတို့ မထင်ဘူးလား ဟို အာဟရဲ့ အပြုံးက နည်းနည်း ယုတ်မာသလိုပဲ”

“ဌာနမှူး”

ဝမ်ချန် ဘေးနားမှ တိုးတိုးလေး ဝင်ပြောသည်။

“လေ့လာတွေ့ရှိချက်တွေအရ တိရစ္ဆာန်တွေက အချင်းချင်း ဆက်သွယ်လို့ ရနိုင်ခြေ ရှိတယ်။ ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကျွန်တော် ကြည့်ခဲ့သလောက် ဒါရိုက်တာဆုပိုင်ကလည်း ဒီတိရစ္ဆာန်တွေနဲ့ ဆက်သွယ်လို့ ရနေသလိုပဲ”

“ဒီလို စွမ်းရည်မျိုး ရှေးဟောင်း စာကြည့်တိုက် မှတ်တမ်းတွေမှာ ပါဖူးတယ်။ ဒါပေမဲ့ အများစုက တစ်သက်လုံး အတူနေလာတဲ့ တိရစ္ဆာန်တွေနဲ့မှ ဆက်သွယ်လို့ ရတာ”

“အခုချိန်ထိ တိရစ္ဆာန်အချင်းချင်း ဘယ်လို ဆက်သွယ်လဲ ဆိုတာကို အတည်ပြုနိုင်တဲ့ မှတ်တမ်း မရှိသေးဘူး”

“ထားလိုက်ပါတော့၊ ငါတို့မှ နားမလည်တာ၊ ဒါတွေ လေ့လာနေလည်း အပိုပဲ၊ ဒါရိုက်တာဆုပိုင်နားလည်ရင် ပြီးတာပဲ”

နန်ကုန်းယွမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

. . .

ထိုအချိန်တွင်...

ဆုပိုင်သည် မိမိနှင့် ၂၀ စင်တီမီတာခန့်သာ ကွာဝေးသော ဦးချိုချွန်ချွန်ကို ကြည့်ရင်း တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။

ချွန်ထက်လွန်းလှသည်။

အဓိက ပြဿနာက အခု သူ့ခန္ဓာကိုယ် လှုပ်လို့ မရဖြစ်နေခြင်းပင်။

လှုပ်လိုက်လျှင် အရှိန်လျော့သွားနိုင်ပြီး အနောက်မှ အန်ကီလိုဆောရပ်စ် ဝင်တိုက်မိသွားနိုင်သည်။

တကယ်လို့ ဝင်တိုက်မိရင်...

အကျိုးဆက်က...

သူ ဝင်တိုက်မိတာထက် ပိုဆိုးသွားနိုင်သည်။

“မင်း ဟိုဘက် လှည့်လိုက်ပါလား”

ဆုပိုင်သည် မျက်လုံးပြူးကြီးများဖြင့် ကြည့်နေသော ထရိုင်ဆာရာတော့ကို မျက်နှာရဲရဲဖြင့် အော်ပြောလိုက်သည်။

“ခုနက တမင်လုပ်တာ မဟုတ်ပါဘူး၊ မလွှဲသာလို့ လုပ်ရတာပါ...”

“ငါ မင်းကို မထိုးရင် မင်း ဒီလောက် မြန်မြန် ပြေးပါ့မလား?”

“မြန်မြန် လှည့်လိုက်၊ လိမ္မာတယ်...”

518 03

“မူး...”

“ဟွန်း...”

ထရိုင်ဆာရာတော့သည် လေးလံစွာ နှာခေါင်းရှုံ့လိုက်ပြီး ရွှေ့ပေးမည့်ပုံ မပေါ်ပေ။ ဦးခေါင်းကိုပင် ယမ်းခါလိုက်ပြီး ထိပ်မှ ဦးချိုဖြင့် ဆုပိုင်ကို ထပ်မံ ချိန်ရွယ်လိုက်သေးသည်။

ဆုပိုင်: ┗(T﹏T)┛

“ငါ အရှုံးပေးပါတယ်၊ အောက်ရောက်ရင် မင်းကို တောင်းပန်ပါ့မယ်”

သူ သွားကို ကြိတ်၍ ပြောလိုက်ရသည်။

“မူး...”

“မင်း ပြောတာ မှတ်ထားနော်”

ထရိုင်ဆာရာတော့တိုးညှင်းစွာ အော်မြည်လိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ မူလအနေအထားအတိုင်း ပြန်နေလိုက်သည်။

“ဘုန်း ဘုန်း ဘုန်း”

ထိုအချိန်တွင်...

တောင်စောင်း အဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ရေခဲပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်သွားပြီးနောက်...

အချိန်အတော်ကြာအောင် လျှောတိုက်ပါသွားပြီးမှ ရပ်တန့်သွားကြသည်။

“ဟူး...”

ဆုပိုင်ရင်တမမဖြင့် ပြန်ထလာပြီး နောက်လှည့်ကြည့်လိုက်သည်။

နှင်းထုအချို့ သူတို့နောက်သို့ လိုက်ပါကျဆင်းလာသော်လည်း...

အရေအတွက် နည်းပါးသွားပြီ ဖြစ်သည်။

“တော်ပါသေးရဲ့ လွတ်လာပြီ”

ရေရွတ်လိုက်ပြီး ဆုပိုင်အဝေးသို့ မျက်လုံးမှေးကြည့်လိုက်သည်။

အဝေးတစ်နေရာတွင် အမည်းစက်လေးများ ရွေ့လျားနေသည်ကို တွေ့လိုက်ရသဖြင့် ထရန်နိုဆောရက်ရပ်စ်နှင့်အဖွဲ့ ဖြစ်လောက်သည်ဟု ယူဆလိုက်သည်။

“သွားစို့ ငါတို့လည်း ဟိုဘက် သွားရအောင်”

ဆုပိုင်သည် နှုတ်ဆက်လိုက်ပြီး ထရိုင်ဆာရာတော့၏ ကျောပေါ်သို့ ပြန်တက်ကာ အမည်းစက်များ ရှိရာသို့ ဖြည်းဖြည်းချင်း ထွက်ခွာသွားလေသည်။

သို့သော် ဆုပိုင်အပါအဝင် မည်သည့် တိရစ္ဆာန်မျှ သတိမထားမိလိုက်သော အရာတစ်ခု ရှိသည်။

သူတို့၏ ခြေအောက် ရေခဲပြင်အောက်တွင်...

၁၀ မီတာကျော် ရှည်လျားသော ဧရာမ သတ္တဝါကြီး တစ်ကောင်သည် သူတို့နှင့်အပြိုင် ကူးခတ်လိုက်ပါလာခြင်းပင်။

ပလိုက်ယိုဆောသည် ရေအောက်တွင် ငြိမ်သက်စွာ ပုန်းအောင်းရင်း ခေါင်းပေါ်မှ သတ္တဝါများကို အေးစက်စွာ ချောင်းကြည့်နေသည်။

နှင်းတောင်ပြိုကျစဉ်ကတည်းက ၎င်း သတိထားမိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကမ်းစပ်နားတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ဘယ်သူ ထင်ထားမည်နည်း။

ကမ္ဘာကြီးက ကျဉ်းလိုက်တာ…

စောစောက ကောင်တွေ ဖြစ်နေပြန်ပြီ။ သို့သော် ယခုအခါ ထရန်နိုဆောရက်ရပ်စ် ပါမလာတော့ပေ။

ထရိုင်ဆာရာတော့သာ ဖြစ်နေသည်။

“ဂလု...”

ရေထဲတွင် ပါးစပ်ဟလိုက်ပြီး လေပူဖောင်းများ ထုတ်လိုက်သည်။

သို့သော် အပေါ်မှ ကောင်များသည်လည်း ရန်စရ လွယ်ကူလှသည် မဟုတ်။

တစ်ချက်တည်းနှင့် ဒီကောင်တွေ အကုန်လုံးကို ရေထဲ ဆွဲချနိုင်မှသာ အဆင်ပြေမည်။

518 04

ထရိုင်ဆာရာတော့နှင့် အန်ကီလိုဆောရပ်စ်တို့ ရေထဲကျသွားလျှင် သေချာပေါက် ရေနစ်သေဆုံးကြမည်။ ထိုအခါ မိမိအနေဖြင့် အားစိုက်ထုတ်စရာ မလိုဘဲ အစာအမြောက်အမြား ရရှိနိုင်ပေမည်။

ထိုသို့ တွေးကာ ပလိုက်ယိုဆောသည် တိုက်ခိုက်လိုစိတ်ကို ထိန်းချုပ်ထားလိုက်သည်။

ရေခဲပြင်အောက်မှနေ၍ ဆုပိုင်တို့နှင့်အတူ ဖြည်းဖြည်းချင်း လိုက်ပါသွားလေသည်။

“ဝုန်း...”

“ဝုန်း...”

“ဝုန်း...”

“ဟိုမွာ”

“ငါ တွေ့ပြီ၊ အဲဒါ ဆုပိုင်ပဲ”

ကျိုးဝမ်သည် ထရန်နိုဆောရက်ရပ်စ်ကျောပေါ်တွင် တစ်ကိုယ်တည်း ထိုင်ရင်း ခြေသံများကို နားစွင့်ကာ ပတ်ဝန်းကျင်ကို လိုက်လံ ကြည့်ရှုနေသည်။

နောက်ဆုံးတွင် အဝေးတစ်နေရာ၌ အရိပ်အချို့ကို တွေ့လိုက်ရသည်။

ထို့ကြောင့် နဂါးအမေ၏ လည်ပင်းကို ပုတ်ကာ အော်ပြောလိုက်သည်။

“ဂါး...”

ထရန်နိုဆောရက်ရပ်စ်သည် မော့ကြည့်လိုက်ပြီး မျက်လုံးကို မှေးကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

သိပ်မသဲကွဲသော်လည်း...

အန်ကီလိုဆောရပ်စ်တို့ အုပ်စု ဖြစ်ဖို့ များသည်။

သို့သော်...

“ဝူး...”

သူတို့၏ ခြေအောက်တွင် ပင်လယ်ရေများ ဆူပွက်နေသည်။

မည်းနက်သော ပင်လယ်ရေထဲတွင် ဧရာမအမြီးကြီးတစ်ခု ယိမ်းနွဲ့လှုပ်ရှားနေသည်။

ဖြူဖွေးကာ ချွန်ထက်သော သွားနှစ်တန်း ဖြည်းဖြည်းချင်း ပေါ်လာသည်။

မီတာ ၂၀ ခန့် ရှည်လျားသော ဧရာမ သတ္တဝါကြီး တစ်ကောင်သည် ခန္ဓာကိုယ်ကို လှုပ်ရှားရင်း ရေခဲပြင်ပေါ်မှ ဒိုင်နိုဆောများကို စိုက်ကြည့်နေသည်။

သူတို့နှင့်အတူ လိုက်ပါ ရွေ့လျားနေလေသည်။

******

519 01

အခန်း 519 မင်း အတုခိုးတာ တော်တော်တူတာပဲ။ (၁)

ဆီးနှင်းများကြား၌ ဆုပိုင်သည် ထရိုင်ဆာရာတော့၏ကျောပေါ်တွင် ထိုင်နေရင်း ဖန်သားပြင်ထက်မှ ကြည့်ရှုသူများကို ပြုံး၍ စကားပြောဆိုနေသည်။

“အားလုံးလည်း ခံစားမိကြမှာပါ။ အခုဆိုရင် ပင်လယ်ပြင်ကြီးတောင်မှ ခဲနေပြီ ဖြစ်သလို စောစောက ဖြစ်ခဲ့တဲ့ နှင်းပြိုမှုတွေနဲ့ အစားအစာ ပြတ်လပ်မှုတွေဟာ ဒီဒိုင်နိုဆောတွေ မျိုးသုဉ်းသွားရတဲ့ အဓိက အကြောင်းရင်းတွေပါပဲ။ ဒီလောက် သန်မာတဲ့ သတ္တဝါကြီးတွေတောင်မှ သဘာဝတရားရဲ့ ရှေ့မှောက်မှာတော့ ဘာမှပြန်မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အားလုံးကို တိုက်တွန်းချင်တာက သဘာဝတရားကို ရိုသေကြောက်ရွံ့ကြပါလို့ပါ။ ခင်ဗျားတို့ရဲ့ သေးငယ်တဲ့ လုပ်ရပ်လေးတစ်ခုက မြက်ပင်လေးတစ်ပင် ဒါမှမဟုတ် သစ်ပင်တစ်ပင်ကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်ပါလိမ့်မယ်”

သူသည် လေးနက်သော အမူအရာဖြင့် ဆက်လက်ပြောကြားခဲ့သည်။

“တိရစ္ဆာန်တွေ မရှိတဲ့ ကမ္ဘာကြီးက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုတာ ကျွန်တော်တို့အားလုံး ကိုယ်တိုင် ကြုံတွေ့ခဲ့ကြပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကြွေးကြော်သံအတိုင်း တိရစ္ဆာန်တွေကို ကာကွယ်ပါ၊ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပါလို့ ပြောချင်ပါတယ်။ ဒါဟာ ဒီကမ္ဘာပေါ်မှာ နေထိုင်နေတဲ့ လူသားတိုင်း ရှိသင့်တဲ့ အခြေခံ အသိစိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ အခု ကောင်းကင်ပြာ တိရစ္ဆာန်ရုံကနေ ပြန်လည်အသက်သွင်းထားတဲ့ ဒီဒိုင်နိုဆောတွေကိုတော့ တိရစ္ဆာန်ရုံထဲမှာပဲ ထားမှာ မဟုတ်ပါဘူး။ ဘယ်နေရာမှာ ထားမလဲ၊ ဘယ်တော့ ပြသပေးမလဲဆိုတာကိုတော့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြိုတင် အသိပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြပါဦး”

ဆုပိုင်သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ တိရစ္ဆာန်ရုံ ဖွင့်ပွဲနဲ့ မတူတာက ဒိုင်နိုဆောကျွန်း ဖွင့်ပွဲကျရင်တော့ ကျွန်တော်တို့ အကြီးအကျယ် ဖျော်ဖြေရေး အစီအစဉ်တွေ လုပ်သွားမှာပါ။ ပါဝင်ရမယ့် အချက်အလက်တွေကိုလည်း နောက်ပိုင်းမှာ ကြေညာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြပါဦး”

ထိုသို့ပြောပြီးနောက် ဆုပိုင်သည် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို ပိတ်လိုက်ပြီး အဝေးမှ ထရန်နိုဆောရက်ရပ်စ်ကို မော့ကြည့်လိုက်သည်။ ရေခဲပြင်ပေါ်တွင် ခက်ခဲစွာ ဆယ်မိနစ်ကျော်ခန့် လျှောက်လှမ်းပြီးနောက်တွင်မှ တစ်ဖက်ကမ်းရှိ အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့နိုင်တော့သည်။ အပင်စား ဒိုင်နိုဆောများ တစ်ကောင်မှ လျော့မသွားသည်ကို တွေ့ရသည့်အခါမှ ဆုပိုင်သည် သက်ပြင်းချနိုင်တော့သည်။ အားလုံးနှင့် ပြန်လည် ဆုံတွေ့သည့်အခါ တာဝန်ပြီးမြောက်တော့မည် ဖြစ်သည်။ ဒိုင်နိုဆော အမျိုးအစား ၁၀ မျိုး၊ အရေအတွက်အားဖြင့် ဆိုလျှင် အကောင်ရေ ၁၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။ အများစုမှာ အပင်စားဒိုင်နိုဆောများ ဖြစ်ကြသဖြင့် ယခုခေတ် ကမ္ဘာမြေပေါ်တွင် မွေးမြူရန် မခက်ခဲလှပေ။

ရုတ်တရက် ဆုပိုင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ထရန်နိုဆောရက်ရပ်စ်၏ ခြေထောက်အောက်ရှိ ရေခဲပြင်သည် ရုတ်တရက် မှောင်ကနဲ ဖြစ်သွားသည်။

“ဂျွတ်...”

သူ၏ခြေထောက်အောက်ရှိ ရေခဲပြင်မှလည်း အက်ကွဲသံလေးတစ်ခု ထွက်ပေါ်လာသည်။ ဆုပိုင် ငုံ့ကြည့်လိုက်ရာ ဧရာမ သတ္တဝါကြီးတစ်ကောင်သည် သူ၏ ခြေထောက်အောက်တွင် ကူးခတ်နေပြီး ၎င်း၏ပါးစပ်ကြီးကို ဟလျက် ရေခဲပြင်ကို ဦးခေါင်းဖြင့် အတင်း တိုက်နေသည်ကို မြင်လိုက်ရသည်။

ဆုပိုင်သည် တစ်ကိုယ်လုံး တုန်တက်သွားပြီး ထရိုင်ဆာရာတော့၏လည်ပင်းကို အားကုန်ပုတ်ကာ အသည်းအသန် အော်ဟစ်လိုက်သည်။

“မြန်မြန်ပြေး”

519 02

ဆုပိုင် တိုက်တွန်းစရာပင် မလိုတော့ဘဲ ထရိုင်ဆာရာတော့သည် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။ နောက်မှ အန်ကီလိုဆောရပ်စ်များမှာလည်း အသက်နှင့်လဲ၍ ပြေးနေကြသည်။ ရေခဲပြင်ပေါ်တွင် ရောက်နေခြင်းဖြစ်ရာ သူတို့အားလုံးမှာ ရေကူးမတတ်ကြပေ။ တကယ်လို့ ရေထဲသို့ ကျသွားပါက အောက်မှ ပလိုက်ယိုဆောမရှိလျှင်ပင် အသက်ရှင်နိုင်ရန် လမ်းစ မရှိပေ။

ရေအောက်တွင်မူ ပလိုက်ယိုဆောသည် ၎င်း၏ခန္ဓာကိုယ်ကို အစွမ်းကုန် လှုပ်ယမ်းလျက် ရေခဲပြင်ကို တိုက်ခိုက်နေသည်။ ၎င်းသည် ရေခဲပြင်ကို အမြန်ဆုံး ခွဲထုတ်ပစ်ရန် စီစဉ်ထားသော်လည်း ဤရေခဲပြင်ကြီးမှာ ထင်ထားသည်ထက် များစွာ ထူထဲနေသည်။ ပထမတစ်ချက် တိုက်လိုက်စဉ်က အက်ကြောင်းလေးသာ ပေါ်လာပြီး ပြိုကျရန်မှာ ဝေးစွရှိသေးသည်။ သားကောင်များ ဝေးရာသို့ ပြေးသွားသည်ကို မြင်ရသည့်အခါ ပလိုက်ယိုဆောသည် အံကို တင်းတင်းကြိတ်ကာ ၎င်း၏ကျိုးပဲ့နေသော သွားများမှ နာကျင်မှုကို အံတုလျက် အနောက်မှ အသည်းအသန် လိုက်ပါသွားတော့သည်။ မည်သို့ပင်ဖြစ်စေ ယနေ့ ဤသားကောင်များကို သူ ရအောင် ဖမ်းယူမည်ဟု ဆုံးဖြတ်ထားသည်။

သို့သော် အဝေးမှ အရိပ်တစ်ခုကို မြင်လိုက်ရသည့်အခါ ပလိုက်ယိုဆောသည် နေရာတွင်တင် တောင့်ကနဲ ဖြစ်သွားရသည်။ အကယ်၍ ပင်လယ်ပြင်အတွင်း၌ သူ ကြောက်ရွံ့ရမည့် သတ္တဝါ ရှိသည်ဆိုပါက ထိုအကောင်သာ ဖြစ်ပေလိမ့်မည်။ ၎င်းသည် ခန္ဓာကိုယ် ကြီးမားရုံတင်မကဘဲ သွားများမှာလည်း အလွန် ချွန်ထက်လှသည်။ ထိုအကောင်နှင့် ရင်ဆိုင်ရပါက သူ အနိုင်ရရန် လမ်းမရှိပေ။

ထရန်နိုဆောရက်ရပ်စ်၏ခြေထောက်အောက်၌ ကူးခတ်နေသော မိုဆာဆောရတ်စ်သည်လည်း အဝေးမှ ပလိုက်ယိုဆောကို သတိပြုမိသွားသည်။ ၎င်းသည် ရေခဲပြင်ကို ဦးခေါင်းဖြင့် တစ်ချက် တိုက်ကြည့်လိုက်ပြီးနောက် ထွက်ပြေးရန် ပြင်နေသော ပလိုက်ယိုဆောကို လှည့်ကြည့်လိုက်သည်။ ရေခဲပြင်မှာ အနည်းငယ် မာကျောလှသလို အပေါ်မှ လူစုမှာလည်း သူ့ကို သတိပြုမိသွားကြပြီ ဖြစ်သည်။

မိုဆာဆောရတ်စ်သည် ရေအောက်၌ ထူးဆန်းသော အော်ဟစ်သံတစ်ခုကို ပြုလုပ်လိုက်ပြီး ပလိုက်ယိုဆောနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားပါတော့သည်။

“မြန်မြန်သွားကြစို့”

ဆုပိုင်သည် ကျိုးဝမ်၏ ရှေ့သို့ အမြန်ပြေးသွားပြီး အားလုံးကို ကမ်းခြေဘက်သို့ ပြေးခိုင်းလိုက်သည်။ ထိုစဉ် မိုးကြိုးပစ်သံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

“ဂျွတ်... ဂျွတ်... ဂျွတ်...”

အဝေးမှ ရေခဲပြင်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်ပေါက်လာပြီးနောက် ရုတ်တရက် ပွင့်ထွက်သွားသည်။

519 03

“ဟိန်း...”

ကြောက်မက်ဖွယ် သွားများ ပြည့်နှက်နေသော ပါးစပ်ကြီးသည် ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာသည်။ ၎င်း၏ ပါးစပ်အတွင်း၌မူ ပလိုက်ယိုဆောတစ်ကောင်သည် အသည်းအသန် ရုန်းကန်နေရသည်။

ဆုပိုင်သည် စနစ်၏ဘာသာပြန်စွမ်းရည်အရ “ဘာဖြစ်လို့လဲ” ဆိုသည့် ပလိုက်ယိုဆော၏အော်ဟစ်သံကို ကြားနေရသည်။ သို့သော် မိုဆာဆောရတ်စ်မှာမူ ထိုအသံကို ဂရုမစိုက်ဘဲ ပြင်းထန်လှသော ကိုက်အားဖြင့် ဖိချလိုက်သည်။ ချွန်ထက်သော သွားကြီးများမှာ ပလိုက်ယိုဆော၏ ခန္ဓာကိုယ်အတွင်းသို့ တစ်စတစ်စ နစ်ဝင်သွားတော့သည်။ ဖြူဖွေးနေသော ရေခဲပြင်ပေါ်တွင် သွေးများဖြင့် ရဲရဲနီသွားပြီး ပူနွေးသော သွေးများမှာ စမ်းချောင်းလေးသဖွယ် စီးဆင်းနေသည်။

နောက်ကွယ်မှ ဒိုင်နိုဆောများမှာလည်း ကြောက်လန့်တကြား တံတွေးမြိုချနေကြသံကို ကြားနေရသည်။

“သွားကြစို့”

ဆုပိုင်သည် ကြမ်းတမ်းလှသော မိုဆာဆောရတ်စ်ကို တစ်ချက်ကြည့်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။

“မြန်မြန် ဒီကနေ ထွက်သွားကြရအောင်၊ ငါတို့ ဘယ်သူမှ ဒီကောင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

ထရန်နိုဆောရက်ရပ်စ်သည်လည်း မိုဆာဆောရတ်စ်ကို သတိကြီးစွာဖြင့် တစ်ချက်ကြည့်ကာ ကမ်းခြေသို့ ဦးလှည့် ပြေးထွက်သွားတော့သည်။

ကြည့်ရှုသူများမှာလည်း ရင်တထိတ်ထိတ် ဖြစ်နေကြသည်။

[ဘုရားရေ... ဒါ ဘာသတ္တဝါလဲ၊ အရမ်း ကြောက်ဖို့ကောင်းတာပဲ။ ဟိုပလိုက်ယိုဆောတောင် ဘာမှ ပြန်မလုပ်နိုင်ဘူးလား။]

[ဒါရိုက်တာ ဆုပိုင်ရဲ့ အဖွဲ့က ပင်လယ်သတ္တဝါတွေကို ဘာလို့ အမြန် ပြန်မအသက်သွင်းသေးတာလဲဆိုတာ အခုမှ သိတော့တယ်။ ဒါကြီးက တကယ့်ကို ကြောက်စရာကြီးပဲ။]

[ဒီအကောင်ကြီးကို ကျေးဇူးတင်ရမယ်၊ သူသာ ပလိုက်ယိုဆောကို မတိုက်ခိုက်ရင် ဆုပိုင်တို့ အန္တရာယ်ရှိမှာ သေချာတယ်။]

“ဂုဏ်ယူပါတယ် ပိုင်ရှင်၊ အကြီးစား တာဝန်ကို အောင်မြင်စွာ ပြီးဆုံးသွားပါပြီ”

“ဂုဏ်ယူပါတယ် ပိုင်ရှင်၊ အန်ကီလိုဆောရပ်စ်၊ ကွန်ပ်ဆော်ဂနသစ်၊ မက်ပူဆောရပ်စ်၊ ဗီလော်စီရက်ပ်တာ၊ ထရိုင်ဆာရာတော့၊ ဒရိုင်ယိုဆောရတ်စ်၊ ဟစ်ပ်ဆီလိုဖိုဒွန်... မိုဆာဆောရတ်စ်တို့ကို အောင်မြင်စွာ ပြန်လည် အသက်သွင်းနိုင်ခဲ့ပါပြီ”

“နေဦး... တစ်ခုခု မှားနေသလိုပဲ”

ဆုပိုင်သည် စနစ်မျက်နှာပြင်ကို ကြည့်ကာ နားထင်ကို ပွတ်လိုက်သည်။ သူသည် ထရန်နိုဆောရက်ရပ်စ်ကိုလည်း အရေအတွက်ထဲတွင် ထည့်တွက်မိသဖြင့် တစ်မျိုးလျော့နေသည်ဟု ထင်ခဲ့သော်လည်း စနစ်က မည်သို့ တာဝန်ပြီးမြောက်သွားသနည်းဟု တွေးတောနေမိသည်။ ထိုစဉ် နောက်ဆုံးမှ အမည်ကို မြင်လိုက်ရသည့်အခါ ဆုပိုင်၏မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။

မိုဆာဆောရတ်စ်… ဒီကောင်ကြီးပါ ပါလာတာလား။

“စနစ် ပြန်လည်ထွက်ခွာနေပါပြီ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ခေတ္တ ရပ်နားပါမည်”

အေးစက်သော စနစ်အသံ ထွက်ပေါ်လာပြီးနောက် ဒိုင်နိုဆောများ အားလုံးသည် အပြာရောင် အလင်းတန်းများကြားတွင် ပျောက်ကွယ်သွားကြသည်။ အဝေးတွင် ပလိုက်ယိုဆောကို ကိုက်ဖြတ်နေသော မိုဆာဆောရတ်စ်သည်လည်း ပြင်းထန်သော ဆွဲအားတစ်ခုကို ခံစားလိုက်ရပြီး ပလိုက်ယိုဆော အလောင်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

519 04

ကောင်းကင်ပြာ တိရစ္ဆာန်ရုံအတွင်း၌မူ...

လရောင်အောက်ရှိ မြက်ခင်းပြင်တွင် ကြီးမားသော အရိပ်တစ်ခုနှင့် သေးငယ်သော အရိပ်တစ်ခု ရှိနေသည်။ အာဟသည် သူ၏မျက်လုံးများကို ပြူးလျက် ရှေ့မှ ဖင်းမြေခွေးကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

“ငါပြောတာတွေ မင်း သေချာ နားလည်ရဲ့လား”

“နောင်ကျရင် မင်းကို မြေပြင်ပေါ်မှာ လဲပြီး နာကျင်သလိုမျိုး ဟန်ဆောင်ပြီး အော်ခိုင်းတဲ့အခါ မင်း မှတ်ထားနော်”

“ငါတို့ သားအဖနှစ်ယောက် ဒီတိရစ္ဆာန်ရုံမှာ နေရာရဖို့က မင်းအပေါ်မှာပဲ မူတည်နေတာကွ... မရယ်နဲ့၊ ငါ အတည်ပြောနေတာ”

ဖင်းမြေခွေးလေးမှာမူ သူ၏လက်ကလေးဖြင့် ပါးစပ်ကို ပိတ်ကာ ပြုံးလျက် ခေါင်းညိတ်ပြနေတော့သည်။

******

All Chapters