အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
အခန်း 529 ရှေးဟောင်းရောမ (၁/၂)
“ဝူး...”
“အမေရေ... ငါတော့ သေတော့မှာပဲ။ ဒီလောက်ရက်အတော်ကြာအောင် ပြေးလွှားနေရတာ အရမ်းပင်ပန်းတာပဲ”
“ညီအစ်ကိုတို့... ငါ အာဟ ပြန်ရောက်ပြီဟေ့။ ငှက်တော ဘယ်မှာလဲ။ ငါ့ကို လာကြိုကြစမ်းပါဦး”
ဆုပိုင်သည် တိရစ္ဆာန်အုပ်စုကို ဦးဆောင်ကာ ပြန်လည်ရောက်ရှိလာပြီးနောက် ရုံးခန်းအသစ်ထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။ အာဟသည် အိမ်ထဲဝင်လာသည်နှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သော်လည်း ဆုပိုင်အသစ်ဆောက်ထားသော ရုံးခန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
တကယ့်ကို အဆင့်မြင့်လှသည့် တံခါးကြီးပင် ဖြစ်သည်။
တံခါးမှာ ဘယ်သူ့ကို ကာကွယ်ဖို့ ဆောက်ထားတာလဲ။
သူသည် တစ်လှမ်းချင်း အနားသို့ တိုးသွားကာ ရှေ့မှ လက်ဗွေနှိပ်သည့် နေရာကို မော့ကြည့်ပြီး သေချာစွာ စစ်ဆေးနေမိသည်။
ဒါက ဘာကြီးလဲ။
တံခါးမှာ ထူးဆန်းလှပြီး သော့ပေါက်ပင် မရှိပေ။
“ဝူးးးး...”
သူသည် တိုးတိုးလေး တစ်ချက် ဟောင်လိုက်ပြီးနောက် မကျေမနပ်ဖြင့် လှည့်ထွက်သွားတော့သည်။
ဒါရိုက်တာဆုပိုင် မရှိတဲ့အချိန်ကျမှ ဒါကို သေသေချာချာ လေ့လာအုံးမယ်။
ဤအရာမှာ နည်းပညာ မြင့်မားလွန်းလှရာ မည်သို့ဖွင့်ရမည်ကို သူ စဉ်းစားမရ ဖြစ်နေသည်။
“ဂျောက်...”
ဆုပိုင်သည် ထွက်ခွာသွားသော အာဟကို ကြည့်ကာ ပြုံးလိုက်ပြီး တံခါးကို ပိတ်လိုက်သည်။
ယခုဆိုလျှင် ထိုခွေးအအတွက် စိုးရိမ်စရာ မလိုတော့ပေ။
လက်ဗွေသော့စနစ်…
မင်း ကြောက်သွားပြီလားလို့ပဲ မေးလိုက်ချင်တော့သည်။
သူသည် ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပြီးနောက် စနစ်မျက်နှာပြင်ကို ဖွင့်ကာ တိရစ္ဆာန်အပိုင်းအစ အရောင်းဆိုင်အတွင်း အသစ်ထွက်ပေါ်လာသော အပိုင်းအစများကို သေချာစွာ စစ်ဆေးလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ထူးခြားသော အခြေအနေမျိုး မရှိဘဲ ပုံမှန်အတိုင်းသာ ဖြစ်သည်။
တိရစ္ဆာန်အပိုင်းအစ အရောင်းဆိုင်
ခြင်္သေ့အပိုင်းအစ - အံ့အားသင့်မှု အမှတ် ၈ သိန်းဖြင့် လဲလှယ်နိုင်သည်။
ကွာဂါ အပိုင်းအစ - အံ့အားသင့်မှု အမှတ် ၇ သိန်းဖြင့် လဲလှယ်နိုင်သည်။
မြင်းကျားအပိုင်းအစ - အံ့အားသင့်မှု အမှတ် ၅ သိန်းဖြင့် လဲလှယ်နိုင်သည်။
သမင်ဒရယ် အပိုင်းအစ - အံ့အားသင့်မှု အမှတ် ၂ သိန်းဖြင့် လဲလှယ်နိုင်သည်။
စာမရီ အပိုင်းအစ - အံ့အားသင့်မှု အမှတ် ၂ သိန်းဖြင့် လဲလှယ်နိုင်သည်။
529 02
(ခြင်္သေ့အပိုင်းအစမှာ အမျိုးအစားကို ကျပန်းရွေးချယ်မည်ဖြစ်ပြီး ခြင်္သေ့အမျိုးအစားပေါ် မူတည်၍ တာဝန်ခက်ခဲမှုမှာ ပြောင်းလဲသွားလိမ့်မည်)
အောက်ဆုံးတွင်မူ ထိုသတိပေးချက် တစ်ကြောင်း တိုးလာခဲ့သည်။
“ဒါကတော့ ရှင်းနေတာပဲ မဟုတ်လား”
ဆုပိုင်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ခြင်္သေ့အပိုင်းအစကို လဲလှယ်ရန် ချက်ချင်းပင် နှိပ်လိုက်သည်။
ကျပန်းရွေးချယ်မည်ဆိုပါက ရှားပါးသော ခြင်္သေ့အမျိုးအစား ထွက်ပေါ်လာနိုင်သည့် သဘောရှိသည်။
သူ မကူးပြောင်းခင်က သိထားရသလောက်ဆိုလျှင် အရှားပါးဆုံး ခြင်္သေ့မှာ ဘာဘရီ ခြင်္သေ့ ဖြစ်ကောင်း ဖြစ်နိုင်သည်။
၎င်းတို့မှာ ခန္ဓာကိုယ် အကြီးမားဆုံး ခြင်္သေ့အမျိုးအစား ဖြစ်သော်လည်း လွန်ခဲ့သော အချိန်များစွာကတည်းက မျိုးသုဉ်းသွားခဲ့ပြီ ဖြစ်သည်။
“ဟုတ်ချင်မှလည်း ဟုတ်မှာပါ”
ဆုပိုင်သည် ကျောပိုးအိတ်ကို လွယ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ တာဝန်စတင်ရန် စနစ်ကို အမိန့်ပေးလိုက်သည်။
“ဂုဏ်ယူပါတယ်၊ ခြင်္သေ့အပိုင်းအစ တာဝန် စတင်ပါပြီ”
“ကျပန်းရွေးချယ်မှုအရ တာဝန်ခက်ခဲမှုမှာ အမြင့်ဆုံးအဆင့် ဖြစ်ပါသည်...”
“ရေတွက်ခြင်း စတင်ပါပြီ”
“၁၀၊ ၉၊ ၈၊ ၇...”
“ဝုန်း... ဝုန်း... ဝုန်း”
ဆုပိုင် မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
သူသည် အနီးရှိ ကျောက်တံတိုင်းတစ်ခု၏နောက်သို့ အမြန်ပင် ဝင်ပုန်းလိုက်ရသည်။
သူ၏ ရှေ့တည့်တည့်တွင်မူ သံချပ်ကာများ ဝတ်ဆင်ကာ အနီရောင် ဝတ်ရုံများ ခြုံထားသော စစ်သားအုပ်စုတစ်စု ရှိနေသည်။ သူတို့သည် လှံများကို ကိုင်ဆောင်ကာ သံခမောက်များ ဆောင်းလျက် လမ်းမများအတိုင်း ကင်းလှည့်နေကြသည်။
“ဒါ ဘယ်နေရာလဲ”
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဆုပိုင်သည် တံတိုင်းကို မှီကာ ရှေ့သို့ တစ်လှမ်းချင်း ခိုးကြောင်ခိုးဝှက် တိုးသွားခဲ့သည်။
“လတ်ဆတ်တဲ့ လိမ္မော်သီးတွေ လာပြီ”
“ကျွန်တွေ ရောင်းမယ်၊ လူမည်းကျွန်တွေ... တန်တန်လေးပဲ ဝယ်သွားရင် အသစ္စာအရှိဆုံး ကိုယ်ရံတော်တွေဖြစ်အောင် သေချာ လေ့ကျင့်ပေးလို့ ရတယ်”
“တောင်းပန်ပါတယ်၊ စားစရာလေး တစ်ခုခု ပေးကြပါဦး”
လမ်းထောင့်သို့ ရောက်ရှိသွားသည့် ခဏတွင် လူများ၏ ဝတ်စားဆင်ယင်မှုကို မြင်ရသည့်အခါ ဆုပိုင်သည် ချက်ချင်းပင် နောက်သို့ ပြန်ဆုတ်လိုက်ရသည်။
တောက်... ဒါက ရှေးဟောင်းခေတ်ကြီးထဲ ရောက်နေတာလား။
ပြီးတော့ ဒါက နိုင်ငံခြားက ရှေးဟောင်းခေတ်ကြီး မဟုတ်လား။
529 03
ဒီတာဝန်ကတော့ တကယ့်ကို ခက်ခဲလွန်းလှသည်။
လက်ရှိတွင် ဆုပိုင်အနေဖြင့် လူလုံးထွက်ပြသရန် မဖြစ်နိုင်ပေ၊ သူ၏ အဝတ်အစားများမှာ တခြားသူများနှင့် လုံးဝ ကွဲပြားနေသောကြောင့် ဖြစ်သည်။
သူသည် အဝေးမှ အရောင်းဆိုင်လေး တစ်ခုကို ကြည့်ကာ တစ်လှမ်းချင်း တိုးသွားခဲ့သည်။
“ဒီအဝတ်က ဘယ်လောက်လဲ?”
“အက်စ် တစ်ပြားပဲ”
ဆိုင်ရှင်သည် ရှေ့မှ ထူးဆန်းစွာ ဝတ်ဆင်ထားသော လူကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဒီမှာ ပိုကောင်းတဲ့ ပိတ်စတွေလည်း ရှိသေးတယ်၊ မင်း လိုချင်လား။ အဝေးကြီးက အရှေ့တိုင်းကနေ သယ်လာတာလေ၊ ဒီပိတ်စကို စမ်းကြည့်ပါဦး၊ မင်းလို မြင့်မြတ်တဲ့ လူကြီးမင်းတွေပဲ ဝတ်သင့်တာ”
ဆိုင်ရှင်ကိုလည်း အပြစ်ဆို၍ မရပေ၊ ဆုပိုင် ဝတ်ထားသော အဝတ်အစားများမှာ အလွန်သေသပ်ကောင်းမွန်လှသောကြောင့် ဖြစ်သည်။
“ငါ ဒီတစ်စုံပဲ ယူမယ်”
ဆုပိုင်သည် စနစ်မှတစ်ဆင့် ကြေးပြားအချို့ကို လဲလှယ်လိုက်ပြီး ဆိုင်ရှင်ကို ကမ်းပေးကာ အဝတ်အစားများကို ယူ၍ အဝေးသို့ ထွက်ခွာလာခဲ့သည်။
အတန်ကြာပြီးနောက်တွင်မူ...
ချည်သားအကြမ်းထည် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခြေဗလာနှင့် ဆုပိုင်သည် တံတိုင်းနောက်မှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
++++
530 01
အခန်း 530
ကျောပိုးအိတ်ကို သူ၏ပခုံးတွင် လွယ်ထားရင်း လမ်းမများအတိုင်း ဤကမ္ဘာသစ်၏ မြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေတော့သည်။
“ဒါက ဘယ်လို နတ်ဘုံနတ်နန်း မြင်ကွင်းကြီးလဲ။ လူတွေလည်း အများကြီးပဲ၊ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း တစ်ခါမှ မမြင်ဖူးဘူး... @စာကြည့်တိုက်မှူး၊ အစ်ကိုကြီး ဒါ ဘယ်နေရာလဲဆိုတာ သိလား”
“အပေါ်ကလူ မမေးနဲ့တော့၊ စာကြည့်တိုက်မှူးက ဒိုင်နိုဆောတွေ အစာကျွေးနေလို့ မအားဘူးတဲ့။ အခုလောလောဆယ် ငါတို့ရဲ့ ဒုတိယဗဟုသုတရှင်ကိုပဲ ဖိတ်ခေါ်ရတော့မယ်”
“ဘယ်မှာလဲ ဗဟုသုတရှင်ဆိုတာ၊ ဒါ ဘယ်နေရာလဲဆိုတာ ဘယ်သူ သိမှာလဲ...”
“မင်းတို့ သတိထားမိလား၊ ဒီလမ်းမှာ ရောင်းတာတွေက စုံနေတာပဲ။ အထူးဆန်းဆုံးကတော့ လူတွေကို ရောင်းနေတာပဲ၊ ကျွန်တွေလား”
【ကျွန်တွေရှိနေမှတော့ ဒါက သေချာပေါက် ရှေးဟောင်းခေတ်ပဲ ဖြစ်ရမယ်။ ပြီးတော့ နိုင်ငံခြားသား ကျွန်တွေတောင် ပါသေးတယ်။ ဒီဗိသုကာ လက်ရာတွေကို ကြည့်ရတာ ရောမများလား】
【အားလုံးပဲ လျှောက်မခန့်မှန်းကြပါနဲ့ဦး။ ငါတို့ရဲ့ ဒီတစ်ခေါက် Live Room က ခြင်္သေ့ကို အသက်ပြန်သွင်းမှာလေ။ အခုက ဘယ်လိုဖြစ်ပြီး ရှေးဟောင်း လူ့အဖွဲ့အစည်းထဲ ရောက်သွားရတာလဲ】
နိုင်ငံခြားသား ကျွန်များ ဖြစ်နေရုံတင်မကဘဲ အဆောက်အအုံ ပုံစံများအရ ရောမမြို့ ဖြစ်နိုင်သည်ဟု တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များက ခန့်မှန်းနေကြသည်။ ခြင်္သေ့များကို ပြန်လည်အသက်သွင်းမည့် တာဝန်ဖြစ်ပါလျက် အဘယ်ကြောင့် လူသားလူ့အဖွဲ့အစည်းအတွင်းသို့ ရောက်ရှိနေရသနည်းဟု လူတိုင်းက နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ယခင်အတွေ့အကြုံများအရ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းမှာ လူသားလူ့အဖွဲ့အစည်းအတွင်း တိုက်ရိုက် ရောက်ရှိသွားပါက တိရစ္ဆာန်များ၏ အခြေအနေမှာ အလွန်သနားစရာကောင်းလေ့ ရှိသည်။ ယခုတစ်ကြိမ်တွင်လည်း ထိုသို့ပင် ဖြစ်မည်လား။
ဆုပိုင်သည် ကျွန်ရောင်းဝယ်သူတစ်ဦး၏ ရှေ့တွင် ရပ်လိုက်ပြီး သူ၏ ရှေ့တွင် ရပ်နေသော သန်မာလှသည့် လူအုပ်စုကို မျက်မှောင်ကြုတ်ကြည့်နေမိသည်။
“ဘာကြည့်နေတာလဲ။ မင်းက ကျွန်တွေကို ကျွေးနိုင်လို့လား”
ဝဖြိုးလှသော ကျွန်ရောင်းဝယ်သူသည် သူ၏ နှင်တံကို လွှဲရိုက်လိုက်ပြီး ဆုပိုင်ကို မောင်းထုတ်လိုက်သည်။
“ဒီဒဏ်ရာက ဘယ်လိုရတာလဲ”
ဆုပိုင်သည် ရှောင်ထွက်လိုက်ပြီးမှ လူမည်းကျွန်တစ်ဦး၏ လက်မောင်းပေါ်ရှိ ဒဏ်ရာကို ညွှန်ပြကာ လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။ ဤဒဏ်ရာမှာ တိရစ္ဆာန်တစ်ကောင်ကောင်၏ ကုတ်ခြစ်ခြင်းကို ခံထားရသည်မှာ ထင်ရှားလှသည်။ အနာဖေးမှာလည်း အသစ်စက်စက်ပင် ရှိနေသေးသည်။
“ဒါကို ဘာလို့ မေးတာလဲ။ မြန်မြန်သွားစမ်း။ ငါ့ဈေးကို လာမနှောင့်ယှက်နဲ့”
“ဒီမှာ...”
ဆုပိုင်သည် ငွေပြားတစ်ပြားကို ထုတ်ကာ လှုပ်ခါပြလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
530 02
“မေးခွန်းအချို့ပဲ မေးချင်လို့ပါ။ ဒီငွေပြားကို မင်းအတွက် ပေးမယ်...”
“အာ... ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါခင်ဗျာ။ ဘာသိချင်လို့လဲ။ ကျွန်တော် ဆာလွန်က မသိတာမရှိပါဘူး။ ရောမမြို့တစ်မြို့လုံးမှာ ကျွန်တော်က အစုံသိဆုံးပဲ”
ကျွန်ရောင်းဝယ်သူသည် ငွေပြားကို မြင်သည်နှင့် မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာသွားတော့သည်။ သူသည် ကျွန်၏ ကိုယ်ပေါ်သို့ နှင်တံဖြင့် တစ်ချက် ရိုက်လိုက်ပြန်သည်။
“မြန်မြန် ဒူးထောက်စမ်း”
ထိုလူမည်းကျွန် ဒူးထောက်လိုက်သည့်အခါမှ ဆာလွန်က ရိုသေစွာဖြင့် ဆက်ပြောလိုက်သည်။
“မြင့်မြတ်တဲ့ လူကြီးမင်းခင်ဗျာ၊ ဒါက တိုက်ပွဲကွင်းထဲမှာ ရခဲ့တဲ့ ဒဏ်ရာပါ”
“ဟုတ်ပါတယ်၊ မှန်ပါတယ်”
ဆာလွန်သည် အနားသို့ တိုးကပ်လာပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
“ဒါက ခြင်္သေ့အုပ်ကြားထဲကနေ အသက်ရှင်လွတ်မြောက်လာတဲ့ ကျွန်ပါ။ ဒဏ်ရာသာ မရခဲ့ရင် ဒီကောင်က တော်တော် တန်ဖိုးကြီးမှာဗျ။ ဘယ်လိုလဲ လူကြီးမင်း၊ ဝယ်ချင်လား။ ရွှေပြား ၅ ပြားတည်းနဲ့ အမြဲတမ်း သစ္စာရှိမယ့် ကျွန်တစ်ယောက်ကို ပိုင်ဆိုင်နိုင်မှာနော်”
“တိုက်ပွဲကွင်း ဟုတ်လား”
ဆုပိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲမှ ငွေပြားကို ကမ်းပေးကာ ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
“တောက်...”
“ကံဆိုးလိုက်တာ၊ မရောင်းလိုက်ရဘူး”
ဆာလွန်သည် ဆုပိုင်၏ ကျောပြင်ကို ကြည့်ကာ တံတွေးတစ်ချက် ထွေးလိုက်ပြီး ဒူးထောက်နေသော ကျွန်ကို လှည့်ကြည့်လိုက်သည်။
“ဒဏ်ရာကို ပြန်ဖွင့်ပြစမ်း၊ ဒီဒဏ်ရာကို စိတ်ဝင်စားတဲ့သူ ရှိနေပုံရတယ်။ မြန်မြန်လုပ်စမ်း သေချင်လို့လား”
ကျွန်ရောင်းဝယ်သူ၏လုပ်ရပ်များကို ဆုပိုင် မသိရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဧရာမ ကောလို့စီယမ် တိုက်ပွဲကွင်းကြီးသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ သူ၏ ရှေ့မှောက်တွင် မြင်တွေ့နေရသော ခန့်ညားထည်ဝါလှသည့် အဆောက်အအုံမှာ ရှေးဟောင်း ရောမခေတ်၏ တိုက်ပွဲကွင်းကြီး ဖြစ်သည်။ သူ မကူးပြောင်းခင်က ဤနေရာမှာ တစ်ဝက်တစ်ပျက်သာ ကျန်ရှိတော့သော်လည်း ယခုမူ မူလလက်ရာအတိုင်း တည်ရှိနေသည်။ ၎င်းသည် လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်၍ အသံကို နှိမ့်ကာ ရှင်းပြလိုက်သည်။
“အခု တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါဝင်တဲ့ ခြင်္သေ့က ဘာအမျိုးအစားလဲဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါပြီ။ မဟာမျိုးသုဉ်းမှုကြီး မတိုင်ခင် အချိန်အတော်ကြာကတည်းက ရှိခဲ့တဲ့ အလွန် သန်မာတဲ့ ခြင်္သေ့တစ်မျိုး ရှိပါတယ်။ ဒါကတော့ ဘာဘရီခြင်္သေ့ပဲ ဖြစ်ပါတယ်”
“ဒီခြင်္သေ့တွေက ခန္ဓာကိုယ် အကြီးမားဆုံး အမျိုးအစား ဖြစ်သလို သူတို့ရဲ့ ဆွဲဆောင်မှုအရှိဆုံး အချက်ကတော့ ရွှေရောင်လည်ဆံမွှေးတွေပါပဲ။ ဦးခေါင်းတစ်ခုလုံးတင်မကဘဲ ထူထဲလှတဲ့ လည်ဆံမွှေးတွေက ဝမ်းဗိုက်ကနေ ပေါင်အတွင်းပိုင်းအထိ ရှည်လျားစွာ ရှိနေတတ်တာကြောင့် အဲ့ဒီခေတ်က အမျိုးသားတွေရဲ့ အကြိုက်နဲ့ တော်တော်လေး ကိုက်ညီပါတယ်”
“မင်းတို့ မြင်နေရတဲ့ ဒီအဆောက်အအုံကိုလည်း စာအုပ်တွေထဲမှာ တွေ့ဖူးကြမှာပါ။ ဟုတ်တယ်၊ ဒါဟာ ရှေးဟောင်း ရောမ တိုက်ပွဲကွင်းကြီးပါပဲ”
530 03
“တကယ်တော့ ဘာဘရီ ခြင်္သေ့တွေ မျိုးသုဉ်းသွားရတာဟာ ဒီရောမခေတ်နဲ့ အများကြီး ဆက်စပ်နေပါတယ်။ ဘာဘရီ ခြင်္သေ့တွေရဲ့ သန်မာထွားကြိုင်းမှုကြောင့် တိုက်ပွဲဝင် သူရဲကောင်းတွေဟာ သူတို့ရဲ့ သတ္တိကို ပြသဖို့အတွက် ဒီခြင်္သေ့တွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါတင်မကဘဲ ရောမမြို့မှာ စစ်ပွဲတွေ အောင်နိုင်တဲ့အခါတိုင်း တိုက်ပွဲကွင်းထဲမှာ ကျွန်တွေ ဒါမှမဟုတ် သူရဲကောင်းတွေကို ခြင်္သေ့အုပ်နဲ့ တိုက်ခိုက်ခိုင်းပြီး ရောမ သူကောင်းမျိုးတွေကို ဖျော်ဖြေလေ့ ရှိကြပါတယ်”
“ကဲ... ဗဟုသုတပေးတာတော့ ဒီလောက်ပါပဲ။ အထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်တော် သွားကြည့်လိုက်ပါဦးမယ်”
ရှင်းပြပြီးနောက် ဆုပိုင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ သူသည် လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာခဲ့ပြီး ငွေပြားနှစ်ပြား ပေးဆောင်ကာ တိုက်ပွဲကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ဝင်ရောက်လာသည့် ခဏမှာပင် လူအုပ်ကြီး၏ အသံများက သူ့ကို လွှမ်းမိုးသွားတော့သည်။
“သတ်စမ်း”
“အသုံးမကျတဲ့ ကျွန်၊ မင်းရဲ့ လှံက သွားကြားထိုးဖို့လား။ ပြေးဝင်စမ်း”
“ကိုက်သတ်စမ်း၊ ကိုက်သတ်စမ်း... ဒီကျွန်ကို ကိုက်သတ်ပစ်စမ်း”
နားစည်ကွဲမတတ် အော်ဟစ်သံများ လေထုအတွင်း ပြည့်နှက်နေသည်။ ဆုပိုင်သည် မျက်မှောင်ကြုတ်လျက် ကွင်းလယ်ရှိ စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် သွေးများမှာ အိုင်ထွန်းနေတော့သည်။ ဘာဘရီ ခြင်္သေ့တစ်ကောင်၏ ကိုယ်ပေါ်တွင် လှံတစ်စင်း စိုက်ဝင်နေပြီး ၎င်း၏ လည်ဆံမွှေးများမှာ သွေးများဖြင့် ရဲရဲနီနေသည်။ ၎င်းသည် စင်မြင့်ပေါ်တွင် ဂနာမငြိမ်ဘဲ တိုးတိုးလေး ဟိန်းဟောက်နေမိသည်။
၎င်း၏ရှေ့တွင်မူ လူမည်းကျွန်တစ်ဦး ရပ်နေပြီး ၎င်း၏ ဝမ်းဗိုက်တွင် ကြောက်မက်ဖွယ် ဒဏ်ရာကြီးတစ်ခု ရှိနေသည်။ အသားများ လန်ထွက်နေသော ထိုဒဏ်ရာမှာ ကြည့်ရသူကို ကြက်သီးထစေသည်။
“ဟူး...”
ဆုပိုင်သည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပရိသတ်များကြားမှ တိုးထွက်၍ ရှေ့ဆုံးတန်းရှိ နေရာလွတ်တစ်ခုတွင် ထိုင်လိုက်သည်။ စင်ပေါ်ရှိ ဘာဘရီ ခြင်္သေ့မှာ ဝမ်းဗိုက်တွင် လှံစိုက်ထားသဖြင့် အသက်ရှင်ရန် လမ်းစ မရှိတော့သလို ထိုကျွန်မှာလည်း ကြာရှည် တောင့်ခံနိုင်မည့်ပုံ မပေါ်ပေ။
“ဟိန်း...”
“အား”
ထိုစဉ် ခြင်္သေ့ကြီးသည် ဝမ်းနည်းဖွယ် ကောင်းလှသော ဟိန်းသံကြီး တစ်ချက်ကို ပြုလုပ်လိုက်ပြီး အားကုန် ပြေးဝင်သွားတော့သည်။ လူမည်းကျွန်သည်လည်း လှံကို တင်းတင်းဆုပ်ကာ အော်ဟစ်လျက် ကိုယ်ကို နှိမ့်၍ ပြေးဝင်လာသော ခြင်္သေ့ကြီးကို စိုက်ကြည့်နေပါတော့သည်။
******
531 01
အခန်း 531 ကျွန်
“အသုံးမကျတဲ့ကောင်တွေ၊ တကယ့်ကို အသုံးမကျတဲ့ကောင်တွေပဲ”
“တောက်... ဒါ ဘယ်အိမ်က ကျွန်လဲဟ၊ ခြင်္သေ့တစ်ကောင်ကိုတောင် မနိုင်ဘူး၊ ငါ့မျက်စိတွေတောင် ကျိန်းတယ်”
“အား... ခြင်္သေ့လည်း သေသွားပြီ၊ လောင်းကြေးတွေကို ဘယ်လိုတွက်ကြမလဲ”
ပွဲကြည့်စင်တစ်ခုလုံးတွင် ပြည့်နှက်နေသော ပရိသတ်များ၏ ဒေါသတကြီး အော်ဟစ်သံများကို နားထောင်ရင်း ဆုပိုင်သည် မိမိ၏ နေရာမှ တိတ်ဆိတ်စွာ ထရပ်လိုက်သည်။ သူသည် ပရိသတ်များကြားမှ တိုးထွက်ကာ တိုက်ပွဲကွင်း၏ နောက်ကွယ်ရှိ လူသူကင်းဝေးရာဘက်သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။ ထိုအချိန်တွင် ကွင်းလယ်၌ နောက်ထပ် တိုက်ပွဲတစ်ခု စတင်နေပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ကျွန်နှစ်ဦး အချင်းချင်း သတ်ဖြတ်ကြရမည့် ပွဲပင် ဖြစ်သည်။
“ဟား... ဟား... ဟား”
ဆုပိုင်သည် စင်မြင့်ထက်တွင် အသက်ငင်နေသော ဘာဘရီခြင်္သေ့ကြီးကို ငုံ့ကြည့်လိုက်ရင်း သူ၏ဘေးတွင် ဖြည်းဖြည်းချင်း ဒူးထောက်ထိုင်ချလိုက်သည်။ သူသည် သွေးများဖြင့် စိုရွှဲနေသော ခြင်္သေ့ကြီး၏လည်ဆံမွှေးများကို အသာအယာ ပွတ်သပ်ပေးနေမိသည်။ ခြင်္သေ့ကြီး၏ ဘေးတွင်မူ လည်ပင်းကြေမွကာ အသားစလေးတစ်ခုနှင့်သာ တွဲလဲခိုနေသော လူမည်းကျွန်၏ အလောင်းက လဲလျောင်းနေသည်။
“မင်း ဘာလုပ်နေတာလဲ၊ ဒီကနေ ဖယ်စမ်း”
တိုက်ပွဲကွင်း စောင့်ကြပ်သူတစ်ဦးသည် မြေပြင်ပေါ်တွင် ထိုင်နေသော ဆုပိုင်ကို မြင်သည့်အခါ အပြေးအလွှား ရောက်လာပြီး လှံဖြင့် ချိန်ရွယ်ကာ အေးစက်စွာ ဟောက်လိုက်သည်။ “ခြင်္သေ့အလောင်းကို ထိခွင့်မရှိဘူး”
“ဒီအလောင်းကို ငါ ဝယ်မယ်”
ဆုပိုင်သည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး အိတ်ကပ်ထဲမှ ရွှေပြားတစ်ပြားကို ထုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်သည်။ ထို့နောက် သူသည် ခြင်္သေ့အလောင်းကို ပွေ့ချီကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
“ဒါနဲ့...”
“ဒီလူအလောင်းကိုလည်း ငါ ယူမယ်”
ဆုပိုင်သည် တစ်ခုခုကို သတိရသွားသကဲ့သို့ နောက်သို့ လှည့်ကြည့်လိုက်သည်။ သူသည် ခြင်္သေ့အလောင်းကို ပခုံးပေါ်သို့ တင်လိုက်ပြီးနောက် နောက်ထပ် ရွှေပြားတစ်ပြားကို ထပ်မံထုတ်ပေးလိုက်ကာ လူမည်းကျွန်၏ အလောင်းကိုလည်း တစ်ဖက်မှ ဆွဲမလိုက်သည်။
“ရွှေပြား နှစ်ပြား”
စောင့်ကြပ်သူသည် မြေပြင်ပေါ်မှ ရွှေပြားများကို အားရပါးရ ကောက်ယူလိုက်ရင်း ထူးဆန်းလှသော ထိုလူ၏ ကျောပြင်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ဤကဲ့သို့သော လူမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးပေ။ ပုံမှန်ဆိုလျှင် တိုက်ပွဲကွင်းအတွင်း သေဆုံးသွားသော အလောင်းများကို အခြား သားရဲတိရစ္ဆာန်များကို အစာအဖြစ်သာ ကျွေးလေ့ ရှိကြသည်။ မည်သူမျှ လာရောက် ဝယ်ယူလေ့ မရှိပေ။ ယနေ့တော့ သူသည် ဘာမှမလုပ်ဘဲ ရွှေပြားနှစ်ပြား အလကား ရလိုက်ခြင်း ဖြစ်သည်။ နောက်ထပ် အနည်းငယ် ထပ်စုလိုက်လျှင် အမျိုးသမီးကျွန်တစ်ဦးပင် ဝယ်ယူနိုင်တော့မည် ဖြစ်သည်။
ရောမမြို့ပြင်ရှိ လူသူကင်းဝေးသော မြေလွတ်တစ်ခုတွင် ဆုပိုင်သည် မြေပြင်ပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏ ရှေ့တွင်မူ ကျင်းနှစ်ကျင်းကို တူးထားပြီး ခြင်္သေ့ကြီးနှင့် ကျွန်၏အလောင်းများကို ထည့်သွင်းကာ မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်သည်။
531 02
[ဟူး... ဒါဟာ ရှေးဟောင်းခေတ်ရဲ့ ရက်စက်လှတဲ့ သူကောင်းမျိုး စနစ်ပဲ။ ကျွန်တွေကလည်း အသက်ရှင်ချင်ကြသလို ခြင်္သေ့တွေကလည်း အသက်ရှင်ချင်ကြတာပဲ။ ဒီလူတွေက ဘာလို့ ဒီလောက်တောင် ရက်စက်ကြတာလဲ။ တိရစ္ဆာန်တွေကိုတင် မဟုတ်ဘူး၊ ကိုယ့်လူသားအချင်းချင်းကိုတောင် ဒီလို လုပ်ကြတာလား]
[ဟုတ်တယ်၊ စောစောက ပရိသတ်တွေ ရူးသွပ်နေတာကို ခင်ဗျားတို့ မြင်ခဲ့မှာပါ။ တကယ့်ကို စိတ်မနှံ့တဲ့သူတွေလိုပဲ]
[ဒါရိုက်တာဆုပိုင် အခု ဘယ်လိုလုပ်မလဲ။ ခုနက လူတွေ ပြောနေကြတာ ကြားတယ် မဟုတ်လား။ နောက်နှစ်ရက်နေရင် ခြင်္သေ့ ၆၀၀ တောင် သုံးပြီး အကြီးအကျယ် တိုက်ပွဲလုပ်ကြဦးမှာတဲ့]
[ဘယ်လို တားဆီးမလဲ။ ဒါရိုက်တာဆုပိုင်မှာ သေနတ် ရှိတယ်ဆိုပေမဲ့ အောင်မြင်ဖို့ကတော့ ခက်လိမ့်မယ်။ အဲဒီအချိန်ကျရင် သူကောင်းမျိုးတွေ အများကြီး လာကြမှာဆိုတော့ စောင့်ကြပ်သူတွေလည်း အများကြီး ရှိနေမှာပဲ]
[စိတ်မကောင်းစရာပဲ။ ခြင်္သေ့တွေတင် မကဘူး၊ ကျွန်တွေလည်း အများကြီး သေကြဦးမှာ။ ဆုပိုင်သာ အလောင်းတွေကို မဝယ်ခဲ့ရင် ဒီလူတွေက အလောင်းတွေကို သားရဲစာ ကျွေးဖို့ လုပ်ထားကြတာ]
[လူသားဆန်မှု လုံးဝမရှိဘူး။ ဒါကြောင့်လည်း နောက်ဆုံးမှာ ရောမနိုင်ငံကြီး ပျက်သုဉ်းသွားတာပေါ့။ ဒီအတိုင်းဆိုရင် ဘယ်သူမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး]
တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ ပရိသတ်များမှာ ဒေါသကိုယ်စီဖြင့် ဆုပိုင်အတွက် စိုးရိမ်နေကြသည်။ စောစောက တိုက်ပွဲကွင်းအတွင်း၌ ဆွေးနွေးနေကြသော အချက်များကို လူတိုင်း ကြားသိခဲ့ကြပြီး ဖြစ်သည်။ နောက်နှစ်ရက်အကြာတွင် ခြင်္သေ့ ၆၀၀ ကို အသုံးပြုမည့် ပွဲကြီးမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုပွဲတွင် ခြင်္သေ့များကို အသက်ရှင်လျက် လွှတ်ပေးမည့် အစဉ်အလာ မရှိပေ။ ခြင်္သေ့ ၆၀၀ ကို ကယ်တင်ရန်မှာ လူပေါင်း ရာနှင့်ချီ ရှိလျှင်ပင် ခက်ခဲလှရာ ယခု ဆုပိုင် တစ်ယောက်တည်းနှင့်ဆိုသည်မှာ မဖြစ်နိုင်သော အိပ်မက်တစ်ခုကဲ့သို့ပင်။
ဆုပိုင်သည်လည်း ဤကိစ္စကို အလေးအနက် စဉ်းစားနေမိသည်။ သူ၏ကျောပိုးအိတ်အတွင်း၌ သေနတ်များ ပါရှိသည်မှာ မှန်သော်လည်း ရောမခေတ် စောင့်ကြပ်သူများသည် သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ သူ၏သေနတ်မှာ ပြောင်းဝသေးငယ်သဖြင့် ထိုသံချပ်ကာများကို ဖောက်နိုင်မည်လောဟူသည်မှာ သံသယဖြစ်ဖွယ် ရှိသည်။ ဖောက်နိုင်လျှင်ပင် အရေအတွက် များပြားလှသော စောင့်ကြပ်သူများကို သူ တစ်ယောက်တည်း ရင်ဆိုင်နိုင်ရန်မှာ မလွယ်ကူလှပေ။
“တစ်ခုပဲ ရှိတယ်...”
ဆုပိုင်သည် အံကို တင်းတင်းကြိတ်လိုက်မိသည်။ သူ၏တာဝန်များအတွင်း၌ များသောအားဖြင့် လူသားများနှင့် ရန်ဘက် ဖြစ်လေ့ရှိသည်။ တစ်ဖက်က တိရစ္ဆာန်များဘက်က ရပ်တည်ပေးရသလို တစ်ဖက်ကလည်း လူသားများ၏ ရက်စက်မှုကို သူ လက်မခံနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်ရှိ ကျွန်များမှာမူ ထူးခြားလှသည်။ ဤလူများသည် ခြင်္သေ့များနှင့် အတင်းအဓမ္မ သတ်ဖြတ်ခိုင်းခြင်း ခံနေရသူများသာ ဖြစ်သည်။ သမိုင်းကြောင်းအရလည်း ရောမခေတ်တွင် ကျွန်များ၏ ပုန်ကန်မှုများစွာ ရှိခဲ့ဖူးသည်။
ဒါဆိုရင်... ခြင်္သေ့တွေကို ကယ်ချင်ရင် ဒီကျွန်တွေရဲ့အကူအညီ လိုလိမ့်မယ်။ တကယ်လို့ ပုန်ကန်မှုသာ ဖြစ်အောင် လုပ်နိုင်ရင် ခြင်္သေ့တွေကို ကယ်တင်နိုင်ရုံတင်မကဘဲ ကျွန်တွေပါ အသက်ရှင်နိုင်တဲ့ လမ်းစ ရှိသွားလိမ့်မယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက် အသက်ရှင်မလဲဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်တော့မယ်။
ဤသို့ တွေးမိသည်နှင့် ဆုပိုင်သည် မြေပြင်မှ ထရပ်လိုက်ပြီး မျက်နှာပေါ်သို့ ရွှံ့နွံအချို့ကို သုတ်လိမ်းလိုက်ကာ ရောမမြို့အတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။ ပထမဆုံး အဆင့်အနေဖြင့် နောက်နှစ်ရက်အကြာ တိုက်ပွဲဝင်မည့် ကျွန်အုပ်စုအတွင်းသို့ သူ ရောနှောဝင်ရောက်နိုင်ရန် ကြိုးစားရပေလိမ့်မည်။ ထိုသို့လုပ်ရန်အတွက်မူ စောစောက ကျွန်ရောင်းဝယ်သူ ဆာလွန်ကို ရှာဖွေရမည် ဖြစ်သည်။
“ဘာ”
531 03
ဆာလွန်သည် မျက်လုံးများ ပြူးသွားကာ ရှေ့မှ လူငယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဤလူမှာ ရူးနေသလား။ မိမိဘာသာ ကျွန်ဖြစ်ချင်သည်ဟု တောင်းဆိုသူကို သူ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မတွေ့ဖူးပေ။
“ဟုတ်တယ်၊ ကျွန်တော် ကျွန်ဖြစ်ချင်တယ်” ဆုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။
ထို့နောက် သူသည် အိတ်ကပ်အတွင်းမှ ရွှေပြားအချို့ကို ထုတ်ကာ ဆာလွန်၏ ရှေ့တွင် လှုပ်ခါပြလိုက်သည်။
“ကျွန်တော်သာ ကျွန်ဖြစ်ခွင့်ရရင် ဒီရွှေပြားက ခင်ဗျားအတွက်ပဲ... တကယ်လို့ နောက်နှစ်ရက်နေရင် ကျင်းပမယ့် တိုက်ပွဲမှာ ပါဝင်ခွင့်ရအောင် လုပ်ပေးနိုင်ရင်တော့ ဒီရွှေပြားတွေ အားလုံးက ခင်ဗျားအပိုင်ပဲ”
“ဟူး...”
ဆာလွန်သည် ရွှေပြားများကို ကြည့်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူ၏ ဝဖြိုးလှသော ကိုယ်ခန္ဓာကြီးမှာ တုန်ရင်သွားတော့သည်။
“မင်း... မင်းက ဘယ်သူလဲဆိုတာ ငါ မသိဘူး။ ဒါပေမဲ့...”
“မင်းက ဆာလွန်ကိုတော့ ကောင်းကောင်းသိတာပဲ။ ဆာလွန်ဆိုတာ ရောမမြို့မှာ ပိုက်ဆံရရင် အသက်တောင် မငဲ့တဲ့သူကွ”
“ဒီအလုပ်ကို ငါ လက်ခံတယ်”
ပြောပြောဆိုဆိုဖြင့် ဆုပိုင်၏လက်ထဲမှ ရွှေပြားများကို အတင်းလုယူလိုက်သည်။
“ဖြန်း...”
“အိမ်ပြန်ကြစို့”
သူသည် နှင်တံကို ဝှေ့ယမ်းကာ ကျန်ရှိသော ကျွန်များကို မောင်းထုတ်၍ ထွက်ခွာလာခဲ့သည်။ ကျွန်များသည် ဆာလွန်နှင့် စကားပြောနေသော ဆုပိုင်ကို ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများတွင်မူ စိုးရိမ်ရိပ်များ ရှိနေသည်။
“ကျွန်ဖြစ်ဖို့ကတော့ လွယ်ပါတယ်။ ငါ ဆာလွန်ရှိရင် အားလုံး အဆင်ပြေတယ်” ဆာလွန်သည် ဆုပိုင်၏ ပခုံးကို ဖက်ကာ သူငယ်ချင်းရင်းချာကဲ့သို့ ပြုံးလျက် ပြောလိုက်သည်။
“ဒါပေမဲ့ နောက်နှစ်ရက်က တိုက်ပွဲမှာ ပါဝင်ဖို့ကတော့ နည်းနည်း ခက်လိမ့်မယ်...”
“ဒါပေမဲ့”
“ဒါဟာ ဆာလွန်အတွက်တော့ အခက်အခဲ မဟုတ်ပါဘူး။ တိုက်ပွဲဝင် ကျွန်တွေကို ရွေးချယ်တာက ယေဆာလေ၊ ငါနဲ့ သူက တော်တော်လေး ရင်းနှီးတာ”
ပြောရင်းနှင့် ဆာလွန်သည် ဆုပိုင်၏ ရှေ့သို့ တိုးလာကာ မျက်နှာကို လေးနက်အောင် ပြင်လိုက်သည်။
“မင်းက မင်းရဲ့ သတ္တိကို ပြချင်တာဆိုရင် ကျွန်ဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့...”
“ကျွန်ဖြစ်ပြီးလို့ တိုက်ပွဲကွင်းထဲမှာ သေသွားခဲ့ရင်တော့ ဆာလွန် သတိမပေးခဲ့ဘူးလို့ မပြောနဲ့နော်”
“နားလည်ပါတယ်” ဆုပိုင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ယေဆာ၏ကျွန်စခန်းသို့ ရောက်ရှိသွားနိုင်လျှင် အားလုံး အဆင်ပြေသွားမည် ဖြစ်သည်။ တိုက်ပွဲကွင်းအတွင်း သေဆုံးရန်အတွက်မူ...
531 04
“ငါ့မှာ ရွှေပြားတွေ အများကြီး ကျန်သေးတယ်၊ နောက်ထပ် အလုပ်တစ်ခုရော ခင်ဗျား လုပ်ချင်လား”
“ဘာအလုပ်လဲ”
“လက်နက် ၁၀၀၀ လောက် ရှာပေးနိုင်မလား။ ရွှေပြား ၁၀၀၀ ပေးမယ်”
“ဟူး...”
ဆာလွန်သည် ဆုပိုင်ကို အသေအချာ စိုက်ကြည့်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ခေါင်းခါပြလိုက်သည်။
“မရဘူး”
“အနည်းဆုံး ရွှေပြား ၂၀၀၀ ဆိုရင်တော့ စဉ်းစားမယ်”
“တကယ်လို့ မင်းက ရွှေပြား ၅၀၀၀ သာ ပေးနိုင်ရင်တော့ လက်နက် ၁၀၀၀ အပြင် သံချပ်ကာ ၁၀၀၀ ပါ မင်းအတွက် အဆင်သင့် ဖြစ်စေရမယ်”
******