အခန်း (၅၃၂-၅၃၄)
Vol. 36 Ch. 532-534
အခန်း 532 ပုန်ကန်မှု (၁)
“ညဘက်ဆိုရင် ဒီမှာပဲ အိပ်ကြ၊ စကားတွေ လျှောက်မပြောနဲ့”
“ပြီးတော့ မင်းတို့တွေ... ဒါက အသစ်ရောက်လာတဲ့ ကျွန်ပဲ။ အားအင်တွေ ပြည့်အောင် နေကြစမ်း၊ မနက်ဖြန်ကျရင် အသားကျွေးမယ်။ တိုက်ပွဲကျရင်တော့ သေချာအစွမ်းပြကြ၊ အသက်ရှင်ကျန်တဲ့သူကို သူကောင်းမျိုးတွေက သဘောကျရင် ကိုယ်ရံတော် ဖြစ်နိုင်တယ်”
“မင်းတို့လို အသုံးမကျတဲ့ အမှိုက်ကောင်တွေ... အသက်နဲ့လဲပြီး တိုက်ရမယ့် အချိန်ရောက်ပြီ”
ပိန်လှီသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် မြေပြင်ပေါ်တွင် ကုတ်ကုတ်လေး ထိုင်နေကြသည့် ကျွန်များကို ကြည့်ကာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လေသံဖြင့် ပြောလိုက်သည်။
“ဟူး...”
“နောက်ဆုံးတော့ အထဲကို ရောက်လာပြီပဲ”
ဆုပိုင်သည် အကျဉ်းထောင်နှင့် တူလှသော ဤနေရာကို မော့ကြည့်လိုက်သည်။ အိပ်ရာဟူ၍ လုံးဝမရှိဘဲ ကျွန်တိုင်းသည် အေးစက်လှသော တံတိုင်းကို မှီကာ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် တစ်ခုခုကို အလေးအနက် စဉ်းစားနေသည့် ပုံရိပ်များ ရှိနေသည်။ ဆုပိုင်သည် ခန္ဓာကိုယ်ကို အသာအယာ ရွှေ့လိုက်ပြီး အဝတ်ကို တင်းတင်းခြုံကာ နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။
“ဟေး...”
သူသည် ဘေးနားရှိ သန်မာသော အမျိုးသားကို တံတောင်ဖြင့် အသာပုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ခင်ဗျားတို့လည်း နောက်နှစ်ရက်နေရင် ကျင်းပမယ့် တိုက်ပွဲမှာ ပါဝင်ကြမှာလား”
“ကျွန်တော်လည်း ပါမှာပဲ...”
“အဲဒီကျရင် အားလုံး ပူးပေါင်းကြရအောင်လေ...”
ဆုပိုင်၏အသံကို ကြားရသည့် ကျွန်အချို့မှာ သူ့ကို လှည့်ကြည့်လာကြသည်။ သူတို့၏မျက်လုံးများမှာ ရှေ့မှ လူငယ်ကို လူအတစ်ယောက်ကဲ့သို့ ကြည့်နေကြခြင်း ဖြစ်သည်။ တိုက်ပွဲဝင်ရတော့မည့် အရေးကို ဤမျှအထိ ပျော်ရွှင်နေသူမျိုး သူတို့ တစ်ခါမျှ မတွေ့ဖူးပေ။ ဂုဏ်ယူစရာ ကိစ္စတစ်ခုကို ပါဝင်ရတော့မည့်အလား ဆုပိုင်က ဖြစ်နေသောကြောင့်ပင်။
ဆုပိုင်၏ နောက်ဘက် မလှမ်းမကမ်းရှိ အခန်းတစ်ခုအတွင်း၌ ကျွန်အချို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ တံခါးဝသို့ သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်ကြသည်။ အစောင့်များ ထိုဘက်သို့ အာရုံမရောက်သည်ကို မြင်ရသည့်အခါ လူဖြူကျွန်တစ်ဦးက အသံကို နှိမ့်၍ ပြောလိုက်သည်။
“ငါတို့အတွက် အခွင့်အရေးက သိပ်မရှိတော့ဘူး။ မကြာခင်မှာ တိုက်ပွဲစတော့မယ်၊ ခြင်္သေ့ အကောင်ရေ ၆၀၀ တောင် ရှိတာဆိုတော့ ငါတို့ထဲက ဘယ်သူမှ အသက်ရှင်ဖို့ လမ်းမရှိဘူး”
“ငါတို့ရဲ့ အမိမြေကို ဒီယုတ်မာတဲ့ ရောမလူမျိုးတွေက ဖျက်ဆီးခဲ့ပြီ။ ငါတို့ရဲ့ ဇနီးမယားတွေ၊ သားသမီးတွေ အကုန်လုံး ကျွန်ဖြစ်ကုန်ကြပြီ”
“ငါတို့ အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က လက်စားချေဖို့ပဲ”
“ဒီတစ်ခါ တိုက်ပွဲကွင်းထဲမှာ သူကောင်းမျိုးတွေ အများကြီး လာကြည့်ကြမှာ သေချာတယ်။ အဲ့ဒီကျရင် ငါတို့...”
ထိုလူဖြူကျွန် စကားဆုံးသွားသည့်အခါ လူတိုင်းမှာ လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြသည်။
“ငါ့မိန်းမကို ဒီလူတွေက ဖျော်ဖြေရေးပစ္စည်းလို လုပ်ခဲ့တာကို ငါ ကိုယ်တိုင် မြင်ခဲ့ရတာ။ ငါ့သားလေးဆိုရင်လည်း ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်။ ဒီလူတွေကို ငါ သေချာပေါက် သတ်ပစ်မယ်...”
532 02
“မှန်တယ်… ငါတို့ ဒီနေ့အထိ တောင့်ခံနေတာက ဒီတိုက်ပွဲမှာ ပါဝင်ဖို့ပဲ။ ပိုပြီးရှုပ်ထွေးလေ ပိုကောင်းလေပဲ။ တိုက်ပွဲဝင်နေတဲ့ အချိန်ကျမှသာ ငါတို့ လက်နက်တွေ ရမှာ၊ အဲ့ဒီကျမှ ဒီယုတ်မာတဲ့ ရောမ သူကောင်းမျိုးတွေကို သတ်နိုင်မယ့် အခွင့်အရေး ရမှာ”
“ဒီလူတွေကို ငါ အရှင်လတ်လတ် ဝါးမြိုပစ်ချင်တယ်”
လူတိုင်း၏မျက်လုံးများမှာ နီမြန်းနေပြီး အံကို တင်းတင်းကြိတ်ကာ ပြောဆိုနေကြသည်။
“ကောင်းပြီ... ဒါဆိုရင် ငါတို့...”
“ဒေါက်... ဒေါက်... ဒေါက်”
ရုတ်တရက် ရှေ့ဘက်ဆီမှ စည်းချက်ကျကျ ရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာသည်။
“မင်းတို့တွေ အပြင်ထွက်ခဲ့စမ်း”
အစောင့်သည် လှောင်အိမ်အတွင်းရှိ ကျွန်အချို့ကို အေးစက်စက် ကြည့်ကာ လက်ဟန်ပြလိုက်သည်။
“ဖြန်း...”
နှင်တံဖြင့် ခပ်ပြင်းပြင်း တစ်ချက် ရိုက်လိုက်ပြီးနောက် အစောင့်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ “ညဘက်မှာ စကားထပ်ပြောရင်တော့ လျှာကို ဖြတ်ပစ်မယ်... အသုံးမကျတဲ့ ကျွန်တွေ”
“ထွက်သွားစမ်း”
လူအချို့ကို အထဲသို့ ပြန်တွန်းပို့လိုက်ပြီးနောက် အစောင့်သည် ဘေးရှိ လှောင်အိမ်ကို အေးစက်စက် တစ်ချက် ကြည့်ကာ နှာခေါင်းရှုံ့လျက် ထွက်ခွာသွားတော့သည်။
“ဟေး...”
ဆုပိုင်သည် လှောင်အိမ်တံခါးကို မှီကာ ဘေးဘက်သို့ တိုးတိုးလေး လှမ်းခေါ်လိုက်သည်။ “ကျေးဇူးတင်စကားလေးတောင် မပြောသင့်ဘူးလား”
စောစောက သူသာ သစ်သားတုံးကို ရိုက်ပြီး အချက်မပေးခဲ့လျှင် ထိုလူများ၏အစီအစဉ်ကို အစောင့်က သေချာပေါက် ကြားသွားမှာ ဖြစ်သည်။ သို့သော် ထိုလူများ၏ အစီအစဉ်ကို ကြားလိုက်ရသည့်အခါ ဆုပိုင်သည် သူ၏အကြံအစည်မှာ အောင်မြင်နိုင်ကြောင်း ပို၍ယုံကြည်သွားသည်။ အမှန်အတိုင်း ပြောရလျှင် ဤနေရာရှိ ရာနှင့်ချီသော ကျွန်များမှာ စစ်ရှုံးနိုင်ငံများမှ လူများသာ ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးမှာ ကျွန်ဖြစ်သွားသည့်အခါ ပုန်ကန်ခြင်းမှလွဲ၍ အခြားလွတ်မြောက်ရာ လမ်းစမရှိပေ။ နောက်နောင် မွေးဖွားလာမည့် ကလေးများမှာလည်း ကျွန်အဖြစ်သာ ဆက်လက် ရှင်သန်သွားကြရမှာ ဖြစ်သည်။ မျိုးဆက်တစ်ခုလုံး ကျွန်အဖြစ်သာ နိမ့်ကျစွာ နေထိုင်သွားရပေလိမ့်မည်။
“မင်းက ဘယ်သူလဲ”
ထိုလူဖြူကျွန်သည် နာကျင်လှသော နှင်တံဒဏ်ရာကို ပွတ်သပ်ရင်း လှောင်အိမ်တံခါးနားသို့ တိုးလာကာ အသံကို နှိမ့်၍ မေးလိုက်သည်။ စောစောက ဆုပိုင်သာ အချက်မပေးခဲ့လျှင် သူတို့မှာ...
“ဆုပိုင်... လျှို့ဝှက်ဆန်းကြပ်တဲ့ အရှေ့တိုင်းသားတစ်ယောက်ပေါ့”
“ငါက လီဆန်ပါ...”
“ကျေး... ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီးနောက် လှောင်အိမ်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားသည်။ ဆုပိုင်သည် မျက်မှောင်ကြုတ်လျက် မိမိလှောင်အိမ်အတွင်းရှိ ကျွန်အချို့ကို ကြည့်လိုက်သည်။ လူတိုင်းမှာ မြေပြင်ကိုသာ စိုက်ကြည့်နေကြပြီး ဘာမှမဖြစ်သလို နေနေကြသည်။ စောစောက စကားသံများကို သူတို့ ကြားနိုင်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ဤသည်မှာ ယုတ္တိမရှိလှပေ။ စောစောက လူများ၏ ဆွေးနွေးသံမှာ တိုးသော်လည်း ဤအနီးအနားမှ လူများ သေချာနားထောင်လျှင် ကြားနိုင်သည်။ ဤလူများက တိုင်ကြားခြင်း မလုပ်သော်လည်း အဘယ်ကြောင့် ပူးပေါင်းရန် မကြိုးစားကြသနည်း။
532 03
“ဒုန်း...”
ထိုစဉ် တံခါးဝမှနေ၍ ခန့်ညားသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအုပ်စုတစ်စု ဝင်လာသည်။ ဦးဆောင်လာသူမှာ ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးဖြစ်ပြီး လှောင်အိမ်တစ်ခုချင်းစီရှေ့တွင် ရပ်ကာ ကျွန်များကို သေချာ စစ်ဆေးကြည့်ရှုနေသည်။
“မင်း...”
“ပြီးတော့ မင်း...”
“မင်းတို့တွေ အပြင်ထွက်ခဲ့ကြ”
အဖိုးအိုသည် ကျွန်အချို့ကို ညွှန်ပြကာ အစောင့်များကို အပြင်ထုတ်ခိုင်းလိုက်သည်။
“ကျွန်တော်လား”
ဆုပိုင်သည် မြေပြင်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လှောင်အိမ်ထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်တွင် ဘေးခန်းမှ လီဆန်သည်လည်း အပြင်သို့ ခေါ်ထုတ်ခြင်း ခံလိုက်ရသည်။
“အသံမထွက်နဲ့၊ ငါ့နောက်က လိုက်ခဲ့”
အဖိုးအိုသည် သူ၏ ဝတ်ရုံကို ခြုံလိုက်ပြီးနောက် ဆုပိုင်တို့အဖွဲ့ကို ဦးဆောင်ကာ အပြင်သို့ တစ်လှမ်းချင်း ထွက်ခွာလာခဲ့သည်။ တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှုနေသူများမှာလည်း စိုးရိမ်ပူပန်နေကြသည်။
“ညသန်းခေါင်ကြီး ဘယ်ကို ခေါ်သွားတာလဲ မသိဘူးနော်”
“ဒီကျွန်တွေက ဘာလို့ ပြန်မခုခံကြတာလဲ။ ဒါရိုက်တာဆုပိုင် တစ်ခုခု ဖြစ်မှာ စိုးရိမ်တယ်ဗျာ။ ဒါက ကောင်းတဲ့ ကိစ္စတော့ မဟုတ်တာ သေချာတယ်”
“ဘယ်လို ပြန်ခုခံမှာလဲ၊ လက်နက်မှ မရှိတာ။ ခုနက လူတွေ ပုန်ကန်ဖို့ ပြောနေတုန်းက တခြားသူတွေရဲ့ တုံ့ပြန်မှုကို ကြည့်ဦးလေ၊ အသက်မပါတဲ့ ရုပ်အလောင်းတွေလို ဖြစ်နေကြတာ”
“ဟူး... ဆုပိုင်ရဲ့ အစီအစဉ် အောင်မြင်ပါ့မလား။ အောင်မြင်မှု မရှိရင်တော့...”
“စိုးရိမ်စရာ မလိုဘူးလို့ ထင်ပါတယ်။ တိုက်ပွဲကျရင် ခြင်္သေ့တွေနဲ့ တွေ့မှာလေ၊ တိရစ္ဆာန်တွေရဲ့ စိတ်က လူတွေထက် ပိုရိုးသားတယ်။ အဲ့ဒီခြင်္သေ့တွေလည်း ဒီသူကောင်းမျိုးတွေရဲ့ ကစားစရာ မဖြစ်ချင်ကြမှာ သေချာတယ်လေ”
တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ ပရိသတ်များမှာ ဆွေးနွေးနေကြသည်။ ကင်မရာသည် ဆုပိုင်တို့နောက်မှ လိုက်ပါသွားရာ လင်းထိန်နေသော ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ ခန်းမ၏ အလယ်ဗဟိုတွင် ရေကူးကန်နှင့် တူလှသော နေရာတစ်ခု ရှိနေသည်။ ကျွန်အမျိုးသမီးများစွာမှာ တစ်ဦးကိုတစ်ဦး ဖက်ထားကြရင်း ပတ်ဝန်းကျင်မှ ရယ်မောနေကြသော ရောမလူမျိုးများကို ထိတ်လန့်တကြား ကြည့်နေကြသည်။
“ကျွိ...”
ထိုအချိန်တွင် ဆုပိုင်သည် သူ၏ရှေ့မှ လူမည်းကျွန်တစ်ဦး၏ လက်သီးမှာ တင်းတင်းဆုပ်ထားသည်ကို ခံစားလိုက်ရသည်။
“ဟားဟားဟား”
“အားလုံး ရောက်လာကြပြီပဲ...”
“မင်းတို့တွေ ဆော့ချင်နေကြတာ မဟုတ်လား။ ကျွန်တွေ အကုန် ဒီမှာ ရှိနေပြီ”
532 04
ယေဆာသည် အဓိက နေရာတွင် ထိုင်နေရင်း ခေါ်ဆောင်လာသော ကျွန်များကို ကြည့်ကာ ထိုင်ခုံမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူသည် ဆုပိုင်တို့ ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာပြီး သူ၏အေးစက်လှသော မျက်လုံးများဖြင့် ကျွန်များကို စိုက်ကြည့်နေသည်။
“မင်း အပြင်ထွက်ခဲ့”
သူသည် လူမည်းကျွန်တစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။ ယေဆာသည် ထိုကျွန်၏ အကြည့်အတိုင်း ရေကန်ထဲသို့ လှမ်းကြည့်လိုက်ရာ မျက်ရည်များဖြင့် ငိုယိုနေသော အမျိုးသမီးငယ်လေးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူသည် တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ သူ၏မျက်လုံးများတွင် ရက်စက်လှသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ဒီထဲမှာ မင်းရဲ့ ဆွေမျိုး ရှိနေတာပေါ့၊ ဟုတ်လား”
ယေဆာသည် လူမည်းကျွန်၏ဘေးတွင် ရပ်ကာ တိုးတိုးလေး မေးလိုက်သည်။ လူမည်းကျွန်သည် ထိုစကားကို ကြားရသည့်အခါ တစ်ကိုယ်လုံး တုန်ရီလာတော့သည်။
++++++
533 01
အခန်း 533
“ဟားဟားဟား”
“ယေဆာရဲ့အမြင်အာရုံကို အံ့သြသွားသလား။ ကြီးမြတ်တဲ့ ယေဆာကို ဘယ်သူမှ လိမ်လို့ မရဘူး”
သူသည် အသံကုန် ရယ်မောလိုက်ပြီးနောက် ရေကန်နားသို့ လျှောက်သွားသည်။
“အား... အား... အား”
သူသည် လူမည်းအမျိုးသမီးငယ်လေး၏ ဆံပင်ကို ဆွဲကာ ရေကန်ထဲမှ အပြင်သို့ တရွတ်တိုက် ဆွဲထုတ်လိုက်သည်။ လူမည်းအမျိုးသားမှာ အံကို တင်းတင်းကြိတ်ကာ သူ၏ညီမငယ်လေးကို စိုက်ကြည့်နေမိသည်။
“မှန်နေတာပဲ၊ သူက မင်းနဲ့ ဘာတော်တာလဲ”
ယေဆာသည် တုန်ရီနေသော အမျိုးသမီးငယ်လေး၏ဘေးတွင် ဒူးထောက်ထိုင်ကာ သူမ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ရင်း ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။ “ပြောစမ်း... သူက မင်းနဲ့ ဘာတော်တာလဲ”
“အစ်... အစ်ကိုပါ”
အမျိုးသမီးငယ်လေးသည် မြေပြင်ပေါ်တွင် ပျော့ခွေလဲကျနေရင်း အားကိုးရာမဲ့သော မျက်လုံးများဖြင့် မိမိ၏ အစ်ကိုကို ကြည့်နေသည်။
“တကယ်ပဲကိုး...”
ယေဆာသည် ထိုအမျိုးသမီးငယ်ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး မိမိ၏ထိုင်ခုံတွင် ပြန်ထိုင်ကာ ပတ်ဝန်းကျင်ရှိ သူကောင်းမျိုးများကို ဝေ့ကြည့်လိုက်သည်။
“မင်း... ဒီကို လာခဲ့၊ အဝတ်တွေကို ချွတ်လိုက်စမ်း”
သူသည် ဝိုင်ခွက်ကို ကိုင်ကာ ပြုံးလျက် ပြောလိုက်သည်။ “သူကောင်းမျိုးအပေါင်းတို့... တကယ်လို့ ဒီနှစ်ယောက်ကနေ ကျွန်ကလေးတစ်ယောက် မွေးလာရင် အဲဒီကလေးက ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့သူ ဖြစ်လာမလားလို့ ခင်ဗျားတို့ ထင်သလဲ”
“ငါတို့ လောင်းကြေးထပ်ကြမလား”
“ဟားဟားဟား... စိတ်ဝင်စားစရာပဲ၊ တကယ့်ကို ထူးခြားတယ်။ ယေဆာ မင်းကတော့ တကယ့်ကို တော်တာပဲ”
“သေချာပေါက် မသန်စွမ်းသူ ဖြစ်မှာပဲ၊ ဒီနှစ်ယောက်ရဲ့ ပုံစံကို ကြည့်ဦးလေ၊ ဒါ မောင်နှမအရင်းတွေ မဟုတ်လား”
“ဒီနေရာမှာပဲ လုပ်စမ်းပါ၊ ငါတို့ ကိုယ်တိုင် ကြည့်ချင်တယ်... ဟားဟားဟား”
ဘေးတစ်ဖက်စီတွင် ထိုင်နေသော သူကောင်းမျိုးများ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး အော်ဟစ်အားပေးနေကြသည်။
“မလုပ်ပါနဲ့”
“မလုပ်ပါနဲ့”
“တောင်းပန်ပါတယ်၊ မလုပ်ကြပါနဲ့ဦး။ ဟီး... ဟီး... ခင်ဗျားတို့က မိစ္ဆာတွေပဲ၊ မလုပ်ပါနဲ့”
အမျိုးသမီးငယ်လေးသည် ထိုစကားကို ကြားရသည့်အခါ မျက်လုံးများ ပြူးသွားပြီး နာကျင်စွာ အော်ဟစ်ငိုယိုနေတော့သည်။
“ဟူး...”
“တိရစ္ဆာန်ထက် ယုတ်မာတဲ့ကောင်တွေ”
ဆုပိုင်သည် တိုးတိုးလေး ကျိန်ဆဲလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ကာ ရှေ့သို့ တိုးရန် ပြင်လိုက်သည်။
“မလောနဲ့ဦး”
လီဆန်သည် ဆုပိုင်၏လက်မောင်းကို မသိမသာ ဆွဲထားကာ ခေါင်းခါပြလိုက်သည်။ “စီနိုက ဒါကို ကြိုတွက်ထားပြီးသားပါ။ ဒါက ရှောင်လွှဲလို့ မရဘူး”
533 02
“မင်း ဘာကို စောင့်နေတာလဲ”
“မြန်မြန် အဝတ်ချွတ်ပြီး တက်သွားစမ်း”
ယေဆာက အေးစက်စွာ ဟောက်လိုက်သည်။ လူမည်းအမျိုးသား စီနိုသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် မိမိ၏ညီမငယ်လေးဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ သူသည် သူမကို ရင်ခွင်ထဲသို့ အသာအယာ ဆွဲသွင်းလိုက်သည်။
“အစ်ကို မင်းကို အိမ်ပြန်ခေါ်သွားမယ်”
သူသည် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် သူမ၏ လည်ပင်းကို အားကုန် ညှစ်လိုက်သည်။
“ဟား... ဟား... ကျေးဇူးတင်ပါတယ်...”
အမျိုးသမီးငယ်လေး အသက်ပျောက်သွားသည်ကို ကိုယ်တိုင် မြင်လိုက်ရသည့်အခါ စီနို၏မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နှက်သွားတော့သည်။
“သူ့ကို သတ်စမ်း”
“သူ့ကို အပိုင်းပိုင်း ဖြတ်ပစ်စမ်း”
“ဗျစ်...”
ဘေးတွင် ရပ်နေသော အစောင့်သည် လှံကို ကိုင်ကာ စီနို၏ ကျောဘက်မှနေ၍ တိုက်ရိုက် ထိုးဖောက်လိုက်သည်။
“ဂျွတ်...”
စီနိုသည် ကိုယ်ကို လှည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ဖြင့်ပင် လှံကို ချိုးပစ်လိုက်သည်။ ထို့နောက် ရှေ့မှ အစောင့်၏ လည်ပင်းကို အားကုန် ညှစ်လိုက်တော့သည်။
“ဟားဟားဟား… ခင်ဗျားတို့လို မိစ္ဆာတွေ အကုန်လုံး သေသင့်တယ်။ သေကြစမ်း”
သူသည် နီမြန်းနေသော မျက်နှာဖြင့် ဟောက်လိုက်ပြီးနောက် အစောင့်၏အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“ဗျစ်...”
သူသည် အံကို တင်းတင်းကြိတ်ကာ မိမိကိုယ်ပေါ်တွင် စိုက်နေသော လှံအပိုင်းအစကို ဆွဲထုတ်လိုက်ပြီး တုန်လှုပ်နေသော သူကောင်းမျိုးများကို အေးစက်စက် ကြည့်လိုက်သည်။ ဤလူတွေလည်း ကြောက်တတ်သားပဲ။
“လာကြဦးလေ…”
ယေဆာသည် နောက်သို့ အဆက်မပြတ် ဆုတ်ခွာရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “မင်းတို့ ကျွန်တွေ... သူ့ကို သတ်စမ်း”
“မြန်မြန်”
သူသည် ဆုပိုင်တို့ အုပ်စုကို ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။
“ကျွန်တော် လုပ်မယ်”
လီဆန်သည် လက်သီးကို တင်းတင်းဆုပ်ကာ အုပ်စုထဲမှ ထွက်လာခဲ့သည်။
“ဟဲဟဲ...”
ထိုစဉ် စီနိုသည် ဝမ်းနည်းဖွယ် အပြုံးတစ်ခုကို ပြသလိုက်ပြီး လက်ထဲမှ လှံချွန်ဖြင့် မိမိ၏ နှလုံးသားတည့်တည့်သို့ အားကုန် ထိုးစိုက်လိုက်တော့သည်။
533 03
စီနို၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဒူးထောက်ကျသွားပြီး ဦးခေါင်းမှာ ငိုက်စိုက်ကျသွားတော့သည်။ ဆုပိုင်သည် ဤမြင်ကွင်းကို ကြည့်ကာ အံကို တင်းတင်းကြိတ်လိုက်မိသည်။
ကျွန်… ဤသူများသည် သူကောင်းမျိုးများ၏ ကစားစရာသက်သက်သာ ဖြစ်သည်။ မည်မျှပင် ရက်စက်လှသော နှိပ်စက်မှုမျိုးကိုမဆို သူတို့က စဉ်းစားနိုင်ကြသည်။
“တောက်... သူတို့ကို ခေါ်သွားကြစမ်း”
“ယုတ်မာလိုက်တာ၊ ငါတို့ရဲ့ စားပွဲသောက်ပွဲကြီး ဒီလို ဖြစ်သွားရတယ်”
“ဒီအမျိုးသမီးတွေကို အကုန်အဝတ်ချွတ်ပစ်စမ်း... အကုန်လုံးကို ချွတ်ပြီး ခေါ်လာခဲ့ကြ”
ဆုပိုင်တို့အဖွဲ့ကို အပြင်သို့ ပြန်လည် ခေါ်ဆောင်သွားသည့် အချိန်အထိ နောက်ကွယ်မှ သူကောင်းမျိုးများ၏ ဟောက်သံများနှင့် အမျိုးသမီးကျွန်များ၏ နာကျင်စွာ အော်ဟစ်သံများကို ကြားနေရဆဲ ဖြစ်သည်။ စီနိုနှင့် သူ၏ ညီမငယ်လေး၏ အလောင်းများကိုမူ အစောင့်များက အပိုင်းပိုင်း ဖြတ်တောက်နေကြပြီ ဖြစ်သည်။
လှောင်အိမ်သို့ ပြန်ရောက်သည့်အခါ ဆုပိုင်သည် အခွင့်အရေးကို အသုံးချကာ လီဆန်၏ အခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။
“ဟူး...”
“ဆု... ဒီလို ကိစ္စမျိုးက ခဏခဏ ဖြစ်နေကျပါ...”
လီဆန်သည် ဆုပိုင်၏ ဘေးတွင် ထိုင်ကာ အပေါ်ရှိ အပေါက်လေးမှတစ်ဆင့် လမင်းကြီးကို မော့ကြည့်နေသည်။ “စီနို ပြောဖူးတယ်၊ သူတို့ရဲ့ အမိမြေမှာလည်း ဒီလို ဝိုင်းစက်ပြီး လင်းထိန်တဲ့ လမင်းကြီး ရှိတယ်တဲ့... သူက မြင်းစီးပြီး သူ့ညီမလေးကို ခေါ်ကာ တိရစ္ဆာန်တွေ ကျောင်းခဲ့တာပေါ့...”
“ဒါပေမဲ့...”
“ငါတို့က စစ်ရှုံးသွားပြီလေ၊ နောက်ထပ် လွတ်လမ်းမရှိတော့ဘူး၊ ဆု...”
“မင်း ထင်တာကတော့ ဒီနေ့ ကိစ္စက ရက်စက်တယ်ပေါ့၊ ဒါပေမဲ့ ငါတို့ ကြုံခဲ့ရတာတွေက ဒီထက် အဆပေါင်း ရာချီပြီး ရက်စက်ကြမ်းကြုတ်ခဲ့တာပါ”
“မပြောပါနဲ့တော့...”
ဆုပိုင်သည် သက်ပြင်းတစ်ချက်ချကာ လက်ကာပြလိုက်သည်။ “ခင်ဗျားတို့ တိုက်ပွဲကွင်းထဲမှာ လက်နက်ကိုင်ပြီး တိုက်ဖို့ စဉ်းစားထားတယ် မဟုတ်လား၊ ကျွန်တော်လည်း ခင်ဗျားတို့နဲ့ ပူးပေါင်းမယ်။ ဒါပေမဲ့...”
“ခင်ဗျားတို့ အစီအစဉ်အတိုင်းဆိုရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။ ကျွန်တော့်စကားကို နားထောင်ကြပါ၊ ငါတို့ ဒီလို လုပ်ကြမယ်...”
...++++++
534 01
အခန်း 534
တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ ပရိသတ်များမှာမူ ယခုမှ သတိပြန်ဝင်လာကြသကဲ့သို့ ရှိနေသည်။
“သူကောင်းမျိုးတွေက ဒီလောက်အထိ ရက်စက်ကြတာလား။ ဒါ လူသားတွေလေ၊ ကိုယ့်လူသားအချင်းချင်းကို ဒီလို လုပ်ရက်ကြတယ်လား”
“လူသားတွေရဲ့ယုတ်မာမှုမှာ အဆုံးအစ မရှိဘူးဆိုတာ တကယ့်ကို မထင်မှတ်ထားခဲ့ဘူး”
“ဆုပိုင် ပြနေတာတွေက အမှန်တရားတွေပဲ ဖြစ်ရမယ်။ ငါက သမိုင်းပညာရှင် ပရော်ဖက်ဆာတစ်ယောက်ပါ။ ရောမတင်မကဘူး၊ ငါတို့ တရုတ်ပြည်ရဲ့ ရှေးဟောင်းခေတ်မှာလည်း ဒီလို သူကောင်းမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေက တကယ် ဖြစ်နိုင်တဲ့ ကိစ္စတွေပါ”
“အား... တွေးမိရင်တောင် ရင်နာတယ်။ စောစောက အဲဒီလူတွေကို ငါ ကိုယ်တိုင် သွားသတ်ချင်စိတ် ပေါက်သွားတယ်။ တကယ့်ကို ယုတ်မာလွန်းတယ်”
“ဟုတ်တယ်၊ အဲဒီလူမည်းကျွန်ရဲ့ အားငယ်နေတဲ့ ပုံစံကို ကြည့်ဦးလေ၊ ကိုယ့်ညီမကို ကိုယ်တိုင် သတ်လိုက်ရတဲ့ ခံစားချက်။ ညီမလေး သေသွားတဲ့အချိန်မှာ ပြုံးနေတာကို မင်းတို့ သတိထားမိလား မသိဘူး...”
“ရင်နာစရာပဲ၊ တိုက်ပွဲကျရင် လူတိုင်း ပူးပေါင်းပြီး ဒီယုတ်မာတဲ့ သူကောင်းမျိုးတွေကို သတ်ပစ်နိုင်ဖို့ပဲ မျှော်လင့်မိတော့တယ်”
တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ လူတိုင်းမှာ အလွန်အမင်း ဒေါသထွက်နေကြသည်။ သူတို့ ဖတ်ဖူးသည့် စာအုပ်ထဲမှ ကျွန်စနစ်နှင့် ယခု မြင်တွေ့နေရသည့် မြင်ကွင်းမှာ အလွန် ကွာခြားလှသည်။ တိုက်ရိုက်ထုတ်လွင့်မှု မြင်ကွင်းမှာ ပိုမိုထိရှလွယ်ပြီး ပိုမိုစစ်မှန်လှသည်။ ထိုစစ်မှန်မှုကြောင့်ပင် လူတိုင်း၏ရင်ထဲတွင် အေးစက်လှသော ခံစားချက်များ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။ ဤသည်မှာ တိုက်ရိုက်ထုတ်လွင့်မှုသာ ရှိသေးသည်။ ရှေးယခင်က ကျွန်များသည် နေ့စဉ် မည်မျှအထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရမည်နည်း။
...
“အိုး... အိုး... အိုး ကိုင်ဆာမင်းကြီး အသက်ရာကျော် ရှည်ပါစေ”
“တိုက်ပွဲ ရောမ”
“တိုက်ပွဲ”
ယနေ့ တိုက်ပွဲကွင်းအတွင်း၌ လူအသံများဖြင့် ဆူညံနေတော့သည်။ ရောမမြို့သူ မြို့သားများစွာမှာ တိုက်ပွဲကွင်းအတွင်း စုဝေးနေကြပြီး အော်ဟစ်အားပေးနေကြသည်။ မကြာခင် ဖြစ်ပေါ်တော့မည့် ရက်စက်လှသော တိုက်ပွဲကြီးမှာ သူတို့ အမြဲမျှော်လင့်တောင့်တနေသည့် ပျော်ပွဲရွှင်ပွဲကြီးတစ်ခုအလား ဖြစ်နေသည်။
ရှေ့တည့်တည့်ရှိ ပရိသတ်စင်မြင့်ပေါ်တွင်မူ ခမ်းနားလှသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ရောမ သူကောင်းမျိုးများစွာ ရှိနေသည်။ လူတိုင်းမှာ ဝိုင်များကို သောက်သုံးရင်း တိုက်ပွဲဝင်မည့် ကျွန်များကို မထီမဲ့မြင် ကြည့်နေကြသည်။
“ယေဆာ၊ ဒီတစ်ခါ ကျွန်တွေက ကြည့်ရတာ မဆိုးဘူးပဲ”
“အသက်ရှင်ကျန်တဲ့သူ ရှိရင်တော့ ကိုယ်ရံတော်အဖြစ် ခန့်အပ်လို့ ရတာပေါ့”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး”
534 02
ချီးကျူးစကားကို ကြားရသည့် ယေဆာသည် ရိုသေစွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ သူကောင်းမျိုးများ ရှိနေသည့် ထောင့်တစ်နေရာတွင်မူ ဝဖြိုးသော အမျိုးသားတစ်ဦးသည် မျက်နှာဖြူဖျော့လျက် တစ်ကိုယ်လုံး တုန်ရီနေသည်။
“ဟေး...”
“ဆာလွန်၊ မင်း ဒီနေ့ ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား”
ဘေးနားရှိ လူက ဆာလွန် တစ်ငုံပြီးတစ်ငုံ ဝိုင်များကို သောက်နေသည်ကို မြင်ရသည့်အခါ လှမ်းမေးလိုက်သည်။
“ငါ ရေငတ်နေလို့ပါကွ၊ ရမလား”
ဆာလွန်က မကျေမနပ်ဖြင့် ပြန်ဖြေလိုက်သည်။ နောက်ပြောင်နေတာလား တောက်... ဒီကိစ္စက တော်တော်ကြီးသွားပြီပဲ။ သူသည် မိမိ၏ရှေ့ရှိ ကျောပိုးအိတ်ကို ငုံ့ကြည့်လိုက်ရင်း စိတ်ပျက်နေမိသည်။ ဤအရာကို မည်သို့သွားပေးရမည်နည်း။ တကယ်လို့ တစ်စုံတစ်ယောက်သာ သိသွားရင် သူ အသက်ရှင်နိုင်ပါဦးမလား။ ဒါပေမဲ့... အပိုဆု ရွှေပြား ၁၅၀၀ တောင်လေ။ ထိုဆုံးရှုံးမှုကို သူ မခံစားနိုင်ပေ။ ဆာလွန်သည် သူကောင်းမျိုးများကို တစ်ချက်ကြည့်ကာ အံကို တင်းတင်းကြိတ်လိုက်သည်။ အရှေ့တိုင်းသားကျွန်ကတော့ အကြီးအကျယ် လုပ်တော့မှာ သေချာတယ်၊ ဒါပေမဲ့... ဒီသူကောင်းမျိုးတွေ သေလေလေ ပိုကောင်းလေပဲ။ သူတို့ သေမှသာ သူ အသက်ရှင်ရင် သူ့ရဲ့ဂုဏ်သိက္ခာက ပိုပြီး မြင့်မားလာမှာ မဟုတ်လား။ ထိုသို့တွေးမိသည်နှင့် ဆာလွန်သည် ထူးဆန်းလှသော ကျောပိုးအိတ်ကို ခြေရင်းတွင် ချထားလိုက်ပြီး အောက်ဘက်ရှိ တိုက်ပွဲစင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။
“ဆု”
“မင်း တကယ်ပဲ အာမခံနိုင်လား”
လီဆန်သည် ဆုပိုင်၏ အစီအစဉ်ကို တွေးတောရင်း အိပ်မက်တစ်ခုလို ခံစားနေရသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဤလူငယ်က ခြင်္သေ့အုပ်က သူတို့ကို တိုက်ခိုက်မှာ မဟုတ်ဘဲ သူကောင်းမျိုးတွေကို ပြန်တိုက်ခိုက်ဖို့ ကူညီပေးလိမ့်မည်ဟု ပြောနေသည်။ အစပိုင်းတွင် လူတိုင်းမှာ ဤအစီအစဉ်ကို ဟာသတစ်ခုလို မှတ်ယူခဲ့ကြသော်လည်း ဆုပိုင်က လှောင်အိမ်အတွင်း၌ ကြွက်တစ်ကောင်ကို ထိန်းချုပ်ကာ မယုံနိုင်စရာ လုပ်ရပ်များ ပြသလိုက်သည့်အခါမှသာ လူတိုင်းက ဤရူးသွပ်လှသော အစီအစဉ်ကို သဘောတူခဲ့ကြခြင်း ဖြစ်သည်။ ဒါတင်မကဘဲ တစ်ရက်အတွင်းမှာတင် သူတို့သည် ကျန်ရှိသော ကျွန်များအားလုံးကို ပုန်ကန်မည့်အဖွဲ့အတွင်း ပါဝင်လာအောင် စည်းရုံးနိုင်ခဲ့ကြသည်။ ယခုအခါ အားလုံးမှာ တိုက်ပွဲစင်မြင့်ထက်တွင် ရပ်နေကြပြီး ပရိသတ်များ၏ အော်ဟစ်သံများကို ကြားရသည့်အခါ အိပ်မက်တစ်ခုလို ခံစားနေကြရသည်။ သူတို့ တကယ်ပဲ ပုန်ကန်ကြတော့မည်။ ဒါဆိုရင်... တကယ်ပဲ အောင်မြင်နိုင်ပါ့မလား။
“စိတ်ချပါ”
ဆုပိုင်သည် အဖွဲ့၏ ရှေ့ဆုံးတွင် ရပ်နေပြီး တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဘေးဘက်ရှိ ဆာလွန်ကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“ဂလောင်”
ဆာလွန်၏လက်ထဲမှ ဝိုင်ခွက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် ဘာမှမဖြစ်သလို ဟန်ဆောင်နေရသည်။ တကယ့်ကို သတ္တိရှိတဲ့သူပဲ။ လူတွေအများကြီး ကြည့်နေတာကို ငါ့ကို လာပြီး ပြုံးပြနေသေးတယ်လား။
“ဂျောက်... ဂျောက်... ဂျောက်”
သံကြိုးများ ဆွဲတင်သံ ထွက်ပေါ်လာသည်။ ထူထဲလှသော ကျောက်တံခါးကြီး ပွင့်သွားတော့သည်။
“ဝေါင်း… ဝေါင်း… ဝေါင်း…”
534 03
ဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ သွေးဆာနေသော မျက်လုံးများစွာ ပွင့်လာပြီး ဘာဘရီခြင်္သေ့အုပ်ကြီး ထွက်ပေါ်လာသည်။ ဦးဆောင်လာသော ခြင်္သေ့ကြီးမှာ အခြားအကောင်များထက် သိသိသာသာ ကြီးမားလှသည်။ ၎င်းသည် လည်ပင်းကို လှုပ်ခါလိုက်ပြီး ပတ်ဝန်းကျင်မှ အော်ဟစ်နေသော လူအုပ်ကြီးကို ကြည့်ကာ စိတ်မရှည်စွာဖြင့် ဟိန်းဟောက်လိုက်သည်။
“တိုက်ပွဲ စတင်စေ”
ခရုသင်းသံ ထွက်ပေါ်လာသည်နှင့်အမျှ ဤကြီးကျယ်ခမ်းနားလှသော တိုက်ပွဲကြီး တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ ထိုခဏမှာပင် တစ်ကွင်းလုံး တိတ်ဆိတ်သွားတော့သည်။ ပရိသတ်အားလုံး မတ်တပ်ထရပ်ကာ စင်မြင့်ထက်ဆီသို့ စိုက်ကြည့်နေကြသည်။ မည်သူမျှ ဤသွေးထွက်သံယို မြင်ကွင်းကို လက်လွတ်မခံချင်ကြပေ။
“ဟိန်း...”
ခြင်္သေ့ဘုရင်သည် ပါးစပ်ကြီးကို ဟကာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ လည်ဆံမွှေးများမှာ လေထဲတွင် ဝှေ့ယမ်းနေသည်။ ၎င်းသည် ရှေ့မှ ကျွန်များဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။ ၎င်း၏ နောက်တွင်မူ ခြင်္သေ့အုပ်ကြီး လိုက်ပါလာသည်။
“ဂလု”
ကျွန်များစွာမှာ ဤမြင်ကွင်းကို ကြည့်ကာ တံတွေးမြိုချနေကြပြီး နဖူးမှ ချွေးများမှာ ပါးပြင်ပေါ်သို့ စီးကျနေသည်။ သို့သော် မည်သူမျှ လှုပ်ရှားခြင်း မရှိပေ။ ခြင်္သေ့အုပ်က သူတို့ကို ဝိုင်းရံထားသော်လည်း မည်သည့်ကျွန်မျှ နေရာမှ မရွေ့ကြပေ။ လက်ထဲမှ လက်နက်များကိုပင် မြှောက်ခြင်း မရှိကြပေ။ လူတိုင်း နားမလည် ဖြစ်နေစဉ်မှာပင် လူငယ်တစ်ဦးသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် အုပ်စုထဲမှ ထွက်လာပြီး ခြင်္သေ့ဘုရင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။
“ဆု”
“သတိထားဦး”
လီဆန်သည် တစ်ကိုယ်လုံး ကြွက်သားများ တင်းမာနေပြီး ဆုပိုင် ထွက်သွားသည်ကို မြင်ရသည့်အခါ အသံကိုနှိမ့်၍ အလျင်စလို ဟစ်အော်လိုက်သည်။
“စိတ်ချပါ”
ဆုပိုင်က လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ ဤသည်မှာ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ တကယ်လို့ ဤအရှေ့တိုင်းသားကျွန် ပြောသမျှက အလိမ်အညာသာဆိုလျှင် သူတို့၏ ပုန်ကန်မှုမှာ မအောင်မြင်ရုံတင်မကဘဲ ခြင်္သေ့အုပ်၏ ကိုက်သတ်ခြင်းကိုပါ ခံကြရမှာ ဖြစ်သည်။ ကျွန်များသာမက ပွဲကြည့်စင်ပေါ်မှ ပရိသတ်များမှာလည်း ဆုပိုင်ကို စိုက်ကြည့်နေကြသည်။ တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ ပရိသတ်များမှာလည်း အသက်ရှူပင် မဝကြတော့ပေ။ ဤအစီအစဉ် အောင်မြင်မလားဆိုသည်မှာ ဤခြင်္သေ့များအပေါ်တွင်သာ မူတည်နေသည်။ အကယ်၍ အောင်မြင်ခဲ့လျှင် ခြင်္သေ့ ၆၀၀ ၏ အကူအညီဖြင့် ဤတိုက်ပွဲကွင်းအတွင်းမှ သူတို့ သေချာပေါက် လွတ်မြောက်နိုင်မှာ ဖြစ်သည်။
“အား... ငါတော့ ရင်တုန်လွန်းလို့ ဆီးတောင် ထွက်တော့မယ်”
“ခြင်္သေ့ ၆၀၀၊ ဒီမြင်ကွင်းကို ကြည့်ရတာတင် ခြေထောက်တွေ တုန်နေပြီ။ တကယ့်ကို ခန့်ညားလွန်းလှတယ်”
“ဆုပိုင် သေချာပေါက် အောင်မြင်ပါစေ”
“ဆုပိုင်က ခြင်္သေ့ဘုရင်နဲ့ စကားပြောနေပြီ၊ အောင်မြင်မှာ သေချာတယ်”
လူတိုင်းသည် ဖန်သားပြင်ပေါ်မှ ဆုပိုင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ သူသည် ဖြည်းဖြည်းချင်း လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ခြင်္သေ့ဘုရင်၏ဦးခေါင်းပေါ်သို့ ကျရောက်တော့မည် ဖြစ်သည်။ လူတိုင်းသည် ထိုင်ခုံမှ မတ်တပ်ထရပ်ကာ အသက်ပင် ပြင်းပြင်းမရှူရဲကြပေ။
534 04
ဝုန်း
တစ်ကွင်းလုံး ဆူညံသွားတော့သည်။
“ဒါ ဘာဖြစ်တာလဲ၊ ဒါ ဘယ်အိမ်က ကျွန်လဲ၊ ခြင်္သေ့နဲ့ ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်နေတာလဲ”
“အား... ဒီကျွန်ကို ရွှေပြားဘယ်လောက်နဲ့ ရမလဲ၊ ငါ ဝယ်ချင်တယ်... တကယ့်ကို တော်တာပဲ၊ ခြင်္သေ့က ဘာလို့ မတိုက်တာလဲ”
“ဒါဆို တိုက်ပွဲက ဘယ်လိုလုပ်မလဲ၊ ခြင်္သေ့ဘုရင်က အရှုံးပေးလိုက်တဲ့ ပုံစံပဲ၊ ငါ...”
ပရိသတ်များစွာမှာ မျက်လုံးများ ပြူးသွားကာ မြေပြင်ပေါ်တွင် ဝပ်စင်းနေသော ခြင်္သေ့ဘုရင်ကို ကြည့်ရင်း မယုံနိုင်အောင် ဖြစ်နေကြသည်။ ထိုစဉ် ပိုမို ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
“ဟိန်း... ဟိန်း... ဟိန်း”
ခြင်္သေ့ပေါင်းများစွာမှာ ကောင်းကင်သို့ မော့ကြည့်ကာ အသံကုန် ဟိန်းဟောက်လိုက်ကြသည်။ ထိုအသံကြောင့် လူတိုင်း၏ နားစည်များမှာ နာကျင်သွားရသည်။
“ဟူး...”
“စတင်ရမယ့် အချိန်ရောက်ပြီ”
ဆုပိုင်သည် ရှေ့မှ သူကောင်းမျိုးများကို ကြည့်ကာ ပြုံးလိုက်ရာ ဖြူဖွေးသော သွားလေးများမှာ နေရောင်အောက်တွင် လူတိုင်း၏မျက်စိကို ကျိန်းစပ်သွားစေသည်။
“တိုက်စမ်း”
ရုတ်တရက် ဆုပိုင်သည် အရှိန်အဟုန်ဖြင့် ခြင်္သေ့ဘုရင်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ဘာဘရီခြင်္သေ့၏ ကြီးမားလှသော ကိုယ်ထည်မှာ ဆုပိုင် စီးနင်းရန်အတွက် လုံလောက်လှသည်။ သူသည် အော်ဟစ်လိုက်ရင်း လက်ထဲမှ လှံကို အားကုန် လွှဲပစ်လိုက်သည်။
“ဗျစ်...”
စင်မြင့်ပေါ်မှ သူကောင်းမျိုးတစ်ဦးမှာ လှံဖြင့် အစိုက်ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးသွားတော့သည်။
“သတ်ကြစမ်း”
“တိုက်ကြစမ်း၊ ကျွန်တွေ အားလုံး”
“ဒီယုတ်မာတဲ့ သူကောင်းမျိုးတွေကို အကုန်သတ်ပစ်ကြစမ်း”
လီဆန်သည် လက်ထဲမှ လှံကို မြှောက်ကာ အော်ဟစ်လိုက်ပြီး ပွဲကြည့်စင်သို့ သွားရာ လမ်းကြောင်းအတိုင်း ပြေးဝင်သွားတော့သည်။
“လာကြဦးလေ”
“အစောင့်တွေ... မြန်မြန် လာကြစမ်း”
“ဒီကျွန်တွေကို အကုန် ပစ်သတ်ကြစမ်း”
ယခုအခါ စင်မြင့်ပေါ်မှ သူကောင်းမျိုးများမှာ ပရမ်းပတာ ဖြစ်ကုန်ကြပြီး အချို့မှာ စားပွဲအောက်သို့ပင် ဝင်ပုန်းနေကြသည်။ သံချပ်ကာများ ဝတ်ဆင်ထားသော အစောင့်များစွာမှာ လက်နက်များကို ကိုင်ဆောင်ကာ အမြောက်အမြား ပြေးဝင်လာကြပါတော့သည်။
******