← Chapters

ဆံပင်အစိမ်းနှင့် အမျိုးသားကို ဆံပင်အစိမ်းနှင့် အမျိုးသားဟု ထပ်ခေါ်၍ မရတော့ပါ

Vol. 25 Ch. 340

ဆံပင်အစိမ်းနှင့် အမျိုးသားကို ဆံပင်အစိမ်းနှင့် အမျိုးသားဟု ထပ်ခေါ်၍ မရတော့ပါ

Vol. 25 Ch. 340

အန်လင်းက ထိုအမည်းရောင် အလုံးကြီးကို လက်ခံလိုက်ပြီးနောက် ပုံရိပ် တသီတတန်းကြီးက သူ့စိတ်ထဲသို့ စီးဝင်လာလေတော့သည်။

ထိုသည်မှာ တောင်ပံနက်မျိုးနွယ်စုနှင့် တစ်ချို့သော အနက်ရောင် မကောင်းဆိုးဝါးများ တိုက်ခိုက်ထားသော မှတ်တမ်းဖြစ်လေ၏။ ထိုသည်မှာ ကမ္ဘာမြေတုန်လှုပ်စေနိုင်သော တိုက်ပွဲဖြစ်လေ၏။ ထိုသည်မှာ ကောင်းကင်နှင့် မြေကြီးကို ကျိုးပဲ့စေကာ နေမင်းကြီးနှင့် လစန္ဒာတို့ကို နစ်မြုပ်စေသည်။ ထိုသည်မှာ ကမ္ဘာမြေတစ်ခုလုံးက ထိုတိုက်ပွဲကြောင့် ဝါးမျိုခံရတော့မလိုပင်။

ထိုတိုက်ပွဲထဲတွင် အလွန်ထူးချွန်သော တောင်ပံနက်မျိုးနွယ်စုမှ အမျိုးသားတစ်ဦးရှိလေ၏။ သူ့၏ဓားသိုင်းပညာမှာ အဆုံးမရှိညဓားသိုင်းဟု ခေါ်လေသည်။

အန်လင်းက အသိစိတ်ဝင်ဝင်ချင်းမှာပင် အဆုံးမရှိညဓားသိုင်း၏ စစ်မှန်လှသော အဆီအနှစ်များ ပါရှိသည့် သတင်းအချက်လက်များစွာက သူ့စိတ်ထဲသို့ တိုးဝင်လာတော့သည်။

အလွန်အမင်း စွမ်းအားကြီးသည့် ဓား၏ စိတ်ဆန္ဒမှာ လေထုထဲသို့ ပြင်းပြလာပြီး မိစ္ဆာရှင်းဓားမှာလဲ စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်လာတော့သည်။

“ဒီဓားသိုင်းက ငါနဲ့အတော်လေး လိုက်တာပဲ။” အေးစက်စက် အသံတစ်ခုက အန်လင်း၏ စိတ်ထဲတွင် ထပ်မံဖြစ်ပေါ်လာ၏။

အန်လင်းက မျက်တောင်ခတ်ကာ “ဒါပေမဲ့ ငါကတော့ စစ်နတ်ဘုရားရဲ့ ဓားချက် ခြောက်ချက် ဓားသိုင်းက ငါနဲ့ပိုလိုက်တယ်လို့ထင်တယ်။”

မိစ္ဆာရှင်းဓား : “...”

မိစ္ဆာရှင်းဓားက စကားဆက်မပြောလာပါတော့ပေ။ ထိုသည်က အေးစက်ပြီး တိတ်ဆိတ်သောဓားအဖြစ် ပြန်ပြောင်းသွားပါတော့သည်။

ထိုကဲ့သို့ ပိုင်ရှင်မျိုးက သူ့၏ လက်နက်အား စိတ်ဝိညာဉ်တစ်ခု ဖွင့်ဖြိုးလာစေချင်ပါသလား။ သူက သေချာပေါက်ပင် la-la landထဲ၌ နေထိုင်နေခြင်းဖြစ်သည်။

အန်လင်းက မိစ္ဆာရှင်းဓားသည် ယခုတွင် မည်သည်ကိုတွေးနေသည်ကို မသိပါပေ။ သို့သော် သူက သူ့ကိုယ်သူ အလွန်အမင်း ကျေနပ်နေပေသည်။

ဟွန့်... မင်းကို ဘယ်သူက အအနေဖို့ ပြောလို့လဲ။ ငါမင်းကို ဘယ်လို မွန်းပြီးသေအောင်လုပ်မလဲဆိုတာ ကြည့်နေလိုက်။

စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီးနောက် ကြီးမားသော ပေါ်လောပေါ်နေသည့် ကျောက်တုံးကြီးပေါ်တွင် လမ်းကျဉ်းလေးတစ်ခု ပေါ်လာတော့သည်။ ထိုလမ်းကျဉ်းလေးမှာ လမ်းဆယ်

သွယ်ဆုံရာဆီသို့ ဦးဆောင်သွားသော လမ်းဖြစ်သည်မှာ ရှင်းလင်းလှ၏။ အန်လင်းက တုန့်ဆိုင်းမနေပဲ ထိုလမ်းကျဉ်းလေးဆီသို့ ပျော်ရွှင်ဖွယ် သံစဉ်လေးကို ညည်းရင်း ဝင်သွားလိုက်လေတော့သည်။

...

ခပ်မှိန်မှိန်အလင်းရောင်နှင့် နေရာလပ်တစ်ခုတွင် အမျိုးသမီးတစ်ဦးက ဖန်သားပြင်ဆီသို့ စိုက်ကြည့်နေ၏။ သူမက အတွေးထဲတွင် နစ်မြုပ်နေဟန်ရှိသည်။

ဆံပင်အစိမ်းနှင့် အမျိုးသားမှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ရင်း တုန်ယင်နေပေတော့၏။ ခဏအကြာတွင် သူ့၏ဆံပင်များက သူ့ဦးရေပြားမှ အဆက်မပြတ် ကွာကျလာသည်ကို သဘောပေါက်လိုက်၏။

တစ်မိနစ်အကြာတွင် သူက ခေါင်းတုံးပြောင် ဖြစ်သွားလေပြီ...

သူက ပိုပြီး သန်မာမလာပါချေ။

“သူမ လွှမ်းမိုးတဲ့ လောကငယ်လေးဖြစ်တဲ့ ကမ္ဘာပေါ်မှာ ရေပမ်းစားတဲ့ စကားတစ်ခွန်းရှိတယ်။” မြွေနက်ဝိညာဉ္က အေးစက်စွာ ပြောလာ၏။ “အဲ့တာက 'အသက်ရှုမှားစေနိုင်တဲ့ ဉာဏ်ရည်'တဲ့။ အဲ့တာကို တခြားသော အပြုအမူသေးသေးလေးတစ်ခုအနေနဲ့ နားလည်မည်ဆိုရင်တောင် အသုံးဝင်မယ်လို့ ငါခံစားရတယ်။ ငါတို့က မင်းရဲ့ အသက်ရှုနှုန်းကို အရင်ယူထားလိုက်မယ်။ အဲ့တာက မင်းရဲ့ ဉာဏ်ရည်နဲ့ပတ်သတ်ပြီး အနည်းငယ် အကူအညီပေးရင် ပေးမှာပါ။”

ဆံပင်အစိမ်းနှင့် အမျိုးသား ... အာ... ကတုံးနှင့် အမျိုးသားက စိတ်အားသန်စွာ ခေါင်းငြိမ့်ပြပြီး မြှောက်ပင့်လိုက်၏။ “မာစတာ ဘလက်က အရမ်း ပညာရှိတာပဲ။” သူ၏ မျက်လုံးထဲတွင် မျက်ရည်များ ရစ်သိုင်းလာတော့သည်။

...

စိတ်အားတက်ဖွယ် သံစဉ်တစ်ခု ညည်းနေရင်း အန်လင်းက လမ်းဆယ်သွယ်လုံး ဆုံသည့် လမ်းဆုံသို့ ရောက်ရှိလာခဲ့သည်။ ထိုသည်မှာ ကြီးမားလှသည့် ​ကျောက်အခန်းကြီးဖြစ်၏။

ရောက်ရှိသည့်အခါ ထိုနေရာ၌ အတွဲနှစ်တွဲက ရောက်ရှိနေပြီးဖြစ်သည်။

“ဟေ့... မြွေဖြူဝိညာဉ်၊ ဟေ့... ထျန်းလင်းလင်း... မင်းတို့နှစ်ယောက်က သေချာပေါက်မြန်တာပဲ။” အန်လင်းက ပုံမှန်အတိုင်း နှုတ်ဆက်လိုက်၏။

“ဟဟ... အဲ့တာက ချင်လေးရဲ့ ကျေးဇူးကြောင့်ပါ...။” မြွေဖြူဝိညာဉ်က ရှက်ကိုးရှက်ကန်းနှင့် ရယ်ပြလာ၏။ သူမ၏ အိုင်ဒလ်က ချီးကျူးတာကို ခံရပြီးနောက် သူမ၏ နူးညံ့ညင်သာသောမျက်နှာက အနီရောင်သန်းလာတော့သည်။ သူမက အင်္ကျီလက်အစွန်ကို ရှက်ရွံ့စွာ ဆွဲနေလေ၏။

ထျန်းလင်းလင်းးက မြွေဖြူဝိညာဉ်ကဲ့သို့ ရှက်ရွံ့မနေပဲ ကျယ်လောင်စွာ ဟက်ဟက်ပက်ပက် စတင်ရယ်မောလာတော့သည်။ “အဲ့တာက လူသားတွေရဲ့ ဉီးနှောက်နဲ့ လူလုပ်ဉာဏ်ရည်ကြားက ကွာခြားချက်ပဲ။ အဲ့ ငတုံးA.I က ငါတို့ကို လွယ်ကူနည်းလမ်းလို့ သတ်မှတ်ပေးတယ်လေ။ ဟားဟားဟား... မင်း အဆုံးသတ်ရလာဒ်ကို ခန့်မှန်းလို့ရတယ်မလား။”

အန်လင်းက ထိုသည်ကို ကြားသည်နှင့် ရုတ်တရက် သဘောပေါက်သွား၏။ “ဒီစနစ်က တိုက်ပွဲနတ်ဘုရားတွေရဲ့ တိုက်ခိုက်နိုင်စွမ်းကိုတောင် လျစ်လျူရှုတယ်ပေါ့။ အဲ့တာဆို လူတိုင်းက ဘာမှကို လုပ်စရာမလိုပဲ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မှာပေါ့။ ​ပြောရရင်တော့ ဒီသင်္ချိုင်းဂူရဲ့ A.Iက မယုံကြည်နိုင်လောက်အောင်ကို တုံးအတာပဲ။ ငါတို့က နောက်ကျရင် စွန့်စားခန်းဝင်ဖို့စနစ်ရဲ့ဟာပေါက်တွေကို ရှာလို့ရလောက်တယ်။”

...

အလင်းမှိန်မှိန် အခန်းတစ်ခုထဲတွင် ကတုံးနှင့် အမျိုးသားက မျက်ရည် ဖြိုင်ဖြိုင်ကျတော့မလိုပင် ဖြစ်နေ၏။

ငတုံးစနစ် ဟုတ်လား။ မင်းအမေကြီးကိုပဲ ငတုံးပါလား။

မင်းတို့တွေက အကျိုးကျေးဇူးတွေကို စားသုံးပြီးပြီလေ ကျေးဇူးပြုပြီး ပါးစပ်ကလေး ပိတ်ထားလို့ရမလား။ မင်းတို့ ပါးစပ်လျှောက်သရမ်းတာက ငါရဲ့အဖိုးတန် အသက်လေးကို သေဆုံးခြင်း နှုတ်ခမ်းဝကို တွန်းပို့နေတာပဲ။

သူက မြွေနက်ဝိညာဉ်ကို ခေါင်းမော့ကြည့်လိုက်၏။ သူမ၏ မျက်နှာအမူအရာမှာ ပို၍ပင် မဲမှောင်နေသည်မှာ အသေအချာပင်...။

ဟင်း... ရှေးဆိုရိုးစကာများမှာ အလွန်ပင်မှန်လှ၏။ ခြေလှမ်းမှားတစ်ခုက အမြဲတမ်း ပူဆွေးခြင်းကို သယ်ဆောင်သွားသည်။ မည်သို့ဆိုဆို ထိုလူသားများသည် အလွန်အမင်း အညှာအနာကင်းမဲ့လွန်းလှပါသည်...။

ထိုအခိုက်မှာပင် စုရှောင်လန်က မီးတောက်များ တောက်လောင်နေသော တိမ်တိုက်တစ်ခုပေါ်မှ ရောက်လာလေ၏။ များပြားလှသော ကြီးမားသည့်အတောင်ပံများနှင့် မီးတောက်ငှက်ကြီးများက သူမဆီသို့ မီးများမှုတ်ထုတ်နေသော်လည်း သူမကို ထိခိုက်အောင် မပြုလုပ်နိုင်ပါပေ။ မီးတောက်များက သူမ၏ကိုယ်ကို လွှမ်းခြုံထားသော ရွှေရောင်မီးတောက်များနှင့် တားဆီးခံလိုက်ရ၏။

စုရှောင်လန်က သူမ၏ အံ့ချီးဖီးနစ်သွေးမျိုးဆက်ကို အသက်သွင်းထားသည့်အခါ မီးကို မကြောက်ဆုံးဟု ပြောလို့ရပေသည်။

တိုက်ခိုက်လာသော မီးတောက်များမှာ သူမ၏မီးတောက်ထက် အစွမ်းမထက်သ၍ သူမက ကြံ့ကြံ့ခံနိုင်ပြီး ထိန်းပင် ထိန်းချုပ်နိုင်ပေမည်။

သူမ၏ နဂါးစာကလေးဓားကို ကိုင်ဆောင်ရင်း လှလှပပ ခြေလှမ်းလိုက်သည့်အခါ သူမဘေးရှိ မီးတောက်လောင်နေသော မြင်ကွင်းမှာ တဖြည်းဖြည်း ပုံစံပြောင်းသွားတော့သည်။ ထိုသည်မှာ သူတို့က ငုံ့ကိုင်းလိုက်ပြီး ခေါင်းငုံကာ သူမအား အရိုးအသေးပေးလိုက်သကဲ့သို့ပင်။

မီးတောက်အားလုံးအား ထိန်းချုပ်နိုင်သော အံ့ချီးဖီးနစ်တစ်ကောင် ကဲ့သို့ပင် သူမက သန့်စင်ပြီးခန့်ညာတည်ငြိမ်ကာ လှပပြီး ပြိုင်ဘက်ကင်းလေ၏။ သူမ၏ ဓားက လေထုကို ခုတ်ပိုင်းလိုက်သည့်အခါ နေမင်းကဲ့သို့ တောက်ပလာတော့သည်။ ထိုသည်မှာ အလွန်အမင်းတောက်ပနေသည်မို့ တိုက်ရိုက်ပင် ကြည့်လို့မရနိုင်ပါပေ။

သူတို့က ကြောက်လန့်တကြား မအော်ဟစ်နိုင်ခင်မှာပင် ခွန်အားကြီးမားသောတောင်ပံနှင့် မီးတောက်ငှက်များမှာ ဓားဖြင့်နှစ်ပိုင်းခုတ်ခံလိုက်ရသည်။ မီးတောက်များနှင့် သွေးစက်များက ကောင်းကင်ပေါ်မှ မိုးကဲ့သို့ ရွာချလာတော့၏။

“ဂုဏ်ယူပါတယ်။ သင်ဟာ ဟင်္သာငှက်မျိုးနွယ်စု၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပါပြီ။”

...

အဖြူစွတ်စွတ် နယ်ပယ်တစ်ခုထဲတွင် တောက်ပသောအလင်းတန်းများ အဆက်အပြတ်ထုတ်လွှင့်နေသော နန်းတော်အဖြူရောင်ကြီးရှိလေ၏။

လူသဏ္ဍာန် သတ္တဝါ ငါးကောင်က အမျိုးသားတစ်ဦးကို ဝန်းရံထားပြီး သဲသဲမဲမဲတိုက်ခိုက်နေ၏။ ထိုသတ္တဝါများက အဖြူရောင်ရှိပြီး သူတို့၏ နောက်ကျော၌ ရွှေရောင်အပြား တစ်ခုကို တွဲဆက်ထား၏။

သူတို့၏ ထိုးနှက်ချက်နှင့် ကန်ကြောက်ချက်များက အစွမ်းထက် ကိုယ်ခံပညာများ ပိုင်ဆိုင်ထားပြီး ထိုးချက်တစ်ခုစီတိုင်းက သူတို့နှင့် မီတာ ရာပေါင်းများစွာတွင် ရှိနေသောတောင်တန်းများကိုပင် ဖျက်ဆီးပစ်နိုင်၏။ သက်ရှိစွမ်းအင်က ကြမ်းတမ်းစွာ ထိုးထွက်လာပြီး လေပြင်းက တိုက်ခတ်လာ၏။ ပတ်ဝန်းကျင်မှ မြေကြီးက ကျိုးပဲ့ကာ ပြိုကျသွားတော့သည်။

ထို လူသဏ္ဍာန် သတ္တဝါများ၏ တိုက်ခိုက်ခြင်းခံနေရသော အမျိုးသားမှာ အဖြူရောင် လေစီးကြောင်းတစ်ခုထဲတွင် ပိတ်လှောင်နေသည့် ရွှမ်ယွမ်ချန်ပင် ဖြစ်၏။ သူ့၏ တိုက်ခိုက်မှုနှင့် ခုခံမှုများမှာ သူ့၏ရှေးဟောင်းဓားကို ခုတ်လွှဲလိုက်သကဲ့သို့ ခိုင်ခံ့ကျစ်လစ်ပြီး ထိုက်ချိနည်းလမ်းများကို ဖော်ပြနေ၏။ ထို လူပုံသဏ္ဍာန် သတ္တဝါများ၏ တိုက်ခိုက်မှုက မည်မျှပင် ထူးခြားပြီး အစွမ်းထက်သည်ဖြစ်စေ သူတို့က ရွှမ်ယွမ်ချန်၏ ခုခံမှုကို မထိုးဖောက်နိုင်ပါပေ။

တစ်ခြားတစ်ဖက်တွင်တော့ ရွှမ်ယွမ်ချန်သည် အမြဲတမ်းပင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးများ ရှာနိုင်ပေသည်။ သူ့ဓားမှာ မြည်ဟီးနေသောမုန်တိုင်းများထဲတွင် လှုပ်ရမ်းနေပြီး လျှပ်စီးများလင်းသည့်အခါ မမြင်နိုင်သည့် သေစေနိုင်သော လေစီးကြောင်းတစ်ခုကဲ့သို့ပင်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ကိုယ်ခန္ဓာမှာ မရေမတွက်နိုင်သော ဒဏ်ရာများဖြင့် လေးလံလာပြီး သူတို့၏ အဖြူရောင်ခန္ဓာကိုယ်များကို တန်ဆာဆင်ထားလေသည်။ အဖြူရောင် အရည်များက သူတို့ဒဏ်ရာများမှ စီးကျနေတော့၏။

ရွှမ်ယွမ်ချန်က ဘယ်ဘက်သို့ လှဲချလိုက်ပြီး သူ့၏လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာသော စွမ်းအင်က ထိုးချက်တစ်ခုကို အသာအယာရှောင်လွှဲလိုက်နိုင်၏။ ထို့နောက် ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ပြီး နောက်ထပ် တိုက်ခိုက်မှုများကို ရှောင်းတိမ်းလိုက်ပေသည်။

ထို့နောက်သူက ရုတ်တရက် သူ့ရှေ့တွင် ဓားကို မတ်မတ်ကိုင်လိုက်ပြီး စူးရှသောအကြည့်တစ်ချက်က သူ့၏နက်နဲသိမ်မွေ့သော မျက်လုံးထဲတွင် ပေါ်ထွက်လာ၏။

“အသင်္ချေ စိတ်ဝိညာဉ်ကံကြမ္မာ-​သေစမ်း...”

လူပုံသဏ္ဍာန်သတ္တဝါတို့၏ ဒဏ်ရာများမှ မရေမတွက်နိုင်သော တလက်လက်တောက်ပနေသည့် ရွှေရောင် သင်္ကေတများ ပေါ်ပေါက်လာ၏။ ထို့နောက်မှာတော့ သူတို့၏ အသက်စွမ်းအင်က သူတို့ဆီမှ လျင်မြန်စွာ စုပ်ယူခြင်း ခံလိုက်ရလေတော့သည်။

သူတို့က နောက်ဆုံးတိုက်ကွက်ကို အပြီးသတ်ထုတ်သုံးမည်ဟု ကြံရွယ်လိုက်သော်လည်း လုံးဝပင် မလှုပ်နိုင်ကြောင်းကို သတိပြုမိသွား၏။ စက္ကန့်အနည်းငယ်အကြာတွင်တော့ သူတို့၏ အသက်စွမ်းအင်က အပြည့်အဝခမ်းခြောက်သွားပြီး မြေပေါ်သို့ပုံကျကာ သေဆုံးသွားလေတော့သည်။

“ဂုဏ်ယူပါတယ်။ သင်ဟာ သန့်စင်စစ်ပွဲ မျိုးနွယ်စု၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပါပြီ။”

...

ရေလှိုင်းများက ရွှေရောင် ကမ်းခြေဆီသို့ ရိုက်ခတ်လာကာ မြောက်များစွာသော အပြာရောင်ရေနဂါးများက အဆက်မပြတ် ရှောင်တိမ်းနေသော ပုံရိပ်ဆီသို့ အော်ဟစ်လာလေတော့သည်။

ထိုရှောင်တိမ်းနေသော ပုံရိပ်မှာ ပျော့ပြောင်းပြီး ကျက်သရေရှိကာ သူမက ဖျက်လက်သော ငှက်ကလေးတစ်ကောင်9က တိုးဝင်လာသော ရေနဓါးများအား ရှောင်တိမ်းနေသကဲ့သို့ပင်။

အပြာတောက်တောက် အလင်းတန်းတစ်ခု တောက်ပလာသည်နှင့် လေနှင့်မိုးကို ကြိုးကိုင်နေပြီး ထူထည်းသော မြူထဲတွင် ပုန်းကွယ်နေသော ကြီးမာသည့်ပင်လယ်လိပ်ကြီးက ၄င်း၏ လည်ပင်းတစ်လျှောက် အအေးဓာတ်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် သူ့၏ အမြင်အာရုံက မှောင်မဲသွားပြီး ခံစားမှု အားလုံးကို ဆုံးရှုံးလိုက်ရတော့သည်။

“ဂုဏ်ယူပါတယ်။ သင်ဟာ ကောင်းကင် ပင်လယ်လိပ်မျိုးနွယ်စု၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပါပြီ။”

“ဟမ်... ဘာပြောလိုက်တယ်။” တရုတ်စကား နားမလည်သော စုချန်းရန်က ကောင်းကင်သို့ ကြောင်ငေးကြည့်နေတော့သည်။

ရေစက်ကလေးများ၏ သူမ၏ အလွန်အမင်း လှပသော မျက်နှာထက်တွင် ကပ်တွယ်နေဆဲဖြစ်ကာ သူမက အထူးသဖြင့် သိသာထင်ရှားနေပြီး ညှို့ယူဖမ်းစားနိုင်ပုံပေါ်လေ၏။

ကောင်းကင်မှ မည်သည့် တုံ့ပြန်ချက်မှ မလာတော့ပါ။ ဆင်းသက်လာသည့်အရာအားလုံးမှာ အပြာရောင်အလင်း ဘောလုံးတစ်ခုသာပင်။

စုချန်းရန်က ဤသည်မှာ ဆုချီးမြှောက်မှု ဖြစ်မည်ဟုသိသော​ကြောင့် ထိုအရာကို သူမ၏ လက်နှင့် ဖမ်းဆုပ်လိုက်၏။

ထို့နောက် ချက်ချင်းမှာပင် ကောင်းကင်ပင်လယ်လိပ်မျိုးနွယ်စု၏ ရေသိုင်းများအကြောင်း အချက်အလက်များက သူမ၏ စိတ်ထဲသို့ စီးဝင်လာ၏။

“ဟင်... ဒါက စိတ်ဝင်စားဖို့ကောင်းသားပဲ။ နောက်ဆုံးတော့ ငါနားလည်တာ တစ်ခုပါလာပြီပေါ့။”

စုချန်းရန်က ခပ်ဖွဖွပြုံးလိုက်၏။ ထို့နောက် သူမ၏လက်အား ပင်လယ်ဆီသို့ ပေါ့ပေါ့ပါးပါး ဝေ့ယမ်းလိုက်၏။ ထိုအခိုက်မှာပင် ပေတစ်ရာခန့် အမြင့်ရှိသော လှိုင်းလုံးကြီးက ကောင်းကင်ကို လွှင့်စင်သွားစေမည့် သကဲ့သို့ ပေါ်ပေါက်လာ၏။ ထို့နောက် ထိုလှိုင်းကြီးက ကြီးမားသော ရေခဲနံရံကြီးအဖြစ် အေးခဲသွားလေသည်။ တောက်ပနေသော နေရောင်၏အောင်တွင် ထိုရေခဲနံရံကြီးက တဖိတ်ဖိတ်တောက်နေကာ ကြည်လင်နေပြီး အေးစက်သော လေများက ထိုအထဲမှ ဖြာထွက်လာတော့၏။

အင်... ငါအခု ဘယ်ကို သွားရမှာလဲ။

သိုင်းပညာအသစ်ကို စမ်းသပ်ပြီးနောက် စုချန်းရန်က ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လာတော့သည်။ သို့သော်လည်း သူမက မည်သည့် အထွက်လမ်းကိုမှ ရှာမတွေ့ပါချေ။

ကြီးမားသောရေခဲနံရံကြီး၏ နောက်တွင် လေဟာနယ် ဖြတ်လမ်းလေးက ခပ်ဖျော့ဖျော့တောက်ပနေပေ၏။ ကံမကောင်းလှစွာ ရေခဲနံရံမှ ထွက်လာသော တလက်လက်တောက်ပနေသည့် အလင်းတန်းက ထိုသည်ကို ဖုန်းကွယ်ထားတော့သည်...

...

အနက်ရောင် စေတီတစ်ဆူ၏ ထိပ်တွင်...

သွေးရောင်လ တစ်စင်းက ကောင်းကင်တွင် မြင့်မြင့်မားမား ရှိနေပေ၏။

ဂြိုလ်နှစ်ခု၊ ကြက်သွေးရောင် မျက်လုံးနှင့် ခန္ဓာကိုယ်အနှံ့ အကြေးခွံများ ပါရှိသော စစ်မှန်မကောင်းဆိုးဝါးမှာ လောလောဆယ်တွင် အလွန်အမင်း အစွမ်းထက်သည့် ဓားသမားနှင့် တိုက်ခိုက်နေလေ၏။ သူတို့နှစ်ဦး တိုက်ခတ်သွားတိုင်း ကျယ်လောင်သောမိုးကြိုးသံကြီးကဲ့သို့ မြည်ဟီးသံကြီးကို ကြားနိုင်ပေသည်။

ဓားသမားက အံ့ချီးလက်နက်ဖြစ်သော အလင်းတန်းနက်ဓားကို ကိုင်ဆောင်ထား၏။ အဆုံးတွင်တော့ သူက ပြီးပြည့်စုံလှသော အကွေးတစ်ခုကို ခုတ်လွှဲပစ်ကာ သွေရောင်လ၏ တောက်ပမှုကိုပင် ခိုးယူနိုင်သော အနက်ရောင် ဓားအလင်းတန်းကို ထုတ်လွှတ်လိုက်လေတော့သည်။ ထိုခုတ်ချက်က စေတီကို နှစ်ပိုင်းပြတ်စေပြီး စစ်မှန်မကောင်းဆိုးဝါး၏ ခေါင်းနှင့် ကိုယ်ကိုလည်း နှစ်ပိုင်းခြမ်းလိုက်လေတော့သည်။

“ဂုဏ်ယူပါတယ်။ သင်ဟာ စစ်မှန်မိစ္ဆာမျိုးနွယ်စု၏ စမ်းသပ်မှုကို ဖြတ်ကျော်ပြီးပါပြီ။”

ယောင်မင်ရှီက ထိုအသံကြားသည်နှင့် ခပ်ဖွဖွ ခေါင်းညိမ့်လိုက်၏။ သူက တိုက်ပွဲမည်သို့ဖြစ်ပွားသည်ကို အလွန်အမင်းကျေနပ်နေပုံပေါ်၏။

...

တစ်ခြား နယ်ပယ် တစ်ခုတွင်...

ဟူကွမ်က လက်ရှိတွင် များစွာသော ဧရာမ ကျောက်ဘီလူးကြီးများနှင့် တိုက်ခိုက်နေလေသည်။ သူ့၏ ထိုးချက်တိုင်းက ကျောက်ဘီလူးတစ်ကောင်ကို ထိမှန်သွားပြီး လန်းဆန်းသော ခံစားချက်က သူ့အား ကျေနပ်အားရစေတော့သည်။

သူက ဤလက်ဝှေ့တိုက်ပွဲကို အလွန်အမင်း ကျေနပ်နေပြီး ဆိုးဆိုးဝါးဝါး အရိုက်ခံရကာ မျက်နှာထက်တွင် အဖုများ အပိမ့်များ ဖုံးလွှမ်းသည်အထိ တိုက်ခိုက်နေပေ၏။

နောက်ဆုံး ကျောက်ဘီလူးကြီးကို သတ်ဖြတ်ပြီးနောက် သူက ဒဏ်ရာများပြည့်နှက်နေပြီဖြစ်သည်။ သို့သော်လည်း သူ့မျက်လုံးများက အလွန်တောက်ပနေကာ လက်မြှောက်ပြီး မအော်ပဲ မနေနိုင်တော့ပါပေ။ “ဒါက အရမ်းမိုက်တာပဲ။ တခြားတစ်ယောက်ရှိသေးလား။”

ဟူကွမ်မှာ အံ့ဩစရာကောင်းလောက်အောင် ခံစားခဲ့ရသည်မှာ အသိအသာပင်။

...

အလင်းခပ်မှိန်မှိန် အခန်းတစ်ခုထဲတွင် ကတုံးနှင့် အမျိုးသားက ထို မှတ်ချက်များသည် အလွန်အမင်း ကိုးလိုးကန့်လန့်ဖြစ်ကာ နားကလော်သည်ကို တွေ့လိုက်ရ၏။

မှတ်ချက်တစ်ခုစီတိုင်းသည် သူ့နှလုံးသားအား ထိုးဖောက်သွားသော ဓားသွား ထက်ထက် တစ်ခုကဲ့သို့ပင်။

“ကြည့်ရတာ သူတို့အားလုံး အတော်လေး ပျော်နေကြပုံပဲ။ မင်းက အဲ့ဒီ့ စမ်းသပ်မှုတွေကို အပန်းဖြေ ဉယျာဉ်က ဟာတွေလိုမျိုး ပြောင်းပစ်နိုင်တာပဲ။ မဆိုးပါဘူး...” မြွေနက် ဝိညာဉ်က ခပ်မှိန်မှိန် ပြုံးလိုက်၏။ သို့သော်လည်း ကတုံးနှင့် အမျိုးသား၏ မျက်စိထဲတွင် ထိုသည်မှာ လုံးဝ ကြောက်လန့်ဖွယ်ပင်...။ ထိုသည်မှာ One-Punch Man ထဲက Saitamaကို မှီငြမ်းထားခြင်း ဖြစ်သည်။

***

All Chapters