အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-546
အခန်း 544
တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ ပရိသတ်များမှာလည်း ဆုပိုင်နှင့်အတူ ဒေါသထွက်နေကြသည်။
“သွားပြီ၊ ဒါရိုက်တာ ဆုပိုင်တော့ တကယ် ဒေါသထွက်သွားပြီ”
“ဟုတ်တယ်၊ ခဏလေးပဲ နောက်ကျသွားတာ၊ အချိန်မီသွားရင် ဒီသင်းခွေချပ်လေး သေမှာ မဟုတ်ဘူး”
“ဟိုအမျိုးသမီးကတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။ သူသာ မဝယ်ရင် ဒီသင်းခွေချပ်လည်း သေမှာ မဟုတ်ဘူးလေ”
“ဟူး... ဒီလူတွေက အကျိုးအမြတ်အတွက်ဆိုရင် ဘာမဆို လုပ်ကြတာပဲ။ တောရိုင်းတိရစ္ဆာန်တွေရဲ့ ဘဝက ခက်ခဲလှပါတယ်ဆိုမှ၊ ဒီလို လူတွေကြောင့်ပဲ နောင်ကျရင် လူသားတွေလည်း မဟာမျိုးသုဉ်းမှုကြီးနဲ့ ကြုံရမှာပေါ့”
“ငါတို့ တရုတ်ပြည်မှာလည်း ဒီလို အခြေအနေတွေက ဒီလောက်အထိ ဆိုးရွားနေလိမ့်မယ်လို့ မထင်ထားဘူး။ နိုင်ငံခြားမှာပဲ ဖြစ်မယ် ထင်ထားတာ၊ ငါတို့ မှားသွားပြီပဲ”
“နောက်ထပ် သင်းခွေချပ်တွေ ရှိနေဦးမှာပဲ၊ ဒီလူကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်မယ်။ တစ်မိနစ် နောက်ကျလေလေ၊ သင်းခွေချပ် တစ်ကောင် ထပ်သေလေလေပဲ”
တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ ပရိသတ်များမှာ မှောင်မည်းနေသော အခန်းအတွင်းမှ မြင်ကွင်းကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေကြသည်။ မိနစ်အနည်းငယ်သာ ကွာခြားခဲ့သည်။ သို့သော် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုကို တင်းကျပ်စွာ တားမြစ်ထားသည့် ဤဈေးအတွင်း၌ပင် တိတ်တဆိတ် ရောင်းချနေသူများ ရှိနေဆဲပင် ဖြစ်သည်။
ဒါဆိုရင်... သေချာ မစစ်ဆေးတဲ့ ဈေးတွေမှာကော။ စောင့်ကြည့်သူ မရှိတဲ့ နေရာတွေမှာကော။ ရောင်းဝယ်သတ်ဖြတ်မှုတွေက ဒီထက်မက ပိုပြီး ဆိုးရွားနေမှာ မဟုတ်လား။ လူတိုင်း ဆက်ပြီး မတွေးရဲကြတော့ပေ။ ဆုပိုင်သည် ထိုသက်ကြီးပိုင်း လုံခြုံရေးဝန်ထမ်းနှင့်အတူ ဈေးအတွင်း၌ မနားတမ်း ပြေးလွှားနေမိသည်။ တောရိုင်းတိရစ္ဆာန် ရောင်းချသော ရာဇဝတ်ကောင်ကို ရှာဖွေရန်အတွက် ဖြစ်သည်။
နောက်ဆုံးတွင်မူ ဈေးစီမံခန့်ခွဲရေးအဖွဲ့၏ မှတ်တမ်းထဲ၌ ထိုသူ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရှာတွေ့ခဲ့သည်။
“ကျွန်တော် ဆက်လိုက်မယ်”
ဆုပိုင်သည် ဦးလေးကျန်း၏ ဖုန်းကို ယူကာ အသက်ကို ပြင်းပြင်းရှူ၍ ဖုန်းခေါ်လိုက်သည်။
“ဟယ်လို၊ ဘယ်သူလဲ”
“ခင်ဗျားဆီမှာ သင်းခွေချပ် ရှိတယ်လို့ ကြားလို့ပါ”
“မရှိဘူး၊ မင်း လူမှားဆက်တာ ဖြစ်လိမ့်မယ်” တစ်ဖက်လူမှာ သတိကြီးလှပြီး အေးစက်စွာ ပြောဆိုကာ ဖုန်းချရန် ပြင်လိုက်သည်။
“နေဦး...” ဆုပိုင်က ဉာဏ်နီဉာဏ်နက်ကို သုံးကာ အလျင်အစလို ပြောလိုက်သည်။ “ကျွန်တော့်ကို ရှောင်ကျိုးက မိတ်ဆက်ပေးလိုက်တာပါ။ ကျွန်တော့် မိန်းမက အခုလေးတင် ကလေးမွေးထားလို့ သင်းခွေချပ်နဲ့ အားဖြည့်ပေးချင်လို့ပါ။ ဈေးနှုန်းက ပြဿနာ မရှိပါဘူး၊ ဒါပေမဲ့... နည်းနည်း ပိုဝယ်လို့ ရမလား”
“အချိန်က အရမ်း အလျင်လိုနေလို့ပါ။ ကျွန်တော်တို့က ရှောင်ကျိုးရဲ့ သူငယ်ချင်းတွေပါ၊ ကူညီပေးပါဦး”
544 02
“ဘယ်နှစ်ကောင် လိုချင်လို့လဲ” တစ်ဖက်လူက အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ မေးမြန်းလိုက်သည်။
“တစ်ကောင်ကို နှစ်သောင်း... အခုတလော စစ်ဆေးတာတွေ တင်းကျပ်နေလို့ ဈေးထဲမှာတော့ မလုံခြုံတော့ဘူး။ တကယ်လို့ မင်း လိုချင်ရင်တော့ ဒီနေ့ည ကမ်းခြေက ရင်ပြင်မှာ လာခဲ့၊ အဲ့ဒီမှာ အရောင်းအဝယ် လုပ်ကြမယ်”
ပြောပြီးသည်နှင့် ဆုပိုင်က ပြန်မပြောနိုင်ခင်မှာပင် ဖုန်းချသွားတော့သည်။ ပြန်ခေါ်ကြည့်သည့်အခါ ဖုန်းပိတ်ထားပြီ ဖြစ်ကြောင်း ပြနေသည်။
“ဟူး...”
“ရာဇဝတ်ကောင်တွေက ကြိုပြီး သတိထားမိသွားတာလား မသိဘူး၊ ခုနက ဈေးထဲမှာ ဆူညံသွားတာကိုး” ဦးလေးကျန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
“အဲဒီရင်ပြင်က ဝေးလား၊ တစ်ဖက်လူက အဲ့ဒီနေရာကို ရွေးတယ်ဆိုကတည်းက သူတို့ နေတဲ့နေရာနဲ့ မဝေးဘူးဆိုတဲ့ သဘောပဲ”
“ဒါမှမဟုတ် အဲဒီနေရာကနေ ရင်ပြင်ပေါ်က လူတွေကို လှမ်းကြည့်လို့ ရတာမျိုး ဖြစ်လိမ့်မယ်” ဆုပိုင်က အံကို တင်းတင်းကြိတ်လိုက်သည်။
“ဦးလေးကျန်း၊ ဒီလိုလုပ်... ခင်ဗျားတို့ လူလုံးထွက်မပြကြနဲ့ဦး၊ ကျွန်တော် တစ်ယောက်တည်းပဲ ညဘက် သွားလိုက်မယ်”
“ခင်ဗျားတို့က အရပ်ဝတ်နဲ့ လမ်းမပေါ်မှာပဲ စောင့်နေကြပါ”
“မဖြစ်ဘူး မောင်ရင်လေးရယ်၊ ဒါက သေချာပေါက် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်တဲ့ အဖွဲ့အစည်း ဖြစ်မှာ။ မင်းက သာမန်လူတစ်ယောက်ပဲလေ၊ မင်းကို အန္တရာယ် မပြုခိုင်းနိုင်ပါဘူး” ဦးလေးကျန်းက ဆုပိုင်ကို မျက်လုံးပြူးကြည့်ကာ ပြောလိုက်သည်။
“မလိုပါဘူးဗျာ၊ တိရစ္ဆာန်တွေကို ကာကွယ်ဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပဲ။ ကျွန်တော် တစ်ယောက်တည်း သွားပါရစေ” ဆုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။
ထိုလူငယ်ကို ဖျောင်းဖျ၍ မရသဖြင့် ဦးလေးကျန်းသည် သူ့ကို ယာယီကင်းစခန်းသို့ ခေါ်ဆောင်သွားကာ ကျန်ရှိသော လုံခြုံရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးတော့သည်။
...
ကောင်းကင်ပြာ တိရစ္ဆာန်ရုံ။
“ဟင်း... ဟင်း... ဟင်း”
အာဟသည် မြေပြင်ပေါ်တွင် ဝပ်နေရင်း အသက်ကို ပြင်းပြင်းရှူနေမိသည်။ သူ၏ အနောက်တွင်မူ ဧရာမ ကျင်းကြီးတစ်ခု ရှိနေသည်။
“ဒီလောက်ဆို ရပြီ ထင်တယ်” သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ အာဟသည် မြေပြင်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ မည်သည့် တိရစ္ဆာန်မျှ မရှိသည်ကို မြင်ရသည့်အခါမှ ခေါင်းကို ငုံ့၍ ကျင်းထဲသို့ တိုးဝင်သွားတော့သည်။
“ဒုန်း... ဒုန်း... ဒုန်း”
သူသည် ဦးခေါင်းဖြင့် ကြမ်းပြင်ကို တွန်းဖွင့်လိုက်ပြီးနောက် ခက်ခဲစွာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ သူသည် ခုတင်ပေါ်သို့ ခုန်တက်လိုက်ပြီး တစ်ပတ်လည်လိုက်ကာ အသစ်ပြင်ဆင်ထားသော ဤအခန်းကို သေသေချာချာ ကြည့်ရှုနေမိသည်။
“ဟေး...”
“ပြင်ထားတာ တကယ့်ကို မဆိုးဘူးပဲ၊ စားပွဲတွေကိုတောင် သံထည်တွေနဲ့ လုပ်ထားတာလား”
“ခုတင်ခြေထောက်တွေကလည်း သံမဏိတွေပဲကိုး” သူက မကျေမနပ်ဖြင့် တိုးတိုးလေး ဟောက်လိုက်သည်။ အာဟသည် စားပွဲပေါ်သို့ ခုန်တက်ကာ ဖျက်ဆီးရန် ပြင်လိုက်စဉ်မှာပင် တစ်ခုခုကို သတိရသွားသည်။
544 03
မဖြစ်ဘူး ငါသာ ဒီလို ဖျက်ဆီးရင် သိသာလွန်းမှာပေါ့ အကြိမ်ကြိမ် အရိုက်ခံရပြီးတဲ့နောက်မှာ အာဟသည် မိမိကိုယ်ကိုယ် ကြီးပြင်းလာရမည်ဟု ခံစားလိုက်ရသည်။ ဘာလို့ တခြား တိရစ္ဆာန်တွေက အရိုက်မခံရတာလဲ ဒီထဲမှာ တစ်ခုခု ရှိနေမှာ သေချာတယ်။
“ဟုတ်သားပဲ”
အာဟသည် စောင်ထဲသို့ တိုးဝင်သွားပြီး ခေါင်းအုံးပေါ်တွင် လဲလျောင်းကာ မျက်နှာကြက်ကို ငေးကြည့်ရင်း စဉ်းစားခန်း ဝင်နေမိသည်။ ပြီးခဲ့တဲ့ အကြိမ်က သူ ပြစ်ဒဏ် သိပ်မပြင်းထန်ခဲ့သလို အရိုက်လည်း မခံခဲ့ရပေ။ အဘယ်ကြောင့်နည်း အဘယ်ကြောင့်ဆိုသော် အမှားလုပ်တဲ့ တိရစ္ဆာန်တွေက များပြားနေသလို သူကလည်း အဓိက တရားခံ မဟုတ်ခဲ့သောကြောင့်ပင်။ ထိုမှသာ သူသည် ဘေးကင်းခဲ့ခြင်း ဖြစ်သည်။
ဒါဆိုရင် ဒီတစ်ခါလည်း ဒီလိုပဲ လုပ်လို့ ရတာပဲ ငါတစ်ကောင်တည်း မဟုတ်ဘဲ တခြား တိရစ္ဆာန်တွေနဲ့ အတူတူ ဖျက်ဆီးမယ်ဆိုရင် အားလုံးမှာ တာဝန်ရှိသွားမှာပဲလေ၊ ဒါဆိုရင်တော့ အဆင်ပြေမှာပါ။
“ဒါပေမဲ့... ဘယ်သူ့ကို အဖော်စပ်ရမလဲ”
အခု တိရစ္ဆာန်ရုံထဲမှာ အင်အားအကြီးဆုံးကတော့ ခြင်္သေ့အုပ်ပဲ ဖြစ်လိမ့်မယ်။ နဂါးအမေကတော့ ထရန်နိုဆောရက်ရပ်စ်လေးကို ခေါ်ပြီး ဒိုင်နိုဆောကျွန်းကို သွားနေပြီလေ။ ဒါပေမဲ့ ခြင်္သေ့အုပ်ကတော့ ငါ့ဘက်က ပါမယ့်ပုံ မပေါ်ဘူး။ ကြက်တူရွေးလား။ မဖြစ်နိုင်ပါဘူး၊ သူနဲ့ ငါနဲ့က အမြဲတမ်း ရန်ဘက်တွေလေ၊ တစ်ခါမှ မအောင်မြင်ခဲ့ဖူးဘူး။ ပြီးတော့ အဲဒီကောင်က အမွှေးတောင် မရှိတော့ဘူး၊ ဘာမှ သုံးစားလို့ မရဘူး။
ပန်ဒါကြီး တပိုင်လား။ သူက အရမ်း ဝလွန်းလို့ ဒီကျင်းထဲ ဝင်နိုင်မှာ မဟုတ်ဘူး ခေါင်းပြားတကောလား။ ဟင်း... ဒီကောင်ကတော့ စည်းရုံးလို့ ရနိုင်မယ် ထင်တယ်။ ဒီကောင်က ဒေါသထွက်လာရင် ဘယ်သူမှ တားလို့ မရဘူးလေ။ ဒါပေမဲ့ ဒီနေရာကို ဖျက်ဆီးခိုင်းဖို့ဆိုရင် သူနဲ့ ဒီမှာ အရင် ရန်ဖြစ်မှ ရမှာပဲ မြေခွေးလေးလား။ အသုံးမကျတဲ့ကောင် နှင်းကျားသစ်လား။ သူကတော့ တကယ့်ကို အေးဆေးလွန်းတဲ့ကောင်။
အတော်ကြာ စဉ်းစားပြီးနောက်တွင်မူ အာဟသည် ခေါင်းပြားတကောကိုသာ ပစ်မှတ်ထားလိုက်သည်။ အစီအစဉ်ကတော့ ဒီလို။ ပထမဆုံး ခေါင်းပြားတကောကို သွားပြီး ရန်စမယ်၊ ပြီးရင် ဒီကျင်းထဲကို အမြန်ပြေးဝင်လာမယ်။ ခေါင်းပြားတကောရဲ့ စရိုက်အရ သူ သေချာပေါက် နောက်က လိုက်လာလိမ့်မယ်။ အဲဒီကျရင် ဒီထဲမှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ကြပြီး ပစ္စည်းတွေ အကုန်ပျက်စီးသွားမှာပေါ့။ သူက ခေါင်းပြားတကောကို မနိုင်ဘူးဆိုတာကိုတော့ ဒါရိုက်တ ဆုပိုင်လည်း သိနေတာပဲလေ။ အဲဒီကျရင် ဒါက ခေါင်းပြားတကောက သူ့ကို ခြိမ်းခြောက်လို့ ဖြစ်ရတာပါလို့ ပြောလို့ ရတာပေါ့။ ဒါဆိုရင်တော့ အစီအစဉ်က အပြည့်အစုံပဲ။
“ဟင်” ရုတ်တရက် အာဟသည် စောင်ထဲမှ ထလာပြီး ခြေသည်းဖြင့် နဖူးကို ပုတ်လိုက်သည်။ “မမှန်သေးဘူး၊ ငါက အရိုက်မခံရအောင် ကြံစည်တာ မဟုတ်လား။ ဒီလိုဆိုရင်တော့ အလုပ်မလုပ်ခင်ကတည်းက အရင် အရိုက်ခံရမှာပေါ့”
ခဏတာ ထပ်မံ စဉ်းစားပြီးနောက် “ထားလိုက်တော့၊ ဂရုမစိုက်တော့ဘူး။ ရန်သူက မိစ္ဆာဆုပိုင်ပဲလေ၊ အရိုက်ခံရတာ ဘာဖြစ်လဲ၊ အရင်ကလည်း ခံခဲ့ဖူးတာပဲ” သူက တိုးတိုးလေး ဟောက်လိုက်ပြီးနောက် ခုတင်ပေါ်မှ ဆင်းကာ မြေပြင်ပေါ်ရှိ ကျင်းကြီးအတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။ အခုက ညသန်းခေါင်ယံလေ။ ခေါင်းပြားတကောကို သွားပြီး ရန်စဖို့ အကောင်းဆုံး အချိန်ပဲ။ ဒါပေမဲ့... အနားမှာ တခြား တိရစ္ဆာန်တွေ ရှိနေမှ ဖြစ်မယ်၊ ဒါမှသာ ငါ့ရဲ့ အပြစ်ကင်းမှုကို သက်သေပြနိုင်မှာ မဟုတ်လား။ ဒါက ခေါင်းပြားတကောက အတင်းခိုင်းလို့ပါဆိုတာမျိုးပေါ့ ဤသို့ တွေးမိသည်နှင့် အာဟသည် ပန်ဒါခြံဆီသို့ အပြေးအလွှား သွားတော့သည်။
...
++++++
545 01
အခန်း 545
ရှန်တု…
“ညသန်းခေါင်ကြီး လူတွေကို ဘာလို့ နှိုးရတာလဲ” သန်မာပြီး ညိုမည်းသော အမျိုးသားတစ်ဦးသည် ပါးပြင်ကို ပွတ်သပ်ရင်း အိပ်ဆောင်ထဲမှ ထွက်လာခဲ့သည်။
“မသိဘူး၊ တွင်းထဲမှာ တစ်ခုခု ပြဿနာ တက်တာများလား” လီကယ်သည် တံခါးဝတွင် ရပ်နေရင်း မျက်လုံးကို ပွတ်ကာ ထလာကြသော အလုပ်သမားများကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“မင်း ခဏနေရင် အသံမထွက်နဲ့နော်၊ ကြားလား” အမျိုးသားက လီကယ်၏ ပခုံးကို ပုတ်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။ “မင်းက အရမ်း ရိုးလွန်းတယ်။ တွင်းထဲက ကိရိယာတွေ ပြဿနာ တက်တာ ဖြစ်လိမ့်မယ်၊ မင်းကို ခေါ်ရင် ဗိုက်နာတယ်လို့ပဲ ပြောလိုက်၊ ကြားလား ညသန်းခေါင်ကြီး တွင်းထဲ ဆင်းရတာ အရမ်းအန္တရာယ်များတယ်။ မဆင်းရရင် မဆင်းနဲ့၊ ဒီသူဌေးက တကယ့်ကို ရက်စက်တာ။ ပြီးခဲ့တဲ့ အကြိမ်က သေသွားတဲ့ လူတွေအတွက်တောင် လျော်ကြေးက နည်းနည်းလေးပဲ ပေးတာ၊ အခုထိ အလောင်းတွေတောင် ရှာမတွေ့သေးဘူး”
“ဟုတ်ကဲ့ အစ်ကိုကြီးစုန့်၊ ကျွန်တော် သိပါပြီ” လီကယ်က ခေါင်းကို ကုတ်ကာ ပြန်ပြောလိုက်သည်။ နှစ်ဦးသားသည် အခြားသော အလုပ်သမားများနှင့်အတူ လူစုရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားကြသည်။ ထိုအချိန်တွင် မျက်မှန်တပ်ထားသော အလုပ်သမားခေါင်းဆောင်သည် ကျောက်တုံးတစ်ခုပေါ်တွင် ရပ်နေရင်း စီးကရက်ကို သောက်ကာ လူစုဝေးနေသည်ကို ကြည့်နေသည်။
“အားလုံး ရောက်လာကြပြီပဲ”
“ညသန်းခေါင်ကြီး နှိုးလိုက်ရတာက တွင်းထဲမှာ ပြဿနာ နည်းနည်း တက်လို့ပါ။ အောက်ဘက်က ရထားလမ်းက နည်းနည်း စောင်းသွားလို့ လူ ၁၀ ယောက် ဆင်းပြီး ပြင်ပေးဖို့ လိုတယ်။ ဒါပေမဲ့...” ပြောရင်းနှင့် အလုပ်သမားခေါင်းဆောင်သည် အိတ်ထဲမှ ပိုက်ဆံထုပ်ကို ထုတ်ကာ လှုပ်ခါပြလိုက်သည်။
“အလကား ခိုင်းတာ မဟုတ်ဘူး၊ ဒီမှာ နှစ်သောင်း ရှိတယ်။ ဆင်းမယ့် လူ ၁၀ ယောက်၊ တစ်ယောက်ကို နှစ်ထောင်စီ ပေးမယ်၊ အခုချက်ချင်း လက်ငင်းပေးမှာ... ဆင်းချင်တဲ့သူ ထွက်ခဲ့”
တွင်းတူးအလုပ်သမားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
“ကျွန်တော် သွားမယ်” အသက်မကြီးသေးသော လူငယ်တစ်ဦး ထွက်လာသည်။
“ကျွန်တော်လည်း သွားမယ်”
“နှစ်ထောင်ကို လက်ငင်းပေးမှာလား။ ဒါဆိုရင်တော့ ကျွန်တော်လည်း ဆင်းမယ်”
သန်မာသော အမျိုးသားအချို့ ထွက်လာကြသော်လည်း အလုပ်သမားခေါင်းဆောင်က မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ လူက မပြည့်သေးပေ၊ ၈ ယောက်သာ ရှိသေးသဖြင့် နောက်ထပ် ၂ ယောက် လိုအပ်နေသေးသည်။ အောက်ဘက်ရှိ ရထားလမ်းမှာ အရမ်း လေးလံလှသဖြင့် လူ ၁၀ ယောက် မရှိလျှင် မနိုင်ပေ။ သူသည် လူစုကို ဝေ့ကြည့်လိုက်ရင်း ပိန်လှီလှသော လူငယ်တစ်ဦးကို မြင်သည့်အခါ အေးစက်စွာ ပြောလိုက်သည်။
“လီကယ် မင်းလည်း လိုက်ခဲ့”
“ကျွန်တော်... ခေါင်းဆောင်၊ ကျွန်တော်က...” လီကယ်သည် စုန့်ကိုကြီး ပြောထားသည်ကို သတိရသဖြင့် တစ်ခုခု ပြောရန် ပြင်သော်လည်း ငြင်းဆိုသည့် စကားမှာ ထွက်မလာပေ။
“ဘာတွေ ရေရွတ်နေတာလဲ၊ မင်းညီလေးရဲ့ရောဂါကို မကုတော့ဘူးလား။ နှစ်ထောင်ကို လက်ငင်း ပေးမှာနော်”
“မြန်မြန် ထွက်ခဲ့စမ်း”
“ကျွန်တော်... ကျွန်တော် သွားပါ့မယ်” လီကယ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ လူစုထဲမှ ထွက်လာခဲ့သည်။
545 02
“ဒါဆိုရင်တော့ ကျွန်တော်လည်း လိုက်မယ်” ဘေးတွင် ရပ်နေသော အစ်ကိုကြီးစုန့်ကလည်း ထွက်လာခဲ့သည်။
“ကောင်းပြီ” “ပိုက်ဆံတွေ ယူကြ၊ ကိရိယာတွေ ပြင်ဆင်ပြီး ဆင်းဖို့ လုပ်ကြတော့” အလုပ်သမားခေါင်းဆောင်သည် ကျောက်တုံးပေါ်မှ ဆင်းကာ ပိုက်ဆံများကို ဝေပေးလိုက်ပြီး လူ ၁၀ ယောက်ကို တွင်းဝဆီသို့ ခေါ်ဆောင်သွားတော့သည်။
“ကျွိ... ကျွိ... ကျွိ” စက်သီးများ လည်ပတ်သံ ထွက်ပေါ်လာသည်။
“မြန်မြန် ဆင်းကြစမ်း၊ ငါ ဒီအပေါ်ကနေ စောင့်နေမယ် အမြန်ပြင်ကြနော်၊ အချိန်မဆွဲနဲ့” အလုပ်သမားခေါင်းဆောင်က ဆင်းသွားသော လူများကို လှမ်းမှာလိုက်သည်။ လူတိုင်းသည် တွင်းတူးဦးထုပ်များကို ဆောင်းကာ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် အောက်ဘက်သို့ ဖြည်းဖြည်းချင်း ဆင်းသွားကြတော့သည်။ အလုပ်သမားခေါင်းဆောင်သည် မှောင်မည်းနေသော တွင်းနက်ကြီးကို ငုံ့ကြည့်လိုက်သည့် ခဏတွင် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားရသည်။
“တောက်... ထူးဆန်းလိုက်တာ၊ ဘာလို့ ဒီလောက်တောင် အေးစိမ့်နေရတာလဲ” သူက တိုးတိုးလေး ကျိန်ဆဲလိုက်ပြီး ဘေးရှိ ကျောက်စားပွဲတွင် ထိုင်ကာ စီးကရက်ကို ထပ်မံ ညှိလိုက်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။
...
တာဝန်နယ်မြေအတွင်း၌။
ဆုပိုင်သည် ကမ်းခြေရှိ ရင်ပြင်လေးတွင် ရပ်နေရင်း ပတ်ဝန်းကျင်မှ လူများကို မနားတမ်း ဝေ့ကြည့်နေမိသည်။ သူ စောင့်နေသည်မှာ ၂ နာရီတောင် ရှိနေပြီ ဖြစ်သည်။ သို့သော် အရောင်းအဝယ် လုပ်မည့်သူ အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။ သူသည် အချိန်ကို ငုံ့ကြည့်လိုက်ရာ ညသန်းခေါင်ယံသို့ နီးကပ်နေပြီ ဖြစ်သည်။ ယခုအခါ ရင်ပြင်ပေါ်တွင် လူများမှာ တစ်စတစ်စ နည်းပါးသွားပြီး မြက်ခင်းပေါ်တွင် ထိုင်ကာ တိုးတိုးလေး ရယ်မောနေကြသော ချစ်သူမောင်နှံ အနည်းငယ်သာ ကျန်တော့သည်။
“ဟူး...”
ဆုပိုင်သည် နှုတ်ခမ်းကို သပ်ကာ ဘေးရှိ ထိုင်ခုံတစ်ခုတွင် သွားထိုင်လိုက်သည်။ အခြေအနေအရဆိုလျှင် ထိုတောရိုင်းတိရစ္ဆာန် ရောင်းဝယ်သူများမှာ ကြိုတင် သတိထားမိသွားသဖြင့် အရောင်းအဝယ် လာလုပ်တော့မည် မဟုတ်ပေ။ ထိုသို့တွေးမိသည့်အခါ ဆုပိုင်သည် အလွန်အမင်း စိတ်မရှည် ဖြစ်လာရသည်။ တကယ်လို့ ဒီသဲလွန်စသာ ပြတ်တောက်သွားရင် ဒီလူတွေကို ပြန်ရှာဖို့က တကယ့်ကို ခက်ခဲသွားမှာပင်။ သို့သော် ဆုပိုင် အစိုးရိမ်ဆုံး ကိစ္စမှာ ထိုအရာ မဟုတ်ပေ။ ထိုလူများက လက်ထဲရှိ သင်းခွေချပ်များကို အခြားတစ်နေရာသို့ ပို့ဆောင်လိုက်မည်ကိုသာ သူ အစိုးရိမ်ဆုံး ဖြစ်သည်။
ပတ်ဝန်းကျင်ကို ထပ်မံဝေ့ကြည့်လိုက်ပြီးနောက် ဆုပိုင်သည် တိုက်ရိုက်ထုတ်လွင့်မှုကို ဖွင့်လိုက်သည်။ သူသည် ပရိသတ်များ ပေးပို့ထားသော စာများကို ကြည့်လိုက်ရာ ရာဇဝတ်ကောင်များ ပေါ်လာတော့မည် မဟုတ်ကြောင်း လူအများစုက ထင်မြင်နေကြသည်ကို တွေ့ရသည်။ ဆုပိုင်သည် ခဏတာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။
“ဒီတစ်ခါ တိုက်ရိုက်ထုတ်လွင့်မှုမှာ ပါဝင်တဲ့ တိရစ္ဆာန်ကို ခင်ဗျားတို့ အကောင်းအတိုင်း မြင်ဖူးကြမှာ မဟုတ်သေးပါဘူး။ အားလုံး မြင်ခဲ့ရတဲ့အတိုင်းပါပဲ၊ ဒီနေ့ည ကျွန်တော်တို့ အောင်မြင်မလားဆိုတာကတော့ မသေချာသေးပါဘူး”
“ဒါပေမဲ့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်ပြီးတော့ မဟာမျိုးသုဉ်းမှုကြီး မတိုင်ခင်ကတည်းက ကျွန်တော် တို့ တရုတ်ပြည် အပါအဝင် နိုင်ငံအတော်များများမှာ ပြင်းထန်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်”
“ဒါပေမဲ့ ဒီလိုရှိနေတဲ့ကြားကပဲ အကျိုးအမြတ်အတွက် စွန့်စားလုပ်ကိုင်နေကြသူတွေ ရှိနေဆဲပါ။ ဒီတစ်ခါ တောရိုင်းတိရစ္ဆာန်ဖြစ်တဲ့ သင်းခွေချပ်ဟာ အထင်ရှားဆုံး သာဓကတစ်ခုပါပဲ”
545 03
“ဒီတိရစ္ဆာန်ဟာ လူသားတွေအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ရော အရမ်းကို အရေးပါလှပါတယ်။ သူတို့က ပိုးမွှားတွေနဲ့ ခြကောင်တွေကို အဓိက စားသုံးကြတာပါ။ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ခြကောင်တွေကို သုတ်သင်ပေးနိုင်ရုံတင်မကဘဲ သူတို့က တကယ့်ကို နူးညံ့သိမ်မွေ့တဲ့ တိရစ္ဆာန်လေးတွေ ဖြစ်ကြပါတယ်”
“အန္တရာယ်နဲ့ ကြုံရတဲ့အခါ သူတို့က ထွက်မပြေးကြဘူး၊ ခန္ဓာကိုယ်ကိုပဲ လုံးထွေးထားတတ်ကြတာပါ”
“ကျွန်တော် ပြောရင် ခင်ဗျားတို့ ယုံချင်မှ ယုံကြမှာပါ။ မဟာမျိုးသုဉ်းမှု မတိုင်ခင်က တရုတ်ပြည် တောင်ပိုင်းမှာ သင်းခွေချပ်တွေကို နေရာတိုင်းမှာ တွေ့နိုင်ခဲ့တာပါ။ ဒါပေမဲ့ လူသားတွေက အချိန်အနည်းငယ်အတွင်းမှာတင် ဒီအကောင်တွေကို မျိုးသုဉ်းလုနီးပါး အခြေအနေရောက်အောင် စားသုံးပစ်ခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ တရုတ်သင်းခွေချပ်ဆိုတဲ့ ကျွန်တော်တို့ဆီမှာပဲ ရှိတဲ့ အမျိုးအစားဟာ လုံးဝ မျိုးသုဉ်းသွားခဲ့ရပါတယ်”
“ဒါတွေအားလုံးဟာ ကောလာဟလတွေကြောင့်ပါပဲ။ သင်းခွေချပ်အသားက အရသာရှိတယ်၊ ဆေးဖက်ဝင်တယ်၊ ခန္ဓာကိုယ်ကို အားရှိစေတယ်၊ ရောဂါကုနိုင်တယ် ဆိုတဲ့ အချက်တွေကြောင့်ပေါ့”
“ဒါကြောင့်မို့လို့ ဒီတိရစ္ဆာန်လေးတွေဟာ အကြီးအကျယ် သတ်ဖြတ် စားသုံးခြင်း ခံခဲ့ရတာပါ”
“အရင်တုန်းကဆိုရင် တရုတ်ပြည်ထဲမှာ သင်းခွေချပ်တွေ ဝယ်မရတော့တဲ့အခါ နိုင်ငံခြားက သင်းခွေချပ်တွေကိုပါ ပစ်မှတ်ထားခဲ့ကြတာ။ ကမ္ဘာပေါ်မှာ ဖမ်းမိသမျှ သင်းခွေချပ် ၉၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်ပြည်ကို ရောက်လာခဲ့ပြီး လူတွေရဲ့ ထမင်းဝိုင်းပေါ်က အစားအစာ ဖြစ်ခဲ့ရတာပါ”
“ဝယ်ယူသူ မရှိရင် သတ်ဖြတ်မှုလည်း မရှိပါဘူး။ သင်းခွေချပ်အသားက တကယ်ပဲ အရသာရှိသလား။ အဲ့ဒါကိုတော့ ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ ဒီလို လုပ်ရပ်တွေဟာ တကယ့်ကို မိုက်မဲပြီး ရက်စက်လွန်းတယ်လို့ပဲ မြင်ပါတယ်”
“အရင်တုန်းကဆိုရင် ရောဂါကုဖို့ဆိုပြီး သင်းခွေချပ်ကို မီးဖိုပေါ်တင်၊ မီးခိုးတွေနဲ့ မှိုင်းတိုက်ပြီး သူတို့ ရေငတ်လာအောင် လုပ်ကြတယ်။ ပြီးမှ ပါးစပ်ထဲကို ဆေးမှုန့်တွေနဲ့ ဆီတွေကို အတင်းလောင်းထည့်ကြတာ။ သူတို့ မသောက်ရင် မီးနဲ့ ထပ်ပြီး အပူပေးကြပြန်ရော။ ဆီတစ်ပိဿာလောက် ကုန်တဲ့အထိ တိုက်ပြီးမှ မီးပြင်းပြင်းနဲ့ ကင်ပြီး အမှုန့်ပြုလုပ်ကြတာ”
“ဒါဟာ တကယ်ပဲ ရောဂါပျောက်ကင်းစေမှာလား”
“ဟူး...”
ဆုပိုင်သည် ထိုသို့ပြောပြီးနောက် အသက်ကို ဝအောင် ရှူလိုက်ပြီး လေးနက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။
“သင်းခွေချပ်တွေ တိရစ္ဆာန်ရုံကို ရောက်လာပြီးတဲ့နောက်မှာတော့ ကျွန်တော် ဒီကိစ္စကို တိရစ္ဆာန်ကာကွယ်ရေးဌာနကို အစီရင်ခံပါ့မယ်။ နောင်ကျရင် သင်းခွေချပ်တွေကို ဖမ်းဆီးသူမှန်သမျှကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးဖို့ တောင်းဆိုသွားမှာပါ”
“နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ ဒီတိရစ္ဆာန်လေးတွေကို တောထဲမှာ နေရာတိုင်း တွေ့နိုင်ဖို့နဲ့ လူသားတွေက သူတို့ကို ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ထပ်ပြီး နာကျင်အောင် မလုပ်ဖို့ပဲ မျှော်လင့်ပါတယ်”
“ကိုကြီး... ပန်းလေး ဝယ်ပါဦးမလားဟင်”
ရုတ်တရက် မိန်းကလေးငယ်တစ်ဦး ဆုပိုင်၏ရှေ့သို့ ရောက်လာပြီး ပန်းစည်းလေးတစ်စည်း ကမ်းပေးလိုက်သည်။ ဆုပိုင်သည် တိုက်ရိုက်ထုတ်လွင့်မှုကို ပိတ်လိုက်ပြီး လက်ကာပြလိုက်သည်။
“ဒါဆို ဦးလေး... ဒါကိုရော ယူမလားဟင်”
မိန်းကလေးငယ်သည် အိတ်ထဲမှ မွဲပြာရောင် အကြေးခွံတစ်ခုကို ထုတ်ယူကာ သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ဆုပိုင်ကို စိုက်ကြည့်နေသည်။
“ငါ...”
545 04
ဆုပိုင်သည် ထိုသင်းခွေချပ် အကြေးခွံကို ချက်ချင်း ယူလိုက်ပြီး အသံကို နှိမ့်၍ မေးလိုက်သည်။ “ဒါကို ငါ ယူမယ်၊ မင်း ဒါကို ဘယ်က ရတာလဲ”
“ဟိုဘက်က ဦးလေးတချို့က ပြောလိုက်တာပါ။ ကိုကြီး ဒါကို လိုချင်ရင် ကျောက်တုံးကြီးရဲ့ အနောက်မှာ သွားရှာလိုက်ပါတဲ့”
မိန်းကလေးငယ်က ရယ်မောလျက် ပြောလိုက်သည်။ “ကိုကြီး... ပန်းလေးတစ်ပွင့်လောက် ဝယ်ပါဦးနော်”
“ကောင်းပြီ၊ ငါ အကုန်လုံး ဝယ်မယ်”
ဆုပိုင်သည် ပိုက်ဆံကို ချက်ချင်းထုတ်ပေးလိုက်ပြီး ပန်းစည်းကို ပိုက်လျက် အဝေးမှ ကျောက်တုံးကြီးဆီသို့ အလျင်အစလို လျှောက်သွားခဲ့သည်။
“ဒါ ခင်ဗျားတို့အတွက်... ခင်ဗျားရဲ့ချစ်သူကို ပေးလိုက်ပါ”
လမ်းတွင် ချစ်သူမောင်နှံနှစ်ဦးကို ဖြတ်ကျော်စဉ် ဆုပိုင်သည် ပန်းများကို အမျိုးသမီး၏ရင်ခွင်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး နောက်ပြန်မကြည့်ဘဲ ပြောလိုက်သည်။ “စောစောက မင်းရဲ့ချစ်သူက တခြားတစ်ယောက်ကို ဖက်နေတာ ငါ မြင်တယ်နော်...”
“မင်း နားလည်မှာပါ”
တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ ပရိသတ်များသည် ဆုပိုင်၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် စိတ်မကောင်း ဖြစ်နေကြစဉ်မှာပင်၊ ရာဇဝတ်ကောင်များသည် ကလေးငယ်တစ်ဦးကို အသုံးချကာ ဝယ်သူကို ရှာဖွေနေခြင်းအပေါ် သူတို့၏ ပါးနပ်မှုကို အံ့သြနေကြသည်။ သို့သော် ဆုပိုင်၏ နောက်ဆက်တွဲ လုပ်ရပ်ကြောင့် လူတိုင်းမှာ မှင်တက်သွားကြရသည်။
“တကယ့်ကို တော်တာပဲ”
“ဒီလိုမျိုး ချစ်သူတွေကို ခွဲပစ်တာကတော့ ငါတို့ရဲ့ ရည်မှန်းချက်ပဲလေ”
“ပန်းရောင်းတဲ့ ကလေးမလေးကို သုံးပြီး လူရှာခိုင်းတာ ဘယ်သူက သိမှာလဲ”
“ဒီလူတွေကတော့ သေသင့်တယ်၊ နောက်ဆို ငါတို့ဆီမှာ တိရစ္ဆာန်ရောင်းတဲ့သူ တွေ့ရင်တော့ ငါကတော့...”
“ဒါပေမဲ့ ဆုပိုင် သတိထားဦးနော်၊ အဲ့ဒီလူတွေမှာ လက်နက် ပါချင် ပါနေမှာ”
တိုက်ရိုက်ထုတ်လွင့်မှုအတွင်းရှိ ပရိသတ်များသည် ဆုပိုင်ဒေါသကြောင့် စိတ်မလွတ်သွားသည်ကို မြင်ရသည့်အခါ သက်ပြင်းချနိုင်တော့သည်။ ယခင် တိုက်ရိုက်ထုတ်လွင့်မှုများတွင် တိရစ္ဆာန်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည်ကိုတွေ့လျှင် ဆုပိုင်သည် လူတစ်ခြားတစ်ယောက်လို ပြောင်းလဲသွားတတ်သောကြောင့် ဖြစ်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သွေးအေးသွားတတ်သည်။
“မင်းက သင်းခွေချပ် လိုချင်တာလား”
ပိန်လှီသော အမျိုးသားသည် ကျောက်တုံးကြီးကို မှီကာ ရပ်နေရင်း ရှေ့မှ လူငယ်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ပင်လယ်ပြင်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။ “ပိုက်ဆံ ပါရဲ့လား”
“သင်းခွေချပ် ၅ ကောင်၊ အားလုံးပေါင်း ၁ သိန်း ကျမယ်။ မင်းကို နည်းနည်း လျှော့ပေးမယ်လေ၊ ၉ သောင်း ၈ ထောင်ပဲ ပေးတော့၊ ကောင်းတဲ့ ဂဏန်းပေါ့”
“ပိုက်ဆံ အရင်ပေး...”
“ဟေး... မင်း ဘာလုပ်တာလဲ”
စကားမဆုံးသေးခင်မှာပင် သူ၏ခန္ဓာကိုယ်မှာ အပေါ်သို့ မြောက်တက်သွားသဖြင့် သူသည် အော်ဟစ်လိုက်တော့သည်။ ဘေးနားရှိ လူအချို့သည်လည်း ထိုမြင်ကွင်းကို မြင်သည့်အခါ အပြေးအလွှား ရောက်လာကြသည်။
“ဗွမ်း...”
ဆုပိုင်သည် ထိုလူကို အောက်ဘက်ရှိ ပင်လယ်ပြင်ထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည်။
“ဘာလုပ်တာလဲ ဟုတ်လား”
“မင်းရဲ့ မည်းညစ်နေတဲ့ နှလုံးသားကို ဆေးကြောပေးမလို့လေ”
******
546 01
အခန်း 546 မည်းညစ်သော နှလုံးသား (၁/၂)
"ကယ်လေး... ဖြည်းဖြည်းသွား၊ ငါ့နောက်ကနေပဲ လိုက်ခဲ့"
"လျှောက်မလုပ်နဲ့ဦး..."
"အတွင်းထဲမှာ ဘာတွေဖြစ်နေလဲ မသိဘူး၊ တစ်နေရာရာမှာ မြေသားတွေ ပွနေလို့ ရထားလမ်းက စောင်းသွားတာ ဖြစ်နိုင်တယ်"
အစ်ကိုကြီးစုန့်သည် လူအုပ်၏ နောက်ဆုံးမှ လိုက်ပါရင်း ရှေ့မှ လီကယ်၏ လက်ကို ဆွဲကာ တိုးတိုးလေး သတိပေးနေမိသည်။
"ခဏနေရင် ငါ့ဘေးနားမှာပဲ ကပ်နေနော်၊ တစ်ခုခုဖြစ်ရင် တစ်ယောက်နဲ့တစ်ယောက် ကူလို့ရတာပေါ့"
"ဟုတ်ကဲ့ပါ အစ်ကိုကြီးစုန့်၊ ကျွန်တော် သိပါပြီ"
လီကယ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။ ဤကျောက်မီးသွေးတွင်းသို့ ရောက်လာကတည်းက သူ၏နောက်မှ ဤလူသည် သူ့ကို အမြဲတမ်း ဂရုစိုက် စောင့်ရှောက်ခဲ့သည်။ အလုပ်လုပ်သည်ဖြစ်စေ၊ ထမင်းစားသည်ဖြစ်စေ သူ့ကို အမြဲ ခေါ်သွားလေ့ရှိပြီး တခြားသူတွေ အနိုင်ကျင့်ခြင်းမှလည်း အမြဲ ကာကွယ်ပေးခဲ့သူ ဖြစ်သည်။
တွင်းတူးအလုပ်သမားများစွာမှာ ခါးကိုကိုင်းလျက် ကျဉ်းမြောင်းလှသော တွင်းလမ်းကြောင်းအတွင်း၌ ဟိုဟိုဒီဒီ သွားလာရင်း အောက်ခြေရှိ ရထားသံလမ်းများကို သေသေချာချာ စစ်ဆေးနေကြသည်။
"နေဦး... အခြေအနေက မဟန်သလိုပဲ"
ရုတ်တရက် ရှေ့ဆုံးမှ အလုပ်သမားတစ်ဦးက ရပ်တန့်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ကြည့်ကြဦး၊ ဒီနေရာမှာ ရေတွေ စိမ့်ထွက်နေပြီ။ ငါတို့ ရှေ့ဆက်သွားလို့ မဖြစ်တော့ဘူး"
"ဒါကို ကျွမ်းကျင်တဲ့သူတွေ ခေါ်ပြီးမှ ပြင်ခိုင်းရမယ်၊ တစ်နေရာရာမှာ ပြဿနာ တက်နေတာ သေချာတယ်"
"တကယ်လို့ မြေပြိုကျရင် ငါတို့အားလုံး အန္တရာယ်ရှိသွားလိမ့်မယ်"
လူတိုင်းမှာ ထိုစကားကို ကြားရသည့်အခါ နေရာမှာတင် ကြောင်အသွားကြသည်။
"အစ်ကိုကြီးရယ်... ကျွန်တော်တို့ကို လာမခြောက်ပါနဲ့ဗျာ"
"ဟုတ်ပဗျာ၊ လမ်းတစ်ဝက်တောင် ရောက်နေပြီဟာကို၊ အခုမှ ပြန်ဆုတ်ရင် တာဝန်မပြီးလို့ အလုပ်သမားခေါင်းဆောင်က ကျွန်တော်တို့ကို လွှတ်ပေးမှာ မဟုတ်ဘူးလေ"
"ပြီးခဲ့တဲ့အကြိမ်က ပြဿနာတက်ပြီးကတည်းက တွင်းကို ပြန်ပြင်ထားတယ် မဟုတ်လား။ ကျွန်တော် ကြည့်ရသလောက်တော့ အားလုံး စစ်ဆေးပြီးသားပါ၊ ဘာမှမဖြစ်နိုင်ပါဘူး"
လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ထိတ်လန့်တကြား ငြင်းခုံနေကြသည်။ သူတို့ ရောက်နေသည့် တွင်းမှာ တရားဝင် လုပ်ကွက်မျိုး မဟုတ်ပေ။ တစ်ခုခု ဖြစ်ပွားခဲ့လျှင် ဤအတွင်း၌ပင် အသက်ပျောက်သွားနိုင်သည် မဟုတ်ပါလား။
"ဘာတွေ လျှောက်ပြောနေတာလဲ"
ရှေ့ဆုံးမှ အလုပ်သမားသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်ပြီးနောက် ရုတ်တရက် လှည့်ကြည့်ကာ အသံကို နှိမ့်၍ ဟောက်လိုက်သည်။
546 02
"ပိုက်ဆံက အရေးကြီးလား၊ အသက်က အရေးကြီးလား။ မင်းတို့ သေချာ ကြည့်စမ်း၊ ဒါက သံလမ်းက ဘေးနှစ်ဖက်ကနေ အဖိခံထားရတာလေ။ မရတော့ဘူး၊ ဒီနေရာမှာ ဆက်မနေသင့်တော့ဘူး"
"ဖယ်ကြစမ်း၊ ဒီပိုက်ဆံကို ငါ မမက်တော့ဘူး။ ပြီးခဲ့တဲ့အကြိမ်က ကိစ္စကို မမေ့နဲ့ဦး၊ ဘေးက တွင်းထဲမှာ လူတွေအများကြီး မြုပ်နေတုန်းပဲ"
"တစ်ခုခု ဖြစ်သွားရင် အထက်ကလူတွေက ငါတို့ကို လာကယ်မယ် ထင်နေလား။ သူတို့က ဒီတွင်းကို ပိတ်လိုက်ပြီး ဘေးကနေ အသစ်ထပ်တူးမှာပဲ၊ ငါတို့ကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး"
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားတော့သည်။ လူတိုင်း၏ နှလုံးခုန်သံများမှာ မြန်ဆန်လာသည်။
"ကယ်လေး... သွားစို့"
"ပြန်ဆုတ်ကြမယ်"
နောက်ဆုံးမှ လိုက်လာသော အစ်ကိုကြီးစုန့်က အသံကို နှိမ့်၍ ပြောလိုက်ပြီး လီကယ်ကို ဆွဲကာ နောက်သို့ ပြန်လှည့်ရန် ပြင်လိုက်သည်။
"ဂျွတ်... ဂျွတ်... ဂျွတ်"
ထိုအချိန်မှာပင် မြေသားများ အက်ကွဲသံလေးများ ထွက်ပေါ်လာသည်။ လူတိုင်း နေရာမှာတင် တောင့်ကနဲ ဖြစ်သွားကြသည်။ မိမိတို့၏ ရင်ဘတ်အတွင်းမှ တဒုန်းဒုန်း ခုန်နေသော နှလုံးခုန်သံများကိုပင် ကြားနေရသည်။
"ဝုန်း... ဝုန်း... ဝုန်း"
ရုတ်တရက် ရှေ့ဘက်ဆီမှ ပြင်းထန်လှသော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာပြီး ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားတော့သည်။ မြေမှုန့်အမည်းရောင်များမှာ အလိပ်လိုက် တက်လာသည်။ အပေါ်မှ မြေသားများကို ထိန်းထားသော သံမဏိဘောင်များမှာလည်း နားမခံနိုင်လောက်အောင် အချင်းချင်း ပွတ်တိုက်သံများ ထွက်ပေါ်နေတော့သည်။
"မကောင်းတော့ဘူး အမြန်ဆုတ်ကြ"
"မြန်မြန်... ကြောင်မနေနဲ့တော့၊ ပြိုကျနေပြီ"
"ပြေးကြဟေ့"
လူအုပ်ကြီးသည် ထိတ်လန့်တကြားဖြင့် အပြင်သို့ ပြေးထွက်ရန် ကြိုးစားကြသည်။ သို့သော် ခြေလှမ်းအနည်းငယ်သာ ပြေးရသေးခင်မှာပင် အားလုံး ရပ်တန့်သွားကြရသည်။ အနောက်ဘက်ရှိ လမ်းကြောင်းမှာ ပိတ်ဆို့သွားခဲ့ပြီ ဖြစ်သည်။ အပေါ်မှ သံမဏိဘောင်များမှာ ကျိုးပျက်သွားခဲ့ပြီ မဟုတ်ပါလား။
"ဂလု..."
လူတိုင်းမှာ တံတွေးကို ခက်ခဲစွာ မြိုချလိုက်ရင်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြသည်။
"သူတို့... ငါတို့ကို လာကယ်ကြမှာလား"
အတန်ကြာပြီးနောက် သန်မာသော အမျိုးသားတစ်ဦးသည် မိမိ၏ဆံပင်များကို တင်းတင်းဆုပ်ကာ တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။
"ငါ ပိုက်ဆံ အလုံအလောက် မရသေးဘူးလေ၊ ငါ့ကလေးတောင် ကျောင်းမတက်ရသေးဘူး၊ ငါ ဒီမှာ မသေချင်ဘူး"
"ဟီး... ဟီး... ငါ ဒီမှာ မသေချင်ဘူး"
"တောက်... ဘာလို့ ဒီပိုက်ဆံကိုမှ မက်ခဲ့မိပါလိမ့်"
လူတိုင်းမှာ စိတ်ဓာတ်ပြိုလဲနေသော ထိုအမျိုးသားကို ကြည့်ကာ ဘာမှ မပြောနိုင်ဘဲ ငြိမ်သက်နေကြသည်။
546 03
"ရွှပ်... ရွှပ်... ရွှပ်"
ရုတ်တရက် ရှေ့ဘက်တွင် လူရိပ်တစ်ခုက မြေပြင်ပေါ်၌ ထိုင်ကာ ကျောက်ခဲများ ပြည့်နှက်နေသော မြေပုံကြီးကို လက်နှစ်ဖက်ဖြင့် အသည်းအသန် တူးဆွနေသည်ကို တွေ့လိုက်ရသည်။
"လီကယ်... မင်း ဘာလုပ်နေတာလဲ”
"ကျွန်တော်... ကျွန်တော် တူးကြည့်မလို့"
လီကယ်သည် မျက်နှာကို လေးနက်စွာ ထား၍ လှည့်ပြောလိုက်သည်။
"ကျွန်တော်လည်း ဒီမှာ မသေချင်ဘူး။ ကျွန်တော့်ညီလေးကို ကြည့်မယ့်သူ မရှိဘူးလေ၊ သူ့အတွက် ဒီပိုက်ဆံတွေကို သေချာပေါက် ပို့ပေးရမယ်"
"မဟုတ်ရင် ညီလေးက အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ပြောပြောဆိုဆိုဖြင့် သူသည် ခေါင်းငုံ့ကာ ဆက်လက် တူးဆွနေပြန်သည်။ လူတိုင်းမှာ ပုံမှန်ဆိုလျှင် အလွန်ရိုးသားလှသော ဤလူငယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤမြေပုံကြီးက မည်မျှအထိ ထူထပ်မည်ကို မသိရသလို ၎င်းတို့တွင် မည်သည့် ကိရိယာမျှလည်း မရှိပေ။ မီတာအနည်းငယ်သာ ဝေးသည်ဆိုဦးတော့၊ ဤလူအနည်းငယ်ဖြင့် အောက်ဆီဂျင် မကုန်ဆုံးခင်မှာ လမ်းပွင့်အောင် တူးနိုင်ရန်မှာ မလွယ်ကူလှပေ။
"တောက်... ဒီမှာ ထိုင်စောင့်နေလည်း သေမှာပဲ၊ ငါလည်း တူးမယ်ကွာ"
"ငါလည်း ပါမယ်"
"အပေါ်ကလူတွေကိုပဲ အားကိုးနေလို့ မဖြစ်ဘူး၊ ကိုယ့်ဘာသာကိုယ် အမြန်တူးမှ ဖြစ်မယ်။ တကယ်လို့ လမ်းပွင့်သွားရင် ငါတို့ အသက်ရှင်နိုင်တာပေါ့"
လူတိုင်းမှာ အံကို တင်းတင်းကြိတ်ကာ ထိုနေရာသို့ စုပြုံသွားကြပြီး လက်နှစ်ဖက်ဖြင့် ရူးသွပ်စွာ တူးဆွနေကြတော့သည်။
ထိုအချိန်တွင် လူတိုင်း၏ နဖူးပေါ်၌ ချွေးသီးချွေးပေါက်များ ကျဆင်းလာသည်။ အသက်ရှူသံများမှာလည်း မြန်ဆန်လာသည်။ ဤသည်မှာ အောက်ဆီဂျင် ပြတ်လပ်တော့မည့် လက္ခဏာပင် ဖြစ်သည်။ သို့သော် မည်သူမျှ ထိုအချက်ကို ထုတ်မပြောကြဘဲ တိတ်ဆိတ်စွာဖြင့်သာ ရှေ့မှ မြေပုံကို အသည်းအသန် တူးနေကြသည်။
၎င်းတို့ ကြောက်နေကြသည်။ တကယ်လို့များ ထိုအချက်ကို ထုတ်ပြောလိုက်လျှင် တစ်စုံတစ်ယောက်က တောင့်မခံနိုင်ဘဲ စိတ်ဓာတ်များ အကုန်ပြိုလဲသွားမည်ကို ၎င်းတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။ ထိုသို့ဖြစ်သွားပါက အထက်မှ ကယ်ဆယ်ရေးအဖွဲ့ကို မျှော်လင့်နေရုံမှလွဲ၍ အခြားလမ်း မရှိတော့ပေ။
...
"လူတွေ အကုန် ဒီမှာပဲ"
ဆုပိုင်သည် နာကျင်စွာ အော်ဟစ်နေသော လူသုံးဦးကို တရွတ်တိုက် ဆွဲခေါ်ကာ ရင်ပြင်ပေါ်မှ ထွက်လာခဲ့သည်။ လမ်းဘေးတွင် စောင့်နေသော ဦးလေးကျန်းနှင့် အဖွဲ့သားများသည် ကားတံခါးကို အမြန်ဖွင့်ကာ ဆင်းလာကြပြီး ထိုလူများကို ကားပေါ်သို့ တင်လိုက်ကြသည်။
"မင်းတို့ နေတဲ့နေရာက ဘယ်မှာလဲ"
"မြန်မြန်ပြောစမ်း"
ဦးလေးကျန်းသည် ပိန်လှီသော အမျိုးသား၏အင်္ကျီကော်လာကိုဆွဲကာ ငေါက်ငမ်းလိုက်သည်။
"ဟို... ဟိုဘက်မှာပါ"
546 04
လူအုပ်ကြီးသည် အဝေးမှ ဟောင်းနွမ်းပျက်စီးနေသော တိုက်ခန်းလေးတစ်ခုဆီသို့ အပြေးအလွှား သွားကြတော့သည်။
"ဒုန်း..."
ရှေ့မှ တံခါးကို ကန်ဖွင့်လိုက်ပြီးနောက် ဆုပိုင်သည် အရင်ဆုံး ပြေးဝင်သွားခဲ့သည်။ အခန်းတစ်ခုလုံးမှာ ညှီစို့စို့ သွေးနံ့များဖြင့် ပြည့်နှက်နေသည်။ နံရံထောင့်တွင်မူ ထူထဲလှသော သင်းခွေချပ် အကြေးခွံများမှာ ပုံလျက်သား ရှိနေသည်။ သင်းခွေချပ်အနည်းငယ်မှာ မြေပြင်ပေါ်တွင် ဝပ်စင်းနေကြပြီး ခန္ဓာကိုယ်များမှာ တုန်ရီနေကြသည်။
"ယုတ်မာလိုက်တာ"
ဆုပိုင်သည် အကြေးခွံပုံကြီးကို ကြည့်ကာ ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး အရှေ့သို့ ပြေးဝင်သွားသည်။ သူသည် ရှေ့မှ သင်းခွေချပ်လေး တစ်ကောင်ကို ဖြည်းဖြည်းချင်း ပွေ့ချီလိုက်သည်။
"မကြောက်နဲ့တော့... ဘာမှ မဖြစ်တော့ဘူးနော်”
သူသည် မိမိ၏ရင်ခွင်ထဲ၌ ထိုသတ္တဝါလေးကို အသာအယာ ချော့မော့နေမိသည်။
"ဒီအကောင်တွေပဲ ကျန်တော့တာလား။ ကျန်တဲ့ဟာတွေကို ခင်ဗျားတို့ အကုန်သတ်လိုက်ပြီလား”
ဦးလေးကျန်းသည် များပြားလှသော အကြေးခွံများကို ကြည့်ကာ ပိန်လှီသော အမျိုးသားကို အထဲသို့ အတင်း ဆွဲခေါ်လာခဲ့သည်။
"မရှိတော့ဘူး၊ အကုန်ရောင်းလိုက်ပြီ"
"မင်းတို့တွေ ပြစ်ဒဏ်ခံရဖို့သာ ပြင်ထားကြတော့"
"တိရစ္ဆာန်တွေကို အကုန်လုံး ပြန်သယ်သွားကြ"
ဦးလေးကျန်းက တိုးတိုးလေး မှာကြားလိုက်ပြီးနောက် ရှေ့မှ လူငယ်ဆီသို့ လျှောက်သွားခဲ့သည်။
"တောင်းပန်ပါတယ်"
သို့သော် ထိုလူငယ်၏နောက်သို့ ရောက်ခါစမှာပင် လူငယ်ဖြစ်သူ ဆုပိုင်က ကိုယ်ကို လှည့်လိုက်ပြီး မမျှော်လင့်ဘဲ ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။
"မင်း..."
ရုတ်တရက် ဆုပိုင်သည် လက်တစ်ဖက်ဖြင့် ထိုအဖိုးအို၏ လည်ပင်းနောက်ကို ဖြတ်ကနဲ ရိုက်လိုက်ရာ သူသည် နေရာမှာတင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ထို့နောက် ဆုပိုင်သည် ကျန်ရှိနေသော လုံခြုံရေးဝန်ထမ်းများဆီသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် လုံခြုံရေးဝန်ထမ်းများအားလုံးမှာ မူးမေ့လဲကျသွားကြရသည်။
"မင်း... မင်း ဘာလုပ်မလို့လဲ"
ပိန်လှီသော အမျိုးသားသည် ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း အပြင်သို့ ကုတ်ကပ် ထွက်ပြေးရန် ကြိုးစားနေသည်။ ဤလူငယ်က လုံခြုံရေးဝန်ထမ်း အားလုံးကိုပါ ရိုက်နှက်လိုက်သည် မဟုတ်ပါလား။ သူ အမှန်တကယ် ဘာလုပ်ချင်နေတာလဲ။
"ဘာလုပ်မလို့လဲ ဟုတ်လား"
ဆုပိုင်က ရေရွတ်လိုက်သည်။
"ဂျွတ်... ဂျွတ်"
546 05
အရိုးကျိုးသံ နှစ်ချက် ထွက်ပေါ်လာသည်။ နောက်တစ်ခဏမှာပင် ပိန်လှီသော အမျိုးသားသည် နာကျင်စွာ အော်ဟစ်လိုက်ရင်း ချက်ချင်းပင် မူးမေ့သွားတော့သည်။ ဆုပိုင်သည် ဘေးရှိ ဆာလာအိတ်တစ်ခုအတွင်းသို့ ကျန်ရှိနေသော သင်းခွေချပ် ၅ ကောင်ကို ထည့်သွင်းကာ အပြင်သို့ ထွက်လာခဲ့သည်။
သူသည် စနစ်ကို တိုက်ရိုက်လွင့်တင်မှု ပိတ်ရန် အမိန့်ပေးလိုက်ပြီးနောက် ဦးလေးကျန်း၏ ရှေ့တွင် ဖြည်းဖြည်းချင်း ဒူးထောက်ထိုင်လိုက်ကာ အားနာသည့် လေသံဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ဒီသင်းခွေချပ်တွေကို ခင်ဗျားတို့ဆီ ပေးလိုက်ရင်လည်း သူတို့ အသက်ရှင်ဖို့ ခက်ပါလိမ့်ဦးမယ်"
"တကယ်ကို တောင်းပန်ပါတယ်"
ဤကဲ့သို့ ဆုံးဖြတ်ချက်ချရန်အတွက် ဆုပိုင်သည် အသေအချာ စဉ်းစားခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ လူ့အဖွဲ့အစည်းတွင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေးအဖွဲ့ကို ဖမ်းမိလျှင်ပင် ပြစ်ဒဏ်မှာ အလွန်မပြင်းထန်လှပေ။ ကယ်ဆယ်ရရှိသော သင်းခွေချပ်များကိုလည်း တောထဲသို့ ပြန်လွှတ်ပေးရန်သာ အခွင့်အလမ်း များသည်။
သို့သော်... အချိန်အနည်းငယ် ကြာလျှင် ထိုသတ္တဝါလေးများမှာ တစ်ဖန် ပြန်လည် ဖမ်းဆီးခံရဦးမှာ သေချာသည်။ အကျိုးအမြတ်အတွက် စွန့်စားလုပ်ကိုင်နေကြသူများမှာ အလွန် များပြားလွန်းလှသည် မဟုတ်ပါလား။
"ဂုဏ်ယူပါတယ် ပိုင်ရှင်၊ သင်းခွေချပ် အပိုင်းအစ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးသွားပါပြီ"
"ဂုဏ်ယူပါတယ် အိမ်ရှင်၊ သင်းခွေချပ်ကို အောင်မြင်စွာ ပြန်လည်အသက်သွင်းနိုင်ခဲ့ပါပြီ၊ အပိုဆု အစားအစာ - ခြကောင်များ"
"စနစ် ပြန်လည်ထွက်ခွာနေပါပြီ"
"..."
++++++