← Chapters

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း 547

"ဝုန်း"

မြေပြင်ပေါ်သို့ ရောက်ရှိသွားသည့်ခဏတွင် ဆုပိုင်သည် ဘေးမှ သစ်ပင်လေးတစ်ပင်ကို အမြန်လှမ်းဆွဲလိုက်ရသည်။ ထိုအခါမှသာ ဟန်ချက်ညီအောင် ထိန်းနိုင်တော့သည်။ သူသည် ရှေ့မှမြင်ကွင်းကို အံ့သြတကြီး ကြည့်ရှုနေမိသည်။

အဝေးတွင် ကျောက်မီးသွေးတွင်းတစ်ခု ရှိနေပုံရသည်။ ယခုအခါ လူပေါင်းများစွာမှာ ထိုနေရာတွင် ရပ်နေကြပြီး အသံကုန် ဟစ်အော်နေကြသည်။ လိမ္မော်ရောင် မီးသတ်ဝတ်စုံများ ဝတ်ဆင်ထားသော လူအုပ်စုတစ်စုမှာလည်း အသည်းအသန် ပြေးလွှားနေကြသည်။

"ဖြန်း..."

ထိပ်ပြောင်ပြီး ဝဖြိုးသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် အလုပ်သမားခေါင်းဆောင်၏ပါးကို အားကုန် ရိုက်လိုက်ရာ သူ၏ မျက်မှန်မှာ လွင့်ထွက်သွားတော့သည်။ သူသည် အသံကို နှိမ့်၍ ဟောက်လိုက်သည်။

"မင်းက လူအလားကွ"

"တောက်... ငါ မင်းကို တစ်လတစ်လ ပိုက်ဆံတွေ ဒီလောက်အများကြီး ပေးထားတာ၊ မင်းဦးနှောက်ထဲမှာ မစင်တွေပဲ ပြည့်နေတာလား"

"ပြဿနာတက်တာကို ဘယ်သူက မင်းကို အထက်တိုင်ခိုင်းလို့လဲ။ တောက်... မင်း စောင့်နေလိုက်၊ ငါသာ အဖမ်းခံရရင် မင်းကို အရင်ဆုံး သတ်ပစ်မယ်"

"ကျွန်တော်... ကျွန်တော် ဒီလောက်အထိ မစဉ်းစားမိဘူး၊ အတွင်းထဲမှာ လူ ၁၀ ယောက်တောင် ပိတ်မိနေတာလေ၊ ကျွန်တော်တို့..."

အလုပ်သမားခေါင်းဆောင်သည် ပါးကိုဖိကာ အားနာသည့်လေသံဖြင့် ပြောလိုက်သည်။

"လူ ၁၀ ယောက် ဖြစ်တော့ ဘာဖြစ်လဲ။ အပြင်ကို ပေါက်ကြားသွားရင် ငါ့မှာ အသက်ရှင်ဖို့ လမ်းရှိဦးမလား"

လူလတ်ပိုင်းအမျိုးသားသည် မျက်နှာတစ်ခုလုံး နီရဲလျက် ရက်စက်စွာ အော်ဟစ်လိုက်သည်။

ကံဆိုးလိုက်တာ… မြေပြိုမှု ထပ်ဖြစ်လိမ့်မယ်လို့ သူ ဘယ်လိုမှ မထင်ထားခဲ့ပေ၊ ၎င်းမှာလည်း လူ ၁၀ ယောက်တောင် ပိတ်မိနေသည် မဟုတ်ပါလား။ တကယ်လို့ အထက်ကို မတိုင်ခဲ့ရင်တော့ လူတစ်ယောက်ချင်းစီရဲ့ မိသားစုကို ပိုက်ဆံပေးပြီး ဖြေရှင်းလိုက်လို့ ရသေးသည်။ အခုတော့ အထက်ကိုလည်း တိုင်ပြီးပြီ၊ ကယ်ဆယ်ရေး အဖွဲ့တွေလည်း ရောက်လာပြီဆိုတော့ ဒီကိစ္စကို ဖုံးဖိဖို့က မလွယ်တော့ပေ။

ဤသို့ တွေးမိသည်နှင့် တွင်းပိုင်ရှင် သူဌေးသည် အသက်ကို ပြင်းပြင်းရှူရင်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ နည်းလမ်းများကို အသည်းအသန် စဉ်းစားနေတော့သည်။

"အောက်မှာ လူဘယ်နှစ်ယောက် ရှိလဲ"

"ကိရိယာတွေ အမြန်ပြင်၊ တွင်းထဲဆင်းဖို့ လုပ်ကြ"

"ဘာပဲဖြစ်ဖြစ် မြေပြိုနေတဲ့ အရှည်ကို အရင်ဆုံး ရှာရမယ်၊ လမ်းကြောင်းတစ်ခု အမြန်ဆုံး ပွင့်အောင် လုပ်မှ အထဲကို လေဝင်နိုင်မှာ။ မဟုတ်ရင် အထဲကလူတွေ အသက်ရှူကျပ်ပြီး သေကုန်လိမ့်မယ်"

547 02

ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်သည် အဖွဲ့သားများရှေ့တွင် ရပ်ကာ တည်ငြိမ်လှသော မျက်နှာထားဖြင့် အမိန့်ပေးလိုက်သည်။

"အားလုံး ငါ့နောက်က လိုက်ခဲ့ကြ"

ပြောပြောဆိုဆိုဖြင့် ကယ်ဆယ်ရေး ကိရိယာများကို ဝတ်ဆင်လိုက်ပြီး အသက်ကို ဝအောင် ရှူကာ မိမိကိုယ်ကိုယ် ကြိုးဖြင့် ချည်နှောင်ပြီးနောက် တွင်းဝအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားတော့သည်။

ထိုအချိန်တွင်...

တွင်းအတွင်း၌။

"ဟူး... ဟူး... ဟူး"

လူအုပ်စုတစ်စုမှာ မြေပြင်ပေါ်တွင် လဲလျောင်းရင်း အသက်ကို အသည်းအသန် ရှူနေကြသည်။ လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်နေကြသော်လည်း...

မည်မျှပင် အားစိုက်၍ ရှူပါစေ၊ အသက်ရှူကျပ်သည့် ခံစားချက်ကြီးမှာ လူတိုင်းကို လွှမ်းမိုးထားဆဲ ဖြစ်သည်။

"ရွှပ်... ရွှပ်... ရွှပ်"

လူတိုင်းသည် ရှေ့မှ မြေပြင်ပေါ်တွင် ဒူးထောက်လျက် မြေပုံကြီးကို မနားတမ်း တူးဆွနေဆဲဖြစ်သော လီကယ်ကို တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"ကယ်လေး... မတူးနဲ့တော့"

"မျှော်လင့်ချက် မရှိတော့ဘူး၊ နောက်ထပ် နာရီဝက်လောက်ဆိုရင် ငါတို့အားလုံး အသက်ရှူကျပ်ပြီး သေကြရတော့မှာ"

"လာပါ... ငါတို့ ၁၀ ယောက်လုံး ဒီမှာပဲ သေရမယ်လို့ မထင်ထားခဲ့ဘူး၊ ဟူး..."

အစ်ကိုကြီးစုန့်သည် လီကယ်၏ အင်္ကျီစကို ဆွဲကာ သူ့အနားသို့ ခေါ်လိုက်သည်။ အသက် ၂၁ နှစ်သာ ရှိသေးသည့် ဤလူငယ်ကို ကြည့်ကာ သူ တကယ်ပင် စိတ်မကောင်း ဖြစ်နေမိသည်။

"အစ်ကိုကြီးစုန့်... ကျွန်တော်..."

"ကျွန်တော့်မှာ အင်အား ရှိပါသေးတယ်၊ ကျွန်တော် တူးနိုင်ပါတယ်၊ ခင်ဗျားတို့ ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့"

"ငါတို့ အားလုံး အသက်ရှင်နိုင်မှာပါ အသက်ရှင်နိုင်မှာပါဗျ"

လီကယ်သည် လူတိုင်းကို တစ်ချက်ကြည့်ကာ အံကို တင်းတင်းကြိတ်လိုက်ပြီးနောက် မြေပုံရှိရာသို့ ထပ်မံတိုးသွားပြန်သည်။ လူတိုင်းသည် ထိုလူငယ်၏တောက်ပနေသော မျက်လုံးများကို ကြည့်ကာ စိတ်လှုပ်ရှားသွားကြရသည်။

သူတောင် အရှုံးမပေးသေးတာ။ ငါတို့က ဘယ်လိုလုပ် အရှုံးပေးလို့ ရမှာလဲ။

ထိုအချိန်တွင် တွင်းလမ်းကြောင်းအတွင်း၌ လေထုမှာ တစ်စတစ်စ ပိုမို နည်းပါးလာသည်။ လူတိုင်း၏ ဦးခေါင်းမှာ မူးနောက်လာကြသည်။

"ဟူး... ဟူး... ဟူး"

လီကယ်၏လက်နှစ်ဖက်စလုံးတွင် ယခုအခါ သွေးများဖြင့် ရဲရဲနီနေပြီ ဖြစ်သော်လည်း ဒဏ်ရာကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် တစ်ကိုယ်လုံးရှိ အင်အားကို သုံးကာ ရှေ့မှ မြေသားများကို ရူးသွပ်စွာ တူးဆွနေတော့သည်။ အားကိုးရာမဲ့မှု၊ အားငယ်မှု စသည့် ခံစားချက်များမှာ လူတိုင်း၏ ရင်ထဲတွင် ပျံ့နှံ့လာသည်။

"ငါ... ငါ တောင့်မခံနိုင်တော့ဘူး"

547 03

ပထမဆုံး လူတစ်ယောက် လဲကျသွားသည်။ သူသည် တုန်ရီနေသော လက်ကို ဆန့်ထုတ်ကာ အနားရှိ အလုပ်သမားများကို ကြည့်ရင်း အားနည်းစွာ ပြောလိုက်သည်။

"မင်းတို့... မင်းတို့တွေ အသက်ရှင်အောင် နေကြပါ"

"ငါ့ရဲ့... ငါ့ရဲ့ ပိုက်ဆံတွေကို ငါ့မိသားစုဆီ ပို့ပေးကြပါ... ငါ့ကလေးကို... ငါ့လိုမျိုး... ဒီလို အပင်ပန်းခံရတဲ့ အလုပ်မျိုး... မလုပ်ခိုင်းပါနဲ့ဦး"

"ကောင်းပါပြီ... ကောင်းပါပြီ"

******

548 01

အခန်း 548 မည်းညစ်သော နှလုံးသား (၂/၂)

"ဖတ်..."

လက်ဖဝါးလေးမှာ မြေပြင်ပေါ်သို့ အားနည်းစွာ ကျဆင်းသွားတော့သည်။ လူတိုင်းသည် သေဆုံးသွားသော အဖော်ကို ကြည့်ကာ တိတ်ဆိတ်ငြိမ်သက်နေကြပြီး ဦးနှောက်အတွင်း တင်းနေသော စိတ်အာရုံကြိုးလေးမှာလည်း "ဗျစ်" ကနဲ ပြတ်တောက်သွားရသည်။

"ငါ မရတော့ဘူး၊ ဟီး... ဟီး... ငါ မသေချင်ဘူး၊ ငါ မသေချင်ဘူး"

"ဘယ်သူမှ ငါတို့ကို လာကယ်မှာ မဟုတ်တော့ဘူး"

"အားလုံး မရပ်ကြနဲ့ဦး၊ မြန်မြန်တူးကြစမ်းပါ၊ မြန်မြန်တူးကြစမ်းပါ၊ ငါတို့... အား... အား... အား"

"တိတ်တိတ်နေကြစမ်း"

ရုတ်တရက် မြေတူးနေသော လီကယ်က ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ကို မြေပြင်တွင် ကပ်ကာ အပြင်ဘက်မှ အခြေအနေကို သေသေချာချာ နားစွင့်လိုက်သည်။

"လူတွေ ငါတို့ကို လာကယ်နေကြပြီ"

"အပြင်ဘက်မှာ အသံတွေ ကြားနေရပြီ"

"နားထောင်ကြည့်ကြစမ်းပါ၊ အပြင်မှာ တကယ်ပဲ အသံတွေ ကြားနေရပြီ"

လူတိုင်းမှာ ထိုစကားကို ကြားရသည့်အခါ ကြောင်အသွားကြပြီးနောက် မျက်ရည်များကို အလျင်အစလို သုတ်ကာ မြေပြင်ပေါ်တွင် ခက်ခဲစွာ ကုတ်ကပ်၍ တိုးလာကြသည်။ သူတို့သည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ နားကို မြေသားနံရံတွင် ကပ်ကာ အပြင်ဘက်မှ ထွက်ပေါ်လာသော အသံများကို အာရုံစိုက် နားထောင်နေကြတော့သည်။

...

"ဟူး... ဟူး... ဟူး"

"ခေါင်းဆောင် မရဘူး"

"အပေါ်က သံမဏိဘောင်တွေက ကျိုးကုန်ပြီ၊ တကယ်လို့ အတင်းအဓမ္မ ဖယ်ရှားမယ်ဆိုရင် တွင်းထဲမှာ ဒုတိယအကြိမ် မြေထပ်ပြိုတာမျိုး ဖြစ်သွားနိုင်တယ်"

ရှေ့မှအဖွဲ့သား၏ တင်ပြချက်ကို ကြားရသည့်အခါ ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်သည် နဖူးမှ ချွေးများကို သုတ်လိုက်ရင်း အသက်ကို ပြင်းပြင်းရှူကာ အော်ဟစ်လိုက်သည်။

"အားလုံး ငါနဲ့အတူ တွင်းထဲဆင်းမယ်"

"ကိရိယာတွေ သုံးလို့မရရင် လက်နဲ့ပဲဖြစ်ဖြစ် အပေါက်တစ်ခုရအောင် တူးကြစမ်း၊ လေဝင်ပေါက်တစ်ခု အမြန်ဆုံး ရအောင်လုပ်မှ ဖြစ်မယ်"

"မြန်မြန်"

ပြောပြောဆိုဆိုဖြင့် သူသည် အောက်ဘက်သို့ ဆင်းရန် ပြင်လိုက်သည်။

"မလောနဲ့ဦး"

ရုတ်တရက် ဘေးနားရှိ လူငယ်တစ်ဦးက သူ့ကို လှမ်းဆွဲလိုက်သည်။

"ဘယ်ကလူလဲ၊ ဖယ်လိုက်စမ်း"

"အခု ဘယ်လိုအချိန် ရောက်နေပြီလဲ မင်းသိလား၊ ငါပြောပြမယ်၊ မင်းတို့ဆီက ဒီမတော်တဆမှုက အရမ်းကြီးမားတယ်၊ အထက်ကိုလည်း တိုင်ပြီးပြီ"

"ဘယ်သူပြောပြော မရဘူး"

"တောက်... ခွင့်ပြုချက်မရှိဘဲ တွင်းတူးတယ်၊ လုံခြုံရေး ကိရိယာတွေလည်း ဘာမှမရှိဘူး။ မင်းတို့ သူဌေးကို ပြောလိုက်စမ်း၊ ဒါဟာ လူ့အသက်ကို တန်ဖိုးမထားတာပဲ၊ အသက်နဲ့ ပြန်လဲရလိမ့်မယ်"

ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်သည် ရှေ့မှ ဆုပိုင်ကို ကြည့်ကာ ဒေါသတကြီး ဟောက်လိုက်ရာ ဆုပိုင်၏ နားထဲတွင် ဝင်းဝင်းဒိုင်းဒိုင်း မြည်သွားတော့သည်။

548 02

"မလောပါနဲ့ လေဝင်ပေါက် ဖောက်ဖို့ဆိုရင် ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်"

"ကျွန်တော်က ဒီတွင်းကလူ မဟုတ်ပါဘူး"

"အချိန်မရှိတော့ဘူး၊ ကျွန်တော့်ကို ကယ်ဆယ်ရေး ဝတ်စုံပေးပါ၊ ကျွန်တော် ဆင်းမယ်"

ပြောပြီးသည်နှင့် ဆုပိုင်သည် ကြောင်အနေသော အဖွဲ့ခေါင်းဆောင်ကို ဂရုမစိုက်ဘဲ ဘေးမှ ကယ်ဆယ်ရေး ဝတ်စုံတစ်ခုကို ယူကာ ဝတ်ဆင်လိုက်သည်။ သူသည် ကြိုးကို ဆွဲယူကာ မိမိကိုယ်ကိုယ် တင်းကျပ်စွာ ချည်နှောင်လိုက်သည်။

"မဟုတ်ဘူးလေ... မင်းက ဘယ်က ရောက်လာတာလဲ၊ အခု လူကယ်နေတာလေ၊ မင်းက ဘာလာရှုပ်တာလဲ" ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် သတိဝင်လာသည့်အခါ အော်ဟစ်လိုက်သည်။

"ခေါင်းဆောင်၊ ဒါ ဒါရိုက်တာ ဆုပိုင်လေ" ဘေးမှ အဖွဲ့သားတစ်ဦးက တိုးတိုးလေး ကပ်ပြောလိုက်သည်။

လူတိုင်း၏ မျက်လုံးများမှာ ခဏချင်းမှာပင် ပြူးကျယ်သွားကြသည်။

"ဂလု..."

"မင်း ဆင်းလို့မဖြစ်ဘူး၊ ငါတို့မှာ လူအင်အား အလုံအလောက် ရှိတယ်၊ မင်းကို အောက်ဆင်းခွင့် မပေးနိုင်ဘူး"

"အချိန်မဆွဲပါနဲ့တော့၊ မြန်မြန်လုပ်စမ်းပါ" ဆုပိုင်က အေးစက်သော မျက်နှာထားဖြင့် ဟောက်လိုက်သည်။

"ကျွန်တော့်မှာ မြေတူးနိုင်တဲ့ တိရစ္ဆာန်တွေ ပါတယ်၊ ခင်ဗျားတို့ထက် အဆပေါင်းများစွာ ပိုမြန်တယ်၊ မြန်မြန် လုပ်စမ်း"

ဆုပိုင်သည် ထပ်မံငြင်းခုံခြင်း မပြုတော့ဘဲ ကြိုးကို ချည်ကာ အခြားသော ကယ်ဆယ်ရေး အဖွဲ့သားများနှင့်အတူ အောက်ဘက်သို့ ဆင်းသွားတော့သည်။ မြေပြိုသည့် နေရာသို့ ရောက်ရှိသည့်အခါ ကျောက်ခဲများ ရောနှောနေသော မြေပုံကြီးကို ကြည့်ရင်း သူသည် သင်းခွေချပ် ၅ ကောင်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။

အောင်မြင်ပါ့မလား သူ မသေချာပေ။ သင်းခွေချပ်များသည် မြေတူးရာတွင် အလွန်မြန်သော်လည်း ၎င်းမှာ သာမန်မြေသားများပေါ်တွင်သာ ဖြစ်သည်။ ယခု မြေပြိုနေသော နေရာ၌မူ ကျောက်ခဲများ၊ ကျောက်မီးသွေးများသာမက ကျိုးပျက်နေသော သံမဏိများပါ ရောနှောနေခြင်း ဖြစ်သည်။

"အတွင်းထဲကို တူးဝင်နိုင်မလား"

သင်းခွေချပ် ၅ ကောင်သည် ရှေ့မှ လူငယ်ကို ကြည့်ကာ တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြသည်။ ဤလူသည် သူတို့နှင့် စကားပြောနိုင်ရုံတင်မကဘဲ ရက်စက်လှသော ထိုလူများ၏လက်ထဲမှ သူတို့ကို ကယ်တင်ခဲ့သူလည်း မဟုတ်ပါလား။

"ရွှပ်... ရွှပ်... ရွှပ်"

သင်းခွေချပ် ၅ ကောင်သည် မြေပြိုနေသော နေရာသို့ ချဉ်းကပ်သွားပြီး သူတို့၏ ခြေသည်းများဖြင့် မနားတမ်း တူးဆွပါတော့သည်။ ဘေးတွင် ထိုင်နေသော ကယ်ဆယ်ရေး အဖွဲ့သားများမှာမူ မျက်လုံးပြူးကာ ငေးကြည့်နေကြရသည်။

အရှိန်က တကယ့်ကို မြန်လွန်းလှသည်။

သူတို့ထက် အနည်းဆုံး အဆပေါင်းများစွာ ပိုမိုမြန်ဆန်လှပေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သင်းခွေချပ်အချို့မှာ လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်ကာ အတွင်းသို့ တိုးဝင်သွားကြတော့သည်။

"ဒီကောင်တွေက အပေါက်တစ်ခု ဖောက်ပြီး လေဝင်အောင်ပဲ လုပ်ပေးနိုင်တာပါ။ ဒါပေမဲ့... လူတွေကို ကယ်ထုတ်ဖို့ကတော့ ထင်သလောက် မလွယ်ဘူး"

548 03

ဆုပိုင်သည် မြေပြင်ပေါ်တွင် ထိုင်လျက် အနောက်မှ ကယ်ဆယ်ရေး အဖွဲ့သားများကို လှည့်ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။ "ခင်ဗျားတို့မှာ တခြား နည်းလမ်း ရှိသေးလား"

"နည်းလမ်း မရှိတော့ဘူး"

"အခုလောလောဆယ်တော့ လေဝင်အောင် အရင်လုပ်၊ ပြီးရင် ရေနဲ့ အစားအစာတွေ အတွင်းထဲ ပို့ပေးပြီး အဲဒီလူတွေကို တောင့်ခံခိုင်းရမှာပဲ" အဖွဲ့ခေါင်းဆောင်သည် နာကျင်သော မျက်နှာထားဖြင့် ရှိနေသည်။

"ဒီတွင်းရဲ့ လုံခြုံရေး စံနှုန်းတွေက တစ်ခုမှ မပြည့်မီဘူး။ ဧရာမ ကယ်ဆယ်ရေး စက်ကြီးတွေကို သုံးဖို့လည်း မဝံ့ရဲဘူး၊ ဒုတိယအကြိမ် မြေထပ်ပြိုမှာ စိုးလို့လေ"

"တကယ်လို့ မြေထပ်ပြိုရင်တော့ အတွင်းကလူတွေ..."

"ဟူး..."

ဆုပိုင်သည် စိတ်ပျက်စွာဖြင့် နားထင်ကို ပွတ်နေမိသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်တော့် နည်းလမ်းကို ပြောပြမယ်။ သင်းခွေချပ်တွေကို လူတစ်ယောက် တွားသွားလို့ရမယ့် အပေါက်မျိုး ဖောက်ခိုင်းမယ်၊ အဲဒီကနေတစ်ဆင့် အပြင်ထွက်ခိုင်းရမှာပဲ။ ဒါပေမဲ့ ဒီနည်းလမ်းက အရမ်း အန္တရာယ်များတယ်၊ ခင်ဗျား ပြောသလိုပဲ မြေထပ်ပြိုခဲ့ရင်တော့..."

သို့သော် ဤနည်းလမ်းမှလွဲ၍ အခြားသော ကယ်ဆယ်ရေး နည်းလမ်းကောင်း မရှိတော့ပေ။ အခုအချိန်တွင် သင်းခွေချပ် ၅ ကောင်၏ ဗီဇစွမ်းရည်အပေါ်မှာသာ မျှော်လင့်ချက် ထားရတော့မည်။

...

တွင်းဝ၏ အပေါ်ဘက်တွင်မူ လူတိုင်းသည် နေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ တွင်းဝဆီသို့သာ စိုက်ကြည့်နေကြပြီး တစ်စုံတစ်ယောက် ထွက်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ တစ်တွင်းလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လေထုမှာလည်း အလွန်အမင်း တင်းမာနေတော့သည်။

တွင်းတူးအလုပ်သမားများသာမက ကယ်ဆယ်ရေး အဖွဲ့သားများအားလုံးသည်လည်း ထိုနည်းတူပင်။ အောက်ခြေတွင် မည်သို့ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိရှိကြသလို၊ ကယ်တင်နိုင်မည့် မျှော်လင့်ချက် မည်မျှ ရှိသည်ကိုလည်း မသိကြပေ။

"ဟူး..."

"အခြေအနေ ဘယ်လိုလဲ"

ထိုစဉ် လုံခြုံရေးဌာန ဝတ်စုံ ဝတ်ဆင်ထားသော လူအုပ်စုတစ်စု အပြေးအလွှား ရောက်လာကြသည်။ ဦးဆောင်လာသော အရာရှိက အသည်းအသန် မေးမြန်းလိုက်သည်။

"လူတွေ ကယ်ပြီးပြီလား"

"အာ... ကျန်းကျူ"

အဝေးတွင် ထိုင်ကာ စဉ်းစားနေသော တွင်းပိုင်ရှင် သူဌေးသည် ထိုအရာရှိကို မြင်သည်နှင့် ထခုန်လိုက်သည်။

"ကျွန်တော်က..."

"ဒီကောင့်ကို ဖမ်းလိုက်စမ်း"

ကျန်းကျူသည် ရှေ့မှ ဝဖြိုးသော လူကြီးကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း ဘယ်သူလဲဆိုတာ ငါ မသိချင်ဘူး... မင်း ဘယ်သူ့ကို သိသလဲဆိုတာလည်း ငါ ဂရုမစိုက်ဘူး"

548 04

"ဒီနေ့ ကိစ္စကတော့ မင်းသိတဲ့လူ ဘယ်လောက် တော်တော် အသုံးမဝင်ဘူး၊ ဒီကောင့်ကို အတင်း ဆွဲခေါ်သွားကြစမ်း"

"တောက်... လူတစ်ယောက်ယောက်သာ ထိခိုက်ခဲ့ရင် ငါကိုယ်တိုင် မင်းကို တရားစွဲမယ်"

"အတွင်းထဲမှာ အခု အခြေအနေ ဘယ်လိုလဲ"

"ညွှန်ကြားရေးမှူး"

ကယ်ဆယ်ရေး အဖွဲ့သားတစ်ဦးက ကိုယ်ကို မတ်မတ်ထားကာ တင်ပြလိုက်သည်။ "အတွင်းက အခြေအနေက တော်တော်လေး ရှုပ်ထွေးပါတယ်ခင်ဗျာ။ ဒီတွင်းရဲ့ လုံခြုံရေး စနစ်တွေက အကုန် အသုံးမကျတာတွေ ဖြစ်နေလို့ ကယ်ဆယ်ရတာ ခက်ခဲနေပါတယ်။ ဒါပေမဲ့ မြေပြိုတဲ့ နေရာကိုတော့ ရှာတွေ့ပါပြီ၊ ဒါရိုက်တာ ဆုပိုင်လည်း အောက်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေပါတယ်"

"မကြာခင်မှာ သတင်းကောင်း ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်..."

"ဘယ်သူလဲ"

ကျန်းကျူသည် ထိုရင်းနှီးလှသော အမည်ကို ကြားလိုက်ရသည့်အခါ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

"ဒါရိုက်တာဆုပိုင်က ဘာလို့ ဒီမှာ ရောက်နေတာလဲ။ တွင်းထဲတောင် ဆင်းသွားတယ်လား..."

"ငါ..."

"အဝတ်အစားတွေ ယူလာခဲ့၊ မြန်မြန်၊ ငါလည်း အောက်ဆင်းမယ်"

သူသည် အော်ဟစ်လိုက်ပြီး အဝတ်အစားများကို အလျင်အစလို ဝတ်ဆင်ကာ တွင်းထဲသို့ လိုက်ပါဆင်းသွားတော့သည်။

...

++++++

549 01

အခန်း 549

"ကယ်လေး... အစ်ကို တောင့်မခံနိုင်တော့ဘူး"

အစ်ကိုကြီးစုန့်သည် မြေပြင်ပေါ်တွင် ပျော့ခွေလဲကျနေရင်း လီကယ်၏လက်နှစ်ဖက်ကို ဆွဲကာ အသက်ကို ခက်ခဲစွာ ရှူရင်း ပြောလိုက်သည်။

"မှတ်ထားနော်... မင်း အသက်ရှင်အောင် နေပါ... နောင်ကျရင် ဒီအလုပ်မျိုး ထပ်မလုပ်နဲ့တော့"

"အလုပ်ကောင်းကောင်း တစ်ခုရှာလုပ်ပါ၊ ငါတို့ကတော့ မတတ်သာလို့ လုပ်နေရတာပါ။ မင်းက ငယ်ပါသေးတယ်၊ ဒီမှာ သေသွားဖို့က မတန်ဘူး"

"အစ်ကို့ စကားကို နားထောင်ပြီး တောင့်ခံထားစမ်း"

"အစ်ကိုကြီးစုန့်"

လီကယ်သည် ရှေ့မှ သန်မာသော အမျိုးသားကို ကြည့်ကာ မျက်ရည်များမှာ အဆက်မပြတ် စီးကျလာခဲ့သည်။ နည်းလမ်း မရှိတော့ပေ။ ၎င်းတို့ ၁၀ ယောက်အနက် ၅ ယောက်မှာ အသက်ရှူကျပ်ပြီး သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ယခု ကျန်ရှိနေသော ၅ ယောက်သည်လည်း ဆက်လက် တောင့်ခံနိုင်စွမ်း မရှိကြတော့ပေ။

လီကယ်သည် မိမိကိုယ်ကိုယ် သတိဝင်နေစေရန်အတွက် သူ၏ လက်မောင်းမှ အသားကို တစ်လုပ် ကိုက်လိုက်သေးသည်။ သို့သော်လည်း အခြေအနေမှာ မထူးခြားပေ။ အချိန်များစွာ ကုန်ဆုံးသွားခဲ့သော်လည်း ကယ်ဆယ်ရေးအဖွဲ့မှ လမ်းကြောင်းကို မဖောက်နိုင်သေးပေ။ သူ တကယ်ပဲ ဒီမှာ သေရတော့မှာလား။ ဒါဆိုရင် ညီလေးရဲ့ ရောဂါကုဖို့ ပိုက်ဆံကို သူ ဘယ်လိုမှ ရှာပေးနိုင်မှာ မဟုတ်တော့ဘူး။

"ဂျောက်..."

ရုတ်တရက် မိမိ၏ နောက်ဘက် မြေပြိုနေသော နေရာမှ သေးငယ်သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ လီကယ်သည် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

"ဒုန်း..."

ကျောက်တုံးလေးတစ်ခု ပြုတ်ကျသွားပြီး တစ်ကိုယ်လုံး အကြေးခွံများ ဖုံးလွှမ်းနေသော အကောင်လေးတစ်ကောင် တိုးဝင်လာကာ ၎င်းတို့ကို စပ်စုသည့် မျက်လုံးများဖြင့် ကြည့်နေသည်။

"အစ်ကိုကြီးစုန့်"

လီကယ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အတွင်းသို့ တိုးဝင်လာသော လတ်ဆတ်သည့် လေထုကို ခံစားလိုက်ရသည့်အခါ သူသည် ဘေးမှ အစ်ကိုကြီးစုန့်ကို အားကုန် လှုပ်နိုးလိုက်တော့သည်။

"ငါတို့ လွတ်ပြီ၊ ငါတို့ လွတ်ပြီ"

"ခင်ဗျားတို့ အကုန်ထကြပါဦး၊ အကုန်ထကြပါဦး"

"ဟီး... ဟီး... အကုန်ထကြပါဦး"

သို့သော် သူ မည်မျှပင် လှုပ်နိုးစေကာမူ သူ့ကို အမြဲ ဂရုစိုက်ပေးတတ်သည့် ထိုလူမှာ နိုးမလာတော့ပေ။

"ဟူး..."

တွင်းတူးအလုပ်သမား တစ်ဦးသည် မြေပြင်မှ ခက်ခဲစွာ ထရပ်လိုက်ပြီး လီကယ်၏ ရှေ့သို့ ရောက်လာကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

"မငိုပါနဲ့တော့၊ မြန်မြန် အားမွေးစမ်း၊ အခုမှ အပေါက်လေး တစ်ခုပဲ ပွင့်သေးတာ၊ အပြင်ထွက်ဖို့က အဝေးကြီး လိုသေးတယ်"

"တောင့်ခံထားစမ်း"

"အသက်ရှင်အောင် နေကြမယ်..."

549 02

လီကယ်သည် ရှေ့မှ လူများကို ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လျက် ခေါင်းညိတ်ပြလိုက်သည်။ သူတို့ တောင့်မခံနိုင်တော့သည့်အချိန်တွင် လူတိုင်းသည် မိမိတို့ သေဆုံးသွားခဲ့လျှင် ဖြစ်ချင်သော ဆန္ဒများကို အသီးသီး ပြောခဲ့ကြသည်ကို သူ မှတ်မိနေသေးသည်။

ထိုလူများ၏ဆန္ဒမှာ အလွန် ရိုးရှင်းလှသည်။ မိမိတို့ ရရှိမည့် လျော်ကြေးငွေများကို မိသားစုဝင်များထံ ရောက်ရှိသွားစေရန်သာ ဖြစ်သည်။ သူ၏ ဆန္ဒမှာမူ... ညီလေးအတွက် ဆေးကုသစရိတ် ရှာပေးရန်နှင့် ညီလေးကို ချင်တုမြို့သို့ ခေါ်သွားကာ ရောဂါပျောက်ကင်းအောင် ကုသပေးရန်ပင် ဖြစ်သည်။

သို့သော်... လီကယ်သည် အလွန်စိတ်ညစ်နေမိသည်။ သူ၏ ပိုက်ဆံမှာ အလုံအလောက် မရှိသေးပေ။ တွင်းပိုင်ရှင် သူဌေးက ပြောခဲ့သည်မှာ ဆေးကုသစရိတ်အတွက် ရာနှင့်ချီသော သိန်းပေါင်းများစွာ လိုအပ်မည်ဟု ဆိုခဲ့သောကြောင့် ဖြစ်သည်။

လူအနည်းငယ်မှာ မြေပြင်ပေါ်တွင် ထိုင်လျက်၊ အပျက်အစီးများကြားတွင် ဟိုဟိုဒီဒီ တူးဆွနေသော တစ်ခါမျှ မမြင်ဖူးသည့် အကောင်လေးများကို ငေးကြည့်နေကြသည်။ လူတိုင်းသည် တစ်ခုတည်းကိုသာ တွေးတောနေကြသည်။ အပြင်ကို တကယ်ပဲ အသက်ရှင်လျက် ထွက်နိုင်ပါ့မလားဟူ၍။

...

"မိဘပြည်သူ ပရိသတ်ကြီးရှင်၊ အခု ကျွန်မတို့ ရောက်ရှိနေတာကတော့ ဒီတရားမဝင် ကျောက်မီးသွေးတွင်း လုပ်ကွက်ပဲ ဖြစ်ပါတယ်"

"လက်ရှိမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေ တွင်းထဲကို ဆင်းသွားကြပါပြီ"

အမျိုးသမီး သတင်းထောက်တစ်ဦးသည် ကယ်ဆယ်ရေးအဖွဲ့များ၏ အနီးတွင် ရပ်လျက် လေးနက်သောလေသံဖြင့် တင်ဆက်နေသည်။

"ဒါရိုက်တာ ဆုပိုင် အသစ်ဖန်တီးလိုက်တဲ့ တိရစ္ဆာန်ဖြစ်တဲ့ သင်းခွေချပ်တွေရဲ့ အကူအညီနဲ့ မြေပြိုနေတဲ့ နေရာကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ စိတ်မကောင်းစရာ တစ်ခုကတော့ တွင်းတူးအလုပ်သမား ၆ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်ရှင်"

"ကယ်ဆယ်ရေး လုပ်ငန်းတွေက တကယ့်ကို ခက်ခဲလှပါတယ်။ သိရသလောက်တော့ ဒီတွင်းထဲမှာ လုံခြုံရေး စနစ်တွေက လုံးဝမရှိသလောက်ပါပဲ။ ဒီလိုမျိုး လူ့အသက်ကို ကလေးကစားစရာလို လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် ကျွန်မတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်"

"ဒါ့အပြင် အောက်မှာ ပိတ်မိနေတဲ့ ကျန်ရှိသူ ၄ ဦးကိုရော ဘေးကင်းစွာ ကယ်တင်နိုင်ပါ့မလားဆိုတာ ကျွန်မတို့ စိုးရိမ်နေရပါတယ်ရှင်"

"ဒါပေမဲ့ စုံစမ်းသိရှိရသလောက်တော့ ဒီလို အရေးပေါ် အခြေအနေမှာ ကူညီပေးခဲ့တဲ့ ဒါရိုက်တာ ဆုပိုင်ကို ကျွန်မတို့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ တကယ်လို့သာ အဲဒီ တိရစ္ဆာန် ၅ ကောင်သာ မရှိရင် အောက်က အလုပ်သမားတွေအားလုံး သေဆုံးသွားနိုင်တဲ့ အနေအထားမှာ ရှိနေတာပါရှင်"

"အားလုံး သိကြတဲ့အတိုင်း ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေဟာ လူသားတွေအတွက် အများကြီး ကူညီပေးခဲ့သလို အကျိုးပြုမှုတွေလည်း အများကြီး လုပ်ဆောင်ခဲ့ကြပါတယ်။ အခုတစ်ကြိမ်မှာလည်း..."

"ကျွန်မတို့ရဲ့ အလုပ်သမား ညီအစ်ကိုတွေအတွက်တော့ ဒီတိရစ္ဆာန်လေးတွေဟာ တကယ့်ကို တန်ဖိုးရှိလှပါတယ်"

"ဒီတန်ဖိုးရှိလှတဲ့ တိရစ္ဆာန်လေးတွေဟာ သူတို့ရဲ့ အသက်ကို ရင်းပြီး မျှော်လင့်ချက် လမ်းကြောင်းတစ်ခုကို တူးဖော်ပေးခဲ့တာပဲ ဖြစ်ပါတယ်"

"ဒီမတော်တဆမှုကနေတစ်ဆင့် လူတိုင်းကို သတိပေးချက်တစ်ခု ဖြစ်စေဖို့နဲ့ သက်ဆိုင်ရာ ဌာနတွေကလည်း ဒီလိုတရားမဝင် လုပ်ကွက်တွေကို အပြင်းထန်ဆုံး အရေးယူပေးဖို့ ကျွန်မတို့ တောင်းဆိုချင်ပါတယ်ရှင်"

"ကျွန်မတို့..."

"အား... ထွက်လာကြပြီ"

549 03

ရုတ်တရက် အနောက်ဘက်ဆီမှ အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် သတင်းထောက်မလေးမှာ ထိုဘက်သို့ အလျင်အစလို ပြေးသွားတော့သည်။ ကင်မရာသည်လည်း ထွက်လာသော လူတစ်ဦးချင်းစီဆီသို့ ချိန်ရွယ်လိုက်သည်။

သို့သော်...

"ဟီး... ဟီး... ကလေးအဖေရယ်၊ ဘာလို့ ဒီလို ဖြစ်ရတာလဲ..."

"ဖေဖေ... ဖေဖေ... ဟီး... ဖေဖေ၊ နိုးပါဦး"

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး မနေ့ကတင် ကျွန်တော်တို့ ပြောထားကြသေးတာလေ၊ မနေ့ကတင်လေ... ဟီး..."

မြေပြင်ပေါ်တွင် ဝပ်စင်းလျက် ရင်ကွဲမတတ် အော်ဟစ်ငိုယိုနေကြသော အလုပ်သမား မိသားစုဝင်များကိုကြည့်ကာ လူတိုင်းမှာ မျက်ရည်ဝိုင်းနေကြရသည်။

"ဟူး..."

ဆုပိုင်သည် ဘေးတွင် ရပ်လျက် သင်းခွေချပ်များကို ပွေ့ချီကာ သေဆုံးသွားသော အလုပ်သမား ၆ ဦးနှင့် သူတို့၏ မိသားစုဝင်များကို ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။

သင်းခွေချပ်လေးတွေလည်း အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ သို့သော်လည်း...

တစ်လှမ်း နောက်ကျသွားခဲ့ရသည်။ လမ်းပွင့်သွားသည့် အချိန်တွင် အလုပ်သမား ၆ ဦးမှာ အသက်ပျောက်နေခဲ့ပြီ ဖြစ်သည်။ လူတိုင်း၏ ရင်ထဲတွင် အလွန်အမင်း လေးလံထိုင်းမှိုင်းနေတော့သည်။ ဤမတော်တဆမှုမှာ တကယ်တော့ ရှောင်လွှဲလို့ ရနိုင်သည့် ကိစ္စတစ်ခု မဟုတ်ပါလား။

"တောက်... ငါတော့ တကယ် ဒေါသထွက်လာပြီ"

"သေဒဏ်... ဒီလိုလူမျိုးကို သေချာပေါက် သေဒဏ်ပေးရမယ်"

"တိရစ္ဆာန်ထက် ယုတ်မာတဲ့ကောင်တွေ"

ကျန်းကျူသည် တွင်းထဲမှ ပြန်တက်လာသည့်အခါတွင်မူ အလွန်အမင်း ဒေါသထွက်နေတော့သည်။ ဤမတော်တဆမှု တစ်ခုတည်းဟု သူ ထင်ထားခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူ အလုပ်သမားများ၏ ထွက်ဆိုချက်အရ လွန်ခဲ့သော နှစ်ကလည်း ဤတွင်းထဲမှာပင် မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ဖူးကြောင်း၊ ထိုစဉ်က တွင်းပိုင်ရှင် သူဌေးသည် အထက်ကို မတိုင်ကြားဘဲ တွင်းကို တိုက်ရိုက် မြေမြှုပ်ပစ်ခဲ့ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။

"ဒါရိုက်တာ ဆုပိုင်"

ထိုစဉ် အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ဦးသည် ဆုပိုင်၏ရှေ့သို့ ရောက်လာသည်။ သူ၏ လက်နှစ်ဖက်မှာ တင်းတင်းဆုပ်ထားပြီး ညစ်ပတ်ပေကျံနေသော သူ၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အမူအရာများ ရှိနေသည်။ ဆုပိုင်သည် ဤလူငယ်ကို မှတ်မိသည်။ အောက်ခြေမှ ကယ်တင်လာခဲ့သော အသက်အငယ်ဆုံး အလုပ်သမား မဟုတ်ပါလား။ ဒီလူငယ် လီကယ်က သူ့ကို ဘာကြောင့် ရှာရတာလဲ။

"ကျွန်တော်... ကျွန်တော့် ညီလေးမှာ ပြင်းထန်တဲ့ စိတ်ကျရောဂါ ရှိနေလို့ပါ..."

"ဒါက ကျွန်တော် သုံးနှစ်ပတ်လုံး စုထားတဲ့ ပိုက်ဆံတွေပါ။ သူဌေးကတော့ ဒီရောဂါကုဖို့ ၃ သိန်းလိုမယ်လို့ ပြောတယ်၊ ကျွန်တော့်မှာတော့ ၂ သိန်း ၃ သောင်းပဲ ရှိသေးတယ်..."

"ဒါရိုက်တာ ဆုပိုင်... ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့် ညီလေးကို တိရစ္ဆာန်ရုံမှာ ဆေးကုပေးလို့ ရမလားဟင်။ ကျွန်တော်... ကျွန်တော် တွင်းထဲ ပြန်ဆင်းပါ့မယ်၊ ကျန်တဲ့ ခုနစ်သောင်းကို ကျွန်တော် အမြန်ဆုံး ရှာပေးပါ့မယ်"

"တကယ်ပါဗျာ၊ တောင်းပန်ပါတယ်..."

549 04

ဆုပိုင်သည် ငိုသံပါလျက် ပြောဆိုနေသော လီကယ်ကိုကြည့်ကာ သူ၏ မျက်နှာမှာ တစ်စတစ်စ အေးစက်လာတော့သည်။

ကောင်းကင်ပြာတိရစ္ဆာန်ရုံထဲမှာ စိတ်ကျရောဂါ ကုသပေးဖို့ဆိုတာ ပိုက်ဆံတစ်ပြားမှ ပေးစရာ မလိုဘူးလေ။

******

All Chapters