အခန်း (၅၅၃-၅၅၅)
Vol. 37 Ch. 553-555
အခန်း 553 သွေးစွန်းနေသော အပိုင်းအစ (၂/၂)
တာဝန်နယ်မြေအတွင်းရှိ ဧရာမ ငါးဖမ်းသင်္ဘောကြီးတစ်စီးပေါ်တွင်။
"ဒီတစ်ခါ အရောင်းအဝယ်က အရမ်းအရေးကြီးတယ်၊ အားလုံးပဲ စိတ်ကို လန်းလန်းဆန်းဆန်း ထားကြစမ်း... ငါပြောတာ နားလည်လား"
ခုံရှီသည် စိုထိုင်းနေသော သင်္ဘောခန်းအတွင်း၌ ရပ်ကာ ရှေ့မှ လူငယ်မျက်နှာများကို ကြည့်ပြီး အသံကို နှိမ့်၍ ပြောလိုက်သည်။
"တစ်ဖက်လူက နယ်စပ်မှာ အရောင်းအဝယ် လုပ်မှာ။ ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး။ မင်းတို့က ငါတို့ သေသေချာချာ ရွေးချယ်ထားတဲ့သူတွေ ဖြစ်လို့ ဒီတစ်ခါတော့ မင်းတို့ကိုပဲ အားကိုးရတော့မယ်"
"မင်းတို့အားလုံးက ပြည်သူ့စစ် သင်တန်းတွေ ဆင်းထားကြတာပဲ။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ဘေးကင်းရေးကို အရင်ဆုံး အာမခံကြပါ"
"ရန်သူကို လုံးဝ သတိမထားမိစေနဲ့ဦး။ ဒီလူတွေကို အပြင်ထွက်လာအောင် မျှားခေါ်ဖို့က မလွယ်ဘူး။ အားလုံးကို ငါတို့ တိုင်ပင်ထားတဲ့အတိုင်းပဲ လုပ်ကြမယ်"
"နားလည်ပါပြီ"
လူတိုင်းမှာ လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ သို့သော် အော်တိုမက်တစ် ရိုင်ဖယ်သေနတ်များကို ကိုင်ထားသော သူတို့၏ လက်များမှာ အနည်းငယ် တုန်ရီနေခြင်းက လူတိုင်း၏ ရင်ထဲတွင် မည်မျှအထိ စိုးရိမ်ပူပန်နေကြသနည်းဆိုသည်ကို ဖော်ပြနေသည်။ ဆုပိုင်သည်လည်း ယခုတာဝန်အတွက် မိမိကိုယ်ကိုယ် ကြိုတင်ပြင်ဆင်ထားသော အဆင့်အတန်းတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းမှာ ရှေးဟောင်းပစ္စည်း မှောင်ခိုရောင်းဝယ်မှုကို နှိမ်နင်းမည့် ကူညီစောင့်ရှောက်ရေး လုံခြုံရေးဝန်ထမ်း တစ်ဦး ဖြစ်သည်။ ဆုပိုင်အနေဖြင့်လည်း ဤကိစ္စမှာ အဘယ်ကြောင့် ဤသို့ ဖြစ်နေရသနည်းဆိုသည်ကို သေချာ မသိပေ။ သင်္ဘောခန်းတစ်ခုလုံးတွင် ရှိနေသူများမှာ သူကဲ့သို့ပင် ယာယီစုဆောင်းထားသော "ယာယီဝန်ထမ်း" ကူညီစောင့်ရှောက်သူများသာ ဖြစ်ကြသည်။ အဖွဲ့ခေါင်းဆောင်ခုံရှီ တစ်ဦးတည်းသာ အမြဲတမ်း ဝန်ထမ်း လုံခြုံရေးအရာရှိ ဖြစ်သည်။
သူ သိထားရသလောက်ဆိုလျှင် ဤလူများသည် ရှေးဟောင်းပစ္စည်းများကို အကြီးအကျယ် သယ်ယူပို့ဆောင်နေသော ရာဇဝတ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးရန်အတွက် ဝယ်ယူသူများအဖြစ် ဟန်ဆောင်ကာ အရောင်းအဝယ် လုပ်နေကြခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ အရောင်းအဝယ် အစီအစဉ်မှာ ကြိုတင် ဖြစ်ပေါ်လာခဲ့သည်။ မည်သူမျှ ကြိုတင် ပြင်ဆင်ထားခြင်း မရှိသလို တစ်ဖက်လူ၏ သဘောထားကလည်း အလွန်တင်းမာလှသည်။ အကယ်၍ ယနေ့ည အရောင်းအဝယ် မလုပ်ဖြစ်ပါက နောင်တွင် မည်သည့်အခါမျှ အရောင်းအဝယ် လုပ်တော့မည် မဟုတ်ကြောင်း ရာဇဝတ်ဂိုဏ်းက ရာဇသံ ပေးထားခြင်း ဖြစ်သည်။
"ဆုပိုင်... မင်း မကြောက်ဘူးလား"
ဘေးတွင် ထိုင်နေသော လူငယ်လေးတစ်ဦးက မျက်မှောင်ကြုတ်လျက် စဉ်းစားနေသော ဆုပိုင်ကို ကြည့်ကာ တိုးတိုးလေး မေးမြန်းလိုက်သည်။
"ငါတို့က ရာဇဝတ်ကောင်တွေကို သွားဖမ်းမှာလေ။ ပုံမှန် လေ့ကျင့်တာတွေနဲ့ မတူဘူး။ တကယ်လို့ ပေါက်ကြားသွားရင် ငါတို့အားလုံး ဒီမှာပဲ သေသွားနိုင်တယ်"
ဆုပိုင်သည် ထိုလူငယ်လေးကို လှည့်ကြည့်ကာ အသာအယာ ပြုံးပြလိုက်သည်။
"မပေါက်ကြားစေရပါဘူး"
"ခေါင်းဆောင်မှာ အစီအစဉ်တွေ ရှိမှာပါ"
553 02
ပြောပြောဆိုဆိုဖြင့် လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ဆုပိုင်၏ အကြည့်မှာ တစ်စတစ်စ လေးနက်လာတော့သည်။ ဤမျှ အလျင်စလို ထွက်ခွာလာရခြင်းမှာ အရင်က တရုတ်ပြည်၏ လုပ်ထုံးလုပ်နည်းများနှင့် လုံးဝ မကိုက်ညီပေ။ ဤနေရာရှိ လူအားလုံးမှာ ကူညီစောင့်ရှောက်သူများ သို့မဟုတ် နေ့စဉ်သုံး စကားဖြင့်ဆိုလျှင် "ယာယီဝန်ထမ်း" များသာ ဖြစ်ကြသည်။ မည်သည့် ကျွမ်းကျင်သင်တန်းမှလည်း ဆင်းထားကြသူများ မဟုတ်ပေ။ ဤကဲ့သို့သော လူအုပ်စုကို သုံးပြီး ရာဇဝတ်ကောင်များနှင့် အရောင်းအဝယ် လုပ်ခိုင်းခြင်းမှာ... အသက်ကြီးသော နတ်ဘုရားက ကြိုးဆွဲချ သတ်သေသကဲ့သို့ မိမိကိုယ်ကိုယ် အသေခံခိုင်းနေခြင်း မဟုတ်ပါလား။
သို့သော် သင်္ဘောခန်းအတွင်း၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပြီး၊ လူတိုင်းမှာ သူတို့၏ လက်ထဲမှ သေနတ်များကိုသာ တင်းတင်းဆုပ်ကိုင်ထားကြသည်။ ဆုပိုင်သည် သင်္ဘောဦးတွင် ရပ်နေသော ခေါင်းဆောင်ကို မော့ကြည့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ ထိုင်ခုံကို ပြန်မှီလိုက်သည်။ ရောက်လာမှတော့ အခြေအနေအရပဲ ရင်ဆိုင်ရတော့မှာပေါ့။ အခုအချိန်အထိတော့ ဆုပိုင်ကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေဆဲပင်။ စနစ်က ဘာကြောင့် သူ့ကို ဤနေရာသို့ ပို့လိုက်သနည်း၊ ထို့ပြင် ရှေးဟောင်းပစ္စည်း ရာဇဝတ်ကောင်များကို ဖမ်းဆီးမည့် လုံခြုံရေးအရာရှိများနှင့်အတူ အဘယ်ကြောင့် ရှိနေရသနည်း။ တိရစ္ဆာန်တွေကော ဘယ်မှာလဲ။
သင်္ဘောမှာ ဖြည်းဖြည်းချင်း ခုတ်မောင်းနေစဉ်အတွင်း ကမ်းစပ်မှ မြက်တောထဲ၌ စစ်ဝတ်စုံ ဝတ်ဆင်ထားသော စစ်သားများစွာမှာ ဝပ်စင်းနေကြသည်ကို မည်သူမျှ သတိမထားမိကြပေ။ လူတိုင်း၏ မျက်နှာပေါ်တွင် ပြတ်သားသော အမူအရာများ ရှိနေကြပြီး နာရီပေါင်းများစွာကြာအောင် လှုပ်ရှားခြင်းမရှိဘဲ မြေပြင်ပေါ်တွင် ဝပ်နေကြခြင်း ဖြစ်သည်။
"ညွှန်ကြားရေးမှူး၊ သူတို့ သွားနေကြပြီ"
"အင်း..."
လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများမှာမူ အဝေးမှ မြစ်ပြင်ဆီသို့သာ စိုက်ကြည့်နေသည်။
"ဒီတစ်ခါ မှောင်ခိုဂိုဏ်းက အရမ်းပါးနပ်လွန်းတယ်။ မဟုတ်ရင် သူတို့ အရောင်းအဝယ်ကို ကြိုလုပ်မှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က သတ်မှတ်ထားသေးတယ်၊ အသက် ၂၀ အောက် လူငယ်တွေကိုပဲ ခေါ်လာရမယ်တဲ့။ ဒါ ငါတို့ ခက်ခက်ခဲခဲ စုဆောင်းထားရတဲ့ လူငယ်တွေလေ"
"ခဏနေ ဖမ်းတဲ့အချိန်ကျရင် ဒီလူငယ်တွေရဲ့ ဘေးကင်းရေးကို သေချာပေါက် အာမခံရမယ်"
"သူတို့က အသက် ၂၀ တောင် မပြည့်သေးတဲ့ ကလေးတွေပဲ ရှိသေးတာ၊ ဒီမှာ အသေခံလို့ မဖြစ်ဘူး"
"ဟုတ်ကဲ့ပါ" လူတိုင်းမှာ အံကို တင်းတင်းကြိတ်ကာ ပြန်လည်ဖြေကြားလိုက်ကြသည်။
အချိန်များ တစ်စတစ်စ ကုန်ဆုံးလာသည်။
"ဝုန်း..."
အဝေးမှနေ၍ ဝါကျင်ကျင် မီးရောင်တစ်ခု လင်းထိန်လာသည်။
"လာပြီ"
ခုံရှီ၏ ခန္ဓာကိုယ်မှာ တုန်သွားရပြီး တိုးတိုးလေး ရေရွတ်ရင်း သေနတ်ကို တင်းတင်းဆုပ်လိုက်သည်။
"သင်္ဘောကို အနားကပ်လိုက်၊ မလန့်ကြနဲ့ဦး"
သူက တိုးတိုးလေး ဟောက်လိုက်သည်။ ငါးဖမ်းသင်္ဘောမှာ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့သည်။
553 03
"ဒိုင်း ဒိုင်း .. ဒိုင်း "
ရုတ်တရက် တစ်ဖက်သင်္ဘောဆီသို့ မရောက်ရှိသေးခင်မှာပင် သေနတ်သံအချို့ ထွက်ပေါ်လာသဖြင့် လူတိုင်းမှာ လန့်ဖျပ်သွားကြရသည်။
"ရပ်လိုက်စမ်း"
စစ်ဝတ်စုံ ဝတ်ဆင်ထားသော သန်မာသော အမျိုးသားတစ်ဦးသည် အော်တိုမက်တစ် ရိုင်ဖယ်ဖြင့် ခုံရှီကို ချိန်ရွယ်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။
"လူတွေ အကုန်လုံး အပြင်ထွက်ခဲ့စမ်း"
"မင်း... ဒီကို လာခဲ့"
သေနတ်ကိုင်ထားသော စစ်သားတစ်အုပ်မှာ ငါးဖမ်းသင်္ဘောပေါ်သို့ ခုန်ကူးလာကြသည်။ ခုံရှီသည် တစ်ဖက်လူ၏ လက်နက်ကိရိယာများကို မြင်လိုက်ရသည့်အခါ ဦးနှောက်အတွင်း ဗလာဖြစ်သွားရသည်။ ဤသည်မှာ သာမန် ရာဇဝတ်ကောင်များတွင် ရှိနိုင်သော လက်နက်များ မဟုတ်ပေ။ အသေးစား စစ်ဘုရင်အဖွဲ့အစည်းတစ်ခု ဖြစ်နေနိုင်သည် မဟုတ်ပါလား။
"ဟူး..."
ခုံရှီသည် အသက်ကို ပြင်းပြင်းရှူကာ အရှေ့သို့ လှမ်းတက်လိုက်သည်။ ဆုပိုင်တို့အဖွဲ့မှာမူ စစ်သားများ၏ သေနတ်ဖြင့် ချိန်ရွယ်ထားခြင်းကို ခံရလျက် အပြင်သို့ ခေါ်ထုတ်ခြင်း ခံလိုက်ရသည်။
"မင်းတို့က ရှေးဟောင်းပစ္စည်း ကုန်ကြမ်းတွေ ဝယ်ချင်တာလား”
မျက်နှာညိုမည်းသော အမျိုးသားတစ်ဦးသည် သင်္ဘောခန်းအတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာကာ ပြုံး၍ မေးမြန်းလိုက်သည်။ "ပိုက်ဆံရော အလုံအလောက် ပါရဲ့လား"
"ပါပါတယ်"
"ဒါပေမဲ့ ကျွန်တော် ကုန်ပစ္စည်းတွေကို အရင် ကြည့်ချင်တယ်"
ခုံရှီသည် သူ၏ ရင်ဘတ်ကို ချိန်ထားသော သေနတ်ပြောင်းကို ဖယ်ရှားလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ကျွန်တော်တို့က ခင်ဗျားတို့ဆီက ပစ္စည်းဝယ်ဖို့ လာတာပါ၊ လုဖို့ လာတာ မဟုတ်ပါဘူး။ ဒီလောက်အထိ အင်အားတွေ သုံးနေဖို့ မလိုပါဘူးဗျာ"
"ပြီးတော့ ခင်ဗျားတို့ မှာတဲ့အတိုင်းပဲ၊ ပါလာတဲ့သူတွေ အကုန်လုံးက အသက် ၂၀တောင် မပြည့်သေးတဲ့ ကလေးတွေပဲ ရှိသေးတာ၊ ဘာမှ ခြိမ်းခြောက်မှု မရှိနိုင်ပါဘူး"
"ဟားဟားဟား..."
"လာစမ်း... သူ့ကို ပစ္စည်းတွေ ပြလိုက်စမ်း"
အီဝမ်သည်လည်း အသံကုန် ရယ်မောလိုက်ပြီး ဘေးမှ လက်အောက်ငယ်သားကို လက်ယမ်းပြလိုက်သည်။
"ဝုန်း..."
မကြာခင်မှာပင် ထွားကြိုင်းလှသော ဆင်စွယ်များနှင့် ကြံ့ချိုအချို့ကို သယ်ဆောင်လာကြသည်။
"လုံခြုံရေးအရာရှိမင်း... ကျွန်တော်တို့ရဲ့ကုန်ကြမ်းတွေကို သေသေချာချာ ကြည့်လိုက်ပါဦး၊ ဘယ်လိုနေလဲ"
"ဟားဟားဟား... အခြေအနေကိုတောင် သေသေချာချာ မစုံစမ်းဘဲနဲ့ အရောင်းအဝယ် လာလုပ်ရဲတယ်ဆိုတော့... တကယ့်ကို..."
"သူ့ကို ပစ်သတ်လိုက်စမ်း"
အီဝမ်က တိုးတိုးလေး ဟောက်လိုက်သည်။
"ရေထဲ ခုန်ချကြစမ်း" ခုံရှီသည် အခြေအနေကို သိသည်နှင့် အနောက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။
553 04
" ဒိုင်း... ဒိုင်း ဒိုင်း "
ခုံရှီ၏ ကိုယ်ပေါ်တွင် သွေးစက်များစွာ ဖွာထွက်သွားပြီး သူသည် မြစ်ရေထဲသို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။
"ဒီလူတွေကို အကုန် ဖမ်းလိုက်ကြ"
ဆုပိုင်တို့အဖွဲ့မှာ တစ်ဖက်သင်္ဘောပေါ်သို့ အတင်းအဓမ္မ မောင်းတင်ခြင်း ခံလိုက်ရသည်။
"မကောင်းတော့ဘူး"
"ပေါက်ကြားသွားပြီ"
ကမ်းစပ်တွင် ဝပ်နေသော စစ်သားအုပ်စုသည် သေနတ်သံများကို ကြားရသည့်အခါ မြေပြင်မှ အလျင်အစလို ထရပ်လိုက်ကြသည်။
"ဝုန်း... ဝုန်း... ဝုန်း"
ထိုအချိန်တွင် မြစ်ရေပြင်ပေါ်တွင် ရေမှုန်ရေမွှားများစွာ ပန်းထွက်သွားပြီး ရေမှုန်များ ပျောက်ကွယ်သွားသည့်အခါ ထိုငါးဖမ်းသင်္ဘော၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
"ဗွမ်း..."
"တောက်... ခုံရှီ"
"မြန်မြန်... အပေါ်တက်ပြီး လိုက်ကြစမ်း တောက်... ဒီနေ့တော့ အသေခံပြီးတော့ကို ဒီလူတွေကို ဖမ်းရမယ်"
ညွှန်ကြားရေးမှူးသည် အော်ဟစ်လိုက်ပြီး မြစ်ရေထဲသို့ အရင်ဆုံး ခုန်ချကာ အဝေးမှ အလောင်းဆီသို့ ရူးသွပ်စွာ ကူးခတ်သွားတော့သည်။
++++++
554 01
အခန်း 554
တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ ပရိသတ်များမှာမူ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
"ဒါ ဘာအခြေအနေကြီးလဲ။ ရှေးဟောင်းပစ္စည်း မှောင်ခိုသမားတွေကို ဖမ်းတာ မဟုတ်ဘူးလား။ ဘာလို့ စစချင်းမှာတင် ရာဇဝတ်ကောင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာလဲ"
"အပေါ်ကလူ၊ ခင်ဗျားတင် မဟုတ်ဘူး၊ ငါတို့အားလုံးလည်း ကြောင်နေတာပဲ"
"ငါ ရှင်းပြမယ်ဗျာ... ပထမဆုံး လုံခြုံရေးဌာနကလူတွေ ပေါက်ကြားသွားတယ်၊ အဲ့ဒီနောက်မှာ ရာဇဝတ်ကောင်တွေက အကွက်ဆင်ပြီး လုံခြုံရေးခေါင်းဆောင်ကို သတ်လိုက်ရုံတင်မကဘဲ ဆုပိုင်တို့အဖွဲ့ကိုပါ ဖမ်းသွားတာပေါ့။ ဒါ အကြီးအကျယ် ဖြစ်တော့မှာ၊ ဆုပိုင်ရဲ့ တိုက်ရိုက်လွင့်တင်မှုက ဇာတ်ညွှန်းရေးဆရာက လူတွေကို ရင်တုန်အောင် လုပ်ရတာ တော်တော် ဝါသနာပါတာလေ"
"အနောက်က စစ်သားတွေ မှီပါ့မလား မသိဘူး၊ ဒီလူတွေက နယ်စပ်ကို ကျော်သွားပြီလေ၊ ထပ်လိုက်ရင်တော့ တခြားနိုင်ငံထဲ ရောက်သွားမှာပေါ့။"
"အရမ်း ပါးနပ်တာပဲ။ ခုနက သယ်လာတာ ဆင်စွယ်တွေ မဟုတ်လား၊ ငါ မှတ်မိသလောက်ဆိုရင် အဲ့ဒါတွေက ဒီလောက် မရှည်ပါဘူး၊ ဒါက ဘာလို့ ဒီလောက်တောင် ရှည်နေရတာလဲ။ ပြီးတော့ ဟိုကြံ့ချိုကရော ဘာကြီးလဲ”
"စာတွေ ရိုက်မနေနဲ့တော့၊ ဆက်ကြည့်ကြစို့၊ ဆုပိုင်မှာ နည်းလမ်းရှိမှာပါ"
တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ လူတိုင်းသည် စောစောက ဖြစ်ပျက်သွားသော အခြေအနေကို ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။ တိုက်ရိုက်လွင့်တင်မှု စတင်ကတည်းက ဆုပိုင်သည် ရွေးချယ်ခံရပြီး သင်္ဘောပေါ်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤရာဇဝတ်ဂိုဏ်းက ဤမျှအထိ သတ္တိရှိလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ လုံခြုံရေးဝန်ထမ်းများ ဝိုင်းထားသည်ကို သိလျက်နှင့်ပင် အရောင်းအဝယ် လာလုပ်ရဲရုံတင်မကဘဲ လူအုပ်ကြီး၏ ရှေ့မှောက်မှာတင် ခေါင်းဆောင်ကို ပစ်သတ်ကာ လူအားလုံးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။
"အသံမထွက်နဲ့"
သန်မာသော အမျိုးသားတစ်ဦးသည် သေနတ်ပြောင်းဝဖြင့် ဆုပိုင်၏ နဖူးကို ချိန်ထားပြီး မျက်နှာဖြူဖျော့နေသော လူငယ်များကို ကြည့်ကာ အေးစက်စွာ ဟောက်လိုက်သည်။ "ဘယ်သူ လှုပ်လှုပ်၊ အခုချက်ချင်း ပစ်သတ်ပစ်မယ်"
"ဟင်း"
သူသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် လူအုပ်၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဆုပိုင်သည် သူ့ကို တစ်ချက် မော့ကြည့်လိုက်ပြီးနောက် ခြေရင်းရှိ ဆင်စွယ်နှင့် ကြံ့ချိုများကို ကြည့်ကာ တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ ဤလူများသည် အမှန်တကယ်တော့ ရှေးဟောင်းပစ္စည်း မှောင်ခိုသမားများ မဟုတ်ကြပေ။ သို့သော် ၎င်းတို့ လုပ်ဆောင်နေသည်မှာ ရှေးဟောင်းပစ္စည်းများနှင့် ဆက်စပ်နေသော ရာဇဝတ်မှုများ ဖြစ်သည်။
ခြေရင်းရှိ ဆင်စွယ်နှင့် ကြံ့ချိုများကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ဤလူများသည် တောရိုင်းတိရစ္ဆာန်များကို အမဲလိုက် သတ်ဖြတ်နေသော ရာဇဝတ်ဂိုဏ်းတစ်ခု ဖြစ်ရပေမည်။ ဤလူများသည် ကုန်ပစ္စည်းများကို ပြည်တွင်းရှိ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူများထံသို့ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ ဆင်စွယ်နှင့် ကြံ့ချိုများသည် ပြည်တွင်း ရှေးဟောင်းပစ္စည်း ဈေးကွက်တွင် အလွန် ဈေးကောင်းရလှသည်။ ၎င်းတို့ကို ပုတီးစေ့များ၊ လက်စွပ်များနှင့် အဆောင်လက်ဖွဲ့ ပစ္စည်းအမျိုးမျိုးအဖြစ် ထုဆစ်နိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် ကြံ့ချို၏ ဈေးနှုန်းမှာ အလွန် မြင့်မားလှပေသည်။ ဤမျှ ကြီးမားသော ကြံ့ချိုမှာ သေချာပေါက် မိုးထိအောင် ဈေးကြီးပေလိမ့်မည်။
"အီဝမ်ဗိုလ်ချုပ်၊ အနောက်မှာ လူတွေ လိုက်လာနေတယ်"
သင်္ဘောအပြင်ဘက်တွင် ရပ်နေသော အမျိုးသားတစ်ဦး အလျင်အစလို ဝင်လာပြီး အသံကို နှိမ့်၍ တင်ပြလိုက်သည်။ "အခြေအနေအရဆိုရင် လူမနည်းဘူးဗျ၊ ပြန်တိုက်ရမလား"
"မလိုဘူး"
554 02
အီဝမ်သည် မျက်လုံးများကို မှေးကြည့်လိုက်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ "အလောင်း နှစ်လောင်းလောက် ပစ်ချလိုက်စမ်း၊ သူတို့ ထပ်လိုက်လာရင် နောက်ထပ် အလောင်းတွေ ထပ်ချပေးလိုက်ပေါ့"
"မလုပ်ပါနဲ့၊ ကျွန်တော့်ကို မဖမ်းပါနဲ့"
"ဟီး... ကျွန်တော် မသေချင်ဘူး၊ ကျွန်တော် မသေချင်ဘူး၊ ကျွန်တော့်ကို မဖမ်းပါနဲ့"
"တောင်းပန်ပါတယ်၊ မလုပ်ကြပါနဲ့ဦး..."
လူငယ်အုပ်စုသည် ထိုစကားကို ကြားရသည့်အခါ တစ်ကိုယ်လုံး တုန်ရီလာကြပြီး အသည်းအသန် အသနားခံနေကြတော့သည်။
"ကျွန်တော် သွားမယ်"
ဆုပိုင်သည် ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်ပြီး အပြင်ဘက်ရှိ စစ်သားများကို မသိမသာ အကဲခတ်ကြည့်ရင်း လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ဟားဟား... ဒီမှာတော့ အသေခံချင်တဲ့သူ တစ်ယောက် ရှိနေပါလား"
"သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်စမ်း"
"ပစ်သတ်ပြီး ရေထဲ ပစ်ချလိုက်"
မကြာခင်မှာပင် ဆုပိုင်သည် သေနတ်ဖြင့် ချိန်ရွယ်ခြင်း ခံရလျက် အပြင်သို့ ခေါ်ထုတ်ခြင်း ခံလိုက်ရသည်။
"ဂျောက်..."
ဆုပိုင်၏ နောက်ကွယ်မှ ကျည်ဆန်မောင်းတင်သံ ထွက်ပေါ်လာသည်။
"မင်းရဲ့ မောင်းခလုတ် မပွင့်သေးဘူး"
ရုတ်တရက် ရှေ့မှ လူငယ်က နောက်သို့ လှည့်ကြည့်ကာ မမျှော်လင့်ဘဲ ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။ စစ်သားသည် မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်မိသည်။
"ဂျွတ်..."
ဆုပိုင်၏ အရှိန်မှာ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး ထိုစစ်သား၏ လည်ပင်းကို ဆွဲကာ အားကုန် လှည့်ပစ်လိုက်ရာ သူသည် နေရာမှာတင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ အရာအားလုံးမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှပေသည်။ ဘေးတွင် ရပ်နေသော စစ်သားအချို့မှာ သတိဝင်လာပြီး သေနတ်ကို မြှောက်ရန် ပြင်လိုက်ကြသော်လည်း...
ရှေ့မှ လူငယ်၏ အရှိန်မှာ အလွန် မြန်ဆန်လှပေသည်။
" ဒိုင်း ဒိုင်း ဒိုင်း..."
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လူနှစ်ဦး၏ ရှေ့သို့ ရောက်ရှိသွားသည်။ သူသည် လက်နှစ်ဖက်ဖြင့် သေနတ်ပြောင်းဝများကို အပေါ်သို့ တွန်းတင်လိုက်သည်။ နားကွဲမတတ် သေနတ်သံများ ထွက်ပေါ်လာသည်။
" ဒိုင်း... ဒိုင်း..."
လူနှစ်ဦးကို ထပ်မံလဲကျသွားစေပြီးနောက်၊ ဆုပိုင်သည် မြေပြင်မှ အော်တိုမက်တစ် ရိုင်ဖယ်ကို ကောက်ယူကာ သင်္ဘောခန်းအတွင်းမှ ပြေးထွက်လာသော လူများကို ချိန်ရွယ်လိုက်သည်။
"ဟိုလူတွေကို လွှတ်ပေးလိုက်စမ်း"
သူက အေးစက်စွာ ဟောက်လိုက်သည်။
" ဒိုင်း "
554 03
ကျည်ဆန်တစ်တောင့်မှာ သန်မာသော အမျိုးသားတစ်ဦးကို မြေပြင်ပေါ်သို့ လဲကျသွားစေသည်။ ဆုပိုင်၏ မျက်နှာမှာ အလွန် အေးစက်နေတော့သည်။
"ဟင်း... မင်းက အစွမ်းအစ အရှိဆုံးလူ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
အီဝမ်ဗိုလ်ချုပ်သည် နှာခေါင်းရှုံ့လိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ စက္ကန့်အနည်းငယ်အတွင်းမှာတင် သူ၏ လူ ၃ ဦးမှာ အသတ်ခံလိုက်ရသည် မဟုတ်ပါလား။ ထို့ပြင်... ဤလူငယ်၏ ပုံစံမှာ ကြောက်ရွံ့ခြင်း လုံးဝမရှိဘဲ သေနတ်ကိုလည်း တွေဝေခြင်းမရှိဘဲ ပစ်ခတ်နိုင်သူ ဖြစ်သည်။ ဘေးမှ ဖမ်းဆီးထားသော သူများနှင့် လုံးဝ ကွဲပြားလှသည်။
"လူတွေကို အပြင်ထုတ်ခဲ့ကြ"
သူက လေးနက်စွာ အမိန့်ပေးလိုက်သည်။ လူငယ်အချို့ကို အတင်းအဓမ္မ ဆွဲခေါ်ကာ သင်္ဘောခန်းအတွင်းမှ ထွက်လာခဲ့သည်။
"မင်း သေနတ်ကို ချလိုက်၊ ဒါဆိုရင် ငါ ဒီလူတွေကို လွှတ်ပေးမယ်"
အီဝမ်သည် ဆုပိုင်ကို စိုက်ကြည့်ကာ အံကို ကြိတ်၍ ပြောလိုက်သည်။ "ဒါမှမဟုတ်ရင် မင်းရဲ့ကျည်ဆန်က မြန်မလား၊ ငါတို့ ကျည်ဆန်က မြန်မလားဆိုတာ စမ်းကြည့်မလား"
ဆုပိုင်သည် နောက်သို့ တစ်လှမ်းချင်း ဆုတ်လိုက်ပြီး သင်္ဘော၏ အစွန်အဖျားသို့ ရောက်ရှိသွားသည်။ သူသည် လူငယ်များကို အေးစက်စွာ ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ လက်တစ်ဖက်ဖြင့် သေနတ်ကို မြေပြင်ပေါ်သို့ ချလိုက်သည်။
"ဝပ်လိုက်ကြစမ်း"
ရုတ်တရက် ဆုပိုင်သည် အသံကုန် အော်ဟစ်လိုက်သည်။ သူသည် သင်္ဘောပေါ်တွင် ဝပ်လိုက်ပြီး မောင်းခလုတ်ကို ဆွဲလိုက်ပါတော့သည်။
"ဒိုင်း ... ဒိုင်း … ဒိုင်း "
သေနတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ လူငယ်အချို့မှာ မိမိတို့၏ ဦးခေါင်းပေါ်သို့ ပူနွေးသော သွေးစက်များ ကျဆင်းလာသည်ကို ခံစားလိုက်ရသည့်အခါ ထိတ်လန့်တကြား မျက်လုံးများကို ဖွင့်ကြည့်လိုက်ကြသည်။
"ဗွမ်း... ဗွမ်း... ဗွမ်း"
အလောင်းများမှာ မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု လဲကျသွားတော့သည်။
"ရေထဲ ခုန်ချကြစမ်း"
သို့သော် မည်သူမျှ မထင်မှတ်ထားသော အချက်မှာ ဤဆုပိုင်ဆိုသူက သူတို့အားလုံးကို သင်္ဘောပေါ်မှ ခုန်ချခိုင်းခြင်း ဖြစ်သည်။
"ဆုပိုင်... မင်းက..."
"မြန်မြန် လုပ်ကြစမ်း"
ဆုပိုင်သည် အေးစက်စွာ ဟောက်လိုက်ပြီး လူအားလုံးကို သင်္ဘောပေါ်မှ မောင်းချလိုက်သည်။ ထို့နောက်မှ သူသည် သင်္ဘောခန်းအတွင်းသို့ ဝင်သွားပြီး ကျန်ရှိနေသော အလောင်းများကို တစ်ချက်ကြည့်ကာ သင်္ဘောကို မြစ်ကြောင်းအတိုင်း ရှေ့သို့ တစ်ဟုန်ထိုး မောင်းနှင်သွားပါတော့သည်။
...
"တောက်"
"တကယ်ကို တော်တာပဲ"
"ကြည့်ရတာ ရင်ခုန်လိုက်တာ၊ တကယ်ကို တော်တာပဲ"
554 04
ချင်တုမြို့ရှိ အခန်းတစ်ခုအတွင်း၌ ရုံလီသည် ထိုင်ခုံတွင် ထိုင်နေရင်း အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။ အထူးသဖြင့် တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ ဒါရိုက်တာဆုပိုင်ဆိုသူက ပြတ်သားစွာ သေနတ်ပစ်ခတ်လိုက်သည့်ပုံစံကို မြင်ရသည့်အခါ သူ၏တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေတော့သည်။ ဤသည်မှာ တိုက်ရိုက်လွင့်တင်မှုဖြစ်ကြောင်း သိသော်လည်း... ဒါဟာ ယောက်ျားတစ်ယောက် ဖြတ်သန်းသင့်တဲ့ ဘဝမျိုးပဲ။
ဒါတင်မကဘဲ... တိုက်ရိုက်လွင့်တင်မှုကို ကြည့်နေသူများ မသိနိုင်သော်လည်း၊ သူကဲ့သို့ ငါးနှစ်တိုင်တိုင် စစ်သင်္တန်းများ ဆင်းထားသူတစ်ဦးအနေဖြင့်မူ စောစောက မြင်ကွင်းမှာ မည်မျှအထိ ခက်ခဲလှသည်ကို ကောင်းကောင်း သိရှိသည်။ အမှန်အတိုင်း ပြောရလျှင် တစ်လှမ်းလေး လွဲချော်သွားသည်နှင့် မိမိကိုယ်ကိုယ်တင်မကဘဲ လူအားလုံးပါ အသက်ဆုံးရှုံးသွားနိုင်သည့် အနေအထား ဖြစ်သည်။ သို့သော် အောင်မြင်သွားသည့်အခါတွင်မူ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"တော်လိုက်တာ၊ ဒီလူရဲ့အင်အားနဲ့ အရှိန်က သေချာပေါက် ကျွမ်းကျင်သင်တန်းတွေ ဆင်းထားတဲ့သူ ဖြစ်ရမယ်။ မဟုတ်ရင် သူတစ်ပါးရဲ့ လည်ပင်းကို မျက်စိတစ်မှိတ်အတွင်းမှာ လှည့်ချိုးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ရုံလီသည် တိုးတိုးလေး ရေရွတ်လိုက်သည်။ ကြည့်ရတာ ရိုးရှင်းလှသော်လည်း တိုက်ခိုက်မည့် အခွင့်အရေးနှင့် အားစိုက်မှုမှာ အလွန်တိကျရန် လိုအပ်သည်။ အနည်းငယ် လွဲချော်သွားပါက လည်ပင်းကျိုးမည့်အစား မိမိကသာ ပြန်လည် အဖမ်းခံရမှာ ဖြစ်သည်။ သို့သော် ရုံလီအတွက် နားမလည်နိုင်သော အချက်လည်း ရှိနေသေးသည်။ ဤတိုက်ရိုက်လွင့်တင်မှု မြင်ကွင်းမှာ အလွန်စစ်မှန်လွန်းလှသည်။ သေဆုံးသွားသော စစ်သားများ၏ပုံစံမှာလည်း အတုနှင့် လုံးဝ မတူပေ။ သူကိုယ်တိုင် ကျွမ်းကျင်သူတစ်ဦး မဟုတ်ပါလား။ အပြင်အဆင်နှင့် အစစ်အမှန်ကို သူ မခွဲခြားနိုင်ဘဲ နေပါမည်လော။ ဒါပေမဲ့ ဤမြင်ကွင်းက တကယ်သာ ဆိုရင်တော့...
"ဟူး..."
ရုံလီသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဤတိုက်ရိုက်လွင့်တင်မှုကို မည်သို့ဖန်တီးထားသနည်းဆိုသည်မှာ မသိသော်လည်း... ဒီတိုက်ရိုက်လွင့်တင်မှုက ငါနဲ့တကယ်ကို ကိုက်ညီတာပဲ။ တိရစ္ဆာန်ကာကွယ်ရေး ဌာနကို ရွေးချယ်ခဲ့တာ မှန်သွားပြီ။ နောင်ကျရင် ဒီလူနဲ့အတူတူ တိုက်ရိုက်လွင့်တင်မှုမှာ ပါဝင်ခွင့်ရမယ်ဆိုတဲ့ အတွေးနဲ့တင် ရုံလီတစ်ယောက် စိတ်လှုပ်ရှားလို့ မဆုံးနိုင်တော့ပေ။
"ဒါပေမဲ့ အမှန်ကန်ဆုံး ရွေးချယ်မှုကတော့ အနောက်က အဖွဲ့နဲ့ ပြန်ပေါင်းဖို့လေ။ သူ တစ်ယောက်တည်း သင်္ဘောမောင်းပြီး ဘာလုပ်မလို့လဲ မသိဘူး"
တိုးတိုးလေး ရေရွတ်ပြီးနောက်တွင်မူ ရုံလီသည် တစ်ခုခုကို သတိရသွားသကဲ့သို့ မျက်လုံးများ ပြူးသွားရသည်။ ဒါဆိုရင်... သူက တစ်ယောက်တည်း ထိုရာဇဝတ်ဂိုဏ်းရဲ့ စခန်းကို သွားတိုက်မလို့လား။ ဘုရားရေ ဒါကတော့ အရမ်းကို ကြမ်းလွန်းတာပေါ့… ဤသို့ တွေးမိသည်နှင့် ရုံလီသည် လက်ချောင်းနှစ်ချောင်းဖြင့် ကီးဘုတ်ပေါ်တွင် အသည်းအသန် ရိုက်နှိပ်တော့သည်။
"ဒါရိုက်တာဆိုတဲ့ စာလုံးက ဘယ်လိုရိုက်ရတာလဲ"
မျက်မှောင်ကြုတ်လျက် ရေရွတ်ပြီးနောက် ရုံလီသည် စာတစ်ကြောင်း ပေးပို့လိုက်သည်။
"ဆုပိုင်ဒါရိုက်တာ၊ ခင်ဗျားက ရန်သူ့စခန်းကို တစ်ယောက်တည်း သွားတိုက်မလို့လား”
"ဟေ့... အပေါ်က ခွေးအ၊ ငါ တိုင်လိုက်ပြီနော်။ အားလုံးပဲ တိုင်ကြဗျို့၊ တစ်ယောက်ယောက်က ကားမောင်းနေတယ်" (စာလုံးပေါင်း မှားရိုက်မိခြင်းကို ဆိုလိုသည်)
"ဟားဟားဟား... အားနာလိုက်တာ၊ အဲဒီ စာလုံးအချို့ကို ကျွန်တော် မဖတ်တတ်လို့ပါ။"
"စာကြည့်တိုက်မှူး - ခွေးအကို တိုက်ရိုက်လွင့်တင်မှုကနေ နှင်ထုတ်လိုက်ပြီ သုံးရက်ကြာ စာရိုက်ခွင့် ပိတ်ပင်လိုက်သည်"
554 05
"ဒါရိုက်တာ ဆုပိုင်ကတော့ ဒီလူတွေရဲ့စခန်းကို သွားမှာ သေချာတယ်။ တိရစ္ဆာန်တွေ အများကြီးကို အကျဉ်းချထားမှာ ဖြစ်ရမယ်။ ခင်ဗျားတို့ ကြည့်ဦးလေ၊ ဆင်စွယ်နဲ့ ကြံ့ချိုပေါ်က သွေးတွေက လတ်လတ်ဆတ်ဆတ်ကြီးတွေ၊ ဒါ အခုလေးတင် ဖြတ်ယူထားတာ သေချာတယ်"
"ဒုန်း..."
"တောက်... မင်းတို့တွေ"
ရုံလီသည် တိုက်ရိုက်လွင့်တင်မှုအတွင်း သူ့ကို လှောင်ပြောင်နေကြသော လူများကို ကြည့်ကာ စားပွဲကို အားကုန် ထုလိုက်မိသည်။ "ပညာမရှိရင် အားမကိုးနဲ့ဆိုတာ... ဒါ ဘာအဓိပ္ပာယ်လဲဗျာ" သူက ကျိန်ဆဲလိုက်ပြီးနောက် တိုက်ရိုက်လွင့်တင်မှုကို ဆက်လက် စောင့်ကြည့်နေတော့သည်။
...
++++++
555 01
အခန်း 555
ဆုပိုင်သည် ယခုအခါ ငါးဖမ်းသင်္ဘောကို မောင်းနှင်ရင်း ဤမြစ်ကြီးအတွင်း ဖြတ်သန်းနေသည်။ မြစ်၏ ဘေးတစ်ဖက်စီတွင် ထူထပ်လှသော မူလတောနက်ကြီးများ ရှိနေသည်။ သူ၏ မှတ်ဉာဏ်သာ မမှားခဲ့လျှင် ဤနေရာမှ ကျော်သွားပါက အလွန်ရှုပ်ထွေးလှသော နေရာတစ်ခုသို့ ရောက်ရှိတော့မည် ဖြစ်သည်။ ဤနေရာမှာ အစိုးရ ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ မရှိသလောက်ပင် ဖြစ်သည်။ လက်နက်ကိုင်ဆောင်ထားသော အဖွဲ့အစည်းတိုင်းမှာ စစ်သားများဟု အမည်တပ်ထားသော်လည်း အမှန်တကယ်တွင်မူ ဓားပြများနှင့် မည်သို့မျှ မခြားပေ။ ဤနေရာရှိ လူများ အသက်ရှင်ရန်အတွက် လုပ်ကိုင်နိုင်သော အလုပ်မှာ အလွန် နည်းပါးလှသည်။ တစ်ခုမှာ လောင်းကစားနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းဖြစ်ပြီး၊ နောက်တစ်ခုမှာမူ တောရိုင်းတိရစ္ဆာန်များကို အမဲလိုက် သတ်ဖြတ် ရောင်းချခြင်းပင် ဖြစ်သည်။
"ဟူး..."
"မလွယ်ဘူးပဲ" ဆုပိုင်က မျက်မှောင်ကြုတ်လျက် စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
သူသည် အနောက်မှ လုံခြုံရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ နယ်စပ်ကို ကျော်လွန်နေပြီ ဖြစ်ရာ၊ ကြီးမားသော လှုပ်ရှားမှုတစ်ခု လုပ်ဆောင်ပါက အင်အားကြီးမားလှသော စစ်ဘုရင်များကို လန့်သွားစေနိုင်သောကြောင့် ဖြစ်သည်။ တကယ်လို့များ စစ်အင်အားတွေ သုံးလာရင်တော့ တကယ့်ကို ပြဿနာကြီး ဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် သူ တစ်ယောက်တည်း တိတ်တဆိတ် ဝင်ရောက်သွားခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ဤတာဝန်သည် မည်သည့် တိရစ္ဆာန်ကို ကယ်တင်ရမည်နည်းဆိုသည်ကို သူ သွားရောက်စစ်ဆေးရပေမည်။ ယခုအခါ ဆင်စွယ်နှင့် ကြံ့ချိုများကို တွေ့ရှိထားပြီ ဖြစ်သည်။ အရင်က အာရှဆင် တာဝန်ကို သူ ပြီးဆုံးခဲ့ဖူးသဖြင့် ဤဆင်စွယ်၏ အရှည်ကို ကြည့်ခြင်းအားဖြင့် ဒါဟာ အာဖရိကဆင်ရဲ့ ဆင်စွယ် ဖြစ်ရမယ်လို့ သူ ခန့်မှန်းနိုင်သည်။ အာဖရိကဆင်၏ ဆင်စွယ်များသာ ဤမျှအထိ ရှည်လျားနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ကြံ့ချိုမှာမူ မည်သည့် အမျိုးအစားလဲဆိုသည်ကို ဆုပိုင် မခွဲခြားတတ်ပေ။ သို့သော် မည်သည့် အမျိုးအစားဖြစ်စေ ကြံ့အားလုံးမှာ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်များသာ ဖြစ်ကြသည်။ အဖြူရောင် ကြံ့ဆိုလျှင် တစ်ကမ္ဘာလုံးမှာ တစ်ကောင်တည်းသာ ကျန်တော့သည် မဟုတ်ပါလား။ ဤမျိုးစိတ် မျိုးသုဉ်းသွားရန်မှာ အတည်ဖြစ်နေပြီ ဖြစ်သည်။
"သွေးစွန်းနေတဲ့ အပိုင်းအစ"
ဆုပိုင်သည် ယခုမှပင် ဤတာဝန် အဘယ်ကြောင့် ဤအမည်ကို ပေးထားရသနည်းဆိုသည်ကို သဘောပေါက်သွားတော့သည်။ သူသည် ရှေ့မှ လမ်းကြောင်းကို ကြည့်လိုက်ရာ ရောက်ရှိရန် အချိန်အတော်ကြာ လိုသေးသဖြင့် တိုက်ရိုက်လွင့်တင်မှုကို ဖွင့်လိုက်သည်။ သူသည် ပရိသတ်များ၏ စာများကို တစ်ချက်ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ဒီတစ်ခါ တိုက်ရိုက်လွင့်တင်မှုရဲ့ အကြောင်းအရာကို တကယ်တော့ ကျွန်တော်လည်း ကြိုမသိခဲ့ပါဘူး။ ဒါပေမဲ့ ဆင်စွယ်နဲ့ ကြံ့ချိုတွေကို မြင်လိုက်ရတဲ့အခါမှာတော့ အကြမ်းဖျင်း သဘောပေါက်သွားပါပြီ"
"မဟာမျိုးသုဉ်းမှုကြီး မတိုင်ခင်ကရော အခုအချိန်အထိပါ လူအများအပြား၊ အထူးသဖြင့် ကျွန်တော်တို့ တရုတ်ပြည်သားတွေဟာ ရှေးဟောင်းပစ္စည်းတွေနဲ့ ထူးဆန်းတဲ့ အဆောင်လက်ဖွဲ့တွေကို စုဆောင်းရတာ ဝါသနာပါကြပါတယ်"
"အဲဒီရှေးဟောင်းပစ္စည်း လောကမှာ လူသိအများဆုံး စကားပုံတစ်ခု ရှိပါတယ်။ အဲဒါကတော့ ၁-နီ၊ ၂-နက်၊ ၃-ဖြူ ပဲ ဖြစ်ပါတယ်။"
"ဒီနေ့တော့ ဒီသုံးမျိုးက ဘာတွေလဲဆိုတာ ကျွန်တော် အသေးစိတ် ရှင်းပြပေးပါ့မယ်"
555 02
"၁-နီ ဆိုတာကတော့ အရင်တုန်းက လူတွေပြောလေ့ရှိတဲ့ ကြိုးကြာခေါင်းနီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ်တော့ ကြိုးကြာခေါင်းနီလို့ ခေါ်တဲ့ ငှက်တစ်မျိုးရဲ့ ဦးခေါင်းခွံ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ လူတွေက အဲ့ဒီငှက်ရဲ့ ဦးခေါင်းခွံကို အရှင်လတ်လတ် ခွာထုတ်ယူကြတာပါ။ အဲ့ဒီငှက်တွေဟာ နာကျင်လွန်းလို့ အသက်ပျောက်သွားကြရသလို၊ ဦးခေါင်းခွံ မရှိတော့တဲ့အတွက်လည်း အစာမစားနိုင်ဘဲ ငတ်ပြတ်ပြီး သေဆုံးသွားကြရတာပါ"
"၂-နက် ဆိုတာကတော့ အခု ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ ကြံ့ချိုပဲ ဖြစ်ပါတယ်။ မဟာမျိုးသုဉ်းမှု မတိုင်ခင်ကတည်းက ကြံ့အမျိုးအစား အားလုံးဟာ သူတို့ရဲ့ နေထိုင်မှု ဝန်းကျင်မှာ အန္တရာယ်တွေနဲ့ ကြုံတွေ့နေခဲ့ရတာပါ။ ဒါတွေအားလုံးဟာ သူတို့ရဲ့ ကြံ့ချိုတွေကြောင့်ပါပဲ။ လူတွေက ကြံ့ချိုတွေကို ရက်ရက်စက်စက် ဖြတ်ယူကြပြီး ပုတီးစေ့တွေ၊ ခွက်တွေနဲ့ ဆေးဖက်ဝင် ပစ္စည်းတွေအဖြစ် အသုံးပြုခဲ့ကြတာပါ"
"၃-ဖြူ ဆိုတာကတော့ ဆင်စွယ်ပဲ ဖြစ်ပါတယ်။ အရင်က အာရှဆင် တာဝန်တုန်းကလည်း ဆင်တွေ ဘယ်လောက်တောင် သနားစရာကောင်းအောင် သေဆုံးခဲ့ရသလဲဆိုတာ ခင်ဗျားတို့ မြင်ခဲ့ပြီးသားမို့လို့ ထပ်မပြောတော့ပါဘူး"
"ဒီရက်စက်လှတဲ့ အဆောင်လက်ဖွဲ့ ပစ္စည်းတွေအပြင် ကျွန်တော်တို့ တရုတ်ပြည်မှာ နောက်ထပ် စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အရာတွေလည်း ရှိပါသေးတယ်"
"လိပ်စွယ်ကျားဆိုတာ ပင်လယ်လိပ်တစ်မျိုးပါ။ သူတို့ရဲ့ ကျောခွံက အရမ်းလှပတဲ့အတွက် လူတွေက ဖမ်းဆီးပြီး အလှဆင် ပစ္စည်းတွေ လုပ်ကြပါတယ်။ ဒါကို ပြုလုပ်တဲ့ နည်းလမ်းက အရမ်း ရက်စက်ပါတယ်။ လိပ်တွေကို ဆူပွက်နေတဲ့ ရေနွေးအိုးထဲ ထည့်ပြီး အရှင်လတ်လတ် ပြုတ်သတ်ကြတာပါ။ ကျောခွံ မပျက်စီးအောင်လို့ပေါ့"
"ကျားအရိုး၊ သမင်ချို၊ ဝေလငါးသွား၊ သုံးလောက အဆောင်... ဒါတွေ အားလုံးဟာ သဘာဝတောထဲက အပြစ်မဲ့တဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီးမှ ရလာတဲ့ အရာတွေချည်းပါပဲ"
"ဝေလငါးသွားဆိုရင်လည်း ဒီငါးတွေက နှစ်ပေါင်းများစွာ ဆင့်ကဲပြောင်းလဲလာပြီးမှ ပေါ်ထွက်လာတဲ့ အရာပါ။ ငါးကြီးတွေကို ဝါးမြိုနိုင်ဖို့အတွက်ပေါ့။ သွားအနုတ်ခံရတဲ့ ဝေလငါးတွေဟာ အစာမစားနိုင်တော့ဘဲ ငတ်ပြတ်ပြီး သေဆုံးသွားကြရတာပါ"
"ဒီတစ်ခါ တာဝန်ကတော့ လူသားတွေရဲ့ အလှဆင်ပစ္စည်းတွေအဖြစ် အသတ်ခံနေရတဲ့ ဒီတိရစ္ဆာန်တွေကို ကယ်တင်ဖို့ပဲ ဖြစ်ပါတယ်"
"တိုက်ရိုက်လွင့်တင်မှုကို ကြည့်နေတဲ့သူတွေထဲမှာလည်း ဒီလို ပစ္စည်းတွေကို မြင်ဖူးကြမှာပါ။ တိရစ္ဆာန်တွေ မျိုးသုဉ်းသွားပေမဲ့ အဲဒီ ပစ္စည်းတွေကတော့ ကျန်နေနိုင်သေးတာပေါ့"
"ဒါပေမဲ့ ကျွန်တော် မျှော်လင့်တာကတော့ လူတိုင်းအနေနဲ့ ဒီလို ပစ္စည်းတွေကို တိရစ္ဆာန်ကာကွယ်ရေး ဌာနဆီကို ကိုယ်တိုင် လာရောက် အပ်နှံကြဖို့ပါပဲ။ နောင်ကျရင် ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ 'သွေးစွန်းနေသော ပြတိုက်' တစ်ခု တည်ထောင်ပြီး ဒီပစ္စည်းတွေကို ပြသထားပါ့မယ်"
"နောင်အနာဂတ်မှာ ငါတို့ တရုတ်ပြည်မှာ ဒီလို ရူးသွပ်တဲ့ လုပ်ရပ်မျိုးတွေ ထပ်မပေါ်လာဖို့ပဲ မျှော်လင့်ပါတယ်"
"တိရစ္ဆာန်တွေရဲ့ ဦးခေါင်းခွံကို ကိုင်ဆော့နေတာက တကယ်ပဲ ဘေးအန္တရာယ် ကင်းစေမှာလား။ တကယ်ပဲ ကံကောင်းခြင်းတွေ ယူဆောင်လာပေးမှာလား”
"မဖြစ်နိုင်တာတော့ သေချာပါတယ်"
555 03
"မဖြစ်နိုင်မှတော့ ဘာလို့ဒီတိရစ္ဆာန်လေးတွေကို အသက်ရှင်ခွင့် မပေးနိုင်ရတာလဲ။ ခင်ဗျားတို့ရဲ့ ဝယ်ယူလိုစိတ်သာ မရှိရင် ဒီတိရစ္ဆာန်တွေ ဘာလို့ သေရမှာလဲ"
ဆုပိုင် စကားဆုံးသွားသည့်အခါ သူသည် အသက်ကို ဝအောင် ရှူလိုက်သော်လည်း ရင်ထဲတွင်မူ အလွန်အမင်း လေးလံနေတော့သည်။ သူပြောသမျှမှာ အစိတ်အပိုင်း အနည်းငယ်သာ ရှိသေးသည်။ သူ မကူးပြောင်းခင်က အချိန်များတွင် ဤထက် ပိုမိုရက်စက်လှသော အရာများစွာ ရှိခဲ့ဖူးသည်။ အတုလုပ်သည့် နေရာမှာပင် တိရစ္ဆာန်များကို အသုံးပြုခဲ့ကြသည် မဟုတ်ပါလား။
"ဟူး..."
ဆုပိုင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သင်္ဘောမှာ ကမ်းကပ်တော့မည် ဖြစ်သဖြင့် တိုက်ရိုက်လွင့်တင်မှုကို ပိတ်လိုက်သည်။ သူသည် သင်္ဘော၏ အရှိန်ကို လျှော့ချလိုက်သည်။ သူသည် မျက်လုံးများကို မှေးကြည့်ကာ အသေအချာ စစ်ဆေးလိုက်သည်။ အဝေးမှ ကမ်းစပ်တွင် လူနှစ်ဦးသာ ကင်းလှည့်နေသည်ကို တွေ့ရသည်။
"ဗိုလ်ချုပ်အီဝမ်ပြန်လာပြီဟေ့"
အစောင့်တစ်ဦးသည် အဝေးမှ ဖြည်းဖြည်းချင်း မောင်းဝင်လာသော ငါးဖမ်းသင်္ဘောကို ကြည့်ကာ အပေါင်းအဖော်ကို လှမ်းအော်ပြောလိုက်သည်။
"ကြားရသလောက်တော့ ဒီတစ်ခါ ဗိုလ်ချုပ်အီဝမ်က တကယ် ဒေါသထွက်နေတာတဲ့။ အဲ့ဒီလူတွေကို သင်ခန်းစာပေးဖို့ လူအင်အားတွေအများကြီး ခေါ်သွားတာလေ"
"ဒီလောက်စောစော ပြန်လာတယ်ဆိုတော့ အဲဒီလူတွေကို အကုန် သတ်ပစ်လိုက်ပြီ ထင်တယ်"
"အဲဒါ ပြောစရာလိုသေးလို့လား။ တိရစ္ဆာန်လေး အနည်းငယ် ရောင်းတာကိုတင် အဲဒီ တရုတ်ပြည်သားတွေက ဘာလို့ အဲ့ဒီလောက်တောင် တားမြစ်နေကြတာလဲ မသိဘူး။ ပိုက်ဆံရတဲ့ အလုပ်ကို မလုပ်ရဘူးဆိုတာ... တကယ်ကို စဉ်းစားမရဘူး"
အခြားအစောင့်တစ်ဦးသည်လည်း သေနတ်ကို သိမ်းလိုက်ပြီး သင်္ဘောပေါ်တက်ရန် ရေထဲသို့ လှမ်းဝင်လိုက်သည်။ သို့သော် စကားပြောကောင်းနေသော ထိုနှစ်ဦးမှာမူ သင်္ဘောခန်းအတွင်း၌ အလောင်းများစွာ ရှိနေသည်ကို သတိမထားမိကြပေ။ သူတို့၏ ဗိုလ်ချုပ်အီဝမ်မှာလည်း ယခုအခါ မျက်လုံးအပြူးသားဖြင့် ထိုင်ခုံပေါ်တွင် ငြိမ်သက်နေခဲ့ပြီ ဖြစ်သည်။
"ဗိုလ်ချုပ်"
"ကျွန်တော်တို့..."
"ဂျွတ်"
သင်္ဘောပေါ်သို့ လှမ်းတက်လိုက်သော အစောင့်တစ်ဦးသည် သူ၏ လည်ပင်းမှာ နာကျင်သွားသည်ကို ခံစားလိုက်ရပြီး၊ နောက်တစ်ခဏမှာပင် သူ၏ အပေါင်းအဖော်မှာ မိမိ၏ ရှေ့တည့်တည့်သို့ ရုတ်တရက် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
"ငါ..."
အနောက်မှအစောင့်သည် သူ၏အပေါင်းအဖော်၏ ဦးခေါင်းမှာ အနောက်ဘက်သို့ လည်ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးသွားရသည်။ သူသည် အနောက်မှ သေနတ်ကို အမြန် ဆွဲယူလိုက်သည်။
"မလှုပ်နဲ့"
ရုတ်တရက် သူ၏နားထဲတွင် အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏သေနတ်မှာ အတင်းလုယူခြင်း ခံလိုက်ရသည်။
555 04
"မင်းတို့ရဲ့ စခန်းကို သွားမယ်"
"လမ်းပြစမ်း"
ဆုပိုင်သည် သေနတ်ဖြင့် ထိုလူ၏ နဖူးကို ချိန်ထားပြီး အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်ပါတော့သည်။
******