အခန်း (၅၅၉-၅၆၁)
Vol. 38 Ch. 559-561
အခန်း 559 ပြတိုက်ကို အမြန်ဆုံး တည်ဆောက်ကြစို့
"အားလုံး သတိထားကြစမ်း"
"အရေးမပါရင် သင်္ဘောကုန်းပတ်ပေါ်မှာ လျှောက်မသွားနဲ့"
"အထဲကို အကုန် ဝင်ကြစမ်း"
အဖွဲ့ခေါင်းဆောင် ပုံစံရှိသော အမျိုးသားတစ်ဦးသည် လူအုပ်ကို အော်ဟစ်ငေါက်ငမ်းပြီးနောက် သင်္ဘောခန်းအတွင်းသို့ မောင်းထည့်လိုက်သည်။ ဤပင်လယ်ကူးသင်္ဘောကြီးပေါ်တွင် ဆုပိုင်တို့အဖွဲ့သာမကဘဲ အာဖရိကတိုက်သို့ သွားရောက်မည့် အခြားသော လူများစွာလည်း လိုက်ပါလာကြခြင်း ဖြစ်သည်။ ဆုပိုင် စုံစမ်းကြည့်ရသလောက်ဆိုလျှင် ထိုလူအများစုမှာ အာဖရိကသို့ တိရစ္ဆာန်များ သွားရောက် အမဲလိုက် သတ်ဖြတ်မည့်သူများသာ ဖြစ်ကြသည်။ ကျန်ရှိသောသူများမှာမူ အာဖရိကတွင် အရောင်းအဝယ် ပြုလုပ်ကြမည့်သူများ ဖြစ်ပြီး၊ သူတို့ထဲတွင် တရုတ်ပြည်သား အတော်များများလည်း ပါဝင်နေသည်။
ဆုပိုင်သည် လူအုပ်နှင့်အတူ သင်္ဘောခန်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် လူအများအပြားမှာ ဝိုင်းဖွဲ့ထိုင်လျက် မနားတမ်း စကားပြောဆိုနေကြသည်။ လူအုပ်၏ အလယ်ဗဟိုရှိ ထိုင်ခုံတစ်ခုတွင်မူ ဝဖြိုးသော အမျိုးသားတစ်ဦး ထိုင်နေပြီး လူတိုင်းကို ပြုံးလျက် ပြောဆိုနေသည်မှာ
"ဒါကို ခင်ဗျားတို့ နားလည်မှာ မဟုတ်ဘူး"
"ဒီတစ်ခါ ခင်ဗျားတို့ထဲက ဘယ်သူမဆို သမင်တစ်ကောင်လောက် ဖမ်းမိခဲ့ရင်တော့ ကျွန်တော်က ခင်ဗျားတို့ကို ဗဟုသုတ တိုးအောင် လုပ်ပေးမှာပေါ့"
"ဒါက အခုတလောမှ ခေတ်စားလာတဲ့ အရာဗျ။ ဆန်းကျဲပိုင် (ဘုံသုံးပါးအဆောင်) ဆိုတာ ခင်ဗျားတို့ ကြားဖူးကြလား”
လူတိုင်းက မိမိကို စပ်စုသည့် မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်ရသည့်အခါ ထိုလူဝကြီးသည် နှုတ်ခမ်းကို သပ်လိုက်ရင်း အသံကို နှိမ့်၍ ဆက်ပြောလိုက်သည်။
"ရှောက်ချင်း (သွေးစိမ့်ဝင်ခြင်း) ဆိုတာရော ကြားဖူးလား”
"ငါတို့ တရုတ်ပြည်မှာတော့ တိရစ္ဆာန်တွေ သေဆုံးပြီးတဲ့နောက်မှာ သူတို့ရဲ့ ဦးခေါင်းခွံထဲမှာ ကမ္ဘာလောကရဲ့ အစွမ်းသတ္တိတွေ စုဝေးနေတယ်လို့ ယူဆကြတယ်။ အထူးသဖြင့် ဒီလို သွေးစိမ့်ဝင်နေတဲ့ ဆန်းကျဲပိုင်ကို ဆောင်ထားမယ်ဆိုရင်တော့ ဘေးအန္တရာယ်တွေကို ကျော်လွှားနိုင်ပြီး ကံကောင်းခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်တယ်"
"ဒါကို ပြုလုပ်တဲ့ နည်းလမ်းကိုတော့ လောလောဆယ် မပြောသေးဘူး။ နေရာကို ရောက်လို့ ခင်ဗျားတို့ သမင်တွေ အမဲလိုက်လို့ ရလာတဲ့အခါကျရင်တော့ မျက်ဝါးထင်ထင် မြင်ရစေရမယ်"
ထိုလူဝကြီးက လျှို့ဝှက်ဆန်းကြပ်စွာ ပြောဆိုနေသဖြင့် လူတိုင်းမှာ စိတ်ဝင်စားမှုများ မြင့်တက်လာကြသည်။ ဤသင်္ဘောပေါ်တွင် ထိုင်နေနိုင်သူတိုင်းမှာ တိရစ္ဆာန်များမှ ရရှိသော အဆောင်လက်ဖွဲ့ ပစ္စည်းများနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေသူများသာ ဖြစ်ကြသည်။ တိရစ္ဆာန်များကို သတ်ဖြတ်သူများ ပါဝင်သကဲ့သို့၊ ပစ္စည်း ပြုလုပ်သူများ၊ ရောင်းဝယ်သူများနှင့် ကိုယ်တိုင် လာရောက် ဝယ်ယူသူများပင် ပါဝင်နေသည်။
"ဟူး..."
ဆုပိုင်သည် ဘေးတွင် ထိုင်နေရင်း ထိုလူအုပ်စုက မိမိတို့၏လုပ်ရပ်များကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေသည်ကို နားထောင်ရင်း လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ သူ၏ မျက်နှာမှာ အလွန် အေးစက်နေတော့သည်။
"ဒီလို ပစ္စည်းတွေကို ဆော့ကစားတဲ့ နေရာမှာတော့ ခင်ဗျားတို့ တရုတ်ပြည်သားတွေက တကယ်ကို တော်တာပဲ"
"ဟုတ်ပါရဲ့ဗျာ၊ ကျွန်တော်တို့ ဝယ်ယူတဲ့ ပစ္စည်းအတော်များများကလည်း အဲ့ဒီဘက်ကိုပဲ ပြန်ရောင်းရတာလေ..."
"ဒါဆိုရင်တော့ ငါတို့လည်း ဒီအဆောင်လက်ဖွဲ့ လောကရဲ့ လှုပ်ရှားမှုတွေကို အမြဲ စောင့်ကြည့်နေရမှာပေါ့။ ခုနက ဒီအစ်ကိုကြီး ပြောသလိုဆိုရင်တော့ နောက်ဆို ပါအိုကျစ် (သမင်ငယ်) တို့၊ မေဟွာလု (ပန်းသမင်) တို့လို တိရစ္ဆာန်တွေ ဈေးတက်လာတော့မှာပေါ့"
559 02
လူအုပ်ကြီးသည် တစ်ယောက်တစ်ပေါက်ဖြင့် ဝိုင်းဝန်း ဆွေးနွေးနေကြသည်။
စောစောက ထိုလူဝကြီး ပြောသွားသော ဆန်းကျဲပိုင် အကြောင်းကို ဆုပိုင် မကူးပြောင်းခင် အချိန်ကတည်းက ကြားဖူးခဲ့ပြီး ဖြစ်သည်။ ၎င်းကို များသောအားဖြင့် ပါအိုကျစ် သို့မဟုတ် မေဟွာလု သမင်တို့၏ ဦးခေါင်းခွံဖြင့် ပြုလုပ်ကြခြင်း ဖြစ်သည်။ သို့သော်... ထို "ရှောက်ချင်း" ဟု ခေါ်သော သွေးစိမ့်ဝင်သည့် နည်းလမ်းမှာမူ အလွန်ပင် ရက်စက်လှပေသည်။
ဤသွေးစိမ့်ဝင်နေသော ဆန်းကျဲပိုင်ကို ရရှိရန်အတွက် တိရစ္ဆာန်ကို အရှင်လတ်လတ် ရှိစဉ်မှာပင် ပြုလုပ်ရခြင်း ဖြစ်သည်။ သို့သော် ထိုသို့ အရှင်လတ်လတ် ယူခြင်းမှာ လူတိုင်း ထင်မှတ်ထားသကဲ့သို့ မဟုတ်ဘဲ၊ သမင်ကို တုတ်များ၊ နှင်တံများဖြင့် အတင်းအဓမ္မ ရိုက်နှက်ရခြင်း ဖြစ်သည်။ သမင်၏ သွေးများမှာ အရိုးထဲသို့ စိမ့်ဝင်သွားစေရန်အတွက်ဖြစ်ပြီး၊ ထိုသို့ဖြစ်မှသာ သွေးများဖြင့် ပြည့်နှက်နေသော အဆောင်ကို ရရှိနိုင်ခြင်း ဖြစ်သည်။ သတ်ဖြတ်သည့် ဖြစ်စဉ်တစ်ခုလုံးတွင်လည်း သွေးများကို အပြင်သို့ မထွက်စေရန် ဂရုစိုက်ရသည်မှာ သွေးများ အရိုးထဲမှ ပြန်ထွက်မသွားစေရန်အတွက် ဖြစ်သည်။ ထို့အပြင် ဦးခေါင်းကိုလည်း မရိုက်ရပေ၊ ဦးခေါင်းခွံ ပျက်စီးသွားပါက အဆောင်လုပ်ရန် မရတော့သောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ တိရစ္ဆာန်ကို သေဆုံးသွားသည့် အချိန်အထိ နည်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပန်းရခြင်းပင် ဖြစ်သည်။
အတိအကျ ပြောရလျှင် ဤပင်လယ်ကူးသင်္ဘောပေါ်တွင် လက်၌ သွေးမစွန်းသောသူ ဟူ၍ တစ်ယောက်မျှ မရှိပေ။
"တောက်... ငါတော့ တကယ် ဒေါသထွက်လာပြီ၊ ဒီလူတွေက လူရော ဟုတ်ကြရဲ့လား။ ဒါကိုတောင် ဂုဏ်ယူပြီး ပြောနေကြတယ်လား"
"ဟုတ်တယ်၊ နားထောင်ရင်းနဲ့တောင် ရင်ထဲမှာ တုန်သွားရတယ်။ ဟိုလူဝကြီး ပြောသလိုဆိုရင်တော့ ဒီလူတွေက ပါအိုကျစ်နဲ့ မေဟွာလု သမင်တွေကို ထပ်ပြီး ရူးသွပ်သလို သတ်ကြဦးမှာပေါ့"
"ဒီသင်္ဘောကြီးကိုပဲ ဗုံးခွဲပစ်လိုက်ချင်တော့တယ်၊ ဒီလူတွေ အကုန်လုံး သေသင့်တာ..."
"တကယ့်ကို အောက်တန်းကျလွန်းပါတယ်။ တိရစ္ဆာန်တွေကို အစားအစာအဖြစ် စားတာတောင် ရက်စက်လှပြီဆိုမှ၊ အရင်က လူ့အဖွဲ့အစည်းမှာ ဒီလို လူမျိုးတွေ ရှိနေပါသေးလား။ အဆောင်တစ်ခု ဆောင်ထားရုံနဲ့ တကယ်ပဲ ဘေးကင်းနိုင်ပါ့မလား။ ငါ့အမြင်တော့ ဆောင်ထားတဲ့သူတွေပဲ ဝဋ်ပြန်လည်ကြလိမ့်မယ်"
"ဟူး... ဒီလိုကြည့်ရင်တော့ နောင်ကျရင် ငါတို့ မဟာမျိုးသုဉ်းမှုကြီးနဲ့ ကြုံရတာဟာ တကယ်ကို ထိုက်တန်တာပဲ"
"ဒါက တိုက်ရိုက်လွင့်တင်မှုသာ မဟုတ်ရင်တော့၊ ဒီလူတွေကို မဟာမျိုးသုဉ်းမှုတုန်းက မှတ်တမ်းတွေကို အတင်း ကြည့်ခိုင်းလိုက်ချင်တော့တယ်"
"ငါ စဉ်းစားနေတာကလေ၊ လူ့ဦးခေါင်းခွံကသာ ဘေးအန္တရာယ် ကင်းစေတယ်လို့ ယူဆကြရင် ဒီလူတွေက လူကိုတောင် သတ်ကြမှာလား မသိဘူးနော်”
တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ ပရိသတ်များမှာ ထိုလူများ၏ ရယ်မောသံများကို ကြားရသည့်အခါတိုင်း ဒေါသကိုယ်စီဖြင့် ဟောက်နေကြသည်။ အရင်တုန်းက အမဲလိုက်သမားတွေကိုပဲ မုန်းစရာကောင်းတယ် ထင်ခဲ့တာ။ သို့သော်လည်း... မမျှော်လင့်ဘဲ ဤရောင်းဝယ်သူများနှင့် ဝယ်ယူသူများမှာ ပို၍ပင် လူသားဆန်မှု ကင်းမဲ့နေကြသည်။ တိရစ္ဆာန်များ၏ အရိုးများနှင့် အစိတ်အပိုင်းများကို "ဘေးကင်းစေသည်" ဆိုသော အဆောင်လက်ဖွဲ့များအဖြစ် ရက်စက်လှသော နည်းလမ်းမျိုးစုံဖြင့် ဖန်တီးနေကြခြင်း မဟုတ်ပါလား။
တကယ်လို့ နောင်တစ်ချိန်မှာ တရုတ်ပြည်မှာလည်း ဒီလိုလူမျိုးတွေ ပေါ်လာရင်တော့... လူတိုင်း ဆက်ပြီး မတွေးရဲကြတော့ပေ။ တိရစ္ဆာန်ရုံထဲက အပြစ်မဲ့လှတဲ့ ပါအိုကျစ် သမင်လေးတွေရဲ့ ဦးခေါင်းခွံတွေ အထုတ်ခံရမယ်၊ ဆင်အုပ်စုထဲက ဆင်စွယ်တွေကလည်း ရက်ရက်စက်စက် အဖြတ်ခံရမယ်... ဤသို့ တွေးမိသည်နှင့် လူတိုင်းမှာ အလွန်အမင်း ဒေါသထွက်နေကြတော့သည်။
...
559 03
"ဒုန်း..."
"ယုတ်မာလိုက်တာ"
နန်ကုန်းယွမ်သည် အစည်းအဝေးခန်းအတွင်း ထိုင်နေရင်း စားပွဲကို အားကုန် ရိုက်လိုက်သည်။ တိုက်ရိုက်လွင့်တင်မှုတွေ ဘယ်နှစ်ကြိမ် ရှိသွားပြီလဲ။ ဤမျှအထိ ဒေါသထွက်ခဲ့ရသည့် အကြိမ်မှာ မနည်းတော့ပေ။ ပြီးခဲ့သည့်အကြိမ်က လင်းပိုင်များကို သတ်ဖြတ်သည့် ပွဲတော်တုန်းကလည်း ဤမျှပင် ဖြစ်သည်။ ယခုတစ်ကြိမ်ရှိ လူများ၏လုပ်ရပ်မှာမူ ပို၍ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။ ဘယ်လိုမျိုးတွေ စဉ်းစားပြီး ဖန်တီးခဲ့ကြတာလဲ။ ဒါတွေကလည်း အသက်တွေပဲလေ။
"ကျွန်တော် အကြံပြုချင်ပါတယ်"
နန်ကုန်းယွမ်၏ နီမြန်းနေသော မျက်နှာကို ကြည့်ကာ၊ အောက်ဘက်တွင် ထိုင်နေသော အဘိုးအိုတစ်ဦးသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ကောင်းကင်ပြာတိရစ္ဆာန်ရုံမှာ 'သွေးစွန်းနေသော အပိုင်းအစများ' ပြတိုက်ကို အမြန်ဆုံး တည်ဆောက်နိုင်အောင် ကျွန်တော်တို့ ဝိုင်းကူကြရအောင်"
"အရင်တုန်းကတော့ ဒါတွေက ဘာလဲဆိုတာ ကျွန်တော်တို့ မသိခဲ့ကြပါဘူး။ မဟာမျိုးသုဉ်းမှု မတိုင်ခင်က ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့..."
ပြောရင်းနှင့် အဘိုးအိုသည် လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
"အခုတော့ အားလုံး သဘောပေါက်သွားကြပြီ ထင်ပါတယ်။ ကျွန်တော် မဖုံးကွယ်ဘဲ ပြောရရင် ကျွန်တော့်အိမ်မှာလည်း တိုက်ရိုက်လွင့်တင်မှုထဲမှာ ပါတဲ့ ကြံ့ချို... ဆိုတဲ့ အရာရှိပါတယ်။ တိရစ္ဆာန်တွေ မျိုးသုဉ်းသွားတာ အရမ်းကြာပြီဆိုတော့ ဒါဟာ တိရစ္ဆာန်ရဲ့အစိတ်အပိုင်းတစ်ခုဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူးလေ"
"အမြဲတမ်းတော့ လှပတဲ့ လက်ဖက်ရည်ဖလား တစ်ခုလို့ပဲ ထင်ခဲ့တာ၊ မထင်ထားခဲ့ဘူး"
"ဒါကို ကျွန်တော် ထုတ်ပေးပါ့မယ်၊ အဲဒီပြတိုက်ကို လှူဒါန်းပါ့မယ်။ နောင်ကျရင် လူသားတွေက ဒီတိရစ္ဆာန်တွေကို ဘယ်လို နာကျင်အောင် လုပ်ခဲ့သလဲဆိုတဲ့ သက်သေအဖြစ် လူတိုင်းကို ပြသထားရမယ်"
"မှန်ပါတယ်၊ အရင်က ဗီဒီယိုတွေကိုလည်း ပြန်ကြည့်သင့်တယ်လို့ ထင်တယ်။ အာရှဆင်တွေအကြောင်း တိုက်ရိုက်လွင့်တင်တုန်းက ဒါရိုက်တာ ဆုပိုင်က ဘာလို့ ဆင်စွယ်တွေကို သေသေချာချာ ထုပ်ပိုးထားရတာလဲဆိုတာ ကျွန်တော်တို့ အံ့သြခဲ့ကြသေးတယ်လေ။ အခုတော့ သဘောပေါက်ပါပြီ။ ထိုစဉ်ကတည်းက ဒါရိုက်တာဆုပိုင်မှာ ဒီလို ရည်ရွယ်ချက် ရှိနေခဲ့တာပဲ။ မဟုတ်ရင် သူ တိုက်ရိုက်လွင့်တင်မှုကို ပိတ်ပြီးမှ ထုပ်ပိုးလို့ ရတာပဲလေ၊ ဘာလို့ လူတိုင်းကို မြင်အောင် ပြခဲ့ရတာလဲ"
အဘိုးအို၏ ဘေးတွင် ထိုင်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက အံကို ကြိတ်ကာ ပြောလိုက်သည်။
"ဒါဟာ ကျွန်တော်တို့ဘက်က လိုအပ်ချက်တွေ ရှိခဲ့လို့ပါ။ အခုထုတ်ပြန်ထားတဲ့ ဥပဒေတွေထဲမှာလည်း ဒီလို ရက်စက်လှတဲ့ 'အဆောင်လက်ဖွဲ့' တွေကို ဝယ်ယူသူ ဒါမှမဟုတ် စုဆောင်းထားသူတွေကိုပါ ပြစ်ဒဏ်ပေးဖို့ ထည့်သွင်းရမယ်လို့ ကျွန်တော် ထင်ပါတယ်"
"အချိန်ကတော့ ဒီနှစ်ကုန်အထိပဲ သတ်မှတ်ပေးသင့်တယ်။ တကယ်လို့ နှစ်ကုန်တဲ့အထိ ဒီလို တိရစ္ဆာန် အဆောင်လက်ဖွဲ့တွေ လက်ထဲမှာ ရှိနေသေးတဲ့သူတွေကိုတော့ သေချာပေါက် ဖော်ထုတ် အရေးယူရမယ်"
"ကောင်းပြီ"
နန်ကုန်းယွမ်သည် လူတိုင်း၏ စိတ်အားထက်သန်နေမှုကို ကြည့်ကာ ထိုင်ခုံမှ ထရပ်လိုက်သည်။
559 04
"ဒါဟာ ကျွန်တော်တို့ရဲ့အားနည်းချက်ပါပဲ။ နောင်နှစ်ပေါင်း ဆယ်ချီ၊ ရာချီ၊ ထောင်ချီ ကြာတဲ့အခါမှာ ဒီလိုအခြေအနေမျိုး ထပ်မဖြစ်ရအောင် အခုကတည်းက ဒီအမြစ်ကို အပြတ်ဖြတ်ရမယ်"
"သွေးစွန်းနေတဲ့ အဆောင်လက်ဖွဲ့တွေကို အမြစ်ပြတ် တားဆီးရမယ်၊ နောင်မှာလည်း အသစ်တွေ ထပ်မပေါ်လာအောင် လုပ်ရမယ်"
ပြောပြောဆိုဆိုဖြင့် နန်ကုန်းယွမ်သည် ဘေးမှ လက်ထောက်ကို လှည့်ကြည့်ကာ လေးနက်စွာ မှာကြားလိုက်သည်။
"သတင်းမီဒီယာ အမျိုးမျိုးကနေတစ်ဆင့် တိရစ္ဆာန် အဆောင်လက်ဖွဲ့တွေကို လှူဒါန်းဖို့ သတင်းထုတ်ပြန်လိုက်ပါ။ ငါတို့ တရုတ်ပြည်အစိုးရအနေနဲ့ ဈေးကောင်းပေးပြီး ပြန်ဝယ်ဖို့လည်း အသင့်ရှိတယ်လို့ ပြောလိုက်"
"ဒါပေမဲ့ ဒီပစ္စည်းတွေကို လူတွေရဲ့ လက်ထဲမှာ လုံးဝ ရှိမနေစေရဘူး"
"အခုချက်ချင်း အကောင်အထည်ဖော်ကြစမ်း။ သတင်းစာဖြစ်ဖြစ်၊ တိုက်ရိုက်လွင့်တင်မှု ဖြစ်ဖြစ်၊ ရုပ်မြင်သံကြား ဌာနတွေကနေ ဖြစ်ဖြစ်၊ ဒီသတင်းကို အနှံ့အပြား ရောက်အောင် ပို့လိုက်"
"ဒီလောက် အချိန်အကြာကြီး ဝါဒဖြန့်ခဲ့တာဆိုတော့ ငါတို့ တရုတ်ပြည်သူတွေအနေနဲ့ တိရစ္ဆာန်တွေရဲ့ အရေးပါမှုကို သဘောပေါက်နေကြပြီလို့ ငါ ယုံကြည်တယ်။ လူတိုင်းကလည်း ကိုယ့်ဘာသာကိုယ် လာရောက် အပ်နှံကြမှာပါ"
******
560 01
အခန်း 560 နောက်ထပ် တစ်မျိုး လိုသေးတယ် (၁/၂)
"ဘာလို့ ကောင်လေးတစ်ယောက် ပျောက်နေတာလဲ”
အမဲလိုက်အဖွဲ့ ခေါင်းဆောင်သည် သင်္ဘောပေါ်မှ ဆင်းပြီးနောက် လူဦးရေကို စစ်ဆေးလိုက်ရာ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားပြီး ပြောလိုက်သည်။
"ငါတို့လူတွေထဲက တစ်ယောက်ယောက်ကို တွေ့မိကြသေးလား”
"အားလုံးပဲ ကိုယ့်ဘေးနားက လူတွေကို ကြည့်ကြစမ်း၊ ဘယ်သူ လျော့နေလဲဆိုတာ"
"တောက်... ဘယ်ကို ပျောက်သွားတာလဲ မသိဘူး"
လူအုပ်ကြီးက သေသေချာချာ ရှာဖွေသော်လည်း မည်သူ ပျောက်ဆုံးသွားသနည်းဆိုသည်ကို ရှာမတွေ့ခဲ့ကြပေ။
"သွားကြစို့"
အဖွဲ့ခေါင်းဆောင်က အေးစက်စွာ ဟောက်လိုက်ပြီး လူအုပ်ကို ဦးဆောင်ကာ သူတို့၏ နောက်ကွယ်ရှိ မြက်ခင်းပြင်ကျယ်ကြီးဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားတော့သည်။ အချိန်က အလွန်အလျင်လိုနေသည်။ ဤတစ်ကြိမ်တွင် ၎င်းတို့ အမဲလိုက်ရမည့် တိရစ္ဆာန် အရေအတွက်မှာ အလွန်များပြားလှပြီး ဤမြက်ခင်းပြင်ကျယ်ကြီးပေါ်တွင်လည်း ၎င်းတို့၏ အမဲလိုက်အဖွဲ့ တစ်ဖွဲ့တည်း ရှိနေခြင်း မဟုတ်ပေ။ ဒါ့အပြင် လူတစ်ယောက် ပျောက်ဆုံးသွားခြင်းမှာ ဤကဲ့သို့သော အလုပ်မျိုးကို နှစ်ရှည်လများ လုပ်ကိုင်နေသည့် အဖွဲ့အစည်းများအတွက် အလွန် ရိုးရှင်းလှသော ကိစ္စတစ်ခုသာ ဖြစ်သည်။ မည်မျှပင် ယဉ်ပါးသော တိရစ္ဆာန်ဖြစ်စေ အမဲလိုက်အဖွဲ့နှင့် ရင်ဆိုင်ရသည့်အခါ အတင်းအဓမ္မ ဖိအားပေးခံရလျှင် ပြန်လည်ခုခံတတ်ကြသည် မဟုတ်ပါလား။ တစ်ခါတစ်ရံတွင် အမဲလိုက်ရင်း ဒဏ်ရာအပြင်းအထန် ရသူများပင် ရှိတတ်သည်။ အထူးသဖြင့် ဤနေရာရှိ အာဖရိကဆင်များသည် စရိုက် အလွန်ကြမ်းတမ်းလှသည်။ အမဲလိုက်ရန် ပိုမိုခက်ခဲသော ကြံ့များအကြောင်းကိုမူ ပြောနေစရာပင် မလိုတော့ပေ။
"ဟူး..."
ထိုအချိန်တွင် ဆုပိုင်သည် ကျောပိုးအိတ်ကို လွယ်ကာ တောင်တက်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး မြက်ခင်းပြင်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ တစ်ယောက်တည်း လျှောက်လှမ်းဝင်ရောက်နေပြီ ဖြစ်သည်။ ဤတာဝန်၏ ရည်ရွယ်ချက်ကို သူ သဘောပေါက်ထားပြီး ဖြစ်သည်။ ၎င်းမှာ ဤလူများ၏ သတ်ဖြတ်ခြင်းကို ခံရတော့မည့် တိရစ္ဆာန်များကို ကယ်တင်ရန်ပင် ဖြစ်သည်။ မည်သည့် တိရစ္ဆာန်ဖြစ်စေ သူ ကယ်တင်ရမည့် ပစ်မှတ်များသာ ဖြစ်ကြသည်။ ခြောက်သွေ့နေသော မြက်ခင်းပြင်အတိုင်း တစ်လှမ်းချင်း လှမ်းသွားနေသော်လည်း လမ်းတစ်လျှောက်တွင် တိရစ္ဆာန် တစ်ကောင်တည်းကိုမျှ မတွေ့ရသေးပေ။
"ဒီနေရာက အရင်တုန်းက ခေါင်းပြားတကော ရှိခဲ့တဲ့ နေရာ မဟုတ်လား။ ပတ်ဝန်းကျင်က ကြည့်ရတာ တော်တော်လေး တူတယ်နော်..."
"ဟုတ်လိမ့်မယ်၊ ဒါပေမဲ့ အရင်တစ်ခါတုန်းကဆိုရင် တိရစ္ဆာန်တွေကို စတွေ့ရပြီလေ။ အခု ဒါရိုက်တာဆုပိုင် လမ်းလျှောက်နေတာ အကြာကြီး ရှိနေပြီ၊ တစ်ကောင်မှ မတွေ့သေးတာက ဘာလို့လဲ။ တိရစ္ဆာန်တွေ အကုန် ဘယ်ရောက်ကုန်တာလဲ မသိဘူး"
"ငါ့အမြင်တော့ အရင်ဆုံး ရေအရင်းအမြစ်ကို ရှာသင့်တယ် ထင်တာပဲ။ ရေရှိတဲ့ နေရာမှာတော့ တိရစ္ဆာန်တွေ သေချာပေါက် ရှိမှာပဲလေ"
"အပေါ်ကလူ ပြောတာ မှန်တယ်၊ ငါလည်း ရေအရင်းအမြစ်ကို အရင်ရှာဖို့ ထောက်ခံတယ်။ ဆင်တွေဆိုရင် ရေမရှိဘဲ မနေနိုင်ဘူးလေ၊ တိရစ္ဆာန်ရုံထဲက ဆင်တွေဆိုရင် တစ်နေကုန် ရေထဲမှာပဲ စိမ်နေချင်ကြတာ"
560 02
"ဒါပေမဲ့ ဒါရိုက်တာဆုပိုင် တစ်ယောက်တည်းဆိုတော့ စိုးရိမ်စရာပဲ။ သင်္ဘောတစ်စီးလုံးမှာ လူ ရာနဲ့ချီ ပါလာတာလေ၊ အဲဒီလူတွေ အကုန်လုံးက တိရစ္ဆာန်တွေကို သတ်ဖို့ လာကြတာ။ တစ်ယောက်ချင်းစီ သတ်မယ့် တိရစ္ဆာန်ကလည်း မတူကြဘူးဆိုတော့ ဆုပိုင် တစ်ယောက်တည်းနဲ့ ဒါကို ဘယ်လို ကာကွယ်မလဲ"
"တိရစ္ဆာန်တွေကို တစ်နေရာတည်းမှာ စုထားနိုင်မှပဲ ဖြစ်မယ်၊ မဟုတ်ရင်တော့... ဒီလောက် ကျယ်ပြောလှတဲ့ မြက်ခင်းပြင်ကြီးကို လူတစ်ယောက်တည်းနဲ့ ဘယ်လိုမှ မကာကွယ်နိုင်ဘူး"
တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ ပရိသတ်များသည် ခြောက်သွေ့လှသော အာဖရိက မြက်ခင်းပြင်ပေါ်တွင် လျှောက်လှမ်းနေသော ဆုပိုင်၏ သေးငယ်လှသော ကျောပြင်ကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေကြသည်။ တိုက်ရိုက်လွင့်တင်မှုတိုင်းလိုလိုမှာပင် ဒါရိုက်တာ ဆုပိုင်သည် ရက်စက်လှသော အမဲလိုက်သမားများကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်မှာမူ အခြေအနေက လုံးဝမတူပေ။ လူအများအပြားသည် ဤမြက်ခင်းပြင်ပေါ်ရှိ တိရစ္ဆာန်များကို သတ်ဖြတ်ရန် ရောက်ရှိနေကြပြီး၊ အဓိကအချက်မှာ လူတိုင်း၏ ပစ်မှတ်မှာလည်း မတူညီကြခြင်း ဖြစ်သည်။ စခန်းထဲမှ လူများကို ကြည့်လျှင် သူတို့၏ အဓိကပစ်မှတ်မှာ ဆင်အုပ်စုနှင့် ကြံ့များ ဖြစ်ကြသည်။ ကျန်ရှိသော လူများထဲတွင်မူ ကျားသစ်များကို သတ်ချင်သူ၊ မိကျောင်းရှာသူ သို့မဟုတ် ခြင်္သေ့ရှာသူများလည်း ပါဝင်နေသည်။ မြင်တွေ့သမျှ တိရစ္ဆာန်တိုင်းသည် ထိုလူများ၏သတ်ဖြတ်ခြင်းကို ခံရမည့် အခြေအနေတွင် ရှိနေသည်။
သင်္ဘောပေါ်တွင် ရှိနေစဉ်ကပင် တိုက်ရိုက်လွင့်တင်မှု မြင်ကွင်းများအရ လူတိုင်း သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထိုတိရစ္ဆာန်များကို အဆောင်လက်ဖွဲ့ မလုပ်နိုင်လျှင်ပင်... အမဲလိုက်အဖွဲ့က ဤမြက်ခင်းပြင်ပေါ်တွင် ဘာစားကြမည်နည်း။ မြင်သမျှ တိရစ္ဆာန်ကိုသာ သတ်ဖြတ် စားသောက်ကြမှာ သေချာပါသည်။ ဆုပိုင်သည် မြက်ခင်းပြင်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ တိုးဝင်လာသည်နှင့်အမျှ ပရိသတ်များ၏ရင်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများမှာ မြင့်တက်လာတော့သည်။
"ဟူး..."
ဆုပိုင်သည် နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ရှေ့မှ တောင်ကုန်းတစ်ခုကို ကြည့်ကာ အသက်ကို ပြင်းပြင်းရှူနေမိသည်။ သူသည် တောင်ကုန်းပေါ်သို့ အားသွန်ခွန်စိုက် တက်လှမ်းခဲ့သည်။ ရုတ်တရက် အဝေးတစ်နေရာဆီတွင် ဆင်ပေါက်လေးတစ်ကောင်မှာ ထိတ်လန့်တကြားဖြင့် ပြေးလွှားနေသည်ကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ဆင်အုပ်စုမှ မတော်တဆ ကွဲကွာသွားသော ဆင်ပေါက်လေး တစ်ကောင် ဖြစ်ရပေမည်။ ဒါဆိုရင်... ဆင်ပေါက်လေးကို တွေ့ရသည်ဆိုပါက အနီးအနားတွင် ဆင်အုပ်စု ရှိနေမှာ သေချာသည်။
ဆုပိုင်သည် အံကို တင်းတင်းကြိတ်ကာ ထိုဆင်ပေါက်လေးရှိရာသို့ အရှိန်မြှင့် ပြေးသွားခဲ့သည်။ သို့သော် ဆင်ပေါက်လေးနှင့် နီးကပ်လာသည်နှင့်အမျှ ဆုပိုင်၏ မျက်နှာမှာ ပိုမိုထူးဆန်းလာတော့သည်။ အဝေးမှ ထိုဆင်ပေါက်လေးမှာ လမ်းပျောက်နေသည့် ပုံစံမျိုး မဟုတ်ပေ။ လမ်းပျောက်နေသော ဆင်ပေါက်လေးဆိုပါက မြက်ခင်းပြင်ပေါ်တွင် ဦးတည်ချက်မရှိ လျှောက်ပြေးနေမှာ ဖြစ်သော်လည်း၊ ယခု ဆင်ပေါက်လေးမှာမူ စနစ်တကျ လှုပ်ရှားနေခြင်း ဖြစ်သည်။ သူသည် အဝေးမှ တောအုပ်အတွင်းသို့ ပြေးဝင်သွားလိုက်၊ ခဏအကြာတွင် ပြန်ထွက်လာလိုက်ဖြင့် ဖြစ်နေသည်။
"ဘာအခြေအနေလဲ”
ဆုပိုင်သည် မျက်မှောင်ကြုတ်လျက် ထိုဘက်သို့ အမြန် ပြေးသွားခဲ့သည်။ ဆင်ပေါက်လေး အချိန်အကြာဆုံး ရပ်နေသော နေရာသို့ ရောက်သည့်အခါတွင်မူ မြေပြင်ပေါ်၌ ပုပ်ပွနေပြီး ဆင်အရေခွံ တစ်ခုသာ ကျန်တော့သော အလောင်းကြီးကို မြင်လိုက်ရသည့် ခဏမှာပင် ဆုပိုင် အားလုံးကို သဘောပေါက်သွားတော့သည်။ ဆင်ပေါက်လေး လမ်းပျောက်နေခြင်း မဟုတ်ပေ။ သူ၏ မခင်မှာ အမဲလိုက် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ပြီး၊ သူသည် မိခင်၏အလောင်းကို ရှာတွေ့ထားခြင်း ဖြစ်သည်။ သို့သော် မိခင်၏အလောင်းမှာ တဖြည်းဖြည်း ပုပ်ပွသွားပြီး နံစော်နေသော ဆင်အရေခွံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
560 03
"မူး..."
ထိုစဉ် တောအုပ်အတွင်းမှ ပြေးထွက်လာသော ဆင်ပေါက်လေးသည် သူ၏ "မေမေ" ဘေးတွင် ရပ်နေသော လူသားကို မြင်လိုက်ရသည့်အခါ အသံကုန် ဟစ်အော်လိုက်ပြီး အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။ သူ၏ မျက်လုံးများမှာ ဆုပိုင်ကို စိုက်ကြည့်နေသည်။ ခန္ဓာကိုယ်မှာ ထိတ်လန့်မှုကြောင့် တုန်ရီနေသော်လည်း မိခင်၏အလောင်းရှေ့တွင် သတ္တိရှိရှိ ရပ်တည်နေခြင်း ဖြစ်သည်။ သူသည် နှာမောင်းကို ဝှေ့ယမ်းကာ ရှေ့မှ လူသားကို မောင်းထုတ်ရန် ကြိုးစားနေသည်။
"ဖယ်စမ်း... ထွက်သွားစမ်း"
ဆင်ပေါက်လေး၏နာကျင်စွာ အော်ဟစ်သံကို ကြားရသည့်အခါ ဆုပိုင်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး မိမိတွင် ရန်မူလိုသော ဆန္ဒမရှိကြောင်း အချက်ပြလိုက်သည်။ သို့သော် ယခုအချိန်တွင် ဆင်ပေါက်လေးမှာ ဆုပိုင်၏ စကားကို ယုံကြည်မည့်ပုံ မပေါ်ပေ။ သူသည် ဆုပိုင်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။
"ဒိုင်း"
ရုတ်တရက် အဝေးတစ်နေရာမှ သေနတ်သံ တစ်ချက် ထွက်ပေါ်လာသည်။ ဆုပိုင်သည် တုန်လှုပ်သွားရပြီး ကြောင်အနသော ဆင်ပေါက်လေးကို လှမ်းအော်ပြောလိုက်သည်။
"ငါ့မှာ ရန်မူမယ့်စိတ် မရှိပါဘူး၊ မြန်မြန် ငါ့နောက်က လိုက်ခဲ့"
ဤဆင်ပေါက်လေး၏ အရွယ်အစားမှာ တိရစ္ဆာန်ရုံထဲက အာရှဆင်ပေါက်လေးလောက်သာ ရှိသေးသည်။ ဆင်အုပ်စုလည်း မရှိ၊ မိခင်လည်း မရှိဘဲ ဤမြက်ခင်းပြင်ကျယ်ကြီးပေါ်တွင် မည်သို့ ရှင်သန်နေထိုင်ခဲ့ရသနည်းဆိုသည်မှာ တွေးကြည့်ရုံနှင့်ပင် စိတ်မကောင်းစရာ ဖြစ်နေရသည်။
"မူး..."
ဆင်ပေါက်လေးသည် ရှေ့မှ လူသားကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ ထိုလူသား၏ မျက်လုံးထဲတွင် နာကျင်မှုနှင့် သနားဂရုဏာများမှလွဲ၍ အရင်က လူများကဲ့သို့ ကြမ်းတမ်းလှသော အငွေ့အသက်များကို မတွေ့ရပေ။ ဖြစ်နိုင်သည်မှာ "သဘာဝတရား၏ နှလုံးသား" ကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ဆင်ပေါက်လေးသည် ဆုပိုင်ကို အလွယ်တကူ လက်ခံလိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း၊ ခဏတာ ဆက်သွယ်မှု ပြုလုပ်ပြီးနောက်တွင်မူ ထိုဆင်ပေါက်လေးသည် ဆုပိုင်၏နောက်သို့ လိုက်ပါကာ ဘေးမှ တောအုပ်အတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။
" ဒိုင်း "
" ဒိုင်း "
" ဒိုင်း "
အဝေးမှ သေနတ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။ အမဲလိုက်အဖွဲ့ တစ်ဖွဲ့ဖွဲ့မှာ တိရစ္ဆာန်တစ်မျိုးမျိုး၏ အရိပ်အယောင်ကို ရှာတွေ့ထားပုံရသည်။ သေနတ်သံများ ငြိမ်သက်သွားသည့်အခါ ဆုပိုင်သည် ဆင်ပေါက်လေးကို ခေါ်ကာ တောအုပ်အတွင်း၌ ခဏရပ်နားလိုက်သည်။ ထိုအခါမှသာ ဆင်ပေါက်လေးသည် ဘာကြောင့် တောအုပ်ထဲသို့ အကြိမ်ကြိမ် ပြေးဝင်သွားခဲ့ရသနည်းဆိုသည့် ထူးဆန်းသောလုပ်ရပ်ကို ဆုပိုင် သဘောပေါက်သွားတော့သည်။
"ဂုလု"
560 04
သွေးရောင်လွှမ်းနေသော ရေအရင်းအမြစ် နေရာကို မြင်လိုက်ရသည့်အခါ ဆုပိုင်သည် အံကို တင်းတင်းကြိတ်လိုက်မိသည်။ ဤရေကန်ငယ်လေး၏ ဘေးတွင် တိရစ္ဆာန် အလောင်းမျိုးစုံ ရှိနေသည်။ ၎င်းတို့ထဲတွင် ကြံ့တစ်ကောင်လည်း ပါဝင်ပြီး၊ ထိုကြံ့၏ မျက်နှာမှာ လက်သီးဆုပ်ခန့်ရှိသော တွင်းကြီးတစ်ခု ဖြစ်နေကာ ကြံ့ချိုမှာ ရက်စက်စွာ အဖြတ်ခံထားရသည်။ ကြံ့ကြီး၏ ဘေးတွင်မူ မွေးကင်းစဟု ထင်ရသော ကြံ့ပေါက်လေး တစ်ကောင်၏ အလောင်းကို သစ်ပင်တွင် ချိတ်ဆွဲထားသည်။ ၎င်း၏ အရေခွံမှာ လုံးဝ ခွာထုတ်ခံထားရပြီး ခန္ဓာကိုယ်ပေါ်မှ အသားများကိုလည်း ဓားဖြင့် လှီးဖြတ်ယူထားကြသည်။ ဒါက... လူသားတွေက အစားအစာအဖြစ် သုံးခဲ့ကြတာပေါ့။
"ယုတ်မာတဲ့ကောင်တွေ"
ဆုပိုင်သည် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး အလောင်းများကို တစ်ခုချင်းစီ ဖြတ်ကျော်သွားခဲ့သည်။ ဤလူအုပ်စုသည် ဤရေအရင်းအမြစ် နေရာကို ရှာတွေ့ထားသဖြင့် ဤနေရာတွင် ပုန်းအောင်းကာ တိရစ္ဆာန်များစွာကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ အဝေးမှ မိခင်ဆင်ကြီးမှာလည်း ဆင်ပေါက်လေးကို ခေါ်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အမဲလိုက်သမားများ၏ လိုက်လံပစ်ခတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ရမည်။ အာဖရိကတိုက်ပေါ်မှ အမဲလိုက်မှုများမှာ အာရှထက် ပိုမိုရက်စက်ရခြင်းမှာ အာရှဆင်များတွင် အထီးသာ ဆင်စွယ်ရှိသော်လည်း၊ အာဖရိကဆင်များတွင်မူ အထီးရော အမပါ ဆင်စွယ်များ ရှိနေသောကြောင့် ဖြစ်သည်။ အထီး၏ဆင်စွယ်မှာ ပိုမို ကြီးမားထွားကြိုင်းရုံသာ ကွာခြားခြင်း ဖြစ်သည်။
"ဟူး..."
"သွားကြစို့"
ဆုပိုင်သည် သစ်ပင်ပေါ်မှ ကြံ့ပေါက်လေး၏ အလောင်းကို ချပေးလိုက်ပြီး ကြံ့ကြီး၏ အလောင်းဘေးတွင် သေသေချာချာ ထားပေးလိုက်သည်။ သူသည် ဆင်ပေါက်လေးကို လက်ယမ်းခေါ်ကာ တောအုပ်အပြင်သို့ ပြန်လည် ထွက်ခွာလာခဲ့သည်။ အစပိုင်းတွင် တိရစ္ဆာန် အနည်းငယ်ကို ကယ်တင်နိုင်လျှင် တာဝန်ပြီးဆုံးလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ ယခု လက်တွေ့ အခြေအနေမှာမူ မဖြစ်နိုင်ပေ။ အထူးသဖြင့် ရေကန်ဘေးတွင် အရေခွံခွာခံထားရပြီး အရိုးများသာ ကျန်တော့သော တိရစ္ဆာန်အလောင်းများစွာကို မြင်တွေ့လိုက်ရသည့်အခါတွင် ဖြစ်သည်။
ဆုပိုင်အနေဖြင့် ဤတိရစ္ဆာန်များကို ကယ်တင်ချင်ပါက သူ၏ အင်အားတစ်ခုတည်းဖြင့် မလွယ်ကူလှကြောင်း သိမြင်သွားသည်။ တိရစ္ဆာန်စကားပြော စွမ်းရည်ကို အသုံးချကာ တိရစ္ဆာန်အားလုံးကို စည်းရုံးရန်သာ ရှိတော့သည်။ အာဖရိက မြက်ခင်းပြင်ပေါ်တွင် ကြံ့ဖြစ်စေ၊ အာဖရိကဆင်ဖြစ်စေ သို့မဟုတ် အခြား တိရစ္ဆာန်များဖြစ်စေ အားလုံးမှာ အလွန် ကြမ်းတမ်းလှသည်။ လူသားများ၏ လက်ထဲတွင် သေနတ်သာ မရှိပါက ဤတိရစ္ဆာန်များကို မည်သို့မျှ မယှဉ်နိုင်ပေ။ ဤနေရာတွင် ဆင်အုပ်စုကို စည်းရုံးရန်မှာ လွယ်ကူနိုင်သော်လည်း ကြံ့များကို စည်းရုံးရန်မှာမူ အနည်းငယ် ခက်ခဲလိမ့်မည်။
560 05
စောစောက အလောင်းကို စစ်ဆေးကြည့်ပြီးနောက် ဆုပိုင်သည် ဤနေရာတွင် နေထိုင်သော ကြံ့မှာ မည်သည့် အမျိုးအစားလဲဆိုသည်ကို သိရှိသွားသည်။ ဦးချိုနှစ်ခုပါသော ကြံ့နက် ပင် ဖြစ်သည်။ ဤသည်မှာ သူ မကူးပြောင်းခင်က အာဖရိကတိုက်၏ သီးသန့်မျိုးစိတ် ဖြစ်သည်။ သို့သော် ကြံ့များသည် တစ်ကောင်တည်းသာ လှုပ်ရှားတတ်ကြသည်။ ဤလူသားများကို ပြန်လည် တိုက်ခိုက်ရန်အတွက် ကြံ့တစ်ကောင်တည်း သို့မဟုတ် ဆင်အုပ်စု တစ်စုတည်းနှင့်ဆိုလျှင် ဘာမှမတတ်နိုင်ပေ။ သို့သော် တကယ်လို့ ကြံ့ အကောင်ရေ ရာနှင့်ချီ ရှိခဲ့လျှင်ကော? အာဖရိကဆင် အကောင်ရေ ရာနှင့်ချီ ရှိခဲ့လျှင်ကော… တစ်ခါတည်း အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်ရုံနှင့် အမဲလိုက်အဖွဲ့ တစ်ခုလုံးကို နင်းချေ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
"မင်းတို့ရဲ့ ဆင်အုပ်စုကို ရှာတွေ့နိုင်မလား”
ဆုပိုင်သည် ဆင်ပေါက်လေး၏နဖူးကို ပွတ်သပ်ရင်း တိုးတိုးလေး မေးမြန်းလိုက်သည်။ ဆင်ပေါက်လေး၏ မျက်နှာတွင် စဉ်းစားနေသည့် အမူအရာ ပေါ်လာပြီးနောက် စိတ်ပျက်စွာဖြင့် ခေါင်းခါပြလိုက်သည်။
"ရပါတယ်၊ ငါ မင်းနဲ့အတူ လိုက်ရှာပေးမယ်"
သူသည် ထိုကောင်လေးကို အသာအယာ ချော့မော့လိုက်ပြီးနောက် မြက်ခင်းပြင် တစ်ခုလုံးတွင် လိုက်လံရှာဖွေတော့သည်။ လမ်းခရီးတွင် တွေ့ရသမျှ တိရစ္ဆာန်တိုင်းကို ဆုပိုင်က စကားပြောဆိုနိုင်သည်နှင့်အမျှ ၎င်းတို့အားလုံးကို စည်းရုံးရန် သူ ဆုံးဖြတ်လိုက်သည်။ ဤအမဲလိုက်သမားများကို အတူတကွ တိုက်ခိုက်ကြမည်။ စည်းလုံးသော အင်အားဖြင့်သာ ဤယုတ်မာလှသော လူများကို နာကျင်လှသော သင်ခန်းစာ ပေးနိုင်မည် ဖြစ်သည်။
...
+++++
561 01
အခန်း 561
ကောင်းကင်ပြာတိရစ္ဆာန်ရုံ။
"တောက်... ဝက်ဝံကိုကြီး၊ မင်း သူ့ကို မူးမေ့သွားအောင် ရိုက်လိုက်တာလား”
ငှက်တောသည် ဖုန်းကို တရွတ်တိုက် ဆွဲလျက် ပန်ဒါခြံအတွင်းမှ ထွက်လာခဲ့သည်။ မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲနေသော ရုံလီကို မြင်ရသည့်အခါ သူသည် အံ့သြတကြီး အော်ဟစ်လိုက်သဖြင့် လက်ထဲမှ ဖုန်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"ခွပ်..."
ဖုန်းဖန်သားပြင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။ ငှက်တောသည် ဖုန်းကို ငုံ့ကြည့်လိုက်သည့်အခါ တစ်ကိုယ်လုံး တုန်သွားရသည်။ ပြဿနာတော့ တက်ပြီ ဤလူငယ်သည် တိရစ္ဆာန်ရုံသို့ ရောက်သည့် ပထမဆုံးနေ့မှာတင် ဝက်ဝံနက်၏ရိုက်နှက်မှုကို ခံရရုံတင်မကဘဲ ဖုန်းပါ ပျက်စီးသွားသည် မဟုတ်ပါလား။ ဒါက အနိုင်ကျင့်လွန်းရာ မရောက်ဘူးလား။
"ဘယ်လို ဖြစ်ကြတာလဲ”
လောင်ကျိုးသည် မြက်အိတ်တစ်အိတ်ကို ပိုက်ကာ အလျင်အစလို ပြေးလာခဲ့သည်။ မြေပြင်ပေါ်တွင် လဲနေသော ရုံလီကို မြင်သည့်အခါ သူသည် မျက်မှောင်ကြုတ်လျက် ဟောက်လိုက်သည်။
"ဘယ်သူ လုပ်တာလဲ”
သူသည် ငှက်တောကို စိုက်ကြည့်လိုက်သည်။
"ဝက်ဝံကိုကြီးပါ"
ငှက်တောက အသံကို နှိမ့်၍ တိုးတိုးလေး ဖြေလိုက်သည်။
"ဪ..."
လောင်ကျိုးသည် မတ်တပ်ထရပ်နေသော ဝက်ဝံနက်ကြီးကို တစ်ချက်ကြည့်ကာ စိတ်ပျက်စွာဖြင့် နားထင်ကို ပွတ်နေမိသည်။ ဤသည်မှာ တိရစ္ဆာန်ရုံ ဝန်ထမ်းများ၏အခက်အခဲပင် ဖြစ်သည်။ တိရစ္ဆာန် တစ်ကောင်ကောင် အမှားလုပ်သည်ကို သိနေသော်လည်း... မည်သို့မျှ မတတ်နိုင်ခြင်းပင် ဖြစ်သည်။ ဒါရိုက်တာ ဆုပိုင်မှလွဲ၍ ကျန်ရှိသူများမှာ ၎င်းတို့ကို အပြစ်မပေးနိုင်ကြပေ။ ဝက်ဝံနက်ကို ကြည့်ဦးလေ... လောင်ကျိုးအနေဖြင့် ထိုကောင်ကို သွားရောက် ဆုံးမခြင်းမှာ မိမိကိုယ်ကိုယ် ဒုက္ခရှာခြင်းနှင့် အတူတူပင် ဖြစ်သည်။ တကယ်သာ တိုက်ခိုက်ကြမည်ဆိုပါက လက်နက်မသုံးဘဲနှင့် ဘယ်သူက ဘယ်သူ့ကို ဆုံးမမည်နည်းဆိုသည်မှာ သိသာလှပေသည်။
သို့သော်... ဤလူငယ်က ဘာဖြစ်လို့လဲ။ ကောင်းကောင်းမွန်မွန် ဝက်ချေးရှင်းနေတာကို ဘာလို့ ဝက်ဝံနက်ကို သွားပြီး ရန်စရတာလဲ။
"ကဲ... တိရစ္ဆာန်တွေကို ဖယ်ခိုင်းလိုက်တော့၊ ငါ ဒီလူငယ်လေးကို တစ်ခုခု ဖြစ်သွားမလားလို့ ကြည့်လိုက်ဦးမယ်"
လောင်ကျိုးသည် တိုးတိုးလေး ပြောလိုက်ပြီး ရုံလီကို ပွေ့ချီကာ မြစ်ကမ်းဘေးသို့ ခေါ်ဆောင်သွားခဲ့သည်။
"ဗြန်း..."
ဆင်ပေါက်လေးက ရေဖြင့် ပက်လိုက်ပြီးနောက်တွင်မူ...
ရုံလီသည် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့သည်။
"အဟွတ်... အဟွတ်..."
သူ၏ရင်ဘတ်အတွင်း၌ ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲနေသကဲ့သို့ ရှိနေသည်။
561 02
"ဆရာဝန် ရှိလား၊ ဆရာဝန်နဲ့ ပြချင်လို့ပါ"
"ကျွန်တော့် ရင်ဘတ်ထဲမှာ အရမ်း မွန်းကျပ်နေတယ်၊ ရင်ရိုးတွေ ကျိုးကုန်ပြီလား မသိဘူး"
"ကျွန်တော်..."
"ကဲ... တော်ပြီ၊ စကားမပြောနဲ့တော့၊ ခဏနေရင် ဆရာဝန် ရောက်လာလိမ့်မယ်"
လောင်ကျိုးသည် သနားစရာကောင်းလှသော ထိုလူငယ်ကို ကြည့်ကာ အသာအယာ ချော့မော့နေရသည်။ မင်းကတော့ ကံဆိုးလိုက်တာကွာ။ ပထမဆုံးနေ့မှာတင် ဒီလောက်အထိ အထုခံရတယ်ဆိုတော့ နောက်ဆိုရင် ဘယ်လိုလုပ်မလဲ။ အခုက အင်အား သိပ်မကြီးလှတဲ့ ဝက်ဝံနက်ပဲ ရှိသေးတာ၊ နောက်ဆို ဒိုင်နိုဆောကျွန်းကို ရောက်ရင်တော့ မင်းအတွက် ICU အခန်းပါ ကြိုပြင်ထားရမယ့် အခြေအနေပဲ။
ထိုအချိန်တွင် ရုံလီသည် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေပြီး အသက်ကို မနည်း ရှူနေရသည်။ တောက်... ငါတော့ တကယ်ပဲ သေတော့မှာလား။
"ဆရာဝန် ဘာလို့ အခုထိ မလာသေးတာလဲ”
သူသည် မျက်လုံးကို တစ်ဖန် ပြန်ဖွင့်ကာ မေးမြန်းလိုက်သည်။
"ဟူး..."
သူသည် အသက်ရှူမှားသွားရသည်။ သူ၏ ရှေ့တွင် လောင်ကျိုး၏ အရိပ်အယောင်ကို မတွေ့ရတော့ဘဲ၊ တိရစ္ဆာန် အကောင်ရေ ဆယ်ဂဏန်းခန့်၏ ဦးခေါင်းကြီးများက သူ၏မျက်စိရှေ့သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ အကောင်တိုင်းမှာ မျက်လုံးပြူးကာ သူ့ကို စပ်စုသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
"ကျိ..."
"ဘယ်သူက ဆေးကုတတ်သလဲ၊ ဒီလူကို လာကြည့်ပေးကြပါဦး"
မြေခွေးလေးက အသံကုန် ဟစ်အော်လိုက်သည်။ တိရစ္ဆာန်များစွာမှာ ခေါင်းခါပြလိုက်ကြသည်။
"အကုန်ဖယ်ကြစမ်း၊ ငါ တတ်တယ်"
ငှက်တောသည် တိရစ္ဆာန်လေးများကို တွန်းဖယ်ကာ ရုံလီ၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သည်။
"စောစောက သူ အရိုက်ခံရတုန်းက ငါ မြင်တယ်၊ ဝက်ဝံကိုကြီးက သူ့ရင်ဘတ်ကို မရိုက်ပါဘူး"
ငှက်တောသည် ခဏတာ စဉ်းစားဟန် ပြုလိုက်ပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"ဟူး..."
ရုံလီ၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားရသည်။ ဤသက်ပြင်းချသံက ဘာအဓိပ္ပာယ်လဲ။ တောက်... ဆရာဝန်တောင် မလာသေးဘူး၊ မျှော်လင့်ချက် မရှိတော့ဘူးလို့ တိုက်ရိုက် ကြေညာလိုက်တာလား။ ဒါပေမဲ့ ဒီငှက်တောက လူစကား ပြောတတ်တယ်ဆိုပေမဲ့လည်း တကယ်ပဲ ဆေးကုတတ်လို့လား။ တကယ်သာ ဆိုရင်တော့...
"ဟူး..."
ရုံလီသည် တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။ "ကျွန်တော့်မှာ တကယ်ပဲ ကယ်လို့ မရတော့ဘူးလား”
ငှက်တောက ခေါင်းကို မနားတမ်း ခါယမ်းပြနေသည်။
"ဒါဆို ကျွန်တော် ဘယ်လောက်ကြာကြာ ရှင်နိုင်ဦးမလဲ”
561 03
"ဆယ်..."
"ဆယ်မိနစ်လား”
"ကိုး... ရှစ်... ခုနစ်... ခြောက်..."
"ကျွန်တော်..."
ရုံလီသည် ထိုစကားကို ကြားရသည့်အခါ မျက်လုံးနှစ်ဖက် ပြူးတက်သွားပြီး ထပ်မံမူးမေ့လဲကျသွားပြန်သည်။
"ဘုရားရေ... ကိုကြီး မင်း ဘာလုပ်လိုက်တာလဲ၊ ဘာလို့ သူ့ကို သေအောင် ကုလိုက်ရတာလဲ”
"ဟေး... လျှောက်မပြောနဲ့၊ သူက လန့်ပြီး မူးသွားတာပါ"
ငှက်တောက အော်ဟစ်လိုက်ပြီးနောက် ရုံလီ၏ရင်ဘတ်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူသည် အတောင်ပံဖြင့် သူ၏ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး မြေပြင်ပေါ်ရှိ ဖုန်းကို တရွတ်တိုက်ဆွဲကာ ထွက်ခွာသွားတော့သည်။ ဒါဆိုရင် ဒီလူငယ်က ဖုန်းကိစ္စကို မေ့သွားလောက်ပြီ မဟုတ်လား။ အမလေး... ဖန်သားပြင် ကွဲသွားတာက ပိုတောင် ကောင်းသေးတယ်။ ဒါဆိုရင် ဗီဒီယိုလည်း ခေါ်လို့မရတော့ဘူး၊ ငါ့ရဲ့ အဆင့်အတန်းလည်း ပေါက်ကြားမှာ မဟုတ်တော့ဘူးလေ။
...
ကြီးမားလှသော စခန်းတစ်ခုအတွင်း၌။
"အား..."
နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူပေါင်းများစွာ စုဝေးနေကြပြီး ရှေ့မှ လူဝကြီးတစ်ဦးက တုတ်ဖြင့် အာဖရိက သမင်တစ်ကောင်၏ နဖူးကို မနားတမ်း ရိုက်နှက်နေသည်ကို ကြည့်နေကြသည်။ လူတိုင်းသည် သမင်၏ကိုယ်ပေါ်တွင် သွေးတစ်စက်မျှ မရှိသည်ကို မြင်ရသည့်အခါ အံ့သြစွာဖြင့် မေးမြန်းလိုက်ကြသည်။
"အစ်ကိုကြီး... ဒီလို ရိုက်နေတာက ဘာသဘောလဲ”
"သတ်လည်း မသတ်ဘူး၊ သွေးလည်း မထွက်ဘူး၊ ခင်ဗျား ဘာလုပ်နေတာလဲ”
"ဟားဟား"
လူဝကြီးသည် အသံကုန် ရယ်မောလိုက်ပြီး လူအုပ်ကို မထီမဲ့မြင် ပြုလျက် ဂုဏ်ယူစွာ ပြောလိုက်သည်။
"ဒါကို မင်းတို့ နားလည်မှာ မဟုတ်ဘူး"
"ဒီအာဖရိက သမင်ရဲ့မျက်လုံးတွေကို သေသေချာချာ ကြည့်လိုက်ကြစမ်း၊ အတွင်းထဲမှာ သွေးတွေ ပြည့်နေပြီ မဟုတ်လား"
"ဒီလို တုတ်နဲ့ ရိုက်တာကလည်း ပညာရှိတယ်။ အားအရမ်း မပါစေရဘူး၊ အားပြင်းသွားရင် ဦးခေါင်းခွံကွဲသွားမှာ၊ အက်ရာထင်သွားရင် တန်ဖိုးမရှိတော့ဘူး။ ဒါပေမဲ့ အားလည်း သိပ်မနည်းစေရဘူး၊ မျက်လုံးထဲမှာ သွေးတွေ ပြည့်လာရင် ရပြီ။ အခု ဒီသမင်ရဲ့ဦးနှောက်ထဲမှာ သွေးတွေ စိမ့်ထွက်နေပြီ"
"အခု လုပ်ရမှာကတော့ သူ့ရဲ့ကိုယ်ခန္ဓာကို မနားတမ်း ရိုက်နေဖို့ပဲ။ သတ်ဖြတ်နေစဉ်အတွင်းမှာ ဒီသမင်ကို လုံးဝ မသေစေရဘူး၊ သွေးစိမ့်ဝင်မှု ပြီးဆုံးတဲ့အထိပေါ့"
"ဒါဟာ အခုတလော ခေတ်စားနေတဲ့ ဆန်းကျဲပိုင် (ဘုံသုံးပါးအဆောင်) ပြုလုပ်နည်းပဲ"
561 04
"ဒါပေမဲ့ ဒီနည်းလမ်းက တော်တော်ခက်တယ်၊ သွေးစိမ့်ဝင်ဖို့က ပိုတောင် ခက်သေးတယ်။ တကယ့်ကို ပြည့်စုံတဲ့ အဆောင်ရချင်ရင်တော့ ဒီသမင်ရဲ့ဦးနှောက်ထဲမှာ သွေးတွေ သုံးရက်တိုင်တိုင် စိမ့်ထွက်နေအောင် လုပ်ရမယ်။ ဒါမှသာ သွေးတွေက နွေးနေပြီး စိမ့်ဝင်မှု ပိုကောင်းမှာလေ"
"အဲဒီအခါကျမှ ထွက်လာတဲ့ အရောင်က ပိုပြီး စိုပြေဝင်းပနေမှာ၊ ဒါမှသာ အကောင်းစား ပစ္စည်းလို့ ခေါ်တာပေါ့"
"ဒါပေမဲ့ ဒါက သာမန် အာဖရိက သမင်ပဲလေ၊ သူ့ရဲ့ ဦးခေါင်းခွံက မေဟွာလုသမင်တို့၊ ပါအိုကျစ် သမင်တို့လောက်တော့ အသုံးမဝင်ပါဘူး၊ ဒါပေမဲ့ ပိုက်ဆံတော့ ရတာပေါ့"
လူဝကြီးသည် ပြောဆိုပြီးနောက် လူတိုင်း၏လေးစားသော အကြည့်များကို ကြည့်ကာ ပြုံးလျက် ဆက်ပြောလိုက်သည်။
"အမဲလိုက်အဖွဲ့တွေ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ မသိဘူး။ ဒီတစ်ခါတော့ ကြံ့ချိုအချို့ကို ဝယ်ဖို့ စဉ်းစားထားတာ။ ရလာရင်တော့ မင်းတို့ကို ဒီကြံ့ချိုတွေကို ဘယ်လို ဆော့ကစားရမလဲဆိုတာနဲ့ ဘယ်လိုမျိုး အတုပြုလုပ်ပြီး အရောင်တင်ရမလဲဆိုတာ သင်ပေးမှာပေါ့"
"တော်လိုက်တာ၊ သမင်တစ်ကောင်က ဘယ်လောက်မှ မတန်ပေမဲ့ ဒီအဆောင်ကတော့ တကယ် တန်ဖိုးရှိတာပဲ။ သမင် ၁၀ ကောင်မှာ တစ်ကောင်ပဲ အောင်မြင်ရင်တောင် မရှုံးဘူး"
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရယ်၊ ကျွန်တော်တို့ဆီမှာတော့ ပါအိုကျစ် သမင်တွေက အများကြီးပဲ။ ဒီနည်းလမ်းသာ ရရင် နောက်ဆို ဒီအဝေးကြီးကို လာစရာတောင် မလိုတော့ဘူး၊ အဆောင်လုပ်စားတာနဲ့တင် ဖူလုံနေပြီ"
"ဒါပေမဲ့ ပိုက်ဆံအများကြီး ရချင်ရင်တော့ ကြံ့ချိုနဲ့ ဆင်စွယ်ကိုပဲ အားကိုးရမှာပေါ့၊ အဲဒါတွေကမှ ဈေးကောင်းရတာလေ"
လူတိုင်းမှာ ထိုလူဝကြီးကို ပြုံးရွှင်စွာ ပြောဆိုနေကြသည်။ ထိုလူအများစုမှာ ကိုယ်တိုင် အမဲလိုက်သူများ မဟုတ်ဘဲ၊ အမဲလိုက်အဖွဲ့များထံမှ အဆင့်အတန်းမြင့်သော တိရစ္ဆာန်အစိတ်အပိုင်းများကို အရင်ဦးဆုံး ဝယ်ယူမည့်သူများ ဖြစ်ကြသည်။ ၎င်းတို့မှာ တရုတ်ပြည်မှ ဆင်းသက်လာသော အဆောင်လက်ဖွဲ့ ပစ္စည်း ပွဲစားများသာ ဖြစ်ကြသည်။ ဤလူများ၏ လက်ရာဖြင့် တိရစ္ဆာန် အစိတ်အပိုင်းများမှာ လှပလှသော ပုတီးစေ့များနှင့် အဆောင်ပစ္စည်းများ ဖြစ်သွားကြရခြင်း ဖြစ်သည်။ အမဲလိုက်အဖွဲ့များအနေဖြင့်လည်း ဤလူများကို တိုက်ရိုက်ရောင်းချရန် ဆန္ဒရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာတင် အရောင်းအဝယ် ပြီးဆုံးသွားသောကြောင့် ဖြစ်သည်။ အခြားသော အန္တရာယ်များကို ထပ်မံတာဝန်ယူစရာ မလိုတော့ပေ။ တကယ်လို့ မိမိဘာသာ သယ်ဆောင်သွားရင်း လမ်းမှာ အစစ်အဆေးနှင့် တွေ့ပါက ပြဿနာ အကြီးအကျယ် တက်နိုင်သည် မဟုတ်ပါလား။ သို့သော် ဤနေရာမှာတင် ရောင်းလိုက်ပါက ပြန်သည့်အခါ ပိုက်ဆံကိုသာ သယ်သွားရုံ ဖြစ်သည်။
++++++