အခန်း (၅၆၅-၅၆၇)
Vol. 38 Ch. 565-567
အခန်း 565
"ခင်ဗျားတို့ မြင်နေရတဲ့ ဦးချိုဆင်ငှက် အနုပညာ ပစ္စည်းတိုင်းရဲ့ နောက်ကွယ်မှာ အနည်းဆုံး ငှက်သုံးကောင်ရဲ့အသက်တွေ ပေးဆပ်ထားရတာပါ။ ဒါတင်မကသေးဘူး"
"ဦးခေါင်းခွံကို ခွာယူတဲ့ နည်းလမ်းက အရမ်းရက်စက်ပါတယ်။ ဦးခေါင်းခွံတင်မကဘဲ နှုတ်သီးတွေကိုပါ တစ်ခါတည်း ဆွဲခွာယူကြတာ..."
ဆုပိုင်၏ဦးနှောက်အတွင်း၌ ထိုရက်စက်လှသော မြင်ကွင်းများကို တွေးမိသည့်အခါ သူ၏ လေသံမှာ တစ်စတစ်စ အေးစက်လာတော့သည်။
"တချို့ ဦးချိုဆင်ငှက်တွေကတော့ ခက်ခက်ခဲခဲ အသက်ရှင်နိုင်ဦးမှာပါ။ ဒါပေမဲ့ သူတို့မှာ နှုတ်သီး မရှိတော့ဘူးလေ၊ အဲ့ဒါက အစာမရှာနိုင်တော့ဘဲ အရှင်လတ်လတ် ငတ်ပြတ်ပြီး သေရမှာပဲ။ ဒါပေမဲ့ ခင်ဗျားတို့ တစ်ခု စဉ်းစားဖူးလား..."
"သစ်ခေါင်းထဲမှာ သူ့ကို စောင့်နေတဲ့ မိသားစုဝင် နှစ်ယောက်၊ သုံးယောက် ရှိနေသေးတယ်လေ"
"ပြင်းထန်တဲ့ နာကျင်မှုကို အောင့်ထားရင်းနဲ့ မိမိရဲ့ ဇနီးနဲ့ သားသမီးတွေ အစာငတ်ပြီး သေဆုံးသွားတာကို ထိုင်ကြည့်နေရတဲ့ ခံစားချက်ကိုကော... အဲ့ဒီ 'ဟဲတင့်ဟုန်' အဆောင်တွေကို ကိုင်ဆော့နေတဲ့သူတွေ စဉ်းစားဖူးကြရဲ့လား”
"ခင်ဗျားတို့ တစ်ခါ ပွတ်သပ်တိုင်း ခင်ဗျားတို့ရဲ့လက်တွေမှာ သွေးတွေ စွန်းထင်နေတာပါ"
"ခင်ဗျားတို့ တစ်ခါ ကြွားဝါတိုင်း ခင်ဗျားတို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို သူတစ်ပါးကို ပြသနေတာပါ"
"ခင်ဗျားတို့ တစ်ခါ ဝယ်ယူတိုင်း ဦးချိုဆင်ငှက် မိသားစု တစ်ခုလုံး ပျက်သုဉ်းသွားစေတာနဲ့ အတူတူပါပဲ"
"ဂလု"
လူတိုင်းသည် ရှေ့မှ လူငယ်ကို ကြည့်ကာ ဤမျှအထိ လေးနက်သော စကားများကို ပြောလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
မှန်တာပေါ့ တကယ်လို့သာ မိမိကိုယ်တိုင် အဲ့ဒီနေရာမှာ အစားထိုး ကြည့်လိုက်ရင်... မိမိရဲ့ ဇနီးနဲ့ သားသမီးတွေ မိမိမျက်စိရှေ့မှာတင် အစာငတ်ပြီး သေဆုံးသွားတာကို မြင်ရရင်... ဘယ်သူက တောင့်ခံနိုင်မှာလဲ။
"တကယ်တော့ ဒီလိုကိုး၊ တကယ်တော့ ဒီလိုကိုး... ရက်စက်လိုက်တာ၊ ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ။ ဒီနိုင်ငံကလူတွေက ဦးချိုဆင်ငှက် အမဲလိုက်တာကို အပြင်းအထန် မနှိမ်နင်းကြဘူးလား”
"နားထောင်ရင်းနဲ့တောင် ရင်ထဲမှာ အေးသွားရတယ်။ ကြောက်စရာကြီးဗ... ဒီလို ပစ္စည်းမျိုးတွေ ကမ္ဘာပေါ်မှာ ဘာလို့ ရှိနေရတာလဲ"
"ဒီတစ်ခါတော့ ဦးချိုဆင်ငှက်ကို မြင်ရပါ့မလား မသိဘူးနော်။ ဒီတိရစ္ဆာန်တွေကို သေသေချာချာ ကာကွယ်ပေးကြပါ"
ဆုပိုင်၏ ရှေ့တွင် ရပ်နေသော လူတိုင်းမှာ လေးနက်သော မျက်နှာထားများဖြင့် ရှိနေကြသည်။ အချို့မှာမူ အရှက်ရသဖြင့် ခေါင်းငုံ့ထားကြသည်။ ၎င်းတို့ထဲမှ အချို့မှာ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ထိုအဆောင်လက်ဖွဲ့ ပစ္စည်းများသည် တကယ်ပဲ ငှက်ခေါင်းက ရတာလားဆိုသည်ကို အတည်ပြုရန်ဖြစ်ကြောင်း ဆုပိုင် သိထားပြီး ဖြစ်သည်။ တကယ်သာ ဆိုလျှင် အချို့က ပြန်ရောက်သည့်အခါ ဝယ်ယူရန်ပင် စဉ်းစားထားကြသူများ ဖြစ်သည်။
565 02
သို့သော် ယခုအခါတွင်မူ ထိုလူငယ်၏ ရှင်းပြချက်များကို ကြားလိုက်ရသည့်အခါ ထိုအတွေးများကို အားလုံးက စွန့်လွှတ်လိုက်ကြပြီ ဖြစ်သည်။ ထိုအနုပညာ ပစ္စည်းများပေါ်တွင် သွေးစက်များစွာ စွန်းထင်နေသည်ဟု တွေးမိသည့်အခါ လူတိုင်း၏ ရင်ထဲတွင် လေးလံထိုင်းမှိုင်းနေတော့သည်။
"ငါတို့ ဘယ်လိုလုပ်ကြမလဲ”
"အနောက်ကလူတွေရဲ့ပုံစံကို ကြည့်ရတာ ဟိုလူငယ်ရဲ့စကားကြောင့် စိတ်ဓာတ်တွေ ပြောင်းသွားကြပြီ ထင်တယ်"
ရှေ့ဆုံးမှ လျှောက်နေသော အမျိုးသားနှစ်ဦးမှာ တိုးတိုးလေး တိုင်ပင်နေကြသည်။ သူတို့ထဲမှ ဦးထုပ်ဆောင်းထားသော သန်မာသော အမျိုးသားက နှုတ်ခမ်းကို သပ်လိုက်ရင်း အသံကို နှိမ့်၍ ပြောလိုက်သည်။
"ဂရုစိုက်မနေနဲ့၊ ခဏနေရင် ငါတို့ မြစ်ကမ်းဘေးအတိုင်း သွားမယ်။ အခုက ဦးချိုဆင်ငှက်တွေ အသိုက်ဆောက်တဲ့ အချိန်ဆိုတော့ ရွှံ့နွံလာရှာတာ သေချာပေါက် ရှိမှာပဲ။ ငါတို့ တစ်ကောင်လောက်ပဲ ဖမ်းမယ်၊ သတိထားရင် ဘယ်သူမှ မသိနိုင်ဘူး"
"တောက်... ဒီလောက် တန်ဖိုးရှိတဲ့ အရာကို သူတို့ကတော့ အသုံးမကျတဲ့သူတွေလို လုပ်နေကြတာပဲ"
"ငါတို့ တစ်ကောင်လောက်ပဲ ဖမ်းမိရင်တောင် ရောင်းလိုက်ရင် သိန်းပေါင်း ရာနဲ့ချီ ရမှာ။ ခဏနေရင် ဒီလူတွေနဲ့ ဝေးဝေးနေရအောင်"
"ဟိုမှာ"
ရုတ်တရက် ဘေးမှအမျိုးသားက ပါးစပ်ကို ပိတ်ကာ အသံကို နှိမ့်၍ အော်ဟစ်လိုက်သည်။ သူသည် စမ်းချောင်းဘေးသို့ လက်ညှိုးထိုးပြရင်း "တကယ်ပဲ တစ်ကောင် ရှိနေတာပဲ၊ အစ်ကိုကြီး ပြောတာ တကယ် မှန်တာပဲ။ ဟိုမှာ ရွှံ့လာရှာနေတာ မဟုတ်လား”
"မြန်မြန် သွားကြစို့"
"ဘေးဘက်ကနေ ပတ်သွားမယ်"
ဦးထုပ်နှင့် အမျိုးသားက တိုးတိုးလေး ဟောက်လိုက်သည်။ သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး၊ အနောက်မှ လူအုပ်ကြီးမှာ လူငယ်၏ စကားကို နားထောင်နေဆဲ ဖြစ်သည်ကို မြင်ရသည့်အခါ လှေကားထစ်များကို ကျော်ဖြတ်ကာ တောအုပ်အတွင်းသို့ သတိကြီးစွာဖြင့် တိုးဝင်သွားကြတော့သည်။ သူတို့သည် အဝေးမှ စမ်းချောင်းဘေးသို့ ဦးတည် လျှောက်လှမ်းသွားကြသည်။
သူတို့နှစ်ဦးသည် အိတ်ကပ်အတွင်းမှ သံထည်ဖြင့် ပြုလုပ်ထားသော လေးခွများကို ထုတ်ယူလိုက်ကြပြီး၊ ငွေရောင် သံဂေါ်လီလုံးများကို ပြင်ဆင်လျက် သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းအောင်းကာ ဦးချိုဆင်ငှက် ပျံသန်းလာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတော့သည်။
" ကျွန်တော် နည်းနည်း ရင်တုန်နေတယ်"
"မတုန်နဲ့၊ သေသေချာချာ စဉ်းစားစမ်း၊ သိန်းပေါင်း ရာနဲ့ချီ ရမှာနော်။ ဒါကို ရရင် ငါတို့ နှစ်ပေါင်းများစွာ ပျော်ပါးလို့ ရပြီလေ"
ဦးထုပ်နှင့် အမျိုးသားက အသံကို နှိမ့်၍ ဆူပူလိုက်သည်။
"မမေ့နဲ့ဦး၊ ငါတို့မှာ လောင်းကစား အကြွေးတွေ အများကြီး ရှိသေးတယ်လေ၊ အဲဒါတွေ ဆပ်ရဦးမယ်။ ပြီးတော့ ဦးချိုဆင်ငှက်တွေက ဒီလောက်အများကြီး ရှိတာကို၊ ငါတို့ တစ်ကောင်တည်း ဖမ်းတာ ဘာမှ မထိခိုက်ပါဘူး"
565 03
"ဒါပေမဲ့ အစ်ကိုကြီး၊ စောစောက ဟိုလူငယ် ပြောတာတော့ အထီးသေရင် သစ်ခေါင်းထဲက နှစ်ကောင်ပါ သေမှာတဲ့၊ ကျွန်တော် နည်းနည်း..."
"ဖြန်း..."
သူ၏အပေါင်းအဖော်ကို ပါးတစ်ချက် အားကုန် ရိုက်လိုက်ပြီးနောက်၊ ထိုအမျိုးသားသည် ရက်စက်လှသော မျက်နှာထားဖြင့် အသံကို နှိမ့်၍ ပြောလိုက်သည်။
"မင်း ဘာသဘောလဲ”
"အခုမှ အလုပ်မလုပ်ချင်တော့ဘူးလား။ ဒါပေမဲ့ မင်း ရောက်နေပြီလေ၊ ငါ ပြောလိုက်မယ်၊ မင်းသာ မလုပ်ရင်လည်း မင်းဟာ ကြံရာပါပဲ၊ နားလည်လား”
"သေသေချာချာ စဉ်းစားစမ်း၊ မင်း သိသွားပြီဆိုကတည်းက မလုပ်လို့ မရတော့ဘူး"
"မလန့်နဲ့၊ တိရစ္ဆာန် တစ်ကောင် သတ်တာပဲလေ၊ အိမ်မှာ ကြက်မသတ်ဖူးဘူးလား၊ အတူတူပါပဲ။ ခဏနေရင် သေသေချာချာ ချိန်၊ ငါတို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း ပစ်မယ်၊ ဒီကောင့်ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းရမယ်"
"အသံမထွက်စေနဲ့"
သူတို့နှစ်ဦးသည် သစ်ပင်နောက်တွင် တိတ်ဆိတ်စွာ ပုန်းအောင်းလျက် စမ်းချောင်းဘေးကို မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။
"ကူး... ကူး..."
"မကြာခင် ပြီးတော့မှာပါ၊ နောက်တစ်ခေါက်ဆိုရင် အားလုံး ပြည့်စုံသွားပြီ"
ဦးချိုဆင်ငှက်အထီးသည် သစ်ခေါင်းအတွင်းရှိ သူ၏ဇနီးကို ကြည့်ကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
"ကျိ..."
"သတိထားဦးနော်"
အမဖြစ်သူက စိုးရိမ်တကြီး မှာကြားလိုက်သည်။ အဘယ်ကြောင့်မှန်းမသိဘဲ အန္တရာယ်တစ်ခုက ၎င်းတို့အနားသို့ ချဉ်းကပ်လာနေသည်ဟု သူမ ခံစားနေရသည်။
"ရပါတယ်၊ ငါ သတိထားပါ့မယ်"
ဦးချိုဆင်ငှက်အထီးသည် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး အတောင်ပံကို ဖြန့်လျက် ထပ်မံပျံသန်းထွက်ခွာလာခဲ့သည်။ ဤနေရာတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်ရာ၊ သူ၏မျိုးနွယ်စုများစွာ အသတ်ခံရသည်ကို သူ မြင်တွေ့ခဲ့ရဖူးသည်။ အိမ်နီးချင်း ငှက်တစ်ကောင်မှာ ဦးခေါင်းခွံ တစ်ခုလုံး အခွာခံလိုက်ရသည်ကိုလည်း သူ ကောင်းကောင်း မှတ်မိနေသေးသည်။ သစ်ခေါင်းဘေးတွင် ရပ်လျက် အတွင်းမှ ဇနီးနှင့် သားသမီးများကို ကြည့်ကာ နာကျင်စွာ အော်ဟစ်နေခဲ့သည့် အသံကိုလည်း သူ မေ့မရပေ။
"သေချာပေါက် အဆင်ပြေမှာပါ"
565 04
ဦးချိုဆင်ငှက်အထီးသည် အသက်ကို ဝအောင် ရှူလိုက်ပြီး ကောင်းကင်ယံတွင် တစ်ပတ် ဝေ့ပျံလျက် စမ်းချောင်းဘေးရှိ အခြေအနေကို သေသေချာချာ စစ်ဆေးလိုက်သည်။ ထို့နောက်မှ သူသည် သတိကြီးစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
"လာပြီ..."
ဦးထုပ်နှင့် အမျိုးသား၏ ခန္ဓာကိုယ်မှာ တုန်သွားရပြီး သူက တိုးတိုးလေး ဟောက်လိုက်သည်။
"သေသေချာချာ ချိန်ကြစမ်း"
အေးစက်လှသော လေးခွနှစ်လက်မှာ သစ်ပင်နောက်မှနေ၍ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ အနက်ရောင် သားရေကြိုးများမှာလည်း တစ်စတစ်စ တင်းမာလာတော့သည်။
အခြားတစ်ဖက်တွင်မူ...
ယခုအချိန်တွင် များပြားလှသော ပရိသတ်များမှာ ကီးဘုတ်များကို ရူးသွပ်စွာ ရိုက်နှိပ်နေကြသည်။
"မြန်မြန်... ဒါရိုက်တာ ဆုပိုင်၊ တိုက်ရိုက်လွင့်တင်မှုကို တစ်ချက်ကြည့်ပါဦး၊ တောက်... ဟိုလူနှစ်ယောက် ပစ်တော့မယ်"
"အား... ရင်တုန်လိုက်တာ၊ နောက်ကျသွားရင်တော့ ဒီဦးချိုဆင်ငှက်လေး ပစ်ချခံရတော့မှာပဲ"
"တွေ့ပြီ၊ တွေ့ပြီ၊ ဒါရိုက်တာ ဆုပိုင် စာတွေကို မြင်သွားပြီ၊ အခု ထွက်သွားပြီ"
"မြန်မြန်... မြန်မြန်... မထင်မှတ်ထားဘူး၊ ဒီလူနှစ်ယောက်က ဒီလောက်အထိ သတ္တိရှိတာလား။ ခရီးသွားလို ဟန်ဆောင်ပြီး ဝင်လာတယ်ပေါ့။ တောက်... စစ်ဆေးတာတွေရော မရှိဘူးလား။ လေးခွတွေ သယ်လာတာက ပြဿနာရှာဖို့ဆိုတာ သိသာနေတာပဲ"
"ယုတ်မာလိုက်တာ၊ စောစောက ဆုပိုင် ပြောတဲ့ စကားတွေကို သူတို့ သေချာပေါက် ကြားခဲ့တာပဲ။ ဒါကိုတောင် လက်ရဲဇက်ရဲ လုပ်နိုင်တယ်ဆိုတော့ ဒီလူတွေရဲ့ နှလုံးသားက ကျောက်တုံးတွေနဲ့ လုပ်ထားတာလား”
"ဒီလူတွေက သေသင့်တာ၊ အမဲလိုက်သမားတွေထက် ပိုပြီး မုန်းဖို့ကောင်းတယ်။ အကုန် ဖမ်းပစ်ရမယ်"
တိုက်ရိုက်လွင့်တင်မှုအတွင်းရှိ ပရိသတ်များသည် တစ်စတစ်စ မြင့်တက်လာသော ကင်မရာမြင်ကွင်းကြောင့် သစ်ပင်နောက်တွင် ပုန်းနေသော လူနှစ်ဦးကို ရှာတွေ့သွားကြသည်။ ၎င်းတို့၏ ရှေ့တွင်မူ ဦးချိုဆင်ငှက် တစ်ကောင်သည် စမ်းချောင်းဘေးတွင် ဟိုခုန်သည်ခုန်ဖြင့် အလုပ်ရှုပ်နေသည်။ မိမိကို သေနတ် (လေးခွ) နှင့် ချိန်ထားသည်ကို ထိုငှက်ကလေးမှာ လုံးဝ သတိမထားမိပေ။
"တောက်"
ဆုပိုင်သည် စာများကို တစ်ချက်ကြည့်လိုက်သည့် ခဏတွင် မျက်လုံးများ ပြူးကျယ်သွားရပြီး လူအုပ်ကြီးကြားမှ ဝုန်းကနဲ ပြေးထွက်သွားတော့သည်။
"ဗွမ်း..."
မီတာအနည်းငယ် မြင့်မားလှသော လှေကားထစ်များပေါ်မှ သူသည် တွေဝေခြင်းမရှိဘဲ ခုန်ချလိုက်သည်။ စမ်းချောင်းထဲသို့ ကျရောက်သွားသည့် ခဏတွင် သူ၏ အရှိန်ကို အမြင့်ဆုံးသို့ မြှင့်လိုက်ပြီး ကင်မရာမြင်ကွင်းထဲမှ နေရာရှိရာသို့ အသည်းအသန် ပြေးဝင်သွားတော့သည်။
"မြန်မြန်... ဒီထက် ပိုမြန်မြန်"
"မြန်မြန် လုပ်စမ်းပါဦး..."
သူသည် အသံကို နှိမ့်၍ အော်ဟစ်လိုက်မိသည်။
565 05
"ကျိ..."
"အား... အား... အား"
ရုတ်တရက် အဝေးတစ်နေရာမှ နာကျင်စွာ အော်ဟစ်သံကြီး တစ်ချက် ထွက်ပေါ်လာသည်။ ဆုပိုင်သည် နေရာမှာတင် တောင့်ကနဲ ဖြစ်သွားပြီး သူ၏ မျက်နှာမှာလည်း ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။
တစ်လှမ်း နောက်ကျသွားတာလား။
"တောက်... ယုတ်မာလိုက်တာ၊ မင်း ဘယ်လို ချိန်တာလဲ၊ ဘာလို့ သူ့ကို အော်ခိုင်းလိုက်ရတာလဲ၊ မြန်မြန် သွားစို့"
ဦးထုပ်နှင့် အမျိုးသားသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ အိတ်ကပ်ထဲမှ ကပ်ကြေးငယ်လေး တစ်ခုကို ထုတ်ယူကာ စမ်းချောင်းထဲသို့ ပြုတ်ကျသွားသော ဦးချိုဆင်ငှက်ဆီသို့ ပြေးဝင်သွားတော့သည်။
"တောက်... ကံကောင်းလို့ ရေထဲ ပြုတ်ကျသွားတာ၊ မဟုတ်ရင် ဒီကောင် လွတ်သွားမှာ သေချာတယ်"
သူသည် ကိုယ်ထည် မသေးလှသော ဦးချိုဆင်ငှက်ကို ရေထဲမှ ဆွဲမလိုက်သည်။
"ကျိ..."
"ဟင့်အင်း... ငါ့ကလေးလေးတွေ၊ ငါ့ဇနီးလေး"
ဦးချိုဆင်ငှက်အထီးသည် အသည်းအသန် ရုန်းကန်နေပြီး၊ သူ၏ နှုတ်သီးဖြင့် သူ့ကို ကိုင်ထားသော လက်ကို ပေါက်ရန် ကြိုးစားနေသည်။ သို့သော်...
"ဒုန်း"
ဦးထုပ်နှင့် အမျိုးသားသည် ဦးချိုဆင်ငှက်ကို ဘေးရှိ ကျောက်ဆောင်ပေါ်သို့ အားကုန် ဆောင့်ချလိုက်သည်။ မူးမေ့သွားသော ဦးချိုဆင်ငှက်ကို ကြည့်ကာ သူသည် ဘေးမှ အပေါင်းအဖော်ကို အလျင်အစလို လှမ်းခေါ်လိုက်သည်။
"ဒီကို လာစမ်း၊ သူ့ခေါင်းကို မြန်မြန် ဖိထား၊ ငါ ဦးခေါင်းခွံကို ခွာယူမယ်"
"မြန်မြန်လုပ်၊ ခဏနေရင် ဟိုလူတွေ ရောက်လာတော့မှာ။ ဦးခေါင်းခွံကို ယူပြီးရင် ငါတို့ နောက်တစ်ဖက်ကနေ တောင်အောက်ကို ဆင်းကြမယ်"
"ဂုတ်..."
အခြားအမျိုးသားသည် နှုတ်ခမ်းကို သပ်လိုက်ရင်း၊ သွေးစက်များ စိမ့်ထွက်နေသော ဦးချိုဆင်ငှက်ကို ကြည့်ကာ ချက်ချင်းပင် ဒူးထောက်ထိုင်ချလိုက်သည်။ သူသည် ငှက်၏လည်ပင်းကို အားကုန် ဖိထားလိုက်သည်။
"ဟားဟားဟား၊ ဒါတွေက ပိုက်ဆံတွေချည်းပဲကွ၊ ငါတို့တော့ ချမ်းသာပြီ"
ဦးထုပ်နှင့် အမျိုးသားသည် မျက်နှာတစ်ခုလုံး နီရဲလျက်၊ လက်ထဲမှ ကပ်ကြေးကို တင်းတင်းဆုပ်ကာ ငှက်၏ ဦးခေါင်းဘေးဘက်သို့ ထိုးစိုက်ရန် ပြင်လိုက်တော့သည်။
အလွန် စိုးရိမ်ရသည့် ထိုခဏမှာပင်...
"ဒုန်း"
အဝေးမှ ကျောက်ခဲတစ်လုံး ပျံသန်းလာပြီး ဦးထုပ်နှင့် အမျိုးသား၏ နဖူးတည့်တည့်သို့ ထိမှန်သွားသဖြင့် သူသည် နေရာမှာတင် မှောက်ရက် လဲကျသွားတော့သည်။
"မင်း လုပ်ရဲရင် လုပ်ကြည့်စမ်း"
နားကွဲမတတ် ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာသည်။ သူတို့နှင့်အတူ တောင်ပေါ်သို့ တက်လာခဲ့သော ထိုလူငယ်သည် ဒေါသတကြီးဖြင့် ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။
(ဦးချိုဆင်ငှက် ဆိုတာကတော့ အောက်ချင်းငှက် မျိုးနွယ်စုဝင် ရှားပါးငှက်တစ်မျိုးပဲ ဖြစ်ပါတယ်။ တခြားအောက်ချင်းငှက်တွေနဲ့ မတူတာက သူ့ရဲ့ဦးခေါင်းပေါ်က အမောက်ဟာ အခေါင်းပွမဟုတ်ဘဲ ဆင်စွယ်လိုပဲ အနှစ်သားအတိ ဖြစ်နေတာပါ)
******
566 01
အခန်း 566 လေကိုတောင် ရောင်းတာလား (၁/၂)
"ဘုန်း..."
ဆုပိုင်က ရှေ့သို့ ပြေးထွက်သွားပြီး၊ အခြားတစ်ယောက်ကို ခြေထောက်ဖြင့် တစ်ချက် ကန်လှဲလိုက်ကာ၊ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ဦးချိုဆင်ငှက်လေးကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။
စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်…
ထိုအခါမှသာ သက်ပြင်းကို အရှည်ကြီး ချနိုင်တော့သည်။
နောက်ဆုံးတော့ အချိန်မီ ရောက်လာခဲ့သည်။ ဒဏ်ရာအချို့ ရရှိထားသော်လည်း အသက်အန္တရာယ် မရှိပေ။
သို့သော်...
ဘေးနားတွင် လဲနေသည့် ခရီးသွား နှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး၊ ဆုပိုင်က မခံမရပ်နိုင်ဖြစ်ကာ သွားကြိတ်လိုက်မိသည်။
ဤလေ့လာရေးအဖွဲ့ထဲသို့ ဝင်လာပြီးနောက်တွင်၊ တကယ်တော့ ဤလူနှစ်ယောက် အနည်းငယ် မသင်္ကာစရာကောင်းသည်ကို သူ သတိထားမိခဲ့ပြီးသား ဖြစ်သည်။
သို့သော်လည်း ရှင်းလင်းပြောကြားမှုများ ပြုလုပ်ပြီးသည့်တိုင်အောင်၊ ဤလူနှစ်ယောက်က လက်ရဲဇာတ်ရဲ ရှိနေဆဲဖြစ်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဤနေရာမှာတင် ဦးချိုဆင်ငှက်၏ ဦးခေါင်းခွံ အရိုးချပ်ကို ခွာယူရန်ပင် ကြံစည်ခဲ့ကြသည်။
ပြီးတော့...
ဤဦးချိုဆင်ငှက်၏ နှုတ်သီးဘေးရှိ မြေကြီးများကို ကြည့်ခြင်းအားဖြင့်၊ ၎င်းသည် အသိုက်ကို ပိတ်ဆို့ရန် ကြိုးစားနေခဲ့ခြင်းဖြစ်ကြောင်း သိမြင်နိုင်သည်။
အကယ်၍ ဤဦးချိုဆင်ငှက်သာ သေဆုံးသွားခဲ့လျှင်၊ ပိတ်ဆို့ထားခြင်း ခံထားရသည့် ၎င်း၏ အဖော်သည်လည်း အလားတူ သေဆုံးသွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"ထစမ်း!"
ဆုပိုင်သည် ဒဏ်ရာရထားသော ဦးချိုဆင်ငှက်ကို ပွေ့ချီကာ၊ ထိုလူနှစ်ယောက်ကို ကန်နှိုး၍ ငေါက်ငန်းလိုက်သည်။
"ဆု"
ထိုအချိန်တွင် ခရီးသွားတစ်အုပ်သည် သစ်တောထဲမှ တိုးထွက်လာကြပြီး၊ မြေပြင်ပေါ်တွင် လဲနေသည့် လူနှစ်ယောက်နှင့် ဆုပိုင်လက်ထဲမှ ဦးချိုဆင်ငှက်ကို မြင်လိုက်ရသည့်အခါတွင် လူတိုင်း နားလည်သွားကြသည်။
"တောက် သူတို့ကို လုံခြုံရေးဗျူရိုကို ဖမ်းခေါ်သွားကြ၊ ဒီလိုလူမျိုးတွေက ခရီးသွားယောင်ဆောင်ပြီး ဦးချိုဆင်ငှက်တွေကို လာဖမ်းတာပဲ၊ သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"
"အကယ်၍ ဆုပိုင်ရဲ့အရှိန်သာ မမြန်ခဲ့ရင်၊ ဒီလူနှစ်ယောက် အခုဆို လက်စသတ်သွားလောက်ပြီ"
"ဒီဦးချိုဆင်ငှက်က အသက်ရှင်နိုင်ပါဦးမလား"
လူတစ်စုက ထိုလူနှစ်ယောက်ကို ဖမ်းချုပ်လိုက်ကြပြီး၊ ဒေါသတကြီးဖြင့် အဝေးရှိ လှေကားထစ်များပေါ်သို့ လျှောက်သွားကြသည်။
"မင်းရဲ့ အသိုက်က ဘယ်မှာလဲ"
566 02
ဆုပိုင်သည် ဦးချိုဆင်ငှက်ကို ပွေ့ချီထားရင်း၊ ရင်ခွင်ထဲသို့ ငုံ့ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
၎င်း၏ မျက်လုံးများ ကြည့်ရာနောက်သို့ လိုက်ကြည့်လိုက်သည်။
အကြည့်သည် ကျောက်ဆောင်ပေါ်တွင် ပေါက်နေသည့် သစ်ပင်တစ်ပင်ပေါ်၌ လျင်မြန်စွာ ရပ်တန့်သွားသည်။
သစ်ခေါင်းပေါက်တစ်ခုတွင် မြေကြီးခြေရာလက်ရာများ ရှိနေသည်ကို ဝေဝါးစွာ မြင်နေရသည်။
"သူ့ကို ကြည့်ပေးထားပါဦး"
ဆုပိုင်သည် ဤအဖို ဦးချိုဆင်ငှက်ကို ဒေစီ၏ ရင်ခွင်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်ပြီး ထိုသစ်ပင်အောက်သို့ အမြန်ပြေးသွားသည်။
လူတစ်စုက ဆုပိုင်၏ လှုပ်ရှားမှုကို ကြည့်ပြီး၊ အန္တရာယ်များသည့် ထိုသစ်ပင်ကို ကြည့်ကာ တစ်ခုခုကို သတိပြုမိသွားပုံရသည်။
"မလုပ်ပါနဲ့ အရမ်းအန္တရာယ်များတယ်၊ ဒီက ဝန်ထမ်းတွေကို အကြောင်းကြားပြီး ကိရိယာတွေ ယူလာခိုင်းလို့ ရတာပဲ"
ဒေစီက စိုးရိမ်တကြီး အော်ပြောလိုက်သည်။
သို့သော် အဝေးက ထိုလူငယ်က လက်ယမ်းပြလိုက်ရုံသာ လုပ်ပြီး၊ ကျောက်ဆောင်ကို လက်နှစ်ဖက်ဖြင့် ဆွဲကာ အပေါ်သို့ ဖြည်းညှင်းစွာ တက်သွားသည်။
လူတိုင်းက ခေါင်းမော့ပြီး သူ့ကို ကြည့်နေကြသည်။
အမြင့်က ပိုပိုမြင့်လာသည်နှင့်အမျှ၊ လူတိုင်း၏ နှလုံးသားကလည်း တုန်လှုပ်လာသည်။
ဘာကာကွယ်ရေး ကိရိယာမှ မပါဘဲ၊ အကယ်၍ တစ်ခုခုဖြစ်သွားခဲ့လျှင်...
လူတိုင်းက အသက်ကို အောင့်ထားရင်း၊ ဖြည်းဖြည်းချင်း တက်နေသည့် ဆုပိုင်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။
"ဟူး..."
ဆုပိုင်က ခေါင်းမော့ကြည့်လိုက်ပြီး သစ်ကိုင်းကို လက်နှစ်ဖက်ဖြင့် ဆွဲကာ ရှေ့ရှိ သစ်ခေါင်းဆီသို့ ဖြည်းညှင်းစွာ တိုးသွားသည်။
"ဂူး..."
"ဘာလို့ အခုထိ ပြန်မလာသေးတာလဲ"
အတွင်းထဲမှ ထွက်ပေါ်လာသော အသံကို ဝေဝါးစွာ ကြားလိုက်ရသည်။
ခုနက ပိတ်ထားသည့် မြေကြီးများကို ဖယ်ရှားလိုက်ပြီး၊ ဆုပိုင်သည် အတွင်းထဲမှ ထိတ်လန့်နေသော အမငှက်ကို ထုတ်ယူလိုက်ကာ၊ အောက်ရှိ လူအုပ်ကို လှည့်ကြည့်၍ လက်ယမ်းပြလိုက်ပြီး ဘေးရှိ သစ်ကိုင်းအတိုင်း အလျင်အမြန် လျှောဆင်းလာခဲ့သည်။
"ဂူး..."
"ဘာဖြစ်တာလဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ"
အမငှက်သည် ၎င်းအဖော်၏ ပုံစံကို မြင်ပြီး၊ စူးရှစွာ အော်မြည်ကာ ဆုပိုင်၏ ရင်ခွင်ထဲမှ ခုန်ထွက်သွားသည်။
လူတိုင်းက အတူတူ ကပ်နေကြသည့် ဦးချိုဆင်ငှက်နှစ်ကောင်ကို ကြည့်ပြီး၊ သက်ပြင်းအရှည်ကြီး ချလိုက်ကြသည်။
သို့သော် ဆုပိုင်တစ်ယောက်သာ နားလည်သည်။
566 03
ဤကောင်လေးနှစ်ကောင်ကို အမြန်ခေါ်သွားရမည်ဖြစ်ပြီး၊ အမငှက်က မကြာခင် ဥအုတော့မည် ဖြစ်ရာ၊ ထပ်ပြီး အချိန်နှောင့်နှေးနေပါက အန္တရာယ်ရှိနိုင်သည်။
ထိုကောင်လေးနှစ်ကောင်ကို ပွေ့ချီလိုက်ပြီး၊ ဆုပိုင်က လူတိုင်းကို ပြောလိုက်သည်။
"အားလုံးပဲ ကူညီပြီး ဒီရာဇဝတ်ကောင် နှစ်ယောက်ကို လုံခြုံရေးဗျူရိုကို ပို့ပေးကြပါ၊ ကျွန်တော် ဒီဦးချိုဆင်ငှက်နှစ်ကောင်ကို ဒဏ်ရာကုဖို့ ခေါ်သွားပါဦးမယ်"
ပြောပြီးနောက်၊ လှည့်ထွက်ကာ ဘေးရှိ လမ်းအတိုင်း အမြန်ပြေးဆင်းသွားသည်။
လူတိုင်းက ထိုလူငယ်၏ အလောတကြီး ပုံစံကို ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ ရာဇဝတ်ကောင် နှစ်ယောက်ကို ဖမ်းဆီး၍ နောက်က လိုက်သွားကြသည်။
ဆုပိုင်က ခန္ဓာကိုယ်ကို လွှဲလိုက်ပြီး၊ ဘေးရှိ သစ်တောထဲသို့ တစ်ဖန် ပြန်ဝင်သွားသည်။
ထိုအခါမှသာ စိတ်ထဲတွင် တာဝန်အောင်မြင်ကြောင်း အသံ ထွက်ပေါ်လာသည်။
"တင်း Hostသည် 'သွေးစွန်းနေသော အပိုင်းအစများ' တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်"
"တင်း Hostသည် အာဖရိကဆင်၊ ကြံ့နက်၊ ဦးချိုဆင်ငှက်တို့ကို အောင်မြင်စွာ ပြန်လည်အသက်သွင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်၊ ပြတိုက် တည်ဆောက်ရေး ရန်ပုံငွေ သိန်း ၃၀၀ ကို ဆုလာဘ်အဖြစ် ပေးအပ်ပါသည်"
"စနစ်သည် ပြန်လည်ရောက်ရှိနေပြီ ဖြစ်သဖြင့်၊ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆက်အသွယ် ဖြတ်တောက်လိုက်ပါသည်"
ကိုယ်ဟန်ကို ထိန်းလိုက်ပြီးနောက်၊ ဆုပိုင်သည် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ရုံးခန်းအတွင်းသို့ ရောက်နေသည်ကို တွေ့ရှိရသဖြင့် ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်သည်။
တိရစ္ဆာန်ဥယျာဉ်ထဲမှာဆိုရင်တော့ ပြောရဆိုရတာ လွယ်ကူသွားပြီ။
ဦးချိုဆင်ငှက်နှစ်ကောင်ကို ပွေ့ချီပြီး မွေးမြူရေးခန်းထဲသို့ အမြန်ပြေးသွားသည်။
အမငှက်ကို သေချာစွာ နေရာချပေးပြီးသည့်တိုင်အောင်၊ ထိုအခါမှသာ အသက်ရှူမဝဘဲ အပြင်သို့ ထွက်လာခဲ့သည်။
မြက်ခင်းပေါ်တွင် ဖင်ထိုင်ချလိုက်ပြီး၊ ရှေ့ရှိ မြောက်မြားစွာသော တိရစ္ဆာန်များကို ကြည့်ကာ ဆုပိုင်သည် မြက်ခင်းပေါ်တွင် တန်းတန်းမတ်မတ် လှဲချလိုက်ပြီး အသက်ကို ဝဝရှူလိုက်သည်။
နောက်ဆုံးတော့ ဤတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီ။
ဒါပေမဲ့...
"မဟန်ဘူး"
ဆုပိုင်က ရေရွတ်လိုက်ပြီး တစ်ဖန် ပြန်ထိုင်လိုက်သည်။
ပြန်လည်အသက်ဝင်လာတဲ့ ကြံ့တွေကော..
အဝေးရှိ မြစ်ဘေးတွင် ဆင်အုပ်ကြီးကို မြင်နေရသော်လည်း၊ ကြံ့များ၏ အရိပ်အယောင်ကိုမူ မတွေ့ရပေ။
566 04
"အောင်း..."
အဝေးမှ ဟိန်းသံတစ်ချက် ထွက်ပေါ်လာသည်။
မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
တိရစ္ဆာန်တစ်အုပ်သည် ရှေ့တွင် မရပ်မနား ပြေးနေကြပြီး၊ နောက်တွင် ကြံ့နက်အချို့က လိုက်လံ မောင်းနှင်နေသည်ကို တွေ့ရသည်။
ကြံ့နက်များ၏ နောက်တွင်မူ၊ ချင်ချီလာတစ်အုပ်က လှည်းလေးများကို တွန်းရင်း ခေါင်းများကို မနားတမ်း ယမ်းနေကြသည်။
"မြန်မြန်၊ လိုက်စမ်း..."
"ငါ့ရဲ့မျက်မှန်ကြီး... လောင်ယီ၊ ကြံ့ကြီးရေ၊ အဲဒီကောင်တွေကို အလွတ်မပေးနဲ့ဦး!"
"လူးလူးလူး... လိုက်စမ်း!"
"..."
တိရစ္ဆာန်များနှင့် ကစားပေးနေခြင်းဖြစ်ကြောင်း သေချာမြင်လိုက်ရပြီးနောက်မှသာ၊ ဆုပိုင်သည် စိတ်အေးလက်အေးဖြင့် ရုံးခန်းဘက်သို့ လျှောက်သွားတော့သည်။
+++++
567 01
အခန်း 567
"မင်း နည်းနည်း ညင်သာပေးပါဦး"
"အား..."
"အား အား အား အား၊ လူသတ်နေတာလား၊ တင်ပါးကို ထိုးရမယ့် ဆေးမဟုတ်ဘူးလား။ နင်က ငါ့ပေါင်ကို လာထိုးနေတာပဲ"
အဆောင်ထဲမှ နာကျင်စွာ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။
"ဘယ်သူ့အသံလဲ။ တစ်ခါမှ မကြားဖူးပါလား"
ဆုပိုင်က တိုးတိုးလေး ရေရွတ်ရင်း၊ အဆောင်ထဲသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
"ကျွီ..."
တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။
ဝတ်စုံဖြူ ဝတ်ထားသော အမျိုးသမီးငယ်တစ်ဦးသည် ဆေးထိုးအပ်တစ်ခုကို ကိုင်ကာ ဆေးပြွန်ပေါ်တွင် တပ်ဆင်နေသည်ကို တွေ့လိုက်ရသည်။
"နင် ပြီးပြီလား။ ကောင်းစွမ်း... နင် အမှန်အတိုင်း ပြောစမ်း၊ ငါ့ကို လက်တည့်စမ်းနေတာ မဟုတ်လား!"
ရုံလီက ကုတင်ပေါ်တွင် မှောက်လျက်လဲနေပြီး တင်ပါးတစ်ဝက်ကို ဖော်ထားသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ"
ဆုပိုင်သည် တံခါးကို တွန်းဖွင့်ပြီး ဝင်သွားကာ၊ ထိုလူနှစ်ယောက်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
"အာ..."
ရှေ့က အမျိုးသမီးငယ်ကို သူ သိသည်၊ သူမက တိရစ္ဆာန် ကာကွယ်ရေးဌာနမှ ကောင်းကင်တိရစ္ဆာန်ဥယျာဉ်သို့ တိရစ္ဆာန်ဆရာဝန်ပညာ လာရောက်လေ့လာရန် စေလွှတ်လိုက်သူ ဖြစ်သည်။
ပြဿနာမှာ၊ ကုတင်ပေါ်တွင် လဲနေသည့် ထိုလူငယ်က ဘာကိစ္စလဲ
ထို့အပြင်...
"အား..."
လူငယ်၏ တင်ပါးနောက်က ဆေးထိုးထားသည့် အပေါက်ကို ကြည့်ပြီး၊ ဆုပိုင်က သက်ပြင်း မချဘဲ မနေနိုင်ပေ။
"အာ ဒါရိုက်တာဆုပိုင်၊ ကျွန်မ... ကျွန်မ ချစ်သူကို ဆေးထိုးပေးနေတာပါ"
ကောင်းစွမ်းက ပါဝါမနည်းသော သူမ၏မျက်မှန်ကို ပင့်တင်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည် -
"သူက ဒီနေ့ တိရစ္ဆာန်ဥယျာဉ်ကို ပထမဆုံးနေ့ အစီရင်ခံဖို့ လာတာပါ၊ ခေါင်းပြားတကောနဲ့ သတ်ပုတ်မိပြီး... ဒဏ်ရာနည်းနည်း ရသွားနိုင်လို့၊ ကျွန်မ ဆေးတစ်လုံး ထိုးပေးကြည့်မလို့ပါ..."
"ခေါင်းပြားတကောနဲ့ သတ်ပုတ်မိတယ်"
"ပြီးတော့ ဒဏ်ရာလည်း ရသွားနိုင်တယ်"
ဆုပိုင်က အမြန်လျှောက်သွားပြီး၊ ဘေးရှိ ဆေးဘူးကို ယူကာ သေချာကြည့်ပြီးနောက်၊ ထိုလူငယ်၏ ရှေ့တွင် အမြန်ထိုင်ချကာ စိုးရိမ်တကြီး မေးလိုက်သည် -
"မင်း အခု နေလို့မကောင်းတာမျိုး ရှိလား"
"အာ... ကျွန်တော်က ရုံလီပါ၊ တိရစ္ဆာန် ကာကွယ်ရေးဌာနက လူသစ်ပါ၊ ကျွန်တော်..."
567 02
ရုံလီက မိမိ၏ကတုံးကို ပွတ်သပ်ရင်း၊ မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အစပိုင်းကတော့ ရင်ဘတ်က အောင့်နေတာ၊ အခုတော့ ရင်ဘတ်က မအောင့်တော့ဘူး၊ တင်ပါးကပဲ နည်းနည်း နာနေတယ်"
အမယ်လေး…
မင်းတင်ပါး မနာရင်ပဲ ထူးဆန်းနေဦးမယ်။
ဆုပိုင်က ကောင်းစွမ်း လက်ထဲမှ ကြီးမားသော ဆေးထိုးအပ်ကို လှည့်ကြည့်လိုက်ပြီး၊ ပါးစပ်က တဆတ်ဆတ် တုန်သွားသည်။
ဒီလူနှစ်ယောက်က တကယ်ပဲ ရည်းစားတွေ ဟုတ်ရဲ့လား။
ဒါက အရမ်း ကြောက်စရာကောင်းလွန်းတယ်။
အကယ်၍ မိမိ မမှားဘူးဆိုလျှင်၊ ထိုဆေးထိုးအပ်က ဝက်ကို ထိုးရမည့် ဆေးထိုးအပ် ဖြစ်သည်။
ပြီးတော့၊ ဒီမိန်းကလေးက တိရစ္ဆာန်ဆရာဝန် သင်နေတာလေ၊ လူငယ်လေးရေ၊ မင်းရဲ့ ဒီအချစ်အတွက် ပေးဆပ်မှုကတော့ နည်းနည်း များသွားပြီ။
"သေချာ ပြန်ခံစားကြည့်စမ်း၊ နောက်ထပ် ဘယ်နေရာတွေ နေလို့မကောင်းသေးလဲ"
"နောက်ထပ် ဘယ်နေရာတွေ နေလို့မကောင်းသေးလဲ"
ရုံလီသည် ရှေ့က ဒါရိုက်တာဆုပိုင်က မိမိ၏ ဒဏ်ရာအပေါ် ဤမျှအထိ ဂရုစိုက်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့်၊ ခေတ္တမျှ စိတ်လှုပ်ရှားသွားပြီး၊ မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် စုကြုံ့ကာ မိမိခန္ဓာကိုယ်အတွင်းက အပြောင်းအလဲကို သေချာ ခံစားကြည့်သည်။
တင်ပါးက စပ်ဖျဉ်းဖျဉ်း နာကျင်နေတာကလွဲရင်၊ တကယ်ပဲ တခြား ဘာမှ မထူးခြားတော့ပေ။
ဖြည်းဖြည်းချင်း ခေါင်းယမ်းလိုက်ပြီးနောက်။
"ဟူး..."
ဆုပိုင်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဘေးရှိ ကောင်းစွမ်းကို ကြည့်ကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
"ဒီနေ့ မင်းကို တစ်ရက် ခွင့်ပေးမယ်၊ မြန်မြန်သွားပြီး မျက်မှန်ကို အသစ် သေချာသွားလဲလိုက်"
"နောက်ပြီးတော့ နောင်ကို ဆေးယူတဲ့အခါကျရင် လောင်ကျိုးကို သေချာ မေးဦး"
"သူက ဘယ်နေရာပဲ မဟုတ်တာဖြစ်ဖြစ်၊ မင်းက သားဖွားဆေးကို သွားထိုးလို့ မရဘူးလေ"
"ဝုန်း..."
ရုံလီသည် ကုတင်ပေါ်မှ တန်းခနဲ ပြုတ်ကျသွားပြီး၊ ဘေးက ကောင်းစွမ်းကို မယုံနိုင်သလို ကြည့်ကာ လက်ညှိုးဖြင့် အကြာကြီး ထိုးပြနေပြီးမှ၊ မျက်လုံးပြူးကာ တစ်ဖန် ပြန်မေ့လဲသွားပြန်သည်။
"အာ… ဒါရိုက်တာဆုပိုင် ဒါ ဘယ်လိုလုပ်ရမလဲ"
"မေ့လဲသွားပြီ၊ တခြားဆေးတစ်မျိုး ထပ်ထိုးပေးရမလား!"
"နှလုံးအားဆေးလား"
ဘေးက ကောင်းစွမ်း၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို ကြည့်ပြီး၊ မြေပြင်ပေါ်က လူငယ်လေးကို သနားသလို ကြည့်လိုက်မိသည်။
567 03
ပြီးခဲ့တဲ့ ဘဝက ဒီလူ့ဆီမှာ ဘယ်လောက်တောင် ကြွေးတွေ တင်ခဲ့လို့လဲ မသိဘူး။
အသက်ရှင်နေနိုင်တာကိုက တကယ် မလွယ်ကူတာ။
"ရပြီ၊ မင်း ထပ်မရှာနဲ့တော့... ခဏနေရင် သူ့ကို ဆေးရုံ အမြန်ပို့လိုက်တော့မယ်၊ မင်း ကတော့..."
"နောင်ကျရင် မင်းရဲ့ ချစ်သူနောက်လိုက်ပြီး ဝက်ပဲ ကျွေးတော့"
"တစ်နေ့တစ်နေ့ တကယ်ကို စိတ်ပူရလွန်းတယ်"
ဆုပိုင်သည် မြေပြင်ပေါ်က ရုံလီကို ပွေ့ချီကာ အဆောင်ထဲမှ အမြန်ပြေးထွက်သွားသည်။
"ရုံလီ... နင် ဘယ်နေရာ နေလို့မကောင်းလို့လဲ"
ကောင်းစွမ်းက နောက်က လိုက်လာရင်း မျက်မှန်ကို ပင့်ကာ ရှေ့က ရုံလီကို ကြည့်ပြီး စိုးရိမ်တကြီး မေးနေသည်။
"ပထမဆုံးနေ့မှာ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ"
"ငါ တကယ် တမင်လုပ်တာ မဟုတ်ပါဘူး၊ ငါ နင့် ကို ထိုးပေးချင်တာက ဂလူးကို့စ်လေ"
"ဘယ်လိုဖြစ်ပြီး သားဖွားဆေးကို မှားယူမိသွားတာလဲ မသိဘူး၊ ဒါပေမဲ့ နင် မကြောက်နဲ့... ဘာမှမဖြစ်စေရဘူး၊ နင် က ဘယ်လိုပဲဖြစ်ဖြစ် ဝက်ကလေးတွေကိုတော့ မွေးထုတ်လာမှာ မဟုတ်ပါဘူး!"
"ငါ..."
ရုံလီသည် မိမိနှင့် ငယ်သူငယ်ချင်း ချစ်သူဖြစ်သူကို ကြည့်ပြီး ခေတ္တမျှ စွံ့အသွားရသည်။
တောက် ငါ ဘယ်လို ပြန်ချေပရမလဲ။
တိရစ္ဆာန်တစ်အုပ်သည် အမြန်ပြေးထွက်သွားကြသော လူသုံးယောက်ကို ကြည့်ကာ၊ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"အစ်ကိုငှက်၊ ဒါ ဘာဖြစ်တာလဲဆိုတာ သိလား"
မတ်တပ်ရပ်နေသော ကွာကာလေးသည် သစ်ရွက်တစ်ရွက်ကို ကိုက်ဝါးရင်း၊ နားမလည်နိုင်သလို မေးလိုက်သည်။
"မင်းစား လို့ မပြီးသေးဘူးလား"
ငှက်တောသည် ရှေ့က ကောင်လေးကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။
"မြန်မြန် ငါ့ကို ဖုန်းနံပါတ် နှိပ်ပေးစမ်း"
"ဒီမျက်နှာပြင်ကလည်း ဘာမှ မမြင်ရတော့ဘူး၊ မင်းသေချာ စဉ်းစားစမ်း၊ ဒီဂဏန်းတွေကို ဘယ်လို နှိပ်ရမှာလဲ"
"မြန်မြန်လုပ်၊ ဟိုလူကြီး သတိရမလာခင် အချိန်မီအောင် လုပ်ရမယ်"
"အော်.. ဟုတ်ပြီလေ"
ကွာကာလေးသည် လက်ထဲက သစ်ရွက်ကို မချင်မရဲ ချလိုက်ပြီး၊ ရှေ့က မှောင်နေသော ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်ကာ၊ မျက်လုံးစောင်းပြီး သေချာစဉ်းစားကာ လက်သည်းဖြင့် နှိပ်လိုက်သည်။
"ဒီနေရာ ဖြစ်ရမယ်"
"နောက်တစ်ခုက ဒီမှာ..."
567 04
"နောက်ဆုံး... နောက်ဆုံးကတော့ ဒီနေရာ ထင်တယ်"
မကြာမီ၊ ဖုန်းကောလ်က ဆက်သွယ်မိသွားသည်။
"ဟယ်လို... ရှောင်ချင်လား၊ ငါ ဆုဟေးပါ..."
"ဘာ ပစ္စည်းဝယ်ဖို့ လိုလား"
တစ်ဖက်ကလည်း အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ အသံမှာ အလွန်နူးညံ့သော်လည်း၊ တစ်ခုခုကို ရောင်းချနေသူနှင့် တူနေသည်။
"အော် အော် အော်၊ ခုနက နာမည် မှားပြောမိလို့၊ ငါ ဆုပိုင်ပါ..."
"မင်္ဂလာပါ ရှင့်၊ မစ္စတာ ဆူပိုင် အခုလို ဖုန်းဆက်ပေးတာ ဝမ်းသာပါတယ်၊ ဘယ်အမျိုးအစားကို လိုချင်ပါသလဲ ရှင့်"
"ဘာအမျိုးအစားတွေ ရှိလို့လဲ"
******