အခန်း (၅၆၈-၅၇၀)
Vol. 38 Ch. 568-570
အခန်း 568 လေကိုတောင် ရောင်းတာလား (၂/၂)
ငှက်တောက ဘေးနားရှိ ကွာကာကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်>
"မင်းတို့ ဘာရောင်းတာလဲ"
"ဘာပြောတယ်"
"လေသွင်းထားတဲ့ ဘာကြီးလဲ"
"တောက်၊ ဒီဖုန်းအစုတ်က လိုင်းကောင်းကောင်း မမိနိုင်ဘူးလား၊ လိုချင်တယ်၊ လိုချင်တယ်၊ အဈေးအကြီးဆုံး အမျိုးအစားကိုပဲ ပေး"
"လိပ်စာကလည်း လိုသေးတာလား၊ စိတ်ရှုပ်စရာကောင်းလိုက်တာ၊ ဆုပိုင်... ကောင်းကင်ပြာတိရစ္ဆာန်ဥယျာဉ်ပဲ! ရပြီ!"
ဖုန်းချလိုက်ပြီးနောက် ငှက်တောသည် ခြေထောက်အောက်ရှိ ဖုန်းကို ကြည့်ကာ ခေတ္တမျှ အကျပ်ရိုက်သွားသည်။
ဖုန်းနံပါတ်ကို အကြိမ်ကြိမ် နှိပ်ခဲ့ပြီးပြီ ဖြစ်သည်။
သို့သော်လည်း ဟန်ရှောင်ချင်နှင့် တစ်ကြိမ်တစ်ခါမျှ အောင်မြင်စွာ စကားမပြောနိုင်ခဲ့ပေ။
အခြားသော လူမျိုးစုံနှင့်သာ တိုးနေခဲ့ပြီး၊ ထိုအထဲတွင် အားလုံးမှာ ပစ္စည်းရောင်းသူများသာ ဖြစ်နေကြကာ၊ အာမခံရောင်းသူ... ထမင်းရောင်းသူ... ခုနက တစ်ယောက်ဆိုလျှင် လေကိုတောင် ရောင်းနေသူ ဖြစ်နေသည်!
ဒီခေတ်က လူတွေက ဒီလောက်တောင် အမြတ်ကြီးစားနေကြတာလား။
လေကိုတောင် ရောင်းတော့မည်လား။
လေသွင်းပြီးမှ ရောင်းတာတဲ့လား။
"ဘယ်သူက ဖုန်းပြင်တတ်လဲ"
တိုးတိုးလေး ရေရွတ်ရင်း ငှက်တောသည် ဖုန်းကို ဆွဲကာ မြက်ခင်းပြင်ပေါ်သို့ လျှောက်သွားသည်။
မှန်အိမ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော ပန်ဒါကြီးကို အဝေးမှ မြင်လိုက်ရသဖြင့် ငှက်တောက ခေါင်းမော့ကြည့်လိုက်သည်။
"ဒီကောင်လေးက အကြီးမြန်သားပဲ"
မြှောက်ပင့်ပြောဆိုလိုက်ပြီးနောက် မျှော်လင့်ထားသည့်အတိုင်း တပိုင်က ငုံ့ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ဘယ်လိုလဲ။ ငါနဲ့ တော်တော်တူတာ မဟုတ်လား"
အမွေးတောင် မပေါက်သေးတာကို၊ ဘယ်နေရာက တူနေတာလဲ။
ငှက်တောက အလျင်အမြန် ခေါင်းညိတ်ပြကာ၊ ဖားသည့်အနေဖြင့် ပြောလိုက်သည် -
"အရမ်းတူတာပေါ့၊ တပိုင်အစ်ကိုကြီး၊ မင်းက မွေးမြူရေးခန်းထဲက လူတွေနဲ့ ရင်းနှီးတယ်မလား၊ ဖုန်းပြင်တတ်တဲ့လူ ရှိမလားဆိုတာ သိလား"
"မင်းဘာသာ မေးကြည့်ပါလား"
တပိုင်က ဤကောင်လေး၏ ဟန်ဆောင်ပန်ဆောင် ပုံစံကို ကြည့်ပြီး လက်တစ်ချက်ဖြင့် ဘေးသို့ ရိုက်ထုတ်လိုက်သည်။
568 02
ငှက်တောသည် မြေပြင်ပေါ်မှ ပြန်ထလိုက်ပြီး ထိုကောင်ကြီးကို မကျေမနပ် တစ်ချက် စောင်းကြည့်ကာ၊ မွေးမြူရေးခန်းအတွင်းရှိ လူအချို့ကို ကြည့်ရင်း ဖုန်းကို ဆွဲကာ တံခါးဝသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
"ဒေါက်... ဒေါက်... ဒေါက်!"
ခေါင်းကို ပြူထွက်ပြီး တံခါးကို ခေါက်လိုက်သည်။
သုတေသန ပညာရှင်တစ်ဦးက တံခါးဖွင့်ပေးပြီးနောက်၊ ရှေ့က ကောင်လေးကို မျက်မှောင်ကြုတ်ကြည့်ကာ မေးလိုက်သည်။
"တစ်ခုခု ဖြစ်လို့လား"
သူတို့သည် တိရစ္ဆာန်ဥယျာဉ်ထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြပြီး ဖြစ်သဖြင့်၊ တိရစ္ဆာန်မျိုးစုံ၏ အလေ့အထများကို အကြမ်းဖျင်း နားလည်ထားပြီးသား ဖြစ်သည်။
ရှေ့က ဤကောင်လေး၏ ခန္ဓာကိုယ် အရွယ်အစားက မကြီးမားသော်လည်း...
ပြဿနာရှာသည့် အဆင့်အတန်းမှာမူ၊ ထို အာဟနှင့် အောက်ခြေမကျပေ။
သူတို့၏ အမြင်တွင်မူ၊ ငှက်တောဟု ခေါ်သည့် ဤကောင်သည် အာဟထက်ပင် ပို၍ ကြောက်စရာကောင်းသည်ဟု ထင်မြင်ကြသည်။
ဘာပဲဖြစ်ဖြစ် အာဟက အိမ်ဖျက်တာမျိုးလောက်သာ လုပ်တတ်ပြီး၊ မြင်သာထင်သာ ရှိသည်။
သို့သော် ဤ ငှက်တောမှာမူ မတူညီပေ၊ လူစကား ပြောတတ်ရုံသာမက၊ အဆိုးရွားဆုံးမှာ ဤကောင်သည် လူကို လိမ်လည်လှည့်ဖြားရာတွင် အလွန်ပင် ကျွမ်းကျင်လွန်းခြင်း ဖြစ်သည်။
"အဲ... မင်းတို့ထဲမှာ ဖုန်းပြင်တတ်တဲ့လူ ရှိလား"
"ဒါက ဒီနေ့မှ ရောက်လာတဲ့ ဝန်ထမ်းအသစ်ရဲ့ဖုန်းလေ၊ ခေါင်းပြားတကော ဖိထိုင်လိုက်လို့ ကွဲသွားတာ၊ သူကလည်း ဒဏ်ရာရလို့ ဆေးရုံတက်နေရတယ်"
ငှက်တောက မျက်လုံးများကို ကစားကာ ကောက်ကျစ်စွာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူက ငါတို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ ဝန်ထမ်းပဲလေ၊ ဘယ်လောက်တောင် သနားဖို့ကောင်းလဲ၊ ရောက်တဲ့ ပထမဆုံးနေ့မှာတင် ဖုန်းက ပျက်သွားတယ်၊ လစာတောင် မထုတ်ရသေးဘူး"
"ကူညီပေးလို့ ရမလား၊ ဒီဖုန်းလေးကို ပြင်ပေးပါဦး"
"အို.. ကျေးဇူးအများကြီး တင်ပါတယ်၊ ဒီလူ လစာထုတ်ရင် မင်းတို့ကို ပြန်ပေးခိုင်းလိုက်မယ်နော်"
"ကျေးဇူးပဲ!"
ရှေ့က သုတေသန ပညာရှင်က တိုက်ရိုက် သဘောတူလိုက်ရုံသာမက၊ မနက်ဖြန်တွင် ပြန်ယူလာပေးနိုင်မည်ဟု မထင်မှတ်ဘဲ ပြောလိုက်သည်။
ငှက်တောက ပြုံးရွှင်စွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထိုအခါမှသာ ပျော်ရွှင်မြူးတူးစွာ ခေါင်းကို ယမ်းခါရင်း၊ မထီမဲ့မြင် ခြေလှမ်းများဖြင့် မြက်ခင်းပြင်ပေါ်သို့ လျှောက်သွားတော့သည်။
ဖုန်းပြင်ပြီးသွားရင်!
ဒါဆိုရင်တော့ ဟန်ရှောင်ချင်နဲ့ အေးအေးဆေးဆေး စကားပြောလို့ ရပြီပေါ့!
568 03
မော်တုမြို့။
တိရစ္ဆာန်အရုပ်မျိုးစုံဖြင့် ပြည့်နှက်နေသော အခန်းတစ်ခုအတွင်း။
ဆံပင်နှစ်ဖက် ခွဲစည်းထားသော မိန်းကလေးတစ်ဦးသည် ပြတင်းပေါက်နားတွင် ငြိမ်သက်စွာ ထိုင်နေပြီး၊ ပြတင်းပေါက်အပြင်ဘက်က ပင်လယ်ပြင်ကြီးကို ငေးကြည့်ကာ စိတ်ကူးယဉ်နေသည်။
"ရွန်ရှောင်ထောင်"
တံခါးဝတွင် ရပ်နေသော အမျိုးသမီးက မိန်းကလေး၏ ပုံစံကို ကြည့်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"အင်း..."
မိန်းကလေးက တိုးညင်းစွာ ပြန်ထူးလိုက်သည်။
"ဘာတွေ စဉ်းစားနေတာလဲ"
"ဝူမား ကျွန်မတို့ ဘယ်တော့လောက်ကျရင် တိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ဗီဒီယိုတစ်ခုလောက် ရိုက်လို့ ရမလဲဟင်"
"အစစ်အမှန် တိရစ္ဆာန် အကြောင်းအရာတွေကို ရိုက်ကူးတဲ့ ကုမ္ပဏီနဲ့ နင် ဆက်သွယ်ပြီးပြီလား"
"ထပ်ပြီး မရိုက်ဖြစ်ဘူးဆိုရင်၊ နောင်ကျရင် အခွင့်အရေး မရှိတော့မှာကို ကျွန်မ ကြောက်တယ်!"
"ဆက်သွယ်ပြီးပါပြီ၊ မနက်ဖြန် သူတို့ မော်တုကို လာကြလိမ့်မယ်၊ စိတ်အေးအေးထားပါ!"
ဝူမားသည် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေသော မိန်းကလေးကို ကြည့်ပြီး၊ ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားရသည်။
ဤကလေးမလေးကို သူမ ကိုယ်တိုင် လက်ဆွဲပြီး ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။
အခြားသူများထက် ပိုမို တောက်ပသော ကလေးဘဝကို ပိုင်ဆိုင်ထားသော်လည်း...
သူမသည် တကယ်တမ်းတွင် မပျော်ရွှင်သည်ကို ဝူမား မြင်နိုင်သည်။
ငယ်စဉ်ကတည်းက၊ အခြားကလေးများ ဆော့ကစားနေကြချိန်တွင်၊ ရွန်ရှောင်ထောင် က ဘာလုပ်နေသနည်း၊ ခါးကုန်း၍ ကကွက်များကို လေ့ကျင့်နေရသည်။
အခြားသူများ ပြန်လာချိန်တွင် မိဘများနှင့်အတူ အပန်းဖြေ ခရီးထွက်နိုင်ချိန်တွင်။
သူမသည် သီချင်းဆို သင်နေရသည်။ ပီယာနို သင်နေရသည်။ ပညာရပ်များကို သင်ယူနေရသည်။
ထို့အပြင် သူမသည် အလွန်လည်း အောင်မြင်ခဲ့သည်။ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ကြီးပြင်းလာချိန်တွင်လည်း အလားတူပင် ဖြစ်သည်။
သို့သော်...
ကောင်းကင်ဘုံသည် ဤမျှအထိ မတရားသဖြင့် ရှိနိုင်ကောင်းပါရဲ့။
ပြီးခဲ့သည့်နှစ်တွင်၊ သူမသည် ပြင်းထန်သော သွေးရောဂါကို ခံစားခဲ့ရပြီး၊ ဦးခေါင်းပေါ်မှ ဆံပင်များပင် အကုန်လုံး ကျွတ်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှစ၍၊ သူမသည် နေ့စဉ် အခန်းထဲ၌သာ ပုန်းအောင်းနေပြီး အပြင်သို့ မထွက်တော့ပေ။
သို့သော် ဤသို့သော သွေးရောဂါကို ကုသရန်အတွက် သွေးအမြောက်အမြား လိုအပ်သော်လည်း...
ကလေးမလေး ငယ်စဉ်ကတည်းက၊ သူမသည် မိဘကွဲနေသော မိသားစုမှ ဖြစ်သဖြင့်၊ ဆွေမျိုးများ၏ ဆက်နွှယ်မှုဖြင့် သွေးရရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
568 04
ရောဂါအခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာသည်ကို မြင်နေရသည်။
မန်နေဂျာက ထွက်ခွာသွားရုံသာမက၊ ကုမ္ပဏီကပင်လျှင် တစ်ဖက်သတ် စာချုပ်ဖျက်သိမ်းလိုနေကြသည်။
ကျောနောက်က ဝူမား ထွက်ခွာသွားသည်ကို ခံစားလိုက်ရသည်။
ရွန်ရှောင်ထောင်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး၊ ဘေးရှိ မှန်တင်ခုံရှေ့သို့ လျှောက်သွားကာ၊ ငွေပြာရောင် ဆံပင်တုကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး၊ ဆံပင်များ ကျွတ်နေသော မိမိ၏ ဦးခေါင်းကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည် -
"ရွန်ရှောင်ထောင်၊ နင် တော်တော် ရုပ်ဆိုးတာပဲ"
"ဆံပင်တစ်ပင်မှ မရှိတော့ဘူး၊ နောင်လည်း ထပ်ပေါက်လာတော့မှာ မဟုတ်ဘူး"
"နင် ဆီကို လာကြည့်မယ့် သူငယ်ချင်းလည်း မရှိဘူး... သူငယ်ချင်း တစ်ယောက်မှ မရှိဘူး"
"သူတို့က နင့်ကို ကြော်ငြာတွေပဲ ရိုက်ခိုင်းချင်ကြတာ၊ နင့်ဆီက ပိုက်ဆံပဲ ရချင်ကြတာ..."
ပြောရင်းနှင့် မျက်ရည်များက အလိုအလျောက် ဝေ့တက်လာသည်။
"အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်လောက် ရှိချင်လိုက်တာ၊ အကယ်၍ ငယ်ငယ်တုန်းကသာ ကျွန်မမှာ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင် ရှိခဲ့ရင်၊ ကျွန်မ ကကွက်လေ့ကျင့်ချိန်မှာ သူက ဘေးမှာ အဖော်ပြုပေးမှာ၊ ကျွန်မ သီချင်းဆိုချိန်မှာလည်း သူက ဘေးမှာ အဖော်ပြုပေးမှာပဲ"
"ကျွန်မ သူအတွက် သေချာပေါက် အိမ်အကြီးကြီး တစ်လုံး ဆောက်ပေးမှာ၊ မင်းသမီးလေးရဲ့ အခန်းလိုမျိုးပေါ့!"
"ကျွန်မ..."
"ကောင်းကင်ပြာတိရစ္ဆာန်ဥယျာဉ်ကို သွားချင်တယ်။ တကယ့် တိရစ္ဆာန်တွေက ဘယ်လိုပုံစံလဲဆိုတာ သွားကြည့်ချင်တယ်"
ပြောရင်းနှင့် ဆံပင်တုကို တစ်ဖန် ပြန်ဝတ်လိုက်သည်။
ငယ်စဉ်ကတည်းက အကြိမ်ကြိမ် လေ့ကျင့်ခဲ့ဖူးသော အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီး စံသတ်မှတ်ထားသော သွားအချို့ကို ပေါ်စေလိုက်သည်။
"ဟေးဟေး…"
"ရွန်ရှောင်ထောင် နင် အသက်ရှင်ဖို့ သိပ်မလိုတော့ဘူး"
"ဒါဆိုရင်..."
"ဘာလို့ အပြင်ထွက်ပြီး စမ်းမကြည့်တာလဲ။ ဘာပဲဖြစ်ဖြစ် နောင်ကို အဲဒီလူတွေအတွက် ပိုက်ဆံ ရှာမပေးတော့ဘူးလေ!"
"ဟုတ်တယ် ရွန်ရှောင်ထောင်... နင် တကယ်ပဲ သွားမကြည့်ချင်ဘူးလား"
"နောင်ကျရင် ကိုယ့်ခြေထောက်နဲ့ကိုယ် အပြင်ထွက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ"
"ဒါဆို..."
"အဲဒီလူတွေကို ဂရုမစိုက်တော့ဘဲ နေလိုက်ရင် မကောင်းဘူးလား"
ပြောရင်းနှင့် သူမသည် မှန်တင်ခုံရှေ့မှ ထလိုက်ပြီး၊ ဘေးရှိ လွယ်အိတ်လေးကို ပွေ့ချီကာ အခန်းတံခါးပြင်ပသို့ ပြေးထွက်သွားသည်။
++++++
569 01
အခန်း 569
"နင် ဘာလုပ်မလို့လဲ"
"ကျွန်မ ခြံထဲမှာပဲ လျှောက်ကြည့်မလို့ပါ"
အမျိုးသမီးတစ်ဦးသည် လှေကားအောက်တွင် ရပ်နေပြီး၊ အလောတကြီး ထွက်သွားသော ရွန်ရှောင်ထောင်ကို ကြည့်ကာ၊ဘေးရှိ ဝူမားကို မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"နင် သူမနောက်ကို လိုက်သွားပါ၊ ဦးထုပ်ဆောင်းပေးလိုက်ဦး၊ လူတွေ မှတ်မိအောင် မလုပ်နဲ့"
"သူမ ဖျားနေတဲ့ သတင်းကို အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူး၊ မဟုတ်ရင်... ကုမ္ပဏီက သေချာပေါက် သူမကို တရားစွဲလိမ့်မယ်"
"ဟုတ်ကဲ့ပါ၊ သခင်မကြီး"
ဝူမားက ပြန်ပြောလိုက်ပြီး ဘေးရှိ ဦးထုပ်နှင့်မျက်မှန်ကို ယူကာ အလားတူ ပြေးထွက်သွားသည်။
"ဟူး... ဟူး... ဟူး"
အလွန်အမင်း ပြေးလွှားလိုက်ရသည့် အကြောင်းရင်းကြောင့်၊ ရွန်ရှောင်ထောင်သည် နေရောင်အောက်တွင် ရပ်နေရင်း၊ ဘေးက နံရံကို အမှီပြုကာ မူးဝေလာသလို ခံစားရသည်။
"ဘယ်ဘက်က သွားရမလဲ"
တိုးတိုးလေး ရေရွတ်ရင်း လှည့်ထွက်ကာ ဘယ်ဘက်သို့ သွားရန် ပြင်လိုက်သည်။
"နေဦး"
ရုတ်တရက် နောက်က ဝူမား ပြေးလိုက်လာသည်။
သူမအတွက် မျက်မှန်ကို သေချာ တပ်ပေးလိုက်ပြီး ဦးထုပ်ကိုလည်း အလားတူ သေချာ ဆောင်းပေးလိုက်သည်။
"ဝူမား "
"ပြန်သွားကြရအောင်"
ဒီလိုပဲ အမြဲတမ်း….
မိမိကိုယ်တိုင် တစ်ယောက်တည်း အပြင်ထွက်နိုင်သည့် နည်းလမ်း လုံးဝမရှိပေ။
အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်ခဲ့သည်။ ယခင်က အခြားသူများ မိမိကို မတွေ့စေရန် လျှို့ဝှက်ချက် ထိန်းသိမ်းရသည်!
ဖျားပြီးနောက်တွင်မူ၊ ပို၍ပင်အပြင်မထွက်နိုင်တော့ဘဲ၊ လှေကားအောက်သို့ ဆင်းလာလျှင်ပင် မျက်နှာကို ဖုံးကွယ်ထားရကာ၊ လူတိုင်းကို မသိစေရပေ...
ရွန်ရှောင်ထောင် ဖျားနေပြီဆိုတာ။
ရွန်ရှောင်ထောင် သေတော့မယ်ဆိုတာ...
"ရော့၊ဒါ မင်းအတွက်..."
ဝူမားသည် လက်ထဲမှ ပိုက်ဆံအိတ်တစ်ခုကို ထုတ်ယူကာ ရွန်ရှောင်ထောင်၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"သွားတော့"
569 02
"ဒီကနေ ချင်တုကို သွားတာ အရမ်းမြန်ပါတယ်၊ ချင်တုမှာ ရက်အနည်းငယ်လောက် ပျော်ပျော်ပါးပါး ကစားခဲ့ပါ၊ ဝူမားက သခင်မကြီးကို ရှင်းပြပေးပါ့မယ်"
"ဝူမား"
ရွန်ရှောင်ထောင်သည် ရှေ့က ဝူမားကို ကြည့်ပြီး ပါးစပ်ကို ပိတ်ကာ ငိုကြွေးမိတော့သည်။
"လိမ္မာတယ်၊ အဲဒီလူတွေ ဘာတွေးမလဲဆိုတာ ဂရုစိုက်မနေနဲ့တော့!"
ဝူမားက သူမ၏ ကျောပြင်ကို ကြည့်ပြီး၊လက်ယမ်းပြကာ ပြောလိုက်သည်။
ဘယ်လောက်တောင် လိမ္မာတဲ့ ကလေးမလေးလဲ။
ငယ်စဉ်ကတည်းက အခုထိ လွတ်လပ်မှုဆိုတာ အစအနတောင် မရှိခဲ့ဘူး။
အချိန်တိုင်းမှာ စာချုပ်အမျိုးမျိုးရဲ့ ချုပ်ကိုင်မှုကို ခံနေခဲ့ရသည်။
လူတွေရှေ့မှာ စိတ်ကြိုက် ပေါ်လာလို့ မရဘူး၊ စိတ်ကြိုက် အပြင်ထွက် လည်ပတ်လို့ မရဘူး။
စိတ်ကြိုက် ဒေါသထွက်လို့ မရဘူး။
နောက်ဆုံး ဖျားနေတာတောင်မှ စိတ်ကြိုက် အပြင်ထွက် လမ်းလျှောက်လို့ မရဘူး။
ဒါက ငယ်ငယ်ကတည်းက အိုင်ဒေါတစ်ယောက် ဖြစ်လာရတဲ့ ပေးဆပ်မှုလား။
ဒါဆိုရင်...
အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်အတွက်၊ ဒီအိုင်ဒေါ ဖြစ်ရတာက ဘာထူးခြားမှာလဲ။
ဖြစ်နိုင်တာကတော့ နာရေးပွဲတောင် ပြီးသွားတဲ့အထိ၊ ရွန်ရှောင်ထောင် ဆိုတဲ့ မိန်းကလေးတစ်ယောက် တကယ်တော့ ကွယ်လွန်သွားပြီဆိုတာ လူတိုင်း သိမှာမဟုတ်ဘူး။
ပိုပြီးတော့လည်း ဘယ်သူမှ သိမှာမဟုတ်ဘူး။
ဒီမိန်းကလေးရဲ့ တစ်ခုတည်းသော ဆန္ဒက၊ သာမန်လူတွေလိုမျိုး တိရစ္ဆာန်ဥယျာဉ်ကို တစ်ခေါက်လောက် သွားချင်တာ၊ အဲဒီလူတွေလိုမျိုး တိရစ္ဆာန်တွေနဲ့ အတူတူ အတားအဆီးမရှိ ဆော့ကစားချင်တာပဲ ဆိုတာကိုပေါ့။
နေဝင်ရီတရော အချိန်။
ကောင်းကင်ပြာ တိရစ္ဆာန်ဥယျာဉ် ။
"တီ... တီ!"
"တီ... တီ!"
"တီ... တီ!"
စူးရှသော ဟွန်းတီးသံတစ်ချက် ထွက်ပေါ်လာသည်။
အပေါ်အင်္ကျီ အဝါရောင် ဝတ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ပါဆယ်ထုတ် အကြီးကြီးတစ်ခုကို ပွေ့ချီကာ၊ တိရစ္ဆာန်ဥယျာဉ် တံခါးဝတွင် ရပ်နေပြီး ရှေ့က ဒါရိုက်တာဆုပိုင်ကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်နေသည်။
"အဲ..."
"ဒါက မင်းမှာယူထားတဲ့ ပစ္စည်းပါ၊ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦး..."
"ကျသင့်ငွေက စုစုပေါင်း ၂၃၁၁ ပါ..."
569 03
"ဘာပြောတယ်"
ဆုပိုင်က အပေါ်က လိပ်စာ၊ ဖုန်းနံပါတ်နဲ့ နာမည်ကို ကြည့်လိုက်သည်။
တကယ်ပဲ မိမိဟာ ဖြစ်နေတာ မှန်ကန်သည်။
ဒါပေမဲ့... မိမိက ဘာမှ မမှာထားပါလား။
ဒါဆို ဒါက ဘာလဲ။
ဘာကြောင့်မှန်းမသိ ပိုက်ဆံပေးလိုက်ပြီးနောက် ဆုပိုင်သည် ထိုသေတ္တာရှည်ကြီးကို ပွေ့ချီကာ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။
"ဟူး..."
ငုံ့ကြည့်လိုက်သည်။
ထုပ်ပိုးမှု အပြင်ဘက်တွင် ဘာမှ ရေးမထားဘဲ၊ အမျိုးအစား တစ်ခုသာ ပါရှိသည်။
"စိတ်ကြွစေသော အမျိုးအစား"
မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ဆုပိုင်သည် ဘေးရှိ ကတ်ကြေးကို ယူကာ သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်တော့သည်။
******
570 01
အခန်း 570 ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုး၍ ရှေ့သို့ချီတက်ခြင်း (၁/၂)
"တော်လိုက်တာ"
ဆုပိုင်သည် ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ဤလူသားပုံစံ အရာဝတ္ထုကို ကြည့်ပြီး၊ ဘေးနားရှိ လေထိုးတံကို တစ်လှမ်းချင်း ကြည့်ကာ သွားကို တင်းတင်းကြိတ်လိုက်မိသည်။
တောက်… တိရစ္ဆာန်ဥယျာဉ်ထဲက ဘယ်သူက ဒီလောက်တောင် ပျင်းနေရတာလဲ>
အသက်ကို ဝဝရှူလိုက်ပြီး၊ လှည့်ထွက်ကာ ရုံးခန်းအတွင်းမှ ထွက်လာခဲ့သည်။
"လူလားလား... လူလားလား…"
"မနက်ဖြန်ကျရင် ဖုန်းလေး ရောက်လာတော့မယ်"
ငှက်တောသည် ဒန်းပေါ်တွင် ရပ်နေရင်း၊ ရှေ့က အိပ်ပျော်နေသော တပိုင်ကို ကြည့်ကာ တိုးတိုးလေး သီချင်းဆိုနေသည်။
တကယ့်ကို ကောင်းလိုက်တာ။
မနက်ဖြန် ဒီဖုန်းလေး ပြင်ပြီးသွားရင်တော့ မိမိကိုယ်တိုင် သေချာပေါက် ကောင်းကောင်း သိမ်းထားမှ ဖြစ်မည်။
အခြားသူများကို လုံးဝ အသိမပေးတော့ပေ။
ပြီးခဲ့သည့် အကြိမ်က သင်ခန်းစာမှာ သွေးစွန်းခဲ့ရသည်။
နောင်ကို လုံးဝ ထပ်မဖြစ်စေရ။
"တစ်နှစ်ပတ်လုံး အမွေးတွေ ထပ်မပေါက်နိုင်တော့ဘူး၊ ဒီထက် ပိုဆိုးတာ ရှိဦးမလား"
"ရှိတယ်"
တိုးတိုးလေး ရေရွတ်လိုက်စဉ်၊ ရုတ်တရက် ကျောနောက်မှ လူတစ်ယောက်က မိမိကို ပြန်ထူးလိုက်သည်။
"လျှောက်မပြောနဲ့၊ ဘယ်လိုလုပ် ဖြစ်နိုင်..."
"အဲ... ဒါရိုက်တာဆုပိုင်၊ တပိုင်ကို လာရှာတာလား ကျွန်တော် အခုပဲ သူ့ကို နှိုးပေးပါ့မယ်"
"ခဏလေး စောင့်ပါဦး"
လှည့်ကြည့်လိုက်ရာ ဒါရိုက်တာဆုပိုင် ဖြစ်နေသည်ကို တွေ့သဖြင့် ငှက်တောက အလျင်အမြန် ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ဗြုန်း..."
သို့သော် ဒါရိုက်တာဆုပိုင်၏ မျက်နှာထားကို မြင်လိုက်ရသည့်အခါ လရောင်အောက်တွင် သူ၏မျက်နှာတစ်ခုလုံးမှာ အပြာရောင် သန်းနေသကဲ့သို့ ရှိနေပြီး၊ မျက်လုံးနှစ်ဖက်မှလည်း စိမ်းဖန့်ဖန့် အလင်းတန်းများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ငှက်တောသည် ဒန်းပေါ်မှ တန်းခနဲ ပြုတ်ကျသွားပြီး၊ နဖူးကို ပွတ်ရင်း ပြန်ထလာခဲ့သည်။
570 02
တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်ယင်နေသည်။
ဒါက ဘာဖြစ်တာလဲ
ဘယ်သူက မျက်စိမပါဘဲ ဒါရိုက်တာဆုပိုင်ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်လိုက်တာလဲ။
တကယ့်ကို ကြောက်စရာကောင်းလိုက်တာ၊ အကယ်၍သာ အဖမ်းခံရရင် အသက်ရှင်ဖို့ လမ်းရှိပါဦးမလား။
တော်သေးတာက မိမိ မဟုတ်လို့ပဲ။
မိမိကတော့ မကြာသေးခင်က ဘာမှ မလုပ်ခဲ့ဘူးဆိုတာကို တွေးမိပြီး၊ ငှက်တောက ရင်ဘတ်ကို ဖိကာ သက်ပြင်းချလိုက်သည်။
"ငါ အခုပဲ မင်းအတွက် တပိုင်ကို နှိုးပေးပါ့မယ်"
"မဟုတ်ဘူး… ဥယျာဉ်မှူး၊ ဘာလို့ ငါ့ကို လာဖမ်းတာလဲ။ ငါ သွားနှိုးပေးမယ်လေ"
"အား... ငါ မကြာသေးခင်က ဘာအမှားမှ မလုပ်ထားပါဘူး"
ရုတ်တရက်၊သန်မာသော လက်ကြီးနှစ်ဖက်က သူ့ကို ကြမ်းတမ်းစွာ မယူလိုက်ပြီးနောက် ဘာစကားမှ မပြောဘဲ အပြင်သို့ လျှောက်သွားသည်။
လက်ထဲက ဤကောင်လေးက မည်မျှပင် အော်ဟစ်နေပါစေ၊ ဆုပိုင်ကတော့ ဂရုမစိုက်ပေ။
လူစကား ပြောတတ်တာက တကယ်ပဲ ပြဿနာရှာဖို့ လွယ်ကူလွန်းသည်။
အမွေးတွေ အကုန်နှုတ်ပစ်တာတောင်မှ၊ ငြိမ်ငြိမ်မနေနိုင်သေးဘူး။
တစ်လှမ်းချင်း ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။
"ဗုန်း..."
ငှက်တောကို ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။
"မှုတ်စမ်း"
ဆုပိုင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
မှုတ်ရမယ်..
ဘာကို မှုတ်ရမှာလဲ။
တောက် ဒီဥယျာဉ်မှူးက သန်းခေါင်ယံမှာ ဘာတွေ ရူးနေတာလဲ၊ လာပြီးတော့ သူ့ကို မှုတ်ခိုင်းနေတယ်
"ကဲ ကဲ"
"ငါ မှုတ်ပါ့မယ်..."
ခေါင်းကို စောင်းပြီး စဉ်းစားလိုက်ကာ ငှက်တောက ပါးစပ်ထဲက တံတွေးကို မျိုချလိုက်ပြီး၊လည်ချောင်းကို ရှင်းကာ လေချွန်လိုက်သည်။
"ရွှူး... ရွှူး... ရွှူး"
ဆုပိုင်: "…"
မင်းက ဒီမှာ လာပြီး လေချွန်နေတာလား။
570 03
"ဖြောင်း..."
ဆုပိုင်သည် ကုတင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး အပေါ်က အရုပ်ကို လက်ညှိုးထိုးပြကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဒါကို မှုတ်စမ်း မင်းကို သုံးမိနစ် အချိန်ပေးမယ်။ လေဝင်အောင် မမှုတ်နိုင်ရင်တော့..."
"ဟဲဟဲ..."
"အား..."
ငှက်တောက ငုံ့ကြည့်လိုက်ရာ တစ်ကိုယ်လုံး တုန်တက်သွားသည်။
ဒါက ဘာကြီးလဲ။
တောက်.. ဘယ်သူက ဒီဟာကို ဝယ်လိုက်တာလဲ။
ဒါရိုက်တာဆုပိုင်မှာ ဒီလို ဝါသနာမျိုး ရှိနေတာလား။
ဒါပေမဲ့ ငှက်တစ်ကောင်ကို ဒီလိုဟာမျိုး မှုတ်ခိုင်းတာက ငှက်ကို စော်ကားလွန်းရာ မရောက်ဘူးလား။
သုံးမိနစ် ကြာပြီးနောက်။
"အု... အု... အု"
ငှက်တောသည် မျက်လုံးများ ပြူးကျယ်နေပြီး၊ ခေါင်းကို မနားတမ်း ယမ်းနေသည်။
"လျှောက်မလှုပ်နဲ့၊ ဒီသားရေကွင်း ပြုတ်ကျသွားရင်တော့၊ နောက်တစ်ခါကျရင် မင်းရဲ့ ပါးစပ်ကို တန်းပြီး ချုပ်ပစ်မယ်"
"နားလည်လား ဘယ်အချိန်မှာ ကိုယ့်အမှားကိုယ် သိမလဲ၊ အဲဒီအချိန်ကျမှ ပါးစပ်က သားရေကွင်းကို ဖြုတ်ပေးမယ်"
"ရပြီ၊ အပြင်ထွက်တော့"
ဆုပိုင်သည် ၎င်း၏ပါးစပ်တွင် ချည်ထားသော သုံးထပ်သားရေကွင်းကို စစ်ဆေးပြီးနောက် ရုံးခန်းတံခါးကို ဖွင့်ကာ အပြင်သို့ ပစ်ထုတ်လိုက်သည်။
"အု... အု..."
"ကယ်ကြပါဦး... လူရှိကြလား"
ငှက်တောသည် မြေပြင်ပေါ်မှ ရုန်းကန်ထလိုက်ပြီး၊ အဝေးသို့ အမြန်ပြေးသွားသည်။
"အောင်း..."
"ဘာဖြစ်တာလဲ"
ဝက်ခြံခြံစည်းရိုးတွင် ချည်နှောင်ခံထားရသော အာဟသည် မျက်လုံးပြူးကာ မိမိရှေ့မှ ပြေးသွားသော ငှက်တောကို ကြည့်ပြီး အမြန်ဟောင်လိုက်သည်။
ခုနက ဒီကောင်လေးကို ဒါရိုက်တာဆုပိုင်က ရုံးခန်းထဲသို့ ဆွဲခေါ်သွားသည်ကို သူ သေချာမြင်လိုက်ရသည်။
စဉ်းစားနေစရာ မလိုတော့ပေ။
သူ၏ အချိန်ကြာမြင့်စွာ အရိုက်ခံခဲ့ရသော အတွေ့အကြုံများအရ ဤ ငှက်တောမှာ အမှားတစ်ခုခု လုပ်ထားသည်မှာ သေချာသည်။
ဒါ့အပြင်... ဒါရိုက်တာဆုပိုင်ကို သန်းခေါင်ယံမှာ အပြင်ထွက်လာအောင် လုပ်နိုင်တာဆိုတော့ ဒီအမှားက သိပ်တော့ မသေးဘူး ထင်တယ်။
570 04
ဘာကြောင့်မှန်းမသိ အာဟ၏ စိတ်ထဲတွင် ကျေနပ်သွားမိသည်။
တကယ်ကို ကောင်းလိုက်တာ။
နေ့ခင်းတုန်းက သူ့ကို လာလှောင်နေပြီးတော့၊ ညကျတော့ ဝဋ်လိုက်ပြီ မဟုတ်လား။
"အု..."
"ငါ့ကို ဖြုတ်ပေးစမ်းပါဦး"
"မင်း ဘာတွေ ပြောနေတာလဲ၊ အမွေးပေါက်ချင်လို့လား"
"အုအုအု..."
"ဘယ်သူက ဒီလောက်တောင် ယုတ်မာရတာလဲ၊ မင်းပါးစပ်ကို ချည်ထားတာပဲ၊ တကယ်ပါပဲ ဒါရိုက်တာဆုပိုင်က ဘယ်လိုဖြစ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ။ မင်းရဲ့ ပါးစပ်ကို တန်းပြီး နှုတ်ပစ်လိုက်ရင် ရနေတာကို ချည်ထားတာက တကယ်ကို ရက်စက်လွန်းတယ်"
အာဟက မကောင်းကြံသော စကားကို ဆိုလိုက်သည်။
"မင်းနည်းနည်း နားနားကို တိုးလာခဲ့ အပေါ်ကို တက်လာခဲ့၊ ငါ ကိုက်ဖြုတ်ပေးမယ်"
ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရာ အခြားတိရစ္ဆာန်များ မရှိသည်ကို တွေ့သဖြင့် အသံကို နှိမ့်ကာ ပြောလိုက်သည်။
"မင်းကို နောက်နေတာ မဟုတ်ပါဘူး၊ တကယ်ပြောတာ... တက်လာခဲ့ ငါ မင်းအတွက် ဒီဟာကို ဖြုတ်ပေးမယ်"
"နောက်နေတာ မဟုတ်ဘူး၊ ငါတို့ကြားမှာ ဘယ်လို ပတ်သက်မှုမျိုး ရှိလဲ၊ ဘာပဲဖြစ်ဖြစ် အတူတူ အိမ်ပေါ်က ဆင်းခဲ့ဖူးတာပဲ။ ငါက မင်းကို လိမ်ပါ့မလား"
"မြန်မြန်လုပ်၊ ခဏနေရင် နောက်က ဝက်တွေ နိုးလာလို့ သူတို့ မြင်သွားရင် ပြဿနာတက်လိမ့်မယ်!"
ငှက်တောသည် လှည့်ထွက်သွားရန် ပြင်ပြီးမှ အာဟ၏ ရိုးသားလှသော အသံကို ကြားလိုက်ရသဖြင့် တစ်ဖန် ပြန်လှည့်လာခဲ့သည်။
အတောင်ပံကို ခတ်ကာ၊ ခြံစည်းရိုးအတိုင်း တစ်လှမ်းချင်း အပေါ်သို့ တက်သွားသည်။
"ဒါပေမဲ့ မင်းကို ကိုက်ဖြုတ်ပေးဖို့ အခြေအနေ တစ်ခုရှိတယ်၊ ဒါကတော့..."
အာဟက သူ၏နဖူးဘေးတွင် ရပ်နေသော ငှက်တောကို တစ်ချက် စောင်းကြည့်လိုက်ပြီး၊ လေးနက်သော ပုံစံဖမ်းကာ ပြောလိုက်သည် -
"မင်းလည်း သိတဲ့အတိုင်းပဲ၊ ဒီပါးစပ်ကို ဒါရိုက်တာဆုပိုင်က ချည်ထားတာ၊ ဘယ်သူပဲဖြစ်ဖြစ် ခိုးပြီး ဖြုတ်ပေးရင်၊ ကောင်းတဲ့ရလဒ် ရှိမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား"
ငှက်တောက ထိတ်လန့်တကြား ခေါင်းညိတ်ပြသည်ကို မြင်ရလျှင် အာဟက ဆက်ပြောသည်။
"မင်းနည်းနည်း ထပ်တိုးလာခဲ့..."
"ငါ ဖြုတ်ပေးမယ်"
ငှက်တောက မိမိ၏ နဖူးဘေးသို့ တစ်လှမ်းချင်း တိုးလာသည်ကို မြင်လိုက်ရသည်။
"ခရွတ်"
ပါးစပ်ကို ဟကာ ငှက်တော၏ ကိုယ်ပေါ်ကို တစ်ချက် ကိုက်လိုက်သည်။
နဖူးကို အရှိန်ပြင်းပြင်းဖြင့် ယမ်းလိုက်ရာ ထိုကောင်ကို ကျောနောက်က ဝက်ခြံထဲသို့ တန်းပြီး ပစ်ချလိုက်သည်။
570 05
"ဟားဟားဟားဟား..."
"နောက်ဆုံးတော့ ကလဲ့စားချေနိုင်ပြီ... မထင်ထားဘူး မဟုတ်လား"
"တောက် ငါ့တစ်ယောက်တည်းကို ဒီမှာ အမြဲတမ်း ချည်ထားလို့ မရဘူးလေ၊ ခေါင်းပြားတကောကိုလည်း ငါ့ကို ရိုက်ခိုင်းသေးတယ်၊ စောင့်နေလိုက်..."
"လဲ့လဲ့လဲ့ ဒေါသထွက်နေပြီလား၊ ဟဲ... စကားမပြောနိုင်တော့ဘူး၊ တော်တော် ဒေါသထွက်နေမှာပဲ!"
အာဟက လည်ချောင်းကို ဟကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"စပျစ်သီးစားရင် စပျစ်သီးအခွံကို မထွေးဘူး... ဟဲ"
"လာလေ၊ ငှက်ကြီး နောက်တစ်ကြောင်းက ဘယ်လို ပြောရမှာလဲ၊ ဘာလို့ စကားမပြောတာလဲ"
"သီချင်းတစ်ပုဒ်လောက် ဆိုစမ်းပါ၊ ဖယောင်းတိုင်လေး အင်္ကျီအလှလေး ဝတ်လို့၊ နှစ်တိုင်း နွေဦးမှာ ဒီကို လာတယ်... မင်းဒါကို အကြိုက်ဆုံး ဆိုတာ မဟုတ်လား တစ်ပုဒ်လောက် ဆိုစမ်းပါဦး!"
++++++