← Chapters

ဟွမ်ဟွမ်

Vol. 25 Ch. 341

ဟွမ်ဟွမ်

Vol. 25 Ch. 341

အန်လင်းက ကျောက်ခန်းမကြီးထဲတွင် ထိုင်နေကာ တခြားသော အဖွဲ့ဝင်များ အလာကို စောင့်နေ၏။

စုရှောင်လန်၊ ရွှမ်ယွမ်ချန်၊ ဟူကွမ်၊ ယောင်မင်ရှီနှင့် တဖြည်းဖြည်းဝင်လာသော စုချန်းရန်တို့က သူတို့၏ သက်ဆိုင်ရာ လေဟာနယ် လမ်းကျဉ်းလေးများဆီမှ ထွက်လာပြီး ကျောက်ခန်းမကြီးထဲသို့ ရောက်ရှိလာတော့သည်။

အသင့်အတင့် ဆိုးဝါးသော အခြေအနေရောက်နေပုံရသော ဟူကွမ်မှလွဲ၍ ကျန်သူများအားလုံးမှာ အခြေအနေကောင်းနေပုံပေါ်၏။

သို့သော်လည်း ထိခိုက်ဒဏ်ရာရရှိနေသည်မှ အပ ဟူကွမ်က အလွန်အမင်း စိတ်အခြေအနေကောင်းနေသည့်ပုံပင်။

လတ်တစ်လော အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်ရပါက သူတို့အဖွဲ့မှာ လက်ရှိတွင် အလွန်ကောင်းမွန်သော အခြေအနေတွင် ရောက်နေသည်ဖြစ်၏။

“ဟင်... ငါတို့က လူနှစ်ယောက်လိုနေသေးတယ်။  ထန်ရှီမန်နဲ့ လျှိုချင်ဟွမ်...” အန်လင်းက စိုးရိမ်စွာ မေးစိကို ပွတ်နေလေ၏။

ထိုနှစ်ယောက်အနက် တစ်ဦးမှာ အလွန်စိတ်ချရပုံပေါ်ကာ တစ်ခြားတစ်ယောက်မှာတော့ စိတ်မချရပါချေ။ အမှန်အတိုင်း ပြောရမည်ဆိုပါက နှစ်ဦးစလုံးက စိတ်မချရတော့ပါပေ။ သူတို့၏ စမ်းသပ်မှုများထဲတွင် ထူးဆန်းပြီး ဆန်းဆန်းပြားပြားများ ဖြစ်ပွားပါက အလွန်အမင်း အံ့ဩစရာမဟုတ်ပါ။

“အစ်မလျှိုက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ဝက်အဆင့် မဟုတ်လား။ ခက်ခဲနည်းလမ်းကတော့ သူမအတွက် အတော်လေး ကိုင်တွယ်ရလွယ်မှာပါ။ သူမက ဘာလို့ အဲ့လောက် ကြာနေရတာလဲ။” ထျန်းလင်းလင်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။

အန်လင်းက အတိတ်မှ အဖြစ်အပျက်များကိုပြန်တွေးလိုက်၏။ “သူမက အထဲမှာ သတ္တဝါတွေနဲ့ ဂိမ်းဆော့နေတာတော့ မဟုတ်လောက်ဘူး မလား။” သူက မသေမချာ အကြံပြုလာ၏။

လူတိုင်းက သက်ပျင်းချလိုက်တော့သည်။ သူတို့အားလုံးက သန့်စင် ကလပ်ခွက်အတွက် တိုက်ပွဲအတွင်းက မြင်ကွင်းကို ပြန်လည် မြင်ယောင်လာကြလေ၏။ ထိုသည်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိလေသည်။

...

အရိုးများ ပြန့်ကျဲနေသော အနက်ရောင် တောင်တန်း တစ်ခုအပေါ်တွင်...

ထန်ရှီမန်က သူ့လက်ထဲရှိ ဓားကို ဝှေ့ယမ်းကာ ကြီးမားသည့် နဂါးနက်ကြီး တစ်ကောင်နှင့် ထိပ်တိုက်တွေ့နေလေသည်။

ထိုနဂါးနက်ကြီးက ပုတ်သင်ညိုတစ်ကောင်နှင့် တူပြီး သူ့၏ကျောပေါ်တွင် တောင်ပံနက်တစ်စုံရှိ၏။ ထိုသည်က အလွန်အမင်း ကောက်ကျစ်ပြီး မရိုးဖြောင့်ပါချေ။ ထိုသည်က ထန်ရှီမန်ကို အနိုင်မတိုက်နိုင်ဟု သဘောပေါက်လာသောအခါ တိုက်ပြီးထွက်ပြေးသည့် နည်းဗျူဟာကို အသုံးပြုရင်း ပျောက်ကျားနည်းစနစ်ကို စတင်အသုံးပြုလာ၏။

ထို နဂါးနက်ကြီးက ဆက်တိုက် ပြေးနေလေတော့သည်။

ဘုန်း...

မီးတောက် မီးတိုင်ကြီးတစ်ခုက ကောင်းကင်ကို တစ်ဖန်ပြန်ကာ နီရဲလာစေပါတော့သည်။

ထန်ရှီမန်က ထိုမီးတောက်များကို ခုတ်ပိုင်းပစ်လိုက်သော်လည်း နဂါးနက်ကြီးက အဝေးဆီသို့ ထပ်ပြေးသွားသည်ကို တွေ့လိုက်ရ၏။

“မင်း ယောက်ျားဆိုရင် ပြေးတာကို ရပ်လိုက်စမ်း။ မင်းက ငါ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့တောင် သတ္တိမရှိဘူး။ မင်းက ဘယ်လိုတောင် သရဲဘောကြောင်တဲ့ နဂါးမျိုးလဲ။”

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နဂါးကြီးနောက်ဆို့ ဆက်လိုက်နေလေတော့သည်။

“မင်းမှာ ဓားရှိတယ်။ ငါ့မှာက မရှိဘူး။ အဲ့တာက မတရားဘူးလေ။” နဂါးနက်ကြီးက ဟိန်းဟောက်လာတော့သည်။

ထန်ရှီမန်က ပြုံးလိုက်ပြီး “အဲ့တာဆို ငါမင်းကို ဓားတစ်ချောင်းပေးမယ်။”

နဂါးနက်က လှည့်ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။ “ငါ ဓားဘယ်လိုကိုင်ရမလဲ မသိဘူး။”

“အဲ့တာဆို သောက်ကျိုးနည်း မင်းက ဘာလိုချင်တာလဲ။” ထန်ရှီမန်က အံကြိတ်ရင်း တရှဲရှဲဒေါသထွက်လာတော့သည်။

“မင်းဓားကို ချပြီး ငါနဲ့လာတိုက်လေ။”

ထန်ရှီမန် : “...”

သူက နဂါးကို ထိုသည်က ငတုံးတစ်ကောင်ကဲ့သို့ ကြည့်လိုက်၏။

နဂါးသည် မီးတောက်များ မှုတ်ထုတ်ရင်း တုံ့ပြန်လိုက်လေသည်။

...

အရောင်များ၊ ကို့ယို့ကားယားနိုင်မှုများနှင့် သောင်းပြောင်းထွေလာနိုင်မှုများကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော နယ်မြေတစ်ခုတွင်...

ငရဲနည်းလမ်း အခက်အခက်၏ အကျိုးသက်ရောက်မှုအောက်တွင် ကောင်းကင်သည် ထူးဆန်းပြီး သဘာဝလွန် ဖြစ်လာတော့သည်။

ထင်ရှားပြီး ထင်ယောင်ယုံမှားဖြစ်စေသော အရောင်များက တဖြည်းဖြည်း စုစည်းလာပြီး အစိမ်းရောင် ခြုံလွှာထဲတွင်နစ်မြုပ်နေသော တဝက်တစ်ပျက် ဖောက်ထွင်းမြင်နိုင်သော အရိုးစုကြီးတစ်ခုသဏ္ဍာန် ဖြစ်ပေါ်လာစေတော့သည်။

စွမ်းအားကြီးပြီး ကြောက်လန့်ဖွယ် အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြတ်သန်းသွားပြီး မီးတောက်တစ်ခုက အရိုးစု၏ ဘာမှမရှိသော ခပ်မှိန်မှိန် မျက်တွင်းများထဲတွင် စတင်ထွန်းလင်းလာလေ၏။ သူ့လက်ထဲရှိ ကြက်သွေးရောင် တံစဉ်းရှည်မှာ ပိုမို၍ပင်သွေးဆာသောအရှိန်အဝါလှိုင်းလုံးများကို ထုတ်လွှတ်နေပေ၏။

ခပ်မှိန်မှိန် အခန်းကျယ်တစ်ခုထဲတွင် ကတုံးနှင့် အမျိုးသားက ထိုအရိုးစုကို မြင်သည်နှင့် ချက်ချင်းပင် စိတ်လှုပ်ရှားလာလေတော့သည်။

ဟာလာပြင် စိတ်ဝိညာဉ်မျိုးနွယ်စု၏ ငရဲနည်းလမ်းမှ ဖြစ်ပေါ်လာသော ဖြစ်တည်မှုမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော ဟာလာပြင် စိတ်ဝိညာဉ် ဘုရင်ကြီးပင်။

ထို ဟာလာပြင် စိတ်ဝိညာဉ် ဘုရင်ကြီးမှာ အားလုံးသော ရုပ်ပိုင်းဆိုင်ရာနှင့် သက်ရှိစွမ်းအင် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိနေပြီး ထိုအရာကို ထိခိုက်ဒဏ်ရာ ရစေနိုင်သည့် တစ်ခုတည်းသော အရာမှာ အံ့ချီးအာရုံခံစားမှုများ၏ စွမ်းအင်သာဖြစ်သည်။ ထိုအရာမှာ တစ်ဝက်တစ်ပိုင်း မလွှမ်းမိုးနိုင်သော အရာဖြစ်၏။

စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း တစ်ဝက်အဆင့်ကျင့်ကြံသူမျကို မဆိုထားနှင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့ ဖြစ်တည်မှုကို မနိုင်တိုက်ရန် ခက်ခဲပေသည်။

ဟွန့်... စမ်းသပ်မှုတွေက အရမ်းလွယ်တယ် ဟုတ်လား။ စမ်းသပ်မှုတွေက အပန်းဖြေ ဉယျာဉ်ကို ဖြတ်လျှောက်ရသလိုပဲ ဟုတ်လား။

အနည်းဆုံး​တော့... အနည်းဆုံးတော့ ဤစမ်းသပ်မှုက ထိုကဲ့သို့ မဟုတ်ပါပေ။

ကတုံးနှင့်အမျိုးသားက ဖန်သားပြင်ပေါ်မှ တိုက်ပွဲကို ကြည့်ရင်း အလွန်အမင်း လှုပ်ရှားလာပေတော့သည်။ အနည်းဆုံးတော့ ဤတိုက်ပွဲသည် သူ့အား မျက်နှာသာရရန် ကူညီပေးနိုင်လောက်မည်။

လျှိုချင်ဟွမ်က သူမရှေ့ရှိ တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နိုင်သော အရိုးစုကို ငေးကြည့်နေလေ၏။ သူမက မျက်လုံးကို ခပ်ဖွဖွမှိတ်ကာ အသက်ပျင်းပျင်းရှုလိုက်တော့သည်။

“အတော်ကို ရင်းနှီးတဲ့ အနံ့ပဲ။ အဲ့တာက အရှိန်အဝါပဲ။ မင်းငါ့ကို စိတ်မပျက်သွားဖို့ မျှော်လင့်ပါတယ်...”

သူမက မျက်လုံးကို ဖွင့်လိုက်ပြီး နောက်ပြောင် တတ်မှုများနှင့် ပြတ်ချော်ချော်နိုင်ခြင်းများက သူမဆီမှ ​ပျောက်ကွယ်သွား၏။ ကျန်ခဲ့သမျှသည်က အရိုးထိအောင် အေးစိမ့်သွားနိုင်သော စူးစိုက်မှာများပင်။

သူမ၏ သိုလှောင်လက်စွပ်က အရောင်လက်လာပြီး အပြာရောင် ဓားတစ်လက်က သူမလက်ထဲတွင် ပေါ်လာတော့သည်။

ထိုအခိုက်အတန့်တွင် သူမ၏ အမူအရာမှာ အာရုံစိုက်နေပြီး ဂုဏ်ယူနေလေ၏။ သူမသည် ပြိုင်ဘက်ကင်း အမျိုးသမီး ဓားအင်မော်တယ် တစ်ဦးကဲ့သို့ပင်။

သူမက ဓားကို တစ်ခါမှ အသုံးမပြုဖူးပါချေ။ သူမ၏ အသင်းဝင်များကို ဆွဲမချချင်သည်မို့ အင်အားကြီးလေးခု တာအို ဖလှယ်ခြင်းညီလာခံတွင် စိတ်ဆန္ဒပြိုင်ပွဲအတွင်း တစ်ကြိမ်မှလွဲ၍ သူမဓားကိုင်သည်ကို မည်သူမှ မမြင်ဖူးတော့ပါ။

သူမက ဓားအသုံးပြုခြင်းကို အဘယ့်ကြောင့် ဤမျှအထိ ခါးခါးသီးသီးဖြစ်နေသည်ကို တစ်ယောက်မှမသိပါပေ။ သူမက ဓားကိုင်သည့်အခါ ပိုမို အစွမ်းထက်သည်မှာ အလွန်ရှင်းလင်းနေကာ သို့သော်လည်း အသုံးပြုရန် ငြင်းဆန်နေခဲ့သည်။ ဓားအသုံးပြုတိုင်း သူမရင်ထဲ၌ ဖြစ်တည်လာသော အပြစ်ရှိသည့် စိတ်ဆန္ဒကို သူမသာ သိပေလိမ့်မည်...။



“နှေးလွန်းတယ်...” လျှိုချင်ယွမ်က ညင်သာစွာ တီးတိုးပြောလာ၏။

ရွှေရောင် သင်္ကေတများက သူမ၏ ခြေထောက်အောက်တွင် တလက်လက်တောက်ပနေပြီး သူမ၏ခန္ဓာကိုယ်က ဟာလာပြင် စိတ်ဝိညာဉ်ဘုရင်ကြီးဘက်သို့ ချက်ချင်းပင်တိုးဝင်သွားတော့သည်။ သူမ၏ အပြာရောင် ဓားက ပို၍ပင်လျင်မြန်စွာ သွားကာ ဟာလာပြင်စိတ်ဝိညာဉ် ဘုရင်ကြီးဆီသို့ ခုတ်ပိုင်းပစ်တော့သည်။

RIP...

သူမ၏ ဓားမှာ အရိပ်တစ်ခုလိုပင်။ ထိုသည်က ဟာလာပြင် စိတ်ဝိညာဉ်ဘုရင်ကြီး၏ ကိုယ်တွင် ချက်ချင်းပင် ဟက်တက်ကွဲရာကြီးတစ်ခု ဖြဲပစ်လိုက်၏။


ဒဏ်ရာရသော ဧရိယာမှာ မြူခိုးကဲ့သို့ အငွေ့ပျံထွက်သွားလေသည်။

ကတုံးနှင့် အမျိုးသားက မယုံကြည်နိုင်စွာ မျက်လုံးပြူးကျယ်လာတော့၏။



တစ်ချို့သော အကြောင်းအရာများကြောင့် သူ့၏ အံ့အားသင့်နေသော မျက်လုံးများက လျှိုချင်ဟွမ်၏ လက်ထဲရှိ အပြာရောင်ဖျော့ဖျော့ဓားဆီသို့ ရွှေ့လျားသွားတော့သည်။ ထို့နောက် သူ့၏ မျက်ဆံများ ကြုံ့ဝင်သွားတော့သည်။

အဲ့တာက အဲ့ဒီ့ဓားကြောင့်များလား...။


သူမ၏ ဓားမှာ ကြီးမြတ်ရေခဲဓားဟု ခေါ်ပြီး ထိုသည်က နတ်ဆိုးများနှင့် မိစ္ဆာများအားလုံးကို သုတ်သင်ပစ်နိုင်သည်။

...

“မေမေ၊ မေမေ... ကြည့်လိုက် သမီးက ဓားဉီးတည်ချက်ကိုတောင် ထုတ်နိုင်နေပြီ။”

ရှေးဟောင်းဓားရှည် တောနက်ကြီး တစ်ခု၏ အလယ်တွင် အနက်ရောင် ဆံပင်တိုတိုနှင့် မိန်းမငယ်လေးတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း အမျိုးသမီးတစ်ဦး၏ လက်ကို ဆွဲကိုင်

လိုက်၏။

ထိုအမျိုးသမီးက မိန်းမငယ်လေး၏ ခေါင်းကို မြတ်နိုးစွာ ပွတ်သပ်ပေးပြီး “ဟွမ်ဟွမ် ကောင်းကောင်း လုပ်နိုင်တာပဲ။ ဒါပေမဲ့ သတိရပါ အရမ်းကြီး စိတ်ကြီးမဝင်ရဘူးနော်။ အခုဆိုရင် သမီးက အသက်အငယ်ဆုံး ဓားဦးတည်ချက်ကို ထုတ်လွှတ်နိုင်တယ်ဆိုတာအတွက် ကိုးပြည်ထောင် နိုင်ငံတော်ရဲ့ မှတ်တမ်းကို ချိုးဖောက်လိုက်နိုင်တာပဲ။ သမီးထက်တော်တဲ့ တစ်စုံတစ်ယောက်က အမြဲရှိနေတယ်ဆိုတာကို သဘောပေါက်ထားရမယ်နော်...”

“ဟင်... မေမေ၊ သမီးက ကိုးပြည်ထောင် နိုင်ငံတော်ထဲမှာ အတော်ဆုံးဆိုတာကိုသိပါတယ်။ သမီးက စိတ်ကြီးမဝင်ပါဘူး။” သူမက ကြက်ကလေး အစာကောက်သကဲ့သို့ ခေါင်းငြိမ့်ပြလာ၏။ သူမ၏ ကြီးမားသော ခရမ်းရောင် မျက်လုံးများက လျှင်မြန်စွာ မျက်တောင်ခတ်လိုက်သောအခါ သူမက အလွန်အမင်း ချစ်စဖွယ်ဖြစ်နေလေ၏။

အမျိုးသမီး : “...”

ထိုအမျိုးသမီးက တစ်စုံတစ်ခုမှားနေပြီဟု ခံစားရ၏။ သို့သော်လည်း ထိုသည်မှာ ကိစ္စမရှိပါပေ။ သူမ၏ သမီးလေး ပျော်နေသရွေ့ အရာအားလုံးက အဆင်ပြေပါသည်။

ဟွမ်ဟွမ်က ရှေးဟောင်း တာအိုဓားသိုင်းကို ပိုင်ဆိုင်ပြီး သူမမှာ ဂိုဏ်၏ နှစ်တစ်သောင်းမှာ တစ်ယောက် တွေ့ရခဲသော ပါရမီရှင်လေးပင်။ သူမက ငယ်ရွယ်သေးသော်လည်း သူမ၏ အမည်မှာ ဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။ တစ်ချို့သော တပည့်များက သူမက ဂိုဏ်းချုပ်ငယ်လေးဟုပင် နောက်ပြောင်ကြ၏။

အင်း... သူမ၏ အဖေကတော့ ဂိုဏ်ချုပ်အစစ်အမှန်ပင် ဖြစ်သည်။

“မေမေ... သမီးနဲ့ ဓားသိုင်း ကျင့်ပေးပါ။” ကလေးမလေးက စိတ်အားထက်သန်စွာ အော်လိုက်၏။ “သမီးက သမီးရဲ့ ကိုးပြည်ထောင် နိုင်ငံတော်ထဲက အဆင့်တစ် ဓားဦးတည်ချက်ကို မေမေနဲ့အတူ ကြည့်ချင်တယ်။”

“ဟုတ်ပြီ...။ ကောင်းတာပေါ့ မေမေက ဟွမ်ဟွမ်ရဲ့ ဓားဦးတည်ချက်ကို ကြည့်ကြည့်မယ်နော်။” အမျိုး သမီးက နွေးထွေးစွာ ရယ်မောလာ၏။ ကလေးမလေး၏ ချိုမြိန်ပြီး ချစ်စရာကောင်းသည့် အပြုံးလေးက သူမ၏ လှပသော မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်နေပေတော့သည်။

...

အချိန်များ ကုန်ဆုံးသွား၏။

ဟွမ်ဟွမ်က အသက်ဆယ်နှစ် ပြည့်ပြီးလေပြီ။

သူမက ယခုတွင် ဂိုဏ်၏ ဓားတောနက်ကြီးထဲသို့ သူမနှင့် ရေစက်ပါသော လက်နက်ကို ရှာဖွေရန် သွားရောက်နိုင်ပေပြီ။

“ဟွမ်ဟွမ်... သမီး ဝင်ပြီးသွားတာနဲ့ စိတ်ကို ကြည်ကြည်လင်လင်လေးထားဖို့ သတိရနော်။ အဲ့တာမှ ရှေးဟောင်းဓားက သမီးကို ရွေးချယ်လာမှာ။” ထိုအမျိုးသမီးက ကလေးမလေး၏ လက်ကို ညင်သာစွာကိုင်ပြီး နူ့ညံ့စွာသတိပေးလာ၏။

“မေမေ၊ သမီး သိပါပြီ။” ကလေးမ​လေးက တောအုပ်အလယ်သို့ လျှောက်သွားရင်း အလွန်အမင်းပြုံးနေလေ၏။ သူမက သူမ လက်ချောင်းသွယ်သွယ်လေး၏ ထိပ်ကို လှီးဖြတ်ကာ သူမ၏ သွေးအဆီအနှစ်တစ်စက်ကို လေထုထဲသို့ ထုတ်လွှတ်လိုက်၏။ ထို့နောက် သူမက မျက်လုံးပိတ်လိုက်လေသည်။

ချက်ချင်းပင် မရေမတွက်နိုင်သော ဓားများ အတူတကွ ထွက်ပေါ်လာပြီး ဓားပြတိုက်ထဲက စူးရှသောအလင်းတန်းတစ်ခုက ထွက်ပေါ်လာ၏။

ဓားများအားလုံးက တုန်ခါလာပြီး ထိုသည်မှာ “ငါ့ကိုရွေး။ ငါ့ကိုရွေး။”ဟု အော်ဟစ်နေကြသကဲ့သို့ပင်။

အမျိုးသမီးက သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း အနည်းငယ် မှင်တက်နေလေ၏။ “အဲ့တာက ရှေးဟောင်းတာအို ဓားသိုင်းရဲ့ အကျိုးဆက်တွေလား။” သူမက ခပ်တိုးတိုးရေရွတ်လိုက်ကာ “မဟုတ်ဘူး...။ အဲ့တာက ဟွမ်ဟွမ်ရဲ့ သဘာဝ ပါရမီလို့ ပြောသင့်တာ။”

“ဟင်း... ဒီဓားက ကြီးလွန်းတယ်...”

“ဒီဓားက သေးလွန်းတယ်။ အဲ့တာက သွားကြားထိုးထံလား။”

“ဒီဓားက ရုပ်ဆိုးလိုက်တာ။ ငါမကြိုက်ဘူး။”

“ဟင်... ဒီဓားက ဂိုဏ်းဆယ်ခုထဲမှာ အကျော်ကြားဆုံးဓားမလား။ ဒါပေမဲ့ အဲ့တာက ခေတ်နောက်ကျလွန်းတယ်...”

“ဟင့်... ပန်းရောင်ဓားတစ်ခုမှ မရှိဘူးလား။”

...

သည်လိုနှင့်ပင် ထိုသည်မှာ ဓားက ဗဟုသုတပေးပြီး ဟွမ်ဟွမ်ကို ရွေးချယ်ရမည်မှ ဟွမ်ဟွမ်က သာမန်ကာလျှံကာ ရေစက်ပါသည့် ဓားတစ်ချောင်းလိုက်ရှာသည့်ဖြစ်သို့ ကူးပြောင်းသွားတော့သည်။

ဓားတောထဲတွင် လျှောက်ကြည့်ပြီးနောက် ဓားတိုင်းက ခပ်ဖွဖွတုန်နေပေ၏။ သူမက လက်သေးသေးလေးများဖြင့် အမူအရာပြလိုက်သည့်အခါတိုင်းတွင် ဓားတစ်ချောင်းက သူမရှေ့သို့ စိတ်လှုပ်ရှားစွာနှင့် နာခံတတ်စွာ ပျံသန်းလာပေလိမ့်မည်။

သို့သော်လည်း အမျိုးသမီး အံ့အားသင့်ရသည်မှာ ထိုကောင်မလေးမှာ မည်သည့်ဓားတစ်ချောင်းကိုမျှ စိတ်မဝင်စားပါချေ။

“ဟွမ်ဟွမ်... ဘာလို့ထပ်မကြည့်တာလဲ။ မေမေတို့ဂိုဏ်းက မီးတောက်ဆယ်သွယ် ဓားက ဒီကုန်းမြေကြီးထဲက အထွတ်အထိတ် ပစ္စည်းတွေနဲ့ လုပ်ထားတာ။ သူတို့ကို စနစ်တကျ ပျိုးထောင်လိုက်ရင် အင်မော်တယ် လက်နက်တွေဖြစ်လာနိုင်တယ်။ တကယ်တော့ မင်းရဲ့ ရှေးဟောင်းတာအို ဓားသိုင်းရဲ့ ပျိုးထောင်​ခြင်းအောက်မှာ သူတို့က ဒဏ္ဍာရီလာ အံ့ချီးလက်နက်အဖြစ် အဆင့်တက်သွားနိုင်တယ်။”

“မေမေ... သမီးသူတို့ကို မလိုချင်ဘူး။” ကောင်မလေးက ငိုကြွေးလာတော့သည်။ “သူတို့က ရုပ်ဆိုးလွန်းတယ်။ သမီး အံ့ချီးဓား စာရင်းထဲမှာ သမီးတကယ်ကြိုက်တဲ့ ဓားတစ်ခုတွေ့ထားတယ်။ အဲ့တာက သမီးရဲ့ သွင်ပြင်နဲ့လည်း တော်တော်လိုက်တယ်။ သမီးတို့က ဘာလို့အဲ့ဓားကို သွားပြီး မသန့်စင်ရတာလဲ...”

“သမီးက ကြီးမြတ်ရေခဲဓားကို ပြောနေတာလား။ ဒါပေမဲ့ အဲ့တာက ဟို...”

“သမီးက အဲ့ဓားလို့ ဆုံးဖြတ်လိုက်ပြီ။ သမီးက ကိုးပြည်ထောင် နိုင်ငံတော်ထဲမှာ နံပါတ်တစ် ဓားသိုင်းသမားပဲ။ အဲ့ဓားကပဲ သမီးရဲ့ ပင်ကိုယ်စရိုက်နဲ့ ကိုက်နိုင်မှာ။ မေမေ... မေမေက အတော်ဆုံးပါ။ ကျေးဇူးပြုပြီး သမီးကို အဲ့ဓားရဖို့ ကူညီပေးပါ။”

“အာ... ဟုတ်ပြီ။ အဲ့တာဆိုလဲ ဟာလာပြင် စိတ်ဝိညာဉ်နယ်မြေကို သွားကြရအောင်။”

***

All Chapters