← Chapters

အခန်း (၂၈၀)

Vol. 28 Ch. 280

အခန်း (၂၈၀)

Vol. 28 Ch. 280

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၈၀)

နန်းတော်ထဲတွင် ရင်ကျန့်၏ အကြည့်က လေးနက်သွားသည်။ " ရင်အာ မင်းက ငါ့သမီးပဲ။ စိတ်ချပါ။ အနာဂတ်မှာ မင်းတို့ကို ဘယ်လိုအခက်အခဲမျိုးမှ ရင်မဆိုင်စေရတော့ဘူး။ "

မကြာမီ ရင်ကန့်က စားပွဲပေါ်မှ အစီရင်ခံစာများကို ကြည့်ပြီး ခေါင်းကိုက်သွားသည်။ " ငါ ယုံမြို့ကို မသွားခင် ဒါတွေကို ပြီးပြတ်အောင် လုပ်ရမှာပဲ။ တုန်အာက အဲ့ဒီလူတွေကြောင့် ငါ့ကို ရှောင်နေတာ ဖြစ်နိုင်တယ်။ အခုအချိန်မှာ သူတို့ကို ကာကွယ်နိုင်တဲ့ စွမ်းရည် ငါ့မှာ မရှိသေးဘူးလို့ တုန်အာက ထင်နေတုန်းလား။ လက်ရှိချင်က အရင်လိုမဟုတ်တော့ဘူး။ "

ယွင်ကျုံးမြို့။

မြို့ထဲတွင် ကျောက်ဖုန်းအတွက် စစ်သေနာပတိချုပ် စံအိမ်တစ်ခု ရှိနေသည်။ သို့သော် ယွင်ကျုံးကို ပြန်ရောက်ကတည်းက ကျောက်ဖုန်းက စခန်းတွင်သာ နေခဲ့ပြီး စံအိမ်သို့ လာခဲသည်။

ထိုအချိန်တွင် ခန်းမထဲ၌ ကျန်းဟန်၊ တုဆွေနှင့် လီယောင်တို့အားလုံး ရှိနေကြသည်။ ထို့အပြင် ယန်နိုင်ငံ၏ အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်လည်း ရှိနေသည်။ သူကတော့ အခြားသူမဟုတ်ဘဲ ယန်နိုင်ငံ၏ စစ်သေနာပတိချုပ် ချင်ချင်း ဖြစ်သည်။

" စစ်သေနာပတိချုပ်ကျောက်ဖုန်းကို နှုတ်ဆက်ပါတယ်။ " ချင်ချင်းက ကျောက်ဖုန်းကို ဂါရဝပြုလိုက်သည်။

" စစ်သေနာပတိချုပ်ချင်ချင်းက ယဉ်ကျေးလွန်းနေပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထို ယန်စစ်သေနာပတိချုပ်၏ နာမည်က ထူးဆန်းနေသည်ဟု ကျောက်ဖုန်းက ခံစားမိသည်။ ချင်ချင်းဆိုသည်မှာ ချင်နိုင်ငံကို ဂုဏ်ပြုခြင်းဖြစ်သည်။ အကယ်၍ သူက ချင်နိုင်ငံမှ အရာရှိတစ်ယောက်ဖြစ်လျှင် ၎င်းက အဓိပ္ပါယ်ရှိနိုင်သော်လည်း သူက ယန်နိုင်ငံ၏ စစ်သေနာပတိချုပ် ဖြစ်သည်။

" ကျုပ်တို့ရဲ့ အရှင်မင်းကြီးက စစ်သေနာပတိချုပ် ရာထူးတိုးပြီး ယွင်ကျုံးမှာ စောင့်ကြပ်နေတယ်ဆိုတာကို ကြားခဲ့ရပါတယ်။ ဒါကြောင့် စစ်သေနာပတိချုပ်ကို ဂုဏ်ပြုဖို့ ကျုပ်ကို စေလွှတ်ခဲ့တာပါ။ " ချင်ချင်းက ပြုံး၍ ပြောလိုက်သည်။

" ယန်ဘုရင်က ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်က အသက်ငယ်ငယ်နဲ့ ဒီလိုရာထူးကို ခန့်အပ်ခံရလို့ ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ ကျေးဇူးကြောင့်ပါပဲ။ ယန်ဘုရင်က စစ်သေနာပတိချုပ်ချင်ချင်းကို ဂုဏ်ပြုဖို့ စေလွှတ်လိုက်တာက ကျုပ်အတွက် ဂုဏ်ယူစရာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကျုပ်တို့ ချင်နဲ့ ယန်က မဟာမိတ်တွေပါပဲ။ "

စကားက စကားသာဖြစ်သည်။ ဤကမ္ဘာတွင် ခွန်အားကြီးသူကသာ အမှန်တရားဖြစ်သည်။ လက်သီးခွန်အားက ပိုမိုသန်မာလာလျှင် မဟာမိတ်ဆိုသည်မှာ အမှိုက်သာဖြစ်သည်။ ချင်က ကျောက်ကို တိုက်ခိုက်ခဲ့သော ပုံစံမျိုးဖြစ်သည်။

" စစ်သေနာပတိချုပ်မှာ ဇနီးတစ်ယောက်တည်းလို့ ကြားတယ် ဟုတ်လား။ " ချင်ချင်းက မေးလိုက်သည်။

" ဟုတ်ပါတယ်။ စစ်သေနာပတိချုပ်ချင်ချင်းက ဘာလို့မေးတာလဲ။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" စစ်သေနာပတိချုပ်က ကိုယ်လုပ်တော်တွေဘာတွေ ယူဖို့စဉ်းစားထားသလား သိချင်ပါတယ်။ ကျုပ်တို့ အရှင်မင်းကြီးမှာ အသက်ဆယ့်ခြောက်နှစ်အရွယ် သမီးတော်တစ်ပါးရှိပါတယ်။ တကယ်လို့ စစ်သေနာပတိချုပ်သာ သဘောတူရင် အရှင်မင်းကြီးက စစ်သေနာပတိချုပ်နဲ့ မဟာမိတ်ဖွဲ့ချင်နေပါတယ်။ " ချင်ချင်းက ပြောလိုက်သည်။

ကျောက်ဖုန်းက စိတ်ထဲမှ ရယ်လိုက်သည်။ သူက အားလုံးကို နားလည်ခဲ့သည်။ အသက်နှစ်ဆယ်သာ ရှိသော်လည်း ဘဝနှစ်ခု ရှင်သန်ခဲ့သူဖြစ်ရာ လူအတစ်ယောက်မဟုတ်ပေ။ " စိတ်ဝင်စားစရာပဲ။ သွေးခွဲဖို့လုပ်တဲ့ လှည့်ကွက်ပဲ။ သူတို့က ငါ့ကိုတောင် လညစမ်းနေကြတယ်။ တကယ်လို့ ငါသာ အစီရင်မခံဘဲ လက်ခံခဲ့ရင် ဝမ်ဝမ်နဲ့ အဲ့ဒီမြေခွေးအိုကြီးတွေက ငါ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ရာထူးက နှုတ်ထွက်ခိုင်းလိမ့်မယ်။ "

" ယန်ဘုရင်က သဘောထားကြီးလွန်းပါတယ်။ ကျုပ် ဘယ်လိုလုပ်ငြင်းနိုင်ပါ့မလဲ။ ဒါပေမယ့် ကျုပ်က ဒီရာထူးကို ရယူထားတာဖြစ်လို့ ယန်ဘုရင်ရဲ့ သမီးတော်ကို လက်ထပ်ချင်ရင် အရင်ဆုံး အစီရင်ခံရပါလိမ့်မယ်။ အစီရင်ခံပြီးမှ အကြောင်းပြန်ရင်ရော ဘယ်လိုလဲ။ "

ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ ချင်ချင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်သော အရိပ်အယောင်များ ပေါ်လာသည်။ သူတို့က ထိုကိစ္စကို ချင်လုရင်မပါဘဲ ကျောက်ဖုန်းကိုယ်တိုင် လက်ခံစေချင်သည်။ သို့သော် ယခု ၎င်းက စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သွားသည်။

" ကျုပ်တို့ အရှင်မင်းကြီးက မဟာမိတ်ဖွဲ့ဖို့ အစီအစဉ်ရှိပါတယ်။ စစ်သေနာပတိချုပ် အစီရင်ခံပြီးရင် အကြောင်းပြန်နိုင်ပါတယ်။ " ချင်ချင်းက ပြောလိုက်သည်။

" ဒါဆို ကျုပ် အစီရင်ခံလိုက်ပါမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ အိမ်တံခါးထိ ရောက်လာသော မင်းသမီးတစ်ပါးကို သူက ငြင်းပယ်မည်မဟုတ်ပေ။ ဤခေတ်တွင် မိန်းမတစ်ယောက်ထက် ပိုယူခြင်းက ထူးဆန်းသောအရာမဟုတ်ပေ။

ချင်ချင်းက ကျောက်ဖုန်းနှင့် စကားပြောပြီးနောက် ယွင်ကျုံးမြို့မှ ထွက်ခွာသွားသည်။

" စစ်သေနာပတိချုပ် ယန်က အတော်အကွက်စေ့တာပဲ။ စစ်သေနာပတိချုပ်ကို မင်းသမီးနဲ့ ဆွဲဆောင်တဲ့အပြင် ကျွန်တော်တို့ စခန်းကိုလည်း လေ့လာချင်သေးတယ်။ " ကျန်းဟန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

" ငါက ယွင်ကျုံးမြို့ကို စောင့်ကြပ်နေတော့ ယန်နိုင်ငံက စိတ်မသက်မသာဖြစ်နေတာ သဘာဝပဲ။ ဒီမှာ ဝူအန်းစခန်းကို တည်ထောင်လိုက်တာက သူတို့ကို ပစ်မှတ်ထားတယ်ဆိုတာ သူတို့သိကြတယ်။ ဒါပေမယ့် သူတို့မှာ ပြောင်းလဲနိုင်စွမ်းမရှိလို့ ဒီလိုနည်းလမ်းလေးတွေ သုံးနေတာပဲ။ ပြောဖို့တောင် မထိုက်တန်ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဟုတ်တယ် ပြောဖို့တောင် မထိုက်တန်ဘူး။ " တုဆွေက ခေါင်း​ညိမ့်လိုက်သည်။

" စစ်မြင်းတွေ ရောက်ပြီလား။ " ကျောက်ဖုန်းက ကျန်းဟန်ကို ကြည့်လိုက်သည်။

" စစ်သေနာပတိချုပ် တစ်လအတွင်း စစ်မြင်းတစ်သိန်းကို ကျွန်တော်တို့ စခန်းကို ပို့ဆောင်ပေးမှာပါ။ ကျောက်တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ဟာတွေအပြင် မွေးမြူရေးခြံတွေကလည်း ပါဝင်တယ်။ ဒါကိုလည်း အရှင်မင်းကြီး အတည်ပြုပေးခဲ့ပြီးသားပါ။ " ကျန်းဟန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" မြင်းသည်တော်တစ်သိန်း။ သူတို့က ဒီခေတ်ကာလရဲ့ အထူးချွန်ဆုံး ဖြစ်နေတုန်းပဲ။ ချင်ရဲ့ စခန်းလေးခုထဲမှာ မြောက်ဘက်စခန်းတစ်ခုပဲ မြင်းသည်တော်တစ်သိန်းရှိတယ်။ ငါ့ရဲ့ ဝူအန်းစခန်းကို ဖွဲ့စည်းပြီးသွားရင် ဒါက အခြားစခန်းတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားထက် ကျော်လွန်သွားလိမ့်မယ်။ "

" လန်ထျန်းနဲ့ ဟန်ကုတို့မှာ မရှိတဲ့ မြင်းသည်တော်အင်အားက ကျွန်တော်တို့မှာရှိတယ်။ မြောက်ဘက်နယ်စပ်စခန်းမှာ ချို့တဲ့နေတဲ့ ခြေလျင်တပ်ကလည်း ကျွန်တော်တို့ စခန်းမှာရှိတယ်။ " တုဆွေက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" အခုတော့ အများကြီးမတွေးနဲ့။ ငါတို့မှာ စစ်မြင်းတွေရှိပေမယ့် စခန်းက အသစ်တည်ထောင်ထားတညဖြစ်လို့ စီစဉ်ဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိသေးတယ်။ အခု လက်နက်ချစစ်သည်ဘယ်လောက်ပို့ပြီးပြီလဲ။ ရိက္ခါထောက်ပံ့မှုတွေက လုံလောက်မှုရှိရဲ့လား။ " ကျောက်ဖုန်းက လေးနက်စွာ မေးလိုက်သည်။

" စစ်သေနာပတိချုပ် လက်နက်ချစစ်သည်သုံးသောင်းကျော်ကို ပို့ဆောင်ပြီးပါပြီ။ သူတို့အားလုံးကို ယွင်ကျုံးဆီပို့ဆောင်ဖို့ တစ်လကနေ နှစ်ဘအထိ ကြာပါလိမ့်မယ်။ စခန်းက အခုမှ တည်ထောင်တာဆိုတော့ လုပ်ဆောင်စရာတွေ အရမ်းများနေပါတယ်။ " လီယောင်က ချင်ချင်း ပြန်ဖြေလိုက်သည်။

" အင်း " ​ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" စစ်မြင်းတွေ စီစဉ်တာနဲ့ စစ်သားတွေ ဖြန့်ကျက်တာကို ဒီအတိုင်းပဲ ဆက်လုပ်ကြတာပေါ့။ အခု စခန်းထဲက ရာထူးခန့်အပ်မှုအကြောင်းကို ပြောရအောင်။ " ကျောက်ဖုန်းက စစ်သူကြီးသုံးယောက်ကို ကြည့်လိုက်သည်။

" စစ်သေနာပတိချုပ် အဲ့ဒီအရာရှိတွေကိုတော့ စခန်းထဲက ဝါရင့်စစ်သည်တွေကို ရွေးချယ်သင့်ပါတယ်။ ညီအကိုတော်တော်များများက ကျောက်ကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ရေးစွမ်းဆောင်မှုတွေ ရခဲ့တာမလို့ အခု သူတို့ကို ရာထူးတိုးပေးရမယ့် အချိန်ပါပဲ။ ပြီးတော့ အပြစ်သားတပ်ဖွဲ့က စစ်သည်တွေကလည်း အရာရှိတွေ ဖြစ်လာလို့မရပါဘူး။ " ကျန်းဟန်က ပြောလိုက်သည်။

" ရာထူးတွေကို စစ်ရေးစွမ်းဆောင်မှုအလိုက် ရွေးချယ်လိုက်ပါ။ မင်းတို့ ရာထူးတိုးပေမယ့် စာရင်းကို လုပ်ပြီးပြီဆိုရင် ခွိုက်ဖုဆီ တင်ပြလိုက်ပါ။ ငါ အတည်ပြုပြီးတာနဲ့ အဲ့ဒါကို ရှောက်ဖူဆီ အစီရင်ခံခိုင်းလိုက်မယ်။ " ကျောက်ဖုန်းက ညွှန်ကြားလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းဟန်နှင့် အခြားနှစ်ယောက်က ချက်ချင်း ခေါင်းညိမ့်လိုက်ကြသည်။

" ကောင်းပြီ။ သွားကြတော့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး။ " စစ်သူကြီးသုံးယောက်က ထွက်ခွာသွားကြသည်။

ကျောက်ဖုန်းက သူ၏ အတည်ပြုချက်လိုအပ်နေသော အစီရင်ခံစားများ ပုံထပ်နေသည့် စားပွဲကို ကြည့်လိုက်သည်။ သူက စစ်သေနာပတိချုပ် ဖြစ်လာသောကြောင့် လုပ်ဆောင်ရမည့် အလုပ်က ပိုများလာခဲ့သည်။

ညအချိန်သို့ ရောကလာသောအခါ။

" သခင် တစ်ခုခုဖြစ်နေပါတယ်။ " ကျောက်ဖုန်း၏ ရှေ့တွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

ယန်ထင်၏ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယင်ပုက ကျောက်ဖုန်း၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

" ဘာဖြစ်လို့လဲ။ " ကျောက်ဖုန်းက ခေါင်းမော့ပြီး ယင်ပုကို ကြည့်လိုက်သည်။

" ရှန်းယန်၊ ဟန်တန်နဲ့ ဝေမြို့တွေက အင်မော်တယ်ဝိုင်ခန်းမ သုံးခုက ညဘက်မှာ အမည်မသိအင်အားစုတစ်ခုရဲ့ တိုက်ခိုက်တာ ခံလိုက်ရပါတယ်။ " ယင်ပုက လေးနက်စွာ အစီရင်ခံလိုက်သည်။

" ညဘက်တိုက်ခိုက်ခံရတာလား။ ဆုံးရှုံးမှုတွေရှိလား။ ဝိုင်ခန်းမတွေကို လက်လွှတ်လိုက်ရလား။ " ကျောက်ဖုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

အင်မော်တယ်ဝိုင်ခန်းမက ငွေကြေးစုဆောင်းရန်အတွက် အလွန်အရေးကြီးလှသည်။ ၎င်းမှ ဝင်ငွေကို မရရှိဘဲနှင့် ကျောက်ဖုန်းအနေဖြင့် ကျယ်ပြန့်သော ယန်ထင်ကို ထောက်ပံ့နိုင်မည်မဟုတ်ပေ။

" စိတ်ချပါ အရှင်။ အင်မော်တယ်ဝိုင်ခန်းမတစ်ခုစီမှာ ဝူချန်တစ်ရာကျော် စောင့်ကြပ်နေတာပါ။ တိုက်ခိုက်ခံရတော့ ဝူချန်တွေလည်း ရောက်လာကြပါတယ်။ ညဘက်တိုက်ခိုက်ခံရပေမယ့် ဆုံးရှုံးမှုတွေတော့ သိပ်မကြီးမားပါဘူး။ အကျအဆုံးနည်းနည်းပဲ ရှိပါတယ်။ " ယင်ပုက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

သူက ယန်ထင်အပေါ် ယုံကြည်မှုရှိသည်။ အရိုးသန့်စင်ခြင်းဆေးမှုန့်အပြင် ပြင်းထန်သော လေ့ကျင့်မှုများကြောင့် ယန်ထင်၏ ဝူချန်တို့က ကမ္ဘာပေါ်ရှိ မည်သည့်အင်အားစုထက်မဆို အားမနည်းပေ။ ဟေးပင်းထိုင်နှင့်ယှဉ်လျှင်တောင် ဝူချန်တို့က သူတို့ကို ရှုံးနိမ့်လိမ့်မည်မဟုတ်ပေ။

" အကျအဆုံးဘယ်လောက်ရှိလဲ။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။

ယန်ထင်မှ ဝူချန်များက အဆင့်တစ် ဝူချန်ဖြစ်လျှင်တောင် သာမန်စစ်သည်များထက် ပိုအားကောင်းသည်။ အကယ်၍ စစ်တပ်ထဲတွင်ဆိုလျှင် သူတို့တစ်ယောက်တည်းက လူဆယ်ယောက်ကို သတ်နိုင်သည်။

" ရှန်းယန်ရဲ့ အင်မောတယ်ဝိုင်ခန်းမမှာ ၁၅ယောက်သေပြီး ၂၀ ဒဏ်ရာရပါတယ်။ ဟန်တန်မှာတော့ ၈ ယောက်သေဆုံးပြီး ၉ယောက် ဒဏ်ရာရပါတယ်။ ဝေမြို့မှာတော့ ၁၀ ယောက် ဒဏ်ရာရပါတယ်။ " ယင်ပုက အစီရင်ခံလိုက်သည်။

All Chapters