အခန် (၂၇၁)
Vol. 28 Ch. 271
အခန်း (၂၇၁)
" အရှင်မင်းကြီး စစ်စခန်းအသစ်အတွက် တပ်စွဲရမယ့် နေရာတစ်ခု လိုအပ်ပါတယ်။ ပြီးတော့ စစ်စခန်းအတွက် နာမည်တစ်ခုကိုလည်း အရှင်မင်းကြီး အပ်နှင်းပေးဖိူ့ တောင်းဆိုပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သညယ
" စစ်စခန်းကို ယွင်ကျုံးမြို့မှာ တပ်စွဲမယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ယွင်ကျုံးမြို့၏ နာမည်ကို ကြားသောအခါ လူတိုင်းက တုန်လှုပ်သွားကြသည်။ ယွင်ကျုံးမြို့က ယန်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့ဖြစ်သည်။ ရင်ကျန့်က စခန်းအသစ်ကို ထိုနေရာတွင် တပ်စွဲရန် ဆုံးဖြတ်လိုက်ခြင်းမှာ ယန်နိုင်ငံကို ခြိမ်းခြောက်ရန်ဖြစ်သည်မှာ ရှင်းနေသည်။ ညီလာခံရှိ ဝန်ကြီးများက ရင်ကျန့်၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။
" စခန်းရဲ့ နာမည်ကတော့..." ရင်ကျန့်က ခဏစဉ်းစားပြီးနောက် ကျောက်ဖုန်းကို ကြည့်ကာ ပြုံးလိုက်သည်။ " စစ်စခန်းရဲ့ နာမည်က ဝူအန်းလို့ ခေါ်စေမယ်။ "
ညီလာခံတစ်ခုလုံးက နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။ သူတို့အားလုံးက ထိုနာမည်၏ နောက်ကွယ်မှ နက်ရှိုင်းသော အဓိပ္ပါယ်ကို နားလည်ကြသည်။ သူတို့သာမက စစ်သေနာပတိချုပ်သုံးယောက်ဖြစ်သော ဝမ်ကျန့်၊ ဟွမ်ယိနှင့် မုန့်ဝူတို့ပင် အံ့အားသင့်သွားကြသည်။
" ဝူအန်းစခန်း ဝူအန်းကို အစွဲပြုပြီး ပေးထားတဲ့နာမည်။ အရှင်မင်းကြီးက ကျောက်ဖုန်းကို ဘယ်လောက်တောင် အလေးထားလဲဆိုတာ ဖော်ပြနေတာပဲ။ ဒါက ကျောက်ဖုန်းဟာ တစ်နေ့မှာ အရှင်ဝူအန်းရဲ့ ရာထူးကို တက်လှမ်းနိုင်တဲ့ အလားအလာရှိတယ်ဆိုတာ ပြောလိုက်တာပဲ။ "
ပိုင်ချီသေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း သူ၏ ကြောက်စရာကောင်းသော ဂုဏ်သတင်းကို ဘယ်သူမှ မမေ့ကြပေ။ အခြားနိုင်ငံများက သတ်ဖြတ်ခြင်းနတ်ဘုရားဟုသိကြသော ချင်၏ စစ်နတ်ဘုရားပင်ဖြစ်သည်။
" အရှင်မင်းကြီးက ငါ့ကို ဆက်ကြိုးစားဖို့ ပြောနေတာပဲ။ " ကျောက်ဖုန်းက ရင်ကျန့်၏ ရည်ရွယ်ချကိကို နားလည်လိုက်သည်။
"ဒီနာမည်ကို အပ်နှင်းပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဝူအန်းစခန်းက အရှင်မင်းကြီးကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ဒါက အရှင်မင်းကြီးအတွက် နိုင်ငံအားလုံးကို ချေမှုန်းပြီး တစ်လောကလုံးကို စုစည်းနိုင်အောင် ကူညီပေးပါလိမ့်မယ်။ "
" ငါ မင်းကို ယုံကြည်တယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
ကျန်းထိုင်နန်းဆောင်အတွင်း။
" ဝူအန်းစခန်းတည်ထောင်ဖို့အတွက် စည်းကမ်းတွေကို ရေးဆွဲပြီးပြီ။ " ကင်ကျန့်က ဘေးတွင် ထိုင်နေသော ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။ " မင်း ကျောက်နယ်မြေကို ဘယ်တော့ သွားဖို့စီစဉ်ထားလဲ။ "
" ကိစ္စအားလုံးစီစဉ်ပြီးပြီဆိုတော့ ကျွန်တော်မျိုး မနက်ဖြန်ပဲ ကျောက်နယ်မြေကို ထွက်ခွာနိုင်ပါတယ်။ " ကျောက်ဖုန်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ဒီလောက်တောင် မြန်တာလား။ နောက်ထပ် ရက်နည်းနည်းလောက် ထပ်မနေတော့ဘူးလား။ ငါမင်းကို ချက်ချင်း ထွက်ခွာရမယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး။ " ရင်ကျန့်က အံ့ဩစွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက ဒီလောက်ထိ ယုံကြည်ထားတာဆိုတော့ ကျွန်တော်မျိုးက ထိုက်တန်အောင် လုပ်ရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ပြီး စစ်စခန်းတစ်ခု တည်ထောင်တာက အရမ်းအလုပ်များတယ်။ ဘာလွဲချော်မှုမှမရှိအောင် ကျွန်တော်မျိုးကိုယ်တိုင် ကိုင်တွယ်တာ အကောင်းဆုံးပါပဲ။ "
ရင်ကျန့်က ကျောက်ဖုန်း၏ စိတ်အားထက်သန်မှုကို ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။ " ကောင်းပြီ။ မင်း မနက်ဖြန် ထွက်ခွာချင်တယ်ဆိုရင်လည်း သဘောပဲ။ စခန်းက တည်ထောင်ခါစဆိုတော့ မင်း ခြောက်လလောက်အထိ ပြန်လာနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် စခန်းတည်းဆောက်မှုပြီးသွားရင်တော့ မင်း မြို့တော်ကို ပြန်လာနိုင်တယ်။ တိုက်ပွဲတွေမရှိဘူးဆိုရင် စစ်သေနာပတိချုပ်တစ်ယောက်အနေနဲ့ မင်းက မြို့တော်မှာနေပြီး အနားယူနိုင်တယ်။ "
ကျောက်ဖုန်းက ၎င်းကို နားလည်သည်မှာ ကြာပြီဖြစ်သည်။ စစ်စခန်းတစ်ခုလုံးကို ကွပ်ကဲနေရသေူ စစ်သေနာပတိချုပ်တစ်ယောက်အနေဖြင့် သူသာ စခန်းမှာ ဆက်ရှိနေလျှင် စစ်သည်များကို အချိန်မရွေး စုစည်းနိုင်သည်။ အကယ်၍ သူသယ ပုန်ကန်ခဲ့လျှင် ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်သည်။
" မင်းရဲ့ အရင်စစ်တပ်မှာ စစ်သည်ဘယ်လောက်ကျန်သေးလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ကျွန်တော်မျိုးမှာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ စစ်သည်ခြောက်သောင်းကျော် ရှိပါတယ်။ ကျောက်ကို သိမ်းပိုက်တဲ့ စစ်ပွဲမှာ အကျအဆုံး အတော်များပါတယ်။ " ကျောက်ဖုန်းက သက်ပြင်းချလိုက်သည်။
တိုက်ပွဲပေါင်းများစွာကို အတူဖြတ်ကျော်ဖူးသော သူ၏ ညီအကိုများ သူ၏ မျက်စရှေ့တွင် သေဆုံးသွားသည်ကို မြင်ရခြင်းက သူ့အပေါ် သက်ရောက်မှုရှိနေဆဲ ဖြစ်သည်။ သူ၏ နှလုံးသားက ထုံကျဥ်နေပြီဖြစ်သော်လည်း အတွင်းထဲတွင် နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်။
" စခန်းအတွက် စစ်သည်သစ် ဘယ်လောက်လိုသေးလဲ။ " ရင်ကျန့်က မေးလိုက်သည်။ " မင်းရဲ့ စစ်စခန်းတည်ဆောက်ဖို့ ရှောက်ဖူကို တတ်နိုင်သမျှ အများဆုံး ထောက်ပံ့ပေးဖို့ ငါအမိန့်ထုတ်ပေးလို့ရတယ်။ "
" အပြစ်သားတပ်ဖွဲ့မှာ စုစည်းထားတဲ့ ကျောက်လက်နက်ချစစ်သည် နှစ်သိန်းကျော် ရှိပါသေးတယ်။ ကျွန်တော်မျိုး စစ်သည်သစ်တွေ မလိုပါဘူး။ အဲ့ဒီအပြစ်သားတပ်ဖွဲ့ကို အခြေခံအဖြစ် အသုံးပြုလို့ ရပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ကျောက်က ပျက်စီးသွားပြီဖြစ်လို့ အဲ့ဒီလက်နက်ချစစ်သည်တွေက အမြစ်မရှိတဲ့ သစ်ပင်တွေလိုပါပဲ။ သူတို့အားလုံးကို ချင်အတွက် အသုံးချလို့ ရပါတယ်။ သူတို့ကိုသာ ထိန်းချုပ်နိုင်ရင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က စစ်သည်သစ်တွေထက် ပိုပြီး ကြီးမားပါလိမ့်မယ်။ "
" လက်နက်ချစစ်သည်နှစ်သိန်းကျော် မင်းရဲ့ စစ်သည်ခြောက်သောင်းက သူတို့ကို ထိန်းချုပ်နိုင်ပါ့မလား။ " ရင်ကျန့်က လေးနက်စွာ မေးလိုက်သည်။ " အပြစ်သားတပ်ဖွဲ့ကို အသုံးပြုတာက လက်တွေ့ကျပေမယ့် ပုန်ကန်မှုဖြစ်လာရင် ကပ်ဘေးတစ်ခု ဖြစ်သွားလိမ့်မယ်။ "
" စိတ်ချပါ အရှင်မင်းကြီး " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ " အပြစ်သားတပ်ဖွဲ့က လူတွေက စစ်ရေးစွမ်းဆောင်မှုစနစ်ရဲ့ တွန်းအားပေးမှုနဲ့ သူတို့ မိသားစုတွေအပေါ် ခြိမ်းခြောက်မှုတွေကြောင့် မဆင်မခြင် မလုပ်ရဲပါဘူး။ တကယ်လို့ သူတို့လုပ်ခဲ့ရင်လည်း တစ်ယောက်ယောက်ကို နမူနာအဖြစ် အပြစ်ပေးလိုက်ရုံပါပဲ။ ကျွန်တော်မျိုးမှာ နည်းလမ်းတွေ ရှိပါတယ်။ "
" ဘယ်လိုပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ။ " ရင်ကျန့်က ပြောလိုက်သည်။ " ကျောက်နယ်မြေမှာ တပ်စွဲထားတဲ့ လန်ထျန်းစခန်းက စစ်သည်တွေကို ပြန်မခေါ်ရသေးဘူး။ ငါ အဲ့ဒီမှာ စစ်တပ်တစ်ခုကို ချန်ထားပေးမယ်။ ဝူအန်းစခန်း အပြည့်အဝ ဖွဲ့စည်းပြီးမှ ငါသူတို့ကို ပြန်ခေါ်လိုက်မယ်။ "
" ကျေးဇူးတင်ပါတယ် အရှင်းမင်းကြီး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျောက်ကောင်း ငါ့ဆီကို ကျားတံဆိပ် ယူခဲ့ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
ကျောက်ကောင်းက ပိုထည်သေတ္တာတစ်ခုကို ယူလာပြီး ရင်ကျန့်ကို ပေးလိုက်သည်။ ရင်ကျန့်က ၎င်းကို ဖွင့်လိုက်ပြီး ချင်၏ ကျားတံဆိပ်ပေါ်လာသည်။
" ဒါက ဝူအန်းစစ်စခန်းရဲ့ ကျားတံဆိပ်ပဲ။ မင်းမနက်ဖြန် ကျောက်ကို ထွက်ခွာပြီး စခန်းတည်ထောင်ဖို့ စတင်ရမယ်။ " ရင်ကျန့်က သေတ္တာကို ကျောက်ဖုန်းအား ပေးလိုက်သည်။ " ငါ ဒီတံဆိပ်ကို မင်းကို အပ်နှင်းလိုက်တယ်။ မင်း မြို့တော်ကို ပြန်ရောက်တဲ့အခါ ဒါကို ပြန်အပ်ပါ။ "
ကျောက်ဖုန်း၏ အမူအရာက လေးနက်သွားပြီး ကျားတံဆိပ်ကို လက်ခံလိုက်သည်။
" ပြီးတော့ မင်း စခန်းကို ရောက်တဲ့အခါ စစ်ရေးကိစ္စတွေနဲ့ အရမ်းအလုပ်ရှုပ်နေလိမ့်မယ်။ မင်းပြန်ရင် ဆေးခန်းမကို ဝင်သွားပါ။ ငါမင်းကို စိတ်ဝိညာဉ်ဆေးလုံးအချို့ ပေးလိုက်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။
စိတ်ဝိညာဉ်ဆေးလုံးဟု ကြားသောအခါ ကျောက်ဖုန်းက မျက်မှောင်ကြုတ်သွားသည်။ " အရှင်မင်းကြီးက ဒီဆေးလုံးတွေကို နေ့တိုင်း သုံးစွဲနေတာလား။ "
" ငါက အစီရင်ခံစာတွေ အများကြီး ကိုင်တွယ်နေရတာလေ။ လန်းဆန်းနေဖို့ ဒီဆေးလုံးတွေကို မသောက်ရင် ငါ ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။ " ဒါနဲ့ မင်းကို ကျေးဇူးတင်ရမယ်။ မင်း ဟန်ကို သိမ်းပိုက်ပြီးတဲ့နောက် သူတို့ဆီက စိတ်ဝိညာဉ်ဆေးလုံးတွေကို ရရှိခဲ့တယ်။ မဟုတ်ရင် ငါ့ရဲ့လက်ကျန်က ပြတ်သွားလောက်ပြီ။ "
စိတ်ဝိညာဉ်ဆေးလုံးများအပေါ် ရင်ကျန့်၏ စိတ်အားထက်သန်မှုကို မြင်သောအခါ သူက ၎င်းတို့ကို အင်မော်တယ်ဆေးများအဖြစ် အမှန်တကယ် သတ်မှတ်နေကြောင်းကျောက်ဖုန်းက သိလိုက်သည်။ သမိုးကြောင်းအရ ချင်ရှီဟွမ်က ရောဂါကြောင့် သေဆုံးသွားသည်ဟု ဆိုသော်လည်း သူ၏ သေဆုံးမှုက ထိုစိတ်ဝိညာဉ်ဆေးလုံးများနှင့် သက်ဆိုင်နေသည်။
" ချင်ဘုရင်က ငါ့အပေါ် တော်တော်ကောငခဲ့တာ။ သူ အသက်ရှည်ရှည်နေရရင် ငါ့အတွက် အကျိုးရှိတယ်။ ဘာပဲဖြစ်ဖြစ် ချင်မင်းဆက်ရဲ့ နိဂုံးက ပြောင်းလဲလို့မရဘူး။ သူ အသက်နည်းနည်းပိုရှည်ရုံပါပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုး ပြောစရာတစ်ခု ရှိပါတယ်။ ဒါပေမယ့် ဒါက သင့်တော်လား မသင့်တော်လား မသေချာဘူး။ " ကျောက်ဖုန်းက တွန့်ဆုတ်စွာ ပြောလိုက်သည်။
" မင်းက ငါ့ရှေ့မှာ ဟန်ဆောင်မှုတွေ မရှိတာကြာပါပြီ။ စိတ်ထဲရှိတာပြောပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးအနေနဲ့ ဒီစိတ်ဝိညာဉ်ဆေးလုံးတွေကို မသုံးစွဲတော့ရင် ပိုကောင်းပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ။ " ရင်ကျန့်က အံ့အားသင့်သွားပြီး မေးလိုက်သည်။
" ဒါတွေက အဆိပ်တွေဖြစ်နေလို့ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" မင်း ဘာပြောလိုက်တယ်။ စိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်တွေ ဟုတ်လား။ ဟားဟားဟား..." ရင်ကျန့်က ကျောက်ဖုန်းကို မသိနားမလည်သော လူတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။ " မင်း အစိုးရိမ်လွန်နေတာပါ။ ငါ စိတ်ဝိညာဉ်ဆေးလုံးတွေကို သောက်နေတာ နှစ်အတော်ကြာပြီ။ ဒါတွေက တကယ် အဆိပ်ဆိုရင် ငါသေတာ ကြာပြီပေါ့။ "
" အဲ့ဒါက ဆေးလုံးတွေမှာပါတဲ့ အဆိပ်ပမာဏ နည်းလို့ပါ။ ဒါပေမယ့် အချိန်ကြာလာရင် ဒါတွေက စုစည်းလာပါလိမ့်မယ်။ တကယ်လို့ အရှင်မင်းကြီးက ဒါတွေကို ဆက်ပြီး သုံးစွဲနေဦးမယ်ဆိုရင် တစ်နေ့မဟုတ်တစ်နေ့ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်က အဆိပ်တွေကို ဆက်ပြီး ဖိနှိပ်နိုင်တော့မှာ မဟုတ်ပါဘူး။" ကျောက်ဖုန်းက အနည်းငယ် စိတ်ပျက်သွားပြီး ရှင်းပြလိုက်သည်။