← Chapters

အခန်း (၂၇၃)

Vol. 28 Ch. 273

အခန်း (၂၇၃)

Vol. 28 Ch. 273

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၇၃)

" တရားရေးဝန်ကြီး " ကျောက်ဖုန်းက ပြန်လည်နှုတ်ဆက်လိုက်သည်။

" ဒီနေ့ ညီလာခံမှာ အရှင်မင်းကြီးက ကျုပ်သားကို စစ်သေနာပတိချုပ်ရဲ့ လက်အောက်ကို ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ " လီစီက နွေးထွေးစွာ ပြောလိုက်သည်။ " ကျုပ်သားက နယ်စားမင်းဖြစ်ပေမယ့် စစ်ရေးကိစ္စတွေမှာလည်း ကျွမ်းကျင်မှုရှိပါတယ်။ ဒါပေမယ့် စစ်သေနာပတိချုပ်ရဲ့ စွမ်းရည်တွေနဲ့ ယှဉ်ရင်တော့ သူ့ရဲဘ အရည်အချင်းတွေက ဘာမှမဟုတ်သေးပါဘူး။ ဒီနေ့ ကျုပ်လာတာကတော့ ကျုပ်သားကို တင်းတင်းကျပ်ကျပ် လမ်းညွှန်ပေးဖို့ အလေးအနက် တောင်းဆိုချင်လို့ပါ။ သူ အမြန်ဆုံး ရင့်ကျက်လာပြီး စစ်သေနာပတိချုပ်အတွက် တကယ်အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။ "

လက်ရှိဝန်ကြီးကိုးယောက်ထဲမှ တစ်ယောက်ဖြစ်သော တရားဝန်ကြီးဖြသ်သကဲ့သို့ ချင်ဘုရင် အလေးထားရသော ပုဂ္ဂိုလ်တစ်ယောက်က ယခုအခါ အလွန်ကျိုးနွံနေခဲ့သည်။ လီစီက သူ၏ သားအတွက်ကြောင့်သာ ထိုကဲ့သို့ ပြုမူနေခြင်းဖြစ်သည်။

" ကျုပ်က တရားရေးဝန်ကြီးရဲ့ သားကို ဂရုစိုက်ပေးဖို့ လာတောင်းဆိုတယ် ထင်နေတာ။ အခုတော့ တင်းတင်းကျပ်ကျပ် ဆုံးမပေးဖို့ လာတောင်းဆိုတာကိုး။ ကျုပ် တကယ်ကို အံ့ဩသွားမိတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က နောက်နေပြန်ပါပြီ။ " လီစီက ပြန်ပြောလိုက်သည်။ " စစ်တပ်ဆိုတာ နန်းတွင်းလိုမဟုတ်ဘူး။ စည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေက အရေးကြီးဆုံးပဲ။ "

" တရားရေးဝန်ကြီး စိတ်ချပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " လီယောင်က အခု ကျုပ်ရဲ့ လက်အောက်ငယ်သားဖြစ်သလို အရှင်မင်းကြီးကလည်း အမိန့်ထုတ်ထားတာမလို့ သူ့ကို အခြားသူတွေနဲ့ ခွဲခြားဆက်ဆံမှာမဟုတ်ပါဘူး။ သူ ရသင့်ရထိုက်တာတွေ ရမှာဖြစ်သလို တာဝန်တွေကိုလည်း ထမ်းဆောင်ရလိမ့်မယ်။ "

" ဒါဆိုရင်တော့ စစ်သေနာပတိချုပ်ကို ကျုပ် ကျေးဇူးတင်ပါတယ်။ " လီစီက သက်ပြင်းချပြီး ပြောလိုက်သည်။

" ငါ မနက်ဖြန် ကျောက်နယ်မြေကို ထွက်ခွာတော့မယ်။ " ကျောက်ဖုန်းက လီယောင်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ " စစ်သူကြီးလီက ငါနဲ့အတူ လိုက်မှာလား။ ဒါမှမဟုတ် နောက်ကျမှ လိုက်လာမလား။ "

" စစ်သေနာပတိချုပ်နဲ့ ခရီးအတူသွားရတာ ကျွန်တော်အတွက် ဂုဏ်ယူစရာပါ။ " လီယောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။

ကျောက်ဖုန်းက ဘာမှဆက်မပြောသည်ကို မြင်သောအခါ လီစီက အနည်းငယ် အံ့အားသင့်သွားသည်။ " စစ်သေနာပတိချုပ်က အရှင်မင်းကြီး ကျုပ်သားကို စစ်သေနာပတိချုပ်ရဲ့ လက်အောက်ကို ထည့်ပေးလိုက်တာကို မအံ့ဩဘူးလား။ "

" ဘာလို့အံ့ဩနေရမှာလဲ။ အရှင်မင်းကြီးက ကျုပ်ဆီကို ဘယ်သူပဲပို့ပို့ ကျုပ် ကန့်ကွက်စရာမရှိပါဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျောက်ဖုန်း၏ တည်ငြိမ်သော အမူအရာကို ကြည့်ပြီး လီစီက စိတ်ထဲမှ ထိတ်လန့်သွားသည်။ " ငါ ကျောက်ဖုန်းရဲ့ စိတ်ဓာတ်ကို လျှော့တွက်မိတာပဲ။ သူက ငယ်သေးတော့ ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ အမှားအယွင်းရှိနိုင်တယ်လို့ ငါထင်ခဲ့တာ အခုတော့ ငါမှားသွားပြီပဲ။ ကျောက်ဖုန်းက တည်ငြိမ်ရင့်ကျက်ပြီး ဘာအားနည်းချက်မှ ထုတ်မပြဘသး။ "

" အမှန်တရားကတော့ ကျုပ်သားက စစ်သေနာပတိချုပ်လက်အောက်မှာ အမှုထမ်းခွင့်ရတာဟာ ကျုပ်ကိုယ်တိုင် ကျန်းထိုင်နန်းဆောင်ကို သွားပြီး အရှင်မင်းကြီးကို တောင်းဆိုခဲ့လို့ပါ။ " လီစီက ပြောလိုက်သည်။ " ဒါက ကျုပ်မိသားစု ဆက်လက်ရှင်သန်နိုင်ဖို့ နောက်ဆုံးလက်နက်အနေနဲ့ လုပ်ဆောင်ခဲ့ရတာပါ။ နောက်တစ်ချိန် ဘာပဲဖြစ်လာဖြစ်လာ ကျုပ်သားက စစ်သေနာပတိချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေရင် လီမိသားစုရဲ့ မျိုးဆက်ကို ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။ "

သူ ပြောပြီးနောက် ကျောက်ဖုန်းက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက လီစီ၏ ရည်ရွယ်ချက်ကို နားလည်ပြီးသားဖြစ်သည်မှာ ထင်ရှားသည်။

" တရားရေးဝန်ကြီးက အတွေးလွန်နေတာ ဖြစ်မှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ခင်​ဗျားက ဝန်ကြီးကိုးယောက်ထဲက တစ်ယောက်ပဲ။ "

" အရှင်မင်းကြီး ရှိနေသရွေ့တော့ လီမိသားစုက တိုးတက်ကြီးပွားနိုင်ပါတယ်။ ဒါပေမယ့် နောက်နှစ်ပေါင်းတစ်ရာလောက်ကြာရင်ရော..." လီစီက လေးနက်စွာ ပြောလိုက်သည်။ " စစ်သေနာပတိချုပ် သိတဲ့အတိုင်းပဲ နန်းတွင်းဆိုတာ သွေးမထွက်တဲ့ စစ်မြေပြင်တစ်ခုပဲ။ တကယ်စစ်ပွဲတွေထက်တောင် ပိုပြီး ရက်စက်ကြမ်းကြုတ်ပါတယ်။ "

" မျိုးဆက်သစ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ မျိုးဆက်ဟောင်းတွေက ကျုပ်သေတာကိုပဲ မြင်ချင်နေကြတာ။ ဒါကြောင့် ကျုပ်သားကို စစ်တပ်ထဲကို ဝင်ခိုင်းဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိခဲ့ဘူး။ " လီစီက ခါးသီးစွာ ပြုံးလိုက်သည်။

" တရားရေးဝန်ကြီးက အဝေးကြီး ကြိုတွေးနေတာပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ဖြစ်နိုင်ပါတယ်။ ဒါက ကျုပ် ထည့်သွင်းစဉ်းစားရမယ့် အရာတစ်ခုပါ။ " လီစီက ပြတ်သားစွာ ပြောလိုက်သည်။ " ဘယ်လိုပဲဖြစ်ဖြစ် အခုကစပြီး စစ်သေနာပတိချုပ် ကျုပ်သားကို ဂရုစိုက်ပေးပါဦး။ ပြီးတော့ ဝမ်ဝမ်နဲ့ သူ့အုပ်စုက နန်းတွင်းမှာ စစ်သေနာပတိချုပ်ကို ပစ်မှတ်ထားလာရင် ကျုပ်ငြိမ်နေမှာမဟုတ်ပါဘူး။ "

၎င်းက သူလာရောက်ရခြင်း၏ အကြောင်းရင်းတစ်ခုဖြစိသည်။ နန်းတွင်းတွင် ဟန်ဖေးက ကျောက်ဖုန်းဘက်မှ ပြောဆိုပေးခဲ့သည်။ ဟန်ဖေးက ကျောက်နယ်မြေကို အုပ်ချုပ်နေပြီး ယခုအချိန်တွင် ပြန်မလာနိုင်သေးပေ။ သို့သော် သူပြန်လာသည့်နေတွင် ဝန်ကြီးကိုးယောက်၏ ရာထူးကို တိုးမြှင့်ခံရပေလိမ့်မည်။

ကျောက်နယ်မြေကို အုပ်ချုပ်ခြင်းမှ ရရှိသော စွမ်းဆောင်မှုက ကြီးမားလှသည်။ ထို့အပြင် ဟန်ဖေး၏ ဂုဏ်သတင်းကို တစ်နိုင်ငံလုံးက သိထားသည်။

" ဒါဆိုရင်တော့ တရားရေးဝန်ကြီးကို ဒုက္ခပေးရပါဦးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" တကယ်တော့ ကျုပ်မှာ စစ်သေနာပတိချုပ်ကို မေးစရာတစ်ခုကျန်သေးတယ်။ ဒါပေမယ့် စစ်သေနာပတိချုပ် မဖြေချင်လည်း မဖြေပါနဲ့။ " လီစီက ပြုံး၍ ပြောလိုက်သည်။

" လွတ်လွတ်လပ်လပ်မေးနိုင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်နဲ့ ဟန်ဖေးတို့က ရင်းနှီးကြတာလား။ " လီစီက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ကျုပ်အထင်ကတော့ သူက ယုံကြည်ရတဲ့ မိတ်ဆွေတစ်ယောက်ပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အော် ဒါကြောင့် အရင်တုန်းက ဝမ်ဝမ်နဲ့ ချွန်းယွီယွဲ့တို့ စစ်သေနာပတိချုပ်ကို အကြိမ်ကြိမ် ပစ်မှတ်ထားတုန်းက စစ်သေနာပတိချုပ်ဘက်က ဝင်ပြောပေးခဲ့တာကိုး။ " လီစီက ခေါင်းညိမ့်လိုက်သည်။

" တရားရေးဝန်ကြီးမှာ ပြောစရာရှိရင် ပြောပါ။ " ကျောက်ဖုန်းက လီစီ၏ အတွေးများကို ခန့်မှန်းမိပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ကို ဘာမှဖုံးကွယ်ထားလို့မရပါလား။ ဟန်ဖေး ပထမဆုံး ရောက်လာတုန်းက ကျုပ် အမှားတစ်ခု လုပ်ခဲ့မိတယ်။ ကျုပ်သူ့ကို အမြဲတမ်း တောင်းပန်ချင်နေခဲ့တာပါ။ ဒါကြောင့်..." လီစီက အပြစ်ရှိလိုစိတ်ဖြင့် ပြောလိုက်သည်။

" ဒါက တရားရေးဝန်ကြီးကိုယ်တိုင် ဖြေရှင်းရမယ့်ကိစ္စပါ။ " ကျောက်ဖုန်းက တိုက်ရိုက်ငြင်းပယ်လိုက်သည်။ " ဘာပဲဖြစ်ဖြစ် ကျုပ်က ပြင်ပလူပဲလေ။ တကယ်လို့ ခင်​ဗျားက စိတ်ရင်းမှန်တယ်ဆိုရင် ကိုယ်တိုင်ပြောလိုက်တာ ကောင်းပါတယ်။ "

သူ၏ သတိပေးချက်သာမရှိလျှင် ဟန်ဖေးက လီစီ၏ လက်ချက်ဖြင့် သေဆုံးနေလောက်ပြီဖြစ်သည်။ ၎င်းက လီစီကိုယ်တိုင်​ ဖြေရှင်းရမည့်ကိစ္စဖြစ်သည်။ ကျောက်ဖုန်းက သူ့အစား တောင်းပန်ပေးမည်မဟုတ်ပေ။

" အဖေနဲ့ ဝန်ကြီးဟန်ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မသိပေမယ့် ကျွန်တော် အဖေရဲ့ သားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ကျောက်နယ်မြေကို ရောက်တဲ့အခါ ဝန်ကြီးဟန်ကို သွားတောင်းပန်လိုက်ပါမယ်။ " လီယောင်က လေးနက်စွာ ပြောလိုက်သည်။

လီစီက ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင် ကျောက်ရင်၏ အသံက ထွက်ပေါ်လာသည်။ " အစ်ကို မနက်ဖြန် ရှန်းယန်ကနေ ထွက်သွားတော့မှာလား။ "

သူမ၏ အသံကို ကြားသောအခါ လီစီနှင့် လီယောင်တို့က လှည့်ကြည့်လိုက်ကြသည်။ လီယောင်က ချက်ချင်း ငေးမောသွားရသည်။

ကျောက်ရင်က အနီနှင့်အနက်ရောင်ရောယှက်ထားသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ထူးခြားသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သို့သော် သူမက လီယောင်တို့ကို စိတ်မဝင်စားဘဲ ကျောက်ဖုန်းဆီသို့ သွားလိုက်သည်။

" အင်း ငါ မနက်ဖြန် ထွက်ခွာမှာပဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ဒါဆိုရင် ညီမလေးကရော..." ကျောက်ရင်က မခွဲချင်သဖြင့် မေးလိုက်သည်။

" ငါ အားလုံး စီစဉ်ပြီးပါပြီ။ မနက်ဖြန်ကစပြီး နန်းတော်ထဲက ဆေးပညာခန်းမမှာ မင်း ပညာသင်ရမယ်။ ဆရာချန်က သဘောတူပြီးတိုရင် စစ်စခန်းမှာ ငါ့ဆီကို လိုက်လာလို့ရပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒါက ဘယ်လောက်ကြာမှာလဲ။ " ကျောက်ရင်က မေးလိုက်သည်။

" အဲ့ဒါကတော့ မင်း သင်ယူမှဘယ်လောက်မြန်လဲဆိုတာအပေါ် မူတည်တယ်။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။

" ကောင်းပြီလေ။ " ကျောက်ရင်က လက်ခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။

" ဒါက စစ်သေနာပတိချုပ်ရဲ့ ညီမလေး ဖြစ်ရမယ်။ တကယ်ကို အလှတရားနဲ့ ပြည့်စုံတာပဲ။ " လီစီက ပြုံး၍ ပြောလိုက်သည်။

" ဒါက ဝန်ကြီးလီစီနဲ့ သူ့ရဲ့ လီယောင်ပဲ။ " ကျောက်ဖုန်းက တာဝန်အရ မိတ်ဆက်ပေးလိုက်သည်။

ကျောက်ရင်က သူတို့ကို တစ်ချက်ကြည့်ပြီး နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက ကျောက်ဖုန်းဘက်သို့ လှည့်လိုက်သည်။ " အစ်ကို ငါသွားပြီနော်။ "

သူမက ချက်ချင်း ထွက်ခွာသွားသည်။ သို့သော် လီယောင်ကတော့ သူမ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေခဲ့သည်။

" စစ်သူကြီးလီ ငါတို့ မနက်ဖြန် ထွက်ခွာမယ်။ ပြင်ဆင်စရာရှိရင် စံအိမ်ပြန်ပြီး ပြင်ဆင်ထားပါ။ " ကျောက်ဖုန်းက လီယောင်ကို ကြည့်ကာ ပြောလိုက်သည်။ " စစ်စခန်းက ရှန်းယန်လို့မဟုတ်ဘူး။ ယွင်ကျုံးကလည်း စည်ကားတဲ့ မြို့မဟုတ်ဘူး။ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။ "

" အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။ " လီယောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ကျုပ်တို့သားအဖကို ခွင့်ပြုပါဦး။ " လီစီက ပြောလိုက်ပြီး သူ၏ သားနှင့်အတူ ထွက်ခွာသွားသည်။

All Chapters