← Chapters

အခန်း (၂၇၄)

Vol. 28 Ch. 274

အခန်း (၂၇၄)

Vol. 28 Ch. 274

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၇၄)

ကျောက်နယ်မြေ။

ထိုဒေသကို ခရိုင်အဖြစ် မခွဲခြားရသေးပေ။ ကျောက်နယ်မြေတစ်ခုလုံးကို စီရင်ပိုင်ခွင့်နယ်မြေနှစ်ခုအဖြစ် အုပ်ချုပ်ထားပြီး ဟန်ဖေးက အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ဟန်တန်မြို့၊ ဝန်ကြီးချုပ်ဟောင်း၏ နေအိမ်အတွင်း ဟန်ဖေးက ရုံးသုံးစာရွက်များကြားတွင် ထိုင်နေသည်။ သူ၏ ပါရမီနှင့်ပင် အနည်းငယ် ဝန်ပိနေသည်။ သူ၏ မျက်ကွင်းညိုများက ကောင်းကောင်းမအိပ်စက်ရသေးကြောင်း ဖော်ပြနေသည်။

" အုပ်ချုပ်ရေးမှူး ဒီစာရွက်စာတမ်းတွေနဲ့ပဲ အပြင်းအထန် အလုပ်လုပ်နေတာ။ ဒီလိုဆက်လုပ်နေရင် အုပ်ချုပ်ရေးမှူးရဲ့ ကျန်းမာရေး ထိခိုက်သွားနိုင်ပါတယ်။ " အရာရှိတစ်ယောက်က ရိုသေစွာ ပြောလိုက်သည်။

" ရပါတယ်။ နောက်တစ်လလောက် ဒီလိုလုပ်လိုက်ရင် ကျောက်နယ်မြေရဲ့ နိုင်ငံရေးက အတော်လေး စနစ်တကျ ဖြစ်သွားလိမ့်မယ်။ " ဟန်ဖေးက ခေါင်းမဖော်ဘဲ ပြောလိုက်သည်။

" အကိုဟန်က စာရွက်စာတမ်းတွေကို နေ့တိုင်းအဖော်ပြုပြီး သူ့ရဲ့ နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပုံရတယ်။ " ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။

စာရွက်စာတမ်းများထဲတွင် နစ်မြှုပ်နေသော ဟန်ဖေးက ပြုံး၍ ခေါင်းမော့လိုက်ပြီး ဝင်ပေါက်သို့ ကြည့်လိုက်သည်။

" အို ဒါက စစ်သေနာပတိချုပ်ကျောက်ဖုန်းမဟုတ်လား။ ခွင့်ရက်ကနေ ဘာလို့အစောကြီး ပြန်လာတာလဲ။ "

" ငါသာ ပြန်မလာရင် ဝူအန်းစခန်းကို ဘယ်လိုလုပ်တည်ထောင်နိုင်မှာလဲ။ " ကျောက်ဖုန်းက ဟန်ဖေး၏ ဘေးတွင် ဝင်​ထိုင်လိုက်သည်။

" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " ခန်မထဲမှ အရာရှိများက ထိတ်လန့်သွားကြပြီး ကျောက်ဖုန်းကို ဂါရဝပြုလိုက်ကြသည်။

" အဲ့ဒါတွေ မလိုပါဘူး။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " အရာရှိများက ​ရိုသေစွာ ပြန်ပြောလိုက်ကြသည်။

" မင်းရဲ့ မျက်ကွင်းတွေ ညိုနေတာကိုလည်း ကြည့်လိုက်ဦး။ မအိပ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။ " သွားသောက်ကြမလား။ ဒီဟန်တန်မှာ အင်မော်တယ်ဝိုင်ခန်းမက ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ "

" သွားကြတာပေါ့။ " ဟန်ဖေးက ရယ်မောလိုက်သည်။ "ငါက မင်းရဲ့ မင်္ဂလာပွဲနဲ့ လွဲချော်သွားတာဆိုတော့ အခု မင်းငါ့ကို အင်မော်တယ်ဝိုင်ခန်းမက ဝိုင်ကောင်းကောင်းနဲ့ ဧည့်ခံရမှာပေါ့။ "

ဟန်ဖေးက စာရွက်စာတမ်းများကို ထားခဲ့လိုက်ပြီး ကျောက်ဖုန်း၏ နောက်မှ ချက်ချင်းလိုက်သွားသည်။ ၎င်းက သူက ထိုဖိတ်ခေါ်မှုကို မည်မျှတန်ဖိုးထားကြောင်း ဖော်ပြနေသည်။

အင်မော်တယ်ဝိုင်ခန်းမ။

တတိယအထပ်ရှိ သီးသန့်အခန်းတွင် ဟန်ဖေးက လှပသပ်ယပ်သော အခန်းကို ဝှေ့ကြည့်ပြီး အောက်မှ တန်းစီနေသော လူများကို မြင်သောအခါ မရယ်ဘဲ မနေနိုင်ပေ။

" မင်းက ဒီမှာ အထူးဧည့်သည်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီလောက်များတဲ့ ဝိုင်ဖိုးတွေ ဘယ်ကရတာလဲ။ "

" ငါ့ရဲ့ တစ်နှစ်စာလစာက လုံလောက်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အထူးဧည့်သည်တွေက အကောင်းဆုံးဝိုင်ကို သောက်ခွင့်ရှိတာပဲ။ ဒီနေ့တော့ ငါမင်းကို အားမနာတော့ဘူး။ " ဟန်ဖေးက ကျယ်လောင်စွာ ပြောလိုက်သည်။ " စားပွဲထိုး မင်းတို့ဆိုင်က အကောင်းဆုံးဝိုင်ကို ယူလာခဲ့စမ်း။ "

ခဏကြာသောအခါ စာပွဲထိုးက ဝိုင်အိုးများ လာချပေးသွားသည်။

" အရှင်မင်းကြီးရဲ့ မင်းရဲ့ စစ်စခန်းကို ဝူအန်းလို့နာမည်ပေးလိုက်တာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်ရှိတယ်။ မင်းဘယ်လိုထင်လဲ။ " ဟန်ဖေးက ဝိုင်တစ်ခွက်ငှဲ့ရင်း ပြောလိုက်သည်။

" ငါက ဘာထင်ရမှာလဲ။ " ကျောက်ဖုန်းက ဝိုင်တစ်ငုံသောက်ပြီး ပြန်ပြောလိုက်သည်။ " ငါ ဝူအန်းကျွင်း (အရှင်ဝူအန်း) ဖြစ်လာမှ အဲ့ဒါနဲ့ ပက်သက်ပြီး စစ်မှန်တဲ့ ခံစားချက်မျိုးရှိလိမ့်မယ်။ "

" ဝူအန်းကျွင်းအဖြစ် ခန့်အပ်ခံရဖို့ဆိုရင် မင်းက ပထမဆုံး စစ်ဦးစီးချုပ်ဖြစ်ရမယ်။ စစ်ဦးစီးချုပ်ထက် မြင့်တဲ့ အဆင့်ကို ရောက်ပြီးမှသာ မင်းက ဒီလိုဘွဲ့မျိုးကို ရရှိမှာပဲ။ ညီအကိုကျောက် ငါမင်းအပေါ် အရမ်းမျှော်လင့်ထားတယ်။ " ဟန်ဖေးက ခွက်မြှောက်ပြီး ကျောက်ဖုန်းကို ပြောလိုက်သည်။

" ငါ့အကြောင်းပြောမနေနဲ့။ မင်းလည်း မြို့တော်ကို ပြန်ရောက်ရင် ဝန်ကြီးကိုးပါးထဲက တစ်ယောက်ဖြစ်လာတော့မှာပဲ။ ဘယ်သူကထင်ထားမှာလဲ။ တစ်ချိန်က သေလုနီးပါး မျှော်လင့်ချက်မဲ့နေတဲ့ ဟန်ဖေးက အခု ချင်ရဲ့ ဝန်ကြီးကိုးယောက်အဆင့် ဖြစ်လာတော့မယ်။ " ကျောက်ဖုန်းက စနောက်လိုက်သည်။

" အဲ့ဒါတွေ ပြန်မပြောလို့မရဘူးလား။ " ဟန်ဖေးက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" ဟားဟား ငါက ပြန်စဉ်းစားမိလို့ပါ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" ငါမင်းကို ကျေးဇူးတင်ရမှာပေါ့။ မင်းသာမရှိရင် ငါ အခုလောက်ဆို သေနေလောက်ပြီ။ ငါ့အသက်ကို မင်းက ကယ်တင်ခဲ့တာပဲ။ " ဟန်ဖေးက လေးနက်စွာ ပြောလိုက်သည်။ ထို့ကြောင့်ပင် သူက နန်းတွင်းတွင် ကျောက်ဖုန်းဘက်မှ အမြဲတမ်း ဝင်ရောက်ပြောဆိုပေးခဲ့ခြင်းဖြစ်သည်။

" စခန်းသစ်တည်ထောင်တာနဲ့ ပက်သက်ပြီးတော့ ပင်မစစ်သူကြီးနှစ်ယောက်က ငါ့ရဲ့ လက်ထောက်စစ်သူကြီးတွေပဲ။ တတိယတစ်ယောက်က ဘယ်သူလို့ ထင်လဲ။ " ကျောက်ဖုန်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

" မင်းရဲ့ စစ်စခန်းနာမည်က ဝူအန်းလို့ပဲ ငါသိထားတာ။ တခြားဘာမှငါမသိဘူး။ ဘယ်သလဲ။ " ဟန်ဖေးက မေးလိုက်သည်။

" လီယောင်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုနာမည်ကို ကြားသောအခါ ဟန်ဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ဝိုင်တစ်ငုံသောက်လိုက်သည်။ " လီယောင် ငါ သူ့ကို သိပါတယ်။ လီစီရဲ့ သားပေါ့။ သူ့အဖေနဲ့ ယှဉ်ရင်တော့ သူက အတော်လေး ဖြောင့်မတ်ပါတယ်။ ဒါပေမယ့် လီစီကတော့ အဝေးကြီး ကြိုတွေးနေတာပဲ။ အရှင်မင်းကြီးက အခုအားအင်ပြည့်နေတုန်းရှိသေးတာကို သူက အနာဂတ်အတွက် အစီအစဉ်ဆွဲနေပြီ။ "

" လီယောင်က မင်းနောက်ကို လိုက်နေသရွေ့ မင်းရဲ့ စိတ်နေစိတ်ထားအရ သူ့ကို သေချာပေါက် ကာကွယ်ပေးမှာကို သူ ယုံကြည်နေတယ်။ လီစီ တကယ်ပါးနပ်တာပဲ။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။ သူက စကားတစ်ခွန်းတည်းနှင့် ပိုမိုနက်ရှိုင်းသော အဓိပ္ပါယ်ကို နားလည်သွားသည်။

" ဖုစုနန်းတက်တဲ့အခါ ဝမ်ဝမ်နဲ့ ဟွိုက်ကျွမ်းတို့က သူ့ကို မလွတ်ပေးမှာကို လီစီက ကြောက်နေတာပဲ။ ဒါကြောင့် သူက လီယောင်ကို စစ်ထဲပို့ဖို့ စီစဉ်ခဲ့တာပဲ။ ဒါပေမယ့် လီစီက အတွေးလွန်နေတာပဲ။ " ကျောက်ဖုန်းက စိတ်ပျက်စွာ ပြောလိုက်သည်။ " ဝမ်ဝမ်နဲ့ ဟွိုက်ကျွမ်းတို့က အခုဆို အတော်အသက်ကြီးနေကြပြီ။ နောက်ဆယ်နှစ်ဆို အသက်တောင်ရှင်နိုင်ပါ့ဦးမလား မသိဘူး။ "

" ဟားဟား မင်းက တကယ်ကို လျှာပါးတာပဲ။ တကယ်လို ဝမ်ဝမ်နဲ့ အခြားသူတွေသာ ဒါကို ကြားရင် ဒေါသထွက်ပြီး သေသွားလောက်တယ်။ " ဟန်ဖေးက ရယ်မောလိုက်သည်။

" ဒေါသထွက်ပြီး သေသွားလည်း ကောင်းတာပဲ။ ငါ သူတို့ကြောင့် စိတ်အနှောက်ဖြစ်တာ သက်သာတာပေါ့။ " ကျောက်ဖုန်းကလည်း ရယ်မောလိုက်သည်။

ထိုအချိန်တွင် အခန်းအပြင်မှ ကျန်းမင်၏ အသံ ထွက်ပေါ်လာသည်။ " အရှင် စစ်သူကြီးလီက ပထမထပ်မှာ အုပ်ချုပ်ရေးမှူးဟန်ဖေးကို တွေ့ခွင့်တောင်းနေပါတယ်။ "

" လီယောင်လား။ "ကျောက်ဖုန်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး ဟန်ဖေးကို ကြည့်လိုက်သည်။ "သူ့ကို တွေ့မှာလား မတွေ့ဘူးလားဆိုတာ မင်းအပေါ်ဘဲ မူတည်တယ်။ "

" တွေ့ကြတာပေါ့။ " ဟန်ဖေးက ဂရုမစိုက်ဘဲ ပြောလိုက်သည်။ " ငါ ဟန်ဖေးက အဲ့လောက်ထိ စိတ်သဘောထားကျဉ်းမြောင်းတဲ့သူ မဟုတ်ဘူး။ ပြီးတော့ သူအဖေရဲ့ ကိစ္စက သူနဲ့ ဘာမှမဆိုင်ဘူး။ "

" သူ့ကို ခေါ်လာခဲ့လိုက်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး တံခါးဝတွင် ရှိနေသော ကျန်းမင်ကို ပြောလိုက်သည်။

ခဏကြာသောအခါ လီယောင်က အခန်းထဲသို့ ဝင်ရောက်လာသည်။ ဟန်ဖေးကို မြင်သည်နှင့် လီယောင်က တွန့်ဆုတ်မနေဘဲ ချက်ချင်း ဒူးထောက်လိုက်သည်။

" ကျွန်တော်က အဖေကိုယ်စား အုပ်ချုပ်ရေးမှူးဟန်ကို တောင်းပန်ပါတယ်။ " လီယောင်က သူ၏ နဖူးကို ကြမ်းပြင်နှင့် ထိသည်အထိ ဦးညွှတ်လိုက်သည်။

၎င်းကို မြင်သောအခါ ဟန်ဖေးက အံ့အားသင့်သွားသည်။ " မင်းက ဘာလို့တောင်းပန်နေတာလဲ။ "

" အဒီတုန်းက အဖေက အုပ်ချုပ်ရေးမှူးလီအပေါ် ဘာလုပ်ခဲ့လဲဆိုတာ ကျွန်တော်မသိပေမယ့် အဲ့ဒါက ခွင့်မလွှတ်နိုင်စရာတစ်ခုခု ဖြစ်ပါလိမ့်မယ်။ " လီယောင်က ရိုသေစွာ ပြောလိုက်သည်။ " သူ့ရဲ့ သားတစ်ယောက်အနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ဝေဖန်ပိုင်ခွင့် မရှိပေမယ့် ဒီနေ့ အုပ်ချုပ်ရေးမှူးဟန်နဲ့ဆုံတုန်း အဖေကိုယ်စား ကျွန်တော်က တောင်းပန်သင့်ပါတယ်။ "

" မင်းက မင်းအဖေကို ခွင့်လွှတ်ပေးဖို့ ငါ့ကို တောင်းဆိုနေတာလား။ " ဟန်ဖေးက လီယောင်ကို စိုက်ကြည့်လိုက်သည်။

" ကျွန်တော်က အုပ်ချုပ်ရေးမှူးဟန်ဆီက ခွင့်လွှတ်မှု တောင်းခံနေတာ မဟုတ်ပါဘူး။ " လီယောင်က ခေါင်းခါပြီး ပြောလိုက်သည်။ " ဒီလိုတောင်းပန်နေတာက သားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် လူပ်ဆောင်ရုံသက်သက်ပါပဲ။ "

"ငါ ပြောသလိုပဲ။ လီစီက လီစီ မင်းက မင်းပဲ။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။ "ထပါ။ ဒီနေ့ မင်း ဒီကို ရောက်နေမှတော့ ငါတို့ အတူတူ သောက်ကြတာပေါ့။ "

"ကျေးဇူးတင်ပါတယ်။ " လီယောက်က ဖြည်းညင်းစွာ ထလိုကမသည်။

" ကဲ အဲ့ဒီကိစ္စကို ထားလိုက်တော့။ ငါတို့ မနက်ဖြန် ယွင်ကျုံးကို ထွက်ခွာရမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ယွင်ကျုံးကို အခြေစိုက်စခန်းအဖြစ် အသုံးပြုတာက ယန်နဲ့ ဝေကို ခြိမ်းခြောက်ရာ ရောက်တယ်။ အရှင်မင်းကြီးရဲ့ ​ဗျူဟာက အကျိုးကျေးဇူးတွေ အများကြီးရစေတာပဲ။ " ဟန်ဖေးက လေးစားစွာဖြင့် ပြောလိုက်သည်။

" ဟုတ်တယ်။ အဲ့ဒီရည်ရွယ်ချက်က တကယ် အသုံးဝင်တယ်။ ဒါပေမယ့် ကျောက်နယ်မြေကို ထိန်းချုပ်ပြီးလို့ ချင်က ဝေနိုင်ငံကို စစ်ချီရင်တော့ ငါ့ စခန်းအလှည့်ရောက်မှာ မဟုတ်သလို လန်ထျန်းစခန်းလည်း ဖြစ်မှာမဟုတ်ဘူး။ ငါ အဲ့ဒါကို စိုးရိမ်နေတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

"လန်ထျန်းစခန်းက နိုင်ငံနှစ်ခုကို ဆက်တိုက်သိမ်းပိုက်နိုင်တဲ့အပြင် မင်းလို စစ်သေနာပတိချုပ်တစ်ယောက်တောင် ထွက်ပေါ်လာခဲ့တာပဲ။ တကယ်လို့ လန်ထျန်းစခန်းကိုသာ အသုံးပြုနေရင် မြောက်ပိုင်းနယ်စပ်နဲ့ ဟန်ကုခံတပ်တွေရဲ့ စစ်သေနာပတိချုပ်တွေက ဘယ်ငြိမ်နေပါ့မလဲ။ အဲ့ဒါကြောင့် မင်းကျေနပ်သင့်တယ်။ " ဟန်ဖေးက ပြုံးလိုက်သည်။

" ဝူအန်းစခန်းဆိုတဲ့ နာမည် ခိုင်မှာစေဖို့အတွက် ကြိုးစားမှရမယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

All Chapters