← Chapters

အခန်း (၂၇၅)

Vol. 28 Ch. 275

အခန်း (၂၇၅)

Vol. 28 Ch. 275

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၇၅)

" ဘယ်အရာတွက်မဆို ကြိုးစယးရမှာပဲ။ ဒီတစ်ခါ ကျောက်နယ်မြေကို စီမံခန့်ခွဲရမှာလည်း ငါတိုက်ပွဲဝင်နေတဲ့အရာတစ်ခုပဲ။ ပြောရရင် ဒါက ဟန်ချက်ညီမှုအတွက်လည်း ပါတာပေါ့။ နန်းတွင်းမှာ ဝမ်ဝမ်နဲ့ သူ့အဖွဲ့က အတော်လေး ဩဇာကြီးမားနေပုံရတယ်။ " ဟန်ဖေးက ပြောလိုက်သည်။

" ငါ ရှန်းယန်မှာတုန်းက အရှင်မင်းကြီးရှေ့မှာ ဝမ်ဝမ်နဲ့ သူ့အဖွဲ့မကောင်းကြောင်း ပြောခဲ့သေးတယ်။ အဲ့ဒီနောက်မှာပဲ အရှင်မင်းကြီးက ဟူဟိုက်ကို ညီလာခံတက်ရောက်ခွင့်ပေးခဲ့တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းကတော့ ဝမ်ဝမ်နဲ့သူ့အဖွဲ့က ဒေါသပေါက်ကွဲနေတော့မှာပဲ။ သူတို့တွေ လက်စားချေမှာ မင်းမကြောက်ဘူးလား။ " ဟန်ဖေးက ပြောလိုက်သည်။

" လက်စားချေမယ်ဟုတ်လား။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။ " သူတို့ အရည်အချင်းရှိရင် ကြိုးစားကြည့်လို့ရတယ်။ သူတို့က ငါ့ကို အရင်လာပြီး ပစ်မှတ်ထားတာပဲ။ ငါလက်တုန့်မပြန်ရင် ယောကျာ်းတစ်ယောက် ဖြစ်ပါဦးမလား။ "

" ငါမင်းရဲ့ စရိုက်ကို ကြိုက်တယ်။ ဘာကိုမှမကြောက်ဘူး။ လာသောက်ကြစို့။ " ဟန်ဖေးက ဝိုင်ခွက်ကို မြှောက်လိုက်သည်။

" သောက်ကြမယ်။ " ကျောက်ဖုန်းက ရယ်မောပြီး ခွက်ကို မြှောက်လိုက်သည်။

ယန်နိုင်ငံ၊ ကျိမြို့။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ကျွန်တော်မျိုးတို့ ချင်နိုင်ငံက သတင်းအချင်အလက်တွေ ရရှိထားပါတယ်။ ချင်လုရင်က ဝူအန်းစခန်းလို့ခေါ်တဲ့ စခခန်းသစ်တစ်ခုကို တည်ထောင်ဖို့ အမိန့်ထုတ်လိုက်ပါပြီ။ အဲ့ဒီစခန်းရဲ့ စစ်သေနာပတိချုပ်က ကျောက်နိုင်ငံကို ဖျက်ဆီးခဲ့တဲ့ ကျောက်ဖုန်းပဲ ဖြစ်ပါတယ်။ " ယန်ဝန်ကြီးတစ်ယောက်က အစီရင်ခံလိုက်သည်။

" ကျောက်ဖုန်းလား။ အသက်နှစ်ဆယ်နဲ့ စစ်သေနာပတိချုပ်ပေါ့။ သူက ငါတို့ ယန်နိုင်ငံအတွက် အကြီးမားဆုံးရန်သူပဲ။ သူက ငါတို့ ယန်နိုင်ငံမှာ မမွေးဘဲ ဘာလို့ ချင်နိုင်ငံမှာ မွေးလာရတာလဲ။ " ယန်ဘုရင်က စိတ်ပျက်သွားသည်။

ယခု ဟန်နှင့် ကျောက် ပျက်စီးသွားပြီဖြစ်သောကြောင့် အကြောက်ဆုံးမှာ ဝေနိုင်ငံဖြစ်ပေလိမ့်မည်။ ၎င်း၏ နောက်တွင် ယန်နိုင်ငံက ကပ်လျက်ရှိသည်။ ကျောက်ဖုန်း၏ ကျော်ကြားမှုနှင့် စစ်ရေးအောင်မြင်မှုများက တစ်နိုင်ငံလုံး ပျံ့နှံ့သွားပြီး တစ်လောကလုံးက သိရှိကြသည်။

" အဲ့ဒီစခန်းအသစ်ကို ဘယ်မှာတည်ထောင်ထားတာလဲ။ " ယန်ဘုရင်က မေးလိုက်သည်။

" အရှင်မင်းကြီး ဝူအန်းစခန်းက ယွင်ကျုံးမြို့မှာ တည်ထောင်ထားပါတယ်။ " ယန်ဝန်ကြီးက လေးနက်စွာ ပြောလိုက်သည်။

" ဘာ ယွင်ကျုံးဟုတ်လား။ " ယန်ဘုရင်၏ အမူအရာက ပြောင်းလဲသွားသည်။ ယွင်ကျုံးမြို့က ယန်နှင့်ကျောက်နိုင်ငံ၏ နယ်စပ်ဖြစ်သည်ကို သူသိထားသည်။

" ချင်ဘုရင်က စခန်းသစ်ကို ယွင်ကျုံးမြို့မှာ တည်ထောင်တာက ငါတို့ ယန်ကို ပစ်မှတ်ထားနေတယ်ဆိုတာ ရှင်းနေတာပဲ။ " ယန်ဘုရင်က စိတ်မသက်မသာ ဖြစ်သွားသည်။

" အရှင်မင်းကြီး စိတ်မပူပါနဲ့။ ချင်နိုင်ငံက ကျွန်တော်မျိုးတို့ ယန်နိုင်ငံကို စစ်ချီဖို့ အကြောင်းပြချက်​မရှိပါဘူး။ အရင်က ဖြစ်ခဲ့တဲ့ နားလည်မှုလွဲတာတွေကိုလည်း သူတို့ဘက်က လက်ခံပြီးသားပဲ။ တကယ်လို့ သူတို့ကသာ ယန်နိုင်ကံကို စစ်ချီရင် မတရားတဲ့ လုပ်ရပ်ဖြစ်သွားပြီး တစ်ကမ္ဘာလုံးက ရှုံ့ချကြပါလိမ့်မယ်။ " ယန်ဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။

" ကျွန်တော်မျိုးလည်း အဲ့ဒါကို ထောက်ခံပါတယ်။ ချင်အတွက် စိုးရိမ်စရာမရှိပါဘူး။ "

" ယွင်ကျုံးမြို့က ယန်နိုင်ငံနဲ့ နီးပေမယ့် ဝေနိုင်ငံနဲ့က ပိုပြီးနီးကပ်ပါတယ်။ ဒီလုပ်ရပ်က ဝေနိုင်ငံကို တားဆီးဖို့အတွက် ဖြစ်နိုင်ပါတယ်။ အရှင်မင်းကြီး မစိုးရိမ်ပါနဲ့။ "

" အခု ချင်နဲ့ ယန်က မဟာမိတ်တွေပါ။ သူတို့က သစ္စာဖောက်မှာမဟုတ်ပါဘူး။ "

ယန်ဝန်ကြီးများက ယန်ဘုရင် စက်အေးစေရန် ပြောလိုက်ကြသည်။ သူတို့၏ စကားများကို နားထောင်ပြီးနောက် ယန်ဘုရင်က စိတ်မသက်မသာ ဖြစ်နေသော်လည်း ခေါင်းညိမ့်လိုက်ရသည်။

" ဝန်ကြီးတွေ ပြောတာမှန်ပါတယ်။ ချင်က ယွင်ကျုံးမှာ စခန်းတည်တာက ဝေနိုင်ငံကို ကိုင်တွယ်ဖို့ ဖြစ်ပြီး ငါတို့ ယန်နိုင်ငံနဲ့ မသက်ဆိုင်ဘူး။ စစ်သေနာပတိချုပ် ချင်းချင်။ " ယန်ဘုရင်က ခေါ်လိုက်သည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " စစ်ဘက်အရာရှိတစ်ယောက်က ရှေ့ထွက်လာသည်။

" ကျောက်ဖုန်းက ယွင်ကျုံးမြို့မှာ တပ်စွဲထားတယ်ဆိုတော့ ငါတို့ယန်နိုင်ငံက သူ့ကို ဂုဏ်ပြုသင့်တယ်။ မင်းကိုယ်တိုင်ယွင်ကျုံးမြို့ကို သွားပြီး ကျောက်ဖုန်းကို ဂုဏ်ပြုလက်ဆောင် သွားပေးရမယ်။ " ယန်ဘုရင်က ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ချင်းချင်က ပြန်ပြောလိုက်သည်။

ယန်နိုင်ငံ၏ အရည်အချင်းရှိသော စစ်သေနာပတိချုပ် အနည်းငယ်ထဲတွင် ချင်ချင်းကလည်း တစ်ယောက်အပါအဝင် ဖြစ်သည်။ ဒုတိယတစ်ယောက်မှာ ကျောက်နိုင်ငံကို လက်နက်ချပြီးနောက် ပြန်လာခဲ့သော ယွဲ့ချန်ဖြစ်သည်။

"ချင် သူတို့မှာ တရားမျှတတဲ့ အကြောင်းပြချက်မရှိသရွေ့ ယန်နိုင်ငံကို တိုက်ခိုက်ဦးမှာမဟုတ်ဘူး။ ဒါပေမယ့် ချီနိုင်ငံနဲ့ ချူနိုင်ငံကိုတော့ လူတွေ စေလွှတ်ရဦးမယ်။ တကယ်လို့ ချင်နိုင်ငံက ယန်နိုင်ငံကို စစ်ချီရဲရင် ချီနိုင်ငံနဲ့ ချူနိုင်ငံက စစ်ကူတွေ စေလွှတ်ပေးသရွေ့ ယန်နိုင်ငံက ဘေးကင်းလိမ့်မယ်။ " ယန်ဘုရင်က တွေးလိုက်သည်။

ညီလာခံပြီးဆုံးပြီးနောက် ယန်ဘုရင်၏ နန်းဆောင်တွင်။

" ခမည်းတော် သားတော် တွေ့ခွင့်တောင်းပါတယ်။ " ယန်တန်၏ အသံက အပြင်မှ ထွက်ပေါ်လာသည်။

" သူ့ကို ဝင်ခွင့်ပေးလိုက်ပါ။ " ယန်ဘုရင်က ဒေါသထွက်နေသော အမူအရာနှင့် ပြောလိုက်သည်။

ယန်တန်က ခန်းမထဲသို့ ဝင်ရောက်လာပြီး ယန်ဘုရင်ကို ဦးညွှတ်လိုက်သည်။ " ခမည်းတော်ကို ဂါရဝပြပါတယ်။ "

" ငါမင်းကို တံခါးပိတ်ပြီး အမှားသုံးသပ်ဖို့ မပြောခဲ့ဘူးလား။ မင်းဒီကို ဘာလာလုပ်တာလဲ။ " ယန်ဘုရင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" ရင်ကျန့်က ယွင်ကျုံးမြို့မှာ စခန်းအသစ်တည်ထောင်လိုက်တယ်လို့ ကြားတယ်။ ခမည်းတော် အဲ့ဒီအတွက် စိတ်မပူဘူးလား။ ယွင်​ကျုံးမြို့က ယန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ တကယ်လို့ ချင်က ယန်ကို တိုက်ခိုက်လာရင် ယန်က ဘာလုပ်မှာလဲ။ " ယန်တန်က စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

" ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး။ ထွက်သွားတော့။ " ယန်ဘုရင်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ခမည်းတော်က တကယ်ပဲ ဒီအတိုင်း ငြိမ်နေတော့မှာလား။ သားတော်မှာ ချင်ရဲ့ ခြိမ်းခြောက်မှုကို လုံးဝ ဖြေရှင်းပေးနိုင်တဲ့ အစီအစဉ်တစ်ခု ရှိပါတယ်။ ခမည်းတော်သာ သဘောတူရင် ချက်ချငိး အကောင်အထည်ဖော်နိုင်ပါတယ်။ " ယန်တန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

ယန်ဘုရင်က ယန်တန်ကို ဂရုစိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူက သူသား၏ စရိုက်နှင့် အရည်အချင်းကို ကောင်းကောင်းသိသည်။

" တော်ပြီ။ မင်းပြန်သွားပြီး အမှားသုံးသပ်ဖို့ တံခါးပိတ်နေတော့။ ငါရဲ့ အမိန့်မရှိဘဲ နန်းတော်ထဲကို မဝင်ရဘူး။ " ယန်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။

" ခမည်းတော် သားတော်..." ယန်တန်က ဘာပြောရမှန်းမသိတော့ပေ။

" ထွက်သွားစမ်း။ " ယန်ဘုရင်က ဒေါသထွက်သွားပြီး ဝါးချပ်စာလိပ်ဖြင့် ပစ်ပေါက်လိုက်သည်။

၎င်းကို မြင်သောအခါ ယန်တန်က မတတ်သာတော့ဘဲ ထွက်ခွာသွားသည်။

" အိမ်ရှေ့စံမင်းသား ဘယ်လိုဖြစ်သွားလဲ။ အရှင်မင်းကြီးက အရှင်သားရဲ့ အစီအစဉ်ကို သဘောတူခဲ့လား။ " ယန်တန်၏ နောက်လိုက်တစ်ယောက်က မေးလိုက်သည်။

" ခမည်းတော်က ရှေးရိုးစွဲဆန်တယ်။ ချင်ကို အရမ်းကြောက်ပြီး ငါ့ရဲ့ အစီအစဉ်ကို နားတောင်မထောင်ဘဲ ငါ့ကို မောင်းထုတ်လိုက်တယ်။ ဒီအတိုင်းသာဆက်သွားရင် ယန်နိုင်ငံက သေချာပေါက် ပျက်စီးသွားလိမ့်မယ်။ "ယန်တန်က ဒေါသတကြီး ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားရဲ့ ရည်ရွယ်ချက်ကို အရှင်မင်းကြီးက နားမလည်ဘူး။ " ယန်တန်၏ နောက်လိုက်က ပြောလိုက်သည်။

" ခမည်းတော်က နားမထောင်ပေမယ့် ငါကတော့ ထိုင်ကြည့်​မနေနိုင်ဘူး။ ငါညွှန်ကြားတဲ့အတိုင်း မင်း လုပ်ပြီးပြီလား။ " ယန်တန်က မေးလိုက်သည်။

" စိတ်ချပါ အိမ်ရှေ့စံမင်းသား။ လက်အောက်ငယ်သားတွေက လူသစ်တွေစုဆောင်းပြီး လျို့ဝှက်လေ့ကျင့်ပေးနေပါပြီ။ တစ်နှစ်နှစ်နှစ်အတွင်းမှာ ရလဒ်တွေ ပြလာပါလိမ့်မယ်။ " နောက်လိုက်က ပြောလိုက်သည်။

" အဲ့ဒါအပြင် ဖန်ယွီချီကိုလည်း စောင့်ကြည့်ထား။ သူ့ကို ယန်နိုင်ငံက ထွက်သွားခွင့်မပေးနဲ့။ " ယန်တန်က ညွှန်ကြားလိုက်သည်။ " သူက ရင်ကျန့် လိုချင်နေတဲ့ လူတစ်ယောက်ပဲ။ အချိန်ကျရင် သူက အများကြီး အသုံးဝင်လာလိမ့်မယ်။ "

" ဖန်ယွီချီက ချင်ဘုရင် ဒီလောက်ထိ မုန်းအောင် ဘာတွေများလုပ်ခဲ့လို့လဲ။ " နောက်လိုက်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" အချိန်ကျရင် မင်းသိလာမှာပါ။ " ယန်တန်က ပြုံး၍ ပြောလိုက်သည်။ သူက အေးစက်စွာ ရယ်မောလိုက်သည်။ " ရင်ကျန့် နောက်ဆုံးတော့ မင်းက အရည်အချင်းမရှိတဲ့သူပဲ။ တုန်အာက မင်းကို မျက်နှာသာပေးခဲ့ပေမယ့် မင်းက သူမကို မကာကွယ်နိုင်ခဲ့ဘူး။ ဖန်ယွီချီက တုန်အာကို ထိခိုက်စေခဲ့တာပဲ။ စိတ်ချပါ ငါ သူ့အသက်ရော မင်းအသက်ကိုပါ ယူမှာပါ။ "

ယွင်ကျုံးမြို့။

မြို့အပြင်ဘက် မလှမ်းမကမ်းတွင် တပ်စခန်းတစ်ခုကို တည်ဆောက်နေပြီး စစ်တန်းလျားများ၊ လေ့ကျင့်ရေးကွင်းများနှင့် အမျိုးမျိုးသော အဆောက်အအုံများကို တည်ဆောက်လျက်ရှိသည်။

" စစ်သေနာပတိချုပ် စခန်းတည်ဆောက်မှုက တစ်လကျော်ကြာအောင် လုပ်ဆောင်နေခဲ့တာပါ။ အခုဆိုရင် အခြေခံအဆောက်အဦးတွေတော့ အတော်လေး ပြီးနေပါပြီ။ " တုဆွေက ရိုသေစွာ ပြောလိုက်သည်။

" ငါ့ရဲ့ စခန်းက စစ်သည်တွေအားလုံး ရောက်ပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" သူတို့အားလုံး ယွင်ကျုံးကို ရောက်နေကြပါပြီ။ " တုဆွေက ပြောလိုက်သည်။

" စစ်သည်တွေအားလုံးကို လေ့ကျင့်ရေးကွင်းမှာ စုစည်းလိုက်။ " ကျောက်ဖုန်းက အမိန့်ပေးပြီး လေ့ကျင့်ရေးကွင်းသို့ ထွက်ခွာသွားသည်။

" အမိန့်အတိုင်းပါ။ " တုဆွေနှင့် ကျန်းဟန်တို့က ချက်ချင်း ပြောလိုက်ကြသည်။

မကြာမီ စုဝေးရန် ​ဗုံသံများက စခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ စစ်တန်းလျားများမှ စစ်သည်များက လေ့ကျင့်ရေးကွင်းသို့ စုရုံးသွားကြသည်။

စင်မြင့်ပေါ်တွင် ကျောက်ဖုန်းက ရောက်ရှိလာသော စစ်သည်များကို ကြည့်ပြီး ပြုံးလိုက်သည်။

" စခန်းမှာနေတာက ငါနဲ့ ပိုလိုက်ဖက်တယ်။ တိုက်ပွဲတွေနဲ့ သတ်ဖြတ်မှုတွေက ယောကျာ်းတစ်ယောက်ရဲ့ တာဝန်ပဲ။ " ကျောက်ဖုန်းက စိတ်ဓာတ်များ တက်ကြွလာသည်။ သူက အိမ်တွင် အေးအေးချမ်းချမ်း နေခဲ့သော်လည်း လေးနှစ်တာ စစ်သည်ဘဝက သူ့ကို ၎င်းနှင့် ရင်းနှီးစေခဲ့သည်။

All Chapters