← Chapters

အခန်း (၂၇၆)

Vol. 28 Ch. 276

အခန်း (၂၇၆)

Vol. 28 Ch. 276

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၇၆)

" ချင်စစ်သည်တို့ စစ်သေနာပတိချုပ်ကို အလေးပြုကြ။ " တုဆွေက ရှေ့တိုးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

" စစ်သေနာပတိချုပ်ကို အလေးပြုပါတယ်။ " စစ်သည်အားလုံးက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

ကျောက်ဖုန်းက သူ၏ စစ်တပ်မှ စစ်သည်များအတွက် စစ်တပ်၏ စိတ်ဝိညာဉ်ဖြစ်သည်။ စစ်သည်တိုင်းက အလောင်းတောင်ပုံများနှင့် သွေးပင်လယ်ကို ဖြတ်ကျော်ကာ ကျောက်ဖုန်းနောက်သို့ လိုက်ပါခဲ့ကြပြီး စစ်တပ်တွင် သူတို့က ကျောက်ဖုန်းကိုသာ အသိအမှတ်ပြုကြသည်။

ယခုအခါ သူတို့၏ စစ်သူကြီးက စစ်သေနာပတိချုပ်ဖြစ်လာပြီး သူတို့စိတ်ထဲတွင် ကျောက်ဖုန်းက စစ်ဦးစီးချုပ်ဖြစ်ရန်ပင် ထိုက်တန်သည်ဟု ယူဆကြသည်။

" ငါခွင့်ယူထားတာ နှစ်လရှိပြီ။ ဒါပေမယ့် မင်းတို့ ညီအကိုတွေက စွမ်းရည်တွေကို ထိန်းသိမ်းထားတုန်းပဲ။ မင်းတို့အတွက် ငါဂုဏ်ယူတယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ​ပြောလိုက်သည်။

" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ဖို့ ကျိန်ဆိုပါတယ်။ " စစ်သည်များက စိတ်အားထက်သန်စွာ အော်ဟစ်လိုက်ကြသည်။

" အခု ငါက စစ်စခန်းတစ်ခုကို ကွပ်ကဲနေပြီး ငါ့လက်အောက်မှာ ပင်မစစ်သူကြီး သုံးယောက်ရှိတယ်။ ငါ့ရဲ့ စခန်းကိုတော့ ဝူအန်းစခန်းလို့ နာမည်ပေးထားတယ်။ " ကျောက်ဖုန်းက ကြေညာလိုက်သည်။

" စစ်သေနာပတိချုပ်ကို ဂုဏ်ပြုပါတယ်။ " စစ်သည်များက ဂုဏ်ပြုစကားပြောလိုက်ကြသည်။

" တုဆွေ၊ ကျန်းဟန်။ " ကျောက်ဖုန်းက အမိန့်စာကို ထုတ်ယူလိုက်သည်။

" ကျွန်တော်တို့ ရှိပါတယ်။ " သူတို့က ကြိုတင်သိရှိထားကြသော်လည်း စစ်သူကြီးအဖြစ် ရာထူးတိုးမြှင့်ခံရချိန်တွင် စိတ်လှုပ်ရှားနေကြဆဲ ဖြစ်သည်။

" ချင်ဘုရင်ရဲ့ အမိန့်တော်။ တုဆွေနဲ့ ကျန်းဟန်တို့က နိုင်ငံအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ရယူနိုင်ခဲ့တယ်။ စစ်သူကြီးကျောက်ဖုန်းရဲ့ အကြံပြုချက်အရ တုဆွေနဲ့ ကျန်းဟန်တို့ကို ပင်မစစ်သူကြီးအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်တယ်။ "

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " တုဆွေနှင့် ကျန်းဟန်တို့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ၎င်းက သူတို့အတွက် ဂုဏ်ယူရဆုံး အခိုက်အတန့်ဖြစ်သည်။

သူတို့က ကျောက်ဖုန်းအပေါ် ပို၍ သစ္စာရှိလာကြသည်။ အကယ်၍ သူတို့က ကျောက်ဖုန်းနောက်သို့ မလိုက်လာခဲ့လျှင် သူတို့က ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် ပင်မစစ်သူကြီးရာထူးကို ရရှိနိုင်မည်မဟုတ်သည်ကို သူတို့ သိထားကြသည်။

" လီယောင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" ကျွန်တော်ရှိပါတယ်။ " လီယောင်က စစ်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း စစ်မြေပြင်သို့ မရောက်ဖူးသေးသောကြောင့် စစ်အရှိန်အဝါ ကင်းမဲ့နေသည်။

" အရှင်မင်းကြီးရဲ့ အမိန့်တော် မြောက်ပိုင်းနယ်မြေရဲ့ အုပ်ချုပ်ရေးမှူး လီယောင်က စာပေရော စစ်ပညာပါ ကျွမ်းကျင်ပြီး စစ်သူကြီးတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။ အခု ဝူအန်းစခန်းရဲ့ တတိယစစ်တပ်ကို ကွပ်ကဲဖို့ ပင်မစစ်သူကြီးအဖြစ် ခန့်အပ်လိုက်တယ်။ " ကျောက်ဖုန်းက ကြေညာလိုက်သည်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီး ကျွန်တော်မျိုးကို စိတ်မပျက်စေရပါဘူး။ " လီယောင်က အမိန့်ကို လက်ခံလိုက်သည်။

" အခု ပင်မစစ်သူကြီးတွေကို ခန့်အပ်ပြီးပြီ။ နောက်ထပ် ငါနာမည်ခေါ်တဲ့သူတွေ ‌ရှေ့ထွက်ခဲ့ပါ။ " ကျောက်ဖုန်းက နောက်ထပ်အမိန့်စာတစ်ခုကို ထုတ်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။ " ဝေချွမ်၊ လျူဝမ်၊ လျိုဟွာ၊ ကျွမ်းဝေ။ "

ကျောက်ဖုန်းက နာမည်များကို ရွတ်ဆိုလိုက်သည်နှင့် နာမည်ခေါ်ခံရသူများက စိတ်လှုပ်ရှားစွာဖြင့် ရှေ့ထွက်လာကြသည်။ ဤတစ်ကြိမ် လက်ထောင်စစ်သူကြီးများ ခန့်အပ်ခြင်းဖြစ်သည်။

ဝေချွမ်နှင့် အခြားသူများက ကျောက်ဖုန်းနောက်သို့ အချိန်အတော်ကြာ လိုက်ပါခဲ့ကြပြီး သူတို့က ရာထူးတက်လာခဲ့ကြသည်။ သို့သော် ၎င်းကို ဘယ်သူမှ မကျေမနပ်မဖြစ်ကြပေ။ အကြောင်းမှာ သူတို့၏ ရာထူးတက်မှုက သူတို့၏ စွမ်းဆောင်မှုများပေါ်တွင် အခြေခံထားသောကြောင့် ဖြစ်သည်။

စစ်တပ်သုံးခု၊ လက်ထောက်စစ်သူကြီး ခြောက်ယောက်။ လေးယောက်က ကျောက်ဖုန်း၏ လက်အောက်ငယ်သားများဖြစ်ကြပြီး နှစ်ယောက်က ရင်ကျန့် ခန့်အပ်ထားသူများ ဖြစ်ကြသည်။ ကျောက်ဖုန်းအပေါ် မည်မျှယုံကြည်သည်ဖြစ်စေ ရင်ကျန့်က စစ်တပ်အတွင်း သူ့လူများ ထည့်ထားပေလိမ့်မည်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " လက်ထောက်စစ်သူကြီးများက ကျယ်လောင်စွာ ပြောလိုက်ကြသည်။

" စစ်တရားသူကြီး ခွိုက်ဖု " ကျောက်ဖုန်းက ထပ်မံခေါ်ယူလိုက်သည်။

" ကျွန်တော်ရှိပါတယ်။ " ခွိုက်ဖုက ရှေ့ထွက်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။

" ချင်ဘုရင်ရဲ့ အမိန့်တော် ခွိုက်ဖုကို ပင်မစခန်းရဲ့ စစ်တရားသူကြီးအဖြစ် ခန့်အပ်လိုက်တယ်။ သူက စစ်တပ်ရဲ့ စည်းကမ်းတွေကို ကြီးကြပ်ဖို့နဲ့ စစ်ရေးအောင်မြင်မှုတွေကို စီမံခန့်ခွဲဖို့ တာဝန်ယူရမယ်။ စစ်သေနာပတိချုပ် ကျောက်ဖုန်းနဲ့ ရှောက်ဖူက ယွီလျောင်တို့ဆီကို တိုက်ရိုက်သတင်းပို့ရမယ်။ " ကျောက်ဖုန်းက ကြေညာလိုက်သည်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ခွိုက်ဖုက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ ရာထူးတိုးမြှင့်မှုက ကျောက်ဖုန်းကြောင့်ဖြစ်သည်။ ကျောက်ဖုန်းသာမရှိလျှင် သူက ပင်မစခန်း၏ စစ်တရားသူကြီး ဖြစ်လာရန် အခွင့်အရေးရှိမည်မဟုတ်ပေ။

" လက်ထောက်စသ်သူကြီးတွေရဲ့ လက်အောက်မှာလည်း စစ်ရေးစွမ်းဆောင်မှုအရ ရာထူးတက်လာတဲ့ ညီအကိုတွေရှိတယ်။ ခဏနေရင် စစ်သူကြီးတွေက အမိန့်တွေ ကြေညာပေးလိမ့်မယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် အိမ်ပြန်တုန်းက စစ်သေနာပတိချုပ်ရဲ့ မင်္ဂလာဝိုင်ကို ကျွန်တော်တို့ ညီအကိုတွေ မသောက်ခဲ့ရပါဘူး။ " စစ်သည်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

" မင်္ဂလာဝိုင်သောက်ကြမယ်။ " စစ်သည်များက စိတ်အားထက်သန်စွာ အော်ဟစ်လိုက်ကြသည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ပြုံးပြီး လက်မြှောက်လိုက်သည်။ လေ့ကျင့်ရေးကွင်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။

" ငါ့ရဲ့ ညီအကိုတွေကို ငါက ဘယ်လိုလုပ်မေ့မှာလဲ။ ငါ ပြန်ရောက်လာကတည်းက ဝိုင်ကောင်းတွေကို ပြင်ဆင်ပြီးသွားပြီ။ ညီအကိုတွေ စိတ်ကြိုက်သောက်နိုင်တယ်။ ဝိုင်ကောင်းတွေအပြင် အသားတွေလည်း အလုံ​အလောက်ရှိတယ်။ ဒီနေ့ ငါ့ညီအကိုတွေနဲ့အတူ သောက်ကြတာပေါ့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

ညအချိန်တွင် ကျောက်ဖုန်း၏ ကိုယ်ရံတော်များက စခန်းအပြင်တွင် ကင်းစောင့်နေကြပြီး စခန်းအတွင်းတွင် ဆူညံနေသည်။ အင်မော်တယ်ဝိုင်ခန်းမမှ ဝယ်ယူလာသော ဝိုင်အချို့မှလွဲ၍ အများစုက သာမန်ဝိုင်များဖြစ်သည်။ စစ်သည်ခြောက်သောင်းကို ထောက်ပံ့ရန်အတွက် အင်မော်တယ်ဝိုင်ခန်းမမှ အကောင်းစားဝိုင်များက မလုံလောက်ခဲ့ပေ။

ကျောက်ဖုန်းက စခန်းအလယ်တွင် ထိုင်နေပြီး သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ရဲဘော်ရဲဘက်များနှင့်အတူ ဂုဏ်ပြုမှုများကို လက်ခံနေခဲ့သည်။

" စစ်သေနာပတိချုပ်ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်။ "

" စစ်သေနာပတိချုပ်ကို ဂုဏ်ပြုပါတယ်။ "

စစ်သည်များက ဝိုင်းဝန်းဂုဏ်ပြုလိုက်ကြသည်။

" ညီအကိုတို့ စိတ်ကြိုက်သောက်ကြ။ " ကျောက်ဖုန်းက ရယ်မောပြီး ဝိုင်အိုးကို မြှောက်ကာ ပြန်ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ဒီလက်အောက်ငယ်သားကို မှတ်မိသေးလား။ အရင်က ထောက်ပို့တပ်မှာ စစ်သေနာပတိချုပ်သာ ရှေ့ကရပ်မပေးခဲ့ရင် ကျွန်တော်က ဟန်စစ်သည်တွေရဲ့ လက်အောက်မှာ အသက်ပျောက်လောက်ပါပြီ။ " သက်လတ်ပိုင်းလူတစ်ယောင်က စိတ်လှုပ်ရှားစွာဖြင့် ကျောက်ဖုန်းအနီးသို့ ချဉ်းကပ်လာသည်။

" ဝူခွေ့ " ကျောက်ဖုန်းက သူ့ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားပြီး နာမည်ခေါ်လိုက်သည်။

" စစ်သေနာပတိချုပ်က ကျွန်တော်နာမည်ကို မှတ်မိလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ " ဝူခွေ့က တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

" မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ စစ်တပ်ထဲက ညီအကိုတွေအများကြီးကို ငါမှတ်မိပါတယ်။ လေးနှစ်ကျော်ကြာအောင် ငါက ဒီညီအကိုတွေနဲ့ တိုက်ပွဲဝင်ခဲ့တာပါ။ ညီအကိုဟောင်းတွေရှိနေသလို အချို့ကလည်း ထွက်သွားကြပြီ။ ငါဘယ်လိုလုပ်မမှတ်မိဘဲနေမလဲ။ " ကျောက်ဖုန်းက ခံစားချက်များနှင့် ပြောလိုက်သည်။

စခန်းအတွင်း စကားပြောသံများနှင့် ဆူညံနေခဲ့သည်။ စစ်တပ်တစ်ခုလုံး အရက်သောက်ခွင့်အမိန့်ကို ရုတ်သိမ်းထားသဖြင့် မည်သူမျှလက်လွတ်မခံချင်ကြပေ။ ထို့အပြင် ကျောက်ဖုန်းက နောက်နေ့တွင် တာဝန်ကျသူများမှလွဲ၍ အားလုံးကို အားလပ်ရက်တစ်ရက် ပေးထားခဲ့သည်။

ရှန်းယန်မြို့၊ ကျန်းထိုင်နန်းဆောင်။

" အရှင်မင်းကြီး နောက်တစ်ကောင် သေသွားပြန်ပြီ။ အကြိမ်ကြိမ် စမ်းသပ်ပြီးတဲ့နောက်မှာ စစ်သေနာပတိချုပ်ကျောက်ပြောတာ မှန်တယ်ဆိုတာ သက်သေပြနေပါတယ်။ စိတ်ဝိညာဉ်ဆေးလုံးတွေက တကယ်ပဲ အဆိပ်ဖြစ်စေပါတယ်။ " ကျောက်ကောင်းက ရိုသေစွာ ပြောလိုက်သည်။

ရင်ကျန့်က သေဆုံးနေသော ယုန်ကို ကြည့်ပြီး သူ၏ မျက်နှာက အလွန်ခက်ထန်နေသည်။ " ငါ နှစ်ပေါင်းများစွာ စားသုံးခဲ့တဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေက တကယ် အဆိပ်ရှိတာပဲ။ ကျောက်ဖုန်းရဲ့ သတိပေးချက်သာမရှိရင် ငါက အဆိပ်တွေ စုပုံလာတဲ့အထိ ဆက်သောက်ပြီး နောက်ဆုံးမှာ သေသွားရမှာပဲ။ "

ကျောက်ကောင်းနှင့် အရာရှိအားလုံးက ဒူးထောက်လိုက်သည်။ " အရှင်မင်းကြီးရဲ့ ကံတရားက နှိုင်းယှဉ်စရာမရှိပါဘူး။ စစ်သေနာပတိချုပ်ကျောက်ရဲ့ သတိပေးချက်ကို ရတာ ကြီးမားတဲ့ ကံကောင်းမှုပါပဲ။ အခု အရှင်မင်းကြီးက စိတ်ဝိညာဉ်ဆေးလုံးတွေ စားတာကို ရပ်ပြီး သမားတော်ကြီးကို အဆိပ်ဖြေဆေးတွေ ဖော်စပ်ခိုင်လိုက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားနိုင်ပါလိမ့်မယ်။ "

" စိတ်ဝိညာဉ်ဆေးလုံးနဲ့ ငါ့ကို ထိခိုက်အောင် လုပ်​တယ်ပေါ့။ ငါအလွယ်တကူ ခွင့်လွှတ်မှာမဟုတ်ဘူး။ " ရင်ကျန့်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

" ရန်ရှောင် "

" ကျွန်တော်မျိုးရှိပါတယ်။ " ရန်ရှောင်က ရှေ့သို့ လှမ်းထွက်လာသည်။

" ဆေးလုံးခန်းမက ဆေးဖော်စပ်သူအားလုံးကို ဖမ်းဆီးလိုက်စမ်း။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ရန်ရှောင်က အပြင်သို့ ထွက်သွားပြီး နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို ဦးဆောင်သွားသည်။

All Chapters