← Chapters

အခန်း (၂၇၈)

Vol. 28 Ch. 278

အခန်း (၂၇၈)

Vol. 28 Ch. 278

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၂၇၈)

ကျန်းထိုင်နန်းဆောင်။

ရင်ကျန့်က ဒေါသထွက်နေခြင်းမှ တည်ငြိမ်သွားပြီဖြစ်သည်။ ဆေးဖော်စပ်သူများကို ဖမ်းဆီးသွားသည်ကို မြင်ရသောအခါ သူ၏ ဒေါသ ပြေလျော့သွားခဲ့သည်။

" စိတ်ဝိညာဉ်ဆေးလုံးတွေက တကယ်ပဲ အဆိပ်ဖြစ်စေတာပဲ။ တကယ်လို့ ကျောက်ဖုန်းသာမရှိရင်က ငါက အသက်ငါးဆယ်ကျော်အထိ အသက်ရှင်​နိုင်မှာမဟုတ်ဘူး။ သူငါ့အပေါ် အသက်ကြွေးတင်သွားလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး။ " ရင်ကျန့်က တွေးပြီး ပြုံးလိုက်သည်။

၎င်းက သူ့ကို ဒေါသထွက်စေခဲ့သော်လည်း အနည်းဆုံးတော့ စိတ်ဝိညာဉ်ဆေးလုံးများက အဆိပ်ရှိသည်ကို အချိန်မီသိခဲ့ရသည်။ ၎င်းကို သောက်သုံးခြင်း ရပ်တန့်လိုက်ပြီး အဆိပ်ဖြေဆေးများကို အသုံးပြုလိုက်လျှင် ကျန်းမာရေးက ကောင်းမွန်လာပေလိမ့်မည်။

" အရှင်မင်းကြီးရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ဖို့အတွက် သမားတော်ကြီးကို ခေါ်လိုက်ရမလား။ " ကျောက်ကောင်းက ရိုသေစွာ ပြောလိုက်သည်။

" သွားခေါ်လိုက်။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ထွက်သွားရင် ပြင်လိုက်သည်။

" နေဦး။ ကျောက်ဖုန်းရဲ့ ညီမက ဆေးပညာခန်းမမှာ ရှိတယ်မလား။ " ရင်ကျန့်က တစ်စုံတစ်ခုကို တွေးမိသွားပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ထွက်မသွားခင် သူ့ညီမကို ဆေးပညာခန်းမမှာ ဆေးပညာသင်ယူဖို့ စီစဉ်ပေးခဲ့ပါတယ်။ " ကျောက်ကောင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

" သူ့ညီမကို ခေါ်လာဖို့ ဆရာချန်ကို ပြောလိုက်။ " ရင်ကျန့်က ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ထွက်ခွာသွားသည်။

ရင်ကျန့်က စားပွဲပေါ်မှ အစီရင်ခံစာများကို ကြည့်ပြီး သူ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပေါ်လာသည်။

" ဟူး.... စိတ်ကြည်လင်စေတဲ့ စိတ်ဝိညာဉ်ဆေးလုံးမရှိဘဲ အစီရင်ခံစာတွေကို စစ်ဆေးရတာ ပိုပြီး ပင်ပန်းစရာကောင်းနေတယ်။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။

ကျောက်နိုင်ငံက သိမ်းပိုက်ပြီးခါစဖြစ်သဖြင့် အစီရင်ခံစာများစွာ ရှိနေသည်။ ထို့ကြောင့် ရင်ကျန့်က အစီရင်ခံစာများကို နေ့စဉ် အဆုံးမရှိ စစ်ဆေးနေရသည်။ အကြောင်းမှာ ကိစ္စအားလုံးက လူပေါင်းများစွာကို သက်ရောက်မှုရှိသဖြင့် အားလုံးက သူ၏ အတည်ပြုချက် လိုအပ်သည်။ အကယ်၍ သူသာ အနည်းငယ်ပေါ့လျှော့သွားသည်နှင့် လူပေါင်းများစွာ ဒုက္ခရောက်ပေလိမ့်မည်။

" အရှင်မင်းကြီး " သွမ်လောက နောက်ဘက်ခန်းမမှ ထွက်လာသည်။

" ဘယ်လိုလဲ။ " သွမ်လောကို မြင်သောအခါ ရင်ကျန့်က ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

သွမ်လောက ရှေ့တိုးလာပြီး သူ၏ ရင်ဘတ်ထဲမှ ပိုးထည်လိပ်တစ်ခုကို ထုတ်ကာ ရင်ကျန့်ကို ပေးလိုက်သည်။

ရင်ကျန့်က ၎င်းကို ဖြန့်ကြည့်လိုက်သောအခါ ပုံတူပန်းချီတစ်ခုကို မြင်လိုက်ရသည်။ ၎င်းပုံတူကို မြင်သောအခါ ရင်ကျန့်က တစ်ကိုယ်လုံး တုန်ယင်သွားပြီး မှင်သက်သွားသည်။

" ဒါ တကယ် တကယ်သူပဲ။ တကယ်တုန်အာပဲ။ "

ထိုပုံတူပန်းချီက ကျောက်ကတော်၏ ရုပ်ရည်ကို အပြည့်အဝ မဖော်ပြနိုင်သော်လည်း ရင်ကျန့်က တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားခဲ့သည်။ နှစ်ပေါင်းများစွာ တမ်းတနေခဲ့သော လူတစ်ယောက်ကို ရင်ကျန့်က ဘယ်လိုလုပ်မမှတ်မိဘဲ နေမှာလဲ။ သူမ မည်မျှပြောင်းလဲသွားသည်ဖြစ်စေ ထိုပုံစံကို မြင်ရုံနှင့် မှားစရာမရှိပေ။

ရင်ကျန့်က တုန်ယင်နေသော လက်​များဖြင့် ပန်းချီကားကို ပွတ်သပ်လိုက်သည်။ ၂၁ နှစ် နောက်ဆုံးတော့ သူမက သူ့ကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ အစက သူက သူအချစ်ဆုံး အမျိုးသမီးမှာ ချင်နိုင်ငံနှင့် ဝေးသော ကျောက်နိုင်ငံသို့ ထွက်သွားပြီဟု ထင်ခဲ့သည်။ သူမကို ရှာတွေ့ရန်အတွက် ရင်ကျန့်က ဟန်တန်ကို သိမ်းပိုက်ပြီးသည်နှင့် ထိုနေရာသို့ သွားပြီး သူမကို ရှာဖွေခဲ့သည်။

" မင်းက ချင်နိုင်ငံက ဘယ်တော့မှ မထွက်သွားခဲ့ပါလား။ ဟားဟားဟား..." ရင်ကျန့်က ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ရယ်မောလိုက်သည်။ သူ၏ ယောက္ခမက ရှန်းယန်သို့ ပြန်မလာဘဲ ခရီးလှည့်လည်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းကို သူ နားလည်သွားခဲ့ပြီဖြစ်သည်။

" ယောက္ခမကြီး ကြည့်ရတာ ခင်​ဗျား ရှန်းယန်မြို့မှာ ရှိနေတုန်းက တစ်ခုခုကို သိသွားတဲ့ပုံပဲ။ ဒါကြောင့် ကျောက်ဖုန်းနောက်ကို လိုက်သွားခဲ့တာကိုး။ အဲ့ဒီနောက်မှာ ရှန်းယန်မြို့ကို ပြန်မလာဘဲ အဲ့ဒါဖုံးကွယ်ခဲ့တယ်။ တုန်အာ ထပ်ပြီး အန္တရာယ်ဖြစ်မှာကို ကြောက်နေခဲ့တာလား။ ခင်​ဗျား စဉ်းစားတာကို ကျုပ်နားလည်ပါတယ်။ "

" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " ရင်ကျန့်၏ အမူအရာကို မြင်သောအခါ သွမ်လောက ချက်ချင်း ဦးညွှတ်လိုက်သည်။ ရင်ကျန့် မည်မျှပျော်ရွှင်နေသည်ကို သူကောင်းကောင်းသိနေသည်။

" တုန်အာရဲ့အကြောင်းကို လူဘယ်နှစ်ယောက်သိထားလဲ။ " ရင်ကျန့်က တည်ငြိမ်စွာ မေးလိုက်သည်။

" ရှချူးက ကျောက်စံအိမ်ကို ထောက်လှမ်းနေတဲ့ လျို့ဝှက်အစောင့်တစ်ယောက်တော့ သိပါတယ်။ ဒါပေမယ့် သူက ပုံတူပန်းချီ ဆွဲပေးတာပဲရှိပြီး အခြားဘာမှမသိပါဘူး။ သစ္စာရှိပြီး ယုံကြည်ရပါတယ်။ " သွမ်လောက ပြန်ဖြေလိုက်သည်။

" ဒီကိစ္စ ပေါက်ကြားသွားတာ ငါမလိုချင်​ဘူး။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " သွမ်လောက ခေါင်းညိမ့်လိုက်သည်။ " ဒါဆို အရှင်မင်းကြီး သူမကို ရှန်းယန်ကို ခေါ်လာရမှာလား။ "

" တကယ်လို့ သူမ ပြန်လာချင်ရင် လွန်ခဲ့တဲ့ အချိန်ကတည်းက ပြန်လာခဲ့မှာပေါ့။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။

" ဒါက..." သွမ်လောကလည်း ၎င်းကို နားလည်ပေသည်။

" ငါကိုယ်တိုင် ရှချူးကို သွားမယ်။ ဒီကိစ္စကို ဘယ်သူမှမသိစေနဲ့။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုး ပြောသင့်မပြောသင့် မသေချာတဲ့ ကိစ္စတစ်ခု ရှိနေပါတယ်။ " သွမ်လောက တွန့်ဆုတ်စွာ ပြောလိုက်သည်။

" ပြောပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။

" ၂၁နှစ်တောင် ရှိပြီ။ အစိုးရရုံးမှတ်တမ်းတွေကလည်း တိကျတယ်။ သူမရဲ့ ခင်ပွန်းက ဟန်တန်မှာ သေဆုံးခဲ့တယ်။ စစ်သေနာပတိချုပ် ကျောက်ဖုန်းတို့မောင်နှမကလည်း မှတ်တမ်းတင်ထားပါတယ်။ သူမ...." သွမ်လောက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

ရှတုန်အာက အခြားတစ်ယောက်နှင့် လက်ထပ်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသူများဆိုလျှင် ဒေါသထွက်သွားမည်ဖြစ်သော်လည်း ရင်ကျန့်ကတော့ ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။

" အခြားသူတွေဆို ဖြစ်နိုင်ပေမယ့် တုန်အာကတော့ အဲ့လိုလုပ်မှာမဟုတ်ဘူး။ ကျောက်ဖုန်းက ဒီနှစ်ဆို အသက်နှစ်ဆယ် ပြည့်ပြီမဟုတ်လား။ "ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ဟုတ်ပါတယ်။ " သွမ်လောက ခေါင်းညိမ့်လိုက်သည်။

" ၂၁နှစ် ကျောက်ဖုန်းက အသက် ၂၀ ဒါက အဲ့ဒီတုန်းက တုန်အာထွက်သွားတဲ့ အချိန်နဲ့ အတူတူပဲ မဟုတ်လား။ တုန်အာက ရှန်းယန်က ထွက်သွားပြီး အခြားယောက်ျားတစ်ယောက်ကို ဒီလောက် မြန်မြန် လက်ထပ်မှာမဟုတ်ဘူး။ ငါ သူမကို ယုံကြည်တယ်။ "

သူနှင့်အတူ သေခြင်းရှင်ခြင်းများကို အတူတူဖြတ်သန်းခဲ့သော အမျိုးသမီးအပေါ် ရင်ကျန့်က ယုံကြည်မှု အလွန်ရှိသည်။ ကျောက်ဖုန်းတို့ မောင်နှမအကြောင်း တွေးမိသောအခါ ရင်ကျန့်က အလွန်ပျော်ရွှင်သွားသည်။

" ကောင်းကင်က အမြင်ရှိတယ်။ ကျောက်ဖုန်းက ငါ့သားပဲ။ ချင်မှာ ဆက်ခံသူရှိပြီ။ "

သူ ကျောက်ဖုန်းနှင့် ပထမဆုံး တွေ့ဆုံစဉ်က ရင်းနှီးမှုကို ခံစားခဲ့ရသည်မှာ မထူးဆန်းပေ။ ကျောက်ဖုန်းက သူ၏ သားဖြစ်သည်ကို တွေးမိသောအခါ ရင်ကျန့်က စိတ်လှုပ်ရှားသွားမိသည်။

သူ့တွင် ကလေးများရှိသော်လည်း အတော်ဆုံးဟု သတ်မှတ်ခံရသော ဖုစုပင်လျှင် သူ၏ နှစ်သက်မှုကို မခံရပေ။ ဖုစုက အလွန်ကြင်နာတတ်ပြီး ဝန်ကြီးများကို ထိန်းချုပ်နိုင်မည်မဟုတ်ဘဲ ဝန်ကြီးများ၏ ထိန်းချုပ်မှုကိုသာ ခံရပေလိမ့်မည်။

ကျောက်ဖုန်းက သူ၏ သားဖြစ်လျှင် ဘယ်လောက်ကောင်းမလဲဟု ရင်ကျန့်က မကြာခဏ တွေးခဲ့ဖူးသည်။ ကျောက်ဖုန်းက ထူးခြားသော စစ်ရေးစွမ်းဆောင်မှု၊ ခိုင်မာသော စစ်​ဗျူဟာနှင့် မရှုံးနိမ့်သေယ အောင်ပွဲများကို ရရှိခဲ့သည်။ ကျောက်ဖုန်းက အုပ်ချုပ်ရေးပိုင်းတွင်လည်း အလားအလာရှိပြီး ပြုစုပေးနိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်သည်။

ထို့အပြင် ရင်ကျန့်က ကျောက်ဖုန်းထံမှ သူ၏ ငယ်ဘဝမှ အရိပ်အယောင်များဖြစ်သော ယုံကြည်မှုရှိခြင်းနှင့် ကြောက်ရွံ့မှုကင်းမဲ့ခြင်းတို့ကို မြင်တွေ့ခဲ့ရသည်။ ၎င်းက ဘုရင်တစ်ပါး ရှိသင့်ရှိထိုက်သော အရာဖြစ်သည်။

ထိုပုံတူပန်းချီကားကို မြင်တွေ့ရပြီးနောက် ရင်ကျန့်၏ ဆန္ဒ ပြည့်ဝသွားခဲ့ပြီဖြစ်သည်။ ကျောက်ဖုန်းက အမှန်တကယ် သူ၏ သားဖြစ်နေခဲ့သည်။

သွမ်လောက ရင်ကျန့်၏ စကားများကို ကြားရသောအခါ သူ၏ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ လွန်ခဲ့သော နှစ်ဆယ့်တစ်နှစ်မှ ထွက်ခွာသွားသော ရှတုန်အာအပေါ် ရင်ကျန့်က မည်သို့သော ခံစားချက်ရှိသည်ကို သူအသိဆုံးဖြစ်သည်။ အကယ်၍ သူမသာ ထွက်မသွားခဲ့လျှင် မိဖုရားခေါင်ကြီးနေရာက သူမအတွက်ဖြစ်ပြီး သူမ၏ သားကလည်း အိမ်ရှေ့စံမင်းသား သေချာပေါက် ဖြစ်ပေလိမ့်မည်။

သို့သော် ရင်ကျန့်၏ ပါးစပ်မှ ထိုစကားကို ကြားရသောအခါ သွမ်လောက အံ့အားသင့်နေရဆဲ ဖြစ်သည်။ ချင်တွင် ဆက်ခံသူရှိပြီဟူသော စကားက သူ၏ ရပ်တည်ချက်ကို ဖော်ပြနေခဲ့သည်။

" အရှင်မင်းကြီး ဟေးပင်းထိုင်က ဆက်ပြီး စုံစမ်းဖို့ လိုသေးလား။ ဘာပဲဖြစ်ဖြစ် ဒါက သခင်မနဲ့ သက်ဆိုင်သလို အရေးကြီးတာက အရှင်မင်းကြီး သားတော်နဲ့လည်း သက်ဆိုင်နေပါတယ်။ တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ကို ပေါ့ပေါ့ဆဆ ကိုင်တွယ်လို့ မရပါဘူး။ " သွမ်လောက ရိုသေစွာ ပြောလိုက်သည်။

" ရှချူးကို အမြန်ဆုံးသွားရင် ဘယ်လောက်ကြာမလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" တကယ်လို့ မြင်းနဲ့ အမြန်စီးသွားမယ်ဆိုရင်တော့ ခုနှစ်ရက်ကြာပါလိမ့်မယ်။ " သွမ်လောက ရိုသေစွာ ပြောလိုက်သည်။

" ဒီရက်ပိုင်း ငါ နိုင်ငံရေးကိစ္စတွေ ကိုင်တွယ်ပြီးရင် မယ်တော်ကြီးဟွာယန်ဆီကို ဂါရဝပြုဖို့ ယုံမြို့ကို သွားမယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " သွမ်လောက ခေါင်းညိမ့်လိုက်သည်။

ရင်ကျန့်က ယုံမြို့သို့ သွားရောက်လည်ပတ်မည်ဟု အကြောင်းပြပြီး ရှချူးခရိုင်သို့ သွားရန ရည်ရွယ်ထားခြင်းဖြစ်သည်။

" မင်းသွားလို့ရပြီ။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်ပြီး သွမ်လောက ထွက်ခွာသွားသည်။

All Chapters