အခန်း (၂၇၉)
Vol. 28 Ch. 279
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၇၉)
" အရှင်မင်းကြီး သမားတော်ချန်နဲ့ မိန်းကလေး ကျောက်ရင်တို့ ရောက်လာပါပြီ။ " ကျောက်ကောင်းက အစီရင်ခံလိုက်သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " သမားတော်ချန်က ချက်ချင်း ဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ကျောက်ရင်ကလည်း အလျင်အမြန် ဦးညွှတ်လိုက်သည်။
ရင်ကျန့်၏ အကြည့်က ကျောက်ရင်အပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများက နူးညံ့မှုများဖြင့် ပြည့်နှက်နေသည်။
" ငါတကယ် မမှားခဲ့ပါလား။ ကျောက်ဖုန်းက ငါ့သားဖြစ်ပြီး ကျောက်ရင်က ငါ့သမီးပဲ။ တုန်အာက ငါ့အတွက် နဂါးနဲ့ ဖီးနစ် မောင်နှမကို မွေးဖွားပေးခဲ့တာပဲ။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။
" အရှင်မင်းကြီးက ငါ့ကို တကယ်ပဲ သဘောကျနေတာလား။ အစ်ကို ထွက်မသွားခင် သူက ငါ့ကို အရှင်မင်းကြီးနဲ့ မကြာခဏ မတွေ့ဖို့ မှာသွားခဲ့တယ်။ အစ်ကိုစကားတွေက မှန်နေတာလား။ သူ့ရဲ့ အကြည့်တွေက ထူးဆန်းတယ်။ ငါ ဒီလူကြီးကို မကြိုက်ဘူး။ မြန်မြန်ထွက်သွားရမယ်။ " ကျောက်ရင်က စိတ်မသက်မသာ ဖြစ်သွားသည်။
" မင်းက ငါ့ကို အဲ့ဒီလောက်တောင် ကြောက်နေတာလား။ " ရင်ကျန့်က ကျောက်ရင်ကို ကြည့်ပြီး မေးလိုက်သည်။
" ကျွန်မမကြောက်ပါဘူး။ " ကျောက်ရင်က ခေါင်းခါပြလိုက်သော်လည်း စိတ်ထဲမှ ဆက်တွေးလိုက်သည်။ " ငါ သေအောင် ကြောက်နေတာ။ အစ်ကိုရေ ငါ့ကို လာကယ်ပါဦး။ ဒီဘုရင်က နွားအို မြက်နုစားချင်နေတာပဲ။ "
" မကြောက်ရင် ဘာလို့ ခေါင်းငုံ့ထားတာလဲ။ " ရင်ကျန့်က ရယ်ပြီး မေးလိုက်သည်။
" ကျွန်မ မကြည့်ရဲလို့ပါ။ " ကျောက်ရင်က ပြန်ဖြေလိုက်သည်။
" မင်းရဲ့အစ်ကိုက ရဲတင်းသလောက် မင်းက သတ္တိမရှိပါလား။ " ရင်ကျန့်က ပြောလိုက်သည်။
" အဲ့ဒါက..." ကျောက်ရင်က ဘာပြောရမှန်းမသိဖြစ်သွားသည်။
ကျောက်ရင်က နေရခက်နေသောကြောင့် ရင်ကျန့်က ထပ်မံစနောက်ခြင်း မပြုတော့ပေ။ မည်သို့ပင်ဖြစ်စေ သူမက သူ၏ သမီးဖြစ်နေသည်။ ရင်ကျန့်က သမားတော်ချန်ကို ကြည့်လိုက်သည်။
"ကျောက်ဖုန်း မထွက်ခွာခင် ငါ သောက်နေတဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်ဖြစ်စေတယ်လို့ သူပြောခဲ့တယ်။ ငါကိုယ်တိုင်လည်း အကြိမ်ကြိမ် စမ်းသပ်ပြီးသွားပြီ။ စိတ်ဝိညာဉ်ဆေးလုံးတွေက တကယ်အဆိပ်ဖြစ်စေတယ်။ ဒီနေ့ ငါ မင်းကို ခေါ်လိုက်တာက ငါ့ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ရှိမရှိ သိရအောင် စမ်းသပ်ပေးခိုင်မလို့ပဲ။ "
" စိတ်ဝိညာဉ်ဆေးလုံးတွေက အဆိပ်ဖြစ်စေတယ်။ " သမားတော်ချန်က ထိတ်လန့်သွားမိသည်။ သူကလည်း ထိုအကြောင်းကို ကြားခဲ့ပြီးဖြစ်သည်။
ထို့နောက် သမားတော်ချန်က ရှေ့သို့ တိုးလာပြီး ဒူးထောက်ထိုင်လိုက်သည်။ ရင်ကျန့်ကလည်း လက်ဆန့်ပေးလိုက်သည်။ သူက သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။
" အရှင်မင်းကြီးက စွမ်းအားချို့တဲ့မှုကို ခံစားနေရပေမယ့် သိပ်မပြင်းထန်ပါဘူး။ ဆေးလုံးတွေထဲက အဆိပ်က နက်နက်ရှိုင်းရှိုင်း မဝင်ရောက်သေးတဲ့ပုံပဲ။ အဆိပ်တွေကို ဖယ်ရှားပေမယ့် ဆေးအချို့ကို သောက်သုံးလိုက်ရင် အရှင်မင်းကြီး ပြန်လည်ကျန်းမာသွားပါလိမ့်မယ်။ စစ်သေနာပတိချုပ်ကျောက် သတိပေးခဲ့တာ ကံကောင်းတယ်။ ဒါကို ဆက်သောက်နေရင် တစ်နေ့မှာ အန္တရာယ်ရှိလာနိုင်တယ်။ "
" အဲ့ဒါ ကောင်းတယ်။ " ရင်ကျန့်က စိတ်အေးသွားသည်။
" အရှင်မင်းကြီး ဒါဆို ကျွန်တော်မျိုး အဆိပ်ဖြေဆေးအညွှန်းတွေကို ရေးလိုက်ပါမယ်။ အဲ့ဒါကို ဆေးပညာခန်းမမှာ ပြင်ဆင်ခိုင်းလိုက်ပါမယ်။ " သမားတော်ချန်က ပြောလိုက်သည်။
" ကောင်းပြီ။ သွားတော့။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
" သွားကြမယ်။ " သမားတော်ချန်က ကျောက်ရင်ကို ပြောလိုက်သည်။ ကျောက်ရင်ကလည်း ထွက်သွားရန် ပြင်လိုက်သည်။
" နေဦး။ " ရင်ကျန့်က တားလိုက်သည်။
" အရှင်မင်းကြီး ဘာများမိန့်ကြားချင်လို့ပါသလဲ။ " သမားတော်ချန်က ရိုသေစွာ မေးလိုက်သည်။
" ကျောက်ရင် နေခဲ့ဦး။ "
" ကျွန်မက ဘာလို့နေခဲ့ရမှာလဲ။ " ကျောက်ရင်က ထိတ်လန့်တကြား ဖြစ်သွားသည်။
" နားလည်ပါပြီ။ " သမားတော် ချန်က ရိုသေစွာ ပြောလိုက်သည်။ သူ၏ အမြင်အရ ရင်ကျန့်က သူမကို ဘာမှလုပ်မည်မဟုတ်ပေ။ သူမက ကျောက်ဖုန်း၏ ညီမဖြစ်သောကြောင့် အလွန်အကျွံမလုပ်သရွေ့ ပြစ်ဒဏ်ခံရမည်မဟုတ်ပေ။
" မင်းလည်းသွားတော့။ " ရင်ကျန့်က ကျောင်းကောင်းကို ကြည့်လိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ခန်းမထဲမှ ထွက်ခွာသွားပြီး တံခါးများကို ပိတ်ပေးလိုက်သည်။
ကျန်းထိုင်နန်းဆောင်ထဲတွင် ရင်ကျန့်နှင့် ကျောက်ရင်တို့သာ ကျန်နေခဲ့သည်။
" သူ ငါ့ကို တစ်ခုခု လုပ်တော့မှာလား။ ငါဘာလုပ်သင့်လဲ။ ငါတော့သွားပြီ။ ငါအော်လိုက်ရမလား။ " ကျောက်ရင်က ရင်ကျန့်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။
ချင်ဘုရင်က သူမကို မကောင်းတာ တစ်ခုခုလုပ်မည်ကို စိုးရိမ်ပြီး ကြောက်လန့်နေခဲ့သည်။ ကျောက်ဖုန်းက မထွက်ခွာမီ ရင်ကျန့်က သူမကို သဘောကျနေနိုင်ကြောင်းနှင့် သူမကို ထူးဆန်းသောအကြည့်နှင့် ကြည့်ခဲ့ကြောင်း သတိပေးခဲ့သည်။
ကျောက်ရင် ထိုကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ရင်ကျန့်က ရယ်ချင်သွားသကဲ့သို့ ထူးဆန်းသွားမိသည်။
" ငါက တကယ်ပဲ အဲ့လောက်တောင် ကြောက်စရာကောင်းနေတာလား။ ငါမင်းကို ဘာမှမလုပ်ပါဘူး။ " ရင်ကျန့်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက ဘာလို့ သာမန်မိန်းကလေးတစ်ယောက်ကို ဒီမှာ နေခိုင်းခဲ့တာလဲ။ " ကျောက်ရင်က ထိတ်လန့်စွာ ကြည့်ရင်း မေးလိုက်သည်။
" အခြားအကြောင်းမရှိပါဘူး။ မင်းရဲ့ မိသားစုအကြောင်း မေးချင်လို့ပါ။ " ရင်ကျန့်က ပြုံး၍ ပြန်ဖြေလိုက်သည်။
" အဲ့လိုလား။ " ကျောက်ရင်က အတော်လေး စိတ်သက်သာရာ ရသွားသည်။ " အရှင်မင်းကြီးက ဘာမေးချင်လို့လဲ။ "
" အဲ့လိုကြီး ရပ်မနေနဲ့။ ထိုင်ဦး။ " ရင်ကျန့်က ထိုင်ခုံတစ်ခုကို ညွှန်ပြလိုက်သည်။
ကျောက်ရင်က ခေါင်းညိမ့်ပြီး တွန့်ဆုတ်မနေဘဲ ထိုင်ချလိုက်သည်။ သူမထံမှ နူးညံ့ပြီး ကျော့ရှင်းသော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
ထိုအချက်က ရင်ကျန့်ကို ပို၍ ယုံကြည်သွားမိစေခဲ့သည်။ အကြောင်းမှာ ကျောက်ရင်၏ အမူအရာက သူ အချစ်ဆုံးအမျိုးသမီး တုန်အာနှင့် အလွန်တူနေသောကြောင့် ဖြစ်သည်။
" မင်းရဲ့ အဖေနဲ့ရော တွေ့ဖူးလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" မတွေ့ဖူးပါဘူး။ " ကျောက်ရင်က ခေါင်းခါလိုက်သည်။
" မင်းရဲ့ အမေတစ်ယောက်တည်းကပဲ မင်းတို့ကို ပြုစုပျိုးထောင်ခဲ့တာလား။ " ရင်ကျန့်က ထပ်မေးလိုက်သည်။
" ဟုတ်ပါတယ်။ " ကျောက်ရင်က ခေါင်းညိမ့်လိုက်သည်။ " အမေက ကျွန်မတို့ မောင်နှမကို ကျွေးမွေးခဲ့တာပါ။ ဒါပေမယ့် ကျွန်မတို့ကို စောင့်ရှောက်ပေးတဲ့ ရွာသားတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ရွာလူကြီးဝူပါ။ ကျွန်မတို့ မိသားစု စိုက်ပျိုးခဲ့တဲ့မြေက သူကျေးဇူးကြောင့်ပါ။ မဟုတ်ရင် ကျွန်မတို့ မိသားစု ငတ်သေတာ ကြာပါပြီ။ "
၎င်းကို ကြားသောအခါ ရင်ကျန့်က မျက်မှောင်ကြုတ်သွားပြီး သူ၏ ရင်ထဲတွင် ဖော်ပြ၍ မရနိုင်သော ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။ သူချစ်သော တုန်အာက နို့စို့ရွယ်ကလေးနှစ်ယောက်နှင့် ပင်ပန်းကြီးစွာ အလုပ်လုပ်နေပုံကို စဉ်းစားကြည့်နိုင်သည်။
" တုန်အာက တကယ်ပဲ ဒုက္ခရောက်ခဲ့တာပဲ။ ကလေးနှစ်ယောက်ကို သူမတစ်ယောက်တည်း ကျွေးမွေးခဲ့ရတာ။ ငါ သူမအပေါ် အပြစ်ရှိသလို ခံစားရတယ်။ အဲ့ဒီတုန်းက ငါ သူမကို မကာကွယ်နိုင်ဘဲ ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေးစေခဲ့တယ်။ ဒါက အရမ်းခက်ခဲပင်ပန်းလိမ့်မယ်။ " ရင်ကျန့်၏ စိတ်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။
သို့သော် သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။
" မင်းရဲ့ အဖေက ဟန်တန်မြို့တိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုရင် ဘာလို့ မြေကွက်တွေ မရှိတာလဲ။ မင်းတို့ မိသားစုက ဘာလို့ သူများမြေကို အားကိုးခဲ့ရတာလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" တိုက်ပွဲမှာ သေရင် မြေတွေ ရတာလား။ " ကျောက်ရင်က နားမလည်ဘဲ မေးလိုက်သည်။
" မင်းအဖေက ဟန်တန်တိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုရင် သူက ရာထူးအဆင့်အတန်းတစ်ခု ရှိတာကို သက်သေပြနေတာပဲ။ အဲ့ဒါက မိသားစုကို ထောက်ပံ့ဖို့ မြေယာတွေကို ဆုလာဘ်အဖြစ် ရနိုင်တယ်။ မင်းအဖေက ဘာလို့မြေမရခဲ့တာလဲ။ " ရင်ကျန့်က မေလိုက်သည်။
" ကျွန်မ မသိပါဘူး။ ပြီးတော့ အမေကလည်း တစ်ခါမှမပြောပြခဲ့ဘူး။ " ကျောက်ရင်က ခေါင်းခါပြလိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်က ပြုံး၍ တွေးလိုက်သည်။ " ဒါဆို သေချာသွားပြီ။ တုန်အာက အခြားယောကျာ်းတစ်ယောက်ကို လုံးဝ လက်မထပ်ခဲ့ဘူး။ တုန်အာက ဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ သူမက အမြဲတမ်း တစ်ယောက်တည်း ရုန်းကန်ခဲ့တာပဲ။ "
ရင်ကျန့်က ရှတုန်အာနှင့် ကလေးနှစ်ယောက်အပေါ်တွင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ၎င်းတို့က သူ၏ အမှားသာဖြစ်ပြီး သူက သူတို့ကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ပေ။
" မင်းက အခု အသက်နှစ်ဆယ်တောင်ရှိပြီ။ ဒါက အသက်ကြီးနေပြီလို့ ဆိုရမယ်။ လက်ထပ်ဖို့ရော မစဉ်းစားဘူးလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
ထိုစကားများကို ကြားသောအခါ ကျောက်ရင်က သတိကြီးသွားပြီး ခေါင်းတွင်တွင်ခါလိုက်သည်။ " ကျွန်မ အဲ့ဒီအကြောင်း မစဉ်းစားရသေးပါဘူး။ နောင်တစ်ချိန် တစ်ယောက်ယောက်နဲ့ တွေ့ရင်တော့ တစ်မျိုးပေါ့။ အစ်ကိုက ကျွန်မအိမ်ထောင်မပြုလည်း ကျွန်မကို တစ်သက်လုံး လုပ်ကျွေးမယ်လို့ ပြောထားပါတယ်။ "
" ဟားဟားဟား မင်းကတော့ တကယ်အိမ်ထောင်မပြုဖို့ စီစဉ်ထားတဲ့ပုံပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" အဲ့လိုလည်း မဟုတ်ပါဘူး။ ကျွန်မနဲ့ ကိုက်ညီတဲ့သူ မတွေ့သေးလို့ပါ။ " ကျောက်ရင်က ခေါင်းခါလိုက်သည်။
" ငါမင်းအတွက် ရှာပေးရမလား။ တကယ်လို့ ထိုက်တန်တဲ့ လူငယ်တစ်ယောက်တွေ့ရင် မင်းနဲ့ မိတ်ဆက်ပေးမယ်လေ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" မလိုပါဘူး မလိုပါဘူး။ ကျွန်မက သာမန်အရပ်သူတစ်ယောက်ပါ။ ထိုက်တန်တဲ့လူတွေကို ရှာဖို့ မလိုပါဘူး။ " ကျောက်ရင်က ခေါင်းခါပြီး ပြောလိုက်သည်။
" ငါ့ရဲ့ နန်းတော်မှာ မင်းက အတော်လေး နေရခက်နေတဲ့ပုံပဲ။ " ရင်ကျန့်က ကျောက်ရင် စိတ်မသက်မသာ ဖြစ်နေသည်ကို ကြည့်ပြီး မေးလိုက်သည်။
" ကျွန်မက ဗဟုသုတ နည်းပါးတဲ့ သာမန်အရပ်သူတစ်ယောက်ဖြစ်လို့ အရှင်မင်းကြီး နန်းတော်မှာ စိုးရိမ်စိတ်ဖြစ်မိတာ ပုံမှန်ပါပဲ။ " ကျောက်ရင်က ပြောလိုက်သည်။
" မင်းက သာမန်အရပ်သူတစ်ယောက်မဟုတ်ပါဘူး။ မင်းက ငါ့ရဲ့...."
" မင်းက ငါအယုံကြည်ရဆုံး စစ်သေနာပတိချုပ်ရဲ့ ညီမပဲ။ အခုဆိုရင် မင်းက မှူးမတ်မျိုးနွယ်ဝင်တစ်ယောက်လည်း ဖြစ်နေပြီာယ မင်ူကို သာမန်အရပ်သူလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရမှာလဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဒါက ..." ကျောက်ရင်က ဘာပြောရမှန်းမသိဖြစ်သွားသည်။
" ကဲပါ ငါ့ရှေ့မှာ အဲ့လောက်နေရခက်မနေနဲ့။ မင်းအစ်ကိုရဲ့ မင်္ဂလာပွဲတုန်းက ငါကိုယ်တိုင် လူကြီးမိဘနေရာက ဝင်ထိုင်ပေးခဲ့သေးတာပဲ။ ငါ့ကို မင်းရဲ့ လူကြီးမိဘတစ်ယောက်လို့ သဘောထားပါ။ " ရင်ကျန့်က ကြင်နာမှုများဖြင့် နွေးထွေးစွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ " ကျောက်ရင်က ခေါင်းညိမ့်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ " ကြည်ရတာ အရှင်မင်းကြီးက တကယ် ငါနဲ့ စကားပြောချင်ရုံသက်သက်ပဲ။ ဒါက အစ်ကိုရဲ့ မျက်နှာကြောင့်ပဲ ဖြစ်မှာပါ။ "
" ကောင်းပြီ။ မင်း ဆေးပညာခန်းမကို ပြန်လို့ရပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျွန်မကို ခွင့်ပြုပါဦး အရှင်မင်းကြီး။ " ကျောက်ရင်က ဖြည်းညင်းစွာ ထရပ်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။