← Chapters

မင်းဘာလို့ ငါ့နောက်လိုက်နေတာလဲ

Vol. 25 Ch. 344

မင်းဘာလို့ ငါ့နောက်လိုက်နေတာလဲ

Vol. 25 Ch. 344

မှောင်မဲပြီး မှုန်မှိုင်းသော ကောင်းကင်ကြီး၏ အလယ်တွင် အနက်ရောင်အရိပ်တစ်ခု အရှိန်ပြင်းပြင်း ဖြတ်သန်းသွား၏။ ရံဖန်ရံခါ ထိုအရာက နောက်လှည့်ကြည့်ကာ မီးတောက်များ မှုတ်ထုတ်နေလေသည်။

ကျင့်ကြံသူတစ်ဦးက ထိုအရာနောက်သို့ မဆုတ်မနစ်လိုက်နေ၏။ ထိုကျင့်ကြံသူက ဤမီးတောက်များကို ခုတ်ပိုင်းပစ်လိုက်ရင်း အနိုင်ပိုင်း တိုက်ခိုက်မှု အများအပြားကို ပစ်လွှတ်လိုက်တော့သည်။

ထိုနက်ရောင် အရိပ်နှင့် ကျင့်ကြံသူတို့မှာ နဂါးမျိုးနွယ်စု၏ နဂါးနက်နှင့် အစမ်းသပ်ခံ ထန်ရှီမန်တို့မှလွဲ၍ တခြားသူမဟုတ်ပါပေ။

ကြောက်နှင့်ကြွက် ဂိမ်းဆော့နေသည်မှာ အချိန် အတော်ကြာပြီဖြစ်သည်။ နဂါးနက်မှာ ထန်ရှီမန်ကို ထိပ်တိုက် မတိုက်ခိုက်နိုင်သော်လည်း အရှိန်မှာတော့ မယုံနိုင်လောက်အောင် မြန်ပေ၏။ ခဏကြာအောင် တိုက်ခိုက်ပြီးနောက် ထိုသည်က တိုက်ပြီးထွက်ပြေးသည့် ဗျူဟာကို အသုံးပြုလာပြီး ထန်ရှီမန်ကို နောက်တွင်ချန်ထားခဲ့ပြီး မီးတောက်များနှင့် တိုက်ခိုက်ကာ တားဆီးထားပေသည်။

“စောက်ငတုံး ပုတ်သင်ညို၊ မင်းက ယောက်ျားဆိုရင် ပြေးနေတာ ရပ်ပြီး ယောက်ျားဆန်ဆန်ပြန်တိုက်စမ်း။”

ထန်ရှီမန်က အော်ဟစ် ဆဲရေလိုက်ပြီး သူ၏ ဓားပျံကို အရှိန်အဆုံးထိတင်လိုက်လေ၏။

နဂါးနက်က အေးစက်သော သရော်ပြုံးတစ်ခုနှင့် တုံ့ပြန်လိုက်ပြီး မီးတောက်များ ထုတ်လွှတ်လာပါတော့သည်။

အရှက်မဲ့လိုက်တာ။ လုံးဝကို အရှက်မရှိတာပဲ။

ထန်ရှီမန်က အရင်က ထိုကဲ့သို့ အရှက်မရှိသော ရန်သူများ တစ်ခါမှမကြုံဖူးပါပေ။ ထိုနဂါးနက်မှာ ဂုဏ်ယူဖွယ်နှင့် မာနကြီးသော နဂါးမျိုးနွယ်အတွက် ဂုဏ်သရေညှိုးနွမ်းစေနိုင်သော အရာဖြစ်၏။

“စောက်တုံး ကျင့်ကြံသူ၊ မင်းဖမ်းနိုင်ရင် ဖမ်းလေ။ မင်းဖမ်းမိတယ်ဆိုရင် မင်းကို ခွင့်ပြုပေးမယ်။ ဟီးဟီး...” နဂါးနက်က ခပ်အက်အက်ပြုံးကာ ထန်ရှီမန်ကို အပစ်စိတ်ကင်းမဲ့စွာ ပြန်ခံပြောလာ၏။

ထိုသည်ကို ကြားသည်နှင့် ထန်ရှီမန်မှာ အကြောများပင် ထောင်လာတော့သည်။ ထိုနဂါးနက်မှာ အသက်ဘေးမှ ထွက်ပြေးနေရသည်ကိုပင် သူအား အရှက်မဲ့စွာလှောင်ပြောင်ဖို့ မမေ့လာပါပေ။ ထိုသည်ကို သူက မည်သို့ သည်းခံရမည်နည်း။ ထိုသည်မှာ သည်းမခံနိုင်စရာပင်။

“သက်ရှိ လျှပ်စီး ခုတ်ချက်...”

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ဓားဆီမှ အဖြူ​ရောင် လျှပ်စီး အလင်းတန်း နှစ်ခုက ထွက်ပေါ်လာလေ၏။ သူတို့က ကြက်​ခြေခတ် တစ်ခု သဏ္ဍာန်ဖြစ်ပေါ်လာပြီး နဂါးဆီသို့ တဖျစ်ဖျစ်မြည်ကာ ကျူးကျော်တိုက်ခိုက်လာ၏။ ထိုကြက်ခြေခတ်ကြီးက ကျော်ဖြတ်သွားသောအခါ လေထုတွင် နားကွဲမတတ် မိုးခြိမ်းသံကြီး ပျံ့နှံ့သွားလေသည်။

မမျှော်လင့်ထားသော်လည်း နဂါးနက်မှာ ထျန်ရှီမန်၏ ရုတ်တရက် တိုက်ခိုက်မှုများကို ကျင့်သားရနေပြီဖြစ်ကာ ချက်ချင်းပင် ဘေးဘက်သို့ ရွှေ့လျားလိုက်ကာ သူ့၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်နိုင်၏။

“ဟားဟား... ငါ့ကို ရိုက်ချင်တာလား။ မင်းက နုလွန်းပါသေးတယ်ကွာ။” မြည်ဟီးနေသော လျှပ်စီးကြက်ခြေခတ်ကြီးက သူ့ကိုယ်အား ဖြတ်ကျော်သွားပြီးသောအခါ နဂါးနက်က ဟက်ဟက်ပက်ပက် ရယ်မောလာတော့သည်။

ထန်ရှီမန်၏ မျက်နှာက မဲမှောင်လာလေတော့၏။ နဂါးနက်ကို အတော်ကြာအောင် လိုက်ပြီးနောက်မှာတောင် ထိုသည်က စွမ်းအင်နှင့် ကြံခိုင်မှု အပြည့်ရှိနေဆဲပင်။ ဤသည်မှာ သူ့၏ဓားချက်မျကို ထိုအရာက မည်မျှမြန်မြန်ရှောင်နိုင်သည်ကို ကြည့်ကာ မှန်းဆနိုင်ပါသည်။

ထိုအတိုင်း ဆက်သွားနေပါက အရင်ဆုံး လဲကျသွားသည်မှာ သူဖြစ်ပေလိမ့်မည်။

သူတုန့်ဆိုင်းနေစဉ်မှာပင် “ဘူ” ဆိုသည့်အသံတစ်ခုက သူ့ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာ၏။

စိတ်ကူးမယဉ်နိုင်ဖွယ် အပုတ်နံ့ ရှိသော အစိမ်းနက်ရောင် အငွေ့များက သူ့ဆီသို့ အရှိန်ပြင်းသောလေများကဲ့သို့ တိုးဝင်လာ၏။

“ဘွားဟားဟားဟား... မင်းငါ့နောက်က လိုက်နေရင် ငါ့ချီးပဲစားရမယ်။ အရသာက ဘယ်လိုလဲ။ ထပ်လိုသေးလား။”

နဂါးနက်ကြီး၏ စိတ်ရူးပေါက်သော ရယ်သံကြီးက ထန်ရှီမန်၏ နားထဲသို့ တိုးဝင်လာကာ ထိုသည်က နောက်ပိုင်းတွင် ခြိမ်းခြောက်သော အမူအရာများပါဝင်နေလေသည်။

ထိုအီးပေါက်မှုကြီးက သူ့အား ဆုံးဖြတ်ချက်ပိုခိုင်မာစေသော ကြားခံတစ်ခု ဖြစ်စေ၏။

“ငါလူး။ ငါသုံးရက်လောက်ထိ ပင်ပန်းသွားရင်လဲ ဘာဖြစ်လဲ။ ငါမင်းကို သေအောင်သတ်ပစ်မယ်။”

ထန်ရှီမန်က ရုတ်တရက် သူ့လက်ကောက်ဝတ်အား လှီးဖြတ်လိုက်၏။ မန္တန်နည်းလမ်းတစ်ချို့၏ ကြိုးကိုင်ချယ်လှယ်မှုအောက်တွင် သူ့သွေးက ဓားပတ်လည်တွင် ပေါင်းစည်းသွားပြီး တောက်ပသော ကြက်သွေးရောင် အလင်းတန်းတစ်ခု ဖြာထွက်စပြုလာလေ၏။

သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်က သူ့၏ တောက်ပနေသောသွေးများ​က လျင်မြန်စွာ စုပ်ထုတ်ခြင်းခံလိုက်ရပြီး ထိုသည်များက သူ့ဓားကို ဖုံးအုပ်သွားတော့သည်။

ချက်ချင်းပင် ထိုသည်က မှောင်မဲပြီး မှုန်မှိုင်းသော ကောင်းကင်ကြီးကို စုတ်ဖြဲပစ်တော့မည့် သကဲ့သို့ မျက်စိကြိမ်းစေနိုင်သော ကြက်သွေးရောင် အလင်းက သူ့ဓားမှ ဖြာထွက်လာ၏။ ထိုသည်က ပိုင်ဆိုင်ထားသော ခွန်အားက ပြင်းထန်သော လေပြင်းများကို တောက်လောင်စေပြီး နယ်မြေတစ်ခုလုံးက သူ့၏တည်ရှိမှုအောက်တွင် စတင် တုန်ခါလာတော့သည်။

နဂါးနက်သည်လည်း သူ့နောက်တွင် စုစည်းလာသော ကြောက်မက်ဖွယ် အင်အားကို ထောက်လှမ်းမိ၏။ နောက်ပြန် ပြန်လှည့်ကြည့်ပြီး ထိုအရာနှင့် အတူ သေခြင်းတရားကို ခြိမ်းခြောက်လာသည်ကို ခံစားလိုက်မိ၏။ စက္ကန့်ပင်မခြားပဲ ထိုအရာက အရှိန်တိုးလာကာ အစွမ်းကုန် ပျံသန်းလာတော့သည်။

“ညီအစ်ကို မင်းရဲ့ဓားကို ချထားလိုက်ပါ။ ငါတို့ ဒါကို ငြိမ်းချမ်းရေးနဲ့ ဖြေရှင်းကြရအောင်။” နဂါးနက်က အော်ဟစ်လာ၏။

“ဟင်... မင်းက နောက်ဆုံးတော့ အသက်ကို တောင်းခံရကောင်းမှန်းသိပြီလား။” ထန်ရှီမန်က လှောင်ပြုံး ပြုံးလိုက်ပြီး “ရှက်စရာပဲ... နောက်ကျသွားပြီ။” သူက သူ့၏ လက်ခလယ်နှင့် လက်ညိုးကို ကိုင်လိုက်ပြီး နဂါးဆီသို့ ညွှန်ပြလိုက်ကာ “သွား...”

မယုံကြည်နိုင်လောက်သော စွမ်းအားကို ပိုင်ဆိုင်ထားရင်း သူ့ဓားက ကြက်သွေးရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး နဂါး၏ နောက်ကျောသို့ ကြီးမားလွန်းသော အရှိန်ဖြင့် ထိုးစိုက်သွားလေ၏။

နဂါးနက်က ကျောက်လန့်တကြား ဖြူ​ဖျော့သွားကာ လေထုအလယ်တွင် ချက်ချင်းပင် တွန့်လိမ်သွားလေ၏။ ထိုသည်က ဤရိုက်ချက်ကို ရှောင်ရန် အပြင်းအထန်ကြိုးစားလိုက်၏။

သို့သော်လည်း ထိုဓားသည် မြန်ရုံသာမက ထိတ်လန့်စရာကောင်းလောက်အောင် တက်ကြွနေပေ၏။ နဂါးနက်က ရှောင်တိမ်းလိုက်သည်နှင့် ဓားပျံသည်လည်း ထပ်တူလိုက်ကာ လမ်းကြောင်းကို မှန်ကန်စေလိုက်၏။

နဂါးနက်က သူ့မေးရိုးကို ဖွင့်ချလာပြီး ကြီးမားသော မီးတိုင်ကြီးကို မှုတ်ထုတ်လိုက်လေ၏။ သို့သော်လည်း ဓားမှာ မရပ်တန့်နိုင်ပေ။ ထိုသည်က တောက်လောင်နေသော မီးတိုင်ကြီးကို သက်သက်သာသာ ဆုတ်ဖြဲပစ်လိုက်၏။

“မဟုတ်ဘူး...။” နဂါးနက်က ​အော်ဟစ်လာတော့၏။ ထို့နောက် ထိုသည်က ဖင်မှ ကြက်သီးများထလာသည်ကို ခံစားလိုက်ရသည်။

ထို့နောက် ချက်ချင်းမှာတော့ အစာအိမ်၊ လည်ပင်းနှင့် ခေါင်းတို့ပင်။

ကြောက်မက်ဖွယ် အရှိန်နှင့် ခရီးသွားပြီး ကြက်သွေးရောင် အလင်းတန်းက နဂါးနက်ကြီး၏ တစ်ကိုယ်လုံးကို ထုတ်ချင်းပေါက် ထိုးလိုက်လေတော့သည်။

ဘုန်း...

ကြီးမားသော အနက်ရောင် ပုံရိပ်မှာ နောက်ဆုံးတွင်တော့ အသက်ခံလိုက်ရလေပြီ။ ထိုသည်က ကောင်းကင်မှ တစ်ဟုန်ထိုး ထိုးကျလာပြီး ကြမ်းပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်မိလေတော့သည်။

“ဂုဏ်ယူပါတယ်။ သင်ဟာ နဂါးမျိုးနွယ်စု၏ စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးပါပြီ။”

ကောင်းကင်မှ ဆင်းသက်လာသော အမွေအလုံးကြီးကို ကြည့်ရင်း ထန်ရှီမန်၏ မျက်လုံးထဲတွင် မျက်ရည်များပင် ဝိုင်းလာတော့သည်။

ငါလုပ်နိုင်သွားပြီ။ နောက်ဆုံးတော့ ငါလုပ်နိုင်သွားပြီ။

သူက နောက်ဆုံးတွင်တော့ ဘာမှမရသော အမျိုးသားဟူသည့် လက္ခဏာကို ခါထုတ်လိုက်နိုင်သွားပြီဖြစ်သည်။

သူ့၏ အဖွဲ့ဝင်များက အံ့ချီးလက်နက်များ၊ အံ့ချီးမီးတောက်များနှင့် အင်မော်တယ် သစ်သီးများ လက်ခံရရှိနေသည်ကို ကြည့်ကာ ထန်ရှီမန်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော သက်ပြင်းများ ချနေရသည်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော စတုတ္ထနှစ်၏ အတော်ဆုံး​ကျောင်းသား သူမှာ မည်သည့်အရာမှ မရသေးသော လူတစ်ယောက်ဖြစ်လာ၍ပင်...

သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ သူက နောက်ဆုံးမှ အမွေကိုရရန် စီမံနိုင်ခဲ့ပေသည်။ သူပေးရသော တန်ကြေးမှာအနည်းငယ်ကြီးနေပါသော်လည်း အနည်းဆုံးတော့ သူအောင်မြင်သွားပြီဖြစ်သည်။ ဟုတ်တယ်မလား။

နဂါးမျိုးနွယ်စု၏ အမွေကို ဆက်ခံပြီးနောက် ထန်ရှီမန်၏ မျက်လုံးများက တောက်ပလာတော့သည်။ သူလက်ခံရရှိသော ကျင့်ကြံခြင်းနည်းလမ်းမှာ နဂါးတောင်ပံ စီးနင်းခြင်းပင်။

ထိုနဂါးအနက်မှ အလွန်အမင်း လျင်မြန်နေသည်မှာ အံ့ဩစရာမရှိတော့ပါ။ သူသည်လည်း ဤ ကျင့်ကြံခြင်းနည်းလမ်းကို ကျွမ်းကျင်လာနိုင်ပေသည်။

ကျောက်ခန်းမဆီသို့ ဦးတည်သော လေဟာနယ် လမ်းကျဉ်းလေးက သူ့ရှေ့တွင် ပေါ်လာတော့၏။ သူက ထိုတံခါးဆီသို့ ကြည့်လိုက်သောအခါ ထန်ရှီမန်က ရုတ်တရက် ဒူးခေါင်းတွင် အားနည်းလာကာ ကြမ်းပေါ်သို့ လဲကျသွားတော့သည်။ အနန္တနည်းလမ်းကို အသုံးပြုခြင်း၏ နောက်ဆက်တွဲက နောက်ဆုံးတွင် သူ့အား သုံးရက်တိုင် ပကတိ မောပန်းခြင်းကို သယ်ဆောင်လာတော့သည်။

...

အန်လင်းနှင့် တခြားသူများက ကျောက်ခန်းမထဲတွင် စောင့်နေကြသည်မှာ အတော်ကြာပြီဖြစ်၏။ ထန်ရှီမန်သည်တော့ ပေါ်မလာသေးပါချေ။

အချိန်ကုန်သည်မှာ အလွန်နှေးလှ၏။ အချိန်ကုန်လာလေလေ လူတိုင်းက စိတ်လေးလာကြလေလေပင်ဖြစ်နေတော့သည်။

“စီနီယာထန်က တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ဘူးမလား။” ဟူကွမ်က စိုးရိမ်စွာ ပြောလာ၏။

“သူက ခက်ခဲနည်းလမ်းကို ကြုံရမယ်ဆိုရင်တောင် အသက်သေစေနိုင်လောက်တဲ့ အန္တရာယ်တော့မရှိနိုင်ပါဘူး...။” ရွှမ်ယွမ်ချန်က မျက်မှောင်ကြုတ်လိုက်၏။

မည်သည့်နှုန်းနှင့်မဆို ထန်ရှီမန်သည် စတုတ္ထနှစ် ကျောင်းသားများထဲတွင် အထူးချွန်ဆုံးဖြစ်၏။ သူက အစွမ်းထက်ပြီး ဝှက်ဖဲတွေလဲ အများကြီး ရှိလောက်မှာဖြစ်ပြီး ဤစမ်းသပ်ချက်ထဲ၌ ခြေချော်လက်ချော်ဖြစ်တယ်ဆိုတာ ယုတ္တိမရှိပါပေ။

အန်လင်းက ဘာမှမရှိသည့် လမ်းကျဉ်းလေးကိုကြည့်ကာ တိတ်ဆိတ်နေလေ၏။ သူက လူတိုင်းဒီကို ရောက်သည်အထိ စောင့်မည်ဟု ပြောခဲ့တာဖြစ်ပြီး ထို့ကြောင့် စကားလုံးများကို ပြန်ကောက်ပြီး ထန်ရှီမန် ဤခန်းမထဲသို့ မဝင်လာမချင်း စောင့်ရမည်ဖြစ်သည်။

အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် တဖြည်းဖြည်း တွားသွားလာနေသော ပုံရိပ်လေးတစ်ခုကို ဖျက်ကနဲမြင်လိုက်၏။

မှန်ပါသည်။ ထိုပုံရိပ်မှာ အလွန်အမင်း နာကျင်နေပုံပင်...။ ထိုသည်က တကယ်ကြီးကိုပင် တွားသွားလာနေတာ ဖြစ်သည်။

“စီနီယာ ထန်” အန်လင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မျက်လုံးများပင် နီရဲလာတော့၏။ သူက မည်ကဲ့သို့ ကြမ်းတမ်းသော တိုက်ပွဲကို ရင်ဆိုင်ခဲ့ရသနည်း။ သူသည် ရင်ဆိုင်တိုက်ခိုက်ရစဉ်က  ကျန်းမာပြီး ကြံ့ခိုင်သော ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ယခုတွင်တော့ ခြေနှစ်ချောင်းလုံး အားမရှိသည့်ပုံပင်။

တခြားအဖွဲ့ဝင်များသည်လည်း တွားသွားလာသည့်ပုံရိပ်ကို ဝမ်းနည်းစွာ ငေးကြည့်လိုက်၏။ ထိုသည်က သူတို့နှလုံးသားထဲတွင် လေးလံသောကျောက်တုံးကြီးက အလေးချိန်တိုးလိုက်သကဲ့သို့ပင်။

လေဟာနယ် လမ်းကျဉ်းလေးမှာ တစ်လမ်းသွားဖြစ်သည်မို့ သူတို့က ထန်ရှီမန်၏ သူရဲကောင်းဆန်ပြီး ဒုက္ခရောက်နေကာ တဖြည်းဖြည်း တွားသွားလာသော ပုံရိပ်ကို ကြည့်နေရုံသာတတ်နိုင်ကြသည်...။

ထန်ရှီမန်သည် သူတို့မျက်နှာရှိ အနီရောင်မျက်လုံးများနှင့် သနားသော အကြည့်များကို မြင်သည့်အခါ ပို၍ ဒေါသထွက်လာ၏။

ငါက ပင်ပန်းလို့ အောက်ပိုင်း သုံးမရတာပါ။ မင်းတို့ကောင်တွေ အဲ့လောက်ထိ ဝမ်းနည်းနေစရာ ဘာလိုလို့လဲ။

မင်းတို့ကောင်တွေက ဘာလို့ ငါက ကိုယ့်ဟာကို စတေးခံလိုက်သလို စိုက်ကြည့်နေကြတာလဲ။ မင်းတို့တွေက စီနီယာကို အထင်သေးတာလား။ ဟမ်...။

အမွေရရှိပြီးသည့်တိုင် ထန်ရှီမန်မှာ အဖွဲ့ထဲတွင် သနားစရာ အကောင်းဆုံ ဖြစ်ဟန်တူသည်။ ထိုသည်က သူ့မာနကို စော်ကားနေသည်ဟု ခံစားလိုက်ရ၏...။

လေဟာနယ် လမ်းကျဉ်းလေးထဲမှ တွားသွားထွက်လာပြီးသည့်နောက် ထန်ရှိမန်သည် အန်လင်း၏ အုပ်ခဲနက်ပေါ်တွင် ညင်သာစွာ သယ်ခံလိုက်ရ၏။

သူ့အဖွဲ့ဝင်များက သူ့အား ရှင်းပြခွင့်တောင်မပေးလာပဲ နှစ်သိမ့်လာကြပါတော့သည်။

“ဟေ့ကောင်တွေ ငါပြောတာနားထောင်အုံး။ ငါက နဂါးကို မဖမ်းနိုင်လို့ အနန္တနည်းလမ်းတစ်ခုကို သုံးလိုက်တာ အဲ့တာမို့...”

“ဟုတ်ပါပြီ စီနီယာထန်၊ ရှင်းပြနေစရာ မလိုပါဘူး။ အနားသာယူလိုက်။ ကျန်တာတွေအကုန် ကျွန်တော်တို့ဖြေရှင်းလိုက်မယ်။”

“စီနီယာထန် အသက်ရှင်နေဖို့သာ အရေးကြီးတာပါ။ ဖြစ်နိုင်ချေတွေက အဆုံးမရှိပဲကို။”

“အစ်ကိုက မစွမ်းဆောင်နိုင်တာနဲ့ပဲ ကျွန်တော်တို့က အထင်မသေးပါဘူး။”

ထန်ရှီမန် : “...”

...

အလင်းခပ်မှိန်မှိန် အခန်းတစ်ခုထဲတွင် ကတုံးနှင့် အမျိုးသားက နောက်ဆုံးတော့ သက်ပြင်းချနိုင်ခဲ့လေ၏။

သူက ထန်ရှီမန်ကို ကျေးဇူးတင်နေမိသည်။

နှိုင်းစာရင် ထိခိုက်ပြီး သနားစရာ လူတစ်ယောက်က နောက်ဆုံးတော့ ပေါ်လာခဲ့လေပြီ။ ထိုသည်ကမှ စမ်းသပ်မှုတစ်ခုနှင့်တူတာဖြစ်၏...။

မြွေနက်ဝိညာဉ်က ကတုံးနှင့် အမျိုးသားကို အေးစက်စွာကြည့်လာ၏။ ကတုံးနှင့် အမျိုးသားက တုန်ယင်သွားပြီး တစ်ကိုယ်လုံးတွင် ကြက်သီးများ ထလာပေတော့သည်။ နဖူးတွင်ချွေးစေးများထက်လာကာ မွန်းကျပ်စေသော ဖိအား၏ အောက်တွင် အသက်ရှုပင် ကြပ်လာတော့သည်။

ခဏအကြာတွင်တော့ ထိုအေးစက်သော အကြည့်က ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။

“ဘာဖြစ်တာလဲ။” မြွေနက်ဝိညာဉ်က ပြုံးလိုက်၏။ “အဲ့ဒီ့ စမ်းသပ်မှုတွေက အလွန်အမင်း အောင်မြင်သွားလို့ အနည်းငယ်ပျော်သွားပြီလား။”

ငရဲတခါးတွင် လှည့်ပတ်နေရသည်ဟု ခံစားရသော ကတုံးအမျိုးသားမှာ ခေါင်းငုံ့ချပြီး ပြန်မဖြေရဲပါပေ။

“သွားပြီး ကျန်တဲ့ စမ်းသပ်မှုတွေအကုန် ငရဲနည်းလမ်းကို ပြောင်းလိုက်စမ်း။” မြွေနက်ဝိညာဉ်က ဆက်ပြောလာ၏။ “အဲ့ အဖွဲ့က စွမ်းအားကြီးလွန်းတယ်။ အဲ့လိုလုပ်လိုက်လို့ မာစတာ ရှောင်ယန်က စိတ်မရှိလောက်ဘူးလို့ ငါယုံတယ်။”

“နားလည်ပါပြီ မာစတာ ဘလက်။ အခုချက်ချင်းပဲ ပြောင်းလိုက်ပါ့မယ်။”

ကတုံးအမျိုးသားက မြွေနက်ဝိညာဉ်၏ စေခိုင်းမှုများကို မငြင်းဆန်ဝံ့ပါပေ။ သူက ချက်ချင်းပင် သူမ၏ အမိန့်ကိူ နာခံကာ အရာအားလုံးကို အမြင့်ဆုံး အခက်အခဲသို့ အလောတကြီး ပြောင်းလိုက်တော့သည်။

မူလ ဒီဇိုင်းအရဆိုလျှင် ကျန်ရှိနေသော စမ်းသပ်မှု သုံးခုစလုံးမှာ သာမန် အခက်အခဲဖြစ်ရမည် ဖြစ်၏။ သို့သော် ယခုတွင်တော့ သူတို့အာလုံးမှာ ခက်ခဲနည်းလမ်းကိုပင် ကျော်လွန်ကာ ငရဲနည်းလမ်းသို့ တိုးမြှင့်ခြင်းခံလိုက်ရပေသည်...။ သူက အကျိုးဆက်များကို မစဉ်းစားရဲပါပေ။ သို့သော်လည်း မြွေနက်ဝိညာဉ်က ခိုင်းစေလာသည်မို့ သူလုပ်ရန် လိုအပ်သည်မှာ ခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်ရန်ပင်ဖြစ်သည်...

***

All Chapters