← Chapters

အခန်း (၃၀၇-၃၀၈)

Vol. 31 Ch. 307-308

အခန်း (၃၀၇-၃၀၈)

Vol. 31 Ch. 307-308

အခန်း (၃၀၇) - ဝိုင်းရံပိတ်ဆို့ခြင်း

“မင်းတို့ တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ကြတယ်။”

ရွှီချန်က သူတို့နှစ်ဦးကို အားပေးစကား ဆိုလိုက်လေသည်။

“မင်းတို့နှစ်ယောက်လုံးရဲ့ လုပ်ရပ်တွေက ဂုဏ်ပြုထိုက်တဲ့ ကိစ္စတွေချည်းပါပဲ။”

ဤတစ်ကြိမ်တွင် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ မျိုးစေ့များ၏ စွမ်းဆောင်ရည်ကို နန်းတော်မှ ချီးမြှင့်မည့် ဂုဏ်ပြုမှုများဖြင့် ဆုံးဖြတ်ခြင်း ဖြစ်ပေသည်။

အခြေခံအားဖြင့် မျိုးစေ့များ၏ နောက်ဆုံး အကဲဖြတ်မှုကို ရွှီချန်ကသာ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

“မင်းက ဘယ်သင်္ဘောကလဲ၊ ပြီးတော့ နာမည်က ဘယ်လိုခေါ်လဲ။”

ရွှီချန်က မေးမြန်းလိုက်သည်။

“စစ်သင်္ဘော အမှတ် (၁၇) ပါ၊ ကျွန်တော့်နာမည်က ရွှီနင်ပါ”

ရွှီနင်က ပြန်လည်ဖြေကြားလိုက်သည်။

“ကောင်းပြီ”

ရွှီချန် ခေါင်းညိတ်ပြလိုက်လေသည်။

“မင်းတို့နှစ်ယောက်လုံး သွားလို့ရပြီ။ ဒီအလောင်းတွေကိုတော့ အခြားသူတွေ စစ်ဆေးဖို့အတွက် ထားခဲ့လိုက်ပါ”

ရွှီနင်နှင့် ယွိချောင့်တို့သည် ရွှီချန်အား အရိုအသေပေးလိုက်ပြီးနောက် ကုန်းပတ်ဆီသို့ အတူတကွ လျှောက်သွားကြလေသည်။

အဝေးမှ ကြည့်လျှင် ချုံခိုတိုက်ခိုက်ခံခဲ့ရသော ရေယာဉ်စုမှာ ပြန်လည်နာလန်ထူနေပြီ ဖြစ်သည်။

နစ်မြုပ်သွားခဲ့သော စစ်သင်္ဘောများ နေရာတွင်လည်း တာအိုလက်နက် စစ်သင်္ဘောအသစ်များဖြင့် အစားထိုးထားပြီး ဖြစ်သည်။

ပင်လယ်ထဲရှိ မိစ္ဆာသားရဲများသည် ကြမ်းတမ်းခက်ထန်လှသော်လည်း နန်းတော်၏ ထိပ်တန်းတပ်ဖွဲ့များနှင့် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ မျိုးစေ့များ၏ အကူအညီကြောင့် ရေယာဉ်စုမှာ ထိခိုက်ပျက်စီးမှု သိပ်မရှိခဲ့ချေ။

“ဒါက ငါတို့ရဲ့ ပထမဆုံးအကြိမ် လက်တွဲလုပ်ကိုင်မှုလို့ ဆိုရမှာပဲ။”

ယွိချောင့်သည် ရွှီနင်၏ ဘေးတွင် ရပ်နေသည်။

“နောက်ပိုင်း စန့်ယင်ဂိုဏ်းရဲ့ စခန်းကို တိုက်ခိုက်တဲ့အခါ ငါတို့ ထပ်ပြီး အတူတူယှဉ်တွဲတိုက်ခိုက်ပြီး အောင်ပွဲတွေ ယူကြတာပေါ့။”

ရွှီနင်က ဘာမှပြန်မပြောဘဲ ပြုံးသာနေလိုက်သည်။

“စီနီယာအစ်မယွိ၊ ကျွန်တော် သင်္ဘောဆီကို အရင်ပြန်နှင့်ပါ့မယ်။”

ထိုသို့ပြောပြီးနောက် ရွှီနင်သည် ဗဟိုစစ်သင်္ဘောပေါ်မှ ပျံသန်းထွက်ခွာသွားလေတော့သည်။

‘ရွှီနင်က ငါ့အရိပ်အောက် ရောက်သွားမှာကို ကြောက်နေတာများလား...’

ရွှီနင် ထွက်သွားပြီးနောက် ယွိချောင့်က ရယ်မောလိုက်လေသည်။

ရွှီနင်၏ အေးစက်စက် အမူအရာအား သူမ သိပ်ပြီး ဂရုမစိုက်လှပေ။

“ညီလေးရွှီ... မင်း ပြန်ရောက်လာပြီပဲ။”

အခြားတစ်ဖက်တွင်မူ ရွှီနင်သည် သူ၏သင်္ဘောဆီသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

သူ ပြန်ရောက်ရောက်ချင်းပင် ထုံကန်းနှင့် ဖုန်းချီတို့သည် သူရှိရာဆီသို့ အလျင်အမြန် ရောက်လာကြသည်။

ယခုအချိန်တွင် သွေးများပေကျံနေသော သင်္ဘောကိုလည်း သန့်ရှင်းရေးလုပ်ပြီးသွားချေပြီ။

မိစ္ဆာသားရဲအလောင်းများအား ပင်လယ်ထဲသို့ ပစ်ချလိုက်သည် သို့မဟုတ် သိမ်းဆည်းလိုက်သည်ကိုမူ သူ မသိပေ။

မည်သို့ပင်ဆိုစေကာမူ တာအိုနယ်ပယ် မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်ထဲတွင် တန်ဖိုးကြီးမားသော အရင်းအမြစ်များစွာ ရှိနေပေသည်။

“ဘယ်လိုလဲ၊ ဘာတွေများ တွေ့ခဲ့ရလဲ။”

ဖုန်းချီက မေးမြန်းလိုက်သည်။

ရွှီနင် ထွက်သွားပြီးသည်နှင့် ရွှီနင်၏ အပြုအမူကို ဖုန်းချီ ရိပ်မိသွားခဲ့သည်။ သူသည် ဤမိစ္ဆာသားရဲများကို ထိန်းချုပ်ထားသော သားရဲထိန်းချုပ်သူများကို သွားရှာဖွေခြင်း ဖြစ်ရမည်။

ဖုန်းချီသည်လည်း သူ့နောက်သို့ လိုက်ချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆက်တိုက်ဆိုသလို အောင်မြင်မှုများ ရယူနိုင်မှသာလျှင် သူသည် ပိုမိုကောင်းမွန်သော အကဲဖြတ်မှုကို ရရှိနိုင်မည် ဖြစ်သောကြောင့်ပင်။

သို့သော် သူ၏ဒဏ်ရာများကြောင့် ဖုန်းချီသည် အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင်မူ မလိုက်သွားဖြစ်ခဲ့ချေ။

အကယ်၍ သူသာ ပစ်မှတ်အား ရှာမတွေ့ဘဲ ချုံခိုတိုက်ခိုက်ခံရပါက ဒုက္ခရောက်သွားနိုင်ပေသည်။

“စီနီယာအစ်မယွိချောင့်နဲ့ ကျွန်တော် သားရဲထိန်းချုပ်သူ လေးယောက်ကို ဖမ်းမိခဲ့တယ်။ ကံမကောင်းတာက သူတို့ကို အရှင်မဖမ်းနိုင်ခဲ့ဘူး။”

ရွှီနင်က ပြန်ဖြေလိုက်သည်။

ဤစကားကို ကြားပြီးနောက် ဖုန်းချီမှာ အနည်းငယ် မနာလို ဖြစ်သွားရသည်။

သူတို့၏ ခရီးစဉ်မှာ စတင်ကာစသာ ရှိသေးသော်လည်း ရွှီနင်သည် အောင်မြင်မှုတစ်ခုကို ရယူနိုင်ခဲ့ပြီ ဖြစ်သည်။

“ညီလေးရွှီက တကယ်အံ့ဩစရာပဲ”

ထုံကန်းသည် ရွှီနင်၏ ပခုံးကိုပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။

အစောပိုင်းတွင် ရွှီနင် မိစ္ဆာသားရဲကို သတ်ဖြတ်ခဲ့စဉ်က သူ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သန်မာမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရလေသည်။

ချုံခိုတိုက်ခိုက်မှုနောက်ကွယ်မှ ကြိုးကိုင်သူများကို ရွှီနင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိလိုက်ရပြီးနောက် ရွှီနင်သည် သာမန်လူမဟုတ်ကြောင်း သူ ခံစားလိုက်ရလေသည်။

ဤအချက်ကို စဉ်းစားမိသောအခါ ထုံကန်းသည် ရွှီနင်နှင့် ပိုမိုရင်းနှီးချင်လာမိသည်။

သူ့အမြင်အရဆိုလျှင် ရွှီနင်သည် အနာဂတ်တွင် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် အလွန်ပင် ဖြစ်နိုင်ချေရှိပေသည်။

အကယ်၍ သူသာ ရွှီနင်နှင့် မိတ်ဆွေဖွဲ့ထားနိုင်ပါက အနာဂတ်တွင် အကျိုးကျေးဇူးများကို ခံစားရနိုင်ပေလိမ့်မည်။

“စီနီယာအစ်ကိုဖုန်း... အနားယူဖို့ကိုသာ အာရုံစိုက်ထားပါ။ အများဆုံး ဆယ်ရက်အတွင်း ကျွန်တော်တို့ စန့်ယင်ဂိုဏ်းရဲ့ စခန်းကို ရောက်တော့မှာဆိုတော့ သူတို့ကို တိုက်ခိုက်ရမှာ။ အစ်ကို မြန်မြန်သက်သာအောင် လုပ်ထားရမယ်။”

ရွှီနင်က ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ့ဒဏ်ရာတွေအတွက် ဆေးသောက်ထားပြီးပါပြီ။ ရက်အနည်းငယ်အတွင်း သက်သာသွားမှာပါ။”

ဖုန်းချီက ပြန်ဖြေလိုက်သည်။

မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုအပြီးတွင် လူတိုင်းသည် တိုက်ပွဲဝင်ရန် ကြိုတင်ပြင်ဆင်ထားလိုက်ကြလေသည်။

ပင်လယ်နီမိစ္ဆာဂိုဏ်းမှ မျိုးစေ့များဖြစ်စေ၊ နန်းတော်မှ စစ်သည်များဖြစ်စေ အားလုံးသည် နောက်လာမည့် တိုက်ပွဲမှာ အလွန်ခက်ခဲကြမ်းတမ်းမည်ဖြစ်ကြောင်း သဘောပေါက်ထားကြသည်။

သင်္ဘောသည် ဆက်လက်ခုတ်မောင်းနေဆဲပင်။

ရှစ်ရက်ကြာပြီးနောက်…

ရေယာဉ်စုသည် အရှိန်လျှော့လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် စန့်ယင်ဂိုဏ်း၏ စခန်းသည် သူတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာပြီဖြစ်သောကြောင့်ပင်။

‘နောက်ဆုံးတော့ ငါတို့ ရောက်လာခဲ့ပြီပဲ။’

သင်္ဘောဦးပိုင်းတွင် ရပ်နေရင်း ရွှီနင်သည် အဝေးမှ ကျွန်းကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

အကြမ်းဖျင်း ခန့်မှန်းကြည့်ရသလောက် စန့်ယင်ဂိုဏ်း၏ နယ်မြေအကျယ်အဝန်းမှာ ပင်လယ်နီမိစ္ဆာဂိုဏ်း၏ သုံးပုံတစ်ပုံခန့် ရှိပေမည်။

သို့သော် ဤနေရာသည် သေးငယ်လှသော်လည်း ဝိညာဉ်စွမ်းအင်မှာမူ ဝမ်ရှန့်ပြည်နယ်ကဲ့သို့ပင် သိပ်သည်းလှပေသည်။

ဤသည်မှာ ပင်လယ်ရပ်ခြားတွင် အလွန်ရှားပါးလှသည်။

ကျယ်ဝန်းလှသော အဆုံးမဲ့ပင်လယ်ကြီးထဲတွင် ဤကဲ့သို့သော နေရာမျိုးကို ရှာဖွေတွေ့ရှိရန်မှာ ကြိုးစားအားထုတ်မှု များစွာ လိုအပ်မည်မှာ သေချာလှသည်။

“စန့်ယင်ဂိုဏ်းက ငါတို့ရောက်လာဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ပုံပဲ။”

ထုံကန်းသည် ရွှီနင်၏ ဘေးတွင် ရပ်လျက် ပြောလိုက်သည်။

ထုံကန်းတစ်ယောက် ဤသို့ပြောရခြင်းမှာ ကျွန်းတစ်ခုလုံးကို သစ်ပင်တံတိုင်းကြီးဖြင့် ဝိုင်းရံထားသောကြောင့် ဖြစ်သည်။

သစ်ပင်တံတိုင်းကြီးသည် မြင့်မားသော ခြံစည်းရိုးကြီးတစ်ခုသဖွယ် အချင်းချင်း ယှက်နွယ်နေပြီး ပြင်ပကမ္ဘာမှ ကျူးကျော်ဝင်ရောက်လာမှုများကို တားဆီးရန်အတွက် ကျွန်းတစ်ခုလုံးကို ဝိုင်းရံထားလေသည်။

တံတိုင်းကြီး၏ အပေါ်တွင် စန့်ယင်ဂိုဏ်းမှ တပည့်များမှာ တာအိုလက်နက် အဝေးပစ်လေးများကို ကိုင်ဆောင်ကာ သူတို့ရှိရာသို့ ချိန်ရွယ်ထားကြပြီ ဖြစ်သည်။

သူတို့သာ ကျွန်းပေါ်သို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားမည်ဆိုပါက ချက်ချင်း တိုက်ခိုက်တော့မည့်ပုံ ပေါ်နေသည်။

“ငါတို့ ဆက်ပြီး ဘာလုပ်ကြမလဲ။”

ဖုန်းချီက ထုံကန်းကို မေးလိုက်သည်။

“စစ်သူကြီးရွှီရဲ့ အမိန့်ကို စောင့်ရမှာပေါ့။”

ထုံကန်းက ပြန်ဖြေလိုက်သည်။

ဗဟိုစစ်သင်္ဘောနှင့် အခြားစစ်သင်္ဘောများအကြားတွင် ဆက်သွယ်ရေး ကိရိယာများ ရှိထားပြီး မည်သည့်အချိန်တွင်မဆို အမိန့်များ ပေးပို့နိုင်ပေသည်။

မကြာမီမှာပင် ထုံကန်းထံသို့ အမိန့်တစ်ခု ရောက်ရှိလာခဲ့သည်။

ရွှီချန်က စစ်သင်္ဘောများအားလုံးကို ဖြန့်ကြက်ကာ ကျွန်းတစ်ခုလုံးကို အပြည့်အဝ ဝိုင်းရံထားရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ နောက်ဆုံးတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိတော့ချိန်တွင် စန့်ယင်ဂိုဏ်းမှ လူများ ထွက်ပြေးလွတ်မြောက်သွားခြင်းကို တားဆီးရန်အတွက် ဖြစ်လေသည်။

ဤအချိန်တွင်...

ကျွန်းပေါ်၌…

စန့်ယင်ဂိုဏ်းမှ သခင်လျိုသည် ခန်းမတစ်ခုအတွင်း ထိုင်နေပြီး သူ၏ဘေးတွင် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး၊ ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးတို့ ရှိနေကြသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ခန်းမထဲ၌ အခြားသော မီးခိုးရောင်ဝတ်စုံနှင့် လူများလည်း ရှိနေကြသည်။

“အားလုံးပဲ... ဝမ်ရှန့်ပြည်နယ်က လူတွေ ရောက်လာကြပြီ။”

သခင်လျို၏ အသံမှာ အနည်းငယ် ဩရှနေပြီး လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်လေသည်။

လူတိုင်း၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေကြသည်။

မိမိတို့၏ စခန်းကို ကာကွယ်ရန်အတွက် ကြီးမားလှသော ရန်သူကို ရင်ဆိုင်ကာ အသေအလဲ တိုက်ခိုက်ကြရမည် ဖြစ်သည်။

“ရန်သူတွေက ငါတို့ကို အပြင်းအထန် တိုက်ခိုက်ဖို့ လာနေကြပေမဲ့ ငါတို့မှာ သူတို့ကို ခုခံနိုင်တဲ့ အင်အားလုံလုံလောက်လောက် ရှိပါတယ်။ တိုက်ပွဲမစခင်မှာ မင်းတို့ရဲ့ အတွေးတွေကို ဟိုဟိုဒီဒီ လွင့်မျောမနေစေနဲ့။”

သခင်လျိုက ပြောလိုက်သည်။

“ငါတို့စခန်းချထားတဲ့ ကျွန်းက ကျွန်းတစ်ခုလုံးကို ဝိုင်းရံဖို့အတွက် ‘သစ်ပင်ပိုင်နက်’ လို့ခေါ်တဲ့ လျှို့ဝှက်ရတနာကို သုံးထားပြီးပြီ။ ဒီတန်ဖိုးကြီးတဲ့ လျှို့ဝှက်ရတနာက ဂိုဏ်းချုပ်ကိုယ်တိုင် ငါတို့ကို ပေးထားတာပဲ။ ရန်သူတွေ ဘယ်လောက်ပဲ မြင့်မြင့်ပျံသန်းနိုင်ပါစေ သစ်ပင်ပိုင်နက်က သစ်ပင်တံတိုင်းတွေက သူတို့ကို တားဆီးပေးလိမ့်မယ်။ သူတို့ ဝင်လာချင်တယ်ဆိုရင် သစ်ပင်တံတိုင်းတွေကို ဖျက်ဆီးပြီးမှ ဝင်လာရလိမ့်မယ်။”

“ဒါပေမဲ့ ဒီသစ်ပင်တံတိုင်းက ဖျက်ဆီးဖို့ အဲဒီလောက် မလွယ်ကူဘူး။ သူတို့ သစ်ပင်တံတိုင်းကို ဖျက်ဆီးနေတဲ့အချိန်မှာ ငါတို့က အခွင့်အရေးယူပြီး ပြန်လည်တိုက်ခိုက်နိုင်တယ်။ သူတို့ကို တံတိုင်းမဖျက်နိုင်အောင် တားဆီးနိုင်သလို သူတို့ကိုလည်း ဒဏ်ရာရအောင် လုပ်နိုင်တယ်။”

သခင်လျို၏ စကားများကြောင့် လူတိုင်းမှာ အနည်းငယ် စိတ်အေးသွားကြသည်။

လူတိုင်းသည် လျှို့ဝှက်ရတနာ သစ်ပင်ပိုင်နက်မှ ဖန်တီးထားသော သစ်ပင်တံတိုင်း၏ ကာကွယ်နိုင်စွမ်းကို ယုံကြည်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဂိုဏ်းချုပ်ယွီကျီးယင် ချန်ထားရစ်ခဲ့သော ရတနာတစ်ခု ဖြစ်လေသည်။

“ကောင်းပြီ အားလုံးပဲ... နောက်တစ်ဆင့်အနေနဲ့ တိုက်ပွဲအစီအစဉ်ကို ငါ ဆွဲပေးမယ်”

သခင်လျိုက ဆက်ပြောလိုက်သည်။

“အဲဒီအစီအစဉ်အတိုင်း တိတိကျကျ လုပ်ဆောင်နိုင်မယ်ဆိုရင် သူတို့ကို နောက်ထပ် ဆယ်နှစ် အချိန်ပေးရင်တောင်မှ ကျွန်းထဲကို ဝင်လာနိုင်မှာ မဟုတ်ဘူး။”

အခန်း (၃၀၈) - လျှို့ဝှက်ရတနာ ပေါင်းစပ်ဖွဲ့စည်းခြင်း

ကျွန်း၏အပြင်ဘက်တွင်…

သင်္ဘောတပ်ဖွဲ့ကြီးသည် ကျွန်းကိုဝိုင်းရံရန်အတွက် စက်ဝိုင်းပုံစံ နေရာယူထားကြလေသည်။

နှစ်ဖက်စလုံး တိုက်ခိုက်ရန် အသင့်ပြင်ထားကြလေသည်။ မည်သည့်ဘက်မှမဆို ထူးခြားသော လှုပ်ရှားမှုအနည်းငယ် ပြသလိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲကြီးတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာတော့မည့်အလားပင်။

ရွှီနင်သည် သူ၏ စစ်သင်္ဘောပေါ်၌ ထုံကန်း၊ ဖုန်းချီတို့နှင့်အတူ ဗဟိုစစ်သင်္ဘောထံမှ အမိန့်များကို စောင့်ဆိုင်းနေလေသည်။

“ဟိုမှာကြည့်စမ်း”

ရုတ်တရက် ဖုန်းချီသည် ဗဟိုစစ်သင်္ဘောဆီသို့ လှမ်းကြည့်လိုက်သည်။

ရွှီနင်နှင့် ထုံကန်းတို့သည်လည်း ဖုန်းချီကြည့်နေသည့် အရပ်ဆီသို့ လိုက်ကြည့်လိုက်ကြသည်။

လူတစ်ယောက်သည် ဗဟိုစစ်သင်္ဘောထံမှ လေထဲသို့ ပျံသန်းထွက်ခွာလာပြီး ကျွန်းဆီသို့ တစ်ယောက်တည်း ပြေးဝင်သွားလေသည်။

“ဒုဗိုလ်ချုပ်ကြီးကူပဲ”

ထုံကန်းမှာ ထိုသူကို မှတ်မိသွားသည်။ “ဒုဗိုလ်ချုပ်ကြီးကူက သူတို့ကို စမ်းသပ်ကြည့်ချင်တာ နေမှာ”

‘ဒီဒုဗိုလ်ချုပ်ကြီးကူက တာအိုနယ်ပယ် အဆင့်ရှစ် သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမယ်’

အဝေးမှနေ၍ပင် ရွှီနင်သည် သူ၏ပျံသန်းမှုအမြန်နှုန်းနှင့် သူ၏ကိုယ်မှ ထွက်ပေါ်လာသော အစွမ်းထက်သည့် အငွေ့အသက်များမှတစ်ဆင့် သူ၏ နယ်ပယ်အဆင့်ကို ခန့်မှန်းနိုင်လေသည်။

ဒုဗိုလ်ချုပ်ကြီးကူသည် ကျွန်းဆီသို့ ပျံသန်းသွားချေပြီ။

ရွှစ်…

သူ ကျွန်းအနီးသို့ ရောက်ရှိသွားသည်နှင့် ကောင်းကင်ထက်မှ မြားမိုးများ ရွာကျလာတော့သည်။

ဤမြားများအားလုံးသည် အထူးသတ္တုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းတို့အတွင်း၌ တာအိုနယ်ပယ်စွမ်းအားများ အမြောက်အမြား ပါဝင်နေပေသည်။ ပစ်မှတ်ကို ထိမှန်သွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်သွားနိုင်ပေသည်။

မြားတစ်စင်းတည်းဖြင့် ကြီးမားသော ပျက်စီးမှုကို မဖြစ်ပေါ်စေနိုင်သော်လည်း မြားမိုးကြီးဖြင့်ဆိုပါက သာမန် အဆင့်မြင့် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက်အတွက်ပင် အလွန်အန္တရာယ်ကြီးမားလှပေသည်။

ဒုဗိုလ်ချုပ်ကြီးကူသည် မြားမိုးကြီးကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်လေသည်။

သူ၏ တာအိုနယ်ပယ်စွမ်းအားကို အသက်သွင်းလိုက်ပြီး သူ့ရှေ့တွင် အကာအကွယ်အလွှာတစ်ခုကို ဖန်တီးလိုက်သည်။

မြားများသည် အကာအကွယ်အလွှာကို လာရောက်ထိမှန်သောအခါ အက်ကွဲသံများ ထွက်ပေါ်လာလေသည်။

မြားများ အချက်ပေါင်းများစွာ ထိမှန်ပြီးနောက် အကာအကွယ်အလွှာမှာ ပြင်းထန်စွာ တုန်ခါသွားရသည်။

သို့သော် ဤမျှလောက်နှင့် ဒုဗိုလ်ချုပ်ကြီးကူကို တားဆီးနိုင်စွမ်း မရှိချေ။

“သူ ပိုနီးလာပြီ”

ဒုဗိုလ်ချုပ်ကြီးကူ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ ကျွန်းပေါ်ရှိ စန့်ယင်ဂိုဏ်းမှ အစောင့်များသည် ထိတ်လန့်လာကြတော့သည်။

“ဘာတွေ ကြောက်လန့်နေကြတာလဲ”

သခင်လျိုဘေးမှ ပန်းရောင်ဝတ်ရုံရှင် အမျိုးသမီးသည် အစောင့်များ၏နောက်တွင် ရုတ်တရက် ပေါ်လာလေသည်။

“အကြီးအကဲချွမ်”

အကြီးအကဲချွမ်ဟု ခေါ်ဝေါ်သော ပန်းရောင်ဝတ်ရုံရှင် အမျိုးသမီးကို မြင်လိုက်ရပြီးနောက် အားလုံးမှာ စိတ်သက်သာရာ ရသွားကြသည်။

ဤအကြီးအကဲချွမ်သည် မူလချိတ်ဆက်မှုနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး အလွန်ထူးခြားသော နည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။

သူမ၏ စစ်မှန်သော တိုက်ခိုက်နိုင်စွမ်းမှာ တာအိုနယ်ပယ် အဆင့်ကိုး သိုင်းပညာရှင်တစ်ယောက်နှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်ဟု ဆိုကြလေသည်။

ထို့ကြောင့် သူမသည် သူတို့နောက်တွင် ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် အစောင့်တပည့်များအားလုံး ယုံကြည်မှုများ ပြန်လည်ရရှိလာကြသည်။

ထိုအချိန်တွင် ဒုဗိုလ်ချုပ်ကြီးကူသည် သစ်ပင်တံတိုင်းအနီးသို့ ရောက်ရှိနေချေပြီ။

သူသည် ၎င်းကို ကျော်ဖြတ်ပျံသန်းရန် ရည်ရွယ်လျက် အရှိန်ကို မြှင့်တင်လိုက်သည်။

သို့သော် ဒုဗိုလ်ချုပ်ကြီးကူ လေထဲသို့ မြင့်တက်သွားသည်နှင့် တစ်ပြိုင်နက် သစ်ပင်တံတိုင်းများသည် အသက်ဝင်လာသကဲ့သို့ လျင်မြန်စွာ ကြီးထွားလာပြီး ဒုဗိုလ်ချုပ်ကြီးကူ ဝင်ရောက်မည့်လမ်းကို ပိတ်ဆို့လိုက်လေသည်။

“ဒါက ဘာလဲ၊ ဒါလည်း လျှို့ဝှက်ရတနာ တစ်မျိုးပဲလား”

ဒုဗိုလ်ချုပ်ကြီးကူမှာ အံ့အားသင့်သွားရသည်။

သူသည် နန်းတော်၏ ကြောက်မက်ဖွယ်ကောင်းသော စစ်သူကြီးတစ်ဦးဖြစ်ပြီး မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ထို့ကြောင့် သူသည် ထိပ်တန်းအဆင့် ပစ္စည်းအချို့ကို မြင်ဖူးခဲ့လေသည်။

သို့သော် ဤမျှ ထူးဆန်းသော နည်းစနစ်မျိုးကိုမူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။

“ဒီတံတိုင်းကို ဖယ်ရှားပြီး ဝင်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးပဲ”

ဒုဗိုလ်ချုပ်ကြီးကူသည် ပြဿနာကို သဘောပေါက်သွားလေသည်။

သို့ဖြင့် ဒုဗိုလ်ချုပ်ကြီးကူသည် သစ်ပင်တံတိုင်းထံမှ နောက်ဆုတ်လိုက်တော့သည်။

သူသည် လေထဲတွင် ရပ်တန့်လိုက်ပြီး သူ၏လက်ထဲ၌ ဖောက်ထွင်းမြင်နိုင်သော လှံတစ်လက်ကို ဖွဲ့စည်းလိုက်‌လေသည်။

ဤကြယ်တာရာချီလှံတံထဲတွင် မူလစွမ်းအားများ ပါဝင်နေသည်။

မူလချိတ်ဆက်မှုနယ်ပယ် သိုင်းပညာရှင်တစ်ယောက်သည် မူလအစနယ်ပယ် သိုင်းပညာရှင်နှင့် ကွာခြားလှပေသည်။

မူလအစနယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် မူလစွမ်းအား အနည်းငယ်ကိုသာ ဆုပ်ကိုင်အသုံးပြုနိုင်သော်လည်း မူလအချိတ်အဆက်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ထိန်းချုပ်နိုင်သော မူလစွမ်းအားမှာ အရည်အသွေးရော အရေအတွက်ပါ တစ်ဆင့်ပိုမြင့်မားလေသည်။

ရွှစ်…

ဒုဗိုလ်ချုပ်ကြီးကူသည် သူ၏လက်ထဲရှိ ဖောက်ထွင်းမြင်နိုင်သော လှံတံကို သစ်ပင်တံတိုင်းဆီသို့ ပစ်လွှတ်လိုက်လေသည်။

ဝုန်း…

လှံတံသည် သစ်ပင်တံတိုင်းကို ထိမှန်သွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။

ဤသည်ကို မြင်လိုက်ရသောအခါ ဒုဗိုလ်ချုပ်ကြီးကူမှာ အလွန်ဝမ်းသာသွားရသည်။ ဤသစ်ပင်တံတိုင်းကိုသာ ချိုးဖျက်နိုင်မည်ဆိုလျှင် သူသည် ကျွန်းပေါ်သို့ အလွယ်တကူ ဝင်ရောက်နိုင်မည် ဖြစ်သည်။

သို့သော် ဤဝမ်းသာမှုမှာ ခဏတာမျှသာ ခံလေသည်။

အပေါက်ကြီးသည် မျက်စိရှေ့မှာပင် လျင်မြန်သော အမြန်နှုန်းဖြင့် ပြန်လည်ပိတ်ဆို့သွားပြီး မူလအတိုင်း တစ်သားတည်း ပြန်ဖြစ်သွားလေတော့သည်။

“ဒါက”

ဒုဗိုလ်ချုပ်ကြီးကူမှာ အတော်လေး တုန်လှုပ်သွားရသည်။

‘ထိပ်တန်း လျှို့ဝှက်ရတနာတွေထဲက အကောင်းဆုံးရတနာတွေတောင် ဒီလောက်ထိ စွမ်းအားကြီးမှာ မဟုတ်ဘူး’

ဒုဗိုလ်ချုပ်ကြီးကူ၏ မျက်နှာအမူအရာမှာ လေးနက်သွားချေပြီ။

ကျွန်းကို ကျူးကျော်ဝင်ရောက်ရန်ဆိုသည်မှာ မလွယ်ကူကြောင်း သူ သိရှိသွားလေသည်။

‘ဟင်းလင်းပြင်ကျောက်တုံးကို သုံးကြည့်ရမယ်၊ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး အထဲကို ဝင်နိုင်ရင် အထဲကနေ သူတို့ရဲ့ ကာကွယ်ရေးတွေကို ဖွင့်ပေးနိုင်မှာပဲ’

ဒုဗိုလ်ချုပ်ကြီးကူသည် ဟင်းလင်းပြင်ကျောက်တုံးတစ်ခုကို ထုတ်ယူကာ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။

ဟင်းလင်းပြင်ကျောက်တုံးကို အသက်သွင်းပြီးနောက် ဒုဗိုလ်ချုပ်ကြီးကူသည် နေရာရွှေ့ပြောင်းရန် ကြိုးစားလိုက်သည်။

သို့သော် သူ အောင်မြင်မှု မရရှိခဲ့ပေ၊ သစ်ပင်တံတိုင်း၏ ပိတ်ဆို့မှုကို ထပ်မံခံလိုက်ရပြန်သည်။

‘ဒီအရာက ဟင်းလင်းပြင် နေရာရွှေ့ပြောင်းမှုကိုတောင် တားဆီးနိုင်တာလား’

ဒုဗိုလ်ချုပ်ကြီးကူသည် ဤအချက်ကို ကြိုတင်မျှော်လင့်ထားခြင်း မရှိခဲ့ချေ။

“ဒီသစ်ပင်ပိုင်နက်က ငါတို့စန့်ယင်ဂိုဏ်းရဲ့ ထိပ်တန်းရတနာပဲ၊ မင်းတို့လူတွေ ဒါကို ချိုးဖျက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”

ထိုအချိန်တွင် သစ်ပင်တံတိုင်းပေါ်၌ အကြီးအကဲချွမ် ပေါ်လာလေသည်။

သူမသည် ဒုဗိုလ်ချုပ်ကြီးကူအား ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“အသုံးမဝင်တဲ့ လုပ်ရပ်တွေ ဆက်မလုပ်ရအောင် အမြန်ဆုံး ပြန်သွားဖို့ အကြံပေးချင်တယ်၊ ပြီးတော့ မင်းတို့ ဒီမှာ ဆက်တိုက်ခိုက်နေမယ်ဆိုရင် ငါတို့ဂိုဏ်းချုပ် ပြန်လာတဲ့အခါ မင်းတို့အားလုံးကို သတ်ပစ်လိမ့်မယ်”

ဒုဗိုလ်ချုပ်ကြီးကူက နှာခေါင်းရှုံ့လိုက်သည်။

“သိပ်လည်း မာနကြီးမနေနဲ့၊ မင်းက ငါတို့ကို အထင်သေးလွန်းနေပြီ၊ ဒီသစ်ပင်တံတိုင်းက ချိုးဖျက်ဖို့ ခက်ခဲတယ်ဆိုပေမဲ့ မဖျက်ဆီးနိုင်တာတော့ မဟုတ်ဘူး”

“မင်းတို့ကို အမြန်ဆုံး ကျွန်းပေါ်ကထွက်ပြီး အရှုံးပေးဖို့ အကြံပေးချင်တယ်၊ ဒါဆိုရင် မင်းတို့ရဲ့ အပြစ်တချို့ကို သက်သာစေလိမ့်မယ်၊ အချိန်ကျလာရင် အရှင်မင်းကြီးက မင်းတို့အသက်ကို ချမ်းသာပေးနိုင်လိမ့်မယ်”

ဒုဗိုလ်ချုပ်ကြီးကူ၏ အရှိန်အဝါမှာလည်း လုံးဝ လျော့ကျသွားခြင်း မရှိပေ။

“စကားတွေ အများကြီးပြောနေလည်း အပိုပဲ၊ ဒါဆိုရင် နောက်ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”

အကြီးအကဲချွမ်မှာလည်း အလွန်ပင် ရန်လိုနေလေသည်။

ဒုဗိုလ်ချုပ်ကြီးကူသည် အကြီးအကဲချွမ်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် ပြန်လှည့်သွားတော့သည်။

အကြီးအကဲချွမ်သည် ဒုဗိုလ်ချုပ်ကြီးကူ၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုံ့သွားရသည်။

ဒုဗိုလ်ချုပ်ကြီးကူသည် သူမကို ခြောက်လှန့်နေခြင်း မဟုတ်ကြောင်း သူမ သိလေသည်။ သူသည် ယခုလေးတင် ပြောဆိုခဲ့သည်များကို တကယ်ပင် ယုံကြည်မှုရှိနေပုံရလေသည်။

‘ဒီလူတွေဆီမှာ တကယ်ပဲ လျှို့ဝှက်ချက်တွေ ရှိနေတာများလား’

အကြီးအကဲချွမ် စိတ်ထဲမှ တွေးလိုက်မိသည်။

သို့သော် သူမရှေ့ရှိ သစ်ပင်ပိုင်နက်ကို ကြည့်ပြီး ဂိုဏ်းချုပ်ဖြစ်သူ မည်မျှစွမ်းအားကြီးမားကြောင်းကို တွေးတောမိပြီးနောက် တစ်ဖက်လူအနေဖြင့် ချိုးဖျက်ဝင်ရောက်နိုင်ရန် မဖြစ်နိုင်ဟု အကြီးအကဲချွမ် ခံစားနေရဆဲပင်။

“ဗိုလ်ချုပ်ကြီးရွှီ”

အခြားတစ်ဖက်တွင်မူ ဒုဗိုလ်ချုပ်ကြီးကူသည် ဗဟိုစစ်သင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိလာလေသည်။

သူသည် ရွှီချန်အ ယခုလေးတင် ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြလိုက်ည်။

“မင်းပြောတဲ့ သစ်ပင်ပိုင်နက်ဆိုတာက ပြင်ပကမ္ဘာတစ်ခုခုက နည်းစနစ်တစ်ခု ဖြစ်နိုင်တယ်”

သူ့စကားကို နားထောင်ပြီးနောက် ရွှီချန်က ရှင်းပြလိုက်သည်။

သူသည် ဒုဗိုလ်ချုပ်ကြီးကူထက် ပိုမိုသန်မာပြီး သွမ့်မိသားစု၏ သိုင်းသခင်ကြီး သွမ့်ဟွေးယွဲ့နှင့်ပင် သိုင်းပညာများ လေ့ကျင့်ခဲ့ဖူးလေသည်။ သူသည် သွမ့်ဟွေးယွဲ့၏ တပည့်တစ်ပိုင်းအဖြစ် သတ်မှတ်ခံထားရသဖြင့် ဗဟုသုတ ပိုမိုကြွယ်ဝသူ ဖြစ်သည်။

“ပြင်ပကမ္ဘာက နည်းစနစ်”

ဒုဗိုလ်ချုပ်ကြီးကူ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။

သူသည် ပြင်ပကမ္ဘာများအကြောင်းကို ဝိုးတဝါး ကြားဖူးသော်လည်း ပြင်ပကမ္ဘာများ၏ လျှို့ဝှက်ချက်များကိုမူ သိပ်မသိလှချေ။

“ဗိုလ်ချုပ်ကြီးရွှီ၊ ဒါဆိုရင်လည်း လျှို့ဝှက်ရတနာပေါင်းစပ်ဖွဲ့စည်းခြင်းကို သုံးပြီး ချိုးဖျက်ကြတာပေါ့”

ဒုဗိုလ်ချုပ်ကြီးကူက အကြံပြုလိုက်သည်။

“ကောင်းပြီ၊ ငါ့ရည်ရွယ်ချက်ကလည်း အဲဒါပဲ”

ရွှီချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဒီကိုမလာခင် သိုင်းသခင်ကြီးက ငါတို့အတွက် လျှို့ဝှက်ရတနာပေါင်းစပ်ဖွဲ့စည်းခြင်းကို ပြင်ဆင်ပေးလိုက်တယ်၊ ရန်သူရဲ့ ကာကွယ်ရေးတွေက အရမ်းခိုင်မာမယ်ဆိုတာကို သူ ကြိုတင်မျှော်လင့်ထားပြီးသားလေ”

ထို့နောက် ရွှီချန်သည် သူ၏ ဆက်သွယ်ရေးကျောက်တုံးကို ထုတ်ယူလိုက်လေသည်။

“အားလုံးပဲ အသင့်ပြင်ထားကြ၊ ရန်သူ့ကာကွယ်ရေးကို ဖျက်ဆီးပစ်ဖို့အတွက် လျှို့ဝှက်ရတနာပေါင်းစပ်ဖွဲ့စည်းခြင်းကို အသုံးပြုမယ်”

စစ်သင်္ဘောအမှတ် (၁၇)…

“ဗိုလ်ချုပ်ကြီးရွှီက အမိန့်ပေးလိုက်ပြီ”

ထုံကန်းက ရုတ်တရက် ပြောလိုက်လေသည်။

“ဘာအမိန့်လဲ”

ရွှီနင်နှင့် ဖုန်းချီတို့က မေးလိုက်ကြသည်။

“သူက ဒီသစ်ပင်တံတိုင်းကို ချိုးဖျက်ဖို့ လျှို့ဝှက်ရတနာပေါင်းစပ်ဖွဲ့စည်းခြင်းကို အသုံးပြုတော့မယ်တဲ့”

ထုံကန်း၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ပေါ်လာတော့သည်။

All Chapters