ရင်းမြစ်သုံးခု ပေါင်းစည်းခြင်း
Vol. 67 Ch. 865
ဒေဝလောက တစ်ခုလုံး အဆုံးမရှိသော အမှောင်ထုထဲသို့ ဆွဲသွင်းခံလိုက်ရပုံပေါ်သည်။
လက်တစ်ကမ်းအကွာကိုပင် မမြင်နိုင်လောက်အောင် မှောင်မည်းနေပြီး အလင်းရောင်မှန်သမျှ ဝါးမြိုခံထားရသည်။ သို့သော် ထိုကဲ့သို့ မှောင်မည်းနေသော မြင်ကွင်းအတွင်း၌ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု လျှောက်လှမ်းနေသည်။
သူ၏ ခြေလှမ်းတိုင်းသည် ထိုမှောင်မည်းနေသော ပင်လယ်ပြင်ကြီးအတွင်း၌ တောက်ပသန့်စင်သော ခြေရာများကို ချန်ရစ်ထားလေ့ရှိသည်။
ဝုန်း!
တောက်ပသန့်စင်သော ခြေရာများမှ ဖြာထွက်လာသော ရောင်စုံအလင်း အပိုင်းအစများစွာသည် အမှောင်ထုထဲတွင် ရစ်ပတ်ယှက်နွယ်သွားကာ ဖြူဖွေးသန့်စင်သော ပန်းများအဖြစ်သို့ အဆက်မပြတ် ပွင့်လန်းလာလေ၏။
ဟူး ….
လေညင်းတစ်ချက် တိုက်ခတ်သွားလေရာ ဖြူဖွေးသန့်စင်သော ပွင့်ချပ်များသည် အဆုံးမရှိ လွင့်ပျံသွားခဲ့သည်။
လွင့်ပျံနေသော ထိုပွင့်ချပ်များအတွင်း၌ ဒေဝလောက၏ ဖြစ်စဉ်များ ၊ သုံးထောင်သော မဟာလမ်းစဉ် အစရှိသော မိုးမြေရှိ အရာတိုင်း ထင်ဟပ်လျက် ရှိသည်။
ဖြူဖွေးသန့်စင်သော ပွင့်ချပ်များမှာ လေထဲတွင် ပို၍ များပြားလာသည်နှင့်အမျှ ၊ ယခင်က အဆုံးမရှိသော အမှောင်ထုသည် တဖြည်းဖြည်း အရည်ပျော်ကျကာ စူးရှတောက်ပသော အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်လမ်းစဉ် အုပ်ချုပ်သူများမှာ ထိုမြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေစဉ်မှာပင်၊
ပုံရိပ်ထဲမှ ထိုဝတ်ရုံဖြူ ပုဂ္ဂိုလ်မှာ တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
ဘုန်း !!
အလွန် အစွမ်းထက်သော စွမ်းအားတစ်ခုသည် မြင်ကွင်းထဲမှတစ်ဆင့် ချက်ချင်းဆိုသလို ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ကြီးမားသော အမတစွမ်းအင် မုန်တိုင်းကြီးတစ်ခုသည် ကောင်းကင်လမ်းစဉ်၏ ကမ္ဘာတစ်ခုလုံးကို တိုက်ခတ်သွားလေ၏။
တစ်ချိန်တည်းမှာပင်၊ ဤပုံရိပ်ကို ထင်ဟပ်ပြသနေသော ကောင်းကင်လမ်းစဉ် ပါကွသံလိုက်အိမ်မြှောင်သည်လည်း နာကျင်သော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
၎င်းသည် အဆိုပါ စွမ်းအား၏ ရိုက်ခတ်မှုကြောင့် ကြေမွသွားပြီး ကောင်းကင်ယံတွင် ဖုန်မှုန့်များအဖြစ် လွင့်စဉ်ပျောက်ကွယ်သွားခဲ့သည်။
မပျက်စီးခင်က ၊ ၎င်းသည် ဤကောင်းကင်လမ်းစဉ် အုပ်ချုပ်သူများအား အမြော်အမြင်မရှိဟု ဆဲဆိုသွားဟန် ရသည်။
ပထမဆုံးအကြိမ် တွက်ချက်ကတည်းက သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အမည်မသိ စွမ်းအားတစ်ခုကို အာရုံခံမိသဖြင့် အလွန်အမင်း ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဉာဏ်ကြီးရှင် ချန်ဟောက်ထျန်းသည် ဘာမှမပြောဘဲ မဟာလမ်းစဉ် မှော်အဆောင် စာရွက်များကို ကပ်ကာ အတင်းအကျပ် ဆက်လက် တွက်ချက်ခိုင်းခဲ့သည်။
အခုတော့ ကောင်းရော၊ အဖြေလည်း ထွက်လာရော သူပါ ပျောက်ကွယ်သွားရပြီလေ…
ဘုန်း! ဘုန်း! ဘုန်း! !
ထို့နောက်တွင် ပေါက်ကွဲသံ လေးချက် ဆက်တိုက် ထွက်ပေါ်လာသည်။
ကောင်းကင်လမ်းစဉ် လေးဦးစလုံး ကြိုးပြတ်သွားသော စွန်များကဲ့သို့ ပါးစပ်ထဲမှ သွေးများ ပန်းထွက်ကာ လွင့်ထွက်သွားလေတော့သည်။
…..
တစ်ချိန်တည်းမှာပင်၊
တားမြစ်စူးမိသားစု၊ ရှန်းယွမ်ရှေးဟောင်းမျှော်စင် ။
အမတ အတတ်တစ်ခုကို ထပ်မံနားလည်သွားသော စူးချန်ကဲသည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ မျက်မှောင်ကြုတ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
"ချန်ကဲ၊ ဘာဖြစ်လို့လဲ”
ဘေးနားတွင် အမတ အတတ်ပညာများကို လေ့လာနေသော လော့ရန်ယွီသည် စူးချန်ကဲ၏ ထူးခြားသော အမူအရာကို သတိပြုမိသဖြင့် မေးမြန်းလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ တစ်မျိုးကြီး ခံစားလိုက်ရလို့ပါ”
"တစ်ယောက်ယောက်က ချောင်းကြည့်နေသလိုမျိုးပဲ..."
စူးချန်ကဲသည် ခေါင်းခါယမ်းလိုက်ပြီး လက်ထဲမှ ရှေးဟောင်းစာအုပ်ကိုသာ ဆက်လက် ဖတ်ရှုလိုက်သည် ။
"စိတ်ထင်တာ နေမှာပါ"
"ချောင်းကြည့်တာလား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် လော့ရန်ယွီ၏ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ယောင်ကွမ်အမတမျက်ဝန်း၏ ကနဦးပိုင်ရှင် ယောင်ကွမ် မထွက်ခွာမီက သူမအား မှာကြားခဲ့သော စကားများကို ပြန်သတိရသွားသည်။
“ ရန်ယွီ၊ မင်းချစ်သူရဲ့ အထောက်အထားက လုံးဝ မရိုးရှင်းဘူး”
“ ဒေဝလောကတစ်ခုလုံးမှာ ဗလာနိတ္ထိစွမ်းအားကို ထိန်းချုပ်နိုင်တဲ့သူဟာ နောင်မှာ လောကကြီးကို ပြောင်းလဲပေးမယ့် တစ်ကိုယ်တော် လျှောက်လှမ်းရမယ့် ကံကြမ္မာပဲ”
“ ပြီးတော့ ငါ သိထားသလောက် ဗလာနိတ္ထိစွမ်းအားတွေဟာ အချင်းချင်း ဆက်သွယ်နေကြတယ်၊ မတူညီတဲ့ အချိန်နဲ့ အာကာသမှာ ရှိနေတဲ့ ဗလာနိတ္ထိစွမ်းအား ပိုင်ရှင်တွေဟာ ထူးခြားတဲ့ နည်းလမ်းတွေနဲ့ ဆက်သွယ်နိုင်ကြတယ်”
“ငါချစ်တဲ့ အဲ့ငတုံးကြီးနဲ့ နောက်ပိုင်းမှာ မင်းရဲ့ချစ်သူနဲ့ တစ်ချိန်ချိန်မှာ ဆုံကောင်း ဆုံနိုင်လိမ့်မယ်”
“ အကယ်၍ အဲ့ဒီလူက မင်းရဲ့ချစ်သူအပေါ် မကောင်းတာတစ်ခုခု လုပ်ဖို့ ကြံရွယ်လာရင်၊ မင်း လုံးဝ အားမနာနဲ့ ၊ ငါ မင်းကို လက်ဆင့်ကမ်းပေးခဲ့တဲ့ ယောင်ကွမ်အမတမျက်ဝန်းရဲ့ စွမ်းအားကို သုံးပြီးတော့ အဲ့ဒီကောင်ကို အသေသတ်လိုက်”
ခဏအကြာတွင်၊
အတွေးများ ပြန်လည်တည်ငြိမ်သွားပြီး လော့ရန်ယွီ၏ အာရုံသည် လက်ရှိအချိန်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
စူးချန်ကဲမှ ရုတ်တရက် ချောင်းကြည့်ခံနေရသလို ခံစားလိုက်ရသည်ဟု ပြောလာသဖြင့် ၊ သူမသည် အခြားအချိန်ကာလတစ်ခုမှ ဗလာနိတ္ထိစွမ်းအား ပိုင်ရှင်သည် စူးချန်ကဲအား တိတ်တဆိတ် စောင့်ကြည့်နေခြင်း ဖြစ်မည်ဟု သံသယဖြစ်မိခဲ့သည်။
စာအုပ်ကိုသာ အာရုံစူးစိုက်ဖတ်ရှုနေသော ဝတ်ရုံဖြူ လူငယ်လေးကို ကြည့်ရင်း လော့ရန်ယွီ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။
"ချန်ကဲက လောကကြီးကို ပြောင်းလဲမယ့်လမ်းကို လျှောက်ရမယ်ဆိုတောင် ၊ သူ တစ်ယောက်တည်း မဖြစ်စေရဘူး..."
သူ့အနားတွင် သူမ ရှိသလို၊ သူ့ကို ချစ်တဲ့သူတွေ အများကြီး ရှိသေးသည်။
ယခုအခါ သူမသည် ယောင်ကွမ်အမတမျက်ဝန်း၏ စွမ်းအားကို ထိန်းချုပ်နိုင်ပြီ ဖြစ်သောကြောင့် ၊ မိမိသည် စူးချန်ကဲ၏ လက်ထဲမှ ဓားတစ်စင်းအဖြစ် ဘေးအန္တရာယ်မှန်သမျှကို ခုတ်ပိုင်းဖယ်ရှားပေးရန် ဆန္ဒရှိပေသည်။
ဗလာနိတ္ထိ မူလမျှော်စင်၏ အမြင့်ဆုံးနေရာတွင်။
မဟာလမ်းစဉ်၏ အဆုံးမရှိသော မြူခိုးများသည် ဤနေရာတွင် ထူထပ်စွာ စုဝေးနေပြီး၊ ဝေဝါးသော ပုံရိပ်တစ်ခုမှာ တင်ပျဉ်ခွေ ထိုင်လျက်ရှိနေသည်။
သူ၏ရှေ့တွင် ဗလာနိတ္ထိစွမ်းအားများဖြင့် ဖွဲ့စည်းထားသော မဟာလမ်းစဉ် အလင်းမျက်နှာပြင်တစ်ခု ရှိနေပြီး၊ ယင်းအတွင်း၌ ရှန်းယွမ်ရှေးဟောင်းမျှော်စင်ရှိ စူးချန်ကဲနှင့် လော့ရန်ယွီတို့ကို မြင်တွေ့နေရသည်။
သူသည် မြူခိုးများကြား ဖုံးကွယ်နေသော်လည်း၊ သူ၏ နက်ရှိုင်းသော မျက်ဝန်းထဲတွင် အဆုံးမရှိသော လွမ်းဆွတ်မှု အရိပ်အယောင်များကို မြင်တွေ့နိုင်သည်။
"တကယ် တူတာပဲ..."
"ငါနဲ့ သူမရဲ့ အရင်က ပုံစံအတိုင်းပဲ”
"ဒီလို မြင်ကွင်းတွေကို ငါ့ကို မြင်အောင် လုပ်နေတာက... မင်းလက်ချက်ပဲမလား”
"ဟားဟား..."
ထိုအနှီသူက အေးစက်စွာ ပြုံးရယ်လိုက်ရင်း။
"သူတို့တွေ ငါတို့လို အမှားမျိုး ထပ်မလုပ်အောင် ကူညီပေးစေချင်တာလား၊ ဒါမှမဟုတ် စူးချန်ကဲကို ဒီနည်းနဲ့ ကူညီပေးစေချင်တာလား…”
သို့သော် ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်၏ နည်းလမ်းမှာ အမှန်တကယ်ပင် ထိရောက်ခဲ့သည်ဟု ဆိုရမည်။
လောကကြီးကို စိတ်ကုန်နေသော သူ၏ စိတ်အစဉ်မှာ လှုပ်ခတ်သွားခဲ့လေပြီ။
ဗလာနိတ္ထိ မူလမျှော်စင်၏ အပြင်ဘက်၊ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုတွင် ရှိနေသော ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်၏ နှုတ်ခမ်းဖျားထက်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။
သူသည် သူ၏ လက်ထဲရှိ တောက်ပနေသော ပုလဲလုံးလေးကို ကြည့်လိုက်သည်။
ယင်းအတွင်း၌ စိတ်ဝိညာဉ်မီးလျှံတစ်ခုကို ပိတ်လှောင်ထားပြီး၊ ၎င်း၏ ပုံပန်းသဏ္ဌာန်မှာ အခြားသူမဟုတ် ယောင်ကွမ်ပင်။
"ကိုယ့်ကိုယ်ကိုယ် လှည့်ကွက်တွေ အများကြီး သုံးနေရတာ မကောင်းပေမဲ့... ငါတို့အတွက် အချိန်က သိပ်မကျန်တော့ဘူး"
"ပြီးတော့ ထိုက်ချူးဆိုတဲ့ အဲ့ဒီကောင်ကလည်း ရိပ်မိသွားပြီး အခု မဟာလမ်းစဉ် အမိန့်ကို တိုက်ရိုက် ချပေးလိုက်ပြီ..."
သူနှင့် စူးချန်ကဲသည် မူလကတည်းက တူညီသော မူလဇာစ်မြစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ယခင်က အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များသည် ပါကွသံလိုက်အိမ်မြှောင်ဖြင့် စူးချန်ကဲအား ချောင်းကြည့်ရန် လုပ်နေသည်ကို သူ သတိပြုမိခဲ့သည်။
ထိုသူများ နောက်ထပ် သတင်းအချက်အလက်များ မရရှိစေရန်နှင့် ထိုက်ချူး ဆိုသည့်ကောင် မရိပ်မိစေရန်အတွက်၊ သူသည် နည်းလမ်းအချို့ကို အသုံးပြုကာ တစ်ဖက်လူ၏ လက်နက်ကို တိုက်ရိုက် ဖျက်ဆီးပစ်ခဲ့သည်။
"စကားပုံ ရှိသလိုပေါ့... ခဏတစ်ဖြုတ် ရှောင်လို့ရပေမဲ့၊ တစ်သက်လုံးတော့
ရှောင်လို့မရဘူး”
“ဒီဘဝမှာတော့ ကိုးဘဝမြောက် ရင်းမြစ်သုံးခု တစ်ခုအဖြစ် ပေါင်းစည်းမှသာလျှင် အနိုင်ရဖို့ အခွင့်အရေးရှိလိမ့်မယ်”