ထိုက်ချုး ၊ စီးမင်
Vol. 67 Ch. 866
အခြားတစ်ဖက်တွင်၊
ကောင်းကင်လမ်းစဉ် ကမ္ဘာတွင် ၊
ယခင်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် ကောင်းကင်လမ်းစဉ် လေးဦးစလုံးကို လုံးဝ ထိတ်လန့်သွားစေခဲ့သည်။
"သေစမ်း... ဒါ ဘာဖြစ်သွားတာလဲ”
ချန်ဟွမ်ထျန်းသည် ဦးစွာ ပြန်သတိကပ်လာသည်။
သူသည် ကျိုးပဲ့နေသော ကောင်းကင်လမ်းစဉ် ပါကွသံလိုက်အိမ်မြှောင်၏ အပိုင်းအစများကို ဆုပ်ကိုင်ထားရင်း ဒေါသတကြီးဖြင့် အံကြိတ်ထားသည်။
ကောင်းကင်လမ်းစဉ် ပါကွသံလိုက်အိမ်မြှောင်ဆိုသည်မှာ သူတို့အတွက် အဖိုးတန်ရတနာဖြစ်ပြီး၊ အမတနယ်မြေကို တွက်ချက်ရန်နှင့် ဆက်သွယ်ရန်အတွက် အနှိုင်းမဲ့ ရတနာတစ်ခု ဖြစ်သည်။
သို့သော် ယခုလေးတင် ထိုအမည်မသိ ဝတ်ရုံဖြူပုံရိပ်မှ တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့သည်။
ထို့အပြင် ယင်းအတွင်းမှ ထွက်ပေါ်လာသော မဟာလမ်းစဉ်စွမ်းအားများသည် သူတို့ ခဲရာခဲဆစ် တည်ဆောက်ထားသော ကောင်းကင်လမ်းစဉ်ကမ္ဘာ၏ ထက်ဝက်ကျော်ကိုပင် ပြိုကျပျက်စီးစေခဲ့သည်။
ဒေဝလောက၏ ပုံမှန်မဟုတ်သော ဖြစ်တည်မှုသည် ကစားပွဲ၏ အပြင်ဘက်သို့ မထွက်ရှိသေးဘဲ စည်းမျဉ်းဘောင်အတွင်း၌သာ ရှိနေရမည် မဟုတ်လော။
အနာဂတ်မှ ပုံရိပ်တစ်ခုမျှသာ ဖြစ်ပါသော်လည်း ၊ ကောင်းကင်လမ်းစဉ် ပါကွသံလိုက်အိမ်မြှောင်ကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်ရန်မှာ ဖြစ်နိုင်လေသလော။
ဤသည်မှာ ဒေဝလောက၏ ပုံမှန်မဟုတ်သော ဖြစ်တည်မှုပင်လော သို့မဟုတ် ဒေဝလောက၏ ဘီလူးတစ်ကောင်ပင်လော။
"အဟွတ်... အဟွတ်... အဟွတ်..."
ချင်ယွမ်မှာ ပြင်းထန်သော အသက်ရှူကျပ်မှုကြောင့် မရပ်မနား ချောင်းဆိုးနေလေ၏။
"ခုနက တကယ်ပဲ ဘာဖြစ်သွားတာလဲ”
"ဒါက တကယ်ပဲ ဒေဝလောကရဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်တည်မှုကြောင့်လား”
"အထက်ကောင်းကင်ဘုံက ငါတို့ လေးယောက်ကို အဲ့ဒီလူကို သတ်ခိုင်းနေတာလား၊ ဒါက ကိုယ့်သေတွင်းကို တူးခိုင်းနေတာပဲ မဟုတ်လား”
ချင်ယွမ်သာမက၊ ဟောက်ယွင်နှင့် ထျန်းယောင်တို့၏ မျက်နှာအမူအရာများမှာလည်း သိပ်မကောင်းလှပေ။ တစ်ဖက်လူ၏ ခွန်အားသည် သူတို့တွေးထားသည်ထက် များစွာ ကျော်လွန်နေပြီး တစ်ချက်ကြည့်ရုံနှင့် သူတို့၏ အဖိုးတန်ရတနာကို ဖျက်ဆီးပစ်ခဲ့သည်။
ထိုပုဂ္ဂိုလ်ထံ သွားရောက်ကာ ပြဿနာရှာမည်ဆိုပါက ၊ သူတို့အားလုံး အသက်ရှင်လျက် ပြန်လာနိုင်မည် မဟုတ်ချေ။
"ကိစ္စမရှိဘူး..."
ချန်ဟွမ်ထျန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တုန်ယင်နေသော သူ၏ လေသံကို ထိန်းချုပ်ကာ ပြောလိုက်သည်။
"ဒါက အနာဂတ်က မြင်ကွင်းတစ်ခုပဲ၊ ငါတို့ရဲ့ အချိန်တွက်ချက်မှုအရဆိုရင် ဒါဟာ နောက်ထပ် အကြာကြီးနေမှ ဖြစ်လာမှာ"
"သူ အင်အားကြီးမလာခင် သူ့ကို သတ်ပစ်ဖို့ ငါတို့မှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်”
"အထက်ကောင်းကင်ဘုံကလည်း ငါတို့ကို အချိန်အကန့်အသတ် ပေးမထားဘူး၊ ပြီးမြောက်အောင် လုပ်နိုင်ရင်ကို ရပြီ”
ထိုသို့ပြောပြီးနောက်၊ ချန်ဟွမ်ထျန်းသည် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒါ့ထက်... အဲ့ဝတ်ရုံဖြူ ပုံရိပ်က အဲ့ဒီကောင်နဲ့ ပတ်သက်နေမှာကို ငါ ပိုစိုးရိမ်တယ်”
"ခုနက ပုံရိပ်က အဲ့ဒီလူ့ဘီလူးကောင်နဲ့
တစ်ထေရာတည်း တူနေတယ်လို့ မင်းတို့ မခံစားမိဘူးလား”
ဤစကားကို ကြားလိုက်ရချိန်တွင် ကျန်ရှိနေကြသော ကောင်းကင်လမ်းစဉ်သုံးဦးမှာ အခိုက်အတန့်မျှ ကြောင်အမ်းသွားပြီး၊ ချက်ချင်းပင် သဘောပေါက်သွားကြသည်။
ချန်ဟွမ်ထျန်း ပြောသော လူ့ဘီလူးဆိုသည်မှာ အခြားသူမဟုတ်၊ လက်ရှိ အမတနယ်မြေရှိ တားမြစ်အင်အားစုကြီး သုံးဖွဲ့၏ တစ်ဦးတည်းသော ဆက်ခံသူ စူးချန်ကဲ ပင် ဖြစ်သည်။
တူရုံသာမက သူတစ်ယောက်တည်း ဖြစ်လိမ့်မည်ဟုပင် သံသယဝင်နေကြသည်။
ဒေဝလောက၏ ပုံမှန်မဟုတ်သော ဖြစ်တည်မှု နှင့် ကိုက်ညီနေသလို ၊ အနာဂတ်တွင် သူသည် အတုမရှိသော အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သည်။
ထိုသူမှာ သူတို့၏ မှတ်ဉာဏ်ထဲတွင် ဝင်ရောက်နေရာယူထားသော စူးချန်ကဲမှလွဲ၍ အခြားသူမရှိပေ။
ဤကဲ့သို့သော စိတ်ပျက်စရာ ရလဒ်ကို သူတို့အနေဖြင့် လက်မခံချင်သော်လည်း အမှန်တရားနှင့် အတော်လေး နီးစပ်နေသည်။
အဆုံးမရှိသော တိတ်ဆိတ်မှုများက ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။
ကောင်းကင်လမ်းစဉ်များမှာ မည်သည့်စကားမှ ဆက်မပြောနိုင်ကြတော့ပေ။
သူတို့အားလုံး အထွတ်အထိပ်အချိန်သို့ ရောက်ရှိစဉ်ကာလကပင် ၊ ဤတားမြစ် အင်အားစုများကို မယှဉ်နိုင်ခဲ့ချေ။ ယခုလို အားနည်းနေချိန်တွင် စကားထဲ ထည့်ပြောစရာပင် မလိုတော့ချေ။
အကယ်၍ စူးချန်ကဲသာ ဖြစ်နေခဲ့ပါက၊ သူတို့အနေဖြင့် ဘာတတ်နိုင်မည်နည်း။
ကိုယ့်ကိုယ့်ကို သံသယဖြစ်နေစဉ်မှာပင်။
ဝီ!
တောက်ပသော အလင်းတန်းများသည် မဟာလမ်းစဉ် အာကာသအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး၊ လျှို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် အမိန့်တော်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအရာကို မြင်သည်နှင့် ကောင်းကင်လမ်းစဉ် အုပ်ချုပ်သူများမှာ မျက်နှာပျက်သွားကြပြီး သူတို့၏ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အမြန်ပင် ဒူးထောက် ဂါရဝပြုလိုက်ကြသည်။
"ဘိုးဘေးနတ်ဘုရားကို ကြိုဆိုပါတယ်”
နှစ်ပေါင်းများစွာ သူတို့နှင့် အဆက်အသွယ်မလုပ်ခဲ့သော အထက်ကောင်းကင်ဘုံသည် ယနေ့တွင် အမိန့်တော် နှစ်ခုကို ဆက်တိုက် ထုတ်ပြန်လာခဲ့သည်။
ဦးညွတ်ပြီးနောက် ကောင်းကင်လမ်းစဉ် လေးဦးမှာ ထရပ်လိုက်ကြပြီး ၊ ထိုအမိန့်တော်ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ထိတ်လန့်သွားကြသည်။
“ မင်းတို့ရဲ့ အခြေအနေကို ငါသိပြီးပြီ၊ ဒေဝလောကရဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်တည်မှုကို သတ်ဖြတ်ဖို့အတွက် လောဖို့ မလိုပါဘူး”
“ နှစ်တစ်ရာ ကြာပြီးနောက် ဗဟိုအမတနယ်မြေ ပေါ်ထွန်းလာလိမ့်မယ် ၊ အဲ့ကြရင် ခေတ်ကာလဟာ တစ်ဖန် ပြောင်းလဲသွားလိမ့်မယ်…”
“ အသစ်ဖြစ်တည်လာတဲ့ အမတနယ်မြေ လေးခုလည်း ပြန်လည် ပေါ်ထွက်လာလိမ့်မယ်၊ ခေတ်ကာလဟာလည်း လုံးဝ ပြည့်စုံသွားလိမ့်မယ် အဲ့ကြရင် မင်းတို့ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ တစ်ဖန် ပြန်လည် ဆုံစည်းကြလိမ့်မယ်”
“ မင်းတို့ရဲ့ အင်အားဟာလည်း အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိလာပြီး အရင်ကထက် များစွာ သာလွန်လာလိမ့်မယ်”
“ မင်းတို့အနေနဲ့ ဒီအခွင့်အရေးကို သေချာပေါက် ဆုပ်ကိုင်ပြီး ၊ ငါတို့ လိုလားတဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးအဖြစ် တစ်ဖန် ပြန်လည် ပြောင်းလဲနိုင်ရမယ်”
ခဏအကြာတွင်။
ကောင်းကင်ယံ၌ စုစည်းနေသော မဟာလမ်းစဉ် အမိန့်တော်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်လမ်းစဉ်များမှာ အချိန်အတော်တန်ကြာ ကြောင်အမ်းနေမိသည်။
ဤစကားအနည်းငယ်တွင် ပါဝင်နေသော သတင်းအချက်အလက်များမှာ သူတို့ သိထားသည်ထက် များစွာ ကျော်လွန်နေသည်။
နှစ်တစ်ရာအကြာတွင် ဗဟိုအမတနယ်မြေ ပေါ်ထွက်လာမည် ဖြစ်ပြီး၊ အသစ်ဖြစ်တည်သော အမတနယ်မြေ လေးခုလည်း ထွက်ပေါ်လာပေတော့မည်။
ယခင်က ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ဘေးစစ်ပွဲတွင် အမတနယ်မြေ ကိုးခုအနက် လေးခုမှာ ပျက်စီးသွားခဲ့ပြီး၊ ဗဟိုအမတနယ်မြေမှာလည်း ကိုယ့်ကိုယ့်ကို ချိပ်ပိတ်သွားခဲ့သည်ကို လူတိုင်း သိထားကြသည်။
သို့သော် ယခုအခါ ဗဟိုအမတနယ်မြေသည် လူ့လောကထဲသို့ ပြန်လည် ပေါ်ထွက်လာရုံသာမက ပျက်စီးသွားသော အမတနယ်မြေ လေးခုမှာလည်း တစ်ဖန် ပြန်လည် ပေါ်ပေါက်လာဦးမည်လော။
သို့သော် ဤထွက်ပေါ်လာမည့် အမတနယ်မြေ လေးခုမှာ ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း၊ မူလကရှိနေခဲ့သော အမတနယ်မြေများနှင့် များစွာ ကွာခြားမှု မရှိပေ။
ဤသည်မှာ ပျက်စီးသွားသော အမတနယ်မြေများကို တစ်ဖန် ပြန်လည် ပြုပြင်လိုက်ခြင်းနှင့် တူညီသည်။
ကမ္ဘာပေါ်တွင် ဤကဲ့သို့ ထူးဆန်းသော ကိစ္စမျိုး ဖြစ်လာနိုင်မည်လော။
သို့သော် ဘိုးဘေးနတ်ဘုရားသည် သူတို့ကို ဖန်ဆင်းခဲ့သူဖြစ်ပြီး ၊ သူတို့ မသိသော လျှို့ဝှက်ချက်များစွာကိုလည်း သိရှိထားသူဖြစ်သည်။
ထို့ကြောင့် သူ့တွင် ဤအရာအားလုံးကို သိနိုင်မည့် ကိုယ်ပိုင်နည်းလမ်းများ ရှိနေမည်မှာ သေချာသည်။
"ခေတ်ကာလက နောက်ဆုံးတော့ ပြည့်စုံလာတော့မယ်…”
ချန်ဟွမ်ထျန်းသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး စိတ်ထဲတွင် ကြောက်ဖို့ကောင်းသော အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။
"တစ်ခါက မဟာလမ်းစဉ်ရဲ့ ဟောကိန်း ရှိခဲ့ဖူးတယ်... ဒုတိယမြောက် အဆုံးမဲ့ကပ်ဘေးကျရောက်လိမ့်မယ်လို့... မဟုတ်မှလွဲရော ခေတ်ကာလ ပြည့်စုံလာတာဟာ ဒုတိယမြောက် အဆုံးမဲ့ကပ်ဘေးရဲ့ အစချီမှုလား”
ဒေဝလောကကြီး၏ ယနေ့ခေတ် ရေစီးကြောင်းမှာ ပို၍ပင် နက်နဲလာခဲ့လေပြီ။
……
တစ်ချိန်တည်းမှာပင်။
အမတနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ။
ခန့်ညားထည်ဝါလှသော ပုံရိပ်တစ်ခုသည် သူ့လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
သူ့ရှေ့တွင် ရှိနေသော မဟာလမ်းစဉ် မြစ်ကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ အမတနယ်မြေ အထက်ပိုင်းနှင့် အမတနယ်မြေအကြားရှိ ပွင့်နေသော အကာအကွယ်နံရံမှာလည်း ဘာမှမဖြစ်ခဲ့သည့်အတိုင်း ဖြည်းညှင်းစွာ ပြန်ပိတ်သွားသည်။
ဤခန့်ညားထည်ဝါသော ပုံရိပ်မှာ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များကို ဖန်ဆင်းခဲ့သော အထက်ကောင်းကင်ဘုံ ဖန်ဆင်းရှင် ငါးဦးအနက် တစ်ဦးဖြစ်သည့် ထိုက်ချူးပင် ဖြစ်သည်။
"ဗလာနိတ္ထိ... မင်း တကယ်ပဲ ကံကြမ္မာကို စတေးပြီးတော့ ခေတ်ကာလကို ပြန်စတင်ခဲ့ပြန်ပြီလား…”
"ဒီတစ်ကြိမ်မှာတော့ မင်းက မင်းရဲ့ ခြေရာကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ၊ အခုထိ ငါတို့တောင် မင်းရဲ့ ခြေရာကို အတိအကျ မဖမ်းမိသေးဘူး”
"ဒါပေမဲ့ ဘယ်လောက်ပဲ သတိထားပါစေ၊ အမှားဆိုတာ ရှိစမြဲပဲ”
"လောကကြီးကနေ သတ်မှတ်ထားတဲ့ ကံကြမ္မာရဲ့ အဆုံးသတ်ကို ပြောင်းလဲလိုက်ရင်၊ အနာဂတ်ရဲ့ အချိန်နဲ့အာကာသတွေဟာ သေချာပေါက် အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်”
“အနည်းငယ်လောက် တွက်ချက်ကြည့်လိုက်ရုံနဲ့ မင်းရဲ့ ခြေရာတွေ ပေါ်လာမှာကို စိုးရိမ်စရာ မလိုဘူး…”
"ဒါ့အပြင် စီးမင်ကလည်း လှုပ်ရှားဖို့ ရွေးချယ်လိုက်ပြီ... တစ်ဖန် ပြီးပြည့်စုံလာတဲ့ ခေတ်ကာလကြီးကို မင်း မြင်လိုက်ရရင် ဘယ်လို ခံစားရမလဲဆိုတာ ငါ တကယ် သိချင်မိတယ်”
"အကျိုးမရှိတဲ့ အလုပ်တွေကို ဆက်လုပ်ဦးမလား၊ ဒါမှမဟုတ် အရင်က အမှားမျိုးကိုပဲ ထပ်လုပ်ဦးမလား”