← Chapters

ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင်

Vol. 67 Ch. 869

ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင်

Vol. 67 Ch. 869

"ဒါက ဘယ်သူလဲ…”

"ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းမှာ ဘယ်တုန်းက ဒီလိုပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာတာတုန်း”

"အမ်... ဒီလူရဲ့ ဘေးမှာ ရပ်နေတဲ့သူကို ကြည့်လိုက်စမ်း ၊ ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင် ထျန်းကူးယွဲ့မဟုတ်လား”

"ဟာ…တကယ်ကြီး ထျန်းကူးယွဲ့ပဲ”

"ထျန်းကူးယွဲ့က ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် မဟုတ်လား ၊ သူလည်း မဟာလမ်းစဉ်စာရင်းမှာ ပါတာပဲ၊ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒိီအပြာရောင် ဝတ်စုံလူရဲ့ ဘေးမှာ ရပ်နေရတာလဲ”

ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ၊ ကျင့်ကြံသူ အမြောက်အမြားမှာ ချက်ချင်းပင် ပွက်ပွက်ညံသွားသည်။

ထျန်းကူးယွဲ့သည် ကောင်းကင်နှလုံးသား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး၊ သူ၏ ကျင့်ကြံမှုမှာလည်း လွန်ခဲ့သော ကာလကပင် ကောင်းကင်အမတ နယ်ပယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ အမတနယ်မြေ၏ ထိပ်တန်းပါရမီရှင်ဟုလည်း ခေါ်ဆိုနိုင်သည်။

သို့သော် သတင်းများအရ ဤလူသည် စိတ်ကြီးဝင်ကာ အာဏာရှင်ဆန်သူ ဖြစ်ပြီး၊ သူ၏ အဆင့်အတန်းကို အသုံးချကာ အခြားအင်အားစုများမှ တပည့်များကို နှိပ်စက်လေ့ရှိသည်။

သာလွန်အင်အားစု (၁၈) ခုမှ သန်မာသူအချို့ပင်လျှင် သူ့အပေါ်တွင် သတိထားဆက်ဆံကြသည်။

ဥပမာအားဖြင့် ယခင်က ဖုန်းယွင်လှံခန်းမ မှ လှံနတ်ဘုရားငယ်ဟု ကျော်ကြားခဲ့သော ရှောင်ဝူရှန်းသည်ပင် ထျန်းကူးယွဲ့ရှေ့တွင် ခေါင်းမဖော်ရဲချေ။

သို့သော် ဤကဲ့သို့သော ပါရမီရှင်တစ်ဦးက အပြာရောင် ဝတ်စုံနှင့် လူ၏ ဘေးတွင် လိုလိုလားလားဖြင့် နောက်လိုက်တစ်ဦးကဲ့သို့ ရပ်နေသည်မှာ မြင်ရသူတိုင်းကို တုန်လှုပ်သွားစေသည်။

ဤအပြာရောင် ဝတ်စုံနှင့် လူမှာ မည်သူဖြစ်သည်ကို လူတိုင်း သိချင်နေကြသည်။

တစ်ချိန်တည်းမှာပင်၊ ထျန်းကူးယွဲ့ကိုပင် ဖိနှိပ်ထားနိုင်သော ဤလူသည် အဘယ့်ကြောင့် သူရှေ့က စုံတွဲကို အဖော်ပြုရန် ဖိတ်ခေါ်နေသနည်း။

အမတနယ်မြေရှိ လူအများအပြားမှာ စူးချန်ကဲနှင့် လော့ရန်ယွီတို့၏ အမည်ကို ကြားဖူးကြသော်လည်း၊ သို့သော် အမတနယ်မြေမှာ ကျယ်ပြန့်ပြီး ထို့အပြင် တစ်ဖက်လူသည် တားမြစ်အင်အားစု၏ ဆက်ခံသူ ဖြစ်သောကြောင့် ၎င်းတို့၏ပုံတူပန်းချီကို မည်သူမှ လျှောက်မဖြန့်ဝံ့ရဲကြပေ။

ထို့ကြောင့် ဤနေရာရှိ ကျင့်ကြံသူများမှာ စူးချန်ကဲနှင့် လော့ရန်ယွီတို့၏ ရုပ်ရည်ကို မသိကြပေ။

သို့သော် အပြင်ပန်းကြည့်ရုံဖြင့်ပင် စူးချန်ကဲနှင့် လော့ရန်ယွီတို့၏ ရုပ်ရည်သည် ပုံပြင်စာအုပ်ထဲမှ ထွက်လာသည့်အလား အတော်လေး တင့်တယ်လှပပေသည်။

သူတို့၏ ရောင်ဝါများမှာလည်း ထူးကဲလှပေရာ အင်အားစုကြီးများမှ ဆက်ခံသူများ ဖြစ်ကြောင်း သိသာလှပေသည်။

စူးချန်ကဲသည် အတန်ကြာအောင် အကြောင်းမပြန်သဖြင့် အပြာရောင်ဝတ်စုံနှင့် လူ၏ ဘေးတွင် ရပ်နေသော ထျန်းကူးယွဲ့က စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။

"ဟေ့ကောင်... ငါ့ရဲ့ စီနီယာအစ်ကိုက စေတနာနဲ့ ဖိတ်ခေါ်နေတာကို မင်းက ငြင်းဖို့ ကြံနေတာလား”

ထျန်းကူးယွဲ့၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ပင် ဟိန်းထွက်သွားပြီး၊ ထွက်ပေါ်လာသော အသံမုန်တိုင်းကြောင့် ပတ်ဝန်းကျင်ရှိ ကြယ်စင်များမှာပင် မှိန်ဖျော့သွားရသည်။

"ဟွန့်”

စူးချန်ကဲ၏ ဘေးတွင် ရှိနေသော လော့ရန်ယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

သူမ၏ ကိုယ်ပေါ်တွင် အမတစွမ်းအားများ သက်ဝင်လှုပ်ရှားလာကာ ၊ သူမသည် တစ်ဖက်လူ၏ ရိုင်းစိုင်းမှုအပေါ် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

"ဒါကို ငါ့ကိုပဲ အပ်ထားလိုက်”

စူးချန်ကဲက ပြုံးလျက် လော့ရန်ယွီ၏ ပခုံးကို အသာအယာ ပုတ်လိုက်သည်။

လော့ရန်ယွီကလည်း လိမ်မာစွာဖြင့် ခေါင်းညိတ်လိုက်ပြီး စူးချန်ကဲ၏ အနောက်သို့ ဆုတ်ပေးလိုက်သည်။

"ဩော်... ငါမှတ်မိသလောက်ဆိုရင် ငါတို့က အခုမှ ပထမဆုံး ဆုံဖူးတာ မဟုတ်လား"

စူးချန်ကဲသည် လက်ကို နောက်ပစ်လျက် ရှေ့သို့ လှမ်းလိုက်ပြီး၊ ဟောက်ယွဲ့ အမတသင်္ဘောပေါ်ရှိ လူများကို လှမ်းကြည့်လိုက်သည်။

သူ၏ အပြုံးမှာ ဤအခိုက်အတန့်တွင် ပျောက်ကွယ်သွားပြီး ပြန်ပြောခဲ့၏။

"ငါက ဘာလို့ မင်းတို့ရဲ့ စေတနာကို လက်ခံရမှာလဲ”

ဝုန်း!

ထိုစကားသံအဆုံးတွင် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းမှ မမြင်နိုင်သော ဖိအားတစ်ခု ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

သူ့ကို ဗဟိုပြုလျက် ပေရာပေါင်းများစွာ

အချင်းဝက်အတွင်းရှိ ဤဖိနှိပ်မှုကို ခံစားလိုက်ရသော ကျင့်ကြံသူများမှာ ၎င်းတို့၏ စိတ်ဝိညာဉ်များပင် တုန်လှုပ်သွားကြရသည်။

စိတ်မခိုင်သူများမှာ ဒူးများ တုန်ယင်လာပြီး အချိန်မရွေး ဒူးထောက်ကျသွားနိုင်သည့် အလား။

"ဒါက..."

လူတိုင်း ထိတ်လန့်သွားကြသည်။ သူတို့သည် မူလက ဤဝတ်ရုံဖြူ လူငယ်၏ စကားပြောပုံမှာ အတော်လေး မောက်မာသည်ဟု ထင်မှတ်ခဲ့ကြသည်။

ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းဆိုသည်မှာ သာမန်ပါရမီရှင်များ ရန်စရဲသော အင်အားစုမျိုး မဟုတ်ပေ။

သို့သော် ဤလူငယ်က ၎င်းတို့ထက် ပိုပြီး ကြောက်စရာကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

၎င်းထံမှ ထွက်ပေါ်လာသော ဖိအားတစ်ခုတည်းနှင့်ပင် သူတို့သည် အသက်ရှုကျပ်လုနီးပါး ခံစားလိုက်ရသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်၏ နောက်ခံမှာ မရိုးရှင်းကြောင်းနှင့် သူ၏ ပါရမီမှာ ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းထက် မနိမ့်ကျကြောင်း သက်သေပြနေသည်။

"မင်း..."

ထျန်းကူးယွဲ့၏ မျက်နှာအမူအရာမှာ ကြည့်ရဆိုးသွားသည်။

ဤဖိအားကြောင့် သူကိုယ်တိုင်လည်း ထိတ်လန့်သွားခဲ့သည်။ သို့သော် သူ၏ဘေးနားတွင် အပြာရောင်ဝတ်စုံနှင့်လူ ရှိနေသေးသဖြင့် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

သူ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ထိုအနှီသူက ပြုံးလျက် တားဆီးလိုက်သည်။

"မိတ်ဆွေ အထင်လွဲနေပြီ၊ ငါတို့က မိတ်ဆွေနဲ့ ကံပါလို့ တွေ့ရတာပါ"

"မိတ်ဆွေရဲ့ ဘေးမှာ အမျိုးသမီးတစ်ယောက် ပါတာကို မြင်တော့၊ တောက်ရွှီမြို့တော်ကို သွားတဲ့လမ်းမှာ အန္တရာယ်ရှိနိုင်မယ် ထင်လို့ ဖိတ်ခေါ်မိတာပါ"

ထိုအနှီအမျိုးသားက အပြုံးမပျက် ဦးညွတ်ကာ ကိုယ့်ကိုယ့်ကိုယ် မိတ်ဆက်လိုက်သည်။

"ငါ့နာမည်က ချင်းဟုန်ပါ၊ အမတရင်းမြစ်ထဲမှာ အချိန်အတော်ကြာ ချိပ်ပိတ်ခံထားရပြီး၊ အခုမှ လူ့လောကထဲကို ပြန်ထွက်လာတာပါ၊ မိတ်ဆွေရဲ့ အမည်ကိုရော သိခွင့်ရှိမလား”

ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ စိတ်ထဲတွင် တစ်ဖန် လှိုင်းထသွားပြန်၏။

အမတရင်းမြစ်ထဲမှာ ချိပ်ပိတ်ခံထားရပြီး သိပ်မကြာခင်ကမှ လူ့လောကထဲကို ပြန်ထွက်လာတာတဲ့လား ..

ဒါက အမတနယ်မြေရဲ့ ခေတ်ဟောင်း လူ့ဘီလူးပါမီရှင်လို့ ပြောလိုက်တာပဲ မဟုတ်လား။

" အမ် ၊ ဒီလူက ငါတို့ အမတနယ်မြေရဲ့ ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင်ပဲ”

"ဟိုတစ်လောကပဲ အင်အားစုအချို့က ခေတ်ဟောင်း လူ့ဘီလူးတွေကို နှိုးထစေခဲ့တယ်လို့ ကြားတယ် ၊ ဒီလောက် မြန်မြန် တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”

" ဘုရားရေ ၊ ဒီလူရဲ့ ကျင့်ကြံမှုကို ဘာလို့ အာရုံခံလို့ မရတာလဲဆိုတာ အခုမှ သိတော့တယ်၊ သူသာ တကယ်ပဲ ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင်သာဆို ကျင့်ကြံမှုက ငါတို့ထက် အများကြီး သာမှာပဲ"

"အနည်းဆုံးတော့ ကောင်းကင်အမတ နယ်ပယ် အဆင့် (၅) ဒါမှမဟုတ် ဒီထက်ပိုမြင့်လောက်တယ်”

"အိုင်း... ဒီဝတ်ရုံဖြူ လူငယ်လေးတော့ ကံဆိုးပြီ"

"တစ်ဖက်လူကို ကြည့်ရတာ ကောင်းကင်အမတ နယ်ပယ် အဆင့် (၂) ဒါမှမဟုတ် (၃) လောက်ပဲ ရှိဦးမှာ၊ လက်ရှိခေတ်ရဲ့ ထိပ်တန်း ပါရမီရှင်ဆိုရင်တောင် ခေတ်ဟောင်း ပါရမီရှင်တွေနဲ့ ယှဉ်ရင် ကျင့်ကြံမှုက ကွာလွန်းတယ်”

ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားစွာဖြင့် တစ်ဖန် ပွက်လောရိုက်သွားပြန်၏။ စူးချန်ကဲအပေါ် သူတို့၏ အမြင်မှာလည်း ပြောင်းလဲသွားခဲ့သည်။

စူးချန်ကဲ ထုတ်လွှတ်လိုက်သော ဖိအားသည် အားကောင်းသော်လည်း ၊ ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင်ထက် များစွာ နိမ့်ကျဆဲ ဖြစ်သည်ဟု သူတို့ ယူဆထားကြသည်။

အဘယ်ကြောင့်ဆိုသော် အမတရင်းမြစ်ထဲတွင် ချိပ်ပိတ်သိမ်းဆည်းထားသော ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင်များသည် တစ်ခေတ်တစ်ခါက ဖိနှိပ်နိုင်စွမ်းရှိသော ထိပ်တန်း ပါရမီရှင်များပင် ဖြစ်သည်။

ထို့အပြင် ဟောက်ယွဲ့ဂိုဏ်း၏ တပည့်ခေါင်းဆောင် ဖြစ်သော ထျန်းကူးယွဲ့ပင်လျှင် ၎င်း၏ဘေးတွင် ကလေးလေးတစ်ယောက်လို ငြိမ်နေရသည် မဟုတ်လော။

စူးချန်ကဲ အနေဖြင့် မည်မျှပင် တော်ပါစေ၊ ထိုအနှီသူကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် မျှော်လင့်မထားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပျက်ခဲ့သည်။

စူးချန်ကဲက ပြုံးလျက် ခေါင်းခါလိုက်သည်။

တစ်ဖက်လူ၏ စကားထဲမှ ဆိုလိုရင်းကို သူ မည်သို့ မသိရှိမည်နည်း။

အထောက်အထားကို ဖော်ပြလိုပါက ဂိုဏ်းနှင့် နာမည်ကို တိုက်ရိုက်ပြောရုံသာ ဖြစ်သည်။ သို့သော် တစ်ဖက်လူသည် အမတရင်းမြစ်ထဲတွင် ချိပ်ပိတ်ခံထားရကြောင်းနှင့် ယခုမှ ‌လူ့လောကထဲသို့ ထွက်လာကြောင်းကို ထည့်သွင်းပြောကြားသွားသည်။

ဤသည်မှာ သူသည် ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင် တစ်ဦးဖြစ်ကြောင်း သွယ်ဝိုက်၍ ကြွားလုံးထုတ်လိုက်ခြင်းပင်။

တစ်နည်းအားဖြင့် "ငါ့မျက်နှာကို မထောက်ရင် မင်းအတွက် ခက်လိမ့်မယ်" ဟု သတိပေးလိုက်ခြင်း ဖြစ်၏။

"ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းလား၊ ကြားဖူးတယ်၊ ဒါပေမဲ့ သိပ်တော့ မသိဘူး"

"ခေတ်ဟောင်း လူ့ဘိီလူးပါရမီရှင်တဲ့လား၊ အဲ့လောက်တောင် အင်အားကြီးလို့လား"

စူးချန်ကဲသည် သူ့လက်များကို အေးအေးလူလူ နောက်ပစ်ထားဆဲပင်။ သူသည် သင်္ဘော၏ အောက်ဘက်တွင် ရှိနေသော်လည်း၊ သူ၏ အရှိန်အဝါမှာ ဟောက်ယွဲ့သင်္ဘောပေါ်တွင် ရှိနေသော ချင်းဟုန်ကို အထက်စီးမှ ငုံ့ကြည့်နေသည့်အလား ထင်မှတ်ရသည်။

" အဲ့လိုဆိုရင်တော့ ငါ 'စူးချန်ကဲ' မင်းဆီကနေ ပညာတစ်ခု နှစ်ခုလောက် သင်ယူချင်မိတယ်”

All Chapters