← Chapters

ကျန်ရှိနေသော ကံအကျိုးဆက်များ ၊ ငရဲဘုံ၏ ညည်းတွားသံ

Vol. 67 Ch. 873

ကျန်ရှိနေသော ကံအကျိုးဆက်များ ၊ ငရဲဘုံ၏ ညည်းတွားသံ

Vol. 67 Ch. 873

စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက်၊

မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်သည်လည်း ထပ်မံ၍ အချိန်မဆွဲဝံ့တော့ဘဲ သူ၏ ရင်ဘတ်ထဲမှ အမည်မသိ ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပုံရသည့် အမိန့်ပေးတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းသည် သူတို့ နတ်ဘုရားသားရဲ မျိုးနွယ်စု၏ အစောင့်အရှောက် နယ်မြေကို ဖွင့်လှစ်နိုင်သည့် လျှို့ဝှက်သော့ ဖြစ်သည်။

ယင်းအတွင်းသို့ ဝင်ရောက်လိုပါက၊ ဤအမိန့်ပေးတံဆိပ်ကို အသုံးပြုကာ ဖရိုဖရဲ မိုးကြိုးပင်လယ်ကို ငြိမ်သက်အောင် ပြုလုပ်ပြီးနောက် မိုးကြိုးဝဲဂယက်၏ အတွင်းပိုင်းနေရာသို့ ဝင်ရောက်ရမည် ဖြစ်သည်။

“သွားစမ်း”

မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ၊ အမိန့်ပေးတံဆိပ်သည် ရွှေရောင်အလင်းများဖြင့် တောက်ပလာပြီး နတ်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မိုးကြိုးဝဲဂယက်အတွင်းသို့ ပြေးဝင်သွားလေ၏။

ဝုန်း!

အမိန့်ပေးတံဆိပ်သည် ဝဲဂယက်အတွင်းသို့ ကျရောက်သွားသည်နှင့် ၊ မူလက ကျယ်လောင်စွာ ပေါက်ကွဲနေသော ဖရိုဖရဲ မိုးကြိုးများမှာ ရုတ်ချည်းဆိုသလို ငြိမ်ကျသွားသည်။

ထို့နောက် ချက်ချင်းပင်၊ မိုးကြိုးမုန်တိုင်းမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ၊ ၎င်း၏ တောက်ပမှုသည် ကြီးမားသော နေတစ်စင်း မွေးဖွားလာသည့်အလား ထင်မှတ်ရသည်။

ကြောက်ခမမ်းလိလိ ရောင်ဝါများသည် ထိုနေမင်းကြီးကို ဗဟိုပြု၍ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျံ့နှံ့ရိုက်ခတ်သွားလေရာ ၊ လှိုင်းထန်နေသော မိုးကြိုးပင်လယ်သည် ငြိမ်သက်သွားရုံသာမက ဤနယ်မြေအတွင်းရှိ နိယာမဆိုင်ရာ အမတစွမ်းအားများသည်လည်း အေးခဲသွားခဲ့သည်။

ဝုန်း ဝုန်း!!

တိတ်ဆိတ်နေသော ဝဲဂယက်၏ ဗဟိုချက်သည် အင်အားတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ တုန်ခါလာသည်။

ထို့နောက် ဘေးနှစ်ဖက်သို့ ဖြည်းဖြည်းချင်း ကွဲထွက်သွားပြီး ချောက်နက်အလား ထင်မှတ်ရသည့် နေရာလွတ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

“စူးသခင်ကြီး... ဒီဟင်းလင်းပြင်နက်ကြီးကို ဖြတ်သွားရင် ကျွန်တော်တို့ မျိုးနွယ်စု စောင့်ရှောက်လာတဲ့ လျှို့ဝှက်မြေကို ရောက်ပါပြီ”

မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်က စူးရွှမ်ကို ဂါရဝပြုကာ ပြောကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် ၊ မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်၏ စိတ်ထဲတွင် အမည်မသိသော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ၏ မှတ်ဉာဏ်အရ ၊ ကနဦး အမတဧကရာဇ်မင်း သုံးပါး၏ ဇာတိမြေဆိုသည့်အတိုင်း ထိုနေရာသည် မည်မျှ မြင့်မြတ်လေသနည်း။

အထဲတွင် ရောင်စုံအလင်းများနှင့် ရွှေကြာပန်းများ ပွင့်လန်းနေရမည် မဟုတ်လော။

သို့သော် ယခု ပွင့်လာသော တံခါးကြီးမှာ အဆုံးမရှိသော မှောင်မိုက်သည့် ဟင်းလင်းပြင်ကြီးတစ်ခုနှင့် တူနေပြီး၊ ယင်း၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော အငွေ့အသက်သည် မိမိ၏ စိတ်နှလုံးသားကိုပင် ထိတ်လန့်သွားစေသည်။

စူးရွှမ် ပြောခဲ့သော စကားများအတိုင်း ၊ သူတို့ မျိုးနွယ်စု စောင့်ရှောက်လာသော လျှို့ဝှက်မြေမှာ နှစ်ကာလပေါင်းများစွာ ကြာပြီးနောက်တွင် ကြောက်စရာကောင်းသော ပြောင်းလဲမှုများ ဖြစ်နေခဲ့ပြီလားဟုပင် သံသယဝင်မိလာသည်။

သူသည် ရှေ့မှဦးဆောင်ကာ အထဲသို့ ဝင်ရန် ဟန်ပြင်လိုက်စဉ်၊ စူးရွှမ်က သူ့ကို တားဆီးလိုက်သည်။ စူးရွှမ်၏ နက်မှောင်သော မျက်လုံးများသည် အောက်ဘက်ရှိ ဟင်းလင်းပြင်နက်ကြီးကို စိုက်ကြည့်နေပြီး လေသံမှာ အလွန် လေးနက်နေခဲ့သည်။

“တစ်ခုခု မှားနေပြီ”

“တစ်ခုခု မှားနေပြီ.....”

“စူးသခင်ကြီး... ဘာကို ဆိုလိုတာလဲ”

မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်မှာ နားမလည်နိုင် ဖြစ်သွားသည်။

ဤဟင်းလင်းပြင်နက်ကြီး၏ ပုံစံမှာ အနည်းငယ် ထူးဆန်းနေသော်လည်း ထွက်ပေါ်လာသော အငွေ့အသက်မှာ ပုံမှန်ပင်။

သို့သော် စူးရွှမ်သည် ဘာမျှ ထပ်မရှင်းပြပေ။

သူ၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ညှိုးဖြင့် ဟင်းလင်းပြင်ကို အသာအယာ တို့လိုက်သည်။

ဝုန်း!

ဟင်းလင်းပြင်၌ လှိုင်းဂယက်များ ထသွားပြီး၊ ရွှေရောင် မှော်အဆောင်စာရွက်တစ်ခု ထွက်ပေါ်လာကာ အောက်ဘက်ရှိ ဟင်းလင်းပြင်နက်ကြီးအတွင်းသို့ ဖြည်းညှင်းစွာ ကျဆင်းသွားသည်။

လွင့်မျောနေစဉ်အတွင်း မဟာလမ်းစဉ် အဆောင်စာရွက်သည် ထိန်လင်း တောက်ပလာပြီး၊ အဆုံးတွင် စူးရွှမ်နှင့် အလွန်တူသော စိတ်ဝိညာဉ်ရုပ်သေးလေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကြည့်ရသည်မှာ စူးရွှမ်သည် အတွင်း၌ တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိသဖြင့် စိတ်ဝိညာဉ်ရုပ်သေးကို အသုံးပြုကာ အရင်ဆုံး စူးစမ်းရန် ဆုံးဖြတ်လိုက်ပုံရသည်။

သို့သော် ထိုစိတ်ဝိညာဉ်ရုပ်သေးသည် ဟင်းလင်းပြင်နက်ကြီးနှင့် ထိတွေ့တော့မည့် အခိုက်အတန့်တွင် အပြောင်းအလဲကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝုန်းး!!

အစောပိုင်းက မှန်သားပြင်ကဲ့သို့ ငြိမ်သက်နေသော ဟင်းလင်းပြင်နက်ကြီးသည် ဆူပွက်နေသော ရေကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်လာလေ၏။

ထိုသို့ လှုပ်ခတ်နေစဉ်အတွင်း ယင်း၏ အရောင်မှာလည်း သွေးကဲ့သို့ နီမြန်းလာကာ ဖော်ပြလို့မရနိုင်သော နာကြည်းမှုစွမ်းအားများ ရှိနေခဲ့သည်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဆူပွက်နေသော ဟင်းလင်းပြင်နက်ကြီးအတွင်းမှ သွေးနီရောင် လက်တံများစွာ ထွက်ပေါ်လာခြင်းပင်။ ကြည့်လိုက်လျှင် လူ့လက်များနှင့် တူသော်လည်း ၊ တစ်ဖန် ငရဲဘုံမှ ငရဲ‌ဆူးများနှင့်လည်း တူပြန်၏။

၎င်းတို့၏ အရေအတွက်မှာ ရေတွက်၍မရနိုင်အောင်ပင်။ ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်မည်ဆိုပါက ထိုဟင်းလင်းပြင်နက်ကြီးမှာ ငရဲဘုံတစ်ခုအလား တွေ့‌ရပေလိမ့်မည်။

စူးရွှမ် ဖန်တီးထားသော စိတ်ဝိညာဉ်ရုပ်သေးလေးမှာ ဤသို့သော ထူးဆန်းသည့် ဖြစ်ရပ်များ ပေါ်လာသည့် အခိုက်အတန့်မှာပင် အမည်မသိ စွမ်းအားတစ်ခု၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။

နောက်ဆုံးတွင် စွမ်းအားများ အားလုံး စုပ်ယူခံလိုက်ရပြီး ဆူပွက်နေသော ငရဲဘုံလက်တံများကြားသို့ ပြုတ်ကျသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝါးမျိုဖျက်ဆီးခံလိုက်ရသည်။

သို့သော် ထိုငရဲလက်တံများသည် ထိုမျှနှင့် အားမရသေးဘဲ ဟင်းလင်းပြင်နက်ကြီးအတွင်းမှ အပြင်သို့ ပြေးထွက်လာရန် ကြိုးစားနေကြသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသော မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရသော မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်မှာ ထိတ်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာတော့သည်။

ဤနေရာသည် သူတို့ စောင့်ရှောက်လာခဲ့သော မြင့်မြတ်သည့် နေရာ၊ ကနဦး အမတဧကရာဇ်မင်း သုံးပါး၏ ဇာတိမြေ မဟုတ်လော။ အဘယ့်ကြောင့် ဤကဲ့သို့ ထူးဆန်းသည့် အရာများ ရှိနေရသနည်း။

ပို၍ ကြောက်စရာကောင်းသည်မှာ ဤငရဲလက်တံများ၏ ထွက်ပေါ်လာမှုနှင့် အတူ ၊ နားကြားမှားလေသလား မသိနိုင်သော်လည်း တိတ်ဆိတ်နေသော ဟင်းလင်းပြင်ထဲ၌ ထူးဆန်းသော အသံပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ နာကြည်းသံများ၊ ကျိန်စာတိုက်သံများ၊ သေခါနီး မကျေမနပ် ဖြစ်နေသံများနှင့် အနက်ရှိုင်းဆုံးငရဲမှ ပဲ့တင်သံတစ်ခုလိုပင်။

ဤနေရာတွင် ကြာကြာနေလေ ထိုထူးဆန်းသောအသံများမှာ ပို၍ ထင်ရှားလာလေ ဖြစ်ရာ၊ အသံများကို သေချာကြားလိုက်ရသော မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်၏ မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖပ်သွားသည်။

“ငါက အထွတ်အထိပ်အဆင့်ရှိတဲ့ အမတဧကရာဇ်မင်း တစ်ပါးပဲ သေခြင်းကင်းတဲ့သူပဲ ၊ ဘာလို့လဲ ငါ ဘာလို့ ဒီမှာ မြေမြှုပ်ခံရတာလဲ ငါ မကျေနပ်ဘူး ငါ မကျေနပ်ဘူး”

“ဟားဟားဟား ၊ ငါက အမတနယ်မြေအတွက်၊ သတ္တဝါအားလုံးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့တာ ဘာလို့ ငါ့ရဲ့ ဆွေမျိုးတွေက စစ်မီးထဲမှာ ပျက်စီးသွားရတာလဲ၊ မင်းတို့…မင်းတို့က ငါ့ကို သစ္စာဖောက်ခဲ့ကြတာ”

“နာကြည်းလိုက်တာ ၊ ငါ အရမ်း နာကြည်းတယ် ငါတို့ လောကကြီးအတွက် တိုက်ပွဲဝင်ခဲ့တာကို နောင်တရတယ် ၊ ဒေဝလောကကြီး တစ်ခုလုံး ငါတို့နဲ့အတူ ပျက်စီးသွားသင့်တယ်”

“ဘာလို့လဲ ဘာလို့ …ငါတို့ကြ အဆုံးမရှိတဲ့ ငရဲမှာ ဒုက္ခခံနေရပြီး၊ မင်းတို့ကတော့ လောကရဲ့ ပျော်ရွှင်မှုကို ခံစားနေရတာလဲ ၊ သေသင့်တယ် မင်းတို့တွေ သေသင့်တယ်”

“..........”

နာကြည်းမှုများသည် အဆုံးမရှိသော မကောင်းသော အငွေ့အသက်များနှင့်အတူ ပေါက်ကွဲပျံ့နှံ့လာလေ၏။

အမတဧကရာဇ်အဆင့်ရှိသော မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်ပင်လျှင် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားရပြီး၊ နဖူးနှင့် ကျောပြင်မှာ ချွေးများဖြင့် စိုရွဲနေလေ၏။

ဟင်းလင်းပြင်ထဲ၌ မမြင်နိုင်သော လက်ကြီးတစ်ခုက သူ၏ လည်ပင်းနှင့် နှလုံးသားကို ညှစ်ထားသကဲ့သို့ပင်။

သူသည် စိတ်ဝိညာဉ် သန့်စင်ခြင်း အတတ်ကို အသက်သွင်းထားသည့်တိုင် ၊ အနည်းငယ်မျှ သက်ရောက်မှု မရှိဘဲ အေးစက်သော စိတ်ပျက်အားငယ်မှု၏ ဝါးမျိုခြင်းကို ကူကယ်ရာမဲ့စွာ ခံစားနေရသည်။

သူသည် စူးရွှမ် ပြောခဲ့သော စကားများကို တစ်ဖန် သတိရသွားပြန်သည်။ ဤနေရာတွင်၊ ကြောက်စရာကောင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး ဒေဝလောက၏ ကံအကျိုးဆက်များဖြင့် ပြည့်နှက်နေသည်။

မိမိတို့ စောင့်ရှောက်လာခဲ့သည့် ဝူထျန်းသင်္ချိုင်းတွင်းသည် နတ်ဆိုးဝိညာဉ်များ ပုန်းအောင်းနေသည့် နေရာတစ်ခု ဖြစ်သွားခဲ့ချေပြီ။

“အဆုံးမဲ့ကပ်ဘေးက ပြီးဆုံးသွားခဲ့ပြီ၊ လောကကြီးကို နာကြည်းနေလည်း အလကားပဲ”

ဝုန်း!

စူးရွှမ်၏ စကားသံအဆုံးတွင်။

အဆုံးစွန် တောက်ပနေသော အလင်းတန်းတစ်ခုသည် အရုဏ်ဦး အလင်းရောင်ကဲ့သို့ ပွင့်လန်းလာပြီး၊ မှောင်မိုက်နေသော မိုးမြေတစ်ခုလုံးကို လင်းထိန်သွားစေကာ အေးစက်မှုများကို မောင်းထုတ်ပြီး နွေးထွေးသော အလင်းရောင်ကို ယူဆောင်လာပေးခဲ့သည်။

ဤမြင့်မြတ်သော စွမ်းအားအောက်တွင် ၊ မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်ကိုပင် တုန်လှုပ်စေသည့် ထူးဆန်းသော စွမ်းအားများသည်လည်း ဒိီရေအလား ပြန်လည် ဆုတ်ခွာသွားတော့သည်။

............

All Chapters