← Chapters

မီးတောက်များကို ကြိုးကိုင်သူ

Vol. 25 Ch. 346

မီးတောက်များကို ကြိုးကိုင်သူ

Vol. 25 Ch. 346

“ဂရုစိုက်အုံး။” စုရှောင်လန်က အန်လင်းခန္ဓာကိုယ်မှ ထိုးထွက်နေသော စစ်မှန်မီးတောက် ဆန္ဒကို မြင်တော့မှ အနည်းငယ် စိတ်အေးသွားတော့သည်။ ထို့နောက် သူမက ကျန်ရှိနေသော သူမ၏ အဖွဲ့ဝင်များဆီသို့ ပျံသန်းသွား၏။

“ကျောင်းသား အန်လင်းက ဘာလုပ်ဖို့ စီစဉ်နေတာလဲ။” ရွှမ်ယွမ်ချန်က အန်လင်းကို ကြည့်ကာ အနည်းငယ်စိုးရိမ်နေလေ၏။

စိုးရိမ်ပူပန်နေသည်မှာ ရွှမ်ယွမ်ချန် တစ်ဦးတည်း မဟုတ်ပါပေ။ လူတိုင်းက အန်လင်းကို ကြည့်နေကြတာဖြစ်သည်။

ထိုအခိုက်မှာပင် များစွာသော နိမိတ်ဆိုးမာရ်နတ်များက အန်လင်းဆီသို့ ခုန်အုပ်နေပြီဖြစ်သည်။

သူတို့က မှုန်ဝါးဝါး အနက်ရောင်အရိပ်များ ဖြစ်လာကြပြီး ပရမ်းပတာ လေထုက သူတို့ဆီမှ သယ်ဆောင်လာကာ သို့တို့၏ ပျက်စီးစေနိုင်သော အနက်ရောင် လက်သည်းများကို ဆန့်ထုတ်လာလေ၏။

စက်ရုပ်တစ်နှင့် စက်ရုပ်နှစ်တို့မှာ မီးတောက်အတားအဆီးထဲတွင် ခြေချပြီး သူတို့၏ သံတုံးခုခံကာကွယ်ရေး အတားအဆီးကို ထုတ်လွှတ်လိုက်၏။

အန်လင်းက လက်ညှိုးနှစ်ချောင်းကို လိမ်ယှက်လိုက်ပြီး လက်မနှစ်ခုကို အတူတူဖိချလိုက်၏။ ထိုသည်မှာ ရှေးဟောင်း လက်ချိတ်စည်းမန္တန်တစ်ခုဖြစ်၏။

ဟာလာပြင်ကြီးက ရုတ်တရက် ပိတ်လှောင်သွား၏။ ထို့နောက်ချက်ချင်းပင် နိမိတ်ဆိုး မာရ်နတ်များက နာနာကျင်ကျင် အော်ဟစ်လာတော့သည်။ အငွေ့ပျံနေသော စမ်းချောင်းတစ်ခုကဲ့သို့ ထူထည်းသော အဖြူရောင် မီးခိုးငွေ့များက သူတို့၏ ပျက်စီးနေသော အနက်ရောင် ခန္ဓာကိုယ်များမှ ပေါ်ထွက်လာတော့၏။

“ကောင်းကင် ဟာလာပြင်မီးတောက်...”

ဘုန်း...

ဖောက်ထွင်းမြင်ရသော မီးတောက်လှိုင်းကြီးက ပတ်ဝန်းကျင်သို့ ရုတ်တရက်တိုးဝှေ့ သွားပြီး နိမိတ်ဆိုး မာရ်နတ်အများအပြားကို အဆုံးသတ်ပစ်လိုက်သည်။

“မြင့်မြတ်သန့်စင် မီးတောက်...”

ဝါလွင်လွင် အလင်းတန်း အဝိုင်းကြီးတစ်ခုက အန်လင်း၏ နောက်မှ ပေါ်ထွက်လာ၏။ သူ့ပတ်ဝန်းကျင် ပေထောင်ချီက ရုတ်တရက် အလင်းနှင့် အပူ၏ နှိပ်စက်တတ်သော ငရဲပြင်ကြီး ဖြစ်ပေါ်လာ၏။ လေထုသည်ပင် ပိတ်လှောင်ပြီး ပုံပျက်သွားတော့သည်။

မီးတောက်၏ ဖျက်ဆီးတတ်သောအပူရှိန်၏ လောင်ကျွမ်းခြင်းကို ခံနေရသော မြေပြင်ပေါ်မှ နိမိတ်ဆိုးမာရ်နတ်များက နာနာကျင်ကျင် အော်ဟစ်နေတော့သည်။ သူတို့ အများအပြားက အရဲစွန့်ကာ အန်လင်းဆီသို့ ခုန်အုပ်လာတော့သည်။ သို့သော် သူတို့အားလုံးက မမြင်နိုင်ပြီး ပုံဏ္ဍာန်မရှိသော ကောင်းကင်ဟာလာပြင်မီးတောက်ကြောင့် ကြွပ်ကြွပ်ကျော်အဖြစ် လောင်ကျွမ်းခံလိုက်ရသောသည်။

“ကြယ်မိစ္ဆာမီးတောက်...”

ခရမ်းရောင် မီးတောက်ကြီးတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်အား ကျယ်ပြောသော ကြယ်စုံသည့် မီးတောက်ကြီးအဖြစ် ပြောင်းလဲပစ်တော့သည်။ ညကောင်းကင်ယံတွင် တဖျက်ဖျက်တောက်နေသော ကြယ်ပွင့်လေးများကဲ့သို့ ထိုမီးတောက်ပင်လယ်ကြီးထဲတွင် အဖြူရောင် မီးပွားလေးများက တောက်တောက်ပပ တစ်လက်လက်ထနေတော့၏။ ထိုတစ်ခုစီတိုင်းက ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်လေသည်။

“လရောင်ရှုခင်း မီးတောက်...”

အောက်ဘက်ရှိ မြေပြင်တွင် အပြာရောင်မီးတောက်များက အရှိန်ပြင်းလှိုင်း အမြောက်အများကဲ့သို့ ပတ်ဝန်းကျင်သို့ လှည်းကျင်းသွားလေတော့သည်။ ထိုအပြာရောင်မီးတောက်များက မိုင်ပေါင်းများစွာကို လွှမ်းမိုးထားပြီး သူတို့ပိုင်ဆိုင်ထားသော ရေခဲသဖွယ် အအေးဓာတ်ကြီးက မရေမတွက်နိုင်သော နိမိတ်ဆိုး မာရ်နတ်များကို ရေခံရုပ်ထုများအဖြစ် အေးခဲသွားစေတော့သည်။ ထို့နောက် သူတို့က တစ်ချို့သော ဆန်းကြယ်သည့် စွမ်းအား၏ ထိန်းချုပ်ခံရသကဲ့သို့ ထိုအေးစက်သော ရေခဲရုပ်ထုများက စတင်ပြီး အရည်ပျော်လာ၏။

ဤအခြေအနေတွင် ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်စေ၊ ဟာလာပြင် ဖြစ်စေ နေရာလပ်တစ်ခုလုံးက မီးတောက်ငရဲကြီးအဖြစ် ပြောင်းသွားတော့သည်။

အန်လင်း၏ အသင်းဖော်များက သူ့တို့ရေှ့ရှိမြင်ကွင်းကို ငေးကြောင်ကြည့်နေကြ၏။ သူတို့အားလုံးမှာ အံ့အားသင့်စွာ စကားပင် မပြောနိုင်တော့ပါချေ။

ထိုအခိုက်အတန့်တွင် အန်လင်းက မီးတောက်များကို ကြိုးကိုင်သူပင်။ သူက ကောင်းကင် အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး ကောင်းကင်နှင့် မြေကြီး၏ မီးတောက်များကို အမိန့်ပေးခိုင်းစေနေတော့လေသည်။

“အံ့ချီးမီးတောက် သမုဒ္ဒရာ အသက်ဝင်စေ...”

အန်လင်း၏ အမူအရာက တည်ငြိမ်နေကာ သူ့လက်ထဲရှိ မီးတောက် သင်္ကေတက စူးစူးရှရှတောက်ပလာတော့၏။ သူသည် သတ်ဖြတ်မည့် တိုက်ချက်ကို ထုတ်လွှတ်နေခြင်းပင်။

ကောင်းကင်ပေါ်၌ ခရမ်းရောင် မီးတောက်များက သူတို့ကိုယ်သူတို့ အဖြူရောင် ကြယ်ပုံစံ မီးပွားများဆီသို့ ပိတ်လှောင်လိုက်၏။ ထို့နောက် သူတို့က မီးလောင်နေသော ဉက္ကာခဲများကဲ့သို့မြေပြင်ပေါ်သို့ တဟုန်ထိုးပြေးဆင်းလာကြတော့သည်။

တဟုန်ထိုး ကောင်းကင်ဟာလာပြင်မီးတောက်က မတားဆီးနိုင်သော ဆူနာမီများကဲ့သို့ နိမိတ်ဆိုးမာရ်နတ်များဆီသို့ တိုးဝင်လာတော့၏။

သူ့နောက်ရှိ'နေမင်းကြီး'က အဝေးဆီသို့ ဦးတည်သွားသော အဆုံးမရှိသည့် ရွှေရောင်မီးတောက်များကို မှုတ်ထုတ်လာသည်။

မြေပြင်ပေါ်တွင် မှိန်ပြာပြာမီးတောက်များက ​မြင့်မားသော လှိုင်းများသဖွယ် ပန်းထွက်လာပြီး မရေမတွက်နိုင်သော နိမိတ်ဆိုး မာရ်နတ်များကို ဖုံးလွှမ်းသွားတော့သည်။

ထိုအခိုက်၌ မီးတောက်လေးခုက ကောင်းကင်နှင့်မြေကြီးကို သေစေနိုင်လောက်သည့် မီးပြင်းဖိုအသွင် ပြောင်းလဲပစ်လိုက်တော့၏။ သူတို့က သူတို့၏ လမ်းကြောင်းပေါ်တွင် ရှိနေသော အရာအားလုံးကို အမြစ်ပြတ်ချေမှုန်းပစ်တော့သည်။

တိုက်ပွဲနတ်ဘုရား ဇီယန်က ထိုကမ္ဘာမြေ တုန်လှုပ်စေနိုင်သော တိုက်ခိုက်မှုကိုကြည့်ရင်း မထိန်းချုပ်နိုင်စွာ ခိုက်ခိုက်တုန်နေပေ၏။ ဤသည်က တစ်စုံတစ်ယောက်က မီးတောက်မန္တန်ရဲ့ ထူးခြားတဲ့ အောင်မြင်မှုကို ရရှိသွားရင် ကိုင်ဆောင်နိုင်တဲ့ စွမ်းအားကြီးလား။ ထို မီးတောက်စိတ်ဆန္ဒနယ်မြေ၊ မီးတောက်များကြားမှ ပူးပေါင်းဆောင်ရွက်ခြင်း... ထိုသည်က လုံးဝကို ပြည့်စုံမှုပင်။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ပင်လျင် မျက်လုံးများ တဖျတ်ဖျတ်လက်သွား၏။ ပထမဆုံး အကြိမ်အဖြစ် ချီးကျူးသည့် မျက်နှာသွင်ပြင်က  သူမ၏ မျက်နှာပေါ်တွင် ပေါ်လာတော့သည်။

ဘုန်း...

မီးတောက်လေးခုက ဆိုးရွားလှသော သတ်ကွင်းကို ဖြစ်ပေါ်စေပြီး နိမိတ်ဆိုး မာရ်နတ်များ အားလုံးကို မေ့ပျောက်သွားခြင်းအဖြစ်သို့ အဆုံးစီရင်လိုက်တော့သည်။

အံ့ချီးမီးတောက်များဖြင့် ဖြိုခွဲခံရပြီးနောက် စက်ရုပ်တစ်နှင့် စက်ရုပ်နှစ်တို့၏ သံတုံး ခုခံကာကွယ်ရေး အတားအဆီးမှာ ပျက်ဆီးလုဆဲဆဲ ဖြစ်နေလေပြီ။

ထို ကြီးမားလှသည့် မီးတောက်တိုက်ခိုက်မှုကြီးက ကောင်းကင်နှင့် မြေကြီးကိုပင် ဗလာအဖြစ်သို့ မီးကျွမ်းပစ်တော့မလိုပင်။ မီးများငြိမ်းသွားပြီးသည့်နောက် နိမိတ်ဆိုးမာရ်နတ်တပ်ကြီး တစ်ခုလုံးက ချေမှုန်းခံလိုက်ရလေပြီ။ မြေကြီးက မီးခိုးများထွက်ကာ အရည်ပျော်နေပြီး အနီရောင် တောက်နေလေတော့၏။

အန်လင်းက ကောင်းကင်မှ တဖြည်းဖြည်း ဆင်းသက်လာတော့သည်။ သူ့အမြင်အာရုံထဲတွင် အနက်ရောက် အစက်အပြောက်များပေါ်ပေါက်လာပြီး ပင်ပန်းမှုကြောင့် မြေပြင်ပေါ်သို့ ပုံကျသွားတော့၏။

ထိုအခိုက်၌ ချိုမွှေးသော ရနံ့တစ်ခုက တိုက်ခတ်လာလေသည်။

ထို့နောက် သူ့ခန္ဓာကိုယ်အား နူးညံ့ပြီး ပျော့ပြောင်းသော လက်မောင်းတစ်ခုက ဖမ်းဆုပ်လိုက်၏။ သူ့ခေါင်းလှည့်လိုက်သောအခါ မိန်းမလှလေးတစ်ဦးက ပြုံးပြနေသည်ကိုမြင်လိုက်ရ၏။ သူမ၏ မျက်လုံးထဲတွင် သိလိုမှုအရိပ်အယောင်များ ရှိလေသည်။

“နင်က ငါ့ထက် မီးတောက်တွေနဲ့ပတ်သတ်ပြီး ပိုဆရာကျမယ်လို့ ဘယ်သူကထင်မှာလဲ။” အမျိုးသမီးက ချီးကျူးလိုက်၏။

အန်လင်းက ခေါင်းခါပြကာ “ငါ့ကို အဲ့လောက်ကြီး ပွင့်ပွင့်လင်းလင်း ချီးကျူးဖို့မလိုပါဘူး။ ဒါက ငါသိတဲ့ တစ်ခုတည်းသော နည်းလမ်းပါ။”

အန်လင်းက စုရှောင်လန်အား ပလွှားဝင့်ဝါခြင်းမရှိတာက အကောင်းဆုံးဟု ခံစားရသည်။

သူသည် နည်းလမ်းအသစ်က အလွန်ခံ့ညားမည်ဟု မမျှော်လင့်ခဲ့ပါပေ။ ထိုသည်က နိမိတ်ဆိုးမာရ်နတ် ထောင်ပေါင်းများစွာကို မီးလောင်တိုက်သွင်းနိုင်ခဲ့၏။ ယခုအချိန်တွင် သူ့၌ အကြီးအကျယ်ဖျက်စီးစေနိုင်သော အကျိုးသက်ရောက်မှု ဧရိယာနည်းလမ်း ရှိနေသည်ကို သဘောပေါက်သွားပြီးနောက် ဘဝင်ခိုက်နေသော ခံစားချက်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာတော့သည်။

ထိုအချိန်တွင် တခြားသော အသင်းဖော်များကလည်း သူ့ဘေးသို့ သိလိုစိတ်ပျင်းပြစွာ ဝိုင်းရံလာကြတော့သည်။

သူ့၏ အမာခံပရိသတ်သုံးဦးဖြစ်သော ယောင်မင်ရှီ၊ ဟူကွမ်နှင့် မြွေဖြူဝိညာဉ်တို့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး သူ့အား ပွေ့ဖက်ရန် အလျင်အမြန်ရွှေ့လျားလုနီးနီးပင်။ သူတို့က အဓိပ္ပာယ်မရှိသည်များ အမြောက်အများကို အန်ထုတ်လာကာ ​”အန်ကိုကြီး အန်က မကျော်လွှားနိုင်စရာပဲ။”၊ “အစ်ကိုကြီးအန်က ကမ္ဘာကြီးကို လွှမ်းမိုးတော့မှာ။” စသည်ဖြင့် ထုတ်ဖော်ပြောကြားနေကြတော့သည်။ သူတို့က တွေးရသမျှ ချီးကျူးစကားတို့ကို အပြည့်အမောက်ဆိုလာတော့သည်။

မြွေဖြူဝိညာဉ်က သူ့၏ တာအိုအမည်ကို အဆိပ်သခင်မှ မီးတောက်သခင်သို့ ပြောင်းရန်ပင် အကြံပေးလာ၏။

အန်လင်းက နားဝေတိမ်တောင်ဖြစ်သွား၏။ မည်သည့် အချိန်ကစ၍ သူ့၏ တာအိုအမည်မှာ အဆိပ်သခင် ဖြစ်သွားရသနည်း။

အဆိပ်သခင်ဆိုသည်မှာ တခြားသူများက သူ့ကို ပေးထားသော ခပ်တုံးတုံး အမည်သာဖြစ်သည်။ အမှန်တကယ်တော့ သူ့တွင် တာအိုအမည်မရှိသေးပါပေ။

သူက တာအို အမည်တစ်ခုရွေးရမည်ဆိုပါက မီးတောက်သခင်ကဲ့သို့ ဆိုးဝါးသော အမည်ကိုရွေးမည်မဟုတ်ပါ။

“ကြာပန်း ပညာသင်” သို့မဟုတ် “ကောင်းကင်ဘုံဓားအင်မော်တယ်အန်” ကဲ့သို့ သူ့စတိုင်နှင့်ကိုက်သော အမည်ကိုသာရွေးမည်ဖြစ်သည်။

အသံတစ်ခုက ရုတ်တရက် ကောင်းကင်မှ ထွက်ပေါ်လာ၏။

“ဂုဏ်ယူပါတယ်။ နယ်မြေစောင့်ရှောက်သူ စမ်းသပ်မှု နိမိတ်ဆိုးမာရ်နတ်အဆင့်က ပြီးမြောက်သွားပါပြီ။”

အလင်းတန်း စာရွက်တစ်ရွက်က ကောင်းကင်မှ ဆင်းသက်လာပြီး ထိုအပေါ်တွင် တရုတ်စာများ ပေါ်လာ၏။

အန်လင်း : ၁၁၂၀၀ မှတ်။ စုရှောင်လန် : ၂၀၃၀ မှတ်။ ရွှမ်ယွမ်ချန် : ၁၈၀၀ မှတ်။ စုချန်းရန် : ၁၆၅၀မှတ်။

ယောင်မင်ရှီ : ၉၂၀ မှတ်။ ဟူကွမ် : ၇၅၀ မှတ်။ လျှိုချင်ဟွမ် : ၅၇၀မှတ်။ ထျန်းလင်းလင်း : ၁၁၀ မှတ်။ မြွေဖြူဝိညာဉ် : ၃၀ မှတ်။ ထန်ရှီမန် : ၀ မှတ်။

တိုက်ပွဲနတ်ဘုရားနှင့် တိုက်ပွဲနတ်ဘုရားမတို့သည်လည်း သုညမှတ် သတ်မှတ်ခံရ၏။

ထိုအမှတ်စာရင်းမှလွဲ၍ တခြားသော အမွေများ သို့မဟုတ် ဆုများမရှိပါချေ။

အမှတ်စာရင်းကိုကြည့်ရင်း ရုတ်တရက် သဘောပေါက်ခြင်းက သူတို့ခေါင်းထဲ ဝင်ရောက်လာတော့သည်။ ထိုသည်မှာ သူတို့၏ စုစုပေါင်း အမှတ်များ ဟုတ်တယ်မလား။ ဖြစ်နိုင်သည်မှာ သူတို့က စမ်းသပ်မှုအားလုံး ပြီးဆုံးသွားသည့်အခါ အမွေ သို့မဟုတ် တခြားသော ရတနာများကို သိမ်းယူရန် ထိုအမှတ်များကို အသုံးပြုရမည် ဖြစ်နိုင်၏။

အန်လင်းက အကျိုးသက်ရောက်မှု ဧရိယာ တိုက်ခိုက်မှုကို ထုတ်လွှတ်ကာ ချက်ချင်းပင် နိမိတ်ဆိုးမာရ်နတ် ထောင်ပေါင်းများစွာကို ချေမှုန်းခဲ့သည်​ဖြစ်ရာ သူသည် အမှတ်အများဆုံး ဖြစ်သည်။ လျှိုချင်ဟွမ်သည် သန်မာသော်လည်း အမှတ်အများကြီး မရပါပေ။ ထိုသည်မှာ သူမက တစ်ချိန်လုံး ရေသာခိုနေသောကြောင့်ဖြစ်သည်။

ထျန်းလင်းလင်းနှင့် မြွေဖြူဝိညာဉ်တို့မှာမူ သူတို့က အတားအဆီးအတွင်းမှနေ၍ တစ်ချို့သော အင်မော်တယ် မန္တန်များ ဖန်တီးကာ နိမိတ်ဆိုးမာရ်နတ်တစ်ချို့ကို သတ်လိုက်နိုင်၏။ ထို့ကြောင့် သူတို့က အမှတ်နည်းနည်းရသည်ဖြစ်၏။ ထန်ရှီမန်မှာ သနားစရာ အကောင်းဆုံးပင်။ သူ့နာမည်နောက်ရှိ သုညအကြီးကြီးမှာ အနည်းငယ် ထင်သာမြင်သာရှိနေလေသည်...

ထန်ရှီမန်က ကောင်းကင်ရှိ အလင်းတန်းစာရွက်ပေါ်တွင် ဖော်ပြထားသော အမှတ်စာရင်းကိုကြည့်ရင်း ပြောစရာစကားမဲ့နေလေတော့သည်။

မင်းတို့ကောင်တွေက ဘာလို့ ငါ့ကိုကြည့်နေရတာလဲ။ ဘာလို့လဲ။ ငါဆိုတဲ့ ထန်ရှီမန်က အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ရှိတယ်ကွ။ မင်းတို့ သနားစရာ မလိုဘူး။

သို့သော်လည်း တခြားသော အတွေးတစ်ခုက သူ့ဆီသို့ ရုတ်တရက် ဝင်ရောက်လာ၏။ ဤသင်္ချိုင်းဂူ ရှာဖွေခြင်း စွန့်စားမှုတွင် သူက အမွေအနှစ် တစ်ခုတည်းနှင့် အဆုံးသတ်သွားလောက်မည်။ ထိုရလာဒ်မှာ ဆုများကို အဆင့်သင့် ပန်းကန်းပေါ်တင်ပေးမည့်သူများ ရှိသော ထျန်းလင်းလင်းနှင့် မြွေဖြူဝိညာဉ်တို့ထက်ပင် နည်းနေ၏။

သူတို့အဖွဲ့၏ အဖွဲ့ဝင် ဆယ်ယောက်ထဲတွင် သူ့ရလာဒ်မှာ အနည်းဆုံးဖြစ်သည်။ ထိုသည်ကို တွေးရင်း ဝမ်းနည်းမှုက သူ့နှလုံးသားထဲသို့ လှိုက်တက်လာတော့သည်...။

သူတို့ရှေ့တွင် အဖြူရောင် လေဟာနယ် လှိုင်ဂူတစ်ခု ပေါ်လာ၏။ အန်လင်းက သွေးဝိညာဉ်ဆေးတောင့်ကို မျိုချလိုက်ကာ အနားယူရန် ထိုင်ချလိုက်၏။ လူတိုင်းက ပြန်လည်ကောင်းမွန်လာသောအခါ သူတို့က ရှေ့ဆက်လာကြတော့သည်။

...

တစ်ချို့သော အနက်ရောင် ကွက်လပ်ထဲတွင် မြွေနက်ဝိညာဉ်က ခရီးသွားနေသော ပုံရိပ်များကို စိုက်ကြည့်နေ၏။ သူမ၏ လက်များက တင်းတင်းချိတ်ထားပြီး သူမ၏ ဖျော့တော့ပြီး နူးညံ့သော လက်မကို ခပ်ဖွဖွ ပုတ်နေလေ၏။

“အန်လင်း၊ လျှိုချင်ဟွမ်၊ စုရှောင်လန်၊ ရွှမ်ယွမ်ချန်နဲ့ စုချန်းရန်... အဲ့ဒီ့ကျင့်ကြံသူတွေရဲ့ အင်အားက တိုက်ပွဲနတ်ဘုရားတွေရဲ့ အဆင့်နီးပါးပဲ။ အဲ့အပြင် သူတို့မှာ တိုက်ပွဲနတ်ဘုရား ဇီယန်နဲ့ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်တို့လဲ အတူပါလာတယ်။ ငရဲနည်းလမ်းကတောင် သူတို့အတွက် စိန်ခေါ်ရာ မဖြစ်မှာ ငါစိတ်ပူတယ်...”

“တကယ်လို့ စမ်းသပ်မှုတွေက အသက်အန္တရာယ် မရှိဘူးဆိုရင် သူတို့က လုံလုံလောက်လောက် အစမ်းသပ်မခံရသေးဘူးပဲ။”

ထိုသည်ကိုပြောရင်း မြွေနက်ဝိညာဉ်က ကတုံးအမျိုးသားကို ကြည့်လိုက်၏။ သူမ၏ မဟူရာရောင် မျက်လုံးများက တစ်စုံတစ်ယောက်အား မသိခြင်းဆီသို့ ဖိတ်ခေါ်သွားနိုင်၏။

“မင်းရဲ့ ခွန်အား ၈%ကို ချိတ်ပိတ်ထားလိုက်။ နောက်ဆုံး စမ်းသပ်မှုမှာ သူတို့ကို နောက်ဆုံး ဘော့စ်အနေနဲ့ ချုံခိုတိုက်ခိုက်လိုက်။”

ကတုံးအမျိုးသားက ထိုသည်ကို ကြားသည်နှင့် ခိုက်ခိုက်တုန်လာကာ ခေါင်းငုံ့လိုက်ပြီး ပြန်ဖြေလာ၏။ “အမိန့်အတိုင်းပါ မာစတာ ဘလက်။”

***

All Chapters