ငရဲ နတ်ဆိုးများ
Vol. 25 Ch. 347
အန်လင်းနှင့်တခြားသူများက လေဟာနယ် လှိုင်ဂူကို ဖြတ်ကာ နောက်ထပ် လေဟာနယ် လမ်းဆုံဆီသို့ လျှောက်လာခဲ့၏။
သူတို့က အလွန်အမင်း မနှစ်မြို့ဖွယ်ရာ ရှုခင်းတစ်ခုနှင့် မိတ်ဆက်ခြင်းခံလိုက်ရသည်။ ကျောက်တုံးပုံ အထူကြီးတစ်ခုက ကောင်းကင် တစ်ခုလုံးကို ဖွဲ့စည်းထားပြီး မြေကြီးသည်တော့ ကျယ်ပြန့်ပြီး လောင်ကျွမ်းနေသော ကုန်းမြေဖြစ်ကာ အက်ကွဲကြောင်းများထဲမှ ကြက်သွေးရောင် ချော်ရည်ပူများက စီးဆင်းနေ၏။ သူတို့ပတ်ဝန်းကျင်ရှိလေထုမှာ စူးရှပြီး အဆိပ်ရှိသော ဓာတ်ငွေ့များ ပြည့်နှက်နေပေ၏။
အန်လင်းက သူတို့၏ ပတ်ဝန်းကျင်မှာ ကမ္ဘာမြေမျက်နှာပြင်အောက်ရှိ လောကကြီးနှင့် ဆင်တူသည်ဟု ခံစားလိုက်ရ၏။
ထိုမြင်ကွင်းမှာ အင်အားကြီးလေးခု တာအိုဖလှယ်ပွဲညီလာခံအတွင်း အသက်ရှင်လွတ်မြောက်ခြင်း စမ်းသပ်မှု၏ ပထမအဆင့်နှင့် အလွန်ဆင်တူလှ၏။ သို့သော်လည်း သူတို့ရောက်ရှိနေသော လေဟာနယ်မှာ အဆပေါင်းများစွာ လှိုင်ဂူနှင့် ပိုတူပြီး သူတို့ခေါင်းပေါ်ရှိ ကျောက်တုံး ဖွဲ့စည်းခြင်း အလွှာမှာလဲ များစွာ ပိုမြင့်လေသည်။
အန်လင်းက ထိုစူးစမ်းလေ့လာခြင်းများ ပြုလုပ်နေစဉ်မှာပင် အဝေးရှိ ကျောက်တုံးဖွဲ့စည်းခြင်း တစ်ပိုင်းက ရုတ်တရက် အက်ကွဲစပြုလာတော့သည်။
ဘုန်း...
မင်ကဲ့သို့ မဲနက်သော ပုံရိပ်တစ်ချို့က မြေပြင်ပေါ်သို့ ပေါက်ကွဲသံကြီးတစ်ခုနှင့် ထိုးဆင်းလာတော့၏။
အန်လင်းက သူတို့အား အာရုံစိုက်ကြည့်လိုက်ပြီး အံ့ဩထိတ်လန့်သည့် အမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်ထွက်လာတော့သည်။
သူက နိမိတ်ဆိုး မာရ်နတ်များနှင့် မတူပဲ ခန္ဓာကိုယ်များက လုံးဝနက်မှောင်နေပြီး အလွန်အမင်း တည်ငြိမ်သော ဇီဝဗေဒဆိုင်ရာ တည်ဆောက်ပုံများနှင့် မနှစ်မြို့ဖွယ် သက်ရှိ သတ္တဝါ ကိုးကောင်၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရ၏။ သူတို့က အကြီးအကျယ် အသက်ရှုကျပ်စေနိုင်သော အာရုံကိုပေးနိုင်သည့် စွမ်းအင် အမြောက်အများကိုလည်း ပိုင်ဆိုင်ထားသည့် ပုံပင်။
သူတို့က ပုံသဏ္ဍာန်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့် ရောက်လာကြ၏။ တစ်ချို့က သူတို့၏ နောက်ခြေထောက်ပေါ်တွင် မတ်တပ်ရပ်နေသည်မှာ လူသားများကဲ့သို့ပင်ဖြစ်ပြီး တစ်ချို့မှာ ခေါင်းနှစ်လုံးနှင့် ကျားကြီးများဖြစ်ကာ နောက်ကျောတွင် တောင်ပံများပေါက်နေသော ဆင်များအထိပင် ဖြစ်ကြ၏...။
“အဲ့တာက ထိုက်ချူကုန်းမြေကြီးပေါ်က ငရဲ နတ်ဆိုးတွေ။ သူတို့က မြေအောက်ကမ္ဘာမှာနေပြီးတော့ ပထဝီအပူစွမ်းအင်တွေနဲ့ သေခြင်းရဲ့ စွမ်းအင်တွေကို စုပ်ပြီး အသက်ရှင်ကြတယ်လို့ ကြားဖူးတယ်။ သူတို့ရဲ့ အသက်စွမ်းအင်က သွေးမျိုးနွယ်စုရဲ့ စွမ်းအားထက်ဖြစ်တည်မှုတွေနဲ့ အပြိုင်ပဲ။ အဲ့တော့ အားလုံးပဲ သေချာသတိထားကြ။” ရွှမ်ယွမ်ချန်က ဝမ်းနည်းသော အမူအရာနှင့် ပြောလာ၏။
ငရဲနတ်ဆိုးများက ကျယ်လောင်စွာအော်ဟစ်ရင် လူတိုင်းကို သူတို့၏ ကြက်သွေးရောင် မျက်လုံးများဖြင့် စိုက်ကြည့်လာတော့သည်။
လေထုက ရုတ်တရက်ပင် အတော်လေး ကြမ်းတမ်းလာတော့၏။
နှစ်ဖက်စလုံးက ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေတွင် ပိတ်မိနေဆဲမှာပင် အဝေးမှ အသံတစ်ခုက ရုတ်တရက် ထွက်လာတော့သည်။
“ငါကိုပဲ ကိစ္စတွေ စတင်ခွင့်ပြုလိုက်ပါ။”
ပန်းရောင် ဆံပင်တိုနှင့် အမျိုးသမီး တစ်ဦးက သူမ၏ အမွှေးခြောက်ခုပါသော ပစ္စည်းလေးက ဘေးတွင် တွဲလောင်းကျနေရင်းနှင့် လေထုထဲသို့ ခုန်တက်လာတော့၏။
ဘုန်း...
တောက်လောင်နေသော အဖြူရောင် အလင်းတိုင်တစ်ခုက မြေကြီးကိုဖြတ်ကာ ဆုတ်ဖြဲပစ်ပြီး ကြီးမားသော ခေါင်းနှစ်လုံးကျားကြီး၏ ရှေ့ဘက်ကို ထုလိုက်တော့သည်။
ထိုအလင်းတိုင်မှာ လျှိုချင်ဟွမ်၏ အမှတ်အသားနည်းလမ်း နောက်ဆုံး မီးပွားမှလွဲ၍ တခြားမဟုတ်ပါချေ။
ခေါင်းနှစ်လုံးကျားကြီးမှာ သူမ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် သတိလွတ်သွားပြီး သူ့ခေါင်းကို ထိုအလင်းတိုင်က ထိုဖောက်သွားပြီး ဦးခေါင်းတွင် အပေါက်ကြီးတစ်ခု ချန်ခဲ့သည်ကို မခံရမီ ရှောင်ရန်ပင် အခွင့်အရေးမရလိုက်ပါပေ။
“ဝေါင်း...”
တခြားသော ငရဲနတ်ဆိုးရှစ်ကောင်မှာ ဒေါသကြောင့် နှာပွလာပြီး အန်လင်းနှင့် တခြားသူများဆီသို့ တစ်ဟုတ်ထိုး တိုက်ခိုက်လာတော့သည်။
ခေါင်းနှစ်လုံး ကျားကြီးမှာ မျှော်လင့်ထားသကဲ့သို့ ခေါင်းမှ အပေါက်ကြီးကြောင့် မသေပါချေ။ သူ့၏ ဦးခေါင်းခွံပတ်လည်မှ အသားများက သူ့ဘာသာပင်ပြန်ဆက်လာပြီး မကြာမီပင် မူလပုံသဏ္ဍာန်သို့ ပြန်လည် ကောင်းမွန်လာပေ၏။
လျှိုချုင်ဟွမ်က ထိုသည်ကို တွေ့ပြီးသည့်နောက် ဤသည်မှာ လွယ်ကူသည့်တိုက်ပွဲ မဟုတ်သည်ကို သဘောပေါက်သွား၏။
သို့သော်လည်း သူမက ဤသည်ကြောင့် ကြောက်လန့်မသွားပဲ သူမ၏ ပစ္စည်းပေါ်သို့ ခုန်တက်ကာ ခေါင်းနှစ်လုံး ကျားကြီးဆီသို့ ပျံသန်းသွားတော့သည်။
လူပုံစံ နတ်ဆိုးက ပါးလွှာသော ဓားတစ်ချောင်း ကိုင်ထားပြီး အန်လင်းဆီသို့ ခုန်အုပ်လိုက်လေ၏။ ထိုသည်က အန်လင်းဆီသို့ မမြင်ရလောက်သော အရှိန်ဖြင့် ထိုးချလိုက်၏။
တိုက်ပွဲက စရုံလေးပင်ရှိသေးသော်လည်း လူတိုင်းက ငရဲ နတ်ဆိုးများမှာ အလွန်အစွမ်းထက်သည်ကို သိရှိပြီးဖြစ်၏။ သူတို့က အလွန်အစွမ်းထက်သည်ဖြစ်ရာ ရွှမ်ယွမ်ချန်၊ စုရှောင်လန်၊ စုချန်းရန်နှင့် လျှိုချင်ဟွမ် တို့ကသာ တစ်ကောင်စီကို ကိုယ်တိုင် ကိုင်တွယ်နိုင်သည် ဖြစ်ပြီး ယောင်မင်ရှီနှင့် ဟူကွမ်တို့မှာ နတ်ဆိုးတစ်ကောင်စီကို တိုက်ခိုက်ရန် ကြိုးပမ်းမှုတွင် ချက်ချင်းပင် ဆိုးကျိုးထဲသို့ ကျရောက်သွားတော့သည်။
ဟူကွမ်က မကြာမီပင် ကြီးမားသော အနက်ရောင် စပါးအုံးမြွေကြီး၏ ထိုးနှက်ချက်ကြောင့် ပျံသန်းသွားပြီး အဝတ်စုတ် အရုပ်တစ်ခုကဲ့သို့ လွင့်ပစ်ခြင်းခံရသောအခါ ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်၏။
အန်လင်းက အနက်ရောင် ဓားအလင်းတန်းတစ်ခုကို ခုတ်ချလိုက်ပြီး နတ်ဆိုးကို နောက်ဆုတ်ရန် တွန်းအားပေးလိုက်ကာ ဟူကွမ်နှင့် တခြားများကို ကူညီရန် အခွင့်အရေးယူလိုက်၏။
ပထမဆုံးသော နည်းလမ်း...။ လေပြင်းဓား...။
လေတောင်ပံတစ်ခုက သူ့နောက်တွင် ပေါ်လာကာ သူက ပေါက်ကွဲစေနိုင်သည်အထိ အရှိန်တင်လိုက်ပြီး သေစေနိုင်လောက်သော ဓားအလင်းတန်းတစ်ခုနှင့် တခြားသော နတ်ဆိုး၏ လည်ပင်းဆီသို့ ခုတ်ပိုင်းလိုက်လေတော့သည်။
ထိုနတ်ဆိုးက သူ့လည်ပင်းပေါ်ရှိ ဒဏ်ရာမှ သွေးများ ပန်းထွက်လာသောအခါ တုန်ယင်စွာနောက်ပြန်ဆုတ်သွားလေတော့၏။ သို့သော်လည်း ထိုအရာ၏ အသားများမှာ တွန်လိမ်သွားပြီး သူ့ဟာသူ ပြန်ဆက်သွားကာ ထိုကြောင့် အမှန်တကယ်တော့ သေစေနိုင်သည်ဖြစ်သော ဒဏ်ရာကို ပြန်လည် ကုသရန် ခွင့်ပြုပေးလာတော့သည်။
အန်လင်းက သူတို့၏ အသစ်ဖြစ်တည်နိုင်သည့် စွမ်းအင်ကို တွေ့ပြီးသည့်နောက် အတော်လေးပင် လှုံ့ဆော်ခြင်းခံလိုက်ရ၏။ ထို ငရဲနတ်ဆိုးများမှာ နိမိတ်ဆိုးမာရ်နတ်များထက်ပင် ပို၍ ကိုင်တွယ်ရန် စိတ်ရှုပ်စရာ ကောင်းလှ၏။
နိမိတ်ဆိုးမာရ်နတ်များက အလွန်အမင်း အစွမ်းထက်ကာ တိုက်ခိုက်တတ်ပြီး ငရဲနတ်ဆိုးများသည်တော့ သွေးမျိုးနွယ်စုကဲ့သို့ အလွန်အစွမ်းထက်သော အသစ်ပြန်ဖြစ်နိုင်စွမ်းရှိကြ၏။
“ဝေါင်း...”
နာနာကျင်ကျင် ငိုကြွေးသံကြီးက အဝေးဆီမှ ပေါ်ထွက်လာ၏။
အန်လင်းက အသံလာရာဆီသို့ ကြည့်လိုက်သည့်အခါ ဧရာမ ကင်းခြေများပုံစံ နတ်ဆိုးတစ်ကောင်က ရွှမ်ယွမ်ချန်၏ အရှေ့တွင် ကို့ယို့ကားယားဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထိုအရာ၏ အသက်စွမ်းအင်မှာ သိသိသာသာပင် ခမ်းခြောက်သွားပြီး အန်လင်း၏ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်စပြုလာတော့သည်။
ကောင်းတယ် အစ်ကိုကြီး ချန်...။
ထိုအချိန်၌ ရွှမ်ယွမ်ချန်က စက်ရုပ်တစ်ကောင်နှင့် တိုက်ခိုက်နေသော စပါးအုံးမြွေကြီဆီသို့ ဦးတည်ချက် ပြောင်းသွားတော့သည်။
အစ်ကိုကြီး ချန်၏ ဓားချက်များမှာ လှပပြီး ကျက်သရေရှိလှပြီး သူက ကောင်းမွန်သော အဖြူရောင် ပိုက်ကွန်တစ်ခုကို ဖန်တီးရန် မရေမတွက်နိုင်သော ဓားချက်များခုတ်ပိုင်းလိုက်၏။ သေစေနိုင်သော ပိုက်ကွန်ကြီးမှာ စပါးအုံးမြွေကြီး၏ အရေပြားကို ဖြတ်သန်း၍ စုတ်ဖြဲပစ်လိုက်ပြီး ထိခိုက်ဒဏ်ရာများမှာ သေစေနိုင်လောက်သည် မဟုတ်သော်လည်း တစ်နည်းနည်းဖြင့် စပါးအုံးမြွေကြီးမှာ ဒဏ်ရာများကို အသစ်ပြန်လည် မဖြစ်တည်နိုင်ပါပေ။
စပါးအုံးမြွေကလည်း သူ့ကိုယ်ပိုင် အစွမ်းထက် တိုက်ခိုက်မှုများဖြင့် ပြန်လည်တိုက်ခိုက်လေ၏။ သို့သော် ရွှမ်ယွမ်ချန်မှာ တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းလိုက်နိုင်ပြီး ထိုသည်များကို မြေပေါ်သို့ ကျရောက်စေကာ ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်စေပြီး မြေကြီးအား တုန်ခါမှုများ ဖြစ်ပေါ်စေလိုက်သည်။
တိုက်ပွဲရင်ဆိုင်ပြီးသည့်နောက် ရွှမ်ယွမ်ချန်က စာကလေးတစ်ကောင်ကဲ့သို့ ပေါ့ပေါ့ပါးပါး နောက်ဆုတ်လိုက်၏။
“အနန္တ စိတ်ဝိညာဉ် ကံကြမ္မာ-သေစမ်း...”
သူသည် ဓားကို မျက်ခုံးများနှင့် အပြိုင်မြှောက်လိုက်ပြီး ဆန်းကြယ်သည့် လှိုင်းငယ်လေးများက လေထုထဲသို့ထွက်လာပြီး စပါးအုံးမြွေဆီသို့ ရိုက်ခတ်သွားတော့သည်။
“ရှုးရှုး...” စပါးအုံးမြွေက နာကျင်မှုကြောင့် တွန့်လိမ်သွားပြီး သူ့ကိုယ်ပေါ်မှ ဒဏ်ရာများက ပုတ်သိုးလာကာ သူ့၏ အသက်မှာ သိသိသာသာအရှိန်ဖြင့် စုပ်ယူခြင်းခံလိုက်ရ၏။ ထိုအရာ၏ အသက်စွမ်းအင်မှာ လွင့်စင်ပပျောက်စပြုလာပြီး စပါးအုံးမြွေမှာ ထိုစီးဆင်းမှုကို ရပ်တန့်နိုင်စွမ်း လုံးဝမရှိပါပေ။
အန်လင်းက နောက်ဆုံးတွင်တော့ အစ်ကိုကြီးချန်က ငရဲ နတ်ဆိုးများကို မည်သို့ ချေမှုန်းသည်ကို မျက်မြင်တွေ့လိုက်ရပါသည်။
အနန္တစိတ်ဝိညာဉ် ထိုက်ချိ၏ တာအိုမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ တာအိုထဲ၌ ကြီးမားစွာ အမြစ်တွယ်နေလေ၏။ထို့ကြောင့် ထိုသည်က ပြိုင်ဘက်၏ အတွင်း၌ ရှိနေသော အသက်စွမ်းအင်ကို လျစ်လျူရှုနိုင်ပြီး ဤသည်က ကစားရာ နယ်မြေကို အဆင့်မြင့်ပေးလေသည်။
ထိုကဲ့သို့ အလွန်အမင်း အစွမ်းထက်လှသည့် ကျင့်ကြံခြင်းနည်းလမ်းများမှာ ကျင့်ကြံရန် အလွန်ခက်ခဲလှသော်လည်း အစ်ကိုကြီးချန်မှာ ထိုသည်ကို နက်ရှိုင်းစွာသဘောပေါက် နားလည်ခဲ့၏။ ထိုသည်က သူသည် နတ်ဘုရား အစစ်အမှန်များထဲမှ တစ်ယောက်၏ အာရုံစိုက်မှာကို ရခြင်း၏ စစ်မှန်သော အကြောင်းပြချက် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အန်လင်းက အစ်ကိုကြီးချန်၏ နည်းလမ်းကို ကူးချ၍ မရသည်မို့ သူ့ကိုယ်တိုင်အတွက် နည်းလမ်းတစ်ခုကို ရှာဖွေရပေလိမ့်မည်။
ရွှမ်ယွမ်ချန်က စပါးအုံးမြွေကို သတ်ဖြတ်ပြီးနောက် မရပ်နားခဲ့ပါ။ သူသည် ယောင်မင်ရှီထံသို့ သွားရောက်ကာ သူ့တိုက်ပွဲအား ကူညီပေးလိုက်တော့သည်။
ကြီးမားသော အခက်အခဲဖြင့် အန်လင်းက သူ့ရှေ့ရှိ နတ်ဆိုးကို နှစ်ပိုင်း ဖြတ်လိုက်နိုင်ပေ၏။ သို့သော်လည်း ထိုသည်က ချက်ချင်းပင် အသစ်ပြန်လည် ဖြစ်တည်ကာ ရန်ပွဲထဲသို့ ပြန်လည် ဝင်ရောက်လာတော့သည်။
ငရဲနတ်ဆိုးများ၏ အရှိန်အဝါမှာ အသစ်ဖြစ်တည်မှု တစ်ခုပြီးတိုင်းတွင် အနည်းငယ် မှိန်ဖျော့လာသော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အများအပြား မလျော့သွားပါပေ။ ထို့ကြောင့် ဤသည်မှာ မကြာခင်မှာပင် ငရဲနတ်ဆိုးများ၏ စွမ်းအားထက် အသက်ရှင်နိုင်စွမ်းနှင့် အန်လင်းနှင့် တခြားကျင့်ကြံသူများ၏ ဇွဲလုံ့လတို့ကြားက တိုက်ပွဲဖြစ်လာပေလိမ့်မည်။
အန်လင်းက မြွေဖြူဝိညာဉ်ဆီသို့ ကြည့်လိုက်သောအခါ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က နတ်ဆိုးတစ်ကောင်ကို မန္တန်ဖွဲ့စည်းခြင်းတစ်ခုနှင့် ပိတ်လှောင်ထား၏။ သို့မှသာ မြွေဖြူဝိညာဉ်က ပြန်လည်တိုက်ခိုက်မည်ကို မကြောက်ရပဲ ထိုအရာကို သူမ၏ ကြာပွတ်နှင့် စော်ကားမော်ကားပြုလုပ်နိုင်မည်ဖြစ်သည်။
“သွား...၊ သခင် အဖြူလေး အားကုန်သာရိုက်ပစ်။”
“သခင်က အားပြင်းပြင်းရိုက်လေလေ အနိုင်ရတဲ့ အခါအမှတ်များများ ရလေလေဖြစ်မှာ”
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က တုန်နေအောင် ချစ်သော မျက်နှာထားနှင် အားပေးနေလေ၏။
“ဟုတ်ပြီ ချင်လေး။ ငါအကောင်းဆုံး ကြိုးစားပါ့မယ်။” မြွေဖြူဝိညာဉ်မှာ စိတ်ပိုင်းဖြတ်ထားပုံရပြီး သူ့မ၏ ရှေ့တွင် ပိတ်မိနေသော နတ်ဆိုးကို သူမ၏ အရိုးလျှပ်စီးကြာပွတ်ဖြင့် ရိုက်နေလေ၏။
ဝံပုလွေ သဏ္ဍာန် နတ်ဆိုးမှာ အရှက်တကွဲဖြစ်ခြင်းကြောင့် အော်ဟစ်နေပေ၏။ ထိုသည်က ပြိုင်ဘက်ကို မနိုင်၍ အရှက်တကွဲဖြစ်ခြင်း မဟုတ်ပါ။ ထိုအရာထက် များစွာအားနည်းသော တစ်စုံတစ်ယောက်ဆီမှ ကြာပွတ်နှင့် ရိုက်ခြင်းခံရ၍ အရှက်ကွဲခြင်းပင်။
ထိုသည်မှာ အစွမ်းထက် စစ်သည်တော်က လှောင်ချိုင့်ထဲတွင် ပိတ်မိနေစဉ်တွင် ကလေးတစ်ယောက်က ထိုသူ၏ မျက်နှာကို ရေသေနတ်ဖြင့် လာပစ်နေသည်နှင့် တူလှပေသည်...။
အန်လင်းက ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်၏။
စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ်သားရဲတစ်ကောင်က တစ်စုံတစ်ယောက်ကို ကမ္ဘာကြီးအဆုံးသတ်ထိ လုပ်ဆောင် ပေးနိုင်သည်ပဲ...။
သို့သော် ထျန်းလင်းလင်းမှာတော့ အတော်လေး ကံမကောင်းပါပေ။ သူမက အစီအရင်တစ်ချို့ကို ကောင်ကင်မှ တောင်ပံလေးခုပါ နတ်ဆိုးငှက်ဆီသို့ မထိအောင်ပစ်နေကာ ကြောက်လန့်တကြားကြည့်နေရန်သာ တတ်နိုင်ပေ၏။
တောင်ပံလေးခုနှင့် နတ်ဆိုးငှက်မှာ တိုက်ပွဲနတ်ဘုရား ဇီယန်၏ ထုနှက်ခြင်းကြောင့် ပျံထွက်သွားပြီး သူနှင့် အင်အားမမျှသည်ကိုသိသည်မို့ လေထဲတွင် တဖျတ်ဖျတ်ပျံသန်းနေကာ ပျောက်ကျားတိုက်ပွဲနည်းဗျူဟာကို အတည်ပြုနေပြီး ရံဖန်ရံခါ အစွမ်းထက် လေပြင်းဓားသွားများ ထုတ်လွှတ်နေပေ၏။
ထိုတိုက်ခိုက်မှုများအားလုံးကို ဇီယန်က လွယ်လွယ်ကူကူပင် ဖယ်ရှားလိုက်၏။
သို့သော်လည်း သူက နတ်ဆိုးငှက်ကို တိုက်ခိုက်ရန် လက်ဦးမှု မယူပါချေ။ သူပေးအပ်ခြင်းခံရသောတာဝန်မှာ သူ့နောက်မှ လူနှစ်ယောက်ကို ကာကွယ်ရန်သာဖြစ်၍ သူက အနည်းဆုံးသာ အလုပ်လုပ်နေပြီး ထိုသူနှစ်ယောက်က ခြိမ်းခြောက်ခြင်းခံရသည့် အခါမှသာ ဝင်တိုက်ခိုက်နေလေ၏။
အန်လင်းက သက်ပျင်းခပ်ဖွဖွချလိုက်၏။ ကြည့်ရသည်မှာ အစ်ကိုကြီး ချန်က ဤတိုက်ပွဲ၏ MVP ဖြစ်မည်ထင်သည်။
အို...။ နေပါအုံး။
အန်လင်းက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ရုတ်တရက် အတွေးတစ်ခုပေါ်လာတော့၏။
သူလုပ်နိုင်သည့် တစ်ခုကို တွေးမိပြီး သူ့မျက်လုံးများက အရောင်တောက်လာတော့သည်။
***