← Chapters

ကနဦးဝိညာဉ် စတုတ္ထအဆင့်၊ မိုးနှင့်မြေ ဆန်းကြယ်စွမ်းအား

Vol. 3 Ch. 37

ကနဦးဝိညာဉ် စတုတ္ထအဆင့်၊ မိုးနှင့်မြေ ဆန်းကြယ်စွမ်းအား

Vol. 3 Ch. 37

အခန်း (၃၇) ကနဦးဝိညာဉ် စတုတ္ထအဆင့်၊ မိုးနှင့်မြေ ဆန်းကြယ်စွမ်းအား

ဟန်ကျွယ်ဟာ ကြက်သွေးရောင် ငှက်မွှေးတောင်ကို လက်ခံလိုက်ပြီး သူ့အာရုံနဲ့ ကြည့်လိုက်တဲ့အခါမှာ အားပြင်းတဲ့စွမ်းအားတစ်ခုကို သူ့အာရုံကို နှောင့်ယှက်နေတော ခံစားလိုက်ရပါတယ်။ ဖြစ်နိုင်တာကတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူရဲ့ အာရုံအစွမ်းကပဲ ဒီထဲကို ကြည့်နိုင်မယ် ထင်ပါတယ်။ ရန်ထျန်တုန်းရဲ့ သူ့အပေါ် မျက်နှာသာပေးမှုကလည်း ကြယ်သုံးပွင့်ထိ တိုးသွားတဲ့အတွက် သူ့ပြောတာက အမှန်ဖြစ်လောက်တယ်လို့ ဟန်ကျွယ်က ကောက်ချက်ချလိုက်ပါတယ်။

“ကောင်းပြီလေ... ဒါဆိုရင် ငါအရင်ဆုံး လက်ခံထားမယ်၊ မင်းဒီလိုဏ်ဂူထဲမှာပဲ အရင်ဆုံးဆယ်နှစ် လေ့ကျင့်အုန်း၊ ငါက ကြိုးကြိုးစားစား ကျင့်ကြံတဲ့သူတွေဆို သဘောကျတယ်၊ မင်း ကောင်းကောင်းလုပ်နိုင်ရင် မင်းကို ပညာရပ်တွေ သင်ပေးမယ်”

ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို ချက်ချင်းပဲ ကျေးဇူးတင်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဘေးဘက်ကို လက်ညိုးထိုးပြပြီး ပြောလိုက်ပါတယ် “နေရာတစ်ခုရှာပြီး စကျင့်ကြံတော့” အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး သူ့ကျင့်ကြံခြင်းကို စတင်လိုက်ပါတယ်။

ရန်ထျန်တုန်း နေရာတစ်ခုရှာပြီး ကောက်ထိုင်လိုက်ပါတယ်။ သူဟာ ဟန်ကျွယ်ကို အပြစ်ပြုမိမှာစိုးတဲ့အတွက် ဟန်ကျွယ်ကိုတောင် မကြည့်ရဲပါဘူး။ အဲဒါကြောင့် သူဟာ ချက်ချင်းပဲ ကျင့်ကြံလိုက်ပါတယ်။ မကြာမီမှာပဲ လိုဏ်ဂူထဲက စိတ်ဝိညာဉ်ချီဟာ အလွန်တရာမှ သိပ်သည်းနေတယ်ဆိုတာကို ရန်ထျန်တုန်း တွေ့ရှိသွားပါတယ် ‘ဒီနေရာက တကယ့်ကို လေ့ကျင့်လို့ကောင်းတဲ့ နေရာကောင်းပဲ!’

…

စိတ်ဝိညာဉ်ချီ စုဆောင်းခြင်း ဖော်မေးရှင်းနဲ့ သဘာဝရတနာတွေ လိုဏ်ဂူထဲကို ထည့်လိုက်ကတည်းက ဟန်ကျွယ်ရဲ့ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူမှာရှိတဲ့ စိတ်ဝိညာဉ်ချီဟာ အရင်ကထက် အများကြီး ထူထပ်သိပ်သည်းလာပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းကလည်း အချိန်တိုတိုနဲ့ ပိုပိုမြင့်မားလာပါတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဆယ်နှစ်တာ အချိန်ကာလာဟာ ကုန်ဆုံးသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ် စတုတ္ထအဆင့်ကို ရောက်ရှိသွားပါတယ်။ သူ့ကျင့်ကြံခြင်းအလျင်က သာမန်ကျင့်ကြံသူတွေကို လုံးဝ ကျော်တက်သွားပါပြီ။ ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ဟန်ကျွယ်ဟာ မကြာခင်မှာပဲ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို တက်ရောက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

ဒီဆယ်နှစ်အတွင်းမှာ ရန်ထျန်တုန်းရဲ့ ကျင့်ကြံခြင်းက အခြေခံအဆင့် ဆဋ္ဌမအဆင့်ကို ရောက်ရှိသွားပါတယ်။ ဆယ်နှစ်အတွင်းမှာ အဆင့်ခြောက်ဆင့် တက်နိုင်တာက တော်တော်လေး မြန်တယ်လို့ ပြောလို့ရပါတယ်။ ဒီမြန်နှုန်းက ဟန်ကျွယ်လောက် မမြန်ပေမဲ့ ပါရမီရှင်လို့ ပြောလို့ရပါတယ်။

“ထျန်တုန်း”

ရန်ထျန်တုန်းဟာ ကျင့်ကြံရာကနေ ရုတ်တရက် နိုးသွားပြီး ဟန်ကျွယ်ကို ချက်ချင်း ရှိခိုးလိုက်ပါတယ်။

“ဒီဆယ်နှစ်မှာ ဘယ်လိုခံစားရလဲ?”

“ကျွန်တော် တော်တော်လေး အကျိုးအမြတ် ရခဲ့ပါတယ်၊ ကျွန်တော့်ကျင့်ကြံခြင်းအဆင့် တိုးတက်လာရုံတင်မကဘဲ အကြောင်းအရာ တော်တော်များများကိုလည်း နားလည်လာပါတယ်”

‘မိုးနတ်မင်း မပါစေ! ဆယ်နှစ်တောင် ကျင့်ကြံရတာ အရူးဖြစ်ဖို့ လက်တစ်ကမ်းပဲ’ ရန်ထျန်တုန်းဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။ ဒီဆယ်နှစ်မှာ သူဟာ အကြိမ်ပေါင်းများစွာ မျှော်လင့်ချက်မဲ့ခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က သူ့ကို စမ်းသပ်နေတာလို့ ခံစားရတဲ့အတွက် ရန်ထျန်တုန်းဟာ လုံးဝ စိတ်မလျှော့ရဲပါဘူး။ ပထမအဆင့်တောင် သူမဖြတ်ကျော်နိုင်ရင် ဟန်ကျွယ်က သူ့ကို တပည့်အရင်းတစ်ယောက်လို သဘောထားမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘မင်းက အကြောင်းအရာတွေ အများကြီး နားလည်လိုက်တယ် ဟုတ်လား? စောက်ပိုတွေ! ငါ ကျင့်ကြံနေတာ  နှစ်တစ်ရာကျော်ပြီ၊ အခုအချိန်ထိ နားလည်တာ ဘာမှမရှိသေးဘူး’

ရန်ထျန်တုန်းဟာ အတွေ့အကြုံရဖို့ လိုအပ်တယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ် “အပြင်ထွက်ပြီး တာဝန်လေးဘာလေး သွားလုပ်ချည်၊ ဂိုဏ်းမှာ လစဉ်အကျိုးဆောင်မှု မှတ်တမ်းရှိတယ်၊ အဲဒီမှာ နံပါတ်တစ်ဖြစ်ရင် မင်း ပြန်လာခဲ့ချည်”

ရန်ထျန်တုန်းဟာ ချက်ချင်းပဲ မတ်တတ်ရပ်လိုက်ပါတယ်။ သူခြေထောက်တွေဟာ ဆယ်နှစ်လုံး ထိုင်ခဲ့ရတဲ့အတွက် ဒူးမခိုင်ဘဲ ပြန်လဲကျမလိုတောင် ဖြစ်သွားပါတယ်။ သူဟာ ဟန်ကျွယ်ကို ဦးညွှတ်ပြီး လိုဏ်ဂူထဲက ခပ်သုတ်သုတ် ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး တံခါးဖွင့်ပေးလိုက်ပါတယ်။ ရန်ထျန်တုန်း ထွက်ခွာသွားပြီးတဲ့နောက် ဟန်ကျွယ်ဟာ တစ်ခဏ စဉ်းစားလိုက်ပြီး တွမ့်ထုံးထျန်ကို သတ်လိုက်တုန်းက ရရှိထားတဲ့ သိမြင်ခြင်းနတ်ဆေးကို ထုတ်လိုက်ပါတယ်။ ဒီသိမြင်ခြင်းနတ်ဆေးက သူ့ရဲ့ အာရုံကို ထက်စေပါတယ်။ ဟန်ကျွယ်ဟာ ဒီနတ်ဆေးနဲ့ သူ့အာရုံကို ထက်အောင်လုပ်ပြီး ရန်ထျန်တုန်းပေးခဲ့တဲ့ ကြက်သွေး‌ရောင်ငှက်မွှေးကို ချိုးဖျက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆေးလုံးကိုးလုံးထဲက တစ်လုံးကို ထုတ်ယူပြီး သောက်လိုက်ပါတယ်။ ဆေးသောက်ပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို မူးမေ့သွားပါတယ်။ အချိန်အတန်ကြာလို့ ဟန်ကျွယ် နိုးလာတဲ့အခါမှာ သူ့အာရုံက နဂိုကထက်နှစ်ဆဖြစ်နေတာကို တွေ့လိုက်ရတဲ့အတွက် ကျေနပ်အားရသွားပါတယ် ‘ဒီဆေးက တော်တော်လေး အစွမ်းထက်တာပဲ’

ဟန်ကျွယ်ဟာ ဆေးလုံးကို တစ်လုံးပြီးတစ်လုံး သောက်သုံးပါတယ်။ ဒီလိုနဲ့ လဝက်ကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ ဆေးကိုးလုံးလုံးကို သောက်ပြီးသား ဖြစ်သွားပါတယ်။ ဒီဆေးရဲ့အစွမ်းကြောင့် ဟန်ကျွယ်ရဲ့ အာရုံက မိုးပေါ်ထိုးတက်သလို မြင့်မားသွားပါတယ်။ သူ့အာရုံက အရင်ကထက် ဆယ်ဆမက ပိုမိုစူးရှပြီး ထက်မြက်လာပါတယ်။ ဒီဆေးက တစ်လုံးပိုသောက်လေ ပိုစွမ်းလေဆိုတော့ တကယ့်ကို အံဖွယ်ဆေးတစ်မျိုးပါပဲ။

ဟန်ကျွယ်ဟာ ကြက်သွေးရောင်ငှက်မွှေးတောင်ကို ထုတ်ယူလိုက်ပြီး သူ့အာရုံနဲ့ ကြည့်လိုက်ပါတယ်။

“ဝုန်း” စွမ်းအားကြီးတဲ့ ခုခံမှုဟာ ထပ်ပေါ်လာပါတယ်။ ဒီတစ်ခါမှတော့ ဟန်ကျွယ်ဟာ အံကြိတ်ပြီး တောင်ခံလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အာရုံဟာ အရံအတားကို ဝင်တိုက်ပါတယ်။ သုံးစက္ကန့်အကြာမှာတော့ ဟန်ကျွယ်ဟာ အရံအတားကို အားသုံးပြီး ချိုးဖျက်နိုင်သွားပါတယ်။ ချက်ချင်းဆိုသလိုပဲ အလွန်များပြားတဲ့ မှတ်ဉာဏ်တွေဟာ ဟန်ကျွယ်စိတ်ထဲကို ဝင်ရောက်လာပါတယ်။

ဆန်းကြယ်စွမ်းအား! မိုးနှင့်မြေ! ဒီစွမ်းအားက အသုံးပြုသူရဲ့ ခန္ဓာကိုယ်ကို အဆ‌ထောင်သောင်းများစွာ ကြီးထွားသွားစေတာပါ။ ဒီဆန်းကြယ်စွမ်းအားက ဒဏ္ဍာရီတွေထဲမှာ ပေါ်လာခဲ့ဖူးပါတယ်။ ဒါကို တတ်မြောက်သွားတဲ့သူဟာ သူ့ခန္ဓာကိုယ်ကို မီတာတစ်သောင်းရှိတဲ့ ခန္ဓကိုယ်အဖြစ် ဖန်ဆင်းနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ဒီဆန်းကြယ်စွမ်းအားရဲ့ ကြီးကျယ်မြင့်မြတ်မှုက ဟန်ကျွယ် အကြိုက်ပါပဲ။

…

တောင်တန်းတွေကြားမှာ ကျင့်ကြံသူတစ်စုဟာ ယွီဂျင်ဂိုဏ်းဆီကို လာနေကြပါတယ်။ ဒီကျင့်ကြံသူတွေကို ဦးဆောင်လာတာကတော့ မော့ဖူချိုပဲ ဖြစ်ပါတယ်။ မော့ဖူချိုဟာ ရွှေဓာတ်လုံးအဆင့်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် အဓိကတပည့် ဖြစ်လာပါတယ်။ သူနဲ့ တစ်ခြားယောက်ျားလေး ကျင့်ကြံသူနှစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေက အမျိုးသမီးကျင့်ကြံသူတွေပါ။

“ရှေ့က ယွီဂျင်ဂိုဏ်းလား?”

“ဟင်း... ငါ လူရွေးပွဲကို အောင်ပါ့မလား?”

“ကျရှုံးတာက ပုံမှန်ပါပဲ၊ မင်းငါ့ကို ကောင်းကောင်းဆက်ဆံချည်၊ နောင်ကျရင် ငါမင်းကို ပုလွေမှုတ်ခိုင်းမယ်၊ မင်းရဲ့ လေချွန် အရည်အချင်းနဲ့ဆိုရင် ပုလွေကောင်းကောင်း မှုတ်နိုင်မှာပါ”

“တောင်ထိပ် ၁၈ထိပ်မှာ ဘယ်တောင်ထိပ်က အစွမ်းထက်ဆုံးလဲ?”

“ငါလည်း မသိဘူး၊ စီနီယာမော့က အချိန်ရောက်ရင် ငါတို့ကို တောင်ထိပ်တွေအကြောင်း ပြောပြမယ် ထင်တာပဲ”

ဒီလူရွယ်တွေဟာ ယွီဂျင်ဂိုဏ်းရဲ့ တပည့်အသစ်တွေပါ။ မော့ဖူချိုဟာ တပည့်အသစ် စုဆောင်းရတဲ့ တာဝန်ကိုလက်ခံခဲ့တဲ့အတွက် ဒီလိုတပည့်အသစ်တွေကို ယွီဂျင်ဂိုဏ်းဆီ ခေါ်လာခြင်း ဖြစ်ပါတယ်။ မိုးကြိုးအင်မော်တယ်က သူ့ကို ထောက်ပံ့ပေးချင်ပါတယ်။ ဒါပေမဲ့ အဓိကတပည့်အဖြစ်နဲ့ မလုံလောက်ပဲ ဂိုဏ်းထဲမှာ ဩဇာလည်းရှိဖို့ လိုပါတယ်။

တပည့်အသစ် စုဆောင်းတာက ဂိုဏ်းထဲမှာ ဩဇာလွှမ်းမိုးဖို့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။ သူ့နောက်က စကားတွေကို ကြားပြီး မော့ဖူချိုဟာ ပြုံးလိုက်ပါတယ်။ သူ ဂိုဏ်းထဲကို စဝင်တုန်းကလည်း ဒီလိုပဲ စိတ်လှုပ်ရှားခဲ့တာပါ။

ဒီအချိန်မှာပဲ လေထုကိုခွင်းလာတဲ့ အသံတစ်သံကို ရှေ့ကနေ ကြားလိုက်ရပါတယ်။ ဖော့ဖူချိုဟာ အလိုလို ဓားဆွဲထုတ်လိုက်ပြီး ရှေ့ကလေထုကို ခုတ်ပိုင်းလိုက်တဲ့အခါ ဝါးမြားတစ်ချောင်းကို ခုတ်မိသွားပါတယ်။ ဝါးမြားဟာ အပိုင်းပိုင်းပြတ်သွားပြီး အထဲကနေ အဆိပ်ငွေ့တွေထွက်လာကာ အရပ်လေးမျက်နှာကို ပျံ့နှံ့သွားပါတယ်။

“နောက်ဆုတ်ကြ၊ ငါတို့တွေ ရန်သူနဲ့တွေ့ပြီ!” မော့ဖူချိုက အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်ပါတယ်။ အဲဒီနောက် ရှေ့ကိုခုန်တက်ပြီး တိုက်ခိုက်လာတဲ့သူကို ဓားနဲ့ခုတ်လိုက်ပါတယ်။

တိုက်ခိုက်လာတဲ့သူဟာ ကောက်ရိုးမိုးကာအင်္ကျီကို ဝတ်ဆင်ထားပြီး သူ့မျက်နှာကို ကောက်ရိုးဦးထုပ်နဲ့ ကာထားပါတယ်။ သူဟာ နောက်ကျောမှာလွယ်ထားတဲ့ အဝန်းပုံစံဓားနှစ်လက်ကို ဆွဲထုတ်လိုက်ပါတယ်။ ဒီဓားတွေဟာ ပြောင်လက်ပြီး အေးစက်တဲ့အငွေ့အသက်တွေ ဖြာထွက်နေပါတယ်။

မော့ဖူချို ခုန်ဝင်လာတာကို တွေ့လိုက်ရတဲ့အတွက် မိုးကာနဲ့လူဟာ ကိုယ်ပွားငါးခုခွဲပြီး မော့ဖူချိုကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ပါတယ်။ မော့ဖူချိုကလည်း သူ့ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ လျှပ်စီးတွေ ဖြာထွက်သွားပြီး မိုးကာလူနဲ့ သူ့ကိုယ်ပွားတွေကို လွှမ်းခြုံသွားတဲ့ပိုက်ကွန်တစ်ခု ဖြစ်သွားပါတယ်။ မိုးကာနဲ့လူဟာ ချက်ချင်းပဲ လေပွေပုံစံပြောင်းပြီး လျှပ်စီးပိုက်ကွန်ကို ဆွဲဖြဲပစ်လိုက်ပါတယ်။

မော့ဖူချိုဟာ အလန့်တကြားဖြစ်ခြင်း မရှိဘဲ ညာလက်နဲ့ သင်္ကေတဖော်က မြေကြီးကို ရိုက်ချလိုက်ပါတယ်။ လျှပ်စီးဟာ မြေကြီးတစ်လျှောက် အလွန်လျင်မြန်တဲ့အရှိန်နဲ့ မြေကြီးပေါ် ပြန်ပြုတ်ကျလာတဲ့ မိုးကာနဲ့လူကို ရစ်ပတ်နှောင်ဖွဲ့လိုက်ပါတယ်။ မိုးကာနဲ့လူဟာ လျှပ်စီးနဲ့ နှောင်ဖွဲ့ခံရတာကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပါတယ်။ မော့ဖူချိုဟာ ‌ရှေ့တက်ပြီး မိုးကာနဲ့လူကို ရှင်းပစ်ဖို့ ပြင်လိုက်ပါတယ်။

“ဝုန်း”

မော့ဖူချိုဘေးနားက မြေကြီးဟာ ပေါက်ကွဲထွက်သွားပြီး နောက်ထပ်မိုးကာနဲ့လူတစ်ယောက် မြေကြီးထဲကနေ ထွက်ပေါ်လာပါတယ်။ ဒီမိုးကာနဲ့လူဟာ မော့ဖူချိုကို ဓားနဲ့တိုက်ခိုက်လိုက်ပါတယ်။ မော့ဖူချိုဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီကောင်တွေက ဘယ်သူတွေလဲ? ယွီဂျင်ဂိုဏ်းနားမှာတောင် ပြဿနာရှာရဲတယ်!’

မော့ဖူချို လှုပ်ရှားတော့မဲ့ဆဲဆဲမှာပဲ သူ့နောက်ဘက် မြေကြီးထဲကနေ အဆောင်တစ်ခုထွက်လာပြီး သူ့ကျောကို ကပ်သွားပါတာကြောင့် ကျောက်ရုပ်ပမာ မလှုပ်နိုင် ဖြစ်သွားရပါတယ်။ အဲဒါကြောင့် မိုးကာနဲ့လူရဲ့ ဓားဟာ မော့ဖူချိုရဲ့ရင်ဘက်ကို ထိုး‌ဖောက်ထွက်သွားပြီး ဓားတစ်လျှောက် သွေးတွေ စီးကျလာပါတယ်။ မော့ဖူချိုရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်မဲ့သွားတာကို အထင်းသား တွေ့နိုင်ပါတယ်။

မော့ဖူချို ခေါ်လာတဲ့ တစ်ခြားသော ကျင့်ကြံသူတွေဟာ မော့ဖူချိုတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာကို တွေ့လိုက်ရတဲ့အခါမှာ အကုန်လုံး အလန့်တကြား ဖြစ်သွားကြပါတယ်။

“လူတိုင်း ဒူးထောက်ကြစမ်း၊ ငါတို့က မော့ဖူချိုကိုပဲ လာဖမ်းတာ၊ မင်းတို့တွေ ငါ့တိုကို နှောင့်ယှက်ရင် မင်းတို့တွေ သေရမယ်” မိုးကာနဲ့လူတစ်ယောက်ဟာ အသံနက်နက်နဲ့ ပြောလိုက်ပါတယ်။

တပည့်သစ်တွေဟာ ကြောက်လန့်လွန်းတာကြောင့် ဒူးမခိုင်တော့ဘဲ ဒူးထောက်ပြီးသား ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးတာကြောင့် မျက်နှာတွေ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ စကားမပြောနိုင်ရှာတော့ပါဘူး။

မလှုပ်ရှားနိုင်တဲ့ မော့ဖူချိုဟာ သူ့ရှေ့က မိုးကာနဲ့လူကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်းတို့က ဘယ်သူတွေလဲ?”

“ငါတို့က မိုးကာပုံရိပ်ယောင်တွေပဲ၊ ယွီဂျင်ဂိုဏ်းက အမှားကြီးတစ်ခုကို ကျူးလွန်ထားတဲ့အတွက် မင်းကို ဖမ်းဖို့ ရောက်လာတာ၊ ငါ အခုပြောနိုင်တာကတော့ မင်းတို့ဂိုဏ်းက ကြီးမားတဲ့ကပ်ဘေးတစ်ခု ကျရောက်တော့မယ်!” မိုးကာနဲ့လူဟာ အသံဩဩနဲ့ ပြောလိုက်ပါတယ်။

မော့ဖူချိုဟာ မယုံကြည်နိုင်ဘဲ သူ့မျက်လုံးတွေ ပြူးကျယ်သွားပါတယ်။

“ဝုန်း”

ဒီအချိန်မှာပဲ ကြီးမားတဲ့ရုပ်သွင်တစ်ခုဟာ တောင်တွေပေါ်မှာ ပေါ်လာပါတယ်။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကို တိမ်တွေနဲ့ ကွယ်နေတာကြောင့် မမြင်နိုင်ပါဘူး။ အမြင်ဆုံးတောင်ထိပ်တောင် သူ့ခါးတစ်ဝက်ပဲ ရောက်ပါတယ်။ ဒီမြင်ကွင်းက တကယ့်ကို အံမခန်းပါပဲ။ ဒီဂျိုင်းရန့်ရှေ့မှာ လူတိုင်းဟာ အလွန့်အလွန် သေးငယ်သွားတယ်လို့ ခံစားလိုက်ရပြီး ပုရွက်ဆိတ်တွေက လူတစ်ယောက်ကို ကြည့်နေရသလိုမျိုး ခံစားလိုက်ရပါတယ်။

မိုးကာဝတ်ရုံလူနှစ်ယောက်ဟာ အလွန်တရာ ချောက်ချားသွားပြီး သူတို့လက်တွေ တုန်ယင်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂျိုင်းရန့်ကြီးက ယွီဂျင်ဂိုဏ်းရဲ့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားလို့ပါပဲ။

All Chapters