← Chapters

မိုးကာဝတ်ရုံဂိုဏ်း၊ သူလျှိုတစ်ဦးအား ရှာတွေ့ခြင်း

Vol. 3 Ch. 38

မိုးကာဝတ်ရုံဂိုဏ်း၊ သူလျှိုတစ်ဦးအား ရှာတွေ့ခြင်း

Vol. 3 Ch. 38

အခန်း (၃၈) မိုးကာဝတ်ရုံဂိုဏ်း၊ သူလျှိုတစ်ဦးအား ရှာတွေ့ခြင်း

မိုးနှင့်မြေ ဆန်းကြယ်စွမ်းအားကို သုံးနေတဲ့ ဟန်ကျွယ်ဟာ လောကကြီးကို ကြည့်လိုက်ပါတယ်။ သူ့မြင်ကွင်းအများစုက တိမ်တွေက ကာကွယ်ထားပေမဲ့ ဟန်ကျွယ်ဟာ အရမ်းစိတ်လှုပ်ရှားသွားတုန်းပါပဲ ‘ဒီဆန်းကြယ်စွမ်းအားက အံဩဖို့ကောင်းလိုက်တာ!’

အခုအချိန်မှာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ မီတာတစ်ထောင်လောက် ရှိနေပြီး ပုံရိပ်ယောင်တစ်ခု လုံးဝမဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်စစ်စစ်က အလွန်တရာ ကြီးထွားလာတာ ဖြစ်ပါတယ်။ သူဝတ်ဆင်ထားတဲ့ တာအိုဝတ်ရုံကလည်း အကြီးကြီး ဖြစ်လာပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ ရုပ်ခွန်အားကလည်း အဆများစွာ ထိုးတက်သွားပါတယ်။

‘ဆန်းကြယ်စွမ်းအားတွေက ကိုယ်တိုင်မကြုံရရင် ယုံဖို့ခက်တဲ့အစွမ်းတွေပဲ’

ဟန်ကျွယ်ဟာ ဒီအချိန်မှာ တောင်တစ်တောင်ကို ခြေကန်ချက်တစ်ချည်းတည်းနဲ့ ဖြိုချပစ်နိုင်ပါတယ်။ ဒီစွမ်းအားကြီးတဲ့ ခံစားချက်ကို ဟန်ကျွယ်ကို ယုံကြည်မှု တိုးသွားစေပါတယ်။ ဒီနေရာဟာ ယွီဂျင်ဂိုဏ်းနဲ့ အနည်းငယ် အလှမ်းဝေးပါတယ်။ ဟန်ကျွယ် ဒီနေရာကို ရွေးချယ်ရတာကလည်း သူ့ကြောင့် ယွီဂျင်ဂိုဏ်းသားတွေ ရုတ်ရုတ်သဲသဲ ဖြစ်မှာစိုးလို့ပါ။

‘မိုးနှင့်မြေက တကယ်ကို စွမ်းအားကြီးတာပဲ! မီတာတစ်ထောင်ရှိတဲ့ ခန္ဓာကိုယ်ကို ကနဦးဝိညာဉ် ကျင့်ကြံသူတွေ ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး!’

ဟန်ကျွယ်ဟာ သူ့အစွမ်းကို ကျေနပ်အားရသွားပါတယ်။ ဟန်ကျွယ်ဟာ ပြန်မလို့ လုပ်လိုက်တဲ့အခါမှာ တိုက်ခိုက်သံတွေကို ကြားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်တဲ့အခါမှာ မနီးမဝေးက တောင်ပေါ်မှာ ပုရွတ်ဆိတ်တစ်စုကို တွေ့လိုက်ရပါတယ်။

‘တကယ်တော့ ပုရွက်ဆိတ်မဟုတ်ပါဘူး၊ လူသားတွေပါ’

ဟန်ကျွယ်ဟာ ပထမတော့ ဂရုမစိုက်ပေမဲ့ ဒီအုပ်စုထဲကနေ ရင်းနှီးတဲ့ရောင်ဝါတစ်ခုကို ဟန်ကျွယ် ခံစားမိလိုက်ပါတယ် ‘အဲဒါက မော့ဖူချိုမလား?’ ဟန်ကျွယ်ဟာ သေချာကြည့်လိုက်တဲ့အခါမှာ မော့ဖူချို ဒဏ်ရာရနေတာကို တွေ့လိုက်ရပါတယ်။

‘ဘာဖြစ်တာလဲ! ဘယ်သူက ယွီဂျင်ဂိုဏ်းရဲ့တပည့်ကို ဂိုဏ်းအနားမှာ ဒဏ်ရာရအောင် လုပ်ရဲတာလဲ? နတ်သတ်အကြီးအကဲတစ်ယောက် အနေနဲ့ ငါတစ်ခုခု လုပ်ရမယ်’

ဟန်ကျွယ်ဟာ သူ့ကိုယ်ကို ပြန်ပြောင်းလိုက်တဲ့အခါမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေတဲ့ ဂျိုင်းရန့်ကြီးဟာ လေထဲ ပျောက်ကွယ်သွားပါတယ်။

တစ်ချိန်တည်းမှာ မိုးကာနဲ့လူနှစ်ယောက်ဟာ အကြောင်သားဖြစ်နေရာကနေ သတိပြန်ဝင်လာပါတယ်။ သူတို့ထဲက တစ်ယောက်က ရေရွတ်လိုက်ပါတယ် “ငါတို့တွေ ထင်ယောင်ထင်မှား ဖြစ်တာလား?” တစ်ခြားတစ်ယောက် ပြန်ပြောလိုက်ပါတယ် “ပုံရိပ်ယောင်နေမှာပါ”

ယွီဂျင်ဂိုဏ်းတပည့်တွေလည်း အံအားသင့်သွားပါတယ်။ မော့ဖူချိုဟာ ဒီဂျိုင်းရန့်ကိုကြီးပြီး ရင်းနှီးသလို ခံစားလိုက်ရပါတယ်။

“ဝှစ်...” ဒီအချိန်မှာ အလွန်လျင်မြန်တဲ့ လေပွတစ်ခု ရောက်ရှိလာပါတယ်။ မော့ဖူချိုဟာ ဖျတ်ခနဲပဲ မြင်လိုက်ရပြီး မိုးကာနဲ့လူနှစ်ယောက် နောက်လွှင့်စဉ်ထွက်သွားကာ နှစ်ယောက်လုံး သွေးအန်တာကို မြင်လိုက်ရပါတယ်။ အကြောင်သားဖြစ်နေတဲ့ မော့ဖူချိုဟာ တစ်စုံတစ်ယောက်ကို မြင်လိုက်ပါတယ်။

‘တကယ်ပဲ သူဖြစ်နေတာကိုး!’

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဟန်ကျွယ်နဲ့ မိုးကာနဲ့လူနှစ်ယောက်ဟာ မော့ဖူချိုမြင်ကွင်းကနေ ပျောက်ကွယ်သွားပါတယ်။ တစ်ခြားသူတွေကတော့ ကြောင်အမ်းအမ်းဖြစ်ပြီး ကျန်ရစ်နေခဲ့ပါတယ်။ အံဩမှင်သက်မှုကြောင့် သူတို့တွေဟာ အချိန်အတန်ကြာအောင် စကားမပြောနိုင်ရှာပါဘူး။

အတန်ကြာတဲ့အခါမှာတော့ မော့ဖူချိုက ဒေါသတကြီး ပြောလိုက်ပါတယ် “ငါ့ကို လာပြီ ကူညီအုန်း!” သူ့ရင်ဘက်မှာ ဓားစိုက်နေတုန်းပဲ ဖြစ်ပါတယ်။ မော့ဖူချိုရဲ့စကားကို ကြားမှာပဲ တစ်ခြားလူတွေဟာ သတိဝင်လာပြီး မော့ဖူချိုနားကို ရောက်လာပါတယ်။

“စီနီယမော့... အဆင့်ပြေရဲ့လား?”

“ခုနကလူက ဘယ်သူလဲ?”

“မေးစရာမလိုဘူး၊ ဒါက ငါတို့ရဲ့ နတ်သတ်အကြီးအကဲပဲ ဖြစ်လိမ့်မယ်!”

“စီနီယမော့ကို ထိခိုက်အောင် လုပ်နိုင်တယ်ဆိုကတည်းက တစ်ခြားသူနှစ်ယောက်က ရွှေဓာတ်လုံးအဆင့်ရှိတဲ့ ကျင့်ကြံသူတွေပဲ ဖြစ်ရမယ်၊ ရွှေဓာတ်လုံးကျင့်ကြံသူတွေကို ကြက်ကလေး ငှက်ကလေးလို ရုတ်ခြည်းအနိုင်ယူနိုင်တဲ့သူက နတ်သတ်အကြီးအကဲပဲ ရှိတယ်”

“နတ်သတ်အကြီးအကဲ? ကျင့်ကြံခြင်းလောကကို တုန်လှုပ်သွားစေတဲ့ ယွီဂျင်ဂိုဏ်းက ပညာရှင်လား?”

…

အဓိကတောင်ထိပ်၊ ဂိုဏ်းချုပ်ခန်းမ။

ဟန်ကျွယ်ဟာ ခန်းမထဲကို ပြေးဝင်လာတဲ့အတွက် လီချင်းဇဲ့ဟာ မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီချင်းဇဲ့ ပါးစပ်ဟတာကို မစောင့်ဘဲ သတိမေ့နေတဲ့သူနှစ်ယောက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီလူနှစ်ယောက် တော်တော်နဲ့မနိုးအောင် သူ့တို့ရဲ့ဝိညာဉ်တွေကို သူ့အာရုံနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

“ဒီလူနှစ်ယောက်က မော့ဖူချိုကို ဖမ်းချင်နေတယ်၊ သူတို့ကို ခင်ဗျားလက် အပ်လိုက်ပြီ” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ခန်းမထဲက ထွက်ခွာသွားပါတယ်။ လီချင်းဇဲ့ဟာ တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်နေပြီးမှာ ကြမ်းပြင်ပေါ်က လူနှစ်ယောက်ဆီကို လျှောက်သွားလိုက်ပါတယ်။

....

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်သွားပြီး သစ်သားကုတင်ပေါ်မှာ ထိုင်လိုက်ပါတယ် “ငါတို့ဂိုဏ်းရဲ့လူကို ဂိုဏ်းအနားမှာ ဖမ်းရဲတယ်ဆိုတော့ ရန်သူအသစ်ပဲ ဖြစ်ရမယ်၊ ချင်မင်ဂိုဏ်း ပျက်စီးပြီးမှ သူတို့တွေ ပေါ်လာတာဆိုတော့ သူတို့တွေက ချင်မင်ဂိုဏ်းထက် ပိုပြီးတော့ စွမ်းအားကြီးရမယ်” ဟန်ကျွတ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

“ဟင်း!” ‘ဘဝကလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်ပါလား? စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ငါအမြန်ဆုံးဖို့ လိုအပ်နေပြီ!’

ကနဦးဝိညာဉ်အဆင့်က မလုံခြုံဘူးလို့ ဟန်ကျွယ်ဟာ ရုတ်တရက် ခံစားလိုက်ရပါတယ်။

နောက်နေ့မနက်မှာတော့ လီချင်းဇဲ့နဲ့ မဟာအကြီးအကဲဟာ ဟန်ကျွယ်ကို လာရှာပါတယ်။ ဟန်ကျွယ်ဟာ လိုဏ်ဂူတံခါးပွင့်ပေးပြီး သူတို့ကို အထဲဝင်ခွင့် ပေးလိုက်ပါတယ် “ကျွတ်.. ကျွတ်.. ဒီထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီက အဓိကတောင်ထိပ် ဆေးဥယျာဉ်မှာရှိတဲ့ စိတ်ဝိညာဉ်ချီနဲ့ ညီမျှလုနီး ဖြစ်နေပြီ” မဟာအကြီးအကဲက ပြောလိုက်ခြင်း ဖြစ်ပါတယ်။

ဟန်ကျွယ်ကို ထပ်ရင်ဆိုင်ရတဲ့အတွက် မဟာအကြီးအကဲဟာ အနည်းငယ် အနေရခက်နေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဟန်ကျွယ်လက်ချက်နဲ့ ဒဏ်ရာပြင်းပြင်း ရခဲ့တာကြောင့် သူလေ့ကျင်နေတဲ့ ဆန်းကြယ်စွမ်းအားကို စွန့်လွှတ်ခဲ့ပါတယ်။ အခုအချိန်မှတော့ သူဟာ ဒီဆန်းကြယ်စွမ်းအားကို ပြန်လေ့ကျင့်နေပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ကို တွေ့ရမှာ မသက်မသာ ဖြစ်နေတုန်းပါပဲ။

လီချင်းဇဲ့က ပြုံးလိုက်ပါတယ် “ဒီလိုဏ်ဂူက နည်းနည်းသေးနေတယ်၊ တစ်ယောက်ယောက်ကို ချဲ့ခိုင်းလိုက်ရမလား?”

ဟန်ကျွယ်က ခေါင်းခါပြီး ပြောလိုက်ပါတယ် “ဒီအတိုင်းပဲ ကောင်းပါတယ်၊ အရမ်းကျယ်သွားရင် ဟာလာဟင်းလင်းကြီး ဖြစ်နေလိမ့်မယ်” ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲ တစ်ချိန်တည်း ရောက်လာတဲ့အတွက် ပြဿနာကြီးကြီး ရှိရမယ်လို့ ဟန်ကျွယ် တွက်ဆမိလိုက်ပါတယ် “ပြောမှာသာ ပြောပါ၊ ကျွန်တော်တို့ ဘာပြဿနာတက်ပြန်ပြီလဲ”

လီချင်းဇဲ့က သက်ပြင်းချပြီး ပြောလိုက်ပါတယ် “မနေ့ကလူနှစ်ယောက်က မိုးကာဝတ်ရုံဂိုဏ်းသားတွေ၊ ကျုပ်တို့ဂိုဏ်းက နှစ်တစ်ထောင်နီးပါးရှိပြီ ဖြစ်သလို သူတို့ဂိုဏ်းကလည်း နှစ်တစ်ထောင်အထက်မှာပဲ ရှိတယ်၊ သူတို့တွေက တော်တော်လေး လျှို့ဝှက်ကြတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က ရန်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို သိမ်းပိုက်စိုးမိုးဖို့ သူတို့တွေ ကြိုးပမ်းခဲ့ကြတယ်၊ ဒါပေမဲ့ သူတို့အစီအစဉ်က အမှန်တရားဂိုဏ်းတွေရဲ့ ပူးပေါင်းမှုအောက်မှာ ကျရှုံးခဲ့ရတယ်၊ အဲဒီအချိန်ကတည်းက သူတို့တွေ အမှောင်ထဲ ရောက်သွားတာ၊ အခုသူတို့ ပြန်ရောက်လာပြီ၊ သူတို့က ကျုပ်တို့ဂိုဏ်းရဲ့ အရည်အချင်းရှိ တပည့်အချို့ကို ဖမ်းဆီးထားပြီးပြီ၊ သူတို့က ကျုပ်တို့ဂိုဏ်းအကြောင်းကို တော်တော်လေးသိနေသလို သူတို့ပစ်မှတ်က ဘယ်သူတွေလဲဆိုတာ ခရေစေ့တွင်းကျ သိနေတယ်”

မဟာအကြီးအကဲက ထပ်လောင်းပြောကြားလိုက်ပါတယ် “ကျုပ်တို့ဂိုဏ်းမှာ သူလျှိုရှိနေပြီ၊ ချင်မင်ဂိုဏ်းရဲ့ သူလျှိုတွေကို အခုအချိန်ထိ မရှင်းထုတ်ရသေးဘူး၊ စိုးရိမ်စရာအကောင်းဆုံးက အကြီးအကဲတွေကြားမှာ ပုန်းအောင်းနေတဲ့သူပဲ၊ သူက မိုးကာဝတ်ရုံဂိုဏ်းနဲ့ ချိတ်ဆက်ပြီး ကလဲ့စားချေမှာ စိုးရတယ်”

‘မိုးကာဝတ်ရုံဂိုဏ်း? နာမည်က စိတ်ဝင်စားဖို့ကောင်းသာပဲ’

ဟန်ကျွယ်က မေးလိုက်ပါတယ် “မိုးကာဝတ်ရုံဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်းနဲ့ ဟင်းလင်ပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတွေရှိလား?”

လီချင်းဇဲ့က ပြန်ဖြေလိုက်ပါတယ် “စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကတော့ ကျိန်းသေပေါက်ရှိတယ်၊ ဟင်းလင်ပြင်းပေါင်းစပ်ခြင်း ကျင့်ကြံသူကတော့ သိပ်မသေချာဘူး”

“အို” ဟန်ကျွယ်ဟာ ထပ်ပြီး ထွက်ပြေးချင်စိတ် ပေါက်သွားပါတယ်။ ဒါက အတွေးတစ်ခုမျှသာပဲ။ တကယ်ပြေးရမယ်ဆိုရင်တောင် ဟန်ကျွယ်ဟာ ဘယ်ပြေးရမှန်း မသိသေးပါဘူး။

မဟာအကြီးအကဲက ပြောလိုက်ပါတယ် “ကျုပ်တို့တွေက တစ်ခြား အမှန်တရားဂိုဏ်းတွေဆီသွားပြီး မဟာမိတ်သွားဖွဲ့မလို့၊ ဒီအချိန် အတောအတွင်းမှာ ယွီဂျင်ဂိုဏ်းကို တာအိုရောင်းရင်း ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”

[သင်သည် ယွီဂျင်ဂိုဏ်း ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့၏ တောင်းဆိုချက်ကို လက်ခံရရှိခဲ့သည်၊ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ တောင်းဆိုချက်အား ငြင်းပယ်၍ ယွီဂျင်ဂိုဏ်းအား စွန့်ခွာပါ၊ မူလထိန်းဆေးကို ဆုအဖြစ် ရရှိမည်။]

[၂။ တောင်းဆိုချက်အား လက်ခံ၍ ယွီဂျင်ဂိုဏ်အား ကာကွယ်စောင့်ရှောက်ပါ၊ ဂိုဏ်းချုပ် ပြန်မလာခင်အထိ ယွီဂျင်ဂိုဏ်းအား စောင့်ရှောက်လျှင် ပညာရပ်စာအုပ်တစ်အုပ်နှင့် ဝိညာဉ်ဖော်မေးရှင်ဆေးလုံးကို ရရှိမည်။]

ဟန်ကျွယ်ဟာ ရွေးချယ်မှုမလုပ်ရတာ အတော်ကြာသွားပါပြီ ‘ဒုတိယရွေးချယ်မှုက ဆုပိုများတယ်! စိတ်ဝိညာဉ်ပြောင်းလဲခြင်းဆေးတွေတောင် ပါတယ်!’

“ရတယ်၊ ပြဿနာမရှိဘူး” ဟန်ကျွယ်ဟာ သဘောတူလိုက်ပါတယ်။ ဟန်ကျွယ့်အတွက် ဂိုဏ်းအပြင်မထွက်ရရင် ဘာပဲဖြစ်ဖြစ် အကုန်အဆင်ပြေပါတယ်။

လီချင်းဇဲ့နဲ့ မဟာအကြီးအကဲဟာ ကျေနပ်အားရသွားပြီး ဟန်ကျွယ်အပေါ်ထားရှိတဲ့ အကောင်းမြင်စိတ်တွေ တိုးသွားတာပါတယ်။ သူတို့နှစ်ဦးလုံးရဲ့ ဟန်ကျွယ့်အပေါ်  မျက်နှာသာပေးမှုဟာ ကြယ်လေးပွင့် ဖြစ်သွားပါတယ်။

သူတို့နှစ်ဦးထွက်သွားတာနဲ့ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျင့်ကြံလိုက်ပါတယ် ‘အန္တရာယ် အရမ်းများလာပြီ၊ ငါကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံးမြှင့်တင်ရမယ်!’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။ သူဟာ စိတ်ဝိညာဉ်ခြောက်မျိုးလုံးကို တစ်ချိန်တည်းမှာ စုပ်ယူနိုင်ပေမဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်ဖို့ဆိုရင်တော့ အချိန်နည်းနည်း ယူရအုန်းမှာပါ။ ဒီအချိန်နည်းနည်းက မော်တယ်တစ်ဦးရဲ့ သက်တမ်းတစ်ခုစာလောက် ရှိပါတယ်။

…

မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်ခြောက်နှစ် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ် ပဥ္စမအဆင့်ကို ရောက်ရှိသွားပြီး သူ့သက်တမ်းကလည်း ၁,၀၈၀ ကို တိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းအဆင့် တိုးတက်လာကို အားရကျေနပ်စွာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့တပည့် ရန်ထျန်တုန်း ပြန်မလာသေးတာကို ရုတ်တရက် သတိရသွားပါတယ်။

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို ဖွင့်လိုက်တဲ့အခါမှာ အနီရောင်စာအိတ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ‌ကောင်း လီချင်းဇဲ့သည် မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x14

[သင့်မိတ်ဆွေ‌ကောင်း မဟာအကြီးအကဲသည် မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x26

[သင့်တပည့် ရန်ထျန်တုန်းသည် မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။]

[သင့်တပည့် ရန်ထျန်တုန်းသည် မိုးကာဝတ်ရုံဂိုဏ်း၏ ဖမ်းဆီးခြင်းလိုက် ခံလိုက်ရပြီဖြစ်သည်။]

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် မိုးကာဝတ်ရုံဂိုဏ်း၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x8

…

စာအိတ်အကုန်လုံးက မိုးကာဝတ်ရုံဂိုဏ်းရဲ့ တိုက်ခိုက်မှုအကြောင်းတွေချည်းပါပဲ။ ဒီအခြေအနေက ချင်မင်ဂိုဏ်းကို ရင်ဆိုင်ရတုန်းကထက် အများကြီးပိုဆိုးပါတယ်။ ဟန်ကျွယ်ဟာ သူ့တပည့် အဖမ်းခံလိုက်ရတာကို သတိပြုမိသွားပါတယ်။ ပုံမှန်ဆိုရင် ဆရာသခင်က ဂူအောင်းနေရာကနေထပြီး သွားကယ်ရမှာပါ။

‘မဟုတ်ဘူး!’

ဟန်ကျွယ်ဟာ ဒါဟာ ထောင်ချောက်တစ်ခုလို့ ခံစားလိုက်ရပါတယ်။ လျှို့ဝှက်နက်နဲတဲ့ အင်အားတစ်ခုက အစီအစဉ်ချပြီး သူ့ဘဝကို အန္တရာယ်ထဲ တွန်းပို့နေတာပါ။ ဟန်ကျွယ်ဟာ ကံကြမ္မာကို ယှဉ်ပြိုင်တိုက်ခိုက်ရမှာ ဖြစ်တဲ့အတွက် နည်းနည်းလေးတောင် မစွန့်စားလိုပါဘူး။

ဟန်ကျွယ်ဟာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပါတယ် “ယွီဂျင်ဂိုဏ်းမှာ မိုးကာဝတ်ရုံဂိုဏ်းက သူလျှိုတွေ ရှိနေတာလား?”

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ဂိုဏ်းထဲက အစွမ်းထက်တဲ့လူတွေကို ရှာဖွေလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပထမဆုံး သူကလွဲလို့ ဂိုဏ်းထဲမှာ အစွမ်းထက်ဆုံးလူကို ရှာဖွေပါတယ်။

[မိုးကြိုးအင်မော်တယ်: ကနဦးဝိညာဉ် သတ္တမအဆင့်၊ ကောင်းကင်မိုးကြိုးတောင်ထိပ်၏ အကြီးအကဲ၊ မိုးကာဝတ်ရုံဂိုဏ်း၏ လျှို့ဝှက်ကြီးကြပ်သူ]

ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ်။ မိုးကြိုးအင်မော်တယ်က သူ့ကိုမုန်းလည်းမမုန်းသလို အကောင်းလည်း မမြင်တဲ့အတွက် ဟန်ကျွယ်ဟာ မိုးကြိုးအင်မော်တယ်အကြောင်းကို သိပ်မသိပါဘူး။ မိုးကြိုးအင်မော်တယ်က မိုးကာဝတ်ရုံဂိုဏ်းရဲ့သူလျှို ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြပါဘူး။

All Chapters